Part-25✨🌹

Background color
Font
Font size
Line height

အသည်းစွဲအောင်ချစ်မိသူ
Part-25✨🌹

" ရှင် Suprise တိုက်ခါနီးဆို ပုဝါစမအုပ်လို့မရဘူးလား

အဟွန်း.....နိုး....မရဘူး
ကိုယ် ဖွဖွလေးပဲ ပုဝါစစည်းပေးထားတာပါ Moon ရဲ့

ကျစ်စ်....ရှင်ကတော့လေ.....အခု ကျွန်မကို ဘယ်ခေါ်သွားပြန်တာတုန်း
ရောက်လည်းမရောက်သေးဘဲနဲ့ လမ်းမှာပဲရှိသေးတာကို

နည်းနည်းလေးထပ်မောင်းလိုက်ရင် ရောက်ပြီ Moon
ခဏလေးပဲ ပုဝါစလေးစည်းထားနော်

ရှင်ဟာလေ အမျိုးမျိုးတတ်နိုင်တယ် ....

အဟွန်း......."

သူ စီစဉ်ထားသည့်နေရာသို့ရောက်ပြီမို့ ကားကို ထိုနေရာရှေ့၌ ရပ်လိုက်ပြီး ကားပေါ်မှအရင်ဆင်းခဲ့ကာ  အရင်ဆုံးခြံတံခါးသွားဖွင့်လိုက်သည်
ပြီးမှ Moon ရှိရာဖက်ခြမ်းရှိ ကားတံခါးကိုဖွင့်ပေး၍ Moon အား ကားပေါ်မှဆင်းစေခဲ့သည်

" ရောက်ပြီလား

အင်း ရောက်ပြီ ကိုယ့်လက်ကိုသေချာကိုင်ထားနော် Moon

တိတ်ဆိတ်နေတာပဲ....ရှင် ဘယ်ကိုခေါ်လာတာလဲ ကိုလရောင်နက်

ခဏနေသိရတော့မှာပါဗျာ.....
သည်လူဟာလေ ပြောပြလိုက်ရင်ပြီးနေပြီဟာကို....အရစ်ရှည်နေတာ

" ကဲ ကိုယ် ပုဝါစဖြည်ပေးတော့မယ်နော် Moon
မျက်လုံးကိုဖြည်းဖြည်းချင်း ဖွင့်နော် ချက်ချင်းဖွင့်လိုက်ရင် အလင်းရောင်စူးလိမ့်မယ်

ကျွန်မသိပါတယ်နော် ...."

ကိုယ်ပြင်ဆင်ထားတာကို မင်း သဘောကျမယ်လို့ မျှော်လင့်ပါတယ် Moon

" ခရမ်းနုရောင် တိုက်အိမ်လေး.....ဝရံတာလေးတွေကို ကျူးလစ်ပန်းအိုးအသေးလေးတွေနဲ့ အလှဆင်ထားသည်....ခြံဝန်းထဲမှာလည်း နှင်းဆီအနီ၊အဖြူ၊အဝါ၊ပန်းရောင်၊ချိုချဉ်ရောင်တို့ကို ပန်းစင်လေးနှင့် စိုက်ထားသည်
တခြားသော အလှပန်းအိုးလေးများကိုလည်း သူ့ပန်းစင်လေးနှင့်သူ စိုက်ပေးထားသည်
အလှဆုံးကတော့ သစ်ခွပင်လေးတွေပါပဲ
ပန်းစင်လေးမှာ အရောင်စုံလှပစွာ ပွင့်လန်းနေသည့် သစ်ခွပင်လေးတွေကို ချိတ်ဆွဲထားခြင်းပင်

ခြံဝန်းက မိသားစုတစ်စုစာ ကောင်းကောင်းနေလို့ရသည်အထိ ကျယ်ဝန်းသည်
ခြံထဲ၌ ပန်းပင်တွေကို သူ့နေရာသူနှင့် ပန်းစင်များဖြင့် စိုက်ပျိုးထားသည့်အပြင် ပိုနေသည့်နေရာတွေ၌ မြက်နုလေးများအား စိုက်ထားတာမို့ အမြင်သင့်လှသည်
အိမ်လေးက မြင်လိုက်ရသူအဖို့ နေချင်စဖွယ်ဖြစ်စေသည်

သည်လူ ဒီအိမ်ကိုခေါ်လာပြတာ ရည်ရွယ်ချက်ရှိကိုရှိရမည်

" ဘယ်လိုလဲMoon
Moonအမြင်အရ ကိုယ်ပြင်ဆင်ထားတာ အဆင်ပြေရဲ့လားဗျ

ရှင် ပြင်ဆင်ထားတယ်ဆိုတော့ ဒီအိမ်က ရှင်ဝယ်ထားတာလား

ဟုတ်တယ် ကိုယ် ဝယ်ထားတာ ကိုယ်တို့မိသားစုလေးထည်ဆောက်တဲ့အခါကျရင် နေဖို့အတွက်လေ
ကလေးအတွက် အခန်းအပြင်ဆင်ထားကလည်း ဒီအိမ်မှာ Moon
လာ ကိုယ် မင်းကို အိမ်အတွင်းပိုင်းအပြင်အဆင်လိုက်ပြမယ်

ဖေဖေ့ကလေးလေး သဘောကျမယ်လို့လည်း ဖေဖေမျှော်လင့်တယ် "

လဝန်းလက်ကိုဆွဲကာ အိမ်အတွင်းပိုင်းအပြင်အဆင်များအား လိုက်ပြလေသည်
အတွင်းပိုင်းနံရံတွေကိုတော့ အဖြူနဲ့ခရမ်းနုရောင်ကို စပ်သုံးထားကာ ပရိဘောဂများနေရာချထားသည်မှာလည်း သူ့နေရာနှင့်သူ အံဝင်ခွင်ကျဖြစ်သည်
နှစ်ထပ်တိုက်ဖြစ်တာမို့ အပေါ်ထပ်ကိုတော့ ခရမ်းနုရောင်ချည်းသာ သုံးထားလေသည်

" Moonကို ကိုယ် အပေါ်ထပ်တက်ဖို့ ခေါ်လာရတာစိုးရိမ်ပေမယ့် ကိုယ် မင်းနဲ့ကလေးအတွက် ပြင်ဆင်ထားတာကို ကိုယ်တိုင်မြင်စေချင်တာမို့ပါ လှေကားတက်ရတာ ပင်ပန်းသွားရင် ကိုယ့်ကိုခွင့်လွှတ်နော်

အပေါ်ထပ်ပဲရောက်နေပြီ ဒီစကားကို အောက်ထပ်မှာကတည်းက ရှင်ပြောခဲ့သင့်တယ်

ကိုယ် တောင်းပန်ပါတယ်နော်.....

အဟမ်း.....ရှင် အခန်းပြမယ်ဆို ဘယ်မှာလဲ

လာ........ဒီအခန်းပဲ Moon "

အခန်းတံခါးကိုဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်က လဝန်းနဲ့သူ့ရဲ့ ချစ်သူဘဝတုန်းက ရိုက်ထားသည့် အမှတ်တရဓာတ်ပုံလေးပင်
ထိုဓာတ်ပုံလေးထဲမှာ သူမက သူနဲ့မျက်နှာချင်းဆိုင်ရှိနေပြီး နဖူးချင်းထိကပ်ကာ ပြုံးနေသည့်ပုံရိပ်လေးပင်
ထိုဓာတ်ပုံချိတ်ထားသည်က ကုတင်၏ခေါင်းရင်းဖက်၌ပင်
အခန်းတံခါးဝနှင့်တန်းနေသည်မို့ တံခါးဖွင့်လိုက်တာနှင့် အရင်ဆုံးမြင်ရသည်က ထိုဓာတ်ပုံကိုပင်ဖြစ်သည်

" ကိုယ်တို့နှစ်ဦးရဲ့မင်္ဂလာဓာတ်ပုံကို ချိတ်ဖို့ အစကရည်ရွယ်ထားတာ
ဒါပေမယ့် အခုထိ မင်္ဂလာဓာတ်ပုံမရှိသေးတာမို့ ကိုယ်တို့နှစ်ယောက်ရဲ့ အမှတ်တရဓာတ်ပုံလေးထဲက ကိုယ်အနှစ်သက်ဆုံးပုံလေးကို ပုံကြီးချဲ့ပြီး ချိတ်ထားလိုက်တာ

အဟမ်း....ကလေးအတွက်ပြင်ထားတဲ့အခန်းကို သွားကြည့်မယ်လေ

နေပါဦး Moon ရဲ့ ကိုယ်တို့အခန်းလေးထဲမှာ ပြင်ဆင်ထားတာတွေကို ကြည့်သွားပါဦး နော် Moon

ကျွန်မ နေရတာ ပူလာသလိုပဲ

ဟင်...."

ပူရအောင်က ကားစီးလာတဲ့တစ်လျှောက်လည်း အဲကွန်းဖွင့်လာခဲ့တာ
အိမ်ထဲဝင်တော့လည်း တစ်အိမ်လုံး အဲကွန်းဖွင့်ထားတာမို့ ပူလာစရာအကြောင်းမရှိပေ။
အဟွန်း အခုမှ တွေးမိသည်
အခန်းပြင်ဆင်ထားပုံနဲ့ ဓာတ်ပုံကိုမြင်လိုက်ရတာကြောင့် Moon ရှက်သွားတာဖြစ်ရမည်

" ခဏလေးပါပဲ နော် ကိုယ်တို့အခန်းကြည့်ပြီးရင် ကလေးအတွက်ပြင်ထားတဲ့အခန်းကို သွားကြည့်ကြမယ် နော် Moon

အင်းအင်း....."

သည်လိုနဲ့ သူပြင်ဆင်ထားသည့် အခန်းထဲဆက်ဝင်ကြည့်တော့ အခန်းဖွဲ့စည်းပုံက အခန်းနှစ်ခန်းစာလောက် အကျယ်အဝန်းရှိသည်
အဝတ်လဲခန်းနှင့်အဝတ်အစားထားခန်းက တစ်ဆက်တည်းဖြစ်ပြီး သူမအတွက် အမျိုးသမီးအသုံးအဆောင်ပစ္စည်းများထားရန် နေရာပါ အခန်းဖွဲ့ပေးထားသည်ကို တွေ့ရသည်
ကုတင်က အခန်းက အလည်မှာရှိနေပြီး ညအိပ်မီးထားသည့်စားပွဲအပုလေးက ကုတင်ဘေး၌ ရှိနေသည်

" Moonအတွက် မှန်တင်ခုံက ကိုယ် အဝတ်လဲခန်းထဲမှာ သက်သက်ထားပေးထားတယ် Moon အေးဆေး လွတ်လွတ်လပ်လပ်ပြင်လို့ရအောင်လေ
ကလေးတွေ ကိုယ်တို့အခန်းထဲဝင်လာမိတဲ့အခါကျ Moon ရဲ့အလှပြင်ပစ္စည်းတွေကို ယူဆော့မိနိုင်တယ်လေ အဲ့တာကိုတွေးမိပြီး ကိုယ် မှန်တင်ခုံကို နေရာပြောင်းထားလိုက်တာ အလင်းရောင်အတွက် ကိုယ် မီးသီးအသေးလေးတွေ တပ်ပေးထားတယ် "

သူပြောနေတာနားထောင်ပြီး စိတ်ထဲပြန်ပြောနေမိတာက " ကလေးတွေ ကိုယ်တို့အခန်းထဲဝင်လာမိရင်တဲ့ သူ့ကိုလက်ခံပြီလို့ အဖြေပြန်ပေးပြီးတာကျလို့ ရှေ့ရေးကိုကြိုတွေးလွန်းနေပြီရှင့် ....."

သို့ပေမယ့်လည်း သူ သည်လောက်အထိ အသေးစိတ်ပြင်ဆင်ထားသည်ကို ကြည့်ရုံနှင့် မိသားစု ဘဝလေးကို တည်ဆောက်နိုင်ဖို့ကြိုးစားနေသည့် သူ့ရဲ့အလေးထားမှုကို လဝန်းခံစားမိပါသည်

" Moon ဒီမှာကြည့်....."ဟုဆိုကာ အဖြူရောင်ပိတ်လွှာအုပ်ထားသည်ကို ဆွဲဖယ်လိုက်သည့်နောက် မြင်လိုက်ရသည်က လဝန်းနှင့်သူရဲ့ ချစ်သူဘဝအမှတ်တရရိုက်ခဲ့သည့် ဓာတ်ပုံတွေပါပင်
ကြက်ခြေခတ်ပုံစံ နံရံကပ်စင်လေးမှာ ဓာတ်ပုံလေးများကို အစီအရီထား ထားသည်က တစ်ကယ်လှပါသည်

" ဒါကတော့ ကိုယ်တို့နှစ်ယောက်ရဲ့ရင်သွေးလေးရှိနေပြီဆိုတာကို စသိရတဲ့အထိမ်းအမှတ်အဖြစ် ရိုက်ထားခဲ့တဲ့ အက်ထရာဆောင်းဓာတ်ပုံလေးတွေချည်းပဲ....

ကျွန်မတို့ရိုက်ခဲ့တာ တစ်ပုံတည်းပါရှင် ရှင် အခုထားထားတာက ဆယ်ပုံတောင်ပါလား

အဟွန်း ဟုတ်တယ် ကိုယ် နောက်ကိုးပုံကို ပွားထားတာလေ တစ်ပုံတည်းဆို ကြည့်မဝလို့ အဟက်.....

ကျစ် ရှင့်ကိုရူးနေပြီလို့ပြောရင် လွန်ရာကျဦးမယ်

ပြောပါဗျာ ကိုယ်လက်ခံပါတယ် တစ်ကယ်လည်း ကိုယ်က မင်းနဲ့ကလေးနဲ့ပက်သက်ရင် ရူးနေပြီပဲဟာ

ရှင်နော် ကျွန်မကလေးရဲ့အဖေကို အရူးလို့ထင်စေချင်နေတာလား

ဟောဗျာ ခုနက Moon ပဲ ကိုယ့်ကို ရူးနေပြီဆို....

မသိဘူး မသိဘူး ရှင့်ဘာသာ ဒီအခန်းထဲနေခဲ့တော့

ဟာ ဟိတ် ကိုယ့်ကို တစ်ယောက်တည်းမထားခဲ့နဲ့လေ...."

နောက်မှာ အော်ပြီးကျန်နေခဲ့သည့်သူ့အား ထားခဲ့လိုက်ပြီး သူပြင်ဆင်ထားသည့် လဝန်းတို့အခန်းနှင့် မျက်နှာချင်းဆိုင်မှာရှိနေသည့် အခန်းလေးဆီသို့ တံခါးဖွင့်ဝင်ခဲ့လိုက်သည်

ထိုအခန်းလေးက ကလေးအတွက်ပြင်ဆင်ထားသည့် အခန်းလေးမှန်းသိသာစွာ အခန်းတံခါး၌ 🦄stickerလေးအား ကပ်ထားပြီး တံခါးလက်ကိုင်ဘု၌ 🦩ကြိုးကြာရုပ် keychain လေးအား ချိတ်ဆွဲထားသည်

" ဒါက ကလေးအတွက် အခန်းလေ Moon
Moon အမြင်မှာ ဘာတွေလိုအပ်သေးလဲဟင်  ကိုယ် ဘာတွေထပ်ဖြည့်ရဦးမလဲ ကိုယ် စိတ်ကူးရတိုင်း ဝယ်ထည့်နေတာတော့ကြာပြီ လိုအပ်တာရှိနေသေးသလားလို့လေ

ရှင်အမြင်အာရုံချို့တဲ့နေတာတော့ မဟုတ်ဘူးမလား

ဗျာ......ကိုယ် အမြင်အာရုံကောင်းပါတယ် Moon ရဲ့
ဘာဖြစ်လို့လဲ....

ရှင် မမြင်ဘူးလား ပစ္စည်းတွေ သည်လောက်အခန်းထဲမှာ များနေတာကို ဝယ်ထည့်ဦးမယ်ဆိုတော့ ရှင် ဒါသက်သက် ပိုက်ဆံဖြုန်းရာရောက်သွားပြီရှင့်
ကလေးအတွက် ဝယ်ပေးချင်တဲ့စိတ်ကို နားလည်ပါတယ် ဒါပေမယ့် ကလေးအတွက်မလိုအပ်ရင် အလကားပဲ

ဟုတ်ပါပြီဗျာ ကိုယ်နားလည်ပါပြီနော် မဝယ်တော့ပါဘူး
ဟို ကစားစရာလေးလောက်ပဲ နည်းနည်းထပ်ဝယ်......"

" အား.....အာ့....နာ နာတယ်လို့ Moon ရဲ့

ရှင် သည်လောက်ပြောနေတာကို မကြားချင်ယောင်ဆောင်နေတာလား ဟမ်

အိုကေ အိုကေ ကိုယ် ဘာမှထပ်မဝယ်တော့ဘူးနော် အဲ့တာကြောင့် ဗိုက်ကလက်လေးကို လွှတ်ပေးတော့နော် ကိုယ် နာနေပြီလို့....

ရှင် ထပ်ဝယ်ဦးမှာလား ပြော

မဝယ်တော့ပါဘူးဆို ကိုယ်အတည်ပြောတာ လုံးဝမဝယ်တော့ဘူး ဝယ်မယ်ဆိုရင် Moon ဆီက ခွင့်ပြုချက်ရမှ ကိုယ်ဝယ်မယ် ဟုတ်ပြီလား

သေချာတယ်နော်

တစ်ကယ် တစ်ကယ် လုံးဝသေချာပါတယ်

ဟွန့် ပြီးတာပဲ ထပ်ဝယ်ရဲဝယ်ကြည့် ဆိုင်ပြန်သွင်းပစ်မယ်

အဟွန်း....

ရှင် ဘာရယ်တာလဲ

ဗျာ မဟုတ်ပါဘူး ဘာမှမဟုတ်ဘူး

အသားထပ်နာချင်နေတာလား မှန်မှန်ပြော

မနာချင်ပါဘူး ကိုယ်ပြောပါ့မယ်
အခု Moon ပုံစံက ကိုယ့်ရဲ့ အိမ်ရှင်မပုံစံလေးနဲ့တူနေလို့ သဘောကျမိလို့ ရယ်မိတာပါ

ဘာ.....
လရောင်နက် ရှင်တော့နော်...."

သူ့စကားကြောင့် Moonက လိုက်ရိုက်ဖို့လုပ်တော့ သူပြေးဖို့ တွေးလိုက်ပေမယ့် Moonက ကိုယ်ဝန်ဆောင်ထားရသည်မို့ မမောစေချင်တာကြောင့် အသားနာခံလိုက်သည်
သည်လိုနာကျင်မှုမျိုးက သူ့ကြောင့် Moon ထိခိုက်နာကျင်ခဲ့ရတာနဲ့စာရင် ပမွှားလောက်ပဲရှိသည်လေ

" စိတ်ချပါ Moon  ရှေ့လျှောက် ကိုယ် မင်းနဲ့ကလေးကို စိတ်ချမ်းသာအောင်ပဲ ကိုယ်ထားမှာ
အိမ်ထောင်ဦးစီးကောင်းတစ်ယောက်အဖြစ် ကိုယ်ကြိုးစားသွားမှာမို့ ကိုယ့်အနားမှာ အမြဲရှိနေပေးဖို့ ကိုယ်တောင်းဆိုပါရစေ...."

🌹🌹🌹🌹🌹🌹
''''''''''' '''''''' ''''''' ''''''' ''''''' ''''''' ''''''' ''''''

" ဟော သမီးငယ်လေး ပြန်လာပြီပဲ...အခန်းထဲသွားနှင့်နော် သမီး မာမီ ခဏနေဝင်လာခဲ့မယ်

ဟုတ် ဟုတ်...."

မာမီနဲ့ အိမ်၌ရောက်နေသည့် ဧည့်သည်အန်တီကြီးက တစ်စုံတစ်ခုကို အသေအချာဆွေးနွေးနေသည့်ပုံစံပါလေ
သူမ အိမ်ထဲဝင်လာမှသာ ဆွေးနွေးခြင်းကို ရုတ်တရက်ရပ်တန့်လိုက်သည်က ဘာကြောင့်များလဲ
အဲ့အန်တီလက်ထဲမှာ ကိုင်ထားသည်က လက်ဝတ်ရတနာထည့်သည့်ဗူးလေးများပင်
မာမီ လက်ဝတ်ရတနာဝယ်တာက ဒီတစ်ခေါက်ထူးဆန်းနေသလိုပဲ....

ထားပါလေ သူမ လရောင်နက်လိုက်ပြသည့် အိမ်ကို ကြည့်ပြီး အိမ်ပြန်မလာခင် မုန့်ဝင်စားခဲ့သည်မို့ ခဏတော့ အနားယူမှဖြစ်မည် ဒီနေ့လမ်းလျှောက်တာများသွားသည်မို့ ခြေထောက်တွေ ညောင်းညာနေသည်

အဝတ်အစားလဲကာ ကုတင်၌ ခဏလှဲနေလိုက်သည်

🌹🌹🌹🌹🌹

" အမလေး ကျွန်မဖြင့် ရင်တုန်သွားတာပဲ မခတ္တာရယ် သမီးလဝန်းများသိသွားပြီလားလို့

ကျွန်မလည်း အတူတူပါပဲရှင် သမီးမသိအောင် စီစဉ်နေရတဲ့ပွဲဆိုတော့လည်း သိုသိုသိပ်သိပ်လုပ်မှ ပွဲအတွက် အားလုံးအဆင်သင့်ဖြစ်ပြီး ကျင်းပလို့ရမှာလေ

ဟုတ်တာပေါ့ ဟုတ်တာပေါ့

ကဲ ဒါဆို အခု ကျွန်မရွေးထားတဲ့ဒီဇိုင်းတွေကို သီးသန့်လာပို့ပေးပါ မနွယ်
ဒီတစ်ပတ်အတွင်းနော်

စိတ်ချပါ မခတ္တာရဲ့ ကျွန်မသေချာစီစဉ်ပြီး ကိုယ်တိုင်လာပို့ပေးပါ့မယ် ဟုတ်ပြီလား

ဟုတ်ပါပြီရှင်....

ဒါနဲ့ ဝတ်စုံအတွက်ကရော မခတ္တာ။

သတို့သားဖက်က စီစဉ်မယ် မနွယ်

ကောင်းတာပေါ့ရှင်

အဟင်း....ဟုတ်ကဲ့

ဒါဆို ကျွန်မပြန်လိုက်ပါဦးမယ် မခတ္တာ

ဟုတ်ကဲ့ ကောင်းပါပြီရှင် ...."

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Part-  26 မျှော်✨🌹
Author Ester Linn 🕊️


You are reading the story above: TeenFic.Net