31.05 - Special Episode
Unicode
Short Extra : ရှဲ့ယွမ်ဟွိုင် x ချန်ကျစ်ချူး
“အစ်ကိုယွမ်ဟွိုင်.. ဒီရက်ပိုင်းတွေ ကျွန်တော်နဲ့ ညဘက်အဖော်အိပ်ပေးရလို့ တကယ်ကို အားနာပါတယ်.. အစ်ကိုလည်း ပင်ပန်းနေတော့မှာပဲ.. ဒီနေ့ညတော့ ကျွန်တော့်ဘာသာ အိပ်ရဲသွားပါပြီ.. အဲတာကြောင့် မစိုးရိမ်နဲ့တော့နော်.. အခန်းပြန်ပြီး ကောင်းကောင်းအနားယူဦး..”
ထိုစကားလုံးများက သည်အတိုင်း နားထောင်လျှင် အမှားအယွင်းမရှိ။ ကောင်လေးသည် သရဲကြောက်သော်လည်း ရှဲ့ယွမ်ဟွိုင်၏ ကျန်းမာရေးအခြေအနေကို စိုးရိမ်သဖြင့် ရှဲ့ယွမ်ဟွိုင် ကောင်းကောင်း အနားယူနိုင်ရန်အတွက် သူတစ်ယောက်တည်းအိပ်ရန် ဆုံးဖြတ်ခဲ့ပုံပေါ်သည်။
သို့သော် ထိုစကားပြောနေချိန် ကောင်လေးက အတန်ငယ် မဝံ့မရဲဖြစ်နေ၏။ ခေါင်းငုံ့ကာ နားရွက်နီနီလေးဖြင့် အင်္ကျီအစွန်းကို ဆုပ်ကိုင်ထားသည်။ ထို့အပြင် ရှဲ့ယွမ်ဟွိုင်ကိုလည်း တည့်တည့်မကြည့်ရဲပေ။ ထို့ကြောင့် တစ်ခုခုဖြစ်နေပါလျက် ဘာမှမဖြစ်သလို ဟန်ဆောင်နေမှန်း သိသာနေတော့သည်။
ရှောင်ချူး သူ့ကို ဘာတွေဖုံးကွယ်ထားတာလဲ..?
ရှဲ့ယွမ်ဟွိုင်သည် ကောင်လေးက သူ့ကို ညဘက်မလာစေချင်သည့်အတွက် ဆင်ခြေပေးပြီး အဝေးကိုတွန်းပို့နေမှန်း ချက်ချင်း သဘောပေါက်လိုက်သည်။
သူ့ကို ဘာလို့မပြောပြတာလဲ..? ဒီမတိုင်ခင်က ရှောင်ချူး သူ့ကို ဘာမှမဖုံးကွယ်ဖူးဘူး။ အခု လိမ်ပြောနေပြီဆိုတော့ အကြောင်းပြချက်တစ်ခုခု ရှိနေလို့လား..? သူ မသိအောင် နောက်တစ်ယောက်နဲ့ တွေ့နေတာများလား..?
ရှဲ့ယွမ်ဟွိုင်မှာ မထိန်းနိုင်အောင် လျှောက်တွေးနေမိသည်။ သူ၏မျက်ဝန်းများ မှောင်မိုက်သွားသော်လည်း မျက်နှာအမူအရာကတော့ ပြောင်းလဲမှုမရှိ။ သူက အကြောင်းအရင်းမမေးဘဲ တည်တည်ငြိမ်ငြိမ် သဘောတူလိုက်သည်။
“ဟုတ်ပါပြီ..”
“အဲတာဆို အနားယူတော့နော် ကိုကိုယွမ်ဟွိုင်…”
ကောင်လေး၏ အမူအရာက စိတ်သက်သာရာရသွားဟန်။
ညသန်းခေါင်ယံအချိန် ဆေးရုံဝင်းထဲ တိတ်ဆိတ်ငြိမ်သက်နေ၏။
ရှဲ့ယွမ်ဟွိုင်သည် အပေါ်ထပ်သို့ တက်သွားပြီး သွားနေကျလမ်းကြောင်းအတိုင်း ကောင်လေး၏အခန်းရှိရာ ဦးတည်လိုက်သည်။ သူက တစ္ဆေသရဲဖြစ်နေ၍ အခန်းတံခါးဖွင့်ရန်မလိုပေ။ သူ၏ခန္ဓာကိုယ်က တံခါးထဲဖြတ်ဝင်သွားပြီး အခန်းထဲကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
သူက အကျိုးအကြောင်း မမေးခဲ့သော်လည်း ဂရုမစိုက်ဟု မဆိုလိုပေ။ ရှောင်ချူးက အလွန်ရိုးအသည်။ ကောင်ငယ်လေး အလိမ်ခံရပြီး မကောင်းတာတစ်ခုခု ဖြစ်ပျက်သွားမှာကို သူကြောက်မိသည်။
“အဟင့်….”
ဆေးရုံခုတင်ပေါ်မှ ကောင်လေး၏ တိုးသဲ့သဲ့အသံကို ကြားနေရသည်။ ထိုအသံက စောင်လှုပ်သံနှင့်အတူ ထွက်ပေါ်လာနေသည်။
ကောင်လေးက အခန်းထဲမှာရှိနေပြီး ဤနေရာတွင် တခြားဘယ်သူမှမရှိကြောင်း သေချာသွားတော့မှ ရှဲ့ယွမ်ဟွိုင်လည်း စိတ်သက်သာရာရသွားသည်။
သူ့ကို ဘာလို့မလာစေချင်မှန်း မသိပါသော်ငြား ထွေထွေထူထူးမရှိသောကြောင့် ရှောင်ချူး၏ဆန္ဒကို လေးစားပေးရမည်။ သို့နှင့် ကောင်လေးကို တစ်ယောက်တည်းအိပ်ခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
ရှဲ့ယွမ်ဟွိုင်က ထိုအတွေးနှင့်အတူ လှည့်ထွက်ရန်ပြင်၏။ သို့သော် ထိုအခိုက် ကောင်လေး၏အသံက အနည်းငယ် ပိုကျယ်လာသည်။ သာယာစိတ်နှင့်အတူ အတင်းဖိနှိပ်ထားရဟန်တူသော ချိုမြိန်လှသည့် ညည်းသံလေး…
ဒါက…
ကိုလူချောမှာ အံ့ဩစိတ်ကြောင့် မျက်လုံးပြူးသွားရသည်။ ချက်ချင်း နောက်ပြန်လှည့်ပြီး ခုတင်ပေါ်ကို သေချာလှည့်ကြည့်လိုက်သည်။
ညအမှောင်ထုက တစ္ဆေသရဲတစ်ကောင်၏ အမြင်အာရုံအပေါ် သက်ရောက်မှုမရှိ။ အစောပိုင်းက သာမန်ကာလျှံကာ ကြည့်လိုက်သဖြင့် စောင်ခြုံကာ ကွေးကွေးလေး လဲလျောင်းနေသော ကောင်လေး၏ နောက်ကျောပြင်ကိုသာ မြင်ခဲ့ရသည်။
ဤတစ်ကြိမ်တော့ အနားကပ်သွားပြီး သေသေချာချာ ကြည့်လိုက်၏။ စောင်က အတော်လေးပါးပြီး ကောင်လေး၏ ခန္ဓာကိုယ်တွင် ကပ်နေသည်။ ထို့ကြောင့် ခန္ဓာကိုယ်က တသိမ်သိမ့်တုန်ယင်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ခြေထောက်နှစ်ချောင်းကို ပူးကပ်ထားပြီး ညင်သာစွာ လှုပ်ရှားနေသည်။ ကောင်လေး၏ အသက်ရှူသံက မူမမှန်ဘဲ သာယာစိတ်အပြည့်ဖြင့် ခပ်တိုးတိုးလေး ညည်းညူနေလေသည်။
ရှောင်ချူးက သူ့ကို ဘာလို့မလာစေချင်မှန်း ရှဲ့ယွမ်ဟွိုင် နားလည်သွားချေပြီ။
သူ၏ရှောင်ချူးက…. တစ်ကိုယ်တည်း အာသာဖြေနေသည်။
ထိုအခိုက် ကောင်လေး၏ လှုပ်ရှားမှုက အနည်းငယ် ပိုမြန်လာပြီး မထိန်းနိုင်အောင် အော်ညည်းလိုက်၏။ ခန္ဓာကိုယ်က တစ်ခဏမျှ တောင့်တင်းသွားပြီး စောင်လွတ်သွားသဖြင့် ဖြူဖျော့သည့် ခြေကျင်းဝတ်လေး ပေါ်လာသည်။
သူ၏ရှောင်ချူးက ဘောင်းဘီချွတ်ထားသဖြင့် စောင်ခြုံထားသည့် ခန္ဓာကိုယ်အောက်ပိုင်းတွင် ဗလာကျင်းနေသည်။ ဤကောင်လေး ကိုယ်လုံးတီးဖြစ်နေသည်။
ထိုသို့တွေးမိလိုက်သည့်အခိုက် ရှဲ့ယွမ်ဟွိုင်မှာ အသိစိတ်လွတ်သူလို ကောင်လေး၏ ခြေကျင်းဝတ်တစ်စုံကို မျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်။ ချစ်စရာကောင်းအောင် ခြေချောင်းလေးများ ကွေးကုပ်သွားပုံကို ငေးကြည့်နေမိသည်။ အခန်းထဲမှ လုံးဝပြန်မထွက်နိုင်တော့ပေ။
ထိုအတွေးကြောင့် ဆိုးဝါးတာတစ်ခုခု အမှန်ပင် ဖြစ်ပျက်ခဲ့လေပြီ။
သို့သော် ရှောင်ချူးမဟုတ်ဘဲ သူ့တွင် ဖြစ်ပျက်လာခြင်း…
….. အခုတော့ သူ ရှောင်ချူးကို တကယ်ကြီး ထိတွေ့ချင်လာပြီ။
………………………………………..
TN : ဒါလေးက ရှဲ့ယွမ်ဟွိုင်နဲ့ ချန်ကျစ်ချူးအတွက် Special Episode လေးပါ 💜
………………………………………..
Zawgyi
“ဟုတ်ပါပြီ..”
“အဟင့်….”
ဒါက…
………………………………………..
………………………………………..
You are reading stories on: TeenFic.Net