Part-18✨🌹

Background color
Font
Font size
Line height


"အသည်းစွဲအောင် ချစ်မိသူ"
Part-18 ✨🌹

ကောင်တာမှာ လိုအပ်သည့် ဆေးထုတ်ပြီးသည်နှင့် Moon အား အိမ်ပြန်မပို့ပေးသေးဘဲ YKKO ဆိုင်သို့ခေါ်လာခဲ့လိုက်သည်

အန်တီခတ္တာမပြန်ခင် သူ့ကိုပြောသွားတာက Moon က ဆေးရုံအပြန်ကျ ကြေးအိုးဝင်သောက်ဖို့ ‌ပြောထားသည်ဟူ၍ပင်
ထို့ကြောင့် Moonက အိမ်ပြန်ပို့ပေးဖို့ ပြောနေသည့်ကြားက YKKOသို့ မောင်းလာခဲ့ခြင်းဖြစ်သည်

ဆိုင်သို့ရောက်တော့ Moon အတွက် ကြေးအိုး ပွဲကြီးတစ်ပွဲမှာပေးပြီး တခြားစားချင်မည်ထင်သည့် ဝက်ဆာတေး၊ပီဇာနှင့် Iced Honey Americanoတို့ကို ထပ်မှာလိုက်သည်
သူ့အတွက်ကတော့ Iced Yuzu Americanoနဲ့ ကြေးအိုးပွဲသေးတစ်ပွဲသာမှာလိုက်သည်

" အိမ်ပြန်ပါမယ်ဆိုမှ ရှင်က ကျွန်မစကားကို ဂရုမစိုက်ဘဲ သည်ကိုခေါ်လာတယ်နော် လရောင်နက်

ကိုယ်က မင်းဆန္ဒကို ဖြည့်စည်းပေးတာလေ Moon
မင်း ကြေးအိုးစားချင်နေတာလေ ဒါ့ကြောင့် သည်ကိုပဲ ကိုယ်ခေါ်လာတာပေါ့ဗျာ နောက်ပြီး ကိုယ်တို့တွဲခဲ့တုန်းကလည်း ကြေးအိုးစားချင်ရင် Moon က YKKOမှာပဲ လာစားနေကြလေ

ရှင်ခေါ်လာတာ ရှင်ရှင်းရမှာနော် ကျွန်မ မရှင်းဘူး

အဟွန်း ကိုယ်ပဲရှင်းမှာပါဗျာ Moon က စားချင်တာကိုပဲပြော ဟုတ်ပြီလား "

ထိုသို့ပြောတော့ မဟေသီလေးက ဒေါသမပါသောမျက်စောင်းအား ပို့သလေရဲ့.....

မကြာခင်မှာ မှာထားသည့်စားစရာတွေ လာချပေးတာမို့ သူ့ရှေ့က မဗိုက်လေးက တူအသင့်ကိုင်ကာ စားဖို့ အသင့်ပြင်နေလေသည်

" Moon စားရတာ ဘယ်လိုနေလဲ ခံတွင်းတွေ့ရဲ့လားဟင်

အင်း...."

သူမ ခံတွင်းတွေ့ပုံရသည် သူ့အား စကားပြန်မပြောဘဲ သူမရှေ့က ကြေးအိုးပန်းကန်၌သာ အာရုံရောက်နေလေရဲ့
အခုလို ခံတွင်းမပျက်ဘဲ သူမစားလို့သောက်လို့ကောင်းနေသည်က သူ့အတွက် စိုးရိမ်ဖို့ရာ စိတ်အေးရသည်

" Moon အအေးလည်းသောက်ဦးလေ

အင်း....
ပျားရည်ပါတော့ သောက်ရတာ ချိူချိုလေး....

Moon ဘာထပ်စားချင်တာရှိသေးလဲ ကိုယ်ထပ်မှာပေးမယ်

ဟင့်အင်း အခုမှာထားတာတွေကိုပဲ အရင်စားပါရစေဦး

အဟွန်း ဟုတ်ပါပြီကွာ...."

Moonက သူမစားချင်တာလေးကို အရသာရှိရှိစားနေရသည်မို့ထင်ပါရဲ့သူမစိတ်လေးကြည်နေပြီး သူ့အား စကားအေးဆေး‌ပြန်ပြောနေသည်
နဖူးစပ်လေးတွေမှာ ချွေးလေးတွေစို့လာသည်မို့ နက် လက်ကိုင်ပုဝါလေးနှင့် ကြေးအိုးအား ငုံ့စားနေသည့် Moonနဖူးလေးအား အသာသုတ်ပေးမိသည်

" ရတယ် ကျွန်မကို လက်ကိုင်ပုဝါပေး ကိုယ့်ဘာသာသုတ်လိုက်မယ်

ကိုယ်လုပ်ပေးပါ့မယ် Moonရယ်

မလိုဘူး တခြားသူတွေအမြင်မှာ တမျိုးထင်စရာတွေဖြစ်နိုင်တယ်

ထင်လည်း အမှန်ပဲဟာ ကိုယ်တို့ကလက်ထပ်တော့မယ့် ဇနီးမောင်နှံတွေပဲလေ

အို....မဖြစ်ရပါဘူး ကျွန်မ ရှင့်ကို လုံးဝလက်မထပ်နိုင်ဘူး
ကြည်နေတဲ့ ကျွန်မစိတ်လေးကို ညစ်ညူးအောင် မလုပ်စမ်းပါနဲ့

ကိုယ် ဘယ်လိုလုပ်မှ မင်း ကိုယ့်အပေါ် စိတ်ပြေမှာလဲဟင် Moon
အခု ကိုယ်တို့နှစ်ယောက်လုံးမှာ ရင်သွေးလေးရှိနေပြီလေ

ကိုယ်မှားခဲ့တာတွေကို ကိုယ်မမေ့ပါဘူး ဒီခေါင်းထဲမှာရော ရင်ထဲမှာရော အမြဲအမှတ်ရနေပြီးသားပါ ဒါတွေကိုပြန်စဉ်းစားမိတိုင်းမှာ ကိုယ် အကြိမ်ကြိမ်နောင်တရမိပါတယ်
ဒါပေမယ့်လေ မင်း ကိုယ့်ကို ဒီတစ်ခုတော့ ယုံကြည်ပေးပါကွာ
ကိုယ် မင်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတရားက စစ်မှန်တယ်ဆိုတာ ကိုယ့်အသက်ကို ရင်းပြီး ကျန်ဆိုရဲပါတယ်
ကိုယ့်စိတ်ကို အလိုလိုက်ခဲ့လို့ မင်းနာကျင်ခဲ့ရတာကို တွေးမိတိုင်း နောင်တတွေ တပွေ့တပိုက်နဲ့အမြဲရှင်သန်နေခဲ့ရတာပါ

ကျွန်မ အခုချိန်မှာ ဘာကိုမှမစဉ်းစားချင်ဘူး လရောင်နက်
ကျွန်မ အေးအေးဆေးဆေးပဲနေချင်တယ်

Moon .....

ကျွန်မ ဘာကိုမှ ဆက်မကြားချင်ဘူး လရောင်နက် "

Moon က လက်ကာပြရင်း သူဆက်ပြောမည့် စကားတို့အား ရပ်တန့်လိုက်တာမို့

" ဘာပဲဖြစ်ဖြစ် ကိုယ် မင်းအနားမှာ အမြဲရှိနေမှာမို့ အဝေးကိုတော့ နှင်ထုတ်ဖို့မကြိုးစားပါနဲ့ Moon
ကိုယ် လက်မခံဘူး....."

ထိုအချိန်ကတည်းက တိတ်ဆိတ်သွားလိုက်တာ.... Moon အိမ်သို့ပြန်ရောက်သည့်အထိပင်

" Moon အိမ်ရောက်ပြီနော်....."

Moonက ခေါင်းတစ်ချက် ညိတ်ပြကာ ပတ်ထားသည့်ခါးပတ်ကိုဖြည်သည်

" သည်နေ့လေးကို အတူအချိန်ကုန်ဆုံးခွင့်ပေးခဲ့လို့ ကိုယ် မင်းကို ကျေးဇူးတင်ပါတယ် "

လရောင်နက်က ကားတံခါးလာဖွင့်ပေးရင်း ထိုစကားအား သူမနှင့်နီးကပ်သည့်အနေအထားရောက်နေသည့်အချိန်မှာ ပြောလာခဲ့သည်

" ရှင်...ရှင် ကျွန်မရှေ့ကဖယ်ပါ လရောင်နက် ကျွန်မနေရခက်တယ်

တောင်းပန်ပါတယ် ကိုယ် မင်းကို အဲ့လိုဖြစ်စေဖို့ မရည်ရွယ်ပါဘူး
မင်းဖက်က ခါးပတ်ဖြည်တာ အခက်အခဲဖြစ်နေလို့ ကိုယ်ကူညီပေးတာပါ

မြန်မြန်ဖယ်ပါ....မာမီနဲ့ကိုကြီး ရပ်စောင့်နေတယ်

အင်း.....ကောင်းကောင်းအနားယူလိုက်နော် Moon
မနက်ဖြန်မနက်ကျရင် ကိုယ် မင်းအတွက် မနက်စာလာပို့ပေးမယ်နော်..."

Moon က သူ့စကားအား အဖြေပြန်မဖြေသွားပေမယ့် ကလေးအတွက် ကောင်းကောင်းအနားယူမယ်ဆိုတာ သေချာပါတယ်

" သည်နေ့လေးအတွက် ကျေးဇူးတင်ပါတယ် အန်တီခတ္တာ

ရပါတယ်ကွယ် သမီးလေးကို သေချာအိမ်ပြန်ပို့ပေးလို့ မင်းကို ကျေးဇူးတင်ပါတယ် မောင်ရင်

ဒါဆို ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး အန်တီခတ္တာ

ကောင်းပါပြီကွယ် ဂရုစိုက်ပြန်ပါ မောင်ရင်

ဟုတ်ကဲ့ပါ အန်တီခတ္တာ "

Moonက တိမ်လွှာနဲ့အတူ အိမ်ထဲအရင်ဝင်သွားနှင့်ပြီမို့ အန်တီခတ္တာကိုသာ နှုတ်ဆက်ပြီး အိမ်သို့ပြန်လာခဲ့သည်

ချစ်ရသည့်အမျိုးသမီးလေးနှင့် ရင်သွေးငယ်မပါသည့် အိမ်ပြန်လမ်းဟာ ခြောက်ကပ်ဖွယ်အတိပါပဲလား.....
သည်လိုအိမ်ပြန်ချိန်တွေကို မဖြတ်သန်းရဖို့ မင်း သည်ထပ်ပိုကြိုးစားဖို့လိုနေပြီ လရောင်နက်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" မာမီ....

သား ....ညီမလေးကို သေချာ အခန်းထဲပို့ပေးခဲ့တယ်မလား

ဟုတ်....အခု အဝတ်အစားလဲပြီး ခဏလှဲနေတယ် မာမီ
ညနေစာ စားချိန်မှ သား လာခေါ်မယ်လို့ မှာခဲ့တယ်

အင်း.....ကောင်းတယ် ကောင်းတယ် သမီးငယ် အနားယူပါစေဦး
သည်နေ့ ပထမဆုံး ဆေးရုံရက်ချိန်းပြလာတာဆိုတော့ စိတ်လှုပ်ရှားခဲ့တာလည်းပါမယ် မျက်နှာလေးနွမ်းနေသလိုပဲ

ညကျမှ ကလေးအခြေအနေ မေးကြည့်ရမယ်

ဟုတ်တယ် ဟုတ်တယ်....

ဒါနဲ့ မာမီ ညီမလေးကြည့်ရတာ လရောင်နက်နဲ့ စကားများလာလား မသိဘူးနော်

အင်း.....သားပြောသလို ဖြစ်ဖို့များတယ် ဘာလို့ဆို မာမီတို့က သမီးငယ်ကို အသိမပေးထားဘဲ....လရောင်နက်နဲ့ နှစ်ယောက်တည်း ဒေါက်တာနဲ့တွေ့ခိုင်းလိုက်တာလေ

တဖြည်းဖြည်းအဆင်ပြေသွားဖို့မျှော်လင့်ပါတယ်

သားတို့လည်း ဘေးက တတ်နိုင်သလောက် ကူညီပေးကြတာပေါ့ မာမီရာ

အင်း....မာမီတို့ကူညီပေးကြတာပေါ့...
ကဲ မာမီ ညနေစာအတွက် ပြင်ဆင်ဖို့ သင်းသင်းတို့နဲ့ မီးဖိုချောင်ဝင်လိုက်ဦးမယ်

ဟုတ် သားလည်း ဒယ်ဒီစစ်ခိုင်းထားတဲ့ မေးလ်တွေ စစ်ဖို့ရှိသေးတယ်

ဟုတ်ပြီ ဟုတ်ပြီ ညနေစာစားဖို့အဆင်သင့်ဖြစ်ရင် မိအေးကို စာကြည့်ခန်းကိုလာခေါ်ခိုင်းလိုက်မယ် သား

ဟုတ်ကဲ့ မာမီ....."

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" သား ပြန်လာပြီ

ဟာ ဒီနေ့ ဒယ်ဒီပါ အစောကြီးပြန်ရောက်နေတာလား

အဟွန်း ဒီနေ့ သားဒယ်ဒီက သူ့မြေးလေးအကြောင်းသိရမှာမို့ နေ့လည်ထမင်းစားချိန်ကတည်းက ပြန်ရောက်နေတာပါတော်

အဟင်း....ဒယ်ဒီတို့ကတော့ အခုကတည်းက မြေးဦးကို သည်းသည်းလှုပ်နော်

သည်းသည်းမလှုပ်လို့မရဘူးကွ မင်းက သမီးလဝန်းကိုမှမရရင် မိန်းမယူမယ့်ကောင်မဟုတ်ဘူးလေ

အဟွန်း ဒယ်ဒီက သားအကြောင်းသိရဲ့သားနဲ့ ပြောနေသေးတယ်ဗျာ

ကဲ ပြောကွာ ကလေးအခြေအနေ ဘယ်လိုလဲ အခြေအနေကောင်းတယ်မလား

ရှင်ကလည်း သားကအခုမှပြန်ရောက်တာ အနားယူပါစေဦး ပြီးမှမေးလည်းရပါတယ်

ကိုယ့်ကိုသာပြောနေတာ မင်းကရော မြေးလေးအကြောင်းမသိချင်တာကျလို့

အို....ဒါကတော့ရှင်......

ကဲပါ မာမီနဲ့ဒယ်ဒီအဲ့တာနဲ့ရန်ဖြစ်တော့မယ်

ဒါဆိုလည်း မင်းမာမီနဲ့ဒယ်ဒီ ရန်မဖြစ်ခင် မြေးလေးအကြောင်းပြောပြတော့ကွာ

ကလေးရဲ့အခြေအနေက စိုးရိမ်စရာမရှိဘူး အားလုံးအဆင်ပြေတယ်
သားက ကိုယ်ဝန်နဲ့ပက်သက်လို့ ဆောင်ရန်ရှောင်ရန်တွေ မေးလွန်းလို့ Moon ဆီက အဆူခံလာရသေးတယ်

အဟွန်း အဲ့လိုဖြစ်လာမယ်ဆိုတာ ထင်ပြီးသားပါ

သမီးလေးက သားပါလာတော့ စိတ်မဆိုးဘူးလား

မဆိုးဘဲနေမလား မာမီရာ
ဒေါက်တာနဲ့တွေ့ပြီးတော့ အိမ်တန်းပြန်မယ်ချည်းလုပ်နေတာ
အန်တီခတ္တာက Moonက အိမ်မပြန်ခင် ကြေးအိုးဝင်သောက်ဦးမယ်လို့ သားကိုပြောပြထားတော့ YKKOကိုပဲ တန်းမောင်းသွားလိုက်တယ်

သမီးလေး ကြေးအိုးရောစားရဲ့လား သား

စားတယ်မာမီ ပွဲကြီးတစ်ပွဲမှာပေးထားတာလည်း ကုန်တယ် ပီဇာကိုလည်း Moon အကြိုက် ပုဇွန်လေးနဲ့မှာပေးထားတာ

အင်း သမီးလေး ခံတွင်းတွေ့ပုံရတယ်
တော်သေးတာပေါ့ ကိုယ်ဝန်ဆောင်ခါစဆိုရင် အစားအသောက်ပျက်တာမျိုးရှိတယ်လေ ဘာစားစား စားမဝင်ဘူး
အခု သမီးက အစားအသောက်မပျက်တော့ မြေးလေးက လိမ္မာတဲ့ကလေးလေးဖြစ်မယ် အခုတည်းက အမေကို ဒုက္ခမပေးဘူး

အဟင်း သားလေ ဒီနေ့ ကလေးနှလုံးခုန်သံလေးနားထောင်လာခဲ့ရတယ်
အချိုမြိန်ဆုံး တေးသံလေးလိုပဲ အခုထိ သားနားထဲကြားယောင်နေဆဲပဲ
သား ရင်သွေးလေးကို ထွေးပွေ့ထားချင်နေပြီ

အဟွန်း စိတ်ရှည်ရှည်စောင့်ဦး သားငယ်
သမီးလေးက မွေးဖို့လိုသေးတယ်လေကွာ

သား မနက်ဖြန်ကျရင် Moon အကြိုက် မနက်စာလေးပြင်ပြီး သွားပို့ပေးမလို့

မာမီပါ သားနဲ့ကူပြင်ပေးမယ်

ဒယ်ဒီပါ ကူပြင်ပေးမယ်ကွာ "

ဖခင်တစ်ယောက်ဖြစ်လာသည့် ခံစားချက်ဟာ သူ့အတွက် နေ့ရက်တိုင်းကို အားအင်သစ်တွေပေးနေသလို ခံစားရသည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ကလေးနှလုံးခုန်သံကို နားထောင်နေသည့် လရောင်နက်၏ပုံစံဟာ သူမစိတ်ကို အနည်းငယ်တော့ လှုပ်ရှားစေခဲ့သည်

ကလေးကို သူတစ်ကယ်မျှော်လင့်နေခဲ့တာပဲ....မျက်ရည်ဝဲလောက်သည်အထိ ကလေးကိုလိုချင်နေခဲ့သည့် သူ့ပုံစံကြောင့် မွေးလာမည့် ကလေးအတွက် သူမ ဝမ်းသာမိပါသည်

" ဖေဖေက ကလေးကို ချစ်တယ်ဆိုတာ မေမေ ဒီနေ့ တွေ့ခဲ့ရတယ် သိလား ကလေးလေး
အနည်းဆုံးတော့ မေမေက ဖေဖေနဲ့အတူ ကလေးကို နွေးထွေးတဲ့ မိသားစုဘဝလေးမပေးနိုင်ပေမယ့် ဖေဖေနဲ့မေမေဆီက မေတ္တာအပြည့်အဝကိုတော့ ကလေးလေးရမှာမို့ ဘာမှအားမငယ်နဲ့နော် "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Part- 19မျှော်✨🌹
Author Ester Linn 🕊️


You are reading the story above: TeenFic.Net