Part-30✨🌹

Background color
Font
Font size
Line height

အသည်းစွဲအောင်ချစ်မိသူ
Part-30✨🌹

" တီး....တီး....တီး....🚨

" အဟင်း သမီးငယ် သားလရောင် ‌လာပြီထင်တယ် ဒီကားဟွန်းသံက သူကလွဲလို့ တခြားမဖြစ်နိုင်ဘူး

ဟွန်....မာမီကလည်း အခုက ဒယ်ဒီတို့မှပြန်မရောက်သေးတာ
ဒယ်ဒီ့ကားသံလည်း ဖြစ်နိုင်တာပဲ

ဒါပေမယ့် ဒီအချိန်က သားလရောင် လာနေကြလေ
သမီးရဲ့......

Moonရေ  ......
ကိုယ်ရောက်ပြီနော်....
အန်တီခတ္တာခင်ဗျ....."

" ဟော တွေ့လား သမီးကိုမာမီပြောသားပဲ သားလရောင်ကားသံပါလို့
သွားလိုက်ဦး တစ်ယောက်တည်း ဧည့်ခန်းမှာ စောင့်နေရတာ အားနာစရာ

ဟင်.....သွားပါဘူး သူ့ဘာသာနေပါစေ

သမီးငယ် ဒီနေ့ သားက ဆေးရုံရက်ချိန်းမလိုက်ခဲ့လို့ စိတ်ဆိုးနေတာလား

ဟုတ်ပါဘူး မာမီကလည်း....
သမီးက ဘာလို့သူ့ကို စိတ်ဆိုးရမှာလဲ မဆိုင်တာတွေ

ကဲပါ မာမီပြောတာနားထောင် သွား သားဆီသွားတွေ့လိုက်ဦး
သူ့ခင်မျာ အလုပ်ပြီးပြီးချင်း သမီးနဲ့မြေးလေးဆီ အပြေးလာတွေ့ရတာ
သမီးကိုမတွေ့ရလို့ အမောမပြေဘဲနေမယ်

မာမီကလည်း....

သမီးငယ် ကလေးလိုမလုပ်စမ်းနဲ့
သွား မာမီပြောတာနားထောင်
ရော့ သံပုရာရည် သားအတွက်ယူသွားပေးလိုက်
ခင်စိန် ညည်းမမလေးကို သေချာတွဲပြီး ဧည့်ခန်းကို ခေါ်သွားပေးလိုက်ဦး

ဟုတ်ကဲ့ ကြီးကြီး...

လာ မမလေး ကျွန်မလက်ကိုသေချာကိုင်နော်

ဟွန့်......"

ဆူပုတ်ပြီး ဧည့်ခန်းသို့ ထွက်သွားသည့် သမီးငယ်ဟာ အခုထိကလေးလိုလုပ်နေဆဲပင်

" Moon.....လာလာ ကိုယ့်ကိုတွဲလိုက်နော်
သတိထား .....ဖြည်းဖြည်းထိုင်နော် "

"နက်"ဧည့်ခန်းမှာ ထိုင်စောင့်နေရင်း Moon က အိမ်အကူကောင်မလေးလက်ကို ကိုင်ကာ မီးဖိုခန်းမှ ထွက်လာသည်ကို တွေ့လိုက်ရသည်မို့ Moon အနားသို့ အမြန်ပြေးသွားကာ သူ့အား လက်တွဲစေသည်

" ရပြီ ရပြီ ကျွန်မအဆင်ပြေတယ် ရှင် ကျွန်မလက်ကိုလွှတ်လို့ရပြီ

ဟုတ်ကဲ့ပါဗျာ......

ဒီမှာ သံပုရာရည် ရှင့်အတွက်တဲ့ မာမီဖျော်ပေးလိုက်တာ

အန်တီ့ကို အားနာစရာ Moon ရယ်

အားနာရင် ရှင် အဲ့အအေးကို မြန်မြန်သောက်လိုက် မာမီက သူဖျော်ပေးထားရင် အကုန်သောက်မှ သဘောကျတာ မဟုတ်ရင် စိတ်မကောင်းဖြစ်ရော

အင်းအင်း......."

သူနဲ့ Moon ကို မာမီတို့နဲ့ပူးပေါင်းပြီး မင်္ဂလာဦးဆွမ်းကျွေးပြင်ဆင်ပေးထားသည့် ယောက္ခမကို စိတ်မကောင်းဖြစ်စေလို့မဖြစ်ဘူးမလား

" အန်တီခတ္တာကို ကျေးဇူးတင်ပါတယ် သံပုရာရည်က တစ်ကယ်သောက်လို့ကောင်းပြီး ရင်ထဲအေးသွားတယ်

အင်း.....

ဒါနဲ့ တိမ်လွှာ့ကိုလည်း မတွေ့ဘူးနော် Moon
အန်ကယ်ရောပဲ

အင်း ဟုတ်တယ် ကိုကြီးက ကျွန်မတို့ဒေါက်တာနဲ့လည်း တွေ့ပြီးရော ဒယ်ဒီလှမ်းခေါ်တာနဲ့ အမြန်ပြန်သွားရတာလေ
ဒယ်ဒီတို့အရမ်းအလုပ်များနေလို့ အခုထိပြန်မရောက်ကြသေးတာ

ဪ အဲ့တာကြောင့် ကိုယ့်ကို ဖုန်းဆက်ဖို့မေ့သွားတာဖြစ်မယ်

ဒါနဲ့ရှင်ရော ဒီနေ့ meeting က အဆင်ပြေခဲ့ရဲ့လား

အင်း အားလုံးအဆင်ပြေပါတယ် နည်းနည်းစိတ်ရှုပ်ရတာလေးကလွဲရင်ပေါ့

အင်း.....ကောင်းပါတယ်

ဟိုလေ Moon
ဒီနေ့ ဆေးရုံရက်ချိန်းပြတာလေ ဒေါက်တာက ကလေးနဲ့ပက်သက်ပြီး ဘာပြောလဲဟင် နောက်ပြီး Moon နဲ့ပက်သက်ပြီးတော့ရော ပြောလိုက်တာရှိသေးလား

အားလုံးကောင်းတယ် ကလေးအနေအထားလည်းမှန်တယ် စိတ်ပူစရာမရှိဘူး
ကျွန်မလည်း အခြေအနေကောင်းတယ် ‌မွေးလမ်းကြောင်းလည်း အဆင်ပြေတာမို့ ရိုးရိုးမွေးဖို့လုပ်ထားတယ်

အခုလိုကြားရလို့ ကိုယ်စိတ်ပူတာ သက်သာသွားပြီ
ကိုယ့်မှာ တိမ်လွှာဖုန်းမဆက်တော့ စိတ်ပူနေတာ
Moonက ရိုးရိုးမွေးဖို့လုပ်ထားတာဆိုပေမယ့် ကိုယ်စိတ်ပူမိတယ်

စိတ်မပူပါနဲ့ ဒါက မိခင်တိုင်းကြုံတွေ့ရမယ့်အရာပဲလေ

ဒါပေမယ့်လေ ကိုယ် တစ်ကယ်စိတ်ပူတယ် ကိုယ်တို့ နောက်တစ်ကြိမ်ရင်သွေးထပ်မယူတော့ဘူး ပထမအကြိမ်နဲ့တင် Moon အရမ်းနာကျင်ရမှာ

ဘယ်......ဘယ်သူက ရှင့်ကို နောက်တစ်ကြိမ်ရင်သွေးထပ်ယူမယ် ပြောထားလို့လဲ

ဟင်.....အာ....ကိုယ်စကားမှားသွားတာ ခွင့်လွှတ်နော်

ဟွန့်......ကျွန်မ လမ်းသွားလျှောက်မလို့
ရှင်လိုက်မှာလား

လိုက် လိုက်မှာပေါ့ Moon ရဲ့
ကိုယ် Moon ကို တစ်ယောက်တည်းစိတ်မချပါဘူး "

ဟူး...ဒီပါးစပ်ကလေ လွှတ်ခနဲပြောထွက်မိသွားတာ တော်ပါသေးရဲ့ Moon,သံသယမဝင်သွားလို့
သတိထားမှပါပဲ

🌹🌹🌹🌹🌹

" ဟော သားငယ်ပြန်လာပြီ မင်းနှယ်နော် သမီးလဝန်းနဲ့ပြန်ဆုံကတည်းက အိမ်မှာ ညနေတိုင်း မိသားစု ထမင်းလက်ဆုံစားရတယ်ဆိုတာ ခပ်ရှားရှားဖြစ်သွားပြီသိလား

ဟီး.....သားမှာ ရုံးဆင်းချိန်လေးပဲ Moon နဲ့ကလေးကို ဂရုစိုက်ပေးလို့ရတာမလား မာမီရယ်

ကျန်တဲ့အချိန်တွေကျ Moonက သားကိုအလုပ်ကိုပဲ အာရုံစိုက်ခိုင်းထားတာလေ
စကားနားမထောင်လို့လည်းမရဘူးဗျ

အေးပါ အေးပါ
ဒါနဲ့ သားငယ် မာမီတို့ကို မေးစရာဘာမှမရှိဘူးလား

ဗျာ.....ဘာကိုလဲ မာမီ

ငါ့သားကတော့ ယုန်သူငယ်လေးလို မသိချင်ယောင်ဆောင်နေပြန်ပြီ
ဒယ်ဒီတို့စီစဉ်ထားတဲ့ပွဲက အလှူပွဲမဟုတ်ဘူးဆိုတာ သားသူငယ်ချင်းတွေကတဆင့် သိထားပြီးပြီမလား

ဗျာ.....

ဟ....ဟေ့ကောင် တဗျာဗျာနဲ့ ဖြူစင်ချင်ယောင်ဆောင်နေတယ်

ဟဲဟဲ....သား သိထားပြီးပြီဗျ
သူရိန်ရော စိုင်းခမ်းနဲ့သျှန်းရော ပြောပြသွားတာ

အေး လိပ်လိုနှေးနေတဲ့ ဒယ်ဒီ့သားကြိုးစားနေမှုကြီးကို အားမရတော့လို့ အခုလို မိဘတွေပေါင်းပြီး စီစဉ်လိုက်တာကွာ

သား Moonကို နောက်ဆုံးအနေနဲ့ သားကိုယုံကြည်ပြီး အခွင့်အရေးပေးဖို့ တောင်းဆိုထားပါတယ်
အဖြေပြန်မရသေးပေမယ့် သားတို့အားလုံးအတွက် အကောင်းဆုံးဖြစ်မယ့်အဖြေကိုပဲ ပေးမှာပါလို့ သားကိုပြောပြထားတယ်

ဒါတော့ဒါပေါ့ကွာ....
ဒယ်ဒီတို့အနေနဲ့ကတော့ ကလေးမွေးဖွားခါနီးအထိ လက်မထပ်ရသေးတဲ့သားတို့အခြေအနေကို စိတ်မချတော့တာမို့ အခုလိုစီစဉ်ထားတာ
ဖိတ်ကြားတဲ့ဧည့်သည်တောင် လူနည်းစုလောက်ပဲ ဖိတ်ထားတာ သမီးလဝန်းရဲ့အသိမိတ်ဆွေတွေမပါဘူး ကိုနေညိုလင်းတို့မိတ်ဆွေအနည်းငယ်လောက်ပဲပါတယ်
သမီးလဝန်းရိပ်မိသွားမှာစိုးလို့လေ ဖြစ်နိုင်ရင် သားမာမီက လက်ထပ်ပွဲအဖြစ် ခမ်းခမ်းနားနားလုပ်ပေးချင်နေတာ

အမလေး အဲ့တာတော့မဖြစ်သေးဘူး မာမီ
အဲ့ကျရင် Moonက သားစုဘူးလေးပါခေါ်ပြီး ပျောက်သွားလိမ့်မယ်
အခုတော့ မာမီတို့စီစဉ်ထားတဲ့အတိုင်းပဲ ဆက်သွားမယ်
စိတ်ချ သားကို Moonဖက်က လက်ခံလိုက်ပြီဆိုရင် သားကိုယ်တိုင် အခမ်းနားဆုံး မင်္ဂလာပွဲပြင်ဆင်မှာ
သားချစ်ရတဲ့အမျိုးသမီးလေးကို အခမ်းနားဆုံးမင်္ဂလာပွဲကျင်းပပေးမှာ

ဟုတ်ပါပြီဗျာ ဒယ်ဒီတို့ကလည်း ဒါကိုပဲကြားချင်နေတာ

အဟွန်း...ဟုတ်ကဲ့ပါဗျာ

အယ် ဒါနဲ့ သားကိုမေးမို့
မြေးလေးအခြေအနေကရော ဘယ်လိုတဲ့လဲ သား

အားလုံးအဆင်ပြေတယ်တဲ့ မာမီ
ကလေးအနေအထားလည်းကောင်းတယ် မွေးလမ်းကြောင်းလည်းအဆင်ပြေတာမို့ မွေးတဲ့အခါ ရိုးရိုးမွေးဖို့ပဲစီစဉ်ထားတယ်တဲ့

ဟုတ်လား ကလေးအနေအထားကောင်းတယ်ကြားရလို့ တော်ပါသေးရဲ့
သမီးက ရိုးရိုးမွေးမှာဆိုတော့ အားရှိမှ ကလေးမွေးတဲ့အခါ ကောင်းကောင်းညစ်ထုတ်နိုင်မှာ
မဖြစ်သေးပါဘူး မနက်ဖြန် သမီးအတွက် အားရှိမယ့် အစားအစာတွေပြင်ဆင်ပြီး သွားပို့ဦးမှပါပဲ

သားလည်းကူလုပ်ပေးမယ် မာမီ

အင်းအင်း ဒါဆို မနက်ဖြန် မနက်အစောထပြီး အောက်ထပ်ဆင်းလာခဲ့

ဟုတ်ကဲ့ မာမီ

ကိုယ်လည်း ကူပေးမယ် မိန်းမ

ရပါတယ်ဗျာ
ဒယ်ဒီက သားအကူအညီတောင်းထားတဲ့ကိစ္စနဲ့အလုပ်ရှုပ်နေတာ  ဒယ်ဒီကအေးဆေးအနားယူ သားနဲ့မာမီပဲ လုပ်လိုက်ပါ့မယ်

ဒယ်ဒီလည်း ဒယ်ဒီ့ ချွေးမလေးနဲ့ မြေးလေးအတွက် ပြင်ဆင်ပေးမို့လေ

ကဲ အဘိုးကြီး သားနဲ့ကျွန်မစကားကိုနားထောင် ထပ်တွန့်တက်ဖို့မကြံနဲ့
လာ အပေါ်မှာ ရှင့်အတွက် ဆေးပြင်ထားပြီးပြီ လာသောက် ကျွန်မအပေါ်တက်နှင့်မယ်
သားငယ် နားတော့ မနက်ကျ‌အစောထရမှာ

ဟုတ်ကဲ့ မာမီ "

သူနဲ့ဒယ်ဒီကို မှာသွားပြီး အပေါ်ထပ်တက်သွားပြီဖြစ်တဲ့ မာမီ

ဒယ်ဒီက အပေါ်ထပ်မတက်သေးခင် သူ့အနားကပ်လာကာ အသံတိုးတိုးဖြင့်
" တွေ့လား မင်းမာမီ အာဏာပြသွားတာ
သားလည်းမကြာခင် အဲ့ဘဝရောက်တော့မှာမို့ ဖိုက်တင်း ငါ့သားရေ "
ဟုဆိုကာ အမြန်တက်သွားလေသည်

မာမီ့အော်သံက ဟိန်းထွက်လာသည်ကို

" အဘိုးကြီး ဦးတမန်နောင် ရှင်ဆေးလာမသောက်သေးဘူးလား "

" လာပြီ မိန်းမရေ ကိုယ်လာနေပြီ "

" ခွီ......အဟွန်း
သားက အဲ့ဘဝရောက်ချင်လွန်းလို့ ကြိုးစားနေရတာ ဒယ်ဒီရေ" ဟုသာ ပြောရင်း အနားယူရန်အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်
(သတိပေးရကျိုးနပ်တဲ့ သားတော်မောင်လေးပါ 🤌😤🤣)
🌹🌹🌹🌹

သည်နေ့ဟာ သူ့အတွက် စိတ်အလှုပ်ရှားဆုံးနေ့တွေထဲက တစ်နေ့💓
ကိုယ်လုံးပေါ်မှန်ထဲ မင်္ဂလာဦးဆွမ်းကျွေးပွဲသွားရန် ပြင်ဆင်ထားသည့် သူ့ကိုယ်သူပြန်ကြည့်ရင်း ဘာများလိုအပ်နေသေးလဲဟု စစ်ဆေးနေတာဖြစ်သည်
မာမီကိုယ်တိုင် ဒီဇိုင်းအပ်ကာချုပ်ပေးထားသည့် ဝတ်စုံလေးက သူ့ကိုယ်ပေါ်၌ ကျနစွာနေရာယူထားလေသည်
မောင့်ကျက်သရေခေါင်းပေါင်းသာ ဝတ်လိုက်လျှင် သူဟာ သတို့သားတစ်ယောက်နှင့်တူသွားပြီဖြစ်သည်

☎️  ☎️  ☎️
" ပြော သားကြီး

အေး အဖေရေ ပြင်ဆင်လို့ပြီးပြီလားဗျ

ပြီးတာကြာပေါ့ ငါ့သားရယ် အဖေဘာတွေထပ်ပြင်ဖို့လိုသေးလဲ မှန်ကြည့်ရင်းစစ်ဆေးနေတာ
ဒါပေမယ့် မလိုအပ်တော့ဘူးထင်ပါတယ် အဖေက နဂိုချောပြီးသားဆိုတော့ ခန့်ညားနေတာပဲကွာ ကိုယ့်ကိုယ်ကိုတောင် ကြည့်လို့မဝဘူး

ဪ အဖေရယ် မင်္ဂလာသိပ်မဆောင်ချင်ရှာဘူးကို
တော်ရုံတန်ရုံလည်းပြင်ဆင်သွားဦးနော် အဖေ တော်ကြာ အမေရိပ်မိသွားနေမှ မင်္ဂလာမဆောင်လိုက်ရဘဲ လိမ်လည်မှုနဲ့အချုပ်ထဲရောက်နေမယ်

ဟေ့ရောင် လဒ ပါးစပ်ပုတ်ကြီးနဲ့ လျှောက်ပြောနေတယ် အဲ့ပါးစပ်ပိတ်စမ်း

ဟားဟား......

ဘယ်လိုလဲ ရင်တွင်းခံစားချက်လေး တစ်ဆိတ်လောက်ဝေမျှပေးပါဦးကွ

အခုချိန် ရင်တွေအရမ်းခုန်နေတာပဲသိတယ်ကွာ
ငါ Moon ရဲ့ တရားဝင်ခင်ပွန်းဖြစ်လာတော့မှာဆိုတော့ ပြောမပြတတ်လောက်အောင် ပျော်နေတာပဲသိတယ်
ညကလည်း အဲ့တာကိုတွေးပြီး မနည်းအိပ်ပျော်အောင် ကြိုးစားလိုက်ရတယ်
ဟိုနေ့ကလည်း ငါ့မှာ မာမီနဲ့အတူ Moon အတွက် စားစရာတွေသွားပို့တော့ ဒီပွဲအကြောင်းချည်းပဲ ခဏခဏတွေးမိနေလို့ စကားမှားမပြောမိအောင် အမြန်ပြန်လာရတယ် Moon နဲ့တောင် စကားမပြောခဲ့ရဘူး

ဟားဟား အဖေတို့ကတော့ ဖြစ်လိုက်ရင် အဆန်းချည်းပဲ

ချစ်တာကိုးကွ.....ချစ်လွန်းလို့ ပိုင်ဆိုင်ချင်တာ ရူးမတတ်ပဲ
ငါ့အမှားတွေကြောင့် Moonရဲ့အဝေးမှာနေခဲ့ရတာ

အေးပါကွာ ငါတို့လည်း မင်းအတွက် ဝမ်းသာနေတာပါ
လဝန်းညိုဖက်လည်း အမှန်တရားကိုသိသွားတဲ့အခါ လက်ခံပါစေလို့ ငါတို့ဆုတောင်းပေးပါတယ်
မြန်မြန်လာခဲ့ ဟေ့ရောင် ငါတို့ ဘုန်းကြီးကျောင်းမှာ ရောက်နေပြီ

ဟ.....စောလှချည်လားကွ
မင်းတို့ဘယ်လောက်တောင် စားချင်သောက်ချင်နေကြလို့ အစောကြီးရောက်နေတာလဲ

သတော်စော်လေး စိတ်ကောင်းဝင်နေတာကို ဖျက်လိုဖျက်စီးလုပ်တဲ့နေရာမှာ မင်းကဆရာကြီးပဲသိလား
ငါတို့က လဝန်းညိုရောက်တာနဲ့ အပေါက်ဝကနေ " လဝန်းညိုရေ ဒါက အလှူပွဲမဟုတ်ဘူး လရောင်နက်နဲ့မင်းရဲ့မင်္ဂလာဦးဆွမ်းကျွေးပွဲပါ"လို့ loud speaker 📢နဲ့ အော်မလို့ဟေ့
ရှင်းပြီလား သတော်စော်ရဲ့

ဟားဟား....
မင်းတို့ကလည်းကွာ ငါက သည်အတိုင်းစလိုက်တာကို စိတ်ကြီးလိုက်ပုံများ ကိုယ်ဝန်ဆောင်မိခင်ကြီးအတိုင်းပဲ

ဟ....သတော်စော် မင်း ရောက်လာခဲ့စမ်းပါ တွေ့လို့ကတော့ အရေခွံနွှာပစ်မယ်

ဟားဟား မကြောက်ဘူး ဟေ့ရောင်
ငါလာခဲ့မယ် စောင့်နေ ရိုးရိုးလာမှာမဟုတ်ဘူးနော် မင်္ဂလာဆောင်ဖို့လာမှာ ဟားဟား

မင်းနော်မင်း လရောင်နက် ပွဲပြီးမှ မင်းနဲ့ငါတို့နဲ့တွေ့မယ် မိုးကောင်းတုန်းရွာထားဦးပေါ့ကွာ

ဟားဟား...

သားရေ ပြင်ဆင်ပြီးရင် ထွက်လာခဲ့တော့လေ
ကားလမ်းပိတ်မှာစိုးလို့ စောစောထွက်ကြမယ် ကြားလား

ဟုတ်ကဲ့ လာပြီ ဒယ်ဒီ

သားကြီးတို့ ငါဖုန်းချလိုက်တော့မယ် ခဏနေတွေ့ကြမယ်

ယီးမှမတွေ့ဘူး သတော်စော်လေး လခွမ်းပဲ "

" ဟားဟား...
ဒီကောင်တွေ သူပြောလိုက်လို့ အမြင်မကြည်ဖြစ်သွားတာ ဆဲသံလေးတွေမွှန်လို့ ဟားဟား "

(လိမ္မာယဉ်ကျေးသင်တန်းဆင်းအဖွဲ့လေးမို့ပါ😂😂)
🌹🌹🌹🌹

" သမီးငယ်ရေ.....မာမီဝင်လာခဲ့မယ်နော်

ဟုတ်ကဲ့ မာမီ...."

မာမီက မှန်တင်ခုံမှာထိုင်၍ ပြင်ဆင်နေသည့် လဝန်းထံလျှောက်လာသည်

" ကြည့်ပါဦး မာမီ့သမီးငယ်လေးက ကိုယ်ဝန်ဆောင်ထားပေမယ့် လှလိုက်တာကွယ် မာမီ့အထင် ကြည့်ရတာ သမီးလေးမွေးမယ်လို့ထင်တယ်
သမီးက နုဖက်ပြီး လှနေတာ မာမီတောင် ကြည့်ရင်း အသည်းယားလာပြီ

အဟွန်း မာမီကလည်း ကိုယ့်သမီးကိုယ်ပြန်မြှောက်နေတယ်
အရင်လိုပါပဲ မာမီရယ် ဒီဗိုက်ကလေးပူနေတာကလွဲလို့‌ပေါ့ ဟီးဟီး

တစ်ကယ်ပြောတာပါဆိုကွယ် သားလရောင်သာမြင်ရင် ငုတ်တုတ်မေ့မှာကျိန်းသေတယ် သိလား

မာမီကတော့ ပိုပြီ

အမလေး ပိုလားမပိုလား သမီး ခဏနေသိရပါလိမ့်မယ်
အဟင်းဟင်း....."

" ဒေါက် ဒေါက် ‌ဒေါက်
မာမီနဲ့ညီမလေးရေ အပြင်ထွက်လာခဲ့တော့နော် လရောင်တို့မိသားစုရောက်လာကြပြီဗျ

ဟုတ်ပြီ သားရေ ထွက်လာခဲ့မယ်
ကဲလာ သမီးငယ်အဆင်သင့်ဖြစ်ပြီဆိုရင် မာမီတို့အပြင်ထွက်ကြရအောင်

ဟုတ်ကဲ့ မာမီ "

🌹🌹🌹
" အန်ကယ်တို့ ထိုင်ကြပါဗျ
မုန့်နဲ့ကော်ဖီသုံးဆောင်ပါဦး

အင်း ကျေးဇူးပါကွယ်

ရပါတယ်ဗျ

ဒီနေ့ကြည့်ကောင်းနေတယ်နော် ယောက်ဖ

အဟွန်း မင်းရောပါပဲ

သမီးကိုစောင့်နေစေမိလို့ တောင်းပန်ပါတယ်နော် အန်ကယ်နဲ့အန်တီစိမ့်

ရပါတယ်ကွယ် အန်တီတို့လည်း အခုလေးတင်ရောက်တာပါ
ကြည့်ပါဦး သမီးလေးက မာမီအပ်ပေးထားတဲ့ ဒီဇိုင်းလေးနဲ့ သိပ်လှတာပဲကွယ်

အဟွန်း လှလွန်းလို့ ဒယ်ဒီ့သား သမီးဆီကနေ အကြည့်မလွှဲနိုင်တော့ဘူး
ဟိုမှာ ငုတ်တုတ်ကိုမေ့လို့....

ဟားဟား...."
ဒယ်ဒီ့စကားကြောင့် လူကြီးတွေရော တိမ်လွှာပါဝိုင်းရယ်ကြလေသည်
သူလည်း ထိုရယ်သံတွေကြားမှ အသိပြန်ဝင်လာကာ Moonလည်း အနည်းငယ်ရှက်သွားပုံရသည်

" သမီးရဲ့အဖေ အန်ကယ်တစ်ယောက်လုံး ထိုင်နေတာ သတိရဦးနော် သားမက်လေး

ဟာဗျာ အန်ကယ်ကလည်း....

ဟားဟား....

မင်းယောက်ဖ ငါလည်း ထိုင်နေသေးတယ်နော် လရောင်

ဟားဟား........."

" ကဲကဲ အားလုံးလည်းစုံပြီဆိုတော့ သွားကြမယ်လေ ကားလမ်းပိတ်ရင် ဟိုကိုနောက်ကျမှရောက်သွားမှာစိတ်ပူရတယ်

ဟုတ်တယ် ဟုတ်တယ်
လူကြီးတွေက ကားတစ်စီး လူငယ်တွေကတစ်စီး အဲ့လိုသွားကြမယ်

ဟင် သားကို ဟိုစုံတွဲကြားထဲ ပို့မလို့လား
သား မသွားဘူးနော် ဒယ်ဒီတို့လူကြီးတွေနဲ့ပဲ လိုက်ခဲ့မယ်

ဟင် ကိုကြီး အဲ့လိုမလုပ်နဲ့လေ

လူကြီးတွေချည်းပဲ ကားမောင်းခိုင်းဖို့က စိတ်မချရဘူး ညီမလေးရဲ့
အဲ့တာကြောင့်ပါ ဟီးဟီး ညီမလေးက လရောင်နဲ့ပဲလိုက်ခဲ့လိုက်နော်
ကိုကြီးတို့အားလုံး စိတ်ချတယ်

ဟင်......ကိုကြီး
မာမီ့..

သမီးကိုကြီးပြောတာမှန်တယ် အဲ့လိုပဲလုပ်လိုက်မယ်နော်
ကဲကဲ သွားကြရအောင် "

သိနေတယ်နော် သိနေတယ် မာမီတို့အကြံ ဒါအကုန်ပဲလား

" Moon ကိုယ်တို့လည်းသွားကြရအောင်လေနော်

သွားမယ် သွားမယ် မြန်မြန်ရောက်ပြီးရော တစ်ကယ်ပဲစိတ်တိုတယ် "

အဟွန်း သူ့မဗိုက်လေးက စိတ်တိုနေလည်း ချစ်ဖို့ကောင်းနေတာမို့ ဖက်နမ်းပစ်ချင်စိတ်ကို ထိန်းထားရလေသည်
သူနဲ့Moonက စုံတွဲဝတ်စုံလေးမို့ တစ်ကယ်ကိုကြည့်ရင်း သူ့မှာအပျော်တွေဆက်တိုက်ခံစားနေရသည်

🌹🌹🌹🌹

" သူမဘေးကလူက ကားထဲ၌ဖွင့်ထားသည့် ဇော်ပိုင်ရဲ့ "မင်းနဲ့မှချစ်တတ်ပြီပေါ့" သီချင်းကို တိုးတိုးလေးလိုက်ဆိုနေတာကို ကြားနေရသည်

တခြားသီချင်းဖွင့်လည်း ရရဲ့သားနဲ့ ဒီသီချင်းဖွင့်ရတယ်လို့
တစ်ကယ်ပါပဲ သူမက အလိုလိုနေရင်း ရင်ခုန်သံတို့ကို ထိန်းချုပ်နေရသည်မှာ ခက်လှသည်
ဒီနေ့ သူက လဝန်းနဲ့အရောင်တူ တိုက်ပုံနှင့် ပုဆိုးဝတ်ထားသည်မို့ နဂိုကတည်းက ခန့်ညားသည့် သူ့ပုံစံဟာ ပို၍ကြည့်ကောင်းနေသည်မို့ လဝန်းရင်ခုန်နှုန်းမြန်နေခဲ့တာဖြစ်သည်
သူက သီချင်းဆိုရင်း သူမဖက် တစ်ချက်တစ်ချက် အကြည့်ရောက်လာသည်မို့ အကြည့်ချင်းမဆုံမိအောင်လည်း ထိန်းနေရသည်

" Moon

အင်း.....

ဒီနေ့ Moon အရမ်းလှနေတယ် "

ကျစ်စ် သည်လူကတော့လေ ရင်ခုန်နှုန်းမြန်အောင် ပြောပြန်ပြီ

" ကိုယ် မြှောက်ပြောတာမဟုတ်ဘူး Moon  တစ်ကယ်ကို လှနေတာ သိလား
ကိုယ်ကားမောင်းနေရလို့သာ မဟုတ်ရင် တစိမ့်စိမ့်ထိုင်ငေးကြည့်နေမိမှာ

အဲ့တာကြောင့်မို့ ရှင့်ကို အခုလို ကားမောင်းခိုင်းလိုက်တာနေမှာ ကိုကြီးသာပါရင် ရှင်မောင်းမှာမဟုတ်ဘူး

အဟက် အဲ့တာတော့အဟုတ်ပဲဗျ
ကိုယ်က "လဝန်းညို"ဆိုတဲ့ အမျိုးသမီးလေးနဲ့ဆိုရင် အရာရာကိုမေ့နေတတ်တာ သိနေတာကြောင့်ဖြစ်လိမ့်မယ် "

🌹🌹🌹

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Part-  31မျှော်✨🌹
Author Ester Linn 🕊️


You are reading the story above: TeenFic.Net