Part-16✨🌹

Background color
Font
Font size
Line height

အသည်းစွဲအောင်ချစ်မိသူ
Part-16✨🌹

" မငိုပါနဲ့ ညီမလေးရယ် ....ဒီကိစ္စက ငိုစရာမှမဟုတ်ပဲ....ညီမလေးက မကြာခင်မှာ မိခင်တစ်ယောက် ဖြစ်လာတော့မှာလေ

ဒါပေမယ့် သူ့ကို လက်မထပ်ချင်ဘူး ကိုကြီး.....ကလေးရှိလာလို့ဆိုပြီး သူနဲ့လက်ထပ်လိုက်ပြီး မိသားစုဘဝမတည်ဆောက်နိုင်ဘူး
သူ ညီမလေးအပေါ် ဘယ်လိုလုပ်ရပ်ကို ကျူးလွန်ခဲ့လဲဆိုတာ ကိုကြီးသိတယ်လေ

ဟုတ်တယ် ကိုကြီး သိတယ် ဒီပြဿနာတွေ လုပ်ရက်တွေဟာ ကိုကြီးကြောင့် ငါ့ညီမလေးခံစားခဲ့ရတာတွေချည်းပါပဲ
အဲ့အတွက် ညီမလေးကို ကိုကြီးတောင်းပန်ပါတယ်

ဟင့်အင်း ကိုကြီးကြောင့်ဖြစ်လာခဲ့တာမှန်ပေမယ့် သူ အဲ့လောက်အထိတော့ မရက်စက်ခဲ့သင့်ဘူးမလား
သူ့ကြောင့် နာကျင်ခဲ့ရတာတွေကို ပြည်ဖုံးကားချမပေးနိုင်ဘူး ကိုကြီး
ညီမလေး သူ့ကိုမုန်းတယ်

ကဲပါ ဒါတွေကို ကိုကြီးတို့နောက်မှပြောကြရအောင်နော် တို့မောင်နှမနှစ်ယောက် အေးဆေးစကားပြောဖို့အချိန်တွေရှိပါသေးတယ်
အခု ညီမလေး ညနေစာစားရမယ် ညီမလေးကျန်းမာမှ ဗိုက်ထဲက ရင်သွေးလေးအတွက်လည်း ကျန်းမာရေးကောင်းမှာ ကလေးက ကောင်းကောင်းဖွံ့ဖြိုးလာနိုင်မှာ နော် ညီမလေး ကိုကြီးနဲ့အတူ အောက်ထပ်ဆင်းရအောင် မာမီနဲ့ဒယ်ဒီ ညီမလေးကို စောင့်နေတယ်...."

" အင်း......"

ဧည့်ခန်းမှာ ထိုင်စောင့်နေသည့် မာမီနဲ့ဒယ်ဒီလည်း သူနဲ့အတူဆင်းလာသည့် ညီ‌မလေးကိုမြင်မှ နှစ်ယောက်စလုံး ပြုံးရိပ်သန်းသွားကြသည်
ညီမလေး ဘာမှမစားမှာကို စိတ်ပူနေခဲ့ကြတာမလား

^°~     ^°~        ^°~

" ဟဲလို နဒီ

အင်း နေကောင်းရဲ့လား လဝန်း
ငါ သတင်းတွေကြားတယ်

နေကောင်းပါတယ် ဒါပေမယ့် ငါအဆင်မပြေဘူး နဒီရယ်

ငါ နင့်ဆီလာခဲ့မယ်လေ လဝန်း....ငါ့ကို နင်ခံစားနေရတာတွေနဲ့ ပက်သက်ပြီး ရင်ဖွင့်လေ ငါနင့်အနားမှာအမြဲရှိတယ်နော် လဝန်း တစ်ယောက်တည်းမျိုသိပ်မထားနဲ့နော်

အဟင်း .....ကျေးဇူးပါ နဒီ ငါ နင့်ကိုစိတ်မညစ်စေချင်ပါဘူး....နင့်မှာလည်း ဆိုင်ကတစ်ဖက်နဲ့အလုပ်ရှုပ်နေတာလေ
ငါ ဖြေရှင်းနိုင်ပါတယ်....ငါ့ကိုစိတ်မပူနဲ့နော် ငါ မနက်ဖြန် နင့်ဆီလာခဲ့မယ် တို့သူငယ်ချင်းနှစ်ယောက်အတူမဆုံရတာ နည်းနည်းကြာပြီမလား
စိတ်ပြေလက်ပျောက် ငါထွက်လာခဲ့မယ်

အင်းအင်း ဒါဆို အရင်ဆုံး အိမ်ကိုလာခဲ့ လဝန်း ပြီးမှ ငါတို့ အပြင်ထွက်လည်တာပေါ့

အိုကေ ကျန်းမာရေး ဂရုစိုက်နော် နဒီ နောက်ပြီး ဒီရက်ပိုင်းတွေမှာ ငါ နင့်ကိုမဆက်သွယ်ပဲ ပစ်ထားမိသလိုဖြစ်နေခဲ့လို့ တောင်းပန်ပါတယ်နော်

ရပါတယ် ငါနားလည်ပြီးသားပါ လဝန်းရဲ့
တောင်းပန်ဖို့မလိုဘူးနော်

နင်သာ ကိုယ့်ကိုယ်ကို သေချာဂရုစိုက်ရမယ်နော် အခုဆို ငါ့ရဲ့ အနာဂတ်သတို့သားလောင်းလေးကို ကိုယ်ဝန်ဆောင်ထားရတယ်မလား

အရူးမ နဒီစုတ် နင်က ငါ့ကို ဂရုစိုက်ဖို့ပြောတာ အကြံနဲ့ပေါ့လေ

အဟွန်း မဟုတ်ပါဘူး ယောက္ခမကြီးရဲ့

နဒီစုတ်.....

ဟားဟား....ဘယ်လိုလဲ လဝန်း အခုနည်းနည်းတော့ စိတ်ပျော်သွားတယ်မလား

အင်း ကျေးဇူးပါ နဒီ

မလိုပါဘူးနော်.....ကဲကဲ ငါ့သူငယ်ချင်းလေး အနားယူလိုက်ဦးနော် မနက်ဖြန်ကျမှ တွေ့မယ် လာတဲ့အခါကိုလည်း ဂရုစိုက်ဦးနော် ဒါမှမဟုတ် ငါလာခေါ်မယ်လေ လဝန်း

အမလေး စေတနာကိုကျေးဇူးတင်ပါတယ်ရှင် ငါ့ဘာသာပဲလာခဲ့ပါ့မယ်

အင်းပါ အင်းပါ ဒါဆို ငါ ဖုန်းချလိုက်တော့မယ်နော် လဝန်း Good night ပါ သူငယ်ချင်းလေး

အင်း Good night ပါ နဒီ💙 "

နဒီက သူမအတွက် တစ်ကယ်ကိုကောင်းတဲ့ သူငယ်ချင်းလေးပါ.....အမြဲ သူမအတွက်ရှိနေပေးတဲ့ သူငယ်ချင်းလေးမို့ ညီအစ်မလို တိုင်ပင်ရင်ဖွင့်လို့ရသည်

''''''''''' '''''''' ''''''' ''''''' ''''''' ''''''' ''''''' ''''''

" Moonက အခုဆို ကိုယ်ဝန်ဆောင်ထားရတာမို့ သူ့အပေါ် အရင်ကထပ် ပိုသူစိမ်းဆန်လာတော့မှာ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်ဆိုရင် ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်အပြောင်းအလဲဖြစ်တတ်သည်လေ

အလုပ်စားပွဲမှာ ရှိနေပေမယ့် ရှေ့မှာရှိနေသည့် လက်ပ်တော့ကို အာရုံမစိုက်မိပေ
သူကအခု Moonအနားကို ကပ်လို့မှမရပဲ.....
သူတွေးနေတာက Moonကို ဘယ်လိုဂရုစိုက်ပေးရမလဲ...သူ့ကြောင့် Moonစိတ်ညစ်သွားမှာကိုလည်း စိုးရိမ်သည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" လာ လဝန်း....ငါ နင့်အတွက် သစ်သီးဖျော်ရည်လေး ဖျော်ထားတယ် "

လဝန်း ဆိုဖာမှာ ဝင်ထိုင်လိုက်ပြီး နဒီကမ်းပေးလာသည့် ဖျော်ရည်ခွက်ကို လှမ်းယူလိုက်သည်
တစ်ငုံသောက်ကြည့်လိုက်တော့ အရသာက တစ်ကယ်ကိုကောင်းသည်  အရသာကသိပ်မချိုဘဲ စိမ့်စိမ့်လေးပင်

" အင်း...ကောင်းတယ် နဒီ ထောပတ်သီးဖျော်ရည်က သိပ်မချိုတော့ ငါ့အကြိုက်ပဲ

ငါ့သူငယ်ချင်းက အချိုမကြိုက်ဘူးဆိုတာ ငါသိတယ်လေ ဒါ့ကြောင့် နင်ကြိုက်မယ့်အရသာလေးဖြစ်အောင် ငါဖျော်ထားတာ

အင်း တစ်ကယ်သောက်လို့ကောင်းတယ် ဒီမှာကြည့် ကုန်သွားပြီ

ထပ်သောက်ဦးမလား လဝန်း ငါထပ်ယူပေးမယ်လေ

အင်း နောက်တစ်ခွက်သောက်ဦးမယ်နော်

အမလေး သောက်ပါရှင် အစ်မအတွက်ပဲ ကျွန်မဖျော်ထားတာ

ဒါနဲ့ ဒီနေ့ ခွင့်ယူထားတာလား နဒီ

အင်းလေ ငါ့သူငယ်ချင်းလေးကို အချိန်ပေးဖို့လေ

ငါ့သူငယ်ချင်းလေးက ချစ်ဖို့သိပ်ကောင်းတာ

မမြှောက်နဲ့ ယောက္ခမကြီး

ဟားဟား နဒီ နင် ငါ့ကလေးကို တစ်ကယ်ကြီး သတို့သားလောင်းအဖြစ်မှန်းနေတာလား

အခုထိမစွံသေးတော့ အချစ်ဆုံးသူငယ်ချင်း‌မွေးလာမယ့် ကလေးကို မှန်းရတာပေါ့ဟယ်

ဟားဟား...."

မတွေ့တာလည်းကြာပြီမို့ သူငယ်ချင်းနှစ်ယောက် ဟိုဟိုဒီဒီပြောရင်း ပျော်ရွှင်စွာ အတူအချိန်ဖြုန်းဖြစ်ခဲ့ကြသည်

•••••• •••••• ••••• •••••• •••••• •••••• •••••• ••••• •••••

" ဪ မောင်ရင်ပါလား သမီးလေးက အိမ်မှာမရှိဘူးကွဲ့ သူ့သူငယ်ချင်းဆီသွားမယ်ပြောခဲ့ပြီး မနက်ကပဲ ထွက်သွားတယ်

ဗျာ ....တစ်ယောက်တည်းသွားတာလား အန်တီခတ္တာ

အင်း ဟုတ်တယ်ကွဲ့ စိတ်မပူပါနဲ့ သမီးက သူ့ကိုယ်သူဂရုစိုက်ပြီးသားပါ

ကျွန်တော်သိပါတယ် အန်တီခတ္တာ
ဒါက Moon အတွက်ပါ  Moonက အခု ကိုယ်ဝန်ဆောင်ထားရတာဆိုတော့ သူခံတွင်းမတွေ့တာမျိုးလေးတွေ ရှိမှာပဲ
အဲ့အချိန်ကျရင် Moon စားနိုင်အောင် Moon စားတတ်တာလေးတွေ ကျွန်တော်ဝယ်လာခဲ့တာပါ အန်တီခတ္တာ "

ဒေါ်ခတ္တာ လရောင်နက်ဝယ်လာသည့် အစားအစာတွေကို ကြည့်လိုက်တော့ သမီးဖြစ်သူ စားချင်တယ်ပြောထားသည့်အရာလေးတွေပင်
အခုတလောသစ်သီးတွေကို  သမီးလေးက ထမင်းစားချိန်ကလွဲရင် ကျန်သည့်အချိန်တွေမှာ စားဖြစ်နေတာကြောင့် အမြဲလိုလို ဝယ်ထားရသည်

ဒီ‌ကောင်လေးက  သူမရဲ့သမီးလေးအကြိုက်တွေကို မှတ်သားထားသည့်ပုံပင်

" မင်းဝယ်လာတာတွေက သမီးလေးစားချင်တာတွေချည်းပဲ
အန်တီ သမီးပြန်လာရင်‌ ပေးလိုက်ပါ့မယ်

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်တီ...."

နက် သူဝယ်လာခဲ့သည့်အစားအစာတွေက Moon စားချင်တာလေးတွေနဲ့ ကိုက်ညီနေသည်မို့ ရင်ထဲပျော်မိသွားတာအမှန်ပင်

ယောက္ခမဖြစ်သူနဲ့ စကားအနည်းငယ်ပြောနေတုန်း လှေကားမှ တိမ်လွှာရောင် ဆင်းလာသည်ကို တွေ့လိုက်ရသည်

" ဪ မင်းရောက်နေတာပဲ

သားကြီး...."

မာမီက စကားများမှာစိုး၍ထင်သည်
သူ့အား သတိပေးသလို လှမ်းခေါ်လာသည်

" သား သူနဲ့အေးဆေးစကားပြောမလို့ပါ မာမီ

လရောင်နက် မင်း ခြံထဲလိုက်လာခဲ့

ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး အန်တီခတ္တာ

အေးအေး မောင်ရင်....."

တိမ်လွှာရောင် ရှိနေသည့် ထိုင်ခုံဆီသို့ သူလျောက်လာခဲ့လိုက်သည်

" မင်း ငါနဲ့စကားပြောမယ်ဆိုတာက

အေး အဲ့မှာထိုင်..

ငါ့ညီမက ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ခဲ့သမျှအရာတွေမှာ မင်းကို ငါ့ညီမက ခွင့်မလွှတ်နိုင်ဘူး
သူ့ဘာသာ ကလေးနဲ့ရပ်တည်နိုင်တယ်လို့ ငါ့ကိုပြောတယ် မင်းနဲ့လက်ထပ်ဖို့ကိစ္စကို လူကြီးတွေက ပြောလာမယ့်အချိန်ကျရင် ငါ့ကိုတားပေးဖို့ ပြောထားတယ်

မရဘူးနော် ငါလက်မခံဘူး တိမ်လွှာရောင် ငါ မှားခဲ့တာ ငါသိပါတယ် ဒါပေမယ့် ငါ မင်းညီမကိုတော့ တစ်ကယ်ချစ်ခဲ့တာပါကွာ ချစ်လွန်းလို့လည်း မရရတဲ့နည်းနဲ့ ပိုင်ဆိုင်ခွင့်ရဖို့ ငါကြိုးစားခဲ့တာပါ
ငါ မင်းကိုတောင်းပန်ပါတယ် တိမ်လွှာ ငါ့ကိုမင်းမကျေနပ်ရင် ထိုးကွာ ကြိုက်သလောက်ထိုး ငါလက်ခံတယ် ဒါပေမယ့် ငါ Moon ကို လက်ထပ်ခွင့်ရဖို့ ကြိုးစားမှာကိုတော့ မတားပါနဲ့ကွာ ငါတောင်းပန်ပါတယ်

ဒါဆို မင်းအခုဘာဆက်လုပ်မှာလဲ
ငါ့ညီမက ခါးခါးသီးသီးကိုဖြစ်နေတာနော်

ကလေးမွေးပြီးတာတောင် မင်း ငါ့ညီမကိုလက်ထပ်နိုင်သေးမယ် မထင်ဘူး ငါ့ညီမက သူစိတ်နာသွားပြီဆိုရင် အဲ့လူဘာဖြစ်ဖြစ် လှည့်မကြည့်တတ်ဘူး

လှည့်မကြည့်ရင် ငုံ့ကြည့်အောင် ကြိုးစားရမှာပေါ့ကွာ

ဟားဟား...."
လရောင်နက်စကားကြောင့် သူရယ်မိသည်
ဒီကောင်လည်း သူရယ်လိုက်တာကြောင့် မျက်မှောင်ကြုံ့ပြီး ပြန်ကြည့်လာသည်

" ဘာလဲ ဘာလို့ငါ့လာကြည့်နေတာလဲ ငါက လဝန်းညိုမဟုတ်ဘူး

ငါပြောတာဘာမှားလို့ မင်းကထရယ်နေတာလဲ

ဟားဟား မင်းစကားက နည်းနည်း ငါ့အတွက်ရယ်ရလို့ပါ

နေပါဦး မင်း ငါ့ကိုခါတိုင်းဆို စကားအကောင်းမပြောပါဘူး

အခုရော ငါက မင်းကိုစကားကောင်းပြောနေလို့လား

ငါပြောချင်တာက မင်းအခုလို ဒေါသမပါဘဲ ပြောလေ့မရှိဘူးလို့ပြောချင်တာ

ထူးဆန်းနေတယ်ပေါ့လေ

ထူးဆန်းတာထပ် မင်းလွတ်များသွားပြီလားစိုးရိမ်နေတာ

လရောင်နက် ငါ့ညီမနဲ့လက်မထပ်ရသေးခင် မင်းအရင်သေသွားချင်လို့ လာစနေတာလား ဟမ်

မဟုတ်ပါဘူး နည်းနည်း မင်းပုံစံက ပုံမှန်မဟုတ်လို့ပါ

ငါ့ပုံစံက ပုံမှန်ပဲ လေကြောရှည်မနေနဲ့

အဟွန်း အေးပါကွာ
ဒါဆို ငါ့ကို မင်း အရင်လို မကျေနပ်တာမရှိတော့ဘူးမလား တိမ်လွှာ

အဟမ်း.....
အရင်က ဖြစ်ခဲ့တာတွေမှာ ငါမှားခဲ့တာတွေရှိပါတယ်
အဲ့အတွက်လည်း ငါမင်းကိုတောင်းပန်တယ်

မလိုပါဘူးကွာ ကံအကြောင်းတရားက သတ်မှတ်ထားပြီးသား ငါတို့ပြောင်းလဲလို့မှမရပဲ ငါကသာ မင်းကိုတောင်းပန်ရမှာပါ ငါတို့ကိစ္စထဲ မင်းညီမလေးကို ဆွဲခေါ်ခဲ့တာမလား
ငါအဲ့လိုမလုပ်ခဲ့သင့်ဘူး
ဒါဆို အခုချိန် သည်လိုဖြစ်နေမှာမဟုတ်ဘဲ ငါနဲ့Moon ပျော်ရွှင်တဲ့ မိသားစုဘဝလေးတည်ဆောက်လို့ရနေမှာ

ငါ့ညီမလေးကို မင်းတစ်ကယ်ချစ်တာ သေချာရဲ့လား လရောင်နက်

ငါ့အသက်နဲ့ထပ်တူချစ်တာပါကွာ
မာမီပြီးရင် ငါတန်ဖိုးအထားရဆုံးအမျိုးသမီးလေးပါ

မင်း ငါ့ညီမလေးကို ငါတို့ထပ်ပိုပြီး စိတ်ချမ်းသာမှုပေးနိုင်လား

ငါ့ကြောင့် သူမျက်ရည်ကျရမယ့်ကိစ္စဆိုတာ ရှိမလာစေရပါဘူး ဝမ်းသာမျက်ရည်ပဲရှိစေရမယ်
ငါ Moon ကို စိတ်ချမ်းသာအောင် အမြဲထားမှာပါ

ငါ့ညီမလေးကို လက်ထပ်ပြီးရင် စည်းစိမ်ဥစ္စာအပြည့်အစုံနဲ့ ထားနိုင်လား

ငါ အိမ်ထောင်ဦးစီးအဖြစ်တာဝန်ယူနိုင်တဲ့အရည်အချင်းနဲ့ ပိုင်ဆိုင်မှုအလုံအလောက်ရှိပြီးသားပါ

ငါ့ညီမလေးအတွက် ခင်ပွန်းကောင်းအဖြစ် မင်းတာဝန်ယူနိုင်လား

ငါ တာဝန်ယူနိုင်တယ် တိမ်လွှာ

ကောင်းပြီ အခုငါမေးခဲ့တာတွေကို မင်းမမေ့ပါနဲ့ လရောင်နက် ငါ့ညီမလေးနဲ့မင်းကို လက်ထပ်ဖို့ ငါသဘောတူပါတယ်
ငါမေးခဲ့တာတွေကို မင်းချိုးဖောက်ခဲ့ရင် အဲ့နေ့က မင်းသေရမယ့်နေ့ပဲ လရောင်နက်

ကျေးဇူးတင်ပါတယ် တိမ်လွှာ

သူ့နှလုံးသားထဲမှာ မင်းရှိနေတုန်းပဲ လရောင်နက်
ဒါပေမယ့် မင်း ငါ့ညီမကို အရင်လိုပုံစံပြန်ရဖို့တော့ ခက်ခဲလိမ့်မယ်
သူ မင်းကို တအားစိတ်နာနေတာ.......

ငါ့လုပ်ရပ်က မှားမှန်း သိပေမယ့် ငါ Moon ကို ဆုံးရှုံးရမှာစိုးတဲ့စိတ်နဲ့ အနိုင်ယူခဲ့မိတာပါ

ဒါပေမယ့် မင်းကိုလက်ထပ်ဖို့ကို လုံးဝငြင်းနေတာ

ငါ လက်မလျှော့ဘူး တိမ်လွှာ

ကြိုးစားပေါ့ ဒါပေမယ့် ငါ့ညီမလက်မခံတဲ့အရာကို အတင်းဖိအားမပေးပါနဲ့ ဒီအချိန်မှာ သူစိတ်ချမ်းသာနေဖို့ အဓိကလိုအပ်တယ်

ငါ နားလည်ပါတယ်ကွာ....."

''''''''''' '''''''' ''''''' ''''''' ''''''' ''''''' ''''''' ''''''

Part- 17  မျှော်✨🌹
Author Ester Linn 🕊️


You are reading the story above: TeenFic.Net