TeenFic.Net Stories that stay with you ♥

23 - Abandoned Hospital (7)

Unicode

အပိုင်း - (၂၃) : စွန့်ပစ်ဆေးရုံ (7)

အရာအားလုံး အချိန်တစ်ခဏလေးအတွင်း ဖြစ်ပျက်သွားခဲ့လေ၏။ တာ့ကောင်း၏ ဦးခေါင်းမဲ့ခန္ဓာကိုယ်သည် ရေလောင်းအိမ်သာဘေးတွင် တအိအိ လဲပြိုကျသွားပြီး ထိုမှသွေးများ သူတို့ခြေထောက်အနားသို့ စီးကျလာမှသာ အကုန်လုံး အသိပြန်ကပ်သွားကြသည်။ ထိုသို့ ထိတ်လန့်ချောက်ချားဖွယ် မြင်ကွင်းမျိုး မြင်လိုက်ရသဖြင့် အမြွှာညီအစ်မခမျာ မအော်မိအောင် ပါးစပ်ပိတ်ထားရပြီး သစ်ရွက်တစ်ရွက်လို တုန်ယင်နေတော့သည်။

"တာ့ကောင်း..!"

ကျီယွင်ရှောင်၏ မျက်နှာတွင် သွေးရောင်မရှိတော့ဘဲ မျက်ဝန်းများ နီရဲလာခဲ့သည်။ သူက ထိုနေရာသို့ အပြေးသွားရန် ပြင်လိုက်ချိန် ချန်ကျစ်ချူးက အချိန်မီ လှမ်းဆွဲထားလိုက်သည်။

"မသွားနဲ့..!"

"ဗြန်း.."

တွင်းနက်ကြီးထဲမှ လက်တစ်ဖက် ထွက်လာပြီး သွေးများဖြင့် ရွှဲနင့်နေလေသည်။ ထိုလက်က ကြမ်းပြင်ပေါ်ရှိ ကြွေပြားကို ရိုက်ချလိုက်ရာ သွေးလက်ရာတစ်ခု ထင်ကျန်နေတော့သည်။

ထို့နောက် ပိန်လှီခြောက်ကပ်နေသည့် လက်အရှည်ကြီးတစ်ချောင်း တွင်းနက်ကြီးထဲမှ ထွက်လာပြန်သည်။ လက်ဖျံသည်ပင် တစ်မီတာဝက်ခန့် ရှည်လျားသော်ငြား လက်နှစ်ချောင်းစာခန့်သာ လုံးပတ်ရှိ၏။ အရေခွံက မီးလောင်ထားသလို မည်းနက်နေပြီး ၎င်းမှ သွေးကဲ့သို့ ညှီစို့စို့အနံ့ဆိုးရည်များသည် ကြမ်းပြင်ပေါ်သို့ တစ်စက်စက် စီးကျနေလေသည်။

"ဟူး... ဟူး..."

တွင်းနက်ကြီးထဲမှ ကျယ်လောင်သော အသက်ရှူသံကို ကြားနေရသည်။ လက်ရှည်နှစ်ဖက်သည် ကြမ်းခင်းကြွေပြားကို ဖိကပ်ထားပြီး ၎င်း၏ပုံစံက တွင်းသေးသေးလေးထဲမှ တစ်စုံတစ်ရာက တိုးထွက်ရန် ကြိုးစားနေသည့်နှယ်။ တစ်ချိန်တည်းမှာပင် သတ္တုရိုက်ခတ်သံတချို့ ပေါ်ထွက်လာသည်။ ထိုအသံက တိုးညှင်းလွန်းရကား သူတို့တော်တော်များများ သေချာမကြားလိုက်ရပေ။

"ချလွမ်.. ချလွမ်.. ချလွမ်..!"

မုန့်ရှင်းက အိတ်ကပ်ထဲမှ သေနတ်ဆွဲထုတ်ကာ လက်မည်းကြီးကို အကြိမ်ရေအနည်းငယ်ခန့် ပစ်ခတ်လိုက်သည်။ ထိုအရာကြီးသည် စက္ကန့်အနည်းငယ်ခန့် တုန့်ဆိုင်းသွားပြီးနောက် နားကွဲလုမတတ် အော်သံကြီးတစ်ခု ပေါ်ထွက်လာ၏။ ရန်စခံလိုက်ရပြီးနောက် ထိုအရာကြီးက ပိုမိုကြမ်းတမ်းလာပြီး လျင်မြန်သည့်အရှိန်ဖြင့် တွင်းနက်ကြီးထဲမှ တိုးထွက်လာသည်။

"ဇွက်... ဇွက်..."

ရွှံ့ထဲ လမ်းလျှောက်နေသလို အသံတချို့ ကြားလိုက်ရပြီးနောက် တွင်းနက်ထဲမှ လက်များ ထပ်ထွက်လာပြီး ထိုအရာကြီးသည် အပြင်သို့ ရောက်ရှိလာတော့သည်။

ခန္ဓာကိုယ်တစ်ခုလုံး မည်းမှောင်နေပြီး လက်ဆယ်ချောင်း ရှိသဖြင့် သူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံက ပင့်ကူတစ်ကောင်နှယ်။ လူခေါင်းနှင့် လည်ပင်းပုံစံ ရှိပါသော်ငြား အမွေးထူထူ ဖုံးလွှမ်းနေပြီး အမွေးများအောက်မှ သွေးတစက်စက် စီးကျနေသည့် အစွယ်အပြည့်ဖြင့် ပါးစပ်ကြီးကို ဝိုးတဝါးသာ မြင်နေရသည်။

ထိုအရာက ကြမ်းပြင်ပေါ်ရှိ တာ့ကောင်း၏ အလောင်းကို တက်နင်းပြီး ထက်ရှသည့် လက်များဖြင့် သွေးသံတရဲရဲအလောင်း၏ ဝမ်းဗိုက်ကို ထိုးဖောက်ပစ်လိုက်သည်။ ပြီးနောက် အသံစူးစူးဖြင့် အော်ဟစ်၍ ခန္ဓာကိုယ်ကို ကြမ်းပြင်နှင့် ထိလုမတတ် ကွေးချကာ အရှိန်ယူလိုက်ပြီး ချန်ကျစ်ချူးနှင့် တခြားလူများထံသို့ အားကုန် ပြေးဝင်လာတော့သည်။

ထိုအချိန်မှာတော့ မုန့်ရှင်းသည် အကာအကွယ်ကဒ်ကို အသက်သွင်းလိုက်ရ၏။ အပြာရောင်အလင်းဖျော့ဖျော့ ဖြာထွက်နေသည့် ဖောက်ထွင်းမြင်နိုင်သော အကာအကွယ်တစ်ခုက လူတိုင်းကို အုပ်မိုးသွားသည်။

"ဝုန်း..!"

မကောင်းဆိုးဝါးကြီးက ကျည်ဆန်တစ်ခုနှယ် ပြေးဝင်လာကာ အကာအကွယ်စည်းကို ဝင်တိုက်လိုက်သဖြင့် အသံအကျယ်ကြီး ပေါ်ထွက်လာသည်။ အကာအကွယ်လည်း လှုပ်ယမ်းသွားပြီး အလင်းဖျော့သွားကာ ဝင်တိုက်လိုက်သည့် နေရာ၌ လတ်လတ်ဆတ်ဆတ်သွေးများ စွန်းကျန်နေခဲ့သည်။

ပထမတစ်ကြိမ် မအောင်မြင်သဖြင့် ထိုအရာကြီးက ကြမ်းပြင်ပေါ် ကွေးညွတ်ကာ အရှိန်ထပ်ယူနေပြန်သည်။

၎င်း၏ မျက်လုံးများကို မမြင်နိုင်သော်ငြား ချန်ကျစ်ချူး၏ စိတ်ထဲတွင် သွေးဆာလောင်နေသော မျက်ဝန်းများဖြင့် သူတို့အပေါ် စိုက်ကြည့်နေသလိုမျိုး ခံစားနေရသည်။ သို့ဖြစ်ရာ ကြောက်လန့်စိတ်ကြောင့် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်အထိ။

ဒါကြီးက လူသားစားမကောင်းဆိုးဝါးပဲ.. သူနာပြုပြောပြတဲ့ လူသားစားမကောင်းဆိုးဝါးကြီးပဲ..!

ဆေးရုံထဲ ပျံ့နှံ့နေသည့် သရဲပုံပြင်များသည် လက်ရှိအချိန်တွင် အသက်ဝင်လာပြီဖြစ်ကြောင်း ချန်ကျစ်ချူး နားလည်လိုက်သည်။ သူ့ခမျာ မျက်နှာပျက်သွားပြီး သူကြားခဲ့ဖူးသည့် ပုံပြင်များထဲတွင် လူသားစားမကောင်းဆိုးဝါးကြီးကို နှိမ်နင်းနိုင်သည့် နည်းလမ်းပါမပါ အသည်းအသန် ပြန်စဉ်းစားကြည့်လိုက်၏။

သို့သော် System က သူ့ကို မှတ်ဉာဏ်ရော၊ သဲလွန်စများပါ ထပ်မပေးတော့ချေ။ ထိုအရာဟာ လူသားစားမကောင်းဆိုးဝါး ဖြစ်ကြောင်း သိနေသည်မှလွဲ၍ သူ၏ မှတ်ဉာဏ်တစ်ခုလုံး ဗလာကျင်းနေခဲ့သည်။

ချန်ကျစ်ချူးကို ပိုပြီးစိုးထိတ်စေသည်ကား အစောပိုင်း အဖွဲ့ထဲမှပြေးထွက်သွားသည့် တာ့ကောင်း၏ လုပ်ရပ်က ထူးခြားနေခြင်းပင်။ သူ၏ပုံစံက တကယ်မရှိသည့် အရာတစ်ခုကို မြင်လိုက်ရသလိုမျိုး ဖြစ်နေခဲ့၏။ လူသားစားမကောင်းဆိုးဝါးတွင် ပုံရိပ်ယောင်ဖန်တီးနိုင်သည့် အစွမ်းမျိုး ရှိနေလောက်ပြီး သူနှင့် မုန့်ခယ်မြင်လိုက်ရသည့် ပုံရိပ်များကလည်း ထိုမကောင်းဆိုးဝါး၏ လက်ချက် ဖြစ်နိုင်သည်။

ပုံရိပ်ယောင်ဖန်တီးနိုင်တာ သေချာလျှင် ထိုလူသားစားမကောင်းဆိုးဝါးကို နှိမ်နင်းရန် ပုံမှန်ထက် ပိုခက်သွားချေပြီ။

"အဲ့တာကြီးရဲ့ လက်မောင်းပေါ်ကို ကြည့်လိုက်...!"

မုန့်ခယ်က မကောင်းဆိုးဝါး၏ လက်တစ်ဖက်ပေါ်သို့ ဓာတ်မီးထိုးပြလာ၏။ ငွေရောင်တစ်ချက်လက်သွားပြီး အမွေးမည်းများကြားတွင် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေကာ သတ္တုချင်းရိုက်ခတ်သံတစ်ချက် ထွက်ပေါ်လာသည်။ ထိုအရာက သူတို့လိုက်ရှာနေသည့် သော့ပင်။

ချန်ကျစ်ချူးခမျာ မျက်နှာလေး ပိုမိုဖြူဖျော့သွားရှာသည်။

အဲ့တော့ သော့လိုချင်ရင် သူတို့ ထွက်မပြေးဘဲ ဒီလူသားစားမကောင်းဆိုးဝါးကောင်ကို သတ်မှရတော့မှာပေါ့..!

"ရွှစ်... ကလန်..."

လူသားစားမကောင်းဆိုးဝါးက အကာအကွယ်ကို နောက်တစ်ကြိမ် ဝင်တိုးပြန်သည်။ ဤတစ်ခေါက်တော့ သက်ရောက်မှု ပြင်းထန်သည့်အပြင် ထိုသတ္တဝါက အကာအကွယ်ကို သွားများဖြင့် အကြမ်းပတမ်း ကိုက်ခဲလာခဲ့သည်။

ထိုအခါ အကာအကွယ်က အပြာရောင်အလင်းတစ်ချက် ဖြာထွက်လာပြီး လျှပ်စီးကြောင်းများ ထုတ်လွှတ်လာ၏။ မကောင်းဆိုးဝါးကြီးက နာနာကျင်ကျင် အော်မြည်းကာ နောက်ပြန်ဆုတ်သွားပြီး မြေပြင်ပေါ် ဝပ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် အကာအကွယ်စည်းပေါ်၌ အက်ကြောင်းရာအသေးလေးတစ်ခု ပေါ်လာခဲ့သဖြင့် အများဆုံး နောက်နှစ်ကြမ်ခန့်သာ တောင့်ခံနိုင်လောက်မည်။

မုန့်ရှင်းက ကဒ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး သူမ၏ နဖူးပေါ်တွင် ချွေးစို့လာရသည်။ သို့သော် အလျင်စလို မလှုပ်ရှားရဲခဲ့ပေ။

အစောပိုင်းက သေနတ်ဖြင့် အကြိမ်ရေအနည်းငယ်ခန့် ပစ်ခတ်ခဲ့ပါသော်ငြား မကောင်းဆိုးဝါး၏ အရေခွံသည် အတော်မာကျောဟန်တူပြီး ကျည်ဆန်တိုးမပေါက်ခဲ့ပေ။ ထို့ကြောင့် အသုံးမဝင်သည့် တိုက်ခိုက်မှုများ ပြုလုပ်မိလျှင် ၎င်းကို ရန်စသလိုဖြစ်သွားပြီး အကာအကွယ်စည်း အမြန်ပျက်စီးသွားမှာကို စိုးရိမ်လာမိသည်။

ဒါကြီးကို ဘယ်လိုသတ်ရမလဲ..?

ချန်ကျစ်ချူးလည်း သူ၏ လည်ပင်းပေါ်မှ မြလည်ဆွဲကို ဆုပ်ကိုင်ထားမိ၏။ ဤလည်ဆွဲဖြင့် သရဲ သို့မဟုတ် မကောင်းဆိုးဝါးတစ်ကောင်ကို အမိန့်ပေးကာ တာဝန်တစ်ခု ခိုင်းစေနိုင်ပါသော်ငြား သရဲ သို့မဟုတ် မကောင်းဆိုးဝါး၏ အစွမ်းက လည်ဆွဲအသုံးပြုသူထက် သာလွန်နေ၍မရပေ။

လူသားစားမကောင်းဆိုးဝါးက သူ့ထက် သန်မာမယ့်ပုံပဲ။ လည်ဆွဲနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ တစ်ခါလောက်တော့ ကြိုးစားကြည့်ရမယ်..!

ချန်ကျစ်ချူးမှာ သူ၏ နဖူးထက်တွင် ချွေးများ စို့နင့်လာသလို ခံစားလိုက်ရသည်။ အောင်မြင်နိုင်ခြေ များစေရန်အတွက် သူက ကြိုတင်ဝယ်ယူထားသည့် ကံကောင်းခြင်းဆေးရည်ကို သောက်လိုက်သည်။ ပြီးနောက် လည်ဆွဲကို လူသားစားမကောင်းဆိုးဝါးဘက်သို့ မြှောက်ကိုင်လိုက်ကာ အသက်ပြင်းပြင်းရှိုက်ပြီး ပြောလိုက်သည်။

"ငါတို့ ဒီဆေးရုံကြီးထဲကနေ မထွက်သွားမချင်း မင်း ငါတို့ကို ဘယ်လိုနည်းနဲ့မှ ထိခိုက်အောင် မလုပ်ရဘူး.."

ထိုသို့ပြောပြီးနောက် လည်ဆွဲ၏ မြကျောက်လေးထံမှ အစိမ်းရောင်အလင်းတစ်ခု ဖြာထွက်လာသည်။ တစ်ချိန်တည်းမှာပင် လူသားစားမကောင်းဆိုးဝါး၏ လည်ချောင်းထဲမှ အသံနက်ကြီး ထွက်ပေါ်လာခဲ့၏။ သို့သော် ထိုမကောင်းဆိုးဝါးကြီးသည် တစ်ခဏသာ လူးလွန့်သွားပြီး ယခင်အတိုင်း ကြမ်းတမ်းရက်စက်နေဆဲ။ အကာအကွယ်ကိုပင် နောက်တစ်ကြိမ် ဝင်တိုးနေပြန်သည်။

"ဝုန်း..."

[လုပ်ဆောင်၍မရပါ။]

ဖာ့ခ်.. တကယ်ကြီး အလုပ်မလုပ်ဘူးဟ..!!

မျှော်လင့်ပြီးသားဖြစ်သော်လည်း အနှီရလဒ်ကို မြင်လိုက်ရချိန် ချန်ကျစ်ချူးခမျာ သွေးအန်လုမတတ် ဒေါသထွက်လာခဲ့၏။ ထိုအခိုက် အကြောက်တရားများပါ မေ့လျော့သွားပြီး လည်ဆွဲကြောင့် အရှက်ဗြန်းဗြန်းကွဲသွားသလို ခံစားလိုက်ရသည်။

လူသားစားမကောင်းဆိုးဝါးကြီး၏ တတိယအကြိမ် တိုက်ခိုက်မှုကြောင့် အကာအကွယ်တစ်ခုလုံး လှုပ်ယမ်းသွားပြီး အက်ကြောင်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ အပြင်ဘက်မှ နည်းနည်းလေး ထပ်ဝင်တိုးလိုက်လျှင်ပင် ချက်ချင်း ပြိုကွဲသွားနိုင်သည်။

အကာအကွယ်ကို ကြိမ်ဖန်များစွာ ဝင်ဆောင့်ခဲ့ပြီးနောက် လူသားစားမကောင်းဆိုးဝါးကြီးလည်း အခြေအနေမကောင်းတော့ပုံပင်။ အကာအကွယ်ကို ဝင်တိုးရန်အတွက် သုံးရသည့် ခွန်အားပမာဏက သိပ်မနည်းပါးပေ။ မကောင်းဆိုးဝါးကြီးမှာ မောဟိုက်နေလေပြီး အမွေးဖုံးနေသည့် မျက်လုံးများဖြင့် သူတို့ကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ရုတ်တရက် နောက်လှည့်ကာ တာ့ကောင်း၏ အလောင်းကို စတင်စားသောက်တော့သည်။ ကြည့်ရသည်မှာ ကုန်ဆုံးသွားသည့် ခွန်အားများကို ပြန်ဖြည့်နေပုံပင်။

မျက်စိရှေ့မှာ မြင်နေရသည့် မြင်ကွင်းက ငေးကြောင်နေသည့် ကျီယွင်ရှောင်ကို နိုးကြားသွားစေ၏။ တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်ယင်လာပြီး မျက်ဝန်းများက ရက်စက်မှုများဖြင့် နီရဲလာသည်။ သူက ဒူးလေးသဏ္ဍာန် လက်နက်တစ်ခု ထုတ်ယူကာ လူသားစားမကောင်းဆိုးဝါး၏ ခေါင်းကို မြားဖြင့် ပစ်လိုက်သည်။

မြားက မကောင်းဆိုးဝါး၏ ခေါင်းအလယ်တည့်တည့်ကို ထိသွားပါသော်ငြား မုန့်ညီအစ်မနှစ်ယောက် အောင်ပွဲမခံနိုင်ခင်မှာပင် ကြမ်းပြင်ပေါ်သို့ ကလောက်ခနဲ ပြုတ်ကျသွားသည်။ မကောင်းဆိုးဝါး၏ ခေါင်းထဲသို့ စိုက်မဝင်သွားဘဲ အပြင်ဘက်တွင်သာ အဖြူရောင်ခြစ်ရာသေးသေးလေး ထင်ကျန်ရစ်ခဲ့သည်။

"ဂရူး..."

လူသားစားမကောင်းဆိုးဝါးကြီးက သူတို့ဘက်လှည့်ကာ ဟိန်းဟောက်လိုက်ပြီးနောက် ခေါင်းပြန်ငုံ့ကာ အလောင်းကို စားနေပြန်၏။ အလောင်း၏ ဝမ်းဗိုက်ကို ကိုက်ဖောက်လိုက်ချိန်ဝယ် ကိုယ်တွင်းကလီစာများ နေရာအနှံ့သို့ ပြန့်ကျဲကုန်တော့သည်။

"ဒီကောင်ကြီးရဲ့ အားနည်းချက်က ဘာများလဲ..?"

မုန့်ခယ်ခမျာ ကြောက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေရှာသည်။ သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့်.. "ခေါင်းတောင် ပျော့ကွက်မဟုတ်ဘူးဆိုတော့ ဒါကြီးကို ဘယ်လိုလုပ်သတ်လို့ရမှာလဲ..?!"

".......... အဆိပ်သုံးလို့ရလောက်မယ်.."

ပိုင်ရိ၏ အသံက ဤကိစ္စအပေါ် စိတ်မဝင်စားသည့်အလား တည်ငြိမ်နေလေ၏။ သူက ကျောပိုးအိတ်ထဲမှ ပုလင်းတစ်လုံး ထုတ်ယူကာ ကျီယွင်ရှောင်ထံ ကမ်းပေးလိုက်သည်။

"ဒီကောင်က သက်ရှိအမျိုးအစားပဲ.. မြားပေါ်မှာ အဆိပ်သုတ်၊ ပြီးရင် အလောင်းကိုပစ်ပြီး အဆိပ်ပြန့်အောင် လုပ်လိုက်.. အဲ့ကောင်ကြီး အလောင်းကိုစားရင် သူလည်း အဆိပ်မိသွားလိမ့်မယ်.."

ထိုစကားကြောင့် ချန်ကျစ်ချူးက ပိုင်ရိကို ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။ ပြီးနောက် ပိုင်ရိ၏ လက်ထဲမှ ကြည်လင်နေသည့် ပလက်စတစ်ဘူးထံ အကြည့်ရောက်သွားသည်။

ဘာလို့ ရေသန့်ဘူးပဲလဲ..? ပိုင်ရိက ရေသန့်ဘူးတွေထဲ ပစ္စည်းထည့်သိမ်းရတာ ကြိုက်တာလား..? ဘူးထဲထည့်ထားတာ ရေစင်လား၊ အဆိပ်လားဆိုတာ သူ ဘယ်လိုခွဲခြားမှာလဲ..?

"........."

ဒူးလေးကို ကိုင်ထားသည့် ကျီယွင်ရှောင်၏ လက်က တင်းကျပ်သွားသည်။ ခန့်ညားသည့် မျက်နှာလည်း ဖြူဖျော့သွားပြီး အသံတုန်တုန်ဖြင့် ဝမ်းနည်းပက်လက် ပြောလာသည်။

"ကျွန်.. ကျွန်တော်......" "ဒါက အရမ်းရက်စက်တယ်.. ကျွန်တော်... ဘယ်လိုလုပ်......"

ကျီယွင်ရှောင်၏ မချိတင်ကဲ ဖြစ်နေပုံကိုကြည့်ပြီး မုန့်ညီအစ်မလည်း စိတ်ထဲမကောင်းတော့ပေ။

ဆင်ခြင်တုံတရားက သူတို့အတွက် ဤနည်းလမ်းတစ်ခုတည်းသာ ရှိကြောင်း ပြောနေသော်လည်း ကျီယွင်ရှောင်အတွက်မူ တာ့ကောင်းဟာ နာမည်ခံအရ သူ၏ သက်တော်စောင့်ဖြစ်သော်ငြား သူငယ်ချင်းကောင်းများလည်း ဖြစ်နေပြန်သည်။ သူငယ်ချင်းဖြစ်သူ၏ အလောင်းကို ငါးစာအဖြစ်သုံးရန် ပြောနေခြင်းက တကယ့်ကို....

ညီအစ်မနှစ်ယောက်လည်း တာ့ကောင်း၏ အလောင်းအကြွင်းအကျန်ကို လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ ထို့နောက် အံတင်းတင်းကြိတ်ကာ သူတို့လုပ်ပေးပါမည်ဟု ပြောတော့မည်အလုပ် ပိုင်ရိက ရုတ်တရက် ထပြောလာသဖြင့် သူတို့ မပြောလိုက်ရပေ။

"ကျုပ်လည်း အရမ်းရက်စက်တယ်လို့ ထင်ပါတယ်.."

သူ၏ မျက်ဝန်းများသည် မှောင်မိုက်နေပြီး နှုတ်ခမ်းထောင့်များ မသိမသာ ကော့တက်သွားသည်။ ပြီးနောက် ဩရှစွာ ပြောလာသည်။

"ဒီလိုဆိုမှတော့ ငါတို့ထဲကတစ်ယောက်ယောက် ငါးစာလုပ်မှ ရတော့မယ်.. ကျန်တဲ့လူတွေက မကောင်းဆိုးဝါးကို ထိန်းချုပ်ပြီး သူ့ရဲ့ပါးစပ်ထဲ အဆိပ်လောင်းထည့်လို့ရမယ့် အခွင့်အရေးကို ရှာရမယ်.. ငါတို့......"

"ကျွန်တော်လုပ်မယ်.."

ကျီယွင်ရှောင်က နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီးနောက် စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် တုံ့ဆိုင်းခြင်းမရှိ‌ ပြောလာသည်။ "ကျွန်‌တော် ငါးစာလုပ်ပေးမယ်.."

"မရဘူး.. ရှောင်ရှောင်.. ရှင့်ကို ဘာလို့ ငါးစာလုပ်ခိုင်းရမှာလဲ..?"

ညီအစ်မနှစ်ယောက်လုံး ထိတ်လန့်သွားပြီး ကျီယွင်ရှောင်အား ကပျာကယာ တားဆီးကြတော့သည်။ "မရဘူး.. ရှင်လုပ်လို့မရဘူး.. ကျွန်မတို့ လုပ်ပေး...."

"ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ အန္တရာယ်ကင်းတဲ့ နည်းလမ်းကို ကန့်ကွက်ခဲ့တဲ့လူက ကျွန်တော်ပါ.. အဲ့တာကြောင့် ကျွန်တော် လုပ်မှဖြစ်မယ်.."

ကျီယွင်ရှောင်က ခေါင်းအသာယမ်းလိုက်သည်။ သူ၏ မျက်ဝန်းများသည် ဝမ်းနည်းမှုကြောင့် နီရဲနေဆဲဖြစ်သော်ငြား အပြုံးယဲ့ယဲ့ဖြင့်.. "ပြီးတော့ မင်းတို့ ကျွန်တော့်ကိုယ်စား အန္တရာယ်ထဲဝင်တိုးမှာကို မမြင်ချင်ဘူး.."

ညီအစ်မနှစ်ယောက်မှာ မျက်ရည်ဝဲတက်လာပြီး တုန်ယင်နေတော့သည်။ ချန်ကျစ်ချူးလည်း ထိုမြင်ကွင်းကိုကြည့်ရင်း စိတ်ထဲ အတွေးများနေခဲ့သည်။ သူလည်း ကြောက်ပါသည်။ သို့သော် ကံကောင်းခြင်းဆေးရည်ကို သောက်ထားသည်ဖြစ်၍ ကျိန်စာသင့် Item ကို အသက်သွင်းရန် ကျရှုံးခဲ့သော်လည်း ယခုကိစ္စတွင် အောင်မြင်နိုင်လောက်သည်။

သူက ထိုစိတ်ကူးကို ပိုင်ရိနှင့် တိုင်ပင်မည်အလုပ် ထူးထူးဆန်းဆန်း အသံတစ်ခု ကြားလိုက်ရသဖြင့် ချက်ချင်း ခေါင်းမော့ကြည့်လိုက်၏။

အလောင်းကိုစားနေသော လူသားစားမကောင်းဆိုးဝါးလည်း ထိုအသံကို ကြားပြီး လှုပ်ရှားမှုများ တုန့်ခနဲ ရပ်သွားသည်။ ထို့နောက် ကြောက်လန့်တကြား အော်ဟစ်ကာ သူ့လက်ထဲမှ အလောင်း၏ ခြေလက်များကို လွှင့်ပစ်လိုက်လေသည်။

ထိုအကောင်ကြီးက ချန်ကျစ်ချူးနှင့် တခြားလူများကိုပင် လှည့်မကြည့်တော့ပေ။ သူ၏ လက်များကို ဘေးပတ်ပတ်လည်သို့ အကြမ်းပတမ်း ဝှေ့ယမ်းလိုက်ရင်း ရေလောင်းအိမ်သာဆီသို့ အပြေးသွားကာ ဒိုင်ဗင်ထိုးဆင်းလိုက်သည်။

သို့သော် အလောင်း၏ အဓိကအစိတ်အပိုင်းများကို စားသောက်ထားရကား သူ၏ ဝမ်းဗိုက်က ဖောင်းအစ်နေပြီး အပေါက်တွင် တစ်,နေတော့သည်။ မည်သို့ရုန်းကန်ပါစေ မဆန့်တော့ပေ။ သနားစဖွယ် ပိုးကောင်လေးကဲ့သို့ သူ၏ အောက်ပိုင်းက အိမ်သာကျင်းအပြင်ဘက်တွင် ကျန်ရစ်နေပြီး မချိမဆန့် ရုန်းကန်နေခဲ့သည်။

ရုတ်တရက်ဆန်သော အပြောင်းအလဲများကြောင့် ချန်ကျစ်ချူးမှာ အံ့အားသင့်နေတော့သည်။ သို့နှင့် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဂျစ်.... ဂျစ်... ကလန့်..."

အမှောင်ထုကြီးထဲမှ သံချောင်းကို ကြမ်းပြင်ပေါ်တွင် တရွတ်တိုက်ဆွဲလာသည့် အသံမျိုး ကြားလိုက်ရသည်။ အသံက အလွန်စူးရှကျယ်လောင်စွာ ထွက်ပေါ်နေလေ၏။ တစ်ခဏကြာပြီးနောက် အခန်း၏ မီးလင်းနေသော နေရာတွင် ကြီးမားသော သံဖြတ်လွှတစ်ချောင်း ပေါ်လာခဲ့သည်။ ထက်ရှသည့် လွှသွားများက တဖျတ်ဖျတ် လက်နေပြီး ရှေ့သို့ ဖြည်းဖြည်းချင်း တိုးကပ်လာနေသည်။

"ဂရူး... ဂရူး...!"

မိလ္လာပိုက်ထဲ ခန္ဓာကိုယ်တစ်ဝက်ရောက်နေသည့် လူသားစားမကောင်းဆိုးဝါးကြီးက အလွန်ကြောက်လန့်နေဟန်ဖြင့် မချိတင်ကဲ အော်ဟစ်လိုက်သည်။

ချန်ကျစ်ချူးက ကြမ်းပြင်ပေါ် တရွတ်တိုက်ဆွဲနေသော သံဖြတ်လွှကြီးကို ငေးကြည့်နေခဲ့သည်။ ကနဦးတွင် ထိုသံဖြတ်လွှကြီးကို သူ့ဘာသာ လှုပ်ရှားနေတာဟု ထင်မြင်ခဲ့သော်ငြား သေသေချာချာ ကြည့်လိုက်သည်နောက် တစ်စုံတစ်ရာက ဆွဲယူလာမှန်း သိလိုက်ရသည်။

"........."

အရိပ်သေးသေးလေးတစ်ခု မတ်တပ်ရပ်နေပြီး ၎င်း၏ နက်မှောင်တောက်ပသော မျက်လုံးများက သူတို့ဘက်သို့ စိုက်ကြည့်နေခဲ့သည်။

ထိုအရာကား....... Teddy Bear ဝက်ဝံရုပ်လေးပင်။

လက်တစ်ဖဝါးစာခန့်သာ ရှိပြီး တစ်ကိုယ်လုံး အညိုရောင်သားမွေးများဖြင့် ဖုံးလွှမ်းနေသည်။ ခြေလက်များက ဖောင်းဖောင်း၊ လုံးလုံးလေး ဖြစ်နေပြီး လည်ပင်းတွင် ဖဲပြားသေးသေးလေးတစ်ခု ချည်နှောင်ထားသဖြင့် ချစ်စရာကောင်းပြီး အန္တရာယ်ကင်းသလို ထင်ရသည်။ သို့သော် ထိုအရုပ်လေး ရောက်လာသောကြောင့် လူသားစားမကောင်းဆိုးဝါးကြီး ကြောက်လန့်သွားသည်မှာ အသိသာချည်းပင်။

ချန်ကျစ်ချူးမှာ ထိုဝက်ဝံရုပ်လေးကို ကြည့်ရင်း ယခင်မြင်ခဲ့ဖူးသည့် ဝက်ဝံရုပ်လေးသုံးရုပ်ကို ပြန်သတိရသွားသည်။ အထူးသဖြင့် ဤအရုပ်နှင့် ချွတ်စွပ်နီးပါးတူသည့် တတိယအရုပ်လေးပင်။ သူတို့ကြားတွင် ဆက်သွယ်မှုတစ်ခုခု ရှိနေမည်မှာ ရှင်းလင်းနေချေပြီ။

သူတို့နောက်သို့ တစ်ချိန်လုံး လိုက်လာတာ ဖြစ်လောက်သည်။

ချန်ကျစ်ချူး၏ မျက်နှာတွင် သွေးရောင်မရှိတော့ပေ။ ထိုအခိုက် သူ၏ လက်စွပ်က လူသားစားမကောင်းဆိုးဝါး ပေါ်လာချိန်တွင် စက္ကန့်ပိုင်းအတွင်း အပူချိန်တက်လာပြီး ဝက်ဝံရုပ်လေး ပေါ်လာချိန်မှတော့ မပူလာကြောင်း သတိရသွားသည်။

..... လက်စွပ်ပျက်နေတာသာ မဟုတ်ရင် ဒီဝက်ဝံရုပ်က..... အသက်ဝင်နေတဲ့ ကျိန်စာသင့် Item ပဲ ဖြစ်ရမယ်..!

ဝက်ဝံရုပ်လေးက ခေါင်းစောင်းကာ သူတို့အားလုံးကို ဝေ့ကြည့်လိုက်သည်။ ၎င်း၏အကြည့်က သူ့အား ပြုံး၍ကြည့်နေသော ပိုင်ရိထံသို့ ရောက်သွားချိန်တွင် ပျော့အိအိခန္ဓာကိုယ်လေးမှာ ရုတ်ချည်း တောင့်ခဲသွားပြီး ခေါင်းသေးသေးလေးဖြင့် အကြည့်လွှဲကာ သူတို့ကို ထပ်မကြည့်လာတော့ပေ။ ပြီးနောက် သံဖြတ်လွှကို တရွတ်တိုက်ဆွဲသွားပြီး လူသားစားမကောင်းဆိုးဝါးထံ လျှောက်သွားတော့သည်။

"ဂရူး... ဂရူး... ဂရူး..."

အပေါက်တစ်နေသော လူသားစားမကောင်းဆိုးဝါးခမျာ ကြောက်ကြောက်လန့်လန့် အော်ဟစ်နေသော်ငြား ရှေ့တိုးမရသလို နောက်ပြန်ဆုတ်၍လည်း မရတော့ပေ။ ဝက်ဝံရုပ်ကို မမြင်ရသော်လည်း သံဖြတ်လွှကို တရွတ်ဆွဲလာသံက တစ်စထက်တစ်စ တိုးကပ်လာနေသည်။

ဝက်ဝံရုပ်လေး၏ မျက်လုံးနက်နက်ထဲတွင် အေးစက်စက်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူ့ခန္ဓာကိုယ်ထက် အဆမတန် ကြီးမားသည့် သံဖြတ်လွှကြီးကို မြှောက်လိုက်သည်။ ပြီးနောက် အသာလေး လှုပ်ရှားလိုက်ရုံဖြင့် သံဖြတ်လွှကြီးက လူသားစားမကောင်းဆိုးဝါး၏ အောက်ပိုင်းကို ထိုးခွဲသွားတော့သည်။

"ရွှစ်... ထန်..!"

သန့်စင်ခန်းထဲတွင် အသားစိုင်ကို လှီးဖြတ်နေသံများ ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့သည်။ ချန်ကျစ်ချူးမှာ လူသားစားမကောင်းဆိုးဝါး၏ တင်ပါးကို အလွယ်တကူ လှီးဖြတ်နေပုံအား ငေးကြည့်ရင်း မျက်လုံးပြူးလာရ၏။ ကျည်ဆန်ပင် တိုးမပေါက်ခဲ့သော အရေခွံအကြောင်း ပြန်တွေးမိသည်နောက် လွှတ်ခနဲ ထအော်မိလုမတတ်ပင်။

သောက်ကျိုးနည်း အဲ့ဟာကြီးရဲ့ ပျော့ကွက်က ဖင်ဖြစ်နေမယ်လို ဘယ်သူတွေးမိမှာလဲ..?!

လူသားစားမကောင်းဆိုးဝါးကြီးက စူးရှစွာ အော်ဟစ်နေပြီး အဖြတ်ခံလိုက်ရသည့် နေရာမှ မစင်နဲ့ အရည်မည်းမည်းများ စီးကျလာခဲ့သည်။ ဝက်ဝံရုပ်လေးက နောက်တစ်လှမ်းဆုတ်ကာ အန်ချင်သွားဟန်ဖြင့် လျှာလေး ထုတ်လိုက်သည်။

တစ်ခဏကြာပြီးနောက် လူသားစားမကောင်းဆိုးဝါးကြီးသည် ရုန်းကန်နေတာ ရပ်သွားပြီး အော်သံထွက်မလာတော့ပေ။ ထိုအကောင်ကြီး ထပ်မလှုပ်နိုင်တော့မှန်း မြင်လိုက်ရချိန်တွင် ဝက်ဝံရုပ်လေးက သံဖြတ်လွှကို ကိုင်ဆွဲပြီး မကောင်းဆိုးဝါး၏ အောက်ပိုင်းကို ကျွမ်းကျွမ်းကျင်ကျင် လှီးဖြတ်ကာ လွှင့်ပစ်လိုက်သည်။ ပြီးနောက် မကောင်းဆိုးဝါးကြီးအပေါ် ကုပ်တက်ကာ အပေါ်ခွံကို ခွာပစ်လိုက်သည်။ ထို့နောက်တွင်မူ အစွယ်ဖြူဖြူများ ထုတ်ကာ အသားစိုင်ကို ကိုက်ချပြီး ဆွဲဖြတ်ပစ်လိုက်တော့သည်။

ဝက်ဝံရုပ်လေးက လူသားစားမကောင်းဆိုးဝါးကို တကယ်ကြီး စားနေတာပဲ..!

ချန်ကျစ်ချူးမှာ အံ့ဩလွန်း၍ စကားပင်မပြောနိုင်တော့ပေ။ သူ သာမက, မုန့်ခယ်နှင့် တခြားလူများလည်း အံ့အားသင့်နေတော့သည်။ လူသားစားမကောင်းဆိုးဝါးကြီးက ဝက်ဝံရုပ်သေးသေးလေး၏ လက်အောက်တွင် အလွယ်တကူ ရှုံးနိမ့်သွားပြီး ဤသို့သော နည်းလမ်းမျိုးဖြင့် အနိုင်ယူခံလိုက်ရသည့်အပေါ် သူတို့အားလုံး မယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။

"ချလွမ်..."

ထိုအခိုက် အကာအကွယ်လည်း အချိန်ကန့်သတ်ချက်သို့ ရောက်လာခဲ့ချေပြီ။ ဖျက်ခနဲ တစ်ချက်လက်သွားပြီးနောက် အပြာရောင်အလင်းနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

"မြန်မြန် သွားကြရအောင်..!"

မုန့်ရှင်းက ဝက်ဝံရုပ်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမကိုယ်သူမ အသိစိတ်ပြန်ကပ်စေရင်း တုန်လှုပ်စွာ ပြောလာသည်။ "အဲ့အရုပ် ငါတို့ဘက်လှည့်မလာခင် ဒီနေရာကနေ အမြန်ထွက်ပြေးမှဖြစ်မယ်..!"

"ဒါပေမဲ့ သော့က......"

မုန့်ခယ်က မကောင်းဆိုးဝါး၏ လက်တစ်ဖက်တွင် ကပ်ငြိနေသော သော့ကို စိတ်ပျက်လက်ပျက် လှည့်ကြည့်လိုက်၏။ သော့ယူရန် ဤနေရာသို့ ရောက်လာခြင်းဖြစ်ပြီး တာ့ကောင်း၏ အသက်ကို စတေးလိုက်ရပြီဖြစ်သည်။ သို့ဖြစ်ရာ သူတို့ လက်ဗလာဖြင့် ထွက်ပြေးကြရမည်လော။ ဤသို့ဆိုလျှင် ဤ Instance ကို အဘယ်သို့ ရှင်းလင်းနိုင်ဦးမည်နည်း။

"အရင်ဆုံး ထွက်ပြေးကြရအောင်.. ဒီအရုပ်,မရှိတော့မှ ပြန်လာကြမယ်လေ.." မုန့်ရှင်းက အသံတိုးတိုးဖြင့်.. "အရုပ်ကို ယှဉ်တိုက်နိုင်မယ်လို့ ထင်နေတာလား..?"

မုန့်ခယ်က နှုတ်ခမ်းတင်းတင်းစေ့ပြီး ခေါင်းညိတ်ပြလိုက်သည်။ ညီအစ်မနှစ်ယောက်က ကျန်သုံးယောက်ကို ခပ်တိုးတိုး အသိပေးလိုက်ပြီးနောက် ကျီယွင်ရှောင်အား ထွက်မသွားချင်မည်စိုး၍ စိုးထိတ်စွာ ကြည့်လိုက်ကြသည်။

ကျီယွင်ရှောင်က တာ့ကောင်း၏ မပြည့်စုံတော့သော ခန္ဓာကိုယ်အစိတ်အပိုင်းများကို အသံတိတ် ငေးကြည့်နေလေသည်။ သူ၏ ပခုံးများ တသိမ့်သိမ့် တုန်ယင်နေလေပြီး ဝက်ဝံရုပ်က အလောင်းကို စိတ်ဝင်စားဟန်မရှိကြောင်း တွေ့လိုက်ရချိန်ဝယ် နှုတ်ခမ်းတင်းတင်းစေ့ကာ စိတ်ပိုင်းဖြတ်ပြီး သန့်စင်ခန်းထဲမှ ထွက်သွားသည်။

မုန့်ညီအစ်မနှစ်ယောက်က ကျီယွင်ရှောင် ငြင်းဆန်မည်ကို စိုးထိတ်နေခြင်းပင်။ သူက လိုလိုလားလား ထွက်သွားသောအခါ သူတို့နှစ်ယောက်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ရင်း ကျီယွင်ရှောင်အနောက်မှ အပြေးလိုက်သွားတော့သည်။

ချန်ကျစ်ချူးသည်လည်း ဝက်ဝံရုပ်ကို တစ်ချက်ခိုးကြည့်လိုက်ပြီး ထွက်သွားရန်ပြင်သည်။ သို့သော် ပိုင်ရိက ဝက်ဝံရုပ်ကို မလှုပ်မယှက် ရပ်ကြည့်နေကြောင်း တွေ့လိုက်ရသဖြင့် တစ်ဖက်လူ၏ ရှပ်အင်္ကျီအစကို အလောတကြီး ဆောင့်ဆွဲရင်း ခပ်တိုးတိုး ပြောလိုက်သည်။

"သွားရအောင်..!"

"... အိုကေ..."

ပိုင်ရိက ချန်ကျစ်ချူး၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ပြီးနောက် ချန်ကျစ်ချူး မမြင်နိုင်သည့် တစ်ဖက်ခြမ်းတွင် နှုတ်ခမ်းပါးများ ကော့တက်သွားပြီး ဝက်ဝံရုပ်ကို ပြုံးပြလိုက်၏။

သူ၏အပြုံးက သိမ်မွေ့နူးညံ့ပါသော်ငြား လူသားစားမကောင်းဆိုးဝါး၏ အသွေးအသားများကို ပွဲတော်တည်နေသော ဝက်ဝံရုပ်လေးမှာ ဆတ်ခနဲ တောင့်ခဲသွားပြီး တစ်ကိုယ်လုံး တုန်ယင်ကာ အမြီးပင် ထောင်ထ,သွားရသည်။

<နောက်တစ်ယောက်ကိုပါ သတ်လိုက်>

ပိုင်ရိက အသံမထွက်ဘဲ ပါးစပ်လှုပ်လိုက်သည်။

ဝက်ဝံရုပ်လေးသည် အတော်ကြာအောင် တောင့်ခဲနေပြီးနောက် မသိစိတ်၏အလိုအရ ချန်ကျစ်ချူးထံ အကြည့်ရောက်သွား၏။ သို့သော် ပိုင်ရိ၏ အေးစက်စက်အကြည့်ကို မြင်သောအခါ 'နောက်တစ်ယောက်'က ဤလူသားကို ရည်ညွှန်းနေခြင်းမဟုတ်ဘဲ တံခါးအပြင်သို့ ထွက်သွားသည့် တစ်ယောက်ကို ရည်ညွှန်းနေခြင်းမှန်း ချက်ချင်း သဘောပေါက်လိုက်သည်။ ထိုသို့ သဘောပေါက်သွားသည်နှင့် လက်ထဲကိုင်ထားသည့် အသားတုံးကို အမြန်ပစ်ချလိုက်ပြီး မတ်တပ်ရပ်ကာ ကျီယွင်ရှောင်ထံသို့ အမြန်ပြေးသွားတော့သည်။

"ဟိုအရုပ် လာနေပြီ..!"

ချန်ကျစ်ချူးက လှမ်းအော်လိုက်သည်။ ကျီယွင်ရှောင်နှင့် ညီအစ်မနှစ်ယောက် နောက်လှည့်ကြည့်လိုက်သောအခါ အစွယ်ဖွေးဖွေးဖြင့် ကျီယွင်ရှောင်ထံသို့ ပြေးလာနေသော ဝက်ဝံရုပ်ကို မြင်လိုက်ကြရသည်။

ညီအစ်မနှစ်ယောက်လည်း ကြောက်လန့်သွားပြိး မုန့်ရှင်းက ဝက်ဝံရုပ်ကို သေနတ်ဖြင့် လှမ်းပစ်သည်။ ကံဆိုးစွာဖြင့် ဝက်ဝံရုပ်၏ လှုပ်ရှားမှုက အရမ်းမြန်လွန်းနေပြီး ခန္ဓာကိုယ်လေးက သေးငယ်ပျော့ပျောင်းသဖြင့် တစ်ချက်မျှ မထိလိုက်ပေ။ တစ်စထက်တစ်စ နီးကပ်လာသည့် အရုပ်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ရပ်ကြည့်နေမိတော့သည်။

ချန်ကျစ်ချူးလည်း အလွန်စိတ်ပူသွားခဲ့သည်။ ဂျိုရှုအာ၏ လည်ဆွဲကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရင်း ဝက်ဝံရုပ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သော်ငြား System ၏ အသိပေးချက်ကို ထပ်ကြားလိုက်ရပြန်သည်။

[အထိန်းအကွပ်မဲ့ လှုပ်ရှားမှု စတင်ပါပြီ။]

ချန်ကျစ်ချူး : "??!!" ဒီအချိန်ကြီးမှလား..???

ကျီယွင်ရှောင်ထံ တဖြည်းဖြည်း တိုးကပ်လာသော ဝက်ဝံရုပ်ကို ကြည့်နေရင်း သူ၏ခန္ဓာကိုယ်လည်း ထိန်းချုပ်မှု လွတ်လာသည်။ သူက အမြန်ပြေးသွားပြီး ကျီယွင်ရှောင်၏ ခါးကို ခပ်တင်းတင်း ဆွဲပွေ့လိုက်သည်။ ပြီးနောက် ကျီယွင်ရှောင်၏ ပခုံးထက်တွင် မျက်နှာအပ်က ငိုကြွေးတော့၏။ ထို့နောက်တွင်မူ ဝက်ဝံရုပ်အား စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် မိုက်တိမိုက်ကန်း လှည့်ကြည့်လိုက်ကာ..

""ငါ့ယောက်ျားကို မထိနဲ့.. သတ်ချင်ရင် ငါ့ကို အရင်သတ်လိုက်..!"

..... မင်းမေ....... ဒီပါးစပ်က ဘာတွေပြောနေတာလဲ......

ချန်ကျစ်ချူးမှာ ပစ်လှဲချလိုက်ချင်တော့၏။ သူ့ကို ပို၍ ယူကျုံးမရဖြစ်စေသည်ကား ဤအခြေအနေက အဆုံးသတ်မဟုတ်‌ခြင်းပင်။ သူက နောက်လှည့်ကာ မျက်ရည်လည်ရွဲဖြင့် ကျီယွင်ရှောင်၏ မျက်နှာချောချောလေးကို ကြင်နာစွာ ဆုပ်ကိုင်လိုက်သည်။ ပြီးနောက် အသက်မကချစ်မြတ်နိုးရသော ချစ်သူကို ကြည့်နေသည့်အလား ခံစားချက်အပြည့်ဖြင့်...

"အချစ်ရေ.. ကျွန်တော် အရင်သွားနှင့်တော့မယ်နော်.. ကျွန်တော်မရှိတော့ရင် ကျွန်တော်တို့ရဲ့ ကလေးတွေကို သေချာဂရုစိုက်ပေးပါ..........."

"............?"

ကျီယွင်ရှောင်ရှေ့တွင် ပိတ်ရပ်ထားသော ချန်ကျစ်ချူးကိုကြည့်ပြီး ဝက်ဝံရုပ်လည်း ဘာဆက်လုပ်ရမှန်း မသိတော့ချေ။ သူက ပိုင်ရိကို အသံတိတ်လှည့်ကြည့်လိုက်သော်ငြား ပိုင်ရိ၏ ခန္ဓာကိုယ်မှ ထုတ်လွှင့်နေသော အေးစက်မှောင်မိုက်နေသည့် အရှိန်အဝါကြောင့် လန့်ဖြန့်သွားရသည်။ ထိုအခြေအနေကြောင့် ဝက်ဝံရုပ်မှာ ဖင်ထိုင်ကျသွားပြီး တုန်ယင်နေရှာတော့သည်။

"ခရက်...."

ပိုင်ရိ၏ လက်ချောင်းကြားမှ ဓာတ်မီးအစများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည်။

ဤတစ်ခေါက်တော့ ပိုင်ရိက ဓာတ်မီးကို တစ်စစီ ချေမွပစ်လိုက်ချေပြီ။

***

ပိုင်ရိ၏ ဒိုင်ယာရီမှတ်တမ်း (Part 23)

သန့်စင်ခန်းထဲက မကောင်းဆိုးဝါးမှာ အသိစိတ်မရှိတော့ဘူး။ သူက စားသောက်ချင်တဲ့ ပင်ကိုဗီဇပဲ ရှိတော့တယ်။ အဲတာကြောင့် ငါ့ရဲ့အရှိန်အဝါကို တမင်ဖျောက်လိုက်တော့ အဲ့အကောင်က ငါ့ကို သတိမပြုမိဘဲ အကြမ်းပတမ်း တိုက်ခိုက်လာတော့တာပဲ။

အရမ်းကောင်းတယ်။ ဒီအခြေအနေကို အသုံးချပြီး ကျီယွင်ရှောင်ကို သတ်လို့ရပြီ။ အဲ့ကောင် အသက်ရှင်လို့မဖြစ်ဘူး။

***

ဒီတစ်ခေါက် ကျီယွင်ရှောင် မသေသေးဘူး။ ကျိန်စာသင့် Item လို ဝက်ဝံရုပ် ပေါ်လာပြီး ငါ့ရဲ့အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်တယ်။

အဲ့အရုပ်က ငါ့ရဲ့အရှိန်အဝါကို ကောင်းကောင်း သတိထားမိပြီး ငါ့ကို အရမ်းကြောက်နေပုံပဲ။ ကြည့်ရတာ တခြား 'ငါ' ကိုလည်း ကြောက်ပုံရတယ်။

ဘာပဲဖြစ်ဖြစ် ငါ့ရဲ့အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်မှတော့ ဒီအတိုင်း လွှတ်မပေးနိုင်ဘူး။ ကျီယွင်ရှောင်ကို သတ်ဖို့ အဲ့အရုပ်ကို အသုံးချရမယ်။

***

ငါက တကယ့်အရူးကောင်ပဲ။

ဘာလို့ ကျိန်စာသင့် Item ကို ငါ့ကိုတိုက်ခိုက်ပါလို့ မခိုင်းလိုက်မိတာလဲ..? အဲ့လိုဆို ကျစ်ချူး 'ယောက်ျား'လို့ ခေါ်မယ့်လူက ဟိုကောင်မဟုတ်ဘဲ ငါ ဖြစ်လာလိမ့်မယ်...

(ဘောပင်လည်း ကျိုးသွားပြီ။)

စာရေးသူမှာ ပြောစရာရှိပါတယ်။ :

ချန်ကျစ်ချူး : ငါ့ပါးစပ်က ဘာတွေပြောမိနေတာလဲ..?

ဝက်ဝံရုပ် : ကျွန်တော် ဘယ်လိုလုပ်ရမလဲဟင်..?

ပိုင်ရိ : ငါဘာလုပ်လိုက်မိတာလဲ...

...........................................

TN : အမြန်ဆုံးရေးပေးချင်ပေမယ့် ကြာသွားတယ်ရှင်။ အလုပ်မှာလည်း အရမ်းအရေးကြီးတဲ့ Project တစ်ခု လုပ်နေရလို့ပါ။ နောက်တစ်ပိုင်းမှာ ပြန်တွေ့မယ်နော် : 3

..........................................

Zawgyi

အပိုင္း - (၂၃) : စြန႔္ပစ္ေဆး႐ုံ (7)

အရာအားလုံး အခ်ိန္တစ္ခဏေလးအတြင္း ျဖစ္ပ်က္သြားခဲ့ေလ၏။ တာ့ေကာင္း၏ ဦးေခါင္းမဲ့ခႏၶာကိုယ္သည္ ေရေလာင္းအိမ္သာေဘးတြင္ တအိအိ လဲၿပိဳက်သြားၿပီး ထိုမွေသြးမ်ား သူတို႔ေျခေထာက္အနားသို႔ စီးက်လာမွသာ အကုန္လုံး အသိျပန္ကပ္သြားၾကသည္။ ထိုသို႔ ထိတ္လန႔္ေခ်ာက္ခ်ားဖြယ္ ျမင္ကြင္းမ်ိဳး ျမင္လိုက္ရသျဖင့္ အႁမႊာညီအစ္မခမ်ာ မေအာ္မိေအာင္ ပါးစပ္ပိတ္ထားရၿပီး သစ္႐ြက္တစ္႐ြက္လို တုန္ယင္ေနေတာ့သည္။

"တာ့ေကာင္း..!"

က်ီယြင္ေရွာင္၏ မ်က္ႏွာတြင္ ေသြးေရာင္မရွိေတာ့ဘဲ မ်က္ဝန္းမ်ား နီရဲလာခဲ့သည္။ သူက ထိုေနရာသို႔ အေျပးသြားရန္ ျပင္လိုက္ခ်ိန္ ခ်န္က်စ္ခ်ဴးက အခ်ိန္မီ လွမ္းဆြဲထားလိုက္သည္။

"မသြားနဲ႔..!"

"ျဗန္း.."

တြင္းနက္ႀကီးထဲမွ လက္တစ္ဖက္ ထြက္လာၿပီး ေသြးမ်ားျဖင့္ ႐ႊဲနင့္ေနေလသည္။ ထိုလက္က ၾကမ္းျပင္ေပၚရွိ ေႂကြျပားကို ႐ိုက္ခ်လိုက္ရာ ေသြးလက္ရာတစ္ခု ထင္က်န္ေနေတာ့သည္။

ထို႔ေနာက္ ပိန္လွီေျခာက္ကပ္ေနသည့္ လက္အရွည္ႀကီးတစ္ေခ်ာင္း တြင္းနက္ႀကီးထဲမွ ထြက္လာျပန္သည္။ လက္ဖ်ံသည္ပင္ တစ္မီတာဝက္ခန႔္ ရွည္လ်ားေသာ္ျငား လက္ႏွစ္ေခ်ာင္းစာခန႔္သာ လုံးပတ္ရွိ၏။ အေရခြံက မီးေလာင္ထားသလို မည္းနက္ေနၿပီး ၎မွ ေသြးကဲ့သို႔ ညႇီစို႔စို႔အနံ႔ဆိုးရည္မ်ားသည္ ၾကမ္းျပင္ေပၚသို႔ တစ္စက္စက္ စီးက်ေနေလသည္။

"ဟူး... ဟူး..."

တြင္းနက္ႀကီးထဲမွ က်ယ္ေလာင္ေသာ အသက္ရႉသံကို ၾကားေနရသည္။ လက္ရွည္ႏွစ္ဖက္သည္ ၾကမ္းခင္းေႂကြျပားကို ဖိကပ္ထားၿပီး ၎၏ပုံစံက တြင္းေသးေသးေလးထဲမွ တစ္စုံတစ္ရာက တိုးထြက္ရန္ ႀကိဳးစားေနသည့္ႏွယ္။ တစ္ခ်ိန္တည္းမွာပင္ သတၱဳ႐ိုက္ခတ္သံတခ်ိဳ႕ ေပၚထြက္လာသည္။ ထိုအသံက တိုးညႇင္းလြန္းရကား သူတို႔ေတာ္ေတာ္မ်ားမ်ား ေသခ်ာမၾကားလိုက္ရေပ။

"ခ်လြမ္.. ခ်လြမ္.. ခ်လြမ္..!"

မုန႔္ရွင္းက အိတ္ကပ္ထဲမွ ေသနတ္ဆြဲထုတ္ကာ လက္မည္းႀကီးကို အႀကိမ္ေရအနည္းငယ္ခန႔္ ပစ္ခတ္လိုက္သည္။ ထိုအရာႀကီးသည္ စကၠန႔္အနည္းငယ္ခန႔္ တုန႔္ဆိုင္းသြားၿပီးေနာက္ နားကြဲလုမတတ္ ေအာ္သံႀကီးတစ္ခု ေပၚထြက္လာ၏။ ရန္စခံလိုက္ရၿပီးေနာက္ ထိုအရာႀကီးက ပိုမိုၾကမ္းတမ္းလာၿပီး လ်င္ျမန္သည့္အရွိန္ျဖင့္ တြင္းနက္ႀကီးထဲမွ တိုးထြက္လာသည္။

"ဇြက္... ဇြက္..."

႐ႊံ႕ထဲ လမ္းေလွ်ာက္ေနသလို အသံတခ်ိဳ႕ ၾကားလိုက္ရၿပီးေနာက္ တြင္းနက္ထဲမွ လက္မ်ား ထပ္ထြက္လာၿပီး ထိုအရာႀကီးသည္ အျပင္သို႔ ေရာက္ရွိလာေတာ့သည္။

ခႏၶာကိုယ္တစ္ခုလုံး မည္းေမွာင္ေနၿပီး လက္ဆယ္ေခ်ာင္း ရွိသျဖင့္ သူ၏ ခႏၶာကိုယ္တည္ေဆာက္ပုံက ပင့္ကူတစ္ေကာင္ႏွယ္။ လူေခါင္းႏွင့္ လည္ပင္းပုံစံ ရွိပါေသာ္ျငား အေမြးထူထူ ဖုံးလႊမ္းေနၿပီး အေမြးမ်ားေအာက္မွ ေသြးတစက္စက္ စီးက်ေနသည့္ အစြယ္အျပည့္ျဖင့္ ပါးစပ္ႀကီးကို ဝိုးတဝါးသာ ျမင္ေနရသည္။

ထိုအရာက ၾကမ္းျပင္ေပၚရွိ တာ့ေကာင္း၏ အေလာင္းကို တက္နင္းၿပီး ထက္ရွသည့္ လက္မ်ားျဖင့္ ေသြးသံတရဲရဲအေလာင္း၏ ဝမ္းဗိုက္ကို ထိုးေဖာက္ပစ္လိုက္သည္။ ၿပီးေနာက္ အသံစူးစူးျဖင့္ ေအာ္ဟစ္၍ ခႏၶာကိုယ္ကို ၾကမ္းျပင္ႏွင့္ ထိလုမတတ္ ေကြးခ်ကာ အရွိန္ယူလိုက္ၿပီး ခ်န္က်စ္ခ်ဴးႏွင့္ တျခားလူမ်ားထံသို႔ အားကုန္ ေျပးဝင္လာေတာ့သည္။

ထိုအခ်ိန္မွာေတာ့ မုန႔္ရွင္းသည္ အကာအကြယ္ကဒ္ကို အသက္သြင္းလိုက္ရ၏။ အျပာေရာင္အလင္းေဖ်ာ့ေဖ်ာ့ ျဖာထြက္ေနသည့္ ေဖာက္ထြင္းျမင္ႏိုင္ေသာ အကာအကြယ္တစ္ခုက လူတိုင္းကို အုပ္မိုးသြားသည္။

"ဝုန္း..!"

မေကာင္းဆိုးဝါးႀကီးက က်ည္ဆန္တစ္ခုႏွယ္ ေျပးဝင္လာကာ အကာအကြယ္စည္းကို ဝင္တိုက္လိုက္သျဖင့္ အသံအက်ယ္ႀကီး ေပၚထြက္လာသည္။ အကာအကြယ္လည္း လႈပ္ယမ္းသြားၿပီး အလင္းေဖ်ာ့သြားကာ ဝင္တိုက္လိုက္သည့္ ေနရာ၌ လတ္လတ္ဆတ္ဆတ္ေသြးမ်ား စြန္းက်န္ေနခဲ့သည္။

ပထမတစ္ႀကိမ္ မေအာင္ျမင္သျဖင့္ ထိုအရာႀကီးက ၾကမ္းျပင္ေပၚ ေကြးၫြတ္ကာ အရွိန္ထပ္ယူေနျပန္သည္။

၎၏ မ်က္လုံးမ်ားကို မျမင္ႏိုင္ေသာ္ျငား ခ်န္က်စ္ခ်ဴး၏ စိတ္ထဲတြင္ ေသြးဆာေလာင္ေနေသာ မ်က္ဝန္းမ်ားျဖင့္ သူတို႔အေပၚ စိုက္ၾကည့္ေနသလိုမ်ိဳး ခံစားေနရသည္။ သို႔ျဖစ္ရာ ေၾကာက္လန႔္စိတ္ေၾကာင့္ သူ႔ကိုယ္သူ မထိန္းႏိုင္ေတာ့ဘဲ ေနာက္သို႔ ေျခတစ္လွမ္း ဆုတ္လိုက္မိသည္အထိ။

ဒါႀကီးက လူသားစားမေကာင္းဆိုးဝါးပဲ.. သူနာျပဳေျပာျပတဲ့ လူသားစားမေကာင္းဆိုးဝါးႀကီးပဲ..!

ေဆး႐ုံထဲ ပ်ံ႕ႏွံ႔ေနသည့္ သရဲပုံျပင္မ်ားသည္ လက္ရွိအခ်ိန္တြင္ အသက္ဝင္လာၿပီျဖစ္ေၾကာင္း ခ်န္က်စ္ခ်ဴး နားလည္လိုက္သည္။ သူ႔ခမ်ာ မ်က္ႏွာပ်က္သြားၿပီး သူၾကားခဲ့ဖူးသည့္ ပုံျပင္မ်ားထဲတြင္ လူသားစားမေကာင္းဆိုးဝါးႀကီးကို ႏွိမ္နင္းႏိုင္သည့္ နည္းလမ္းပါမပါ အသည္းအသန္ ျပန္စဥ္းစားၾကည့္လိုက္၏။

သို႔ေသာ္ System က သူ႔ကို မွတ္ဉာဏ္ေရာ၊ သဲလြန္စမ်ားပါ ထပ္မေပးေတာ့ေခ်။ ထိုအရာဟာ လူသားစားမေကာင္းဆိုးဝါး ျဖစ္ေၾကာင္း သိေနသည္မွလြဲ၍ သူ၏ မွတ္ဉာဏ္တစ္ခုလုံး ဗလာက်င္းေနခဲ့သည္။

ခ်န္က်စ္ခ်ဴးကို ပိုၿပီးစိုးထိတ္ေစသည္ကား အေစာပိုင္း အဖြဲ႕ထဲမွေျပးထြက္သြားသည့္ တာ့ေကာင္း၏ လုပ္ရပ္က ထူးျခားေနျခင္းပင္။ သူ၏ပုံစံက တကယ္မရွိသည့္ အရာတစ္ခုကို ျမင္လိုက္ရသလိုမ်ိဳး ျဖစ္ေနခဲ့၏။ လူသားစားမေကာင္းဆိုးဝါးတြင္ ပုံရိပ္ေယာင္ဖန္တီးႏိုင္သည့္ အစြမ္းမ်ိဳး ရွိေနေလာက္ၿပီး သူႏွင့္ မုန႔္ခယ္ျမင္လိုက္ရသည့္ ပုံရိပ္မ်ားကလည္း ထိုမေကာင္းဆိုးဝါး၏ လက္ခ်က္ ျဖစ္ႏိုင္သည္။

ပုံရိပ္ေယာင္ဖန္တီးႏိုင္တာ ေသခ်ာလွ်င္ ထိုလူသားစားမေကာင္းဆိုးဝါးကို ႏွိမ္နင္းရန္ ပုံမွန္ထက္ ပိုခက္သြားေခ်ၿပီ။

"အဲ့တာႀကီးရဲ႕ လက္ေမာင္းေပၚကို ၾကည့္လိုက္...!"

မုန႔္ခယ္က မေကာင္းဆိုးဝါး၏ လက္တစ္ဖက္ေပၚသို႔ ဓာတ္မီးထိုးျပလာ၏။ ေငြေရာင္တစ္ခ်က္လက္သြားၿပီး အေမြးမည္းမ်ားၾကားတြင္ ေပၚလိုက္ေပ်ာက္လိုက္ျဖစ္ေနကာ သတၱဳခ်င္း႐ိုက္ခတ္သံတစ္ခ်က္ ထြက္ေပၚလာသည္။ ထိုအရာက သူတို႔လိုက္ရွာေနသည့္ ေသာ့ပင္။

ခ်န္က်စ္ခ်ဴးခမ်ာ မ်က္ႏွာေလး ပိုမိုျဖဴေဖ်ာ့သြားရွာသည္။

အဲ့ေတာ့ ေသာ့လိုခ်င္ရင္ သူတို႔ ထြက္မေျပးဘဲ ဒီလူသားစားမေကာင္းဆိုးဝါးေကာင္ကို သတ္မွရေတာ့မွာေပါ့..!

"႐ႊစ္... ကလန္..."

လူသားစားမေကာင္းဆိုးဝါးက အကာအကြယ္ကို ေနာက္တစ္ႀကိမ္ ဝင္တိုးျပန္သည္။ ဤတစ္ေခါက္ေတာ့ သက္ေရာက္မႈ ျပင္းထန္သည့္အျပင္ ထိုသတၱဝါက အကာအကြယ္ကို သြားမ်ားျဖင့္ အၾကမ္းပတမ္း ကိုက္ခဲလာခဲ့သည္။

ထိုအခါ အကာအကြယ္က အျပာေရာင္အလင္းတစ္ခ်က္ ျဖာထြက္လာၿပီး လွ်ပ္စီးေၾကာင္းမ်ား ထုတ္လႊတ္လာ၏။ မေကာင္းဆိုးဝါးႀကီးက နာနာက်င္က်င္ ေအာ္ျမည္းကာ ေနာက္ျပန္ဆုတ္သြားၿပီး ေျမျပင္ေပၚ ဝပ္လိုက္ျပန္သည္။ ဤတစ္ႀကိမ္တြင္ အကာအကြယ္စည္းေပၚ၌ အက္ေၾကာင္းရာအေသးေလးတစ္ခု ေပၚလာခဲ့သျဖင့္ အမ်ားဆုံး ေနာက္ႏွစ္ၾကမ္ခန႔္သာ ေတာင့္ခံႏိုင္ေလာက္မည္။

မုန႔္ရွင္းက ကဒ္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လိုက္ၿပီး သူမ၏ နဖူးေပၚတြင္ ေခြၽးစို႔လာရသည္။ သို႔ေသာ္ အလ်င္စလို မလႈပ္ရွားရဲခဲ့ေပ။

အေစာပိုင္းက ေသနတ္ျဖင့္ အႀကိမ္ေရအနည္းငယ္ခန႔္ ပစ္ခတ္ခဲ့ပါေသာ္ျငား မေကာင္းဆိုးဝါး၏ အေရခြံသည္ အေတာ္မာေက်ာဟန္တူၿပီး က်ည္ဆန္တိုးမေပါက္ခဲ့ေပ။ ထို႔ေၾကာင့္ အသုံးမဝင္သည့္ တိုက္ခိုက္မႈမ်ား ျပဳလုပ္မိလွ်င္ ၎ကို ရန္စသလိုျဖစ္သြားၿပီး အကာအကြယ္စည္း အျမန္ပ်က္စီးသြားမွာကို စိုးရိမ္လာမိသည္။

ဒါႀကီးကို ဘယ္လိုသတ္ရမလဲ..?

ခ်န္က်စ္ခ်ဴးလည္း သူ၏ လည္ပင္းေပၚမွ ျမလည္ဆြဲကို ဆုပ္ကိုင္ထားမိ၏။ ဤလည္ဆြဲျဖင့္ သရဲ သို႔မဟုတ္ မေကာင္းဆိုးဝါးတစ္ေကာင္ကို အမိန႔္ေပးကာ တာဝန္တစ္ခု ခိုင္းေစႏိုင္ပါေသာ္ျငား သရဲ သို႔မဟုတ္ မေကာင္းဆိုးဝါး၏ အစြမ္းက လည္ဆြဲအသုံးျပဳသူထက္ သာလြန္ေန၍မရေပ။

လူသားစားမေကာင္းဆိုးဝါးက သူ႔ထက္ သန္မာမယ့္ပုံပဲ။ လည္ဆြဲနဲ႔ အလုပ္ျဖစ္မွာမဟုတ္ဘူး။ ဒါေပမဲ့ တစ္ခါေလာက္ေတာ့ ႀကိဳးစားၾကည့္ရမယ္..!

ခ်န္က်စ္ခ်ဴးမွာ သူ၏ နဖူးထက္တြင္ ေခြၽးမ်ား စို႔နင့္လာသလို ခံစားလိုက္ရသည္။ ေအာင္ျမင္ႏိုင္ေျခ မ်ားေစရန္အတြက္ သူက ႀကိဳတင္ဝယ္ယူထားသည့္ ကံေကာင္းျခင္းေဆးရည္ကို ေသာက္လိုက္သည္။ ၿပီးေနာက္ လည္ဆြဲကို လူသားစားမေကာင္းဆိုးဝါးဘက္သို႔ ေျမႇာက္ကိုင္လိုက္ကာ အသက္ျပင္းျပင္းရႈိက္ၿပီး ေျပာလိုက္သည္။

"ငါတို႔ ဒီေဆး႐ုံႀကီးထဲကေန မထြက္သြားမခ်င္း မင္း ငါတို႔ကို ဘယ္လိုနည္းနဲ႔မွ ထိခိုက္ေအာင္ မလုပ္ရဘူး.."

ထိုသို႔ေျပာၿပီးေနာက္ လည္ဆြဲ၏ ျမေက်ာက္ေလးထံမွ အစိမ္းေရာင္အလင္းတစ္ခု ျဖာထြက္လာသည္။ တစ္ခ်ိန္တည္းမွာပင္ လူသားစားမေကာင္းဆိုးဝါး၏ လည္ေခ်ာင္းထဲမွ အသံနက္ႀကီး ထြက္ေပၚလာခဲ့၏။ သို႔ေသာ္ ထိုမေကာင္းဆိုးဝါးႀကီးသည္ တစ္ခဏသာ လူးလြန႔္သြားၿပီး ယခင္အတိုင္း ၾကမ္းတမ္းရက္စက္ေနဆဲ။ အကာအကြယ္ကိုပင္ ေနာက္တစ္ႀကိမ္ ဝင္တိုးေနျပန္သည္။

"ဝုန္း..."

[လုပ္ေဆာင္၍မရပါ။]

ဖာ့ခ္.. တကယ္ႀကီး အလုပ္မလုပ္ဘူးဟ..!!

ေမွ်ာ္လင့္ၿပီးသားျဖစ္ေသာ္လည္း အႏွီရလဒ္ကို ျမင္လိုက္ရခ်ိန္ ခ်န္က်စ္ခ်ဴးခမ်ာ ေသြးအန္လုမတတ္ ေဒါသထြက္လာခဲ့၏။ ထိုအခိုက္ အေၾကာက္တရားမ်ားပါ ေမ့ေလ်ာ့သြားၿပီး လည္ဆြဲေၾကာင့္ အရွက္ျဗန္းျဗန္းကြဲသြားသလို ခံစားလိုက္ရသည္။

လူသားစားမေကာင္းဆိုးဝါးႀကီး၏ တတိယအႀကိမ္ တိုက္ခိုက္မႈေၾကာင့္ အကာအကြယ္တစ္ခုလုံး လႈပ္ယမ္းသြားၿပီး အက္ေၾကာင္းမ်ားျဖင့္ ဖုံးလႊမ္းသြားခဲ့သည္။ အျပင္ဘက္မွ နည္းနည္းေလး ထပ္ဝင္တိုးလိုက္လွ်င္ပင္ ခ်က္ခ်င္း ၿပိဳကြဲသြားႏိုင္သည္။

အကာအကြယ္ကို ႀကိမ္ဖန္မ်ားစြာ ဝင္ေဆာင့္ခဲ့ၿပီးေနာက္ လူသားစားမေကာင္းဆိုးဝါးႀကီးလည္း အေျခအေနမေကာင္းေတာ့ပုံပင္။ အကာအကြယ္ကို ဝင္တိုးရန္အတြက္ သုံးရသည့္ ခြန္အားပမာဏက သိပ္မနည္းပါးေပ။ မေကာင္းဆိုးဝါးႀကီးမွာ ေမာဟိုက္ေနေလၿပီး အေမြးဖုံးေနသည့္ မ်က္လုံးမ်ားျဖင့္ သူတို႔ကို စူးစူးရဲရဲ စိုက္ၾကည့္ေနခဲ့သည္။ ထို႔ေနာက္ ႐ုတ္တရက္ ေနာက္လွည့္ကာ တာ့ေကာင္း၏ အေလာင္းကို စတင္စားေသာက္ေတာ့သည္။ ၾကည့္ရသည္မွာ ကုန္ဆုံးသြားသည့္ ခြန္အားမ်ားကို ျပန္ျဖည့္ေနပုံပင္။

မ်က္စိေရွ႕မွာ ျမင္ေနရသည့္ ျမင္ကြင္းက ေငးေၾကာင္ေနသည့္ က်ီယြင္ေရွာင္ကို ႏိုးၾကားသြားေစ၏။ တစ္ကိုယ္လုံး တသိမ့္သိမ့္ တုန္ယင္လာၿပီး မ်က္ဝန္းမ်ားက ရက္စက္မႈမ်ားျဖင့္ နီရဲလာသည္။ သူက ဒူးေလးသ႑ာန္ လက္နက္တစ္ခု ထုတ္ယူကာ လူသားစားမေကာင္းဆိုးဝါး၏ ေခါင္းကို ျမားျဖင့္ ပစ္လိုက္သည္။

ျမားက မေကာင္းဆိုးဝါး၏ ေခါင္းအလယ္တည့္တည့္ကို ထိသြားပါေသာ္ျငား မုန႔္ညီအစ္မႏွစ္ေယာက္ ေအာင္ပြဲမခံႏိုင္ခင္မွာပင္ ၾကမ္းျပင္ေပၚသို႔ ကေလာက္ခနဲ ျပဳတ္က်သြားသည္။ မေကာင္းဆိုးဝါး၏ ေခါင္းထဲသို႔ စိုက္မဝင္သြားဘဲ အျပင္ဘက္တြင္သာ အျဖဴေရာင္ျခစ္ရာေသးေသးေလး ထင္က်န္ရစ္ခဲ့သည္။

"ဂ႐ူး..."

လူသားစားမေကာင္းဆိုးဝါးႀကီးက သူတို႔ဘက္လွည့္ကာ ဟိန္းေဟာက္လိုက္ၿပီးေနာက္ ေခါင္းျပန္ငုံ႔ကာ အေလာင္းကို စားေနျပန္၏။ အေလာင္း၏ ဝမ္းဗိုက္ကို ကိုက္ေဖာက္လိုက္ခ်ိန္ဝယ္ ကိုယ္တြင္းကလီစာမ်ား ေနရာအႏွံ႔သို႔ ျပန႔္က်ဲကုန္ေတာ့သည္။

"ဒီေကာင္ႀကီးရဲ႕ အားနည္းခ်က္က ဘာမ်ားလဲ..?"

မုန႔္ခယ္ခမ်ာ ေၾကာက္လြန္း၍ တစ္ကိုယ္လုံး တုန္ယင္ေနရွာသည္။ သူမက အထစ္ထစ္အေငါ့ေငါ့ျဖင့္.. "ေခါင္းေတာင္ ေပ်ာ့ကြက္မဟုတ္ဘူးဆိုေတာ့ ဒါႀကီးကို ဘယ္လိုလုပ္သတ္လို႔ရမွာလဲ..?!"

".......... အဆိပ္သုံးလို႔ရေလာက္မယ္.."

ပိုင္ရိ၏ အသံက ဤကိစၥအေပၚ စိတ္မဝင္စားသည့္အလား တည္ၿငိမ္ေနေလ၏။ သူက ေက်ာပိုးအိတ္ထဲမွ ပုလင္းတစ္လုံး ထုတ္ယူကာ က်ီယြင္ေရွာင္ထံ ကမ္းေပးလိုက္သည္။

"ဒီေကာင္က သက္ရွိအမ်ိဳးအစားပဲ.. ျမားေပၚမွာ အဆိပ္သုတ္၊ ၿပီးရင္ အေလာင္းကိုပစ္ၿပီး အဆိပ္ျပန႔္ေအာင္ လုပ္လိုက္.. အဲ့ေကာင္ႀကီး အေလာင္းကိုစားရင္ သူလည္း အဆိပ္မိသြားလိမ့္မယ္.."

ထိုစကားေၾကာင့္ ခ်န္က်စ္ခ်ဴးက ပိုင္ရိကို ထိတ္လန႔္တၾကား ေမာ့ၾကည့္လိုက္သည္။ ၿပီးေနာက္ ပိုင္ရိ၏ လက္ထဲမွ ၾကည္လင္ေနသည့္ ပလက္စတစ္ဘူးထံ အၾကည့္ေရာက္သြားသည္။

ဘာလို႔ ေရသန႔္ဘူးပဲလဲ..? ပိုင္ရိက ေရသန႔္ဘူးေတြထဲ ပစၥည္းထည့္သိမ္းရတာ ႀကိဳက္တာလား..? ဘူးထဲထည့္ထားတာ ေရစင္လား၊ အဆိပ္လားဆိုတာ သူ ဘယ္လိုခြဲျခားမွာလဲ..?

"........."

ဒူးေလးကို ကိုင္ထားသည့္ က်ီယြင္ေရွာင္၏ လက္က တင္းက်ပ္သြားသည္။ ခန႔္ညားသည့္ မ်က္ႏွာလည္း ျဖဴေဖ်ာ့သြားၿပီး အသံတုန္တုန္ျဖင့္ ဝမ္းနည္းပက္လက္ ေျပာလာသည္။

"ကြၽန္.. ကြၽန္ေတာ္......" "ဒါက အရမ္းရက္စက္တယ္.. ကြၽန္ေတာ္... ဘယ္လိုလုပ္......"

က်ီယြင္ေရွာင္၏ မခ်ိတင္ကဲ ျဖစ္ေနပုံကိုၾကည့္ၿပီး မုန႔္ညီအစ္မလည္း စိတ္ထဲမေကာင္းေတာ့ေပ။

ဆင္ျခင္တုံတရားက သူတို႔အတြက္ ဤနည္းလမ္းတစ္ခုတည္းသာ ရွိေၾကာင္း ေျပာေနေသာ္လည္း က်ီယြင္ေရွာင္အတြက္မူ တာ့ေကာင္းဟာ နာမည္ခံအရ သူ၏ သက္ေတာ္ေစာင့္ျဖစ္ေသာ္ျငား သူငယ္ခ်င္းေကာင္းမ်ားလည္း ျဖစ္ေနျပန္သည္။ သူငယ္ခ်င္းျဖစ္သူ၏ အေလာင္းကို ငါးစာအျဖစ္သုံးရန္ ေျပာေနျခင္းက တကယ့္ကို....

ညီအစ္မႏွစ္ေယာက္လည္း တာ့ေကာင္း၏ အေလာင္းအႂကြင္းအက်န္ကို လွည့္မၾကည့္ဘဲ မေနႏိုင္ခဲ့ေပ။ ထို႔ေနာက္ အံတင္းတင္းႀကိတ္ကာ သူတို႔လုပ္ေပးပါမည္ဟု ေျပာေတာ့မည္အလုပ္ ပိုင္ရိက ႐ုတ္တရက္ ထေျပာလာသျဖင့္ သူတို႔ မေျပာလိုက္ရေပ။

"က်ဳပ္လည္း အရမ္းရက္စက္တယ္လို႔ ထင္ပါတယ္.."

သူ၏ မ်က္ဝန္းမ်ားသည္ ေမွာင္မိုက္ေနၿပီး ႏႈတ္ခမ္းေထာင့္မ်ား မသိမသာ ေကာ့တက္သြားသည္။ ၿပီးေနာက္ ဩရွစြာ ေျပာလာသည္။

"ဒီလိုဆိုမွေတာ့ ငါတို႔ထဲကတစ္ေယာက္ေယာက္ ငါးစာလုပ္မွ ရေတာ့မယ္.. က်န္တဲ့လူေတြက မေကာင္းဆိုးဝါးကို ထိန္းခ်ဳပ္ၿပီး သူ႔ရဲ႕ပါးစပ္ထဲ အဆိပ္ေလာင္းထည့္လို႔ရမယ့္ အခြင့္အေရးကို ရွာရမယ္.. ငါတို႔......"

"ကြၽန္ေတာ္လုပ္မယ္.."

က်ီယြင္ေရွာင္က ႏႈတ္ခမ္းတင္းတင္းေစ့လိုက္ၿပီးေနာက္ စိတ္ပိုင္းျဖတ္ထားဟန္ျဖင့္ တုံ႔ဆိုင္းျခင္းမရွိ‌ ေျပာလာသည္။ "ကြၽန္‌ေတာ္ ငါးစာလုပ္ေပးမယ္.."

"မရဘူး.. ေရွာင္ေရွာင္.. ရွင့္ကို ဘာလို႔ ငါးစာလုပ္ခိုင္းရမွာလဲ..?"

ညီအစ္မႏွစ္ေယာက္လုံး ထိတ္လန႔္သြားၿပီး က်ီယြင္ေရွာင္အား ကပ်ာကယာ တားဆီးၾကေတာ့သည္။ "မရဘူး.. ရွင္လုပ္လို႔မရဘူး.. ကြၽန္မတို႔ လုပ္ေပး...."

"ေက်းဇူးတင္ပါတယ္.. ဒါေပမဲ့ အႏၲရာယ္ကင္းတဲ့ နည္းလမ္းကို ကန႔္ကြက္ခဲ့တဲ့လူက ကြၽန္ေတာ္ပါ.. အဲ့တာေၾကာင့္ ကြၽန္ေတာ္ လုပ္မွျဖစ္မယ္.."

က်ီယြင္ေရွာင္က ေခါင္းအသာယမ္းလိုက္သည္။ သူ၏ မ်က္ဝန္းမ်ားသည္ ဝမ္းနည္းမႈေၾကာင့္ နီရဲေနဆဲျဖစ္ေသာ္ျငား အၿပဳံးယဲ့ယဲ့ျဖင့္.. "ၿပီးေတာ့ မင္းတို႔ ကြၽန္ေတာ့္ကိုယ္စား အႏၲရာယ္ထဲဝင္တိုးမွာကို မျမင္ခ်င္ဘူး.."

ညီအစ္မႏွစ္ေယာက္မွာ မ်က္ရည္ဝဲတက္လာၿပီး တုန္ယင္ေနေတာ့သည္။ ခ်န္က်စ္ခ်ဴးလည္း ထိုျမင္ကြင္းကိုၾကည့္ရင္း စိတ္ထဲ အေတြးမ်ားေနခဲ့သည္။ သူလည္း ေၾကာက္ပါသည္။ သို႔ေသာ္ ကံေကာင္းျခင္းေဆးရည္ကို ေသာက္ထားသည္ျဖစ္၍ က်ိန္စာသင့္ Item ကို အသက္သြင္းရန္ က်ရႈံးခဲ့ေသာ္လည္း ယခုကိစၥတြင္ ေအာင္ျမင္ႏိုင္ေလာက္သည္။

သူက ထိုစိတ္ကူးကို ပိုင္ရိႏွင့္ တိုင္ပင္မည္အလုပ္ ထူးထူးဆန္းဆန္း အသံတစ္ခု ၾကားလိုက္ရသျဖင့္ ခ်က္ခ်င္း ေခါင္းေမာ့ၾကည့္လိုက္၏။

အေလာင္းကိုစားေနေသာ လူသားစားမေကာင္းဆိုးဝါးလည္း ထိုအသံကို ၾကားၿပီး လႈပ္ရွားမႈမ်ား တုန႔္ခနဲ ရပ္သြားသည္။ ထို႔ေနာက္ ေၾကာက္လန႔္တၾကား ေအာ္ဟစ္ကာ သူ႔လက္ထဲမွ အေလာင္း၏ ေျခလက္မ်ားကို လႊင့္ပစ္လိုက္ေလသည္။

ထိုအေကာင္ႀကီးက ခ်န္က်စ္ခ်ဴးႏွင့္ တျခားလူမ်ားကိုပင္ လွည့္မၾကည့္ေတာ့ေပ။ သူ၏ လက္မ်ားကို ေဘးပတ္ပတ္လည္သို႔ အၾကမ္းပတမ္း ေဝွ႔ယမ္းလိုက္ရင္း ေရေလာင္းအိမ္သာဆီသို႔ အေျပးသြားကာ ဒိုင္ဗင္ထိုးဆင္းလိုက္သည္။

သို႔ေသာ္ အေလာင္း၏ အဓိကအစိတ္အပိုင္းမ်ားကို စားေသာက္ထားရကား သူ၏ ဝမ္းဗိုက္က ေဖာင္းအစ္ေနၿပီး အေပါက္တြင္ တစ္,ေနေတာ့သည္။ မည္သို႔႐ုန္းကန္ပါေစ မဆန႔္ေတာ့ေပ။ သနားစဖြယ္ ပိုးေကာင္ေလးကဲ့သို႔ သူ၏ ေအာက္ပိုင္းက အိမ္သာက်င္းအျပင္ဘက္တြင္ က်န္ရစ္ေနၿပီး မခ်ိမဆန႔္ ႐ုန္းကန္ေနခဲ့သည္။

႐ုတ္တရက္ဆန္ေသာ အေျပာင္းအလဲမ်ားေၾကာင့္ ခ်န္က်စ္ခ်ဴးမွာ အံ့အားသင့္ေနေတာ့သည္။ သို႔ႏွင့္ အသံလာရာဘက္သို႔ လွည့္ၾကည့္လိုက္သည္။

"ဂ်စ္.... ဂ်စ္... ကလန႔္..."

အေမွာင္ထုႀကီးထဲမွ သံေခ်ာင္းကို ၾကမ္းျပင္ေပၚတြင္ တ႐ြတ္တိုက္ဆြဲလာသည့္ အသံမ်ိဳး ၾကားလိုက္ရသည္။ အသံက အလြန္စူးရွက်ယ္ေလာင္စြာ ထြက္ေပၚေနေလ၏။ တစ္ခဏၾကာၿပီးေနာက္ အခန္း၏ မီးလင္းေနေသာ ေနရာတြင္ ႀကီးမားေသာ သံျဖတ္လႊတစ္ေခ်ာင္း ေပၚလာခဲ့သည္။ ထက္ရွသည့္ လႊသြားမ်ားက တဖ်တ္ဖ်တ္ လက္ေနၿပီး ေရွ႕သို႔ ျဖည္းျဖည္းခ်င္း တိုးကပ္လာေနသည္။

"ဂ႐ူး... ဂ႐ူး...!"

မိလႅာပိုက္ထဲ ခႏၶာကိုယ္တစ္ဝက္ေရာက္ေနသည့္ လူသားစားမေကာင္းဆိုးဝါးႀကီးက အလြန္ေၾကာက္လန႔္ေနဟန္ျဖင့္ မခ်ိတင္ကဲ ေအာ္ဟစ္လိုက္သည္။

ခ်န္က်စ္ခ်ဴးက ၾကမ္းျပင္ေပၚ တ႐ြတ္တိုက္ဆြဲေနေသာ သံျဖတ္လႊႀကီးကို ေငးၾကည့္ေနခဲ့သည္။ ကနဦးတြင္ ထိုသံျဖတ္လႊႀကီးကို သူ႔ဘာသာ လႈပ္ရွားေနတာဟု ထင္ျမင္ခဲ့ေသာ္ျငား ေသေသခ်ာခ်ာ ၾကည့္လိုက္သည္ေနာက္ တစ္စုံတစ္ရာက ဆြဲယူလာမွန္း သိလိုက္ရသည္။

"........."

အရိပ္ေသးေသးေလးတစ္ခု မတ္တပ္ရပ္ေနၿပီး ၎၏ နက္ေမွာင္ေတာက္ပေသာ မ်က္လုံးမ်ားက သူတို႔ဘက္သို႔ စိုက္ၾကည့္ေနခဲ့သည္။

ထိုအရာကား....... Teddy Bear ဝက္ဝံ႐ုပ္ေလးပင္။

လက္တစ္ဖဝါးစာခန႔္သာ ရွိၿပီး တစ္ကိုယ္လုံး အညိဳေရာင္သားေမြးမ်ားျဖင့္ ဖုံးလႊမ္းေနသည္။ ေျခလက္မ်ားက ေဖာင္းေဖာင္း၊ လုံးလုံးေလး ျဖစ္ေနၿပီး လည္ပင္းတြင္ ဖဲျပားေသးေသးေလးတစ္ခု ခ်ည္ေႏွာင္ထားသျဖင့္ ခ်စ္စရာေကာင္းၿပီး အႏၲရာယ္ကင္းသလို ထင္ရသည္။ သို႔ေသာ္ ထိုအ႐ုပ္ေလး ေရာက္လာေသာေၾကာင့္ လူသားစားမေကာင္းဆိုးဝါးႀကီး ေၾကာက္လန႔္သြားသည္မွာ အသိသာခ်ည္းပင္။

ခ်န္က်စ္ခ်ဴးမွာ ထိုဝက္ဝံ႐ုပ္ေလးကို ၾကည့္ရင္း ယခင္ျမင္ခဲ့ဖူးသည့္ ဝက္ဝံ႐ုပ္ေလးသုံး႐ုပ္ကို ျပန္သတိရသြားသည္။ အထူးသျဖင့္ ဤအ႐ုပ္ႏွင့္ ခြၽတ္စြပ္နီးပါးတူသည့္ တတိယအ႐ုပ္ေလးပင္။ သူတို႔ၾကားတြင္ ဆက္သြယ္မႈတစ္ခုခု ရွိေနမည္မွာ ရွင္းလင္းေနေခ်ၿပီ။

သူတို႔ေနာက္သို႔ တစ္ခ်ိန္လုံး လိုက္လာတာ ျဖစ္ေလာက္သည္။

ခ်န္က်စ္ခ်ဴး၏ မ်က္ႏွာတြင္ ေသြးေရာင္မရွိေတာ့ေပ။ ထိုအခိုက္ သူ၏ လက္စြပ္က လူသားစားမေကာင္းဆိုးဝါး ေပၚလာခ်ိန္တြင္ စကၠန႔္ပိုင္းအတြင္း အပူခ်ိန္တက္လာၿပီး ဝက္ဝံ႐ုပ္ေလး ေပၚလာခ်ိန္မွေတာ့ မပူလာေၾကာင္း သတိရသြားသည္။

..... လက္စြပ္ပ်က္ေနတာသာ မဟုတ္ရင္ ဒီဝက္ဝံ႐ုပ္က..... အသက္ဝင္ေနတဲ့ က်ိန္စာသင့္ Item ပဲ ျဖစ္ရမယ္..!

ဝက္ဝံ႐ုပ္ေလးက ေခါင္းေစာင္းကာ သူတို႔အားလုံးကို ေဝ့ၾကည့္လိုက္သည္။ ၎၏အၾကည့္က သူ႔အား ၿပဳံး၍ၾကည့္ေနေသာ ပိုင္ရိထံသို႔ ေရာက္သြားခ်ိန္တြင္ ေပ်ာ့အိအိခႏၶာကိုယ္ေလးမွာ ႐ုတ္ခ်ည္း ေတာင့္ခဲသြားၿပီး ေခါင္းေသးေသးေလးျဖင့္ အၾကည့္လႊဲကာ သူတို႔ကို ထပ္မၾကည့္လာေတာ့ေပ။ ၿပီးေနာက္ သံျဖတ္လႊကို တ႐ြတ္တိုက္ဆြဲသြားၿပီး လူသားစားမေကာင္းဆိုးဝါးထံ ေလွ်ာက္သြားေတာ့သည္။

"ဂ႐ူး... ဂ႐ူး... ဂ႐ူး..."

အေပါက္တစ္ေနေသာ လူသားစားမေကာင္းဆိုးဝါးခမ်ာ ေၾကာက္ေၾကာက္လန႔္လန႔္ ေအာ္ဟစ္ေနေသာ္ျငား ေရွ႕တိုးမရသလို ေနာက္ျပန္ဆုတ္၍လည္း မရေတာ့ေပ။ ဝက္ဝံ႐ုပ္ကို မျမင္ရေသာ္လည္း သံျဖတ္လႊကို တ႐ြတ္ဆြဲလာသံက တစ္စထက္တစ္စ တိုးကပ္လာေနသည္။

ဝက္ဝံ႐ုပ္ေလး၏ မ်က္လုံးနက္နက္ထဲတြင္ ေအးစက္စက္အလင္းတန္းတစ္ခု ျဖတ္ေျပးသြားၿပီး သူ႔ခႏၶာကိုယ္ထက္ အဆမတန္ ႀကီးမားသည့္ သံျဖတ္လႊႀကီးကို ေျမႇာက္လိုက္သည္။ ၿပီးေနာက္ အသာေလး လႈပ္ရွားလိုက္႐ုံျဖင့္ သံျဖတ္လႊႀကီးက လူသားစားမေကာင္းဆိုးဝါး၏ ေအာက္ပိုင္းကို ထိုးခြဲသြားေတာ့သည္။

"႐ႊစ္... ထန္..!"

သန႔္စင္ခန္းထဲတြင္ အသားစိုင္ကို လွီးျဖတ္ေနသံမ်ား ထင္ထင္ရွားရွား ထြက္ေပၚလာခဲ့သည္။ ခ်န္က်စ္ခ်ဴးမွာ လူသားစားမေကာင္းဆိုးဝါး၏ တင္ပါးကို အလြယ္တကူ လွီးျဖတ္ေနပုံအား ေငးၾကည့္ရင္း မ်က္လုံးျပဴးလာရ၏။ က်ည္ဆန္ပင္ တိုးမေပါက္ခဲ့ေသာ အေရခြံအေၾကာင္း ျပန္ေတြးမိသည္ေနာက္ လႊတ္ခနဲ ထေအာ္မိလုမတတ္ပင္။

ေသာက္က်ိဳးနည္း အဲ့ဟာႀကီးရဲ႕ ေပ်ာ့ကြက္က ဖင္ျဖစ္ေနမယ္လို ဘယ္သူေတြးမိမွာလဲ..?!

လူသားစားမေကာင္းဆိုးဝါးႀကီးက စူးရွစြာ ေအာ္ဟစ္ေနၿပီး အျဖတ္ခံလိုက္ရသည့္ ေနရာမွ မစင္နဲ႔ အရည္မည္းမည္းမ်ား စီးက်လာခဲ့သည္။ ဝက္ဝံ႐ုပ္ေလးက ေနာက္တစ္လွမ္းဆုတ္ကာ အန္ခ်င္သြားဟန္ျဖင့္ လွ်ာေလး ထုတ္လိုက္သည္။

တစ္ခဏၾကာၿပီးေနာက္ လူသားစားမေကာင္းဆိုးဝါးႀကီးသည္ ႐ုန္းကန္ေနတာ ရပ္သြားၿပီး ေအာ္သံထြက္မလာေတာ့ေပ။ ထိုအေကာင္ႀကီး ထပ္မလႈပ္ႏိုင္ေတာ့မွန္း ျမင္လိုက္ရခ်ိန္တြင္ ဝက္ဝံ႐ုပ္ေလးက သံျဖတ္လႊကို ကိုင္ဆြဲၿပီး မေကာင္းဆိုးဝါး၏ ေအာက္ပိုင္းကို ကြၽမ္းကြၽမ္းက်င္က်င္ လွီးျဖတ္ကာ လႊင့္ပစ္လိုက္သည္။ ၿပီးေနာက္ မေကာင္းဆိုးဝါးႀကီးအေပၚ ကုပ္တက္ကာ အေပၚခြံကို ခြာပစ္လိုက္သည္။ ထို႔ေနာက္တြင္မူ အစြယ္ျဖဴျဖဴမ်ား ထုတ္ကာ အသားစိုင္ကို ကိုက္ခ်ၿပီး ဆြဲျဖတ္ပစ္လိုက္ေတာ့သည္။

ဝက္ဝံ႐ုပ္ေလးက လူသားစားမေကာင္းဆိုးဝါးကို တကယ္ႀကီး စားေနတာပဲ..!

ခ်န္က်စ္ခ်ဴးမွာ အံ့ဩလြန္း၍ စကားပင္မေျပာႏိုင္ေတာ့ေပ။ သူ သာမက, မုန႔္ခယ္ႏွင့္ တျခားလူမ်ားလည္း အံ့အားသင့္ေနေတာ့သည္။ လူသားစားမေကာင္းဆိုးဝါးႀကီးက ဝက္ဝံ႐ုပ္ေသးေသးေလး၏ လက္ေအာက္တြင္ အလြယ္တကူ ရႈံးနိမ့္သြားၿပီး ဤသို႔ေသာ နည္းလမ္းမ်ိဳးျဖင့္ အႏိုင္ယူခံလိုက္ရသည့္အေပၚ သူတို႔အားလုံး မယုံၾကည္ႏိုင္ေအာင္ ျဖစ္ေနေတာ့သည္။

"ခ်လြမ္..."

ထိုအခိုက္ အကာအကြယ္လည္း အခ်ိန္ကန႔္သတ္ခ်က္သို႔ ေရာက္လာခဲ့ေခ်ၿပီ။ ဖ်က္ခနဲ တစ္ခ်က္လက္သြားၿပီးေနာက္ အျပာေရာင္အလင္းႏွင့္အတူ ေပ်ာက္ကြယ္သြားေတာ့သည္။

"ျမန္ျမန္ သြားၾကရေအာင္..!"

မုန႔္ရွင္းက ဝက္ဝံ႐ုပ္ကို တစ္ခ်က္ၾကည့္လိုက္သည္။ ထို႔ေနာက္ သူမကိုယ္သူမ အသိစိတ္ျပန္ကပ္ေစရင္း တုန္လႈပ္စြာ ေျပာလာသည္။ "အဲ့အ႐ုပ္ ငါတို႔ဘက္လွည့္မလာခင္ ဒီေနရာကေန အျမန္ထြက္ေျပးမွျဖစ္မယ္..!"

"ဒါေပမဲ့ ေသာ့က......"

မုန႔္ခယ္က မေကာင္းဆိုးဝါး၏ လက္တစ္ဖက္တြင္ ကပ္ၿငိေနေသာ ေသာ့ကို စိတ္ပ်က္လက္ပ်က္ လွည့္ၾကည့္လိုက္၏။ ေသာ့ယူရန္ ဤေနရာသို႔ ေရာက္လာျခင္းျဖစ္ၿပီး တာ့ေကာင္း၏ အသက္ကို စေတးလိုက္ရၿပီျဖစ္သည္။ သို႔ျဖစ္ရာ သူတို႔ လက္ဗလာျဖင့္ ထြက္ေျပးၾကရမည္ေလာ။ ဤသို႔ဆိုလွ်င္ ဤ Instance ကို အဘယ္သို႔ ရွင္းလင္းႏိုင္ဦးမည္နည္း။

"အရင္ဆုံး ထြက္ေျပးၾကရေအာင္.. ဒီအ႐ုပ္,မရွိေတာ့မွ ျပန္လာၾကမယ္ေလ.." မုန႔္ရွင္းက အသံတိုးတိုးျဖင့္.. "အ႐ုပ္ကို ယွဥ္တိုက္ႏိုင္မယ္လို႔ ထင္ေနတာလား..?"

မုန႔္ခယ္က ႏႈတ္ခမ္းတင္းတင္းေစ့ၿပီး ေခါင္းညိတ္ျပလိုက္သည္။ ညီအစ္မႏွစ္ေယာက္က က်န္သုံးေယာက္ကို ခပ္တိုးတိုး အသိေပးလိုက္ၿပီးေနာက္ က်ီယြင္ေရွာင္အား ထြက္မသြားခ်င္မည္စိုး၍ စိုးထိတ္စြာ ၾကည့္လိုက္ၾကသည္။

က်ီယြင္ေရွာင္က တာ့ေကာင္း၏ မျပည့္စုံေတာ့ေသာ ခႏၶာကိုယ္အစိတ္အပိုင္းမ်ားကို အသံတိတ္ ေငးၾကည့္ေနေလသည္။ သူ၏ ပခုံးမ်ား တသိမ့္သိမ့္ တုန္ယင္ေနေလၿပီး ဝက္ဝံ႐ုပ္က အေလာင္းကို စိတ္ဝင္စားဟန္မရွိေၾကာင္း ေတြ႕လိုက္ရခ်ိန္ဝယ္ ႏႈတ္ခမ္းတင္းတင္းေစ့ကာ စိတ္ပိုင္းျဖတ္ၿပီး သန႔္စင္ခန္းထဲမွ ထြက္သြားသည္။

မုန႔္ညီအစ္မႏွစ္ေယာက္က က်ီယြင္ေရွာင္ ျငင္းဆန္မည္ကို စိုးထိတ္ေနျခင္းပင္။ သူက လိုလိုလားလား ထြက္သြားေသာအခါ သူတို႔ႏွစ္ေယာက္လည္း စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္ရင္း က်ီယြင္ေရွာင္အေနာက္မွ အေျပးလိုက္သြားေတာ့သည္။

ခ်န္က်စ္ခ်ဴးသည္လည္း ဝက္ဝံ႐ုပ္ကို တစ္ခ်က္ခိုးၾကည့္လိုက္ၿပီး ထြက္သြားရန္ျပင္သည္။ သို႔ေသာ္ ပိုင္ရိက ဝက္ဝံ႐ုပ္ကို မလႈပ္မယွက္ ရပ္ၾကည့္ေနေၾကာင္း ေတြ႕လိုက္ရသျဖင့္ တစ္ဖက္လူ၏ ရွပ္အက်ႌအစကို အေလာတႀကီး ေဆာင့္ဆြဲရင္း ခပ္တိုးတိုး ေျပာလိုက္သည္။

"သြားရေအာင္..!"

"... အိုေက..."

ပိုင္ရိက ခ်န္က်စ္ခ်ဴး၏ လက္ကို ဆုပ္ကိုင္လိုက္သည္။ ၿပီးေနာက္ ခ်န္က်စ္ခ်ဴး မျမင္ႏိုင္သည့္ တစ္ဖက္ျခမ္းတြင္ ႏႈတ္ခမ္းပါးမ်ား ေကာ့တက္သြားၿပီး ဝက္ဝံ႐ုပ္ကို ၿပဳံးျပလိုက္၏။

သူ၏အၿပဳံးက သိမ္ေမြ႕ႏူးညံ့ပါေသာ္ျငား လူသားစားမေကာင္းဆိုးဝါး၏ အေသြးအသားမ်ားကို ပြဲေတာ္တည္ေနေသာ ဝက္ဝံ႐ုပ္ေလးမွာ ဆတ္ခနဲ ေတာင့္ခဲသြားၿပီး တစ္ကိုယ္လုံး တုန္ယင္ကာ အၿမီးပင္ ေထာင္ထ,သြားရသည္။

<ေနာက္တစ္ေယာက္ကိုပါ သတ္လိုက္>

ပိုင္ရိက အသံမထြက္ဘဲ ပါးစပ္လႈပ္လိုက္သည္။

ဝက္ဝံ႐ုပ္ေလးသည္ အေတာ္ၾကာေအာင္ ေတာင့္ခဲေနၿပီးေနာက္ မသိစိတ္၏အလိုအရ ခ်န္က်စ္ခ်ဴးထံ အၾကည့္ေရာက္သြား၏။ သို႔ေသာ္ ပိုင္ရိ၏ ေအးစက္စက္အၾကည့္ကို ျမင္ေသာအခါ 'ေနာက္တစ္ေယာက္'က ဤလူသားကို ရည္ၫႊန္းေနျခင္းမဟုတ္ဘဲ တံခါးအျပင္သို႔ ထြက္သြားသည့္ တစ္ေယာက္ကို ရည္ၫႊန္းေနျခင္းမွန္း ခ်က္ခ်င္း သေဘာေပါက္လိုက္သည္။ ထိုသို႔ သေဘာေပါက္သြားသည္ႏွင့္ လက္ထဲကိုင္ထားသည့္ အသားတုံးကို အျမန္ပစ္ခ်လိုက္ၿပီး မတ္တပ္ရပ္ကာ က်ီယြင္ေရွာင္ထံသို႔ အျမန္ေျပးသြားေတာ့သည္။

"ဟိုအ႐ုပ္ လာေနၿပီ..!"

ခ်န္က်စ္ခ်ဴးက လွမ္းေအာ္လိုက္သည္။ က်ီယြင္ေရွာင္ႏွင့္ ညီအစ္မႏွစ္ေယာက္ ေနာက္လွည့္ၾကည့္လိုက္ေသာအခါ အစြယ္ေဖြးေဖြးျဖင့္ က်ီယြင္ေရွာင္ထံသို႔ ေျပးလာေနေသာ ဝက္ဝံ႐ုပ္ကို ျမင္လိုက္ၾကရသည္။

ညီအစ္မႏွစ္ေယာက္လည္း ေၾကာက္လန႔္သြားၿပိး မုန႔္ရွင္းက ဝက္ဝံ႐ုပ္ကို ေသနတ္ျဖင့္ လွမ္းပစ္သည္။ ကံဆိုးစြာျဖင့္ ဝက္ဝံ႐ုပ္၏ လႈပ္ရွားမႈက အရမ္းျမန္လြန္းေနၿပီး ခႏၶာကိုယ္ေလးက ေသးငယ္ေပ်ာ့ေပ်ာင္းသျဖင့္ တစ္ခ်က္မွ် မထိလိုက္ေပ။ တစ္စထက္တစ္စ နီးကပ္လာသည့္ အ႐ုပ္ကိုသာ ကူကယ္ရာမဲ့စြာျဖင့္ ရပ္ၾကည့္ေနမိေတာ့သည္။

ခ်န္က်စ္ခ်ဴးလည္း အလြန္စိတ္ပူသြားခဲ့သည္။ ဂ်ိဳရႈအာ၏ လည္ဆြဲကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္ရင္း ဝက္ဝံ႐ုပ္ကို ထိန္းခ်ဳပ္ရန္ ႀကိဳးစားလိုက္ေသာ္ျငား System ၏ အသိေပးခ်က္ကို ထပ္ၾကားလိုက္ရျပန္သည္။

[အထိန္းအကြပ္မဲ့ လႈပ္ရွားမႈ စတင္ပါၿပီ။]

ခ်န္က်စ္ခ်ဴး : "??!!" ဒီအခ်ိန္ႀကီးမွလား..???

က်ီယြင္ေရွာင္ထံ တျဖည္းျဖည္း တိုးကပ္လာေသာ ဝက္ဝံ႐ုပ္ကို ၾကည့္ေနရင္း သူ၏ခႏၶာကိုယ္လည္း ထိန္းခ်ဳပ္မႈ လြတ္လာသည္။ သူက အျမန္ေျပးသြားၿပီး က်ီယြင္ေရွာင္၏ ခါးကို ခပ္တင္းတင္း ဆြဲေပြ႕လိုက္သည္။ ၿပီးေနာက္ က်ီယြင္ေရွာင္၏ ပခုံးထက္တြင္ မ်က္ႏွာအပ္က ငိုေႂကြးေတာ့၏။ ထို႔ေနာက္တြင္မူ ဝက္ဝံ႐ုပ္အား စိတ္ပိုင္းျဖတ္ထားဟန္ျဖင့္ မိုက္တိမိုက္ကန္း လွည့္ၾကည့္လိုက္ကာ..

""ငါ့ေယာက္်ားကို မထိနဲ႔.. သတ္ခ်င္ရင္ ငါ့ကို အရင္သတ္လိုက္..!"

..... မင္းေမ....... ဒီပါးစပ္က ဘာေတြေျပာေနတာလဲ......

ခ်န္က်စ္ခ်ဴးမွာ ပစ္လွဲခ်လိုက္ခ်င္ေတာ့၏။ သူ႔ကို ပို၍ ယူက်ဳံးမရျဖစ္ေစသည္ကား ဤအေျခအေနက အဆုံးသတ္မဟုတ္‌ျခင္းပင္။ သူက ေနာက္လွည့္ကာ မ်က္ရည္လည္႐ြဲျဖင့္ က်ီယြင္ေရွာင္၏ မ်က္ႏွာေခ်ာေခ်ာေလးကို ၾကင္နာစြာ ဆုပ္ကိုင္လိုက္သည္။ ၿပီးေနာက္ အသက္မကခ်စ္ျမတ္ႏိုးရေသာ ခ်စ္သူကို ၾကည့္ေနသည့္အလား ခံစားခ်က္အျပည့္ျဖင့္...

"အခ်စ္ေရ.. ကြၽန္ေတာ္ အရင္သြားႏွင့္ေတာ့မယ္ေနာ္.. ကြၽန္ေတာ္မရွိေတာ့ရင္ ကြၽန္ေတာ္တို႔ရဲ႕ ကေလးေတြကို ေသခ်ာဂ႐ုစိုက္ေပးပါ..........."

"............?"

က်ီယြင္ေရွာင္ေရွ႕တြင္ ပိတ္ရပ္ထားေသာ ခ်န္က်စ္ခ်ဴးကိုၾကည့္ၿပီး ဝက္ဝံ႐ုပ္လည္း ဘာဆက္လုပ္ရမွန္း မသိေတာ့ေခ်။ သူက ပိုင္ရိကို အသံတိတ္လွည့္ၾကည့္လိုက္ေသာ္ျငား ပိုင္ရိ၏ ခႏၶာကိုယ္မွ ထုတ္လႊင့္ေနေသာ ေအးစက္ေမွာင္မိုက္ေနသည့္ အရွိန္အဝါေၾကာင့္ လန႔္ျဖန႔္သြားရသည္။ ထိုအေျခအေနေၾကာင့္ ဝက္ဝံ႐ုပ္မွာ ဖင္ထိုင္က်သြားၿပီး တုန္ယင္ေနရွာေတာ့သည္။

"ခရက္...."

ပိုင္ရိ၏ လက္ေခ်ာင္းၾကားမွ ဓာတ္မီးအစမ်ား ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်လာသည္။

ဤတစ္ေခါက္ေတာ့ ပိုင္ရိက ဓာတ္မီးကို တစ္စစီ ေခ်မြပစ္လိုက္ေခ်ၿပီ။

***

ပိုင္ရိ၏ ဒိုင္ယာရီမွတ္တမ္း (Part 23)

သန႔္စင္ခန္းထဲက မေကာင္းဆိုးဝါးမွာ အသိစိတ္မရွိေတာ့ဘူး။ သူက စားေသာက္ခ်င္တဲ့ ပင္ကိုဗီဇပဲ ရွိေတာ့တယ္။ အဲတာေၾကာင့္ ငါ့ရဲ႕အရွိန္အဝါကို တမင္ေဖ်ာက္လိုက္ေတာ့ အဲ့အေကာင္က ငါ့ကို သတိမျပဳမိဘဲ အၾကမ္းပတမ္း တိုက္ခိုက္လာေတာ့တာပဲ။

အရမ္းေကာင္းတယ္။ ဒီအေျခအေနကို အသုံးခ်ၿပီး က်ီယြင္ေရွာင္ကို သတ္လို႔ရၿပီ။ အဲ့ေကာင္ အသက္ရွင္လို႔မျဖစ္ဘူး။

***

ဒီတစ္ေခါက္ က်ီယြင္ေရွာင္ မေသေသးဘူး။ က်ိန္စာသင့္ Item လို ဝက္ဝံ႐ုပ္ ေပၚလာၿပီး ငါ့ရဲ႕အစီအစဥ္ကို ဖ်က္ဆီးပစ္လိုက္တယ္။

အဲ့အ႐ုပ္က ငါ့ရဲ႕အရွိန္အဝါကို ေကာင္းေကာင္း သတိထားမိၿပီး ငါ့ကို အရမ္းေၾကာက္ေနပုံပဲ။ ၾကည့္ရတာ တျခား 'ငါ' ကိုလည္း ေၾကာက္ပုံရတယ္။

ဘာပဲျဖစ္ျဖစ္ ငါ့ရဲ႕အစီအစဥ္ကို ဖ်က္ဆီးပစ္လိုက္မွေတာ့ ဒီအတိုင္း လႊတ္မေပးႏိုင္ဘူး။ က်ီယြင္ေရွာင္ကို သတ္ဖို႔ အဲ့အ႐ုပ္ကို အသုံးခ်ရမယ္။

***

ငါက တကယ့္အ႐ူးေကာင္ပဲ။

ဘာလို႔ က်ိန္စာသင့္ Item ကို ငါ့ကိုတိုက္ခိုက္ပါလို႔ မခိုင္းလိုက္မိတာလဲ..? အဲ့လိုဆို က်စ္ခ်ဴး 'ေယာက္်ား'လို႔ ေခၚမယ့္လူက ဟိုေကာင္မဟုတ္ဘဲ ငါ ျဖစ္လာလိမ့္မယ္...

(ေဘာပင္လည္း က်ိဳးသြားၿပီ။)

စာေရးသူမွာ ေျပာစရာရွိပါတယ္။ :

ခ်န္က်စ္ခ်ဴး : ငါ့ပါးစပ္က ဘာေတြေျပာမိေနတာလဲ..?

ဝက္ဝံ႐ုပ္ : ကြၽန္ေတာ္ ဘယ္လိုလုပ္ရမလဲဟင္..?

ပိုင္ရိ : ငါဘာလုပ္လိုက္မိတာလဲ...

...........................................

TN : အျမန္ဆုံးေရးေပးခ်င္ေပမယ့္ ၾကာသြားတယ္ရွင္။ အလုပ္မွာလည္း အရမ္းအေရးႀကီးတဲ့ Project တစ္ခု လုပ္ေနရလို႔ပါ။ ေနာက္တစ္ပိုင္းမွာ ျပန္ေတြ႕မယ္ေနာ္ : 3

..........................................

You are reading stories on: TeenFic.Net