"လဝန်း...........
ဟင်...............
အဲ့ပန်းခြံထဲမှာပဲထိုင်မနေနဲ့ အိမ်ထဲဝင်လာတော့ အပြင်မှာ မိုးရွာတော့မယ် မိုးတွေအုံ့မှိုင်းနေတာပဲ
အင်းအင်း လာပြီ
တီတီတီ......
ဟဲလို
လဝန်းညို"
ဟင် သူ့အသံပါလား
လှုပ်ရှားနေတဲ့ရင်ခုန်သံတွေကို ထိန်းရင်း
"ဘာကိစ္စရှိလို့လဲ ကိုလရောင်နက်
ကိုယ်တို့တွေ့နေကြ ကော်ဖီဆိုင်ကို မင်းမှတ်မိတယ်မလား
မမှတ်မိဘူး
အဟက်....."
တစ်ဖက်က လှောင်ရယ်သံလိုကြားလိုက်ရတယ်
ဒီလူက သူတစ်ပါးကိုစိတ်အနှောက်အယှက်ဖြစ်အောင် လုပ်တဲ့နေရာမှာ တော်တယ်
"မင်းမမှတ်မိဘူးဆိုတာလိမ်တာ Moon
ကိုယ်မင်းကို နမ်းခဲ့တာ အဲ့ကော်ဖီဆိုင်မှာနော်
ရှင်......လူကြီးလူကောင်းဆိုရင် ပြီးပြီးသားကိစ္စတွေကိုပြန်မပြောသင့်ဘူးဆိုတာ ရှင်အသေအချာနားလည်မှာပါ
ဘယ်လိုလုပ်မလဲ ကိုယ်က မင်းနဲ့ပက်သက်ရင် လူကြီးလူကောင်းမဆန်တော့ဘူးMoon
တောက်ခ် ဒါရှင်သက်သက်အကျင့်ယုတ်တာ လရောင်နက်
အဟက် ကိုယ်ကနဂိုကတည်းက အဲ့လိုပဲလေ
သိတယ်ရှင်ယုတ်မာတတ်မှန်း
ဟားဟား
ကိုယ်ဘယ်လိုနမ်းခဲ့တယ်ဆိုတာကိုပါ အသေအချာပြောပြပေးရဦးမလား Moon
တောက်ခ်
အဟက် မင်းဒေါသထွက်နေပြီပဲ
ဖြစ်နိုင်ရင် အခုရှင့်ကိုသတ်ပစ်ချင်နေတာ
ဖြစ်နိုင်တာပေါ့ ကိုယ်ခုနကပြောခဲ့တဲ့ ကော်ဖီဆိုင်မှာ တွေ့ကြမယ် မနက်ဖြန် နေ့လည် ၃နာရီ ကိုယ်စောင့်နေမယ် Moon
အိုကေ ကျွန်မလာခဲ့မယ်
တီး.........."
ဟ Moon တစ်ကယ် ဒေါသထွက်နေတာပဲ
ဖုန်းပြောပြီးပြီးချင်း ချသွားတာ
မင်းနဲ့ပြန်တွေ့ရင် ကိုယ့်ဖက်ကမှားခဲ့သမျှအရာအားလုံးကိုမင်းခွင့်လွှတ်တဲ့အထိ ဝန်ချတောင်းပန်ချင်ပါတယ်
^^^^^^^^^^^^^^^^^
"Moon ကိုယ်ဒီမှာ "
သြော် သူကအရင်ရောက်နေတာပဲ ကောင်းတာပဲ အရင်ရောက်နေတော့ ငါ့ကိုစောင့်နေရတာပေါ့
"ရှင်ချိန်းရတဲ့အကြောင်းရင်းကိုပြောလို့ရပြီလား
ကျွန်မ အချိန်သိပ်မရှိဘူး အလုပ်ကိစ္စသွားစရာရှိသေးတယ်
နေပါဦး Moonရဲ့ ကော်ဖီသောက်ပါဦး အေးဆေးပေါ့ အလုပ်ကိစ္စကအရေးကြီးလို့လား
ကြီးတယ် တစ်နာရီပဲအချိန်ရမယ် အဲ့အချိန်အတွင်းမှာရှင်ပြောချင်တာကိုပြော
အိုကေ အရင်ဆုံး ကော်ဖီသောက်ပါဦး Moonအကြိုက်က အမေရီကာနိုပဲမလား "
ဒီလူဘာလို့မှတ်မိနေတာလဲ ငါနဲ့ပက်သက်ရင်ခံစားချက်မရှိပါဘူးလို့ပြောခဲ့တဲ့သူက အသေးအမွှားကိစ္စလေးကို မှတ်ထားတယ်
ဟာသပဲ
"ဟုတ်တယ်
အိုကေ ဒါဆို ကိုယ်သွားမှာပေးမယ်
မလိုဘူး waiterတစ်ယောက်ကိုလှမ်းခေါ်ပြီးမှာလိုက်မယ်
ကိုယ်ပဲသွားမှာလိုက်မယ် မခေါ်နဲ့တော့Moon"
ပြောနေရင်းထပြီးသွားမှာနေလေရဲ့
ဒီလူဘာဖြစ်နေတာလဲ
နာမည်ကိုလည်း Moonလို့ခေါ်နေတာခဏခဏပဲ သူ့ကိုယ်သူလည်း "ကိုယ်"တဲ့
မတွေ့ရတဲ့နှစ်တွေမှာ နည်းနည်း လွတ်သွားပုံရတယ်
သူပြုမူနေတဲ့ပုံစံက ချစ်သူတွေအဖြစ်ရှိနေစဥ်တုန်းကအတိုင်းပဲ
နင်ရင်မခုန်သွားနဲ့လဝန်းညို ဒီယောကျ်ားရဲ့မာယာတွေအောက်မှာ နင်နာကျင်စွာကျရှုံးခဲ့ရပြီးပြီ
ထပ်ပြီး မရူးမိုက်ပါနဲ့တော့
"ကဲ ဒီမှာ Moonရဲ့အကြိုက်ကော်ဖီလေးရပါပြီခင်ဗျာ
လိုရင်းပြော ကိုလရောင်နက်
အိုကေ
အရင်ဆုံး ကိုယ်ရဲ့အပြစ်တွေလုပ်ရပ်တွေအတွက် မင်းကိုအားနာစိတ်အမြဲတမ်းဖြစ်မိပါတယ်
"အဟက် သူကငါ့ကို တစ်ကယ်ချစ်ခဲ့တာတဲ့လား"
"စိတ်မကောင်းပါဘူး လရောင်နက် ရှင်ပြောသလိုပဲကျွန်မတစ်ကယ်မယုံဘူး"
ကိုယ်သိပါတယ် ကိုယ် ကိုယ့်ကိုကိုယ်လည်းမယုံနိုင်ခဲ့ဘူး
အင်းပေါ့လေ ရှင် လက်စားချေတဲ့နေရာမှာအသုံးချခံလိုက်ရတဲ့မိန်းမတစ်ယောက်ကို ချစ်မိသွားပြီဆိုတာကိုဘယ်လက်ခံနိုင်ပါ့မလဲ
မဟုတ်ဘူးMoon ကိုယ်မင်းကို စတွေ့ကတည်းက ချစ်ခဲ့တာပါ ဒါပေမယ့် ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကိုဦးစားပေးမိခဲ့လို့ မင်းကိုနာကျင်မှုတွေချည်းကိုယ်ပေးခဲ့တာပါMoonရယ်
ဒါတွေကိုလာပြောနေတာဘာသဘောနဲ့လဲ လရောင်နက်
ကိုယ်မင်းအနားမှာ သူငယ်ချင်းမိတ်ဆွေတစ်ယောက်အနေနဲ့ပြန်နေခွင့်ရမလားMoon
ဘာရယ် ရှင်မရူးသေးပါဘူးနော်
ကိုယ် မရူးဘူး ကိုယ်အတည်ပြောနေတာ
နောက်ပြီး ကိုယ်မင်းကို ပြောပြချင်တာလေးရှိတယ်
ဆက်ပြီး နားထောင်ပေးနိုင်မလားMoon
ရတယ် ပြော အချိန်ကျန်သေးတယ်"
ကိုယ်မင်းအနားမှာရှိနေခွင့်ရဖို့ဒီအစီအစဥ်ကိုသုံးမှဖြစ်တော့မယ်Moon
"အခုကိုယ့်ဒယ်ဒီကျန်းမာရေးမကောင်းဘူးMoon
ဒယ်ဒီကလေ Moonကိုသတိရနေတာ ကိုယ့်ကို အမြဲမင်းရဲ့သတင်းကို စုံစမ်းခိုင်းတာ(ကိုယ်ကိုယ်တိုင်လည်း မင်းနဲ့ပက်သက်တာကိုအမြဲနားစွင့်နေတာပါ)
အခုမင်းနဲ့ပြန်တွေ့ပြီဆိုတာကို ကိုယ်ပြောပြလိုက်တော့ မင်းနဲ့တွေ့ချင်တယ်တဲ့ ကိုယ့်ကို မင်းထွက်သွားပြီးနောက်ပိုင်း အေးစက်စက်နဲ့ ဆက်ဆံတာ
အဲ့တာ ရှင့် အပြစ်နဲ့ရှင်လေ
ဟုတ်ပါတယ် ကိုယ်သိပါတယ်
အခုဒယ်ဒီက Moonနဲ့ပြန်တွေ့တယ်ဆိုတဲ့အကြောင်းကို ကြားရတော့ အရင်ကထက် ပိုသက်သာလာတယ်
ကိုယ့်ကိုလည်း မင်းကို ခေါ်လာဖို့ နားပူနားဆာ လုပ်နေတာ
အဲ့တော့
မနက်ဖြန် ကိုယ်နဲ့ ဒယ်ဒီတို့ဆီလိုက်တွေ့ပေးနိုင်မလား
ရှင် ဘာပြောလိုက်တယ် ""
~~~~~~~~~~~~~~~~~~~~~~~~~~~~
Part-7မျှော်
Author Ester Linn
You are reading the story above: TeenFic.Net