96 - Extra : Bloody Fairy Tale (End)
Unicode
အခန်း - (၉၆) : သွေးစွန်းဒဏ္ဍာရီ (ဇာတ်သိမ်း)
System က ချန်ကျစ်ချူးကို အာကာသပျက်ယွင်းမှုလမ်းကြောင်းမှတဆင့် နေရာကူးပြောင်းပေး၏။ ချန်ကျစ်ချူးတစ်ယောက် မူးနောက်နောက်ဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ၏ရှေ့တွင်ရှိနေသော ခပ်ချောချောမျက်နှာလေးကို ဝိုးတဝါး မြင်လိုက်ရသည်။
အမြွှာစစ်သည်တော်...
သူ၏ဦးနှောက်က အလုပ်လုပ်တာ နှေးကွေးနေသဖြင့် တစ်ဖက်လူကို မှတ်မိရန် စက္ကန့်အနည်းငယ်ခန့် အချိန်ယူလိုက်ရသည်။ ထိုသူ၏နောက်တွင် နောက်ထပ်အမြွှာစစ်သည်လည်း ရှိနေသည်။
မျက်ဝန်းထောင့်မှတဆင့် အခန်း၏အပြင်အဆင်ကို အကဲခတ်ကြည့်၏။ တစ်ခါမှမမြင်ဖူးသည့် နေရာတစ်ခုဖြစ်ပြီး နောက်ထပ် ထူးထူးဆန်းဆန်းနေရာသို့ ရောက်နေပြန်သည်။
ချန်ကျစ်ချူးသည် ဘယ်နေရာရောက်နေမှန်း မသိသော်ငြား သူ၏အရှေ့တွင် စစ်သည်တော်နှစ်ဦးလုံး ရှိနေသဖြင့် အချိန်မဆွဲချင်တော့ပေ။ ထိုနှစ်ယောက်ကို နမ်းရန်ပြင်သည်။ ခေါင်းထဲမူးဝေနေတာကို အံကြိတ်သည်းခံလျက် အရှေ့ကလူကို လှမ်းဆွဲလိုက်သော်လည်း သူ၏လက်က တစ်ဖက်လူ၏ သံချပ်ကာအင်္ကျီကို မထိနိုင်ခင်မှာပင် လက်ပြုတ်ကျပြီး မျက်လုံးပိတ်ကာ ထပ်မံသတိလစ်သွားသည်။
မှော်မှန်ဝိညာဉ်လေးက စက္ကန့်ပိုင်းမျှသာ သတိပြန်လည်လာသည်။ ထိုအခြင်းအရာကိုမြင်တော့ 'အန်း'က လက်ကိုကိုင်ပြီး မှန်ဝိညာဉ်၏ မျက်နှာလေးကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ သို့သော် မျက်လုံးထပ်မပွင့်တော့ချေ။
ဘေးမှာရပ်နေသည့် 'ခိုင်း'က မသိမသာ မျက်မှောင်ကြုတ်ပြီး.. : "ဒီအကြောင်း သခင်ခရစ်စ်ဆီ သတင်းပို့သင့်တယ်.."
"...... အင်း.." အတော်ကြာအသံတိတ်နေပြီးနောက် 'အန်း'က ခေါင်းညိတ်ပြသည်။
"သခင်ခရစ်စ်ကို သွားရှာလိုက်ဦးမယ်.."
'ခိုင်း'က မျက်နှာသေဖြင့် ခံစားချက်မဲ့နေဆဲ။ သို့သော် သူ့အစ်ကိုကိုကြည့်နေသည့် သူ၏အကြည့်ထဲတွင် မေးခွန်းအရိပ်အယောင်တချို့ ထင်ဟပ်နေသည်။ သူက တစ်ခဏတုံ့ဆိုင်းနေပြီးနောက် မေးသည်။ : "သူ့ကို ဘာလို့နမ်းလိုက်တာလဲ..?"
သူလည်း 'အိပ်ပျော်နေသည့် အလှလေး'ပုံပြင်အကြောင်း ကြားဖူးပါသည်။ သို့သော် 'အန်း'၏အနမ်းက မှော်မှန်ဝိညာဉ်ကို ပြန်နိုးစေလိမ့်မည်ဟု မထင်ထားခဲ့။ မှန်ဝိညာဉ်သတိလစ်နေသည့် အကြောင်းအရင်းက မှော်မှန်ပျက်စီးသွား၍ အားနည်းနေတာဖြစ်ပြီး ကျိန်စာနှင့် ဘာမှမသက်ဆိုင်ပေ။ ထို့ကြောင့် အနမ်းတစ်ခုက ပုံမှန်အားဖြင့် အစွမ်းသက်ရောက်မည်မဟုတ်ပေ။
'အန်း'က အသံတိတ်နေပြီး 'ခိုင်း'၏မေးခွန်းကို ပြန်မဖြေ။ 'ခိုင်း'က ခံစားချက်မဲ့သော မျက်နှာသေဖြင့်။ 'အန်း' ပြန်မဖြေတာကိုမြင်တော့ ဘာမှမပြောဘဲ ခရစ်စ်ထံ သတင်းပို့ရန် ထွက်သွားသည်။
"... မသိဘူး.."
တကယ်တော့ 'အန်း'ကိုယ်တိုင်ပင် သူဘာကြောင့်နမ်းလိုက်မိမှန်း မသိပါချေ။
***
ခရစ်စ်သည် မှော်အစီအရင်များဖြင့် စီမံထားသည့် အခန်းထဲသို့ ဝင်သွား၏။ ကြယ်စင်အစုအဝေးများဖြင့် ပုံဖော်ဖန်တီးထားသော မှော်ဝတ်ရုံက သူ၏အနောက်တွင် မျောလွင့်နေသည်။ သူက မှန်ဝိညာဉ်၏ အခြေအနေကို မှော်အစွမ်းသုံး၍ စစ်ဆေးကြည့်လိုက်သည်။
'အန်း'နှင့် 'ခိုင်း'က ဘေးတစ်နေရာတွင် အသံတိတ် ရပ်စောင့်နေသည်။ ခရစ်စ်က မှော်အစွမ်းကို ပြန်ရုတ်သိမ်းကာ သူ၏လက်ထဲမှ မှော်တုတ်တံကို အသာမြှောက်သည်။ ရှေးဟောင်းကြယ်တစ်လုံးသည် လေထဲတွင် လွင့်မျောနေပြီး အလွန်လှပသည့် အလင်းစက်ဝန်းများ ဖြာထွက်လာသည်။
သူအသုံးပြုလိုက်သည့် မှော်အစွမ်းက ဂမ္ဘီရမှော်ပညာဖြစ်၏။ ကနဦးစစ်ဆေးချက်အရ မှန်ဝိညာဉ် သတိလစ်နေခြင်းသည် မှော်မှန်ပျက်စီးသွားရုံသပ်သပ်ကြောင့် မဟုတ်ဘဲ တခြားအကြောင်းအရင်းတစ်ခု ရှိနေသေးမှန်း ခပ်ရေးရေးလေး ခန့်မှန်းမိလိုက်သည်။
ဂမ္ဘီရမှော်ပညာက သိပ်မကြာခင် အဖြေပေးလာသည်။ ကြယ်များ၏ ရွေ့လျားနေပုံကိုကြည့်ရင်း ခရစ်စ်၏ ခံစားချက်မဲ့သော မျက်ဝန်းအိမ်ထဲတွင် ပြောင်းလဲမှုတချို့ ဖြစ်တည်လာ၏။ မှော်တုတ်တံကို ဆုပ်ကိုင်ထားသည့်လက်က တင်းကျပ်သွားပြီး...
"... သူ့မှာ တခြားခန္ဓာကိုယ်တစ်ခု ရှိနေတယ်.."
"လူသားခန္ဓာကိုယ်ပဲ.."
ခရစ်စ်က အမြွှာစစ်သည်တော်နှစ်ဦးကို လှည့်ကြည့်ပြီး တစ်လုံးချင်း ဆက်ပြောလာသည်။
"ပင်လယ်နက်နက်ထဲမှာ ရှိနေတယ်.."
***
ချန်ကျစ်ချူးတစ်ယောက် ရေသူထီးညီအစ်ကိုထံ ပြန်သွားရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ ပြန်နိုးလာချိန်တွင် သူ၏ခြေလက်များကို အထူးဖန်တီးပြုလုပ်ထားသည့် မှော်သံကြိုးဖြင့် ချည်နှောင်ထားပြီး ရေသူထီးအငယ်လေးကိုလည်း ဘေးတစ်နေရာရှိ လှောင်ချိုင့်ထဲတွင် ချုပ်နှောင်ထားကြောင်း သတိပြုမိလိုက်သည်။
သတ်မှတ်ချိန်မပြည့်သေး၍ တယ်လီပို့အစွမ်းကို သုံးမရသေးပေ။ ဘေးဘက်ရှိ လူငယ်လေး၏ အခြေအနေကို သတိထားမိချိန်ဝယ် ချန်ကျစ်ချူးမှာ ထိတ်လန့်တုန်ယင်စွာဖြင့် သက်ပြင်းရှိုက်မိသည်အထိ။
လှောင်ချိုင့်၏ အောက်ခြေတွင် အသားကြိတ်စက်ကဲ့သို့ စက်ယန္တရားကြီးရှိနေပြီး လူငယ်လေး၏ ရေဘဝဲလက်များကို အဆက်မပြတ် ကြိတ်ခြေနေသည်။ ဆူးသွားထက်ထက်များတွင် အသားစများ၊ သွေးစများ ပေကျံလျက်... ရေဘဝဲလက်များက ကြွေမွသွားလိုက်၊ ပြန်ကောင်းလာလိုက်ဖြင့် သံသရာလည်နေသည်။ လှောင်ချိုင့်ထဲမှ ပြည့်လျှံလာသော သွေးများဟာ အပြင်ဘက်သို့ စီးကျနေပြီး အခန်းထဲတွင် သွေးညှီနံ့ပြင်းပြင်း ပျံ့လွင့်နေတော့သည်။
အသည်းခိုက်မတတ် နာကျင်လွန်းသဖြင့် လူငယ်လေးက အော်ဟစ်ငိုကြွေးနေလေသည်။ ချန်ကျစ်ချူးမှာ ထိုမြင်ကွင်းကို မကြည့်ရက်တော့ပေ။ သံကြိုးကိုဆွဲပြီး လှောင်ချိုင့်အနား တိုးသွားသည်။ သို့သော် သံကြိုး၏အရှည်က အကန့်အသတ်ရှိ၍ စင်တီမီတာအနည်းငယ်ခန့်သာ အရှေ့တိုးသွားနိုင်သည်။
"ကျစ်ချူး... ကျစ်ချူး..." လူငယ်လေး၏ မျက်နှာနှင့် အလွန်လှပသော ရွှေရောင်ဆံပင်တွင် သွေးများဖြင့် ရွှဲစိုလျက်၊ မျက်ရည်စက်များဖြင့် ရောယှက်သွားပြီး.. : "နာတယ်.."
"ဘာလို့ ဒီလှောင်ချိုင့်ထဲမှာ အဖမ်းခံထားရတာလဲ..?!"
သနားစရာကောင်းသော လူငယ်လေးကိုကြည့်ရင်း ချန်ကျစ်ချူးမှာ များများစားစား မတွေးနိုင်တော့ပေ။ လက်လှမ်းမမီသဖြင့် စက်ပိတ်ပေးရန် ဝက်ဝံရုပ်လေးကိုသာ ခေါ်ထုတ်ရတော့သည်။
"ဟောဟဲ.. ဟောဟဲ.."
စက်ရပ်သွားပြီးနောက် လူငယ်လေးသည် မောဟိုက်နေပြီး ခေါင်းမထူနိုင်တော့ပေ။ တောင့်တင်းနေသည့် ကျောပြင်က ပြေလျော့သွားပြီး ရေဘဝဲလက်များမှ နာကျင်မှုကြောင့် ခန္ဓာကိုယ်လေး ကွေးညွတ်နေသည်။ တစ်စစီဖြစ်နေသည့် အသွေးအသားများက ဖြည်းဖြည်းချင်း ပြန်ကောင်းလာသော်ငြား နီညိုရောင်သွေးရည်များက အဆက်မပြတ် ကျဆင်းနေဆဲ...
"ငါ့အစ်ကိုက ငါ့ကို အပြစ်ပေးတာပါ.. ဘာလို့လဲဆိုတော့ မင်းကို ထိတွေ့ခဲ့လို့.. မင်းအပေါ် မထားအပ်တဲ့အတွေးတွေ ထားခဲ့မိလို့..."
လူငယ်လေး၏ ဖြူစင်ရှင်းသန့်သော မျက်ဝန်းအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်နေ၏။ သူက ချန်ကျစ်ချူးကို ဝမ်းနည်းတကြီး ငေးကြည့်ကာ.. : "တောင်းပန်ပါတယ်.. ငါ့ကြောင့် မင်းပါ အချုပ်ခံထားရတယ်.. ဒါပေမဲ့ ငါ....."
"ဒါပေမဲ့ မင်း.. နောင်တမရဘူးမလား..?"
တံခါးအပြင်ဘက်မှ အေးစက်စက်ယောက်ျားသံတစ်ခု ထွက်ပေါ်လာသည်။ ချန်ကျစ်ချူးရော လူငယ်လေးပါ ထိတ်လန့်သွားပြီး လှမ်းကြည့်လိုက်သောအခါ အေးစက်စက်မျက်နှာထားဖြင့် အခန်းထဲဝင်လာသော ငွေရောင်ဆံနွယ်ရှင်လူရွယ်ကို မြင်လိုက်ရသည်။ သူက လူငယ်လေး၏ ဒဏ်ရာဒဏ်ချက်များကို ဂရုမစိုက်ဘဲ အေးတိအေးစက် မေးသည်။
"ငါ မင်းကို ထပ်မေးမယ်.. မင်းဘာမှားလဲသိပြီလား..? ကျစ်ချူးကို လက်လျော့ပါမယ်လို့ ကျိန်ဆိုမှာလား..?"
"တောင်းပန်ပါတယ် ကိုကြီး.. ဒါပေမဲ့ ကျွန်တော် နောင်တမရဘူး.."
လူငယ်လေး၏အသံက အက်ကွဲပြီး တိုးသဲ့နေသော်ငြား ခိုင်မာလွန်းလှသည်။
"တောင်းပန်ပါတယ်.. ကျွန်တော် ကျစ်ချူးကို ချစ်မိသွားပြီ.. လက်မလျော့နိုင်ဘူး.."
"အဲ့လိုလား..?" လူရွယ်၏ နှုတ်ခမ်းထောင့်က အေးတိအေးစက် ကော့တက်သွားပြီး.. : "အဲတာဆိုလည်း ဆက်ပြီးအပြစ်ဒဏ်ခံနေ.. ကျိန်ဆိုချင်လာတဲ့အထိ အပြစ်ဒဏ်ခံရမယ်.."
ထိုသို့ပြောပြီးနောက် သူ၏အကြည့်က စက်ယန္တရားထံ ရောက်သွားသည်။ ပြီးနောက် မျက်ခုံးပင့်ကာ မျက်နှာဖြူဖျော့နေသည့် ချန်ကျစ်ချူးကို လှည့်ကြည့်လာပြီး နူးနူးညံ့ညံ့လေး မေးသည်။ : "ကျစ်ချူး.. မင်း သူ့ကို ကူညီခဲ့တာလား..?"
ချန်ကျစ်ချူးအရှေ့တွင် လူရွယ်၏အပြုအမူက အစောပိုင်းကအခြေအနေနှင့် လုံးဝကွာခြားနေ၏။ သို့သော် အနှီနူးညံ့ကြင်နာမှုက ချန်ကျစ်ချူးကို ပိုပြီးထိတ်လန့်လာစေသဖြင့် မထိန်းနိုင်အောင် နောက်ဆုတ်မိရင်း ဝန်ခံလိုက်သည်။ : "... ဟုတ်တယ်.."
ကြမ်းပြင်ပေါ်ရှိ သွေးကွက်များနှင့် ရေဘဝလဲလက်ပြတ်များပေါ် အကြည့်ရောက်သွားချိန်တွင် ချန်ကျစ်ချူး ရင်တုန်သွားသည်။ လူငယ်လေးအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်မိ၍ အသံမာမာဖြင့် အော်ပြောလိုက်သည်။ : "ခင်ဗျား ဒီလိုလုပ်လို့မရဘူးလေ.. သူက ခင်ဗျားရဲ့ညီလေး.. ဘယ်လိုလုပ် ဒီလောက်အထိ နှိပ်စက်နိုင်ရတာလဲ..?"
"သူ့ကိုရော ဘာလို့ကိုယ့်အပေါ် ဒီလိုကိစ္စမျိုး လုပ်ရက်တာလဲဆိုတာ ဘာလို့မမေးတာလဲ..?"
ငွေရောင်ဆံနွယ်ရှင်လူရွယ်၏ မျက်နှာပေါ်မှ အပြုံးရိပ်လည်း လွင့်ပြယ်သွားချေပြီ။ သူ၏မျက်ဝန်းများက ရေခဲတမျှ အေးစက်နေပြီး..
"မင်းနဲ့လက်ထပ်ရမယ့်လူက ကိုယ်ပါ.. သူက အစ်ကိုဖြစ်သူရဲ့ လက်တွဲဖော်ကို ပစ်မှားပြီး ကိုယ့်အပေါ် သစ္စာဖောက်ချင်နေတာ.. မင်းပြောကြည့်.. ကိုယ် အပြစ်မပေးသင့်ဘူးလား..?"
"ဒါပေမဲ့ ဒီလောက်အထိ..."
"သူ မသေပါဘူး.. နာကျင်ခံစားရရုံပဲ.. " လူရွယ်က ဆိုသည်။ : "ပြီးတော့ ကိုယ် သူ့ကို နှိပ်စက်နေတာတောင် သူက လက်လျော့ဖို့ စိတ်ကူးမရှိသေးဘူး.. အဲ့စကားတစ်ခွန်းကို ပြောလိုက်တာနဲ့ ကိုယ် သူ့ကို လွှတ်ပေးမှာ.."
"ကျွန်တော် တောင်းပန်ပါတယ်...."
သူ့အစ်ကို၏အကြည့်ကို ရင်ဆိုင်လိုက်ရချိန်တွင် လူငယ်လေးသည် အပြစ်ရှိစိတ်ဖြင့် ခေါင်းငုံ့သွားရှာသည်။ သို့သော် တောင်းပန်ရလျှင်ပင် ချန်ကျစ်ချူးကို လက်မလျော့နိုင်၊ နောင်တရစိတ်လည်း မရှိပေ။
"ကျစ်ချူးက မင်းအတွက် စိတ်မကောင်းဖြစ်နေမှတော့ စက်ပိတ်ပေးပါ့မယ်.."
လူရွယ်၏ နှုတ်ခမ်းထောင့်က ကော့တက်သွားပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်နေသော ချန်ကျစ်ချူးအနား တိုးကပ်သွားသည်။ တစ်ချက်လှုပ်လိုက်ရုံဖြင့် ချန်ကျစ်ချူး၏လက်ကို ဆောင့်ဆွဲပြီး အိပ်ရာပေါ် ပစ်တင်ပြီးသားပင်။
ပြီးနောက် ချန်ကျစ်ချူးအပေါ် အုပ်မိုးလိုက်သည်။ သူ၏ ငွေရောင်မျက်ဝန်းများက အနှစ်သက်ဆုံးသော သားကောင်လေးကို မြင်နေရသကဲ့သို့ တောက်ပလျက်။ ခေါင်းငုံ့ကာ ချန်ကျစ်ချူး၏နဖူးထက်သို့ အနမ်းဖွဖွခြွေလိုက်သည်။ ပြီးနောက် နားရွက်နားကပ်ကာ နှစ်ကိုယ်ကြားစကားဆိုသည်။
"မင်းတို့နှစ်ယောက်ကို ဘာလို့ တစ်နေရာတည်းမှာ ချုပ်နှောင်ထားတာလဲသိလား..?"
ချန်ကျစ်ချူး၏ အဖြေကိုမစောင့်ဘဲ အပြုံးလေးဖြင့် ဆက်ပြောလာသည်။ : "ရက်အနည်းငယ်ကြာရင် ကိုယ်တို့ရဲ့မင်္ဂလာပွဲကို ကျင်းပတော့မှာ.. အခု ကိုယ် မင်းကို ပိုင်ဆိုင်သွားပြီဆိုတာ သူ့ရဲ့မျက်လုံးတွေနဲ့ သူကိုယ်တိုင် မြင်ရစေမယ်.. မင်းက ကိုယ်တစ်ယောက်တည်းရဲ့အပိုင် ဖြစ်လာပြီး ကိုယ့်အတွက် သားသမီးရတနာလေးတွေ မွေးဖွားပေးရမယ်.."
ချန်ကျစ်ချူးခမျာ ကျောချမ်းသွားသည်။ တစ်ကိုယ်လုံး တောင့်တင်းစွာဖြင့် သူ၏ပါးပြင်ကို ပွတ်သပ်နေသော လူရွယ်၏ အထိအတွေ့ကို လက်ခံနေရသည်။ လူရွယ်က သူ့ကို နမ်းတော့မည့်အချိန် အခန်းတံခါးအပြင်မှ အစေခံတစ်ဦး၏ သတင်းပို့သံ ထွက်ပေါ်လာသည်။
"သခင်.. 'ထာဝရအိပ်စက်ခြင်း'မြို့တော်ရဲ့ အရှင်သခင်နဲ့ ဗန်ပိုင်းယားသခင်လေး အလည်ရောက်လာပါပြီ.. အပြင်ထွက်ပြီး သူတို့ကို လက်ခံကြိုဆိုရပါမယ်.."
"ကောင်းပြီ.. လာခဲ့မယ်.."
လူရွယ်က ပြန်ဖြေပြီးနောက် ချန်ကျစ်ချူးကို ပြုံးပြလာသည်။ : "သူတို့က မင်္ဂလာပွဲတက်ဖို့ ကိုယ်ဖိတ်ထားတဲ့ ဧည့်သည်တော်တွေလေ.. သူတို့ကို သွားပြီးဧည့်ခံလိုက်ဦးမယ်.. နောက်မှတွေ့မယ်နော် ကျစ်ချူး.."
ထိုသို့ပြောပြီးနောက် အခန်းထဲမှ လှည့်ထွက်သွား၏။ ချန်ကျစ်ချူးလည်း စိတ်သက်သာရာရသွားပြီး System ကို ခပ်မြန်မြန် မေးလိုက်သည်။
[ ဒီသံကြိုးတွေ ဖြုတ်ပေးလို့ရလား..? ]
ရေသူထီးအငယ်လေးလည်း ရှိနေသေးသည်။ သူ့ကို ကယ်တင်ပေးပြီး အန္တရာယ်ကင်းသည့် နေရာတစ်ခုခုသို့ ခေါ်သွားချင်သည်။ ဤနေရာတွင် ဆက်နေခိုင်း၍မဖြစ်ပေ။
ရေသူထီးအစ်ကိုကြီးက တကယ့်ကို အရူးတစ်ယောက်ပဲ။ သူ့ညီအရင်းကိုတောင် ဒီလိုမျိုးနှိပ်စက်ရက်တာ ကြည့်တော့။ ဘာပဲပြောပြော သူတို့အားလုံးက ပိုင်ရိရဲ့ ဝိညာဉ်ပုံရိပ်တွေဆိုတော့ အချင်းချင်း ထိခိုက်နာကျင်အောင် လုပ်နေတာကို မကြည့်ရက်ဘူး..!
[ ကိစ္စမရှိဘူး.. ဒီလောက်က အေးဆေး.. ]
System က ယုံကြည်ချက်ရှိရှိ ပြန်ဖြေ၏။ ချန်ကျစ်ချူးကို တုပ်နှောင်ထားသည့် သံကြိုးများ တစ်ခုပြီးတစ်ခု ပွင့်သွားပြီး လူငယ်၏ အံ့ဩနေသော အကြည့်အောက်တွင် ချန်ကျစ်ချူးက လူငယ်ကို ဒဏ်ရာအမြန်သက်သာအောင် အနာကျက်ဆေး တိုက်လိုက်သည်။ ပြီးနောက် System ၏ ညွှန်ကြားချက်အတိုင်း ထွက်ပြေးလာခဲ့သည်။
သူ့အနေဖြင့် တယ်လီပို့အစွမ်း ပြန်သုံးနိုင်မည့်အချိန်ကို စောင့်နေရုံသာ။ ရေသူထီးအငယ်လေးကို လုံခြုံသည့်တစ်နေရာသို့ ခေါ်သွားပေးပြီး စစ်သည်တော်နှစ်ဦးကို နမ်းရမည်။
ချန်ကျစ်ချူးက ထိုအတွေးဖြင့် လူငယ်လေးကို မေးသည်။ : "ရေမရှိတဲ့နေရာမှာ အချိန်အကြာကြီးနေလို့ရလား..?"
"နေလို့ရပါတယ်.. ဒါပေမဲ့ ယာယီလူသားပုံစံပြောင်းနိုင်တဲ့ မှော်ဆေးရည်တော့ လိုတယ်.. မဟုတ်ရင် ငါ့ရဲ့ရေဘဝဲလက်တွေ ခြောက်သွေ့ကုန်လိမ့်မယ်.."
ထိုသို့ပြောရင်း လူငယ်၏မျက်ဝန်းများ တောက်ပလာသည်။ သူက ချန်ကျစ်ချူးအား မျှော်လင့်တကြီး စိုက်ကြည့်ကာ.. : "ရတနာခန်းထဲသွားပြီး ဆေးရည်ခိုးလို့ရတယ်.. ကျစ်ချူး.. မင်း ငါ့ကို ခိုးပြေးချင်လို့လားဟင်..? ငါလည်း မင်းရဲ့တိုင်းပြည်ကို လိုက်ကြည့်ချင်တယ်.."
"ဟုတ်ပါပြီ.. ခေါ်သွားပေးမယ်.."
ချန်ကျစ်ချူး၏စိတ်ထဲ အနည်းငယ် လိပ်ပြာမလုံဖြစ်လာသည်။ သူက ခိုးပြေးရန်မဟုတ်၊ ရေသူထီးအငယ်လေးကို ဘေးလွတ်ရာသို့ ပို့ပေးချင်ရုံသာ။ အနမ်းအားလုံး ရယူပြီးလျှင် ဝိညာဉ်ပုံရိပ်များ ပျောက်ကွယ်ပြီး Instance လည်း လုံးဝဥဿုံ ပျက်စီးသွားလိမ့်မည်။ ထို့ကြောင့် လူငယ်လေးကို သွားစွန့်ပစ်တာဟု မဆိုသာပေ။
သို့သော် ဤအခြေအနေနှင့် ရင်းနှီးနေသလိုလို... တစ်ခဏစဉ်းစားကြည့်ပြီးနောက် ချန်ကျစ်ချူး အတွေးပေါက်သွားသည်။ ရေသူထီးအငယ်လေးက 'The Little Mermaid' ထဲမှ ရေသူမလေးနှင့် တကယ့်ကို တူလွန်းနေသည်လေ...
လူငယ်လေးက မှော်ဆေးရည်သောက်ပြီး လူသားအသွင် ပြောင်းလိမ့်မည်။ ခြေထောက်တစ်စုံရရန် နာကျင်ခံစားခဲ့ရသော ရေသူမလေးကဲ့သို့ ရေသူထီးအငယ်လေးလည်း သူ၏ ရေဘဝဲလက်များကို စက်ယန္တရားဖြင့် ကြိတ်ခြေခံခဲ့ရသည်။ မင်းသားလေးဖြစ်သည့် သူက ရေဘဝဲအစ်ကိုကြီးနှင့် လက်ထပ်ရန်ဖြစ်လာပြီး ရေသူထီးအငယ်လေးက သူတို့၏မင်္ဂလာပွဲကို မျက်မြင်တွေ့ရလုနီးပါး ဖြစ်ခဲ့ရသည်။
ထိုအခိုက် ချန်ကျစ်ချူး၏ခေါင်းထဲတွင် ပေါက်ကရအတွေးမျိုးစုံ ပေါ်လာခဲ့၏။ သို့သော် ဟိုလျှောက်တွေးသည်လျှောက်တွေးဖြင့် အချိန်ဖြုန်းမရပေ။ လူငယ်လေးကိုခေါ်ပြီး တယ်လီပို့အစွမ်း ပြန်သုံးနိုင်မည့်အချိန်ထိ ပုန်းနေလိုက်သည်။ အချိန်ကျ၍ System က တယ်လီပို့လုပ်ပေးတော့မည့်အချိန် သမုဒ္ဒရာကြမ်းပြင်က ရုတ်တရက် လှုပ်ယမ်းလာသည်။
"ဝုန်း..."
ထိုအချိန် ပင်ပခန်းမကြီး၏ နံရံပင် တုန်ခါလာပြီး ပင်လယ်အပြင်တွင် မုန်တိုင်းတိုက်နေသကဲ့သို့ တဝေါဝေါမြည်သံကြီး ထွက်ပေါ်လာသည်။
[ အာကာသစီးကြောင်းပျက်ယွင်းတာပဲ..! ]
System က အော်ပြောသော်လည်း တယ်လီပို့စတင်နေပြီဖြစ်၍ ရပ်တန့်ရန် နောက်ကျသွားချေပြီ။ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချန်ကျစ်ချူးနှင့် လူငယ်လေးကို တခြားနေရာသို့ ပြောင်းရွှေ့လိုက်သည်။ သူတို့ရောက်သွားသည်ကား အလွန်လှပခမ်းနားသည့် ခန်းမကြီးတစ်ခု၊ ဘေးပတ်ပတ်လည်ကို စူးစမ်းကြည့်သောအခါ သန္တာကျောက်ခက်၊ ပုလဲများဖြင့် အလှဆင်ထားကြောင်း မြင်လိုက်ရသည်။ ခန်းမထဲရှိ စားပွဲရှည်ကြီး၏ ထိပ်ဆုံးနေရာတွင် ထိုင်နေသူကား...
ချန်ကျစ်ချူးတစ်ယောက် ငွေရောင်ဆံနွယ်ရှင်လူရွယ်ကို မြင်လိုက်ရလေသည်။ ရေသူထီးအစ်ကိုကြီးကြောင့် ထိတ်လန့်နေစဉ် ထိုသူ၏ဘေးတွင် ထိုင်နေသည့် အလွန်ချောမောသော လူရွယ်လေးကို မြင်လိုက်ရသောအခါ သူ၏ခြေထောက်ပင် ပျော့ခွေသွားရသည်။
ထို့အပြင် သူတို့နှစ်ဦးတည်းမဟုတ်။ ချန်ကျစ်ချူးကို ကျောပေးထိုင်နေသူက နောက်လှည့်ကြည့်လာသည်။ ဖြူရော်နေသည့် မျက်နှာချောချောလေးနှင့် ကြယ်စင်ဝတ်ရုံကို မြင်လိုက်ရသည့်အခိုက် ချန်ကျစ်ချူး တန်းမှတ်မိသွားသည်။ ထိုသူကား အရွယ်ရောက်ရင့်ကျက်လာသည့် ခရစ်စ်ပင် ဖြစ်သည်။
စစ်သည်တော်နှစ်ဦးကလည်း တံခါးဝတွင် ရပ်စောင့်နေ၏။ အခန်းထဲတွင် ရုတ်တရက်ကြီး လူနှစ်ယောက်ပေါ်လာသောအခါ သူတို့က ချက်ချင်းဓားထုတ်ပြီး ရွယ်လိုက်သည်။ သို့သော် ချန်ကျစ်ချူး၏မျက်နှာကို မြင်လိုက်ရချိန် တုံ့ဆိုင်းသွားကြသည်။ ခေါင်းဆောင်းဝတ်ထားသဖြင့် မျက်နှာအမူအရာကိုတော့ မမြင်ရချေ။
ဘယ်လိုဖြစ်ပြီး အကုန်လုံး ဒီရောက်နေတာလဲ..?
သူက လူငယ်၏လက်ကို ကိုင်ထားစဉ် အကုန်လုံးက သူ့ကို ဝိုင်းကြည့်နေသဖြင့် ချန်ကျစ်ချူး၏ မျက်နှာလေး ဖြူရော်သွားသည်။ သူ့ခမျာ သတိလစ်တော့မလိုပင်။
"သတိရလာပြီလား..?"
ကာရှာက ဆတ်ခနဲ ထရပ်လိုက်သည်။ သူ၏ အနီရောင်မျက်ဝန်းထဲတွင် ပျော်ရွှင်အံ့ဩရိပ်တို့ ဖုံးလွှမ်းနေသော်ငြား ထိုခံစားချက်များကို ကပျာကယာ ဖုံးဖိရင်း နှုတ်ခမ်းတင်းတင်းစေ့ကာ အေးတိအေးစက် ဟန်ဆောင်ပြောသည်။ : "ဘာလို့ ဒီရောက်နေတာလဲ..?"
ငွေရောင်ဆံနွယ်ရှင်လေးကလည်း ချန်ကျစ်ချူးကို စိုက်ကြည့်လာသည်။ သူ၏နှုတ်ခမ်းထောင့်က ကော့တက်နေပြီး အပြုံးရိပ်တို့ လွှမ်းခြုံလျက်.. : "ဟုတ်တယ်.. ကိုယ်လည်း မေးတော့မလို့.. မင်း ကိုယ့်ကို လာရှာတာလား..?"
သူက ထိုသို့ပြောပြီးနောက် အခန်းထဲရှိလူအားလုံးကို ဝေ့ကြည့်ပြီး.. : "ငါ့ရဲ့လက်တွဲဖော်လည်း ရောက်လာပြီဆိုတော့ လူတိုင်းနဲ့ မိတ်ဆက်ပေးပါ့မယ်.. သူက 'ဘိုအာ'တိုင်းပြည်ရဲ့ အိမ်ရှေ့မင်းသား ကျစ်ချူးပါ.. ငါနဲ့ လက်ထပ်တော့မယ့်လူပေါ့.."
"သူက မင်းသားတစ်ပါး.. ပြီးတော့ မင်းနဲ့ လက်ထပ်ရမယ့်လူလို့ ပြောချင်တာလား..?"
ကာရှာက အူကြောင်ကြောင်ဖြစ်နေပြီးနောက် အေးစက်စက် နှာမှုတ်လိုက်ရင်း.. : "အဓိပ္ပါယ်မရှိတာတွေ.. သူက မှော်မှန်ထဲမှာနေတဲ့ ဝိညာဉ်လေးပဲ.. ဘယ်တော့မှ မင်းရဲ့လက်တွဲဖော် ဖြစ်လာမှာမဟုတ်ဘူး.."
ခရစ်စ်က ဘာမှမပြောဘဲ ချန်ကျစ်ချူးကို စိုက်ကြည့်နေသည်။ သူ၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှမရှိ။ သို့သော် မျက်ဝန်းအိမ်၏ အနက်ရှိုင်းဆုံးနေရာတွင် ခံစားချက်တစ်စုံတရာ ရှိနေသည်။ သူက ရုတ်တရက် မတ်တပ်ရပ်ကာ ချန်ကျစ်ချူးအနား လျှောက်သွားသည်။
လူသားခန္ဓာကိုယ်ပဲ..!
လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက မသေမျိုးမှော်ပညာကိုသုံးပြီး မှော်ဆရာလေးရဲ့ဝိညာဉ်ကို အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့ပေမယ့် တစ်ဖက်လူက ဒီကမ္ဘာလောက,ကနေ အငွေ့ပျံသွားသလိုမျိုး လုံးဝတုံ့ပြန်မှုမရှိခဲ့ဘူး..!
ဝိညာဉ်တစ်ခု မတုံ့ပြန်ဘူးဆိုတာ လုံးဝပျက်စီးပျောက်ကွယ်သွားလို့။ ဒါမှမဟုတ် ပြန်ဝင်စားလို့ပဲ။ ဒီကောင်လေးက....... ပြန်ဝင်စားတာလား..?
ချန်ကျစ်ချူး၏ မျက်နှာပေါ်တွင် ချွေးပြန်လာချေပြီ။ ဤနေရာမှ ထွက်ပြေးချင်သော်လည်း System က ရုတ်တရက် ထအော်လေသည်။
[ ဘယ်လိုဖြစ်တာလဲ.. စစ်သည်တော်တစ်ယောက်နဲ့ နမ်းပြီးပြီတဲ့..? ထားလိုက်ပါတော့.. ဒါလည်း ကောင်းတာပဲ.. ကျန်တဲ့တစ်ယောက်ကို မြန်မြန်နမ်းလိုက်တော့.. ညာဘက်ကတစ်ယောက်..! ]
ထိုစကားကြောင့် ချန်ကျစ်ချူး စိတ်လှုပ်ရှားသွားသည်။ နှစ်ယောက်လုံးကို နမ်းရမည်ဆိုလျှင် အဆင်မပြေသော်လည်း တစ်ယောက်တည်းဆိုလျှင်တော့ သူ့တွင် အခွင့်အရေးရှိနိုင်သေးသည်။ တယ်လီပို့ကဒ်ဖြင့် နေရာရွှေ့ပြီး လှုပ်ရှားလိုက်ရုံသာ။
ထိုအတွေးနှင့်အတူ တုံ့ဆိုင်းမနေဘဲ ချက်ချင်း လှုပ်ရှားလိုက်သည်။ 'တယ်လီပို့ကဒ်'ကို အသက်သွင်းကာ စစ်သည်တော်အနား ရွှေ့ပြောင်းပြီး စစ်သည်တော်၏ ခေါင်းဆောင်းကို ဆွဲချွတ်လိုက်၏။ မျက်နှာချောချောလေး ပေါ်လာသည်နှင့် နှုတ်ခမ်းထက်သို့ ခပ်ဖွဖွလေး နမ်းလိုက်လေသည်။
"..........."
ခန်းမကြီးတစ်ခုလုံး ကြောက်စရာကောင်းအောင် တိတ်ဆိတ်သွားသည်။ လူတိုင်း၏အကြည့်က ချန်ကျစ်ချူးပေါ် ကျရောက်လာသည်။ အနမ်းခံလိုက်ရသည့် 'ခိုင်း'ခမျာလည်း သူ့နှုတ်ခမ်းသူကိုင်ရင်း ခံစားချက်မဲ့နေသည့် မျက်နှာထက် အံ့ဩရိပ်တို့ ဖြစ်တည်လာသည်။
"ကျစ်ချူး..?"
ငွေရောင်ဆံနွယ်ရှင်ရေသူထီးက အကြိမ်အနည်းငယ်ခန့် မျက်တောင်ခတ်ပြီး ချန်ကျစ်ချူးကို လှမ်းအော်သည်။ ရေသူထီးအငယ်လေးကလည်း မယုံကြည်နိုင်သလို လှည့်ကြည့်လာသည်။ သူ၏မျက်ဝန်းအစုံက နီရဲလျက်၊ ချန်ကျစ်ချူး တခြားတစ်ယောက်နှင့် နမ်းနေတာကို လက်မခံနိုင်ပုံပင်။
ချန်ကျစ်ချူး၏ မျက်နှာတစ်ပြင်လုံး ချွေးစေးများဖြင့် ရွှဲနင့်နေချေပြီ။ ထိုသို့လုပ်လိုက်ရသည့် အကြောင်းအရင်းကို မရှင်းပြနိုင်သဖြင့် ဝိညာဉ်ပုံရိပ်များ၏ အကြည့်စူးစူးကို ရှောင်တိမ်းရင်း အမြန်ဆုံး ပျောက်ကွယ်သွားရန်သာ ဆုတောင်းနေမိတော့သည်။
[ အကုန်လုံးကို နမ်းပြီးပြီလို့..! ]
[ ဟုတ်ပြီ.. ဟုတ်ပြီ.. သူတို့အားလုံး သန့်စင်သွားပြီဆိုတော့ ဘာပြဿနာမှမရှိတော့ဘူး..! ]
System ၏စကားဆုံးသည်နှင့် ဝိညာဉ်ပုံရိပ်များလည်း စတင်ပျောက်ကွယ်လာသည်။ ထို့နောက်တွင်မူ ခန်းမတစ်ခုလုံး ဗလာကျင်းသွားပြီး ချန်ကျစ်ချူးတစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။
"ဟူး...."
ချန်ကျစ်ချူးက သက်ပြင်းချလိုက်သည်။ သူ တကယ်ကို ကြောက်လန့်နေခြင်းပင်။ အနမ်းမစ်ရှင်ပြီးသွား၍သာ တော်သေးသည်။ မဟုတ်လျှင် နောက်ဆက်တွဲကိစ္စများကို ဆက်မတွေးရဲပေ။
[ နောက်တစ်ဆင့်အနေနဲ့ ငွေဒင်္ဂါးကိုသုံးပြီး Instance ကို ဖျက်ဆီးပစ်လိုက်တော့.. ] System က ပြောသည်။ : [ ပြီးရင် ကမ္ဘာအစစ်ပြန်ပြီး ပိုင်ရိနဲ့ တွေ့လို့ရပြီ.. ]
[ ဟုတ်ပြီ... ]
ချန်ကျစ်ချူးက ငွေဒင်္ဂါးကိုထုတ်ပြီး ချက်ချင်း သဘောတူလိုက်သည်။ သူ၏စိတ်ထဲ အထီးကျန်စိတ်နှင့် ပျော်ရွှင်မှုတို့ လှိုက်တက်လာ၏။ Instance ထဲရောက်နေတာ အချိန်အတော်ကြာသွားပြီဖြစ်၍ သူ၏မိသားစုနှင့် ပိုင်ရိကို အလွန်လွမ်းသည်။ ရေသူထီးနှင့် ကျန်လူများသည် ပိုင်ရိ၏ ဝိညာဉ်ပုံရိပ်များဖြစ်သော်လည်း သူ့အတွက်တော့ ခံစားချက်မတူပေ။
"ချလွမ်.."
သွေးနီရောင်ဒင်္ဂါးသည် အလွန်လှပစွာ ဝေ့ဝိုက်တက်သွားပြီး ချန်ကျစ်ချူး၏လက်ထဲသို့ ပြန်ကျလာသည်။ နတ်ဆိုးမျက်နှာဘက်သို့ ကျခဲ့လေသည်။
တစ်ကြိမ်...
ချန်ကျစ်ချူးက အသံတိတ်ရေတွက်ရင်း ငွေဒင်္ဂါးကို ထပ်မြှောက်လိုက်၏။ ငွေဒင်္ဂါးက နတ်ဆိုးမျက်နှာဘက်သို့ ထပ်ကျသည်။
"ဝုန်း.."
သို့သော် ထိုအခိုက်အတန့် ပင်လယ်ကြမ်းပြင်က အရှိန်ပြင်းပြင်း တုန်ခါလာသည်။ ရေအောက်နန်းတော်ထဲမှ ပစ္စည်းများ ပြိုလဲပျက်စီးကုန်ပြီး ပြတင်းပေါက်အပြင်တွင် ရေပူဖောင်းများစွာ ဖြစ်ပေါ်လာသည်။ ပင်လယ်ကြမ်းပြင်အောက်မှ မြေမှုန်များလည်း ကြွတက်လာသဖြင့် ပင်လယ်ရေက နောက်ကျိနေတော့သည်။ ပို၍ထူးဆန်းသည်က ပင်လယ်ရေအားလုံး သွေးရောင်ပြောင်းသွားခြင်းပင်။
"ချလွမ်..!"
ချန်ကျစ်ချူးသည် ငွေဒင်္ဂါးကို သေချာမကိုင်ထားမိ၍ တုန်ခါမှုအရှိန်ကြောင့် အောက်ပြုတ်ကျသွားသည်။ ကံကောင်းထောက်မစွာဖြင့် ဒင်္ဂါးထဲမှာရှိသည့် နတ်ဆိုးလေးက ငွေဒင်္ဂါးကိုထိန်းချုပ်ပြီး နတ်ဆိုးမျက်နှာဘက်သို့ ကျစေခဲ့သည်။ ဤသို့ဖြင့် နောက်တစ်ကြိမ် အောင်မြင်သွားပြန်သည်။
ချန်ကျစ်ချူး၏နားထဲတွင် နတ်ဆိုး၏စကားသံ မြည်ဟည်းလာသည်။ : "မင်းအသုံးချနေတဲ့ ကံဆိုးမှုတွေက Instance ကို ပျက်စီးစေရုံတင်မကဘူး မင်းအပေါ်လည်း သက်ရောက်မှုရှိလာလိမ့်မယ်.. ဒင်္ဂါးမြှောက်လေ ကံဆိုးလေ မင်းရဲ့ဆန္ဒတွေပြည့်ဝဖို့ ခက်ခဲလာလေပဲ.. မင်းရဲ့ကံဆိုးမှုတွေက နောက်ဆုံးအချိန်ကျမှ ကပ်ပြီးရောက်လာနိုင်တယ်.. Instance ကို ဖျက်ဆီးလို့မရတာမျိုး ဖြစ်သွားနိုင်တယ်.."
[ သေစမ်း.. မင်း ငွေဒင်္ဂါးသုံးနေတာကို မစ္စတာမု သိသွားပြီ.. သူ မင်းကို သတ်ချင်နေပြီ..! ]
System အော်နေစဉ်မှာပင် သွေးနီရောင်ပင်လယ်ရေများက ပြတင်းပေါက်မှန်ကိုခွဲပြီး ခန်းမကြီးထဲ ဒလဟောဝင်လာ၏။ ချန်ကျစ်ချူးခမျာ ဆေးသောက်ရန်ပင် အချိန်မရလိုက်၊ ပင်လယ်ရေထဲ နစ်မွန်းသွားသည်။ ပါးစပ်နှင့်နှာခေါင်းထဲ ပင်လယ်ရေများဖြင့် ရုတ်ချည်း ပြည့်နှက်သွားလေသည်။
ခေါင်းအစခြေအဆုံး ရေခဲတမျှအေးစက်နေသည့် ပင်လယ်ရေဖြင့် လွှမ်းခြုံခံလိုက်ရပြီး မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်များပင် နာကျင်လာသည်။ သူ အသက်မရှူနိုင်တော့ပေ။ အကြောက်ကြောက်အလန့်လန့်ဖြင့် System market ထဲမှ ဆေးဝယ်လိုက်သော်လည်း ကံဆိုးနေသည့်အရှိန်ကြောင့် ဆေးက ပင်လယ်ရေထဲ ပျော်ဝင်သွားသည်။
[ အားတင်းထားဦး.. မင်းသေလို့မဖြစ်ဘူး..!! ]
ချန်ကျစ်ချူးတစ်ယောက် ရေစီးအရှိန်ဖြင့် မျောပါသွား၏။ System က ချန်ကျစ်ချူးကို တယ်လီပို့လုပ်ရန် စိုးရိမ်တကြီး ကြိုးစားနေသော်လည်း တယ်လီပို့အစွမ်းက သက်မှတ်ချိန်မပြည့်သေး၍ သုံးမရပေ။ ထို့ကြောင့် ချန်ကျစ်ချူးကို ဘေးအန္တရာယ်ကင်းသည့် နေရာသို့ မပို့နိုင်ခဲ့ချေ။
ရွေးချယ်စရာမရှိတော့ဘူး...
ပင်လယ်ရေထဲမျောပါသွားသော ငွေဒင်္ဂါးမှ အလင်းရောင်တချို့ ထွက်ပေါ်လာသည်။ ထို့နောက် ငွေဒင်္ဂါးပျောက်သွားပြီး ပိန်ပါးရှည်သွယ်သည့် ပုံရိပ်တစ်ခု အစားထိုးဝင်ရောက်လာသည်။
ကြည့်ကောင်းလွန်းသော ထိုနတ်ဆိုးသည် အရိုးစုတောင်ပံကို ဖြန့်ကျက်လျက်၊ ပင်လယ်ရေအရှိန်က သူ့အပေါ် သက်ရောက်မှုရှိပုံ မပေါ်ချေ။ ချန်ကျစ်ချူးကို ကျောအောက်မှပွေ့ချီပြီး တောင်ပံခတ်ကာ ရေစီးကြောင်းထဲမှ အသာလေး ရုန်းထွက်သွားသည်။ ပြီးနောက် ပင်လယ်ရေပေါ် တက်သွားပြီး ချန်ကျစ်ချူးကို သယ်ဆောင်လျက် လေထဲတွင် ပျံဝဲနေသည်။
ကျိန်စာပြေသွားကတည်းက နတ်ဆိုးချဲလ်မန်းသည် ငွေဒင်္ဂါးထဲတွင်နေရင်း သူ၏စွမ်းအားများကို ဖြည်းဖြည်းချင်း ပြန်ရနေပြီဖြစ်၏။ ယခုတော့ သူ၏ပုံစံအမှန်ကိုပင် ပြန်ပြောင်းနိုင်ချေပြီ။ သို့သော် ဤပုံစံဖြင့် အချိန်အကြာကြီး မနေနိုင်သေးပေ။ ပုံပြန်မပြောင်းခင် ခပ်မြန်မြန် ဖြေရှင်းရမည်။
ချဲလ်မန်းက ကောင်းကင်ပေါ်ကို မော့ကြည့်သည်။ ရွှေရောင်မျက်ဝန်းထဲတွင် မိုးကောင်းကင်၏ ကြောက်မက်ဖွယ်မြင်ကွင်းက ထင်ဟပ်လျက်၊ သူ၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ လက်တစ်ဖက်က ချန်ကျစ်ချူးကို ပွေ့ချီထားပြီး ကျန်လက်တစ်ဖက်ဖြင့် ပျော်ပျော်ပါးပါး လက်ဝှေ့ယမ်းပြကာ...
"မတွေ့တာကြာပြီ.."
မိုးခြိမ်းသံတစ်ချက် ထွက်ပေါ်လာသည်။ ပုံမဖော်နိုင်သည့် မကောင်းဆိုးဝါးကြီးက ချဲလ်မန်းကို ပြန်နှုတ်ဆက်နေသကဲ့သို့၊ သို့သော် နှုတ်ဆက်ချင်ဟန်လည်း မပေါ်ချေ။ မည်သို့ဆိုစေ ချဲလ်မန်းကလည်း အဖက်မလုပ်။ မကောင်းဆိုးဝါးဖြစ်သွားသည့် မစ္စတာမု၏ စကားကို လုံးဝဂရုမစိုက်ချေ။
သူ၏လက်ချောင်းလေးများက ညင်သာစွာ လှုပ်ရှားနေပြီး ထိုလက်ချောင်းများကြားတွင် သွေးနီရောင်ငွေဒင်္ဂါး ရှိနေသည်။
"ဒီငွေဒင်္ဂါးကို တစ်ခါမှ ကိုယ်တိုင်မသုံးဖူးဘူး.." သူက ပခုံးတွန့်ရင်း ငွေဒင်္ဂါးကို မြှောက်လိုက်သည်။ : "ဒါပေမဲ့ စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ.."
ကံဆိုးမှုဆက်တိုက်တိုးနေသည်နှင့်အမျှ ကမ္ဘာလောကတစ်ခုလုံး စတင်တုန်ခါလာပြီး ကြောက်မက်ဖွယ် အမှောင်ထုအက်ကြောင်းကြီးများ ပေါ်ထွက်လာသည်။ အာကာသလွင်ပြင်က စတင်ပြိုလဲနေချေပြီ။ ကောင်းကင်ပေါ်ရှိ ဧရာမမျက်လုံးများလည်း ကွဲအက်လာပြီး အဘက်ဘက်မှ ကြက်သီးမွေးညင်းထဖွယ် အော်သံကြီးများ ကြားနေရသည်။
"မင်းက ငါ့ရဲ့သခင် ဖြစ်ခဲ့ဖူးတယ်ဆိုတော့ မင်းရဲ့ 'ကြင်နာမှု'ကို တစ်သက်လုံး အမှတ်ရပေးနေမှာပါ.."
ချဲလ်မန်းက ပေါ့ပေါ့ပါးပါး ပြုံးရယ်ရင်း..
"မင်းကျေးဇူးနဲ့ ငါ့ရဲ့စွမ်းအားတွေ ချိပ်ပိတ်ခံခဲ့ရတာဆိုတော့.. ဒီနေ့... အဲ့ကျေးဇူးတွေ ပြန်ဆပ်ရတော့မှာပေါ့.."
"ပြီးတော့ ငါ့ရဲ့လက်ရှိသခင်က မင်းကို သတ်ချင်နေတယ်.. အဲတာကြောင့် စိတ်မကောင်းပါဘူး.. ငါ သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရလိမ့်မယ်.."
ထိုသို့ပြောပြီးနောက် ငွေဒင်္ဂါးကို နူးညံ့စွာ နမ်းလိုက်သည်။ နောက်ဆုံးအကြိမ်ကို ပစ်မြှောက်လိုက်ချိန်ဝယ် သူ၏မျက်နှာပေါ်၌ အေးစက်ခံစားချက်မဲ့သည့် အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ကဲ နှုတ်ဆက်ပါတယ်.. မစ္စတာမု..."
"ဝုန်း......"
***
"အား..!"
ချန်ကျစ်ချူးသည် သတိလစ်နေရာမှ ပြန်နိုးလာ၏။ သူ၏မှတ်ဉာဏ်ထဲ ရေနစ်နေသည့်ခံစားချက်က စွဲထင်နေသဖြင့် အတော်လေး ကြောက်လန့်နေရှာသည်။ သူ့ကိုယ်သူ သေသွားပြီအထင်ဖြင့် ဘေးပတ်ဝန်းကျင်ကို ကြောက်လန့်တကြား အကဲခတ်လိုက်သောအခါ ရင်းနှီးနေသည့်အခန်းကို မြင်လိုက်ရသည်။ Instance ထဲမဝင်ခင်က သူနေခဲ့သည့် အိပ်ခန်းပင်ဖြစ်သည်။
ဘာ.. ဘာတွေဖြစ်ကုန်တာလဲ..?
[ မင်းကို ချဲလ်မန်း ကယ်ခဲ့တာ.. ငွေဒင်္ဂါးကိုလည်း ဆယ်ကြိမ်ပြည့်တဲ့အထိ ကူမြှောက်ပေးပြီး Instance ကို ဖျက်ဆီးပစ်လိုက်ပြီ.. ]
System ၏လေသံက အတော်လေး ပျော်ရွှင်နေဟန်။ ချန်ကျစ်ချူးကို တက်ကြွစွာ ပြောလာသည်။ : [ အခု မစ္စတာမုက လုံးဝအဆုံးသတ်သွားပြီ.. ပိုင်ရိရဲ့ ဝိညာဉ်ပုံရိပ်တွေလည်း သန့်စင်သွားပြီ.. အဲတာကြောင့် သူ မကြာခင် ပြန်နိုးလာတော့မှာ.. မင်း သွားကြည့်သင့်တယ်နော်.. ]
[ တကယ်လား..?! ]
ချန်ကျစ်ချူးက ဝမ်းသာအားရဖြင့် ချက်ချင်း စောင်ကိုဘေးဖယ်ပြီး အိပ်ခန်းအပြင်သို့ ပြေးထွက်သွား၏။ သို့သော် အခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် လူတစ်ယောက်ကို ဝင်တိုက်မိပြီး ရင်ခွင်ကျယ်ကြီးထဲ ကျရောက်သွားသည်။
"ကျစ်ချူး..?"
သူ၏ခေါင်းအပေါ်မှ ရင်းနှီးနေကျအသံလေးကို ကြားလိုက်ရသည်။ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် မော့ကြည့်လိုက်သောအခါ ပိုင်ရိ၏မျက်နှာကို မြင်လိုက်ရလေသည်။ သို့သော် သူဘာမှမပြောနိုင်ခင်မှာပင် တစ်ဖက်လူက သူ့ကို မက်မက်မောမော နမ်းရှိုက်လာသည်။
ချန်ကျစ်ချူးသည် အတန်ငယ် ရှက်ရွံ့နေသော်လည်း ပျော်ရွှင်ကြည်နူးစိတ်က ပိုများနေ၏။ ပိုင်ရိ၏လည်ပင်းကို သိုင်းဖက်ရင်း တစ်ဖက်လူ၏အနမ်းကို တက်တက်ကြွကြွ ပြန်လည်တုံ့ပြန်လိုက်သည်။
နှစ်ယောက်သား ပွေ့ဖက်လျက် အတော်ကြာအောင် နမ်းခဲ့သည်။ နောက်ဆုံးတော့ ချန်ကျစ်ချူး၏ မျက်နှာလေး ရဲရဲနီလာသဖြင့် ပိုင်ရိက အသာပြန်လွှတ်ပေးလိုက်သည်။
ထို့နောက် ပိုင်ရိက ချန်ကျစ်ချူး၏ဆံပင်ကို အသာသပ်တင်ပေးသည်။ ချန်ကျစ်ချူးကလည်း ရှက်ကိုးရှက်ကန်းဖြင့် ပျော်မြူးစွာ မော့ကြည့်သည်။ သို့သော် ထိုတဒင်္ဂ သူ၏ခန္ဓာကိုယ်လေး တောင့်တင်းသွားလေသည်။
တစ်ဖက်လူ၏ ချောမောခန့်ညားသော အသွင်အပြင်နှင့် ရင်းနှီးနေပါသော်လည်း ဘာကြောင့်ရယ်မသိ တစ်ခုခုကွာခြားနေသယောင်။ အကြောင်းပြချက်ရှာမရသော်လည်း တစ်ခုခုမူမမှန်သလို ခံစားနေရသည်။
"အပြင်ထွက်ပြီး ဒီခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ တကယ်မထင်ထားဘူး.."
နောက်တစ်စက္ကန့်၊ 'ပိုင်ရိ'ပြောလိုက်သည့်စကားက 'ချန်ကျစ်ချူး'ကို ကျောချမ်းသွားစေ၏။ သူ၏မျက်နှာတစ်ပြင်လုံး ရုတ်ချည်းဆိုသလို ဖြူဖျော့သွားသည်။
"မစိုးရိမ်နဲ့.. သူ ဘာမှမဖြစ်ပါဘူး.. ဘာပဲပြောပြော သူက 'ပင်မဝိညာဉ်'ပဲလေ.."
ကြောက်လန့်နေသည့် ချန်ကျစ်ချူးကိုကြည့်ပြီး 'ပိုင်ရိ'က အသာပြုံးသည်။ ပြီးနောက် ပါးပြင်ကို အသာပွတ်သပ်ပေးရင်း နှစ်သိမ့်လာသည်။ : "ကိုယ်က ချင်ကျိ.. မင်း ကိုယ့်ကို အရင်နာမည်အတိုင်း ဆက်ခေါ်လို့ရတယ်.."
"ကျစ်ချူး.. မင်းနဲ့ ထပ်တွေ့ခွင့်ရလို့ ကိုယ်အရမ်းပျော်တာပဲ.."
[ အယ်..... ]
ချန်ကျစ်ချူးခမျာ ငုတ်တုတ်မေ့နေဆဲ။ System က ကသိကအောက်ဖြစ်စွာ ရယ်ရင်း ပြောလာသည်။
[ ဒါက ပုံမှန်ပါပဲ.. ဝိညာဉ်ပေါင်းစည်းတဲ့ ကနဦးအခြေအနေမှာ တချို့စိတ်အခွဲတွေ ပေါ်လာတတ်တယ်.. ဒီအခြေနေကို ပိုင်ရိ ဖြည်းဖြည်းချင်း ထိန်းချုပ်လာနိုင်တာနဲ့အမျှ အဆင်ပြေသွားမှာပါ.. ]
[ ဒါပေမဲ့ သူ့ရဲ့စိတ်အခွဲက နည်းနည်းလေး များနေတယ်.. ၁၈၀ ကျော်တောင် ဆိုတော့လေ... ]
[ မင်းကိုယ်မင်း စိတ်ပြင်ဆင်ထားသင့်တယ်နော်.. သူတို့အားလုံး မင်းကို မြင်ချင်နေကြမှာ.. ]
.......................................
Zawgyi
အခန္း - (၉၆) : ေသြးစြန္းဒ႑ာရီ (ဇာတ္သိမ္း)
System က ခ်န္က်စ္ခ်ဴးကို အာကာသပ်က္ယြင္းမႈလမ္းေၾကာင္းမွတဆင့္ ေနရာကူးေျပာင္းေပး၏။ ခ်န္က်စ္ခ်ဴးတစ္ေယာက္ မူးေနာက္ေနာက္ျဖင့္ မ်က္လုံးဖြင့္ၾကည့္လိုက္ေသာအခါ သူ၏ေရွ႕တြင္ရွိေနေသာ ခပ္ေခ်ာေခ်ာမ်က္ႏွာေလးကို ဝိုးတဝါး ျမင္လိုက္ရသည္။
အႁမႊာစစ္သည္ေတာ္...
သူ၏ဦးေႏွာက္က အလုပ္လုပ္တာ ေႏွးေကြးေနသျဖင့္ တစ္ဖက္လူကို မွတ္မိရန္ စကၠန႔္အနည္းငယ္ခန႔္ အခ်ိန္ယူလိုက္ရသည္။ ထိုသူ၏ေနာက္တြင္ ေနာက္ထပ္အႁမႊာစစ္သည္လည္း ရွိေနသည္။
မ်က္ဝန္းေထာင့္မွတဆင့္ အခန္း၏အျပင္အဆင္ကို အကဲခတ္ၾကည့္၏။ တစ္ခါမွမျမင္ဖူးသည့္ ေနရာတစ္ခုျဖစ္ၿပီး ေနာက္ထပ္ ထူးထူးဆန္းဆန္းေနရာသို႔ ေရာက္ေနျပန္သည္။
ခ်န္က်စ္ခ်ဴးသည္ ဘယ္ေနရာေရာက္ေနမွန္း မသိေသာ္ျငား သူ၏အေရွ႕တြင္ စစ္သည္ေတာ္ႏွစ္ဦးလုံး ရွိေနသျဖင့္ အခ်ိန္မဆြဲခ်င္ေတာ့ေပ။ ထိုႏွစ္ေယာက္ကို နမ္းရန္ျပင္သည္။ ေခါင္းထဲမူးေဝေနတာကို အံႀကိတ္သည္းခံလ်က္ အေရွ႕ကလူကို လွမ္းဆြဲလိုက္ေသာ္လည္း သူ၏လက္က တစ္ဖက္လူ၏ သံခ်ပ္ကာအက်ႌကို မထိႏိုင္ခင္မွာပင္ လက္ျပဳတ္က်ၿပီး မ်က္လုံးပိတ္ကာ ထပ္မံသတိလစ္သြားသည္။
ေမွာ္မွန္ဝိညာဥ္ေလးက စကၠန႔္ပိုင္းမွ်သာ သတိျပန္လည္လာသည္။ ထိုအျခင္းအရာကိုျမင္ေတာ့ 'အန္း'က လက္ကိုကိုင္ၿပီး မွန္ဝိညာဥ္၏ မ်က္ႏွာေလးကို ေမွ်ာ္လင့္တႀကီး ၾကည့္လိုက္သည္။ သို႔ေသာ္ မ်က္လုံးထပ္မပြင့္ေတာ့ေခ်။
ေဘးမွာရပ္ေနသည့္ 'ခိုင္း'က မသိမသာ မ်က္ေမွာင္ၾကဳတ္ၿပီး.. : "ဒီအေၾကာင္း သခင္ခရစ္စ္ဆီ သတင္းပို႔သင့္တယ္.."
"...... အင္း.." အေတာ္ၾကာအသံတိတ္ေနၿပီးေနာက္ 'အန္း'က ေခါင္းညိတ္ျပသည္။
"သခင္ခရစ္စ္ကို သြားရွာလိုက္ဦးမယ္.."
'ခိုင္း'က မ်က္ႏွာေသျဖင့္ ခံစားခ်က္မဲ့ေနဆဲ။ သို႔ေသာ္ သူ႔အစ္ကိုကိုၾကည့္ေနသည့္ သူ၏အၾကည့္ထဲတြင္ ေမးခြန္းအရိပ္အေယာင္တခ်ိဳ႕ ထင္ဟပ္ေနသည္။ သူက တစ္ခဏတုံ႔ဆိုင္းေနၿပီးေနာက္ ေမးသည္။ : "သူ႔ကို ဘာလို႔နမ္းလိုက္တာလဲ..?"
သူလည္း 'အိပ္ေပ်ာ္ေနသည့္ အလွေလး'ပုံျပင္အေၾကာင္း ၾကားဖူးပါသည္။ သို႔ေသာ္ 'အန္း'၏အနမ္းက ေမွာ္မွန္ဝိညာဥ္ကို ျပန္ႏိုးေစလိမ့္မည္ဟု မထင္ထားခဲ့။ မွန္ဝိညာဥ္သတိလစ္ေနသည့္ အေၾကာင္းအရင္းက ေမွာ္မွန္ပ်က္စီးသြား၍ အားနည္းေနတာျဖစ္ၿပီး က်ိန္စာႏွင့္ ဘာမွမသက္ဆိုင္ေပ။ ထို႔ေၾကာင့္ အနမ္းတစ္ခုက ပုံမွန္အားျဖင့္ အစြမ္းသက္ေရာက္မည္မဟုတ္ေပ။
'အန္း'က အသံတိတ္ေနၿပီး 'ခိုင္း'၏ေမးခြန္းကို ျပန္မေျဖ။ 'ခိုင္း'က ခံစားခ်က္မဲ့ေသာ မ်က္ႏွာေသျဖင့္။ 'အန္း' ျပန္မေျဖတာကိုျမင္ေတာ့ ဘာမွမေျပာဘဲ ခရစ္စ္ထံ သတင္းပို႔ရန္ ထြက္သြားသည္။
"... မသိဘူး.."
တကယ္ေတာ့ 'အန္း'ကိုယ္တိုင္ပင္ သူဘာေၾကာင့္နမ္းလိုက္မိမွန္း မသိပါေခ်။
***
ခရစ္စ္သည္ ေမွာ္အစီအရင္မ်ားျဖင့္ စီမံထားသည့္ အခန္းထဲသို႔ ဝင္သြား၏။ ၾကယ္စင္အစုအေဝးမ်ားျဖင့္ ပုံေဖာ္ဖန္တီးထားေသာ ေမွာ္ဝတ္႐ုံက သူ၏အေနာက္တြင္ ေမ်ာလြင့္ေနသည္။ သူက မွန္ဝိညာဥ္၏ အေျခအေနကို ေမွာ္အစြမ္းသုံး၍ စစ္ေဆးၾကည့္လိုက္သည္။
'အန္း'ႏွင့္ 'ခိုင္း'က ေဘးတစ္ေနရာတြင္ အသံတိတ္ ရပ္ေစာင့္ေနသည္။ ခရစ္စ္က ေမွာ္အစြမ္းကို ျပန္႐ုတ္သိမ္းကာ သူ၏လက္ထဲမွ ေမွာ္တုတ္တံကို အသာေျမႇာက္သည္။ ေရွးေဟာင္းၾကယ္တစ္လုံးသည္ ေလထဲတြင္ လြင့္ေမ်ာေနၿပီး အလြန္လွပသည့္ အလင္းစက္ဝန္းမ်ား ျဖာထြက္လာသည္။
သူအသုံးျပဳလိုက္သည့္ ေမွာ္အစြမ္းက ဂမၻီရေမွာ္ပညာျဖစ္၏။ ကနဦးစစ္ေဆးခ်က္အရ မွန္ဝိညာဥ္ သတိလစ္ေနျခင္းသည္ ေမွာ္မွန္ပ်က္စီးသြား႐ုံသပ္သပ္ေၾကာင့္ မဟုတ္ဘဲ တျခားအေၾကာင္းအရင္းတစ္ခု ရွိေနေသးမွန္း ခပ္ေရးေရးေလး ခန႔္မွန္းမိလိုက္သည္။
ဂမၻီရေမွာ္ပညာက သိပ္မၾကာခင္ အေျဖေပးလာသည္။ ၾကယ္မ်ား၏ ေ႐ြ႕လ်ားေနပုံကိုၾကည့္ရင္း ခရစ္စ္၏ ခံစားခ်က္မဲ့ေသာ မ်က္ဝန္းအိမ္ထဲတြင္ ေျပာင္းလဲမႈတခ်ိဳ႕ ျဖစ္တည္လာ၏။ ေမွာ္တုတ္တံကို ဆုပ္ကိုင္ထားသည့္လက္က တင္းက်ပ္သြားၿပီး...
"... သူ႔မွာ တျခားခႏၶာကိုယ္တစ္ခု ရွိေနတယ္.."
"လူသားခႏၶာကိုယ္ပဲ.."
ခရစ္စ္က အႁမႊာစစ္သည္ေတာ္ႏွစ္ဦးကို လွည့္ၾကည့္ၿပီး တစ္လုံးခ်င္း ဆက္ေျပာလာသည္။
"ပင္လယ္နက္နက္ထဲမွာ ရွိေနတယ္.."
***
ခ်န္က်စ္ခ်ဴးတစ္ေယာက္ ေရသူထီးညီအစ္ကိုထံ ျပန္သြားရလိမ့္မည္ဟု လုံးဝမထင္ထားခဲ့ေပ။ ျပန္ႏိုးလာခ်ိန္တြင္ သူ၏ေျခလက္မ်ားကို အထူးဖန္တီးျပဳလုပ္ထားသည့္ ေမွာ္သံႀကိဳးျဖင့္ ခ်ည္ေႏွာင္ထားၿပီး ေရသူထီးအငယ္ေလးကိုလည္း ေဘးတစ္ေနရာရွိ ေလွာင္ခ်ိဳင့္ထဲတြင္ ခ်ဳပ္ေႏွာင္ထားေၾကာင္း သတိျပဳမိလိုက္သည္။
သတ္မွတ္ခ်ိန္မျပည့္ေသး၍ တယ္လီပို႔အစြမ္းကို သုံးမရေသးေပ။ ေဘးဘက္ရွိ လူငယ္ေလး၏ အေျခအေနကို သတိထားမိခ်ိန္ဝယ္ ခ်န္က်စ္ခ်ဴးမွာ ထိတ္လန႔္တုန္ယင္စြာျဖင့္ သက္ျပင္းရႈိက္မိသည္အထိ။
ေလွာင္ခ်ိဳင့္၏ ေအာက္ေျခတြင္ အသားႀကိတ္စက္ကဲ့သို႔ စက္ယႏၲရားႀကီးရွိေနၿပီး လူငယ္ေလး၏ ေရဘဝဲလက္မ်ားကို အဆက္မျပတ္ ႀကိတ္ေျခေနသည္။ ဆူးသြားထက္ထက္မ်ားတြင္ အသားစမ်ား၊ ေသြးစမ်ား ေပက်ံလ်က္... ေရဘဝဲလက္မ်ားက ေႂကြမြသြားလိုက္၊ ျပန္ေကာင္းလာလိုက္ျဖင့္ သံသရာလည္ေနသည္။ ေလွာင္ခ်ိဳင့္ထဲမွ ျပည့္လွ်ံလာေသာ ေသြးမ်ားဟာ အျပင္ဘက္သို႔ စီးက်ေနၿပီး အခန္းထဲတြင္ ေသြးညႇီနံ႔ျပင္းျပင္း ပ်ံ႕လြင့္ေနေတာ့သည္။
အသည္းခိုက္မတတ္ နာက်င္လြန္းသျဖင့္ လူငယ္ေလးက ေအာ္ဟစ္ငိုေႂကြးေနေလသည္။ ခ်န္က်စ္ခ်ဴးမွာ ထိုျမင္ကြင္းကို မၾကည့္ရက္ေတာ့ေပ။ သံႀကိဳးကိုဆြဲၿပီး ေလွာင္ခ်ိဳင့္အနား တိုးသြားသည္။ သို႔ေသာ္ သံႀကိဳး၏အရွည္က အကန႔္အသတ္ရွိ၍ စင္တီမီတာအနည္းငယ္ခန႔္သာ အေရွ႕တိုးသြားႏိုင္သည္။
"က်စ္ခ်ဴး... က်စ္ခ်ဴး..." လူငယ္ေလး၏ မ်က္ႏွာႏွင့္ အလြန္လွပေသာ ေ႐ႊေရာင္ဆံပင္တြင္ ေသြးမ်ားျဖင့္ ႐ႊဲစိုလ်က္၊ မ်က္ရည္စက္မ်ားျဖင့္ ေရာယွက္သြားၿပီး.. : "နာတယ္.."
"ဘာလို႔ ဒီေလွာင္ခ်ိဳင့္ထဲမွာ အဖမ္းခံထားရတာလဲ..?!"
သနားစရာေကာင္းေသာ လူငယ္ေလးကိုၾကည့္ရင္း ခ်န္က်စ္ခ်ဴးမွာ မ်ားမ်ားစားစား မေတြးႏိုင္ေတာ့ေပ။ လက္လွမ္းမမီသျဖင့္ စက္ပိတ္ေပးရန္ ဝက္ဝံ႐ုပ္ေလးကိုသာ ေခၚထုတ္ရေတာ့သည္။
"ေဟာဟဲ.. ေဟာဟဲ.."
စက္ရပ္သြားၿပီးေနာက္ လူငယ္ေလးသည္ ေမာဟိုက္ေနၿပီး ေခါင္းမထူႏိုင္ေတာ့ေပ။ ေတာင့္တင္းေနသည့္ ေက်ာျပင္က ေျပေလ်ာ့သြားၿပီး ေရဘဝဲလက္မ်ားမွ နာက်င္မႈေၾကာင့္ ခႏၶာကိုယ္ေလး ေကြးၫြတ္ေနသည္။ တစ္စစီျဖစ္ေနသည့္ အေသြးအသားမ်ားက ျဖည္းျဖည္းခ်င္း ျပန္ေကာင္းလာေသာ္ျငား နီညိဳေရာင္ေသြးရည္မ်ားက အဆက္မျပတ္ က်ဆင္းေနဆဲ...
"ငါ့အစ္ကိုက ငါ့ကို အျပစ္ေပးတာပါ.. ဘာလို႔လဲဆိုေတာ့ မင္းကို ထိေတြ႕ခဲ့လို႔.. မင္းအေပၚ မထားအပ္တဲ့အေတြးေတြ ထားခဲ့မိလို႔..."
လူငယ္ေလး၏ ျဖဴစင္ရွင္းသန႔္ေသာ မ်က္ဝန္းအိမ္ထဲတြင္ မ်က္ရည္မ်ားျဖင့္ ျပည့္ႏွက္ေန၏။ သူက ခ်န္က်စ္ခ်ဴးကို ဝမ္းနည္းတႀကီး ေငးၾကည့္ကာ.. : "ေတာင္းပန္ပါတယ္.. ငါ့ေၾကာင့္ မင္းပါ အခ်ဳပ္ခံထားရတယ္.. ဒါေပမဲ့ ငါ....."
"ဒါေပမဲ့ မင္း.. ေနာင္တမရဘူးမလား..?"
တံခါးအျပင္ဘက္မွ ေအးစက္စက္ေယာက္်ားသံတစ္ခု ထြက္ေပၚလာသည္။ ခ်န္က်စ္ခ်ဴးေရာ လူငယ္ေလးပါ ထိတ္လန႔္သြားၿပီး လွမ္းၾကည့္လိုက္ေသာအခါ ေအးစက္စက္မ်က္ႏွာထားျဖင့္ အခန္းထဲဝင္လာေသာ ေငြေရာင္ဆံႏြယ္ရွင္လူ႐ြယ္ကို ျမင္လိုက္ရသည္။ သူက လူငယ္ေလး၏ ဒဏ္ရာဒဏ္ခ်က္မ်ားကို ဂ႐ုမစိုက္ဘဲ ေအးတိေအးစက္ ေမးသည္။
"ငါ မင္းကို ထပ္ေမးမယ္.. မင္းဘာမွားလဲသိၿပီလား..? က်စ္ခ်ဴးကို လက္ေလ်ာ့ပါမယ္လို႔ က်ိန္ဆိုမွာလား..?"
"ေတာင္းပန္ပါတယ္ ကိုႀကီး.. ဒါေပမဲ့ ကြၽန္ေတာ္ ေနာင္တမရဘူး.."
လူငယ္ေလး၏အသံက အက္ကြဲၿပီး တိုးသဲ့ေနေသာ္ျငား ခိုင္မာလြန္းလွသည္။
"ေတာင္းပန္ပါတယ္.. ကြၽန္ေတာ္ က်စ္ခ်ဴးကို ခ်စ္မိသြားၿပီ.. လက္မေလ်ာ့ႏိုင္ဘူး.."
"အဲ့လိုလား..?" လူ႐ြယ္၏ ႏႈတ္ခမ္းေထာင့္က ေအးတိေအးစက္ ေကာ့တက္သြားၿပီး.. : "အဲတာဆိုလည္း ဆက္ၿပီးအျပစ္ဒဏ္ခံေန.. က်ိန္ဆိုခ်င္လာတဲ့အထိ အျပစ္ဒဏ္ခံရမယ္.."
ထိုသို႔ေျပာၿပီးေနာက္ သူ၏အၾကည့္က စက္ယႏၲရားထံ ေရာက္သြားသည္။ ၿပီးေနာက္ မ်က္ခုံးပင့္ကာ မ်က္ႏွာျဖဴေဖ်ာ့ေနသည့္ ခ်န္က်စ္ခ်ဴးကို လွည့္ၾကည့္လာၿပီး ႏူးႏူးညံ့ညံ့ေလး ေမးသည္။ : "က်စ္ခ်ဴး.. မင္း သူ႔ကို ကူညီခဲ့တာလား..?"
ခ်န္က်စ္ခ်ဴးအေရွ႕တြင္ လူ႐ြယ္၏အျပဳအမူက အေစာပိုင္းကအေျခအေနႏွင့္ လုံးဝကြာျခားေန၏။ သို႔ေသာ္ အႏွီႏူးညံ့ၾကင္နာမႈက ခ်န္က်စ္ခ်ဴးကို ပိုၿပီးထိတ္လန႔္လာေစသျဖင့္ မထိန္းႏိုင္ေအာင္ ေနာက္ဆုတ္မိရင္း ဝန္ခံလိုက္သည္။ : "... ဟုတ္တယ္.."
ၾကမ္းျပင္ေပၚရွိ ေသြးကြက္မ်ားႏွင့္ ေရဘဝလဲလက္ျပတ္မ်ားေပၚ အၾကည့္ေရာက္သြားခ်ိန္တြင္ ခ်န္က်စ္ခ်ဴး ရင္တုန္သြားသည္။ လူငယ္ေလးအတြက္ ဝမ္းနည္းစိတ္မေကာင္းျဖစ္မိ၍ အသံမာမာျဖင့္ ေအာ္ေျပာလိုက္သည္။ : "ခင္ဗ်ား ဒီလိုလုပ္လို႔မရဘူးေလ.. သူက ခင္ဗ်ားရဲ႕ညီေလး.. ဘယ္လိုလုပ္ ဒီေလာက္အထိ ႏွိပ္စက္ႏိုင္ရတာလဲ..?"
"သူ႔ကိုေရာ ဘာလို႔ကိုယ့္အေပၚ ဒီလိုကိစၥမ်ိဳး လုပ္ရက္တာလဲဆိုတာ ဘာလို႔မေမးတာလဲ..?"
ေငြေရာင္ဆံႏြယ္ရွင္လူ႐ြယ္၏ မ်က္ႏွာေပၚမွ အၿပဳံးရိပ္လည္း လြင့္ျပယ္သြားေခ်ၿပီ။ သူ၏မ်က္ဝန္းမ်ားက ေရခဲတမွ် ေအးစက္ေနၿပီး..
"မင္းနဲ႔လက္ထပ္ရမယ့္လူက ကိုယ္ပါ.. သူက အစ္ကိုျဖစ္သူရဲ႕ လက္တြဲေဖာ္ကို ပစ္မွားၿပီး ကိုယ့္အေပၚ သစၥာေဖာက္ခ်င္ေနတာ.. မင္းေျပာၾကည့္.. ကိုယ္ အျပစ္မေပးသင့္ဘူးလား..?"
"ဒါေပမဲ့ ဒီေလာက္အထိ..."
"သူ မေသပါဘူး.. နာက်င္ခံစားရ႐ုံပဲ.. " လူ႐ြယ္က ဆိုသည္။ : "ၿပီးေတာ့ ကိုယ္ သူ႔ကို ႏွိပ္စက္ေနတာေတာင္ သူက လက္ေလ်ာ့ဖို႔ စိတ္ကူးမရွိေသးဘူး.. အဲ့စကားတစ္ခြန္းကို ေျပာလိုက္တာနဲ႔ ကိုယ္ သူ႔ကို လႊတ္ေပးမွာ.."
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္...."
သူ႔အစ္ကို၏အၾကည့္ကို ရင္ဆိုင္လိုက္ရခ်ိန္တြင္ လူငယ္ေလးသည္ အျပစ္ရွိစိတ္ျဖင့္ ေခါင္းငုံ႔သြားရွာသည္။ သို႔ေသာ္ ေတာင္းပန္ရလွ်င္ပင္ ခ်န္က်စ္ခ်ဴးကို လက္မေလ်ာ့ႏိုင္၊ ေနာင္တရစိတ္လည္း မရွိေပ။
"က်စ္ခ်ဴးက မင္းအတြက္ စိတ္မေကာင္းျဖစ္ေနမွေတာ့ စက္ပိတ္ေပးပါ့မယ္.."
လူ႐ြယ္၏ ႏႈတ္ခမ္းေထာင့္က ေကာ့တက္သြားၿပီး ျဖည္းျဖည္းခ်င္း ေနာက္ဆုတ္ေနေသာ ခ်န္က်စ္ခ်ဴးအနား တိုးကပ္သြားသည္။ တစ္ခ်က္လႈပ္လိုက္႐ုံျဖင့္ ခ်န္က်စ္ခ်ဴး၏လက္ကို ေဆာင့္ဆြဲၿပီး အိပ္ရာေပၚ ပစ္တင္ၿပီးသားပင္။
ၿပီးေနာက္ ခ်န္က်စ္ခ်ဴးအေပၚ အုပ္မိုးလိုက္သည္။ သူ၏ ေငြေရာင္မ်က္ဝန္းမ်ားက အႏွစ္သက္ဆုံးေသာ သားေကာင္ေလးကို ျမင္ေနရသကဲ့သို႔ ေတာက္ပလ်က္။ ေခါင္းငုံ႔ကာ ခ်န္က်စ္ခ်ဴး၏နဖူးထက္သို႔ အနမ္းဖြဖြေႁခြလိုက္သည္။ ၿပီးေနာက္ နား႐ြက္နားကပ္ကာ ႏွစ္ကိုယ္ၾကားစကားဆိုသည္။
"မင္းတို႔ႏွစ္ေယာက္ကို ဘာလို႔ တစ္ေနရာတည္းမွာ ခ်ဳပ္ေႏွာင္ထားတာလဲသိလား..?"
ခ်န္က်စ္ခ်ဴး၏ အေျဖကိုမေစာင့္ဘဲ အၿပဳံးေလးျဖင့္ ဆက္ေျပာလာသည္။ : "ရက္အနည္းငယ္ၾကာရင္ ကိုယ္တို႔ရဲ႕မဂၤလာပြဲကို က်င္းပေတာ့မွာ.. အခု ကိုယ္ မင္းကို ပိုင္ဆိုင္သြားၿပီဆိုတာ သူ႔ရဲ႕မ်က္လုံးေတြနဲ႔ သူကိုယ္တိုင္ ျမင္ရေစမယ္.. မင္းက ကိုယ္တစ္ေယာက္တည္းရဲ႕အပိုင္ ျဖစ္လာၿပီး ကိုယ့္အတြက္ သားသမီးရတနာေလးေတြ ေမြးဖြားေပးရမယ္.."
ခ်န္က်စ္ခ်ဴးခမ်ာ ေက်ာခ်မ္းသြားသည္။ တစ္ကိုယ္လုံး ေတာင့္တင္းစြာျဖင့္ သူ၏ပါးျပင္ကို ပြတ္သပ္ေနေသာ လူ႐ြယ္၏ အထိအေတြ႕ကို လက္ခံေနရသည္။ လူ႐ြယ္က သူ႔ကို နမ္းေတာ့မည့္အခ်ိန္ အခန္းတံခါးအျပင္မွ အေစခံတစ္ဦး၏ သတင္းပို႔သံ ထြက္ေပၚလာသည္။
"သခင္.. 'ထာဝရအိပ္စက္ျခင္း'ၿမိဳ႕ေတာ္ရဲ႕ အရွင္သခင္နဲ႔ ဗန္ပိုင္းယားသခင္ေလး အလည္ေရာက္လာပါၿပီ.. အျပင္ထြက္ၿပီး သူတို႔ကို လက္ခံႀကိဳဆိုရပါမယ္.."
"ေကာင္းၿပီ.. လာခဲ့မယ္.."
လူ႐ြယ္က ျပန္ေျဖၿပီးေနာက္ ခ်န္က်စ္ခ်ဴးကို ၿပဳံးျပလာသည္။ : "သူတို႔က မဂၤလာပြဲတက္ဖို႔ ကိုယ္ဖိတ္ထားတဲ့ ဧည့္သည္ေတာ္ေတြေလ.. သူတို႔ကို သြားၿပီးဧည့္ခံလိုက္ဦးမယ္.. ေနာက္မွေတြ႕မယ္ေနာ္ က်စ္ခ်ဴး.."
ထိုသို႔ေျပာၿပီးေနာက္ အခန္းထဲမွ လွည့္ထြက္သြား၏။ ခ်န္က်စ္ခ်ဴးလည္း စိတ္သက္သာရာရသြားၿပီး System ကို ခပ္ျမန္ျမန္ ေမးလိုက္သည္။
[ ဒီသံႀကိဳးေတြ ျဖဳတ္ေပးလို႔ရလား..? ]
ေရသူထီးအငယ္ေလးလည္း ရွိေနေသးသည္။ သူ႔ကို ကယ္တင္ေပးၿပီး အႏၲရာယ္ကင္းသည့္ ေနရာတစ္ခုခုသို႔ ေခၚသြားခ်င္သည္။ ဤေနရာတြင္ ဆက္ေနခိုင္း၍မျဖစ္ေပ။
ေရသူထီးအစ္ကိုႀကီးက တကယ့္ကို အ႐ူးတစ္ေယာက္ပဲ။ သူ႔ညီအရင္းကိုေတာင္ ဒီလိုမ်ိဳးႏွိပ္စက္ရက္တာ ၾကည့္ေတာ့။ ဘာပဲေျပာေျပာ သူတို႔အားလုံးက ပိုင္ရိရဲ႕ ဝိညာဥ္ပုံရိပ္ေတြဆိုေတာ့ အခ်င္းခ်င္း ထိခိုက္နာက်င္ေအာင္ လုပ္ေနတာကို မၾကည့္ရက္ဘူး..!
[ ကိစၥမရွိဘူး.. ဒီေလာက္က ေအးေဆး.. ]
System က ယုံၾကည္ခ်က္ရွိရွိ ျပန္ေျဖ၏။ ခ်န္က်စ္ခ်ဴးကို တုပ္ေႏွာင္ထားသည့္ သံႀကိဳးမ်ား တစ္ခုၿပီးတစ္ခု ပြင့္သြားၿပီး လူငယ္၏ အံ့ဩေနေသာ အၾကည့္ေအာက္တြင္ ခ်န္က်စ္ခ်ဴးက လူငယ္ကို ဒဏ္ရာအျမန္သက္သာေအာင္ အနာက်က္ေဆး တိုက္လိုက္သည္။ ၿပီးေနာက္ System ၏ ၫႊန္ၾကားခ်က္အတိုင္း ထြက္ေျပးလာခဲ့သည္။
သူ႔အေနျဖင့္ တယ္လီပို႔အစြမ္း ျပန္သုံးႏိုင္မည့္အခ်ိန္ကို ေစာင့္ေန႐ုံသာ။ ေရသူထီးအငယ္ေလးကို လုံၿခဳံသည့္တစ္ေနရာသို႔ ေခၚသြားေပးၿပီး စစ္သည္ေတာ္ႏွစ္ဦးကို နမ္းရမည္။
ခ်န္က်စ္ခ်ဴးက ထိုအေတြးျဖင့္ လူငယ္ေလးကို ေမးသည္။ : "ေရမရွိတဲ့ေနရာမွာ အခ်ိန္အၾကာႀကီးေနလို႔ရလား..?"
"ေနလို႔ရပါတယ္.. ဒါေပမဲ့ ယာယီလူသားပုံစံေျပာင္းႏိုင္တဲ့ ေမွာ္ေဆးရည္ေတာ့ လိုတယ္.. မဟုတ္ရင္ ငါ့ရဲ႕ေရဘဝဲလက္ေတြ ေျခာက္ေသြ႕ကုန္လိမ့္မယ္.."
ထိုသို႔ေျပာရင္း လူငယ္၏မ်က္ဝန္းမ်ား ေတာက္ပလာသည္။ သူက ခ်န္က်စ္ခ်ဴးအား ေမွ်ာ္လင့္တႀကီး စိုက္ၾကည့္ကာ.. : "ရတနာခန္းထဲသြားၿပီး ေဆးရည္ခိုးလို႔ရတယ္.. က်စ္ခ်ဴး.. မင္း ငါ့ကို ခိုးေျပးခ်င္လို႔လားဟင္..? ငါလည္း မင္းရဲ႕တိုင္းျပည္ကို လိုက္ၾကည့္ခ်င္တယ္.."
"ဟုတ္ပါၿပီ.. ေခၚသြားေပးမယ္.."
ခ်န္က်စ္ခ်ဴး၏စိတ္ထဲ အနည္းငယ္ လိပ္ျပာမလုံျဖစ္လာသည္။ သူက ခိုးေျပးရန္မဟုတ္၊ ေရသူထီးအငယ္ေလးကို ေဘးလြတ္ရာသို႔ ပို႔ေပးခ်င္႐ုံသာ။ အနမ္းအားလုံး ရယူၿပီးလွ်င္ ဝိညာဥ္ပုံရိပ္မ်ား ေပ်ာက္ကြယ္ၿပီး Instance လည္း လုံးဝဥႆုံ ပ်က္စီးသြားလိမ့္မည္။ ထို႔ေၾကာင့္ လူငယ္ေလးကို သြားစြန႔္ပစ္တာဟု မဆိုသာေပ။
သို႔ေသာ္ ဤအေျခအေနႏွင့္ ရင္းႏွီးေနသလိုလို... တစ္ခဏစဥ္းစားၾကည့္ၿပီးေနာက္ ခ်န္က်စ္ခ်ဴး အေတြးေပါက္သြားသည္။ ေရသူထီးအငယ္ေလးက 'The Little Mermaid' ထဲမွ ေရသူမေလးႏွင့္ တကယ့္ကို တူလြန္းေနသည္ေလ...
လူငယ္ေလးက ေမွာ္ေဆးရည္ေသာက္ၿပီး လူသားအသြင္ ေျပာင္းလိမ့္မည္။ ေျခေထာက္တစ္စုံရရန္ နာက်င္ခံစားခဲ့ရေသာ ေရသူမေလးကဲ့သို႔ ေရသူထီးအငယ္ေလးလည္း သူ၏ ေရဘဝဲလက္မ်ားကို စက္ယႏၲရားျဖင့္ ႀကိတ္ေျခခံခဲ့ရသည္။ မင္းသားေလးျဖစ္သည့္ သူက ေရဘဝဲအစ္ကိုႀကီးႏွင့္ လက္ထပ္ရန္ျဖစ္လာၿပီး ေရသူထီးအငယ္ေလးက သူတို႔၏မဂၤလာပြဲကို မ်က္ျမင္ေတြ႕ရလုနီးပါး ျဖစ္ခဲ့ရသည္။
ထိုအခိုက္ ခ်န္က်စ္ခ်ဴး၏ေခါင္းထဲတြင္ ေပါက္ကရအေတြးမ်ိဳးစုံ ေပၚလာခဲ့၏။ သို႔ေသာ္ ဟိုေလွ်ာက္ေတြးသည္ေလွ်ာက္ေတြးျဖင့္ အခ်ိန္ျဖဳန္းမရေပ။ လူငယ္ေလးကိုေခၚၿပီး တယ္လီပို႔အစြမ္း ျပန္သုံးႏိုင္မည့္အခ်ိန္ထိ ပုန္းေနလိုက္သည္။ အခ်ိန္က်၍ System က တယ္လီပို႔လုပ္ေပးေတာ့မည့္အခ်ိန္ သမုဒၵရာၾကမ္းျပင္က ႐ုတ္တရက္ လႈပ္ယမ္းလာသည္။
"ဝုန္း..."
ထိုအခ်ိန္ ပင္ပခန္းမႀကီး၏ နံရံပင္ တုန္ခါလာၿပီး ပင္လယ္အျပင္တြင္ မုန္တိုင္းတိုက္ေနသကဲ့သို႔ တေဝါေဝါျမည္သံႀကီး ထြက္ေပၚလာသည္။
[ အာကာသစီးေၾကာင္းပ်က္ယြင္းတာပဲ..! ]
System က ေအာ္ေျပာေသာ္လည္း တယ္လီပို႔စတင္ေနၿပီျဖစ္၍ ရပ္တန႔္ရန္ ေနာက္က်သြားေခ်ၿပီ။ အလင္းတန္းတစ္ခု ထြက္ေပၚလာၿပီး ခ်န္က်စ္ခ်ဴးႏွင့္ လူငယ္ေလးကို တျခားေနရာသို႔ ေျပာင္းေ႐ႊ႕လိုက္သည္။ သူတို႔ေရာက္သြားသည္ကား အလြန္လွပခမ္းနားသည့္ ခန္းမႀကီးတစ္ခု၊ ေဘးပတ္ပတ္လည္ကို စူးစမ္းၾကည့္ေသာအခါ သႏၲာေက်ာက္ခက္၊ ပုလဲမ်ားျဖင့္ အလွဆင္ထားေၾကာင္း ျမင္လိုက္ရသည္။ ခန္းမထဲရွိ စားပြဲရွည္ႀကီး၏ ထိပ္ဆုံးေနရာတြင္ ထိုင္ေနသူကား...
ခ်န္က်စ္ခ်ဴးတစ္ေယာက္ ေငြေရာင္ဆံႏြယ္ရွင္လူ႐ြယ္ကို ျမင္လိုက္ရေလသည္။ ေရသူထီးအစ္ကိုႀကီးေၾကာင့္ ထိတ္လန႔္ေနစဥ္ ထိုသူ၏ေဘးတြင္ ထိုင္ေနသည့္ အလြန္ေခ်ာေမာေသာ လူ႐ြယ္ေလးကို ျမင္လိုက္ရေသာအခါ သူ၏ေျခေထာက္ပင္ ေပ်ာ့ေခြသြားရသည္။
ထို႔အျပင္ သူတို႔ႏွစ္ဦးတည္းမဟုတ္။ ခ်န္က်စ္ခ်ဴးကို ေက်ာေပးထိုင္ေနသူက ေနာက္လွည့္ၾကည့္လာသည္။ ျဖဴေရာ္ေနသည့္ မ်က္ႏွာေခ်ာေခ်ာေလးႏွင့္ ၾကယ္စင္ဝတ္႐ုံကို ျမင္လိုက္ရသည့္အခိုက္ ခ်န္က်စ္ခ်ဴး တန္းမွတ္မိသြားသည္။ ထိုသူကား အ႐ြယ္ေရာက္ရင့္က်က္လာသည့္ ခရစ္စ္ပင္ ျဖစ္သည္။
စစ္သည္ေတာ္ႏွစ္ဦးကလည္း တံခါးဝတြင္ ရပ္ေစာင့္ေန၏။ အခန္းထဲတြင္ ႐ုတ္တရက္ႀကီး လူႏွစ္ေယာက္ေပၚလာေသာအခါ သူတို႔က ခ်က္ခ်င္းဓားထုတ္ၿပီး ႐ြယ္လိုက္သည္။ သို႔ေသာ္ ခ်န္က်စ္ခ်ဴး၏မ်က္ႏွာကို ျမင္လိုက္ရခ်ိန္ တုံ႔ဆိုင္းသြားၾကသည္။ ေခါင္းေဆာင္းဝတ္ထားသျဖင့္ မ်က္ႏွာအမူအရာကိုေတာ့ မျမင္ရေခ်။
ဘယ္လိုျဖစ္ၿပီး အကုန္လုံး ဒီေရာက္ေနတာလဲ..?
သူက လူငယ္၏လက္ကို ကိုင္ထားစဥ္ အကုန္လုံးက သူ႔ကို ဝိုင္းၾကည့္ေနသျဖင့္ ခ်န္က်စ္ခ်ဴး၏ မ်က္ႏွာေလး ျဖဴေရာ္သြားသည္။ သူ႔ခမ်ာ သတိလစ္ေတာ့မလိုပင္။
"သတိရလာၿပီလား..?"
ကာရွာက ဆတ္ခနဲ ထရပ္လိုက္သည္။ သူ၏ အနီေရာင္မ်က္ဝန္းထဲတြင္ ေပ်ာ္႐ႊင္အံ့ဩရိပ္တို႔ ဖုံးလႊမ္းေနေသာ္ျငား ထိုခံစားခ်က္မ်ားကို ကပ်ာကယာ ဖုံးဖိရင္း ႏႈတ္ခမ္းတင္းတင္းေစ့ကာ ေအးတိေအးစက္ ဟန္ေဆာင္ေျပာသည္။ : "ဘာလို႔ ဒီေရာက္ေနတာလဲ..?"
ေငြေရာင္ဆံႏြယ္ရွင္ေလးကလည္း ခ်န္က်စ္ခ်ဴးကို စိုက္ၾကည့္လာသည္။ သူ၏ႏႈတ္ခမ္းေထာင့္က ေကာ့တက္ေနၿပီး အၿပဳံးရိပ္တို႔ လႊမ္းၿခဳံလ်က္.. : "ဟုတ္တယ္.. ကိုယ္လည္း ေမးေတာ့မလို႔.. မင္း ကိုယ့္ကို လာရွာတာလား..?"
သူက ထိုသို႔ေျပာၿပီးေနာက္ အခန္းထဲရွိလူအားလုံးကို ေဝ့ၾကည့္ၿပီး.. : "ငါ့ရဲ႕လက္တြဲေဖာ္လည္း ေရာက္လာၿပီဆိုေတာ့ လူတိုင္းနဲ႔ မိတ္ဆက္ေပးပါ့မယ္.. သူက 'ဘိုအာ'တိုင္းျပည္ရဲ႕ အိမ္ေရွ႕မင္းသား က်စ္ခ်ဴးပါ.. ငါနဲ႔ လက္ထပ္ေတာ့မယ့္လူေပါ့.."
"သူက မင္းသားတစ္ပါး.. ၿပီးေတာ့ မင္းနဲ႔ လက္ထပ္ရမယ့္လူလို႔ ေျပာခ်င္တာလား..?"
ကာရွာက အူေၾကာင္ေၾကာင္ျဖစ္ေနၿပီးေနာက္ ေအးစက္စက္ ႏွာမႈတ္လိုက္ရင္း.. : "အဓိပၸါယ္မရွိတာေတြ.. သူက ေမွာ္မွန္ထဲမွာေနတဲ့ ဝိညာဥ္ေလးပဲ.. ဘယ္ေတာ့မွ မင္းရဲ႕လက္တြဲေဖာ္ ျဖစ္လာမွာမဟုတ္ဘူး.."
ခရစ္စ္က ဘာမွမေျပာဘဲ ခ်န္က်စ္ခ်ဴးကို စိုက္ၾကည့္ေနသည္။ သူ၏မ်က္ႏွာေပၚတြင္ မည္သည့္ခံစားခ်က္မွ်မရွိ။ သို႔ေသာ္ မ်က္ဝန္းအိမ္၏ အနက္ရႈိင္းဆုံးေနရာတြင္ ခံစားခ်က္တစ္စုံတရာ ရွိေနသည္။ သူက ႐ုတ္တရက္ မတ္တပ္ရပ္ကာ ခ်န္က်စ္ခ်ဴးအနား ေလွ်ာက္သြားသည္။
လူသားခႏၶာကိုယ္ပဲ..!
လြန္ခဲ့တဲ့ႏွစ္တစ္ေထာင္တုန္းက မေသမ်ိဳးေမွာ္ပညာကိုသုံးၿပီး ေမွာ္ဆရာေလးရဲ႕ဝိညာဥ္ကို အႀကိမ္ႀကိမ္ ဆင့္ေခၚခဲ့ေပမယ့္ တစ္ဖက္လူက ဒီကမာၻေလာက,ကေန အေငြ႕ပ်ံသြားသလိုမ်ိဳး လုံးဝတုံ႔ျပန္မႈမရွိခဲ့ဘူး..!
ဝိညာဥ္တစ္ခု မတုံ႔ျပန္ဘူးဆိုတာ လုံးဝပ်က္စီးေပ်ာက္ကြယ္သြားလို႔။ ဒါမွမဟုတ္ ျပန္ဝင္စားလို႔ပဲ။ ဒီေကာင္ေလးက....... ျပန္ဝင္စားတာလား..?
ခ်န္က်စ္ခ်ဴး၏ မ်က္ႏွာေပၚတြင္ ေခြၽးျပန္လာေခ်ၿပီ။ ဤေနရာမွ ထြက္ေျပးခ်င္ေသာ္လည္း System က ႐ုတ္တရက္ ထေအာ္ေလသည္။
[ ဘယ္လိုျဖစ္တာလဲ.. စစ္သည္ေတာ္တစ္ေယာက္နဲ႔ နမ္းၿပီးၿပီတဲ့..? ထားလိုက္ပါေတာ့.. ဒါလည္း ေကာင္းတာပဲ.. က်န္တဲ့တစ္ေယာက္ကို ျမန္ျမန္နမ္းလိုက္ေတာ့.. ညာဘက္ကတစ္ေယာက္..! ]
ထိုစကားေၾကာင့္ ခ်န္က်စ္ခ်ဴး စိတ္လႈပ္ရွားသြားသည္။ ႏွစ္ေယာက္လုံးကို နမ္းရမည္ဆိုလွ်င္ အဆင္မေျပေသာ္လည္း တစ္ေယာက္တည္းဆိုလွ်င္ေတာ့ သူ႔တြင္ အခြင့္အေရးရွိႏိုင္ေသးသည္။ တယ္လီပို႔ကဒ္ျဖင့္ ေနရာေ႐ႊ႕ၿပီး လႈပ္ရွားလိုက္႐ုံသာ။
ထိုအေတြးႏွင့္အတူ တုံ႔ဆိုင္းမေနဘဲ ခ်က္ခ်င္း လႈပ္ရွားလိုက္သည္။ 'တယ္လီပို႔ကဒ္'ကို အသက္သြင္းကာ စစ္သည္ေတာ္အနား ေ႐ႊ႕ေျပာင္းၿပီး စစ္သည္ေတာ္၏ ေခါင္းေဆာင္းကို ဆြဲခြၽတ္လိုက္၏။ မ်က္ႏွာေခ်ာေခ်ာေလး ေပၚလာသည္ႏွင့္ ႏႈတ္ခမ္းထက္သို႔ ခပ္ဖြဖြေလး နမ္းလိုက္ေလသည္။
"..........."
ခန္းမႀကီးတစ္ခုလုံး ေၾကာက္စရာေကာင္းေအာင္ တိတ္ဆိတ္သြားသည္။ လူတိုင္း၏အၾကည့္က ခ်န္က်စ္ခ်ဴးေပၚ က်ေရာက္လာသည္။ အနမ္းခံလိုက္ရသည့္ 'ခိုင္း'ခမ်ာလည္း သူ႔ႏႈတ္ခမ္းသူကိုင္ရင္း ခံစားခ်က္မဲ့ေနသည့္ မ်က္ႏွာထက္ အံ့ဩရိပ္တို႔ ျဖစ္တည္လာသည္။
"က်စ္ခ်ဴး..?"
ေငြေရာင္ဆံႏြယ္ရွင္ေရသူထီးက အႀကိမ္အနည္းငယ္ခန႔္ မ်က္ေတာင္ခတ္ၿပီး ခ်န္က်စ္ခ်ဴးကို လွမ္းေအာ္သည္။ ေရသူထီးအငယ္ေလးကလည္း မယုံၾကည္ႏိုင္သလို လွည့္ၾကည့္လာသည္။ သူ၏မ်က္ဝန္းအစုံက နီရဲလ်က္၊ ခ်န္က်စ္ခ်ဴး တျခားတစ္ေယာက္ႏွင့္ နမ္းေနတာကို လက္မခံႏိုင္ပုံပင္။
ခ်န္က်စ္ခ်ဴး၏ မ်က္ႏွာတစ္ျပင္လုံး ေခြၽးေစးမ်ားျဖင့္ ႐ႊဲနင့္ေနေခ်ၿပီ။ ထိုသို႔လုပ္လိုက္ရသည့္ အေၾကာင္းအရင္းကို မရွင္းျပႏိုင္သျဖင့္ ဝိညာဥ္ပုံရိပ္မ်ား၏ အၾကည့္စူးစူးကို ေရွာင္တိမ္းရင္း အျမန္ဆုံး ေပ်ာက္ကြယ္သြားရန္သာ ဆုေတာင္းေနမိေတာ့သည္။
[ အကုန္လုံးကို နမ္းၿပီးၿပီလို႔..! ]
[ ဟုတ္ၿပီ.. ဟုတ္ၿပီ.. သူတို႔အားလုံး သန႔္စင္သြားၿပီဆိုေတာ့ ဘာျပႆနာမွမရွိေတာ့ဘူး..! ]
System ၏စကားဆုံးသည္ႏွင့္ ဝိညာဥ္ပုံရိပ္မ်ားလည္း စတင္ေပ်ာက္ကြယ္လာသည္။ ထို႔ေနာက္တြင္မူ ခန္းမတစ္ခုလုံး ဗလာက်င္းသြားၿပီး ခ်န္က်စ္ခ်ဴးတစ္ဦးတည္းသာ က်န္ရစ္ခဲ့ေတာ့သည္။
"ဟူး...."
ခ်န္က်စ္ခ်ဴးက သက္ျပင္းခ်လိုက္သည္။ သူ တကယ္ကို ေၾကာက္လန႔္ေနျခင္းပင္။ အနမ္းမစ္ရွင္ၿပီးသြား၍သာ ေတာ္ေသးသည္။ မဟုတ္လွ်င္ ေနာက္ဆက္တြဲကိစၥမ်ားကို ဆက္မေတြးရဲေပ။
[ ေနာက္တစ္ဆင့္အေနနဲ႔ ေငြဒဂၤါးကိုသုံးၿပီး Instance ကို ဖ်က္ဆီးပစ္လိုက္ေတာ့.. ] System က ေျပာသည္။ : [ ၿပီးရင္ ကမာၻအစစ္ျပန္ၿပီး ပိုင္ရိနဲ႔ ေတြ႕လို႔ရၿပီ.. ]
[ ဟုတ္ၿပီ... ]
ခ်န္က်စ္ခ်ဴးက ေငြဒဂၤါးကိုထုတ္ၿပီး ခ်က္ခ်င္း သေဘာတူလိုက္သည္။ သူ၏စိတ္ထဲ အထီးက်န္စိတ္ႏွင့္ ေပ်ာ္႐ႊင္မႈတို႔ လႈိက္တက္လာ၏။ Instance ထဲေရာက္ေနတာ အခ်ိန္အေတာ္ၾကာသြားၿပီျဖစ္၍ သူ၏မိသားစုႏွင့္ ပိုင္ရိကို အလြန္လြမ္းသည္။ ေရသူထီးႏွင့္ က်န္လူမ်ားသည္ ပိုင္ရိ၏ ဝိညာဥ္ပုံရိပ္မ်ားျဖစ္ေသာ္လည္း သူ႔အတြက္ေတာ့ ခံစားခ်က္မတူေပ။
"ခ်လြမ္.."
ေသြးနီေရာင္ဒဂၤါးသည္ အလြန္လွပစြာ ေဝ့ဝိုက္တက္သြားၿပီး ခ်န္က်စ္ခ်ဴး၏လက္ထဲသို႔ ျပန္က်လာသည္။ နတ္ဆိုးမ်က္ႏွာဘက္သို႔ က်ခဲ့ေလသည္။
တစ္ႀကိမ္...
ခ်န္က်စ္ခ်ဴးက အသံတိတ္ေရတြက္ရင္း ေငြဒဂၤါးကို ထပ္ေျမႇာက္လိုက္၏။ ေငြဒဂၤါးက နတ္ဆိုးမ်က္ႏွာဘက္သို႔ ထပ္က်သည္။
"ဝုန္း.."
သို႔ေသာ္ ထိုအခိုက္အတန႔္ ပင္လယ္ၾကမ္းျပင္က အရွိန္ျပင္းျပင္း တုန္ခါလာသည္။ ေရေအာက္နန္းေတာ္ထဲမွ ပစၥည္းမ်ား ၿပိဳလဲပ်က္စီးကုန္ၿပီး ျပတင္းေပါက္အျပင္တြင္ ေရပူေဖာင္းမ်ားစြာ ျဖစ္ေပၚလာသည္။ ပင္လယ္ၾကမ္းျပင္ေအာက္မွ ေျမမႈန္မ်ားလည္း ႂကြတက္လာသျဖင့္ ပင္လယ္ေရက ေနာက္က်ိေနေတာ့သည္။ ပို၍ထူးဆန္းသည္က ပင္လယ္ေရအားလုံး ေသြးေရာင္ေျပာင္းသြားျခင္းပင္။
"ခ်လြမ္..!"
ခ်န္က်စ္ခ်ဴးသည္ ေငြဒဂၤါးကို ေသခ်ာမကိုင္ထားမိ၍ တုန္ခါမႈအရွိန္ေၾကာင့္ ေအာက္ျပဳတ္က်သြားသည္။ ကံေကာင္းေထာက္မစြာျဖင့္ ဒဂၤါးထဲမွာရွိသည့္ နတ္ဆိုးေလးက ေငြဒဂၤါးကိုထိန္းခ်ဳပ္ၿပီး နတ္ဆိုးမ်က္ႏွာဘက္သို႔ က်ေစခဲ့သည္။ ဤသို႔ျဖင့္ ေနာက္တစ္ႀကိမ္ ေအာင္ျမင္သြားျပန္သည္။
ခ်န္က်စ္ခ်ဴး၏နားထဲတြင္ နတ္ဆိုး၏စကားသံ ျမည္ဟည္းလာသည္။ : "မင္းအသုံးခ်ေနတဲ့ ကံဆိုးမႈေတြက Instance ကို ပ်က္စီးေစ႐ုံတင္မကဘူး မင္းအေပၚလည္း သက္ေရာက္မႈရွိလာလိမ့္မယ္.. ဒဂၤါးေျမႇာက္ေလ ကံဆိုးေလ မင္းရဲ႕ဆႏၵေတြျပည့္ဝဖို႔ ခက္ခဲလာေလပဲ.. မင္းရဲ႕ကံဆိုးမႈေတြက ေနာက္ဆုံးအခ်ိန္က်မွ ကပ္ၿပီးေရာက္လာႏိုင္တယ္.. Instance ကို ဖ်က္ဆီးလို႔မရတာမ်ိဳး ျဖစ္သြားႏိုင္တယ္.."
[ ေသစမ္း.. မင္း ေငြဒဂၤါးသုံးေနတာကို မစၥတာမု သိသြားၿပီ.. သူ မင္းကို သတ္ခ်င္ေနၿပီ..! ]
System ေအာ္ေနစဥ္မွာပင္ ေသြးနီေရာင္ပင္လယ္ေရမ်ားက ျပတင္းေပါက္မွန္ကိုခြဲၿပီး ခန္းမႀကီးထဲ ဒလေဟာဝင္လာ၏။ ခ်န္က်စ္ခ်ဴးခမ်ာ ေဆးေသာက္ရန္ပင္ အခ်ိန္မရလိုက္၊ ပင္လယ္ေရထဲ နစ္မြန္းသြားသည္။ ပါးစပ္ႏွင့္ႏွာေခါင္းထဲ ပင္လယ္ေရမ်ားျဖင့္ ႐ုတ္ခ်ည္း ျပည့္ႏွက္သြားေလသည္။
ေခါင္းအစေျခအဆုံး ေရခဲတမွ်ေအးစက္ေနသည့္ ပင္လယ္ေရျဖင့္ လႊမ္းၿခဳံခံလိုက္ရၿပီး မ်က္လုံး၊ ႏွာေခါင္းႏွင့္ ပါးစပ္မ်ားပင္ နာက်င္လာသည္။ သူ အသက္မရႉႏိုင္ေတာ့ေပ။ အေၾကာက္ေၾကာက္အလန႔္လန႔္ျဖင့္ System market ထဲမွ ေဆးဝယ္လိုက္ေသာ္လည္း ကံဆိုးေနသည့္အရွိန္ေၾကာင့္ ေဆးက ပင္လယ္ေရထဲ ေပ်ာ္ဝင္သြားသည္။
[ အားတင္းထားဦး.. မင္းေသလို႔မျဖစ္ဘူး..!! ]
ခ်န္က်စ္ခ်ဴးတစ္ေယာက္ ေရစီးအရွိန္ျဖင့္ ေမ်ာပါသြား၏။ System က ခ်န္က်စ္ခ်ဴးကို တယ္လီပို႔လုပ္ရန္ စိုးရိမ္တႀကီး ႀကိဳးစားေနေသာ္လည္း တယ္လီပို႔အစြမ္းက သက္မွတ္ခ်ိန္မျပည့္ေသး၍ သုံးမရေပ။ ထို႔ေၾကာင့္ ခ်န္က်စ္ခ်ဴးကို ေဘးအႏၲရာယ္ကင္းသည့္ ေနရာသို႔ မပို႔ႏိုင္ခဲ့ေခ်။
ေ႐ြးခ်ယ္စရာမရွိေတာ့ဘူး...
ပင္လယ္ေရထဲေမ်ာပါသြားေသာ ေငြဒဂၤါးမွ အလင္းေရာင္တခ်ိဳ႕ ထြက္ေပၚလာသည္။ ထို႔ေနာက္ ေငြဒဂၤါးေပ်ာက္သြားၿပီး ပိန္ပါးရွည္သြယ္သည့္ ပုံရိပ္တစ္ခု အစားထိုးဝင္ေရာက္လာသည္။
ၾကည့္ေကာင္းလြန္းေသာ ထိုနတ္ဆိုးသည္ အ႐ိုးစုေတာင္ပံကို ျဖန႔္က်က္လ်က္၊ ပင္လယ္ေရအရွိန္က သူ႔အေပၚ သက္ေရာက္မႈရွိပုံ မေပၚေခ်။ ခ်န္က်စ္ခ်ဴးကို ေက်ာေအာက္မွေပြ႕ခ်ီၿပီး ေတာင္ပံခတ္ကာ ေရစီးေၾကာင္းထဲမွ အသာေလး ႐ုန္းထြက္သြားသည္။ ၿပီးေနာက္ ပင္လယ္ေရေပၚ တက္သြားၿပီး ခ်န္က်စ္ခ်ဴးကို သယ္ေဆာင္လ်က္ ေလထဲတြင္ ပ်ံဝဲေနသည္။
က်ိန္စာေျပသြားကတည္းက နတ္ဆိုးခ်ဲလ္မန္းသည္ ေငြဒဂၤါးထဲတြင္ေနရင္း သူ၏စြမ္းအားမ်ားကို ျဖည္းျဖည္းခ်င္း ျပန္ရေနၿပီျဖစ္၏။ ယခုေတာ့ သူ၏ပုံစံအမွန္ကိုပင္ ျပန္ေျပာင္းႏိုင္ေခ်ၿပီ။ သို႔ေသာ္ ဤပုံစံျဖင့္ အခ်ိန္အၾကာႀကီး မေနႏိုင္ေသးေပ။ ပုံျပန္မေျပာင္းခင္ ခပ္ျမန္ျမန္ ေျဖရွင္းရမည္။
ခ်ဲလ္မန္းက ေကာင္းကင္ေပၚကို ေမာ့ၾကည့္သည္။ ေ႐ႊေရာင္မ်က္ဝန္းထဲတြင္ မိုးေကာင္းကင္၏ ေၾကာက္မက္ဖြယ္ျမင္ကြင္းက ထင္ဟပ္လ်က္၊ သူ၏ႏႈတ္ခမ္းေထာင့္မ်ား တြန႔္ေကြးသြားသည္။ လက္တစ္ဖက္က ခ်န္က်စ္ခ်ဴးကို ေပြ႕ခ်ီထားၿပီး က်န္လက္တစ္ဖက္ျဖင့္ ေပ်ာ္ေပ်ာ္ပါးပါး လက္ေဝွ႔ယမ္းျပကာ...
"မေတြ႕တာၾကာၿပီ.."
မိုးၿခိမ္းသံတစ္ခ်က္ ထြက္ေပၚလာသည္။ ပုံမေဖာ္ႏိုင္သည့္ မေကာင္းဆိုးဝါးႀကီးက ခ်ဲလ္မန္းကို ျပန္ႏႈတ္ဆက္ေနသကဲ့သို႔၊ သို႔ေသာ္ ႏႈတ္ဆက္ခ်င္ဟန္လည္း မေပၚေခ်။ မည္သို႔ဆိုေစ ခ်ဲလ္မန္းကလည္း အဖက္မလုပ္။ မေကာင္းဆိုးဝါးျဖစ္သြားသည့္ မစၥတာမု၏ စကားကို လုံးဝဂ႐ုမစိုက္ေခ်။
သူ၏လက္ေခ်ာင္းေလးမ်ားက ညင္သာစြာ လႈပ္ရွားေနၿပီး ထိုလက္ေခ်ာင္းမ်ားၾကားတြင္ ေသြးနီေရာင္ေငြဒဂၤါး ရွိေနသည္။
"ဒီေငြဒဂၤါးကို တစ္ခါမွ ကိုယ္တိုင္မသုံးဖူးဘူး.." သူက ပခုံးတြန႔္ရင္း ေငြဒဂၤါးကို ေျမႇာက္လိုက္သည္။ : "ဒါေပမဲ့ စိတ္ဝင္စားဖို႔ေတာ့ ေကာင္းသားပဲ.."
ကံဆိုးမႈဆက္တိုက္တိုးေနသည္ႏွင့္အမွ် ကမာၻေလာကတစ္ခုလုံး စတင္တုန္ခါလာၿပီး ေၾကာက္မက္ဖြယ္ အေမွာင္ထုအက္ေၾကာင္းႀကီးမ်ား ေပၚထြက္လာသည္။ အာကာသလြင္ျပင္က စတင္ၿပိဳလဲေနေခ်ၿပီ။ ေကာင္းကင္ေပၚရွိ ဧရာမမ်က္လုံးမ်ားလည္း ကြဲအက္လာၿပီး အဘက္ဘက္မွ ၾကက္သီးေမြးညင္းထဖြယ္ ေအာ္သံႀကီးမ်ား ၾကားေနရသည္။
"မင္းက ငါ့ရဲ႕သခင္ ျဖစ္ခဲ့ဖူးတယ္ဆိုေတာ့ မင္းရဲ႕ 'ၾကင္နာမႈ'ကို တစ္သက္လုံး အမွတ္ရေပးေနမွာပါ.."
ခ်ဲလ္မန္းက ေပါ့ေပါ့ပါးပါး ၿပဳံးရယ္ရင္း..
"မင္းေက်းဇူးနဲ႔ ငါ့ရဲ႕စြမ္းအားေတြ ခ်ိပ္ပိတ္ခံခဲ့ရတာဆိုေတာ့.. ဒီေန႔... အဲ့ေက်းဇူးေတြ ျပန္ဆပ္ရေတာ့မွာေပါ့.."
"ၿပီးေတာ့ ငါ့ရဲ႕လက္ရွိသခင္က မင္းကို သတ္ခ်င္ေနတယ္.. အဲတာေၾကာင့္ စိတ္မေကာင္းပါဘူး.. ငါ သူ႔ရဲ႕ဆႏၵကို ျဖည့္ဆည္းေပးရလိမ့္မယ္.."
ထိုသို႔ေျပာၿပီးေနာက္ ေငြဒဂၤါးကို ႏူးညံ့စြာ နမ္းလိုက္သည္။ ေနာက္ဆုံးအႀကိမ္ကို ပစ္ေျမႇာက္လိုက္ခ်ိန္ဝယ္ သူ၏မ်က္ႏွာေပၚ၌ ေအးစက္ခံစားခ်က္မဲ့သည့္ အၿပဳံးတစ္ခု ထင္ဟပ္လာသည္။
"ကဲ ႏႈတ္ဆက္ပါတယ္.. မစၥတာမု..."
"ဝုန္း......"
***
"အား..!"
ခ်န္က်စ္ခ်ဴးသည္ သတိလစ္ေနရာမွ ျပန္ႏိုးလာ၏။ သူ၏မွတ္ဉာဏ္ထဲ ေရနစ္ေနသည့္ခံစားခ်က္က စြဲထင္ေနသျဖင့္ အေတာ္ေလး ေၾကာက္လန႔္ေနရွာသည္။ သူ႔ကိုယ္သူ ေသသြားၿပီအထင္ျဖင့္ ေဘးပတ္ဝန္းက်င္ကို ေၾကာက္လန႔္တၾကား အကဲခတ္လိုက္ေသာအခါ ရင္းႏွီးေနသည့္အခန္းကို ျမင္လိုက္ရသည္။ Instance ထဲမဝင္ခင္က သူေနခဲ့သည့္ အိပ္ခန္းပင္ျဖစ္သည္။
ဘာ.. ဘာေတြျဖစ္ကုန္တာလဲ..?
[ မင္းကို ခ်ဲလ္မန္း ကယ္ခဲ့တာ.. ေငြဒဂၤါးကိုလည္း ဆယ္ႀကိမ္ျပည့္တဲ့အထိ ကူေျမႇာက္ေပးၿပီး Instance ကို ဖ်က္ဆီးပစ္လိုက္ၿပီ.. ]
System ၏ေလသံက အေတာ္ေလး ေပ်ာ္႐ႊင္ေနဟန္။ ခ်န္က်စ္ခ်ဴးကို တက္ႂကြစြာ ေျပာလာသည္။ : [ အခု မစၥတာမုက လုံးဝအဆုံးသတ္သြားၿပီ.. ပိုင္ရိရဲ႕ ဝိညာဥ္ပုံရိပ္ေတြလည္း သန႔္စင္သြားၿပီ.. အဲတာေၾကာင့္ သူ မၾကာခင္ ျပန္ႏိုးလာေတာ့မွာ.. မင္း သြားၾကည့္သင့္တယ္ေနာ္.. ]
[ တကယ္လား..?! ]
ခ်န္က်စ္ခ်ဴးက ဝမ္းသာအားရျဖင့္ ခ်က္ခ်င္း ေစာင္ကိုေဘးဖယ္ၿပီး အိပ္ခန္းအျပင္သို႔ ေျပးထြက္သြား၏။ သို႔ေသာ္ အခန္းတံခါးကို တြန္းဖြင့္လိုက္သည္ႏွင့္ လူတစ္ေယာက္ကို ဝင္တိုက္မိၿပီး ရင္ခြင္က်ယ္ႀကီးထဲ က်ေရာက္သြားသည္။
"က်စ္ခ်ဴး..?"
သူ၏ေခါင္းအေပၚမွ ရင္းႏွီးေနက်အသံေလးကို ၾကားလိုက္ရသည္။ ရင္ခုန္စိတ္လႈပ္ရွားစြာျဖင့္ ေမာ့ၾကည့္လိုက္ေသာအခါ ပိုင္ရိ၏မ်က္ႏွာကို ျမင္လိုက္ရေလသည္။ သို႔ေသာ္ သူဘာမွမေျပာႏိုင္ခင္မွာပင္ တစ္ဖက္လူက သူ႔ကို မက္မက္ေမာေမာ နမ္းရႈိက္လာသည္။
ခ်န္က်စ္ခ်ဴးသည္ အတန္ငယ္ ရွက္႐ြံ႕ေနေသာ္လည္း ေပ်ာ္႐ႊင္ၾကည္ႏူးစိတ္က ပိုမ်ားေန၏။ ပိုင္ရိ၏လည္ပင္းကို သိုင္းဖက္ရင္း တစ္ဖက္လူ၏အနမ္းကို တက္တက္ႂကြႂကြ ျပန္လည္တုံ႔ျပန္လိုက္သည္။
ႏွစ္ေယာက္သား ေပြ႕ဖက္လ်က္ အေတာ္ၾကာေအာင္ နမ္းခဲ့သည္။ ေနာက္ဆုံးေတာ့ ခ်န္က်စ္ခ်ဴး၏ မ်က္ႏွာေလး ရဲရဲနီလာသျဖင့္ ပိုင္ရိက အသာျပန္လႊတ္ေပးလိုက္သည္။
ထို႔ေနာက္ ပိုင္ရိက ခ်န္က်စ္ခ်ဴး၏ဆံပင္ကို အသာသပ္တင္ေပးသည္။ ခ်န္က်စ္ခ်ဴးကလည္း ရွက္ကိုးရွက္ကန္းျဖင့္ ေပ်ာ္ျမဴးစြာ ေမာ့ၾကည့္သည္။ သို႔ေသာ္ ထိုတဒဂၤ သူ၏ခႏၶာကိုယ္ေလး ေတာင့္တင္းသြားေလသည္။
တစ္ဖက္လူ၏ ေခ်ာေမာခန႔္ညားေသာ အသြင္အျပင္ႏွင့္ ရင္းႏွီးေနပါေသာ္လည္း ဘာေၾကာင့္ရယ္မသိ တစ္ခုခုကြာျခားေနသေယာင္။ အေၾကာင္းျပခ်က္ရွာမရေသာ္လည္း တစ္ခုခုမူမမွန္သလို ခံစားေနရသည္။
"အျပင္ထြက္ၿပီး ဒီခႏၶာကိုယ္ကို ထိန္းခ်ဳပ္ႏိုင္လိမ့္မယ္လို႔ တကယ္မထင္ထားဘူး.."
ေနာက္တစ္စကၠန႔္၊ 'ပိုင္ရိ'ေျပာလိုက္သည့္စကားက 'ခ်န္က်စ္ခ်ဴး'ကို ေက်ာခ်မ္းသြားေစ၏။ သူ၏မ်က္ႏွာတစ္ျပင္လုံး ႐ုတ္ခ်ည္းဆိုသလို ျဖဴေဖ်ာ့သြားသည္။
"မစိုးရိမ္နဲ႔.. သူ ဘာမွမျဖစ္ပါဘူး.. ဘာပဲေျပာေျပာ သူက 'ပင္မဝိညာဥ္'ပဲေလ.."
ေၾကာက္လန႔္ေနသည့္ ခ်န္က်စ္ခ်ဴးကိုၾကည့္ၿပီး 'ပိုင္ရိ'က အသာၿပဳံးသည္။ ၿပီးေနာက္ ပါးျပင္ကို အသာပြတ္သပ္ေပးရင္း ႏွစ္သိမ့္လာသည္။ : "ကိုယ္က ခ်င္က်ိ.. မင္း ကိုယ့္ကို အရင္နာမည္အတိုင္း ဆက္ေခၚလို႔ရတယ္.."
"က်စ္ခ်ဴး.. မင္းနဲ႔ ထပ္ေတြ႕ခြင့္ရလို႔ ကိုယ္အရမ္းေပ်ာ္တာပဲ.."
[ အယ္..... ]
ခ်န္က်စ္ခ်ဴးခမ်ာ ငုတ္တုတ္ေမ့ေနဆဲ။ System က ကသိကေအာက္ျဖစ္စြာ ရယ္ရင္း ေျပာလာသည္။
[ ဒါက ပုံမွန္ပါပဲ.. ဝိညာဥ္ေပါင္းစည္းတဲ့ ကနဦးအေျခအေနမွာ တခ်ိဳ႕စိတ္အခြဲေတြ ေပၚလာတတ္တယ္.. ဒီအေျခေနကို ပိုင္ရိ ျဖည္းျဖည္းခ်င္း ထိန္းခ်ဳပ္လာႏိုင္တာနဲ႔အမွ် အဆင္ေျပသြားမွာပါ.. ]
[ ဒါေပမဲ့ သူ႔ရဲ႕စိတ္အခြဲက နည္းနည္းေလး မ်ားေနတယ္.. ၁၈၀ ေက်ာ္ေတာင္ ဆိုေတာ့ေလ... ]
[ မင္းကိုယ္မင္း စိတ္ျပင္ဆင္ထားသင့္တယ္ေနာ္.. သူတို႔အားလုံး မင္းကို ျမင္ခ်င္ေနၾကမွာ.. ]
.......................................
You are reading stories on: TeenFic.Net