TeenFic.Net Stories that stay with you ♥

21.2 - Abandoned Hospital (5)

Unicode

“ရှောင်ချူး…..”

ချန်ကျစ်ချူး၏ နားထဲတွင် ရုတ်တရက် ဆွေးဆွေးမြည့်မြည့် မြည်တမ်းသံတစ်ခု ကြားလိုက်ရလေ၏။ အသံက အဝေးမှလာသလိုလို၊ သူနှင့် အလွန်တရာ နီးကပ်နေသလိုလို…

“ရှောင်ချူး… ဒီကိုလာခဲ့……..”

“ကိုယ့်ကို လှည့်ကြည့်ပါဦး……”

ထိုအသံက သူအရင်ကကြားခဲ့ဖူးသော အသံဖြစ်မှန်း ချန်ကျစ်ချူး အတပ်သိလိုက်သည်။ သူ၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ဓာတ်ပုံကို ကိုင်ထားသောလက်က ချွေးပြန်လာတော့သည်။

ဓာတ်ပုံထဲမှ လူငယ်လေးသည် ရုတ်တရက် အသက်ဝင်လာသယောင်။ မျက်လုံးများ ဖြည်းညင်းစွာ လှုပ်ရှားလာပြီး ဓာတ်ပုံအပြင်မှ ချန်ကျစ်ချူးကို ခေါင်းစောင်းကာ ပြုံးပြလာ၏။ သို့သော် သူ၏မျက်ဝန်းများက အသက်မဲ့နေပြီး ပြုံးနေသော်ငြား အပြုံးနှင့်မတူပေ။

သူက ဒေါက်တာလော့၏ လက်ထဲမှ ရုန်းထွက်လိုက်ကာ ဒေါက်တာလော့ကို တစ်ခဏမျှ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူ၏ မျက်နှာထက်ဝယ် ရွံရှာစက်ဆုပ်ခြင်းများ စွန်းထင်းလာပြီး ဒေါက်တာလော့အား အေးတိအေးစက် တွန်းဖယ်ပစ်လိုက်သည်။ ထိုအခါ ဒေါက်တာလော့၏ လည်ပင်းမှ သွေးများ ပန်းထွက်လာပြီး မီးလောင်ပေါက်နေရာက ဦးခေါင်းသဖွယ် ပြတ်ထွက်သွားလေ၏။ ပြီးနောက် ဦးခေါင်းမဲ့ခန္ဓာကိုယ်ကြီးက ကြမ်းပြင်ပေါ်သို့ တဖြည်းဖြည်း ပုံကျသွားတော့သည်။

တစ်ဆက်တည်းမှာပင် ဓာတ်ပုံတစ်ခုလုံး အနီရင့်ရင့်သွေးများဖြင့် စွန်းထင်းလာသည်။ သွေးများ တစ်စထက်တစ်စ ပိုမိုများလာကာ လူငယ်လေး၏ ပုံရိပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ထို့နောက်တွင်မူ ဓာတ်ပုံအပြင်သို့ တကယ်ကြီး လျှံထွက်လာပြီး ချန်ကျစ်ချူး၏ လက်ပေါ် စီးကျလာတော့သည်။

“ရှောင်ချူး.. ဒီကိုလာခဲ့….”

“အား………..”

ချန်ကျစ်ချူးလည်း အသံကုန် အော်ဟစ်လိုက်၏။ အနည်းငယ် အကြောက်ပြေလာချိန်တွင် သူ၏တစ်ကိုယ်လုံး ချွေးစေးများဖြင့် ရွှဲနင့်နေချေပြီ။ ဓာတ်ပုံကို နောက်တစ်ကြိမ် ထပ်ပြီးလွှင့်ပစ်လိုက်မိသည်။

“ကျစ်ချူး…?”

သူ၏ ပခုံးပေါ်သို့ နွေးထွေးသော လက်တစ်ဖက် ကျရောက်လာသည်။ အနောက်ဘက်သို့ ကြောက်လန့်တကြား လှည့်ကြည့်လိုက်သောအခါ သူ့အား စိုးရိမ်တကြီး စိုက်ကြည့်နေသော ပိုင်ရိ၏ မျက်နှာချောချောလေးကို မြင်လိုက်ရလေသည်။

“ဓာတ်… ဓာတ်ပုံက…..”

ချန်ကျစ်ချူး၏ မျက်နှာက သွေးရောင်ပင်မရှိအောင် ဖြူဖျော့နေပြီး ကြမ်းပြင်ပေါ်မှ ဓာတ်ပုံကို တုန်တုန်ယင်ယင်ဖြင့် လက်ညှိုးထိုးပြလိုက်၏။ သို့သော် ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။

အစောပိုင်းက သူမြင်ခဲ့ရသမျှသည် စိတ်ကူးယဉ်ပုံရိပ်များကဲ့သို့ သူ၏ လက်ပေါ်တွင် သွေးတစ်စက်မျှ မရှိသလို ဓာတ်ပုံကလည်း ထူးထူးခြားခြား ပြောင်းလဲမှုမရှိတော့ပေ။ ယခင်ပုံစံအတိုင်း ဆယ်ကျော်သက်လေးက ဆရာဝန်၏ လက်မောင်းကို ဖက်တွယ်ကာ တောက်တောက်ပပ ပြုံးရယ်နေပြီး ဆရာဝန်၏ ဦးခေါင်းနေရာမှ မီးလောင်ပေါက်သည်လည်း ပုံစံမပျက် တည်ရှိနေလေသည်။

ပိုင်ရိက သူ၏ကျောပြင်ကို ညင်သာစွာ ပုတ်ပေးပြီး ဓာတ်ပုံကို ကုန်းကောက်လိုက်သည်။ ဓာတ်ပုံထဲမှ တောက်ပစွာ ပြုံးနေသည့် ဆယ်ကျော်သက်လေးကို မြင်သောအခါ သူ၏မျက်ဝန်းများ နက်ရှိုင်းလာပြီး တည်ငြိမ်စွာ မေးလာသည်။

“ဒီကလေးက မင်းလား..?”

“ဟုတ်တယ်.. ကျွန်တော်ပဲ..” ချန်ကျစ်ချူး ပြန်ဖြေလိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်ယင်နေဆဲ။ “ဒီဓာတ်ပုံက ကျွန်တော်နဲ့ ဒေါက်တာလော့ရဲ့ ဓာတ်ပုံ.. သူ့မျက်နှာနေရာက မီးလောင်သွားတာ.. ပြီးတော့ ကျွန်တော် ခုနက မြင်လိုက်ရတာလေ………….”

ချန်ကျစ်ချူးလည်း ဓာတ်ပုံထဲမှ သွေးများစီးကျလာသည့် အစောပိုင်းက ထင်ယောင်ထင်မှားဖြစ်ရပ်အကြောင်း ပိုင်ရိကို ပြန်ပြောပြလိုက်၏။ သူပြောပြတာကို နားထောင်ပြီး မုန့်ခယ်၏ မျက်နှာပေါ်တွင် ထိတ်လန့်ရိပ်များ ပေါ်ထွက်လာကာ ဝင်ပြောခဲ့သည်။ “ကျွန်မလည်း အဲ့လိုဖြစ်ဖူးတယ်.. အရမ်းကြောက်စရာကောင်းတဲ့ ပုံရိပ်ယောင်တွေ မြင်လိုက်ရတာ.. ဒါက တစ်ခုခုကို အစပျိုးနေတာပဲ ဖြစ်ရမယ်…….”

ထိုအကြောင်းပြောနေရင်း သူမ၏ ဦးခေါင်းထက်မှ အရိပ်မည်းကြီးတစ်ခု ပြုတ်ကျလာ၏။ ထိုအရာက သူမ၏ နှာခေါင်းကို ပွတ်တိုက်ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသဖြင့် မုန့်ခယ်တစ်ယောက် ငယ်သံပါအောင် အော်ဟစ်လိုက်မိပြီး အနောက်သို့ဆုတ်ကာ သူမကိုယ်သူမ လဲမကျအောင် မနည်းထိန်းလိုက်ရသည်။

“……. နောက်ထပ် Teddy Bear အရုပ်လား..?”

တာ့ကောင်းက ထိုအခြင်းအရာကိုမြင်ပြီး မျက်မှောင်ကြုတ်သွားသည်။

ထိုအမည်းရောင်အရိပ်က နောက်ထပ် Teddy Bear အရုပ်လေးပင်။ အစောပိုင်းကတစ်ခုနှင့် အတော်လည်း ဆင်တူသော်ငြား ထိုထက် အနည်းငယ်သေးကာ သစ်လွင်သန့်ရှင်းနေသည်။ ခြေလက်များလည်း အကောင်းတိုင်းရှိနေပြီး အနာအဆာဟူ၍ လုံးဝမရှိပေ။

တာ့ကောင်းက ဓာတ်မီးကိုမြှောက်ကာ Teddy Bear အရုပ်ကျလာသည့် နေရာကို မီးထိုးကြည့်လိုက်သည်။ သို့သော် သူတို့၏ ခေါင်းပေါ်တွင် အရုပ်တင်နိုင်သည့် စင်မြင့်၊ သို့မဟုတ် ချိတ်ဆွဲနိုင်သည့်အရာမျိုး လုံးဝမရှိပါချေ။ အနှီ Teddy Bear အရုပ်သည် လေဟာပြင်ထဲမှ ပေါ်ထွက်လာသကဲ့သို့၊ မည်သည့်နေရာမှ ပြုတ်ကျလာမှန်း သူတို့လည်း မစဉ်းစားတတ်တော့ပေ။

“မင်းတို့နှစ်ယောက်လုံး ထင်ယောင်ထင်မှား ဖြစ်နေတဲ့အချိန် Teddy Bear တစ်ရုပ်စီ ပေါ်လာတယ်ဆိုတော့..” တာ့ကောင်းက မျက်မှောင်ကြုတ်ကာ.. “ကြည့်ရတာ ဒီအဖြစ်အပျက်နှစ်ခုက ဆက်စပ်နေတာများလား..?”

“ဒါပေမဲ့ သာမာန်အရုပ်ဆိုတာ သေချာပါတယ်..”

မုန့်ရှင်းက ထပ်မံအတည်ပြုလိုက်ပြီး အရုပ်ကိုကောက်ယူကာ ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ မည်သို့စစ်ဆေးပါစေ၊ ထိုအရုပ်က Item တစ်ခုမဟုတ်သလို သဲလွန်စများနှင့်လည်း ဆက်နွယ်နေခြင်းမရှိပေ။

“အရုပ်တွေက သာမန်အရုပ်တွေ ဖြစ်နိုင်တယ်..” ပိုင်ရိက အရုပ်ကိုကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းများ ကွေးညွတ်သွားကာ ခပ်တိုးတိုး ဆက်ပြောလာသည်။ “သူတို့ပေါ်လာတာက ဒီနေရာကို တစ်စုံတစ်ရာ ရောက်လာခဲ့တယ်လို့ ဆိုလိုနေတာပဲ ဖြစ်ရမယ်..”

သူ၏စကားကိုကြားပြီး လူတိုင်း မျက်နှာပျက်သွားကြသည်။ သူတို့အားလုံး ကျောချမ်းလာသလို ချန်ကျစ်ချူးလည်း ကြောက်စိတ်ကြောင့် တုန်ယင်လာခဲ့၏။ သူ၏ လက်စွပ်က သုံးစားရရဲ့လားဟူ၍ပင် မေးခွန်းထုတ်မိသည်အထိ။

လက်စွပ်၏ ပင်ကိုအစွမ်းသည် သူ့ပတ်ပတ်လည် ၅ မီတာအတွင်း သရဲ၊ သို့မဟုတ် မကောင်းဆိုးဝါး ဝင်လာသည်နှင့် ရုတ်တရက် ပူလာပြီး သူ့ကို အသိပေးရန်ပင်။ သို့သော် ယခုတော့ နည်းနည်းလေးမျှ တုံ့ပြန်မှုမရှိ။ ထိုအစွမ်းက အလုပ်လုပ်မလုပ် မသိပါသော်ငြား ဘေးထွက်ဆိုးကျိုးကတော့ ကောင်းကောင်းကြီးကို အလုပ်လုပ်နေတော့သည်။

“ရှင်ပြောသလိုဆို” မုန့်ရှင်းက သူမ၏လက်ထဲမှ Teddy Bear ကို ကြောက်လန့်တကြား ငုံ့ကြည့်ကာ.. “ဒီဝက်ဝံရုပ်က အရေးကြီးတာတစ်ခုခု ဖြစ်နေမလား..? အရုပ်ကို မဖျက်ဆီးလိုက်သင့်ဘူး.. ကျွန်မ ခုနက အမှားလုပ်လိုက်မိပြီထင်တယ်..?”

“အရင်ဆုံး ယူသွားလို့ရတာပဲ..”

ပိုင်ရိက ထိုသို့ပြောရင်း ချန်ကျစ်ချူး၏ ဓာတ်ပုံကို သူ၏အိတ်ကပ်ထဲ သဘာဝကျကျလေး ထည့်သိမ်းလိုက်သည်။ ပြီးနောက် ဦးနှောက်ဓာတ်မှန်ပုံများကို မြှောက်ပြကာ.. “ဒီမှာ သဲလွန်စတချို့တွေ့တယ်..”

သူက Light Box အပျက်ဆီသို့ လျှောက်သွားကာ ဓာတ်မှန်ပုံများကို အစဉ်လိုက် ချိတ်ဆွဲလိုက်သည်။ ထို့နောက် Light Box ထဲသို့ ဓာတ်မီးထိုးကာ အလင်းအရင်းမြစ်အဖြစ် အသုံးပြုလိုက်လေသည်။ ထိုအခါ Light Box ပေါ်မှ မှန်ကွဲရာများနှင့် ဓာတ်မှန်ပုံရပ်များ ပေါင်းစပ်သွားပြီး မျက်နှာချင်းဆိုင်နံရံပေါ်တွင် ထူးဆန်းသည့် ပုံရိပ်တချို့ ပေါ်ထွက်လာခဲ့၏။

“အယ်.. ဒါက password တစ်ခုပဲ…..”

အမြွှာနှစ်ယောက်လည်း တစ်ဖက်နံရံပေါ်မှ ပုံရိပ်များကိုကြည့်ပြီး ပါးစပ်အဟောင်းသားဖြင့် အံ့ဩနေကြတော့သည်။

နံရံပေါ်တွင် စကားလုံးအချို့နှင့် နံပါတ်စဉ်အချို့ အရိပ်ထင်နေပြီး မှန်ကြည့်နေသလိုမျိုး ပြောင်းပြန်ဖြစ်နေခဲ့သည်။ ပြောင်းပြန်လှန်ပြီး ဖတ်ကြည့်လိုက်သောအခါ စကားလုံးများက ‘password’ ဟူသည့် စာသားအဖြစ် ရိုးရိုးရှင်းရှင်း ဖော်ပြနေပြီး ဤ Instance ထဲရှိ နေရာတစ်ခုခုအတွက် လျှို့ဝှက်နံပါတ် ဖြစ်နိုင်သည်။

ကျန်နံပါတ်များကတော့ စုစုပေါင်း လေးလုံးရှိပြီး ပထမဆုံးရေးထားသည့် နံပါတ်သည် ‘6’ ပြောင်းပြန်ပုံစံဖြစ်၏။ စာသားတစ်ခုလုံးကို မှန်စာဖတ်ကြည့်လျှင် ထိုနံပါတ်က နောက်ဆုံးနံပါတ်ဖြစ်ရမည်။ ထိုသို့ဆိုလျှင် လျှို့ဝှက်ကုတ်နံပါတ်ကား…

“Password : 0, 5, 2, 6..”

မုန့်ရှင်းက စာလုံးတစ်ခုချင်းစီကို အသံထွက်ဖတ်လိုက်သည်။ သူမ ဖတ်နေစဉ်မှာပင် ချန်ကျစ်ချူး၏ မျက်နှာသည်လည်း စက္ကန့်နှင့်အမျှ ဖြူဖျော့လာခဲ့၏။ သူ၏မွေးနေ့က May 26 ဖြစ်နေသည်။ အဘယ်ကြောင့်များ ဤမျှ တိုက်ဆိုင်နေရသနည်း။

“……………”

ထိုနံပါတ်များကိုကြည့်ရင်း ပိုင်ရိ၏ မျက်ဝန်းများ မည်းမှောင်လာကာ လှောင်ပြုံးပြုံးလိုက်သည်။

“ဒီ password ကို သုံးလို့ရနိုင်လောက်မယ့် နေရာရှိလား..?”

မုန့်ရှင်းက ချန်ကျစ်ချူးကို လှမ်းမေးလိုက်သည်။ မြေပုံမရှိသဖြင့် သူတို့အားလုံး ချန်ကျစ်ချူး၏ မှတ်ဉာဏ်ကိုသာ အားကိုးနေရပြီး သူတစ်ခုခု မှတ်မိလာရန် မျှော်လင့်နေကြတော့သည်။ မဟုတ်လျှင် ဆေးရုံအလွတ်ကြီးထဲ Password အသုံးပြုနိုင်မည့် နေရာလေးတစ်ခုကို လိုက်လံရှာဖွေရန်မှာ တကယ့်ကို မလွယ်ကူပါချေ။

[ဒုတိယထပ် အစည်းအဝေးခန်းထဲမှာ ပစ္စည်းသိမ်းဖို့သုံးတဲ့ ဗီရိုတစ်လုံးရှိနေတာကို မင်း ပြန်သတိရသွားတယ်။ မဟုတ်မှလွဲရော ဒီ Password က အဲ့ဗီရိုနဲ့ သက်ဆိုင်နေတာများလား။]

“ရှိတယ်..”

ချန်ကျစ်ချူးက ကြောက်စိတ်ကို မြိုသိပ်ထားလိုက်ရင်း ခေါင်းညိတ်ပြကာ သူသိထားသမျှ ပြောပြလိုက်သည်။ “ဒုတိယထပ်က အစည်းအဝေးခန်းထဲမှာ သော့ပိတ်ထားတဲ့ ဗီရိုတစ်လုံးရှိတယ်..” သူက တစ်ခဏတွေးကြည့်ပြီးနောက် ထပ်လောင်းပြောလိုက်သည်။ “အစည်းအဝေးခန်းက ဘယ်ဘက်လျှောက်လမ်းရဲ့ အဆုံးမှာပဲ..”

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ တခြားမည်သည့်သဲလွန်စမှ မကျန်ရစ်တော့ကြောင်း အတည်ပြုပြီးသည်နောက် အခန်းနံပါတ် 105 မှပြန်ထွက်လာပြီး ဒုတိယထပ်သို့ သွားသည့် လှေကားတစ်ခုကို ရှာတွေ့ခဲ့လေသည်။ လမ်းတစ်လျှောက်တွင် မုန့်ရှင်းနှင့် ချန်ကျစ်ချူးက အရေးကြီးသည့် သဲလွန်စများ မကျန်ရစ်ရအောင် သဲလွန်စရှာဖွေသည့် စွမ်းရည်ဖြင့် နေရာမလပ် စစ်ဆေးပေးနေပြီး တစ်ဖွဲ့လုံး ဖြည်းဖြည်းချင်းသာ လျှောက်လာခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ကာ သွေးပျက်ခြောက်ခြားဖွယ်အတိ။ ချန်ကျစ်ချူးသည် ဓာတ်ပုံ၊ password နှင့် ထိုအသံအကြောင်း အသေးစိတ် တွေးတောနေခဲ့သည်။ အရာအားလုံးက သူနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေပါသော်ငြား မည်သို့မည်ပုံ ဆက်စပ်နေမှန်း စဉ်းစားမရသေးပေ။

သို့သော် ထိုကိစ္စများဖန်တီးခဲ့သည့် လူသားလား၊ သရဲလားမသိသော တစ်စုံတရာက သူနှင့် အလွန်ရင်းနှီးမှန်း ခပ်ရေးရေးလေး သဘောပေါက်လာခဲ့သည်။ သူ၏ မွေးနေ့ကို သိနေပြီး password အဖြစ် အသုံးပြုထားသည်။ ထို့အပြင် ဓာတ်ပုံတွင်လည်း ဒေါက်တာလော့ကိုသာ ဖျက်ဆီးထားပြီး သူ့ဘက်ကိုတော့ အကောင်းအတိုင်း ချန်ရစ်ထားလေသည်။

ကြည့်ရတာ ဒီကိစ္စတွေ လုပ်ခဲ့တဲ့လူက သူ့ကို ‘ရှောင်ချူး’လို့ ခေါ်နေတဲ့လူ ဖြစ်ရမယ်..? ဒီလိုဆိုရင် အသံက တကယ်ရှိတာပဲ.. ဒါပေမဲ့ အဲ့လူနဲ့ပက်သက်ပြီး မှတ်ဉာဏ်လုံးဝမရှိဘူး…………

ထိုသို့တွေးနေရင်း ဒုတိယအထပ် အစည်းအဝေးခန်းမသို့  ရောက်လာခဲ့၏။ အခန်းတံခါးက ရိုက်ချိုးခံထားရပြီး အတွင်းပိုင်းမှ ပစ္စည်းများကိုပင် မသဲမကွဲ မြင်နေရသည်။

“စာရွက်တစ်ရွက် ကပ်ထားတယ်..”

တံခါးပေါ်ကပ်ထားသည့် စာရွက်က မုန့်ခယ်၏အာရုံကို ဆွဲဆောင်သွားသည်။ သူမက ဓာတ်မီးထိုးကာ စာသားများကို ဖတ်ကြည့်လိုက်သည်။

“’သတိပေးချက် : လက်တလော အပြင်ဘက်ရှိ ပြန်လည်ပြုပြင်နေမှုများကြောင့် အတွင်းလူနာဆောင်နှင့် အပြင်လူနာဆောင်ကြားက လူသွားလမ်းကို ယာယီပိတ်ထားပါတယ်။ ကိစ္စရှိလျှင် ဆေးရုံအရှေ့ဘက်ဝင်ပေါက်၊ သို့မဟုတ် မြေအောက်စင်္ကြံလမ်းမှ ကျေးဇူးပြုပြီး သွားပေးကြပါ။ အဆင်မပြေမှုများအတွက် တောင်းပန်အပ်ပါတယ်။’တဲ့… ဒါက ဆောက်လုပ်ရေးသတိပေးချက်ပဲ..”

ဒါပြီးရင် အတွင်းလူနာဆောင်ဘက်ကို သွားရမယ်လို့ သဲလွန်စပေးနေတာလား..?

ချန်ကျစ်ချူး၏ စိတ်ထဲတွင် ထိုသို့တွေးလိုက်မိ၏။ ချက်ချင်းဆိုသလို System က အသံထွက်လာခဲ့သည်။

[မင်း ဆေးရုံတက်တုန်းက အကြောက်ဆုံးနေရာကို ပြောပါဆိုရင် ဆေးရုံရဲ့ မြေအောက်လူသွားလမ်းပဲ..]

[ဆေးရုံရဲ့ တည်ဆောက်ပုံက အရမ်းထူးဆန်းတယ်။ အတွင်းလူနာဆောင်နဲ့ အပြင်လူနာဆောင် နှစ်ခုလုံးမှာ ရေခဲတိုက်နဲ့ ဆက်သွယ်ထားတဲ့ မြေအောက်လမ်းတစ်ခုစီ ရှိတယ်။ မြေအောက်လမ်းကို ရောက်ချင်ရင် ရေခဲတိုက်ကို ဖြတ်သွားရလိမ့်မယ်။]

[ဆေးရုံဝန်ထမ်းတွေပဲ မြေအောက်လမ်းကို သွားလာနိုင်ပေမယ့် လူတစ်ချို့လည်း အဲ့လမ်းကနေ သွားလေ့ရှိတယ်။]

[အပြင်လူနာဆောင်နဲ့ အတွင်းလူနာဆောင် နှစ်ဖက်လုံးက မြေအောက်လမ်းကိုသွားတဲ့ တံခါးတွေကို သော့ခတ်ထားတယ်။ အဲ့တာကြောင့် မြေအောက်လမ်းကို ဖြတ်သွားချင်ရင် ဝင်ပြီးပြန်ထွက်နိုင်ဖို့ သော့နှစ်ချောင်း လိုအပ်တယ်။]

[ဒါတွေအားလုံးကို မင်းကို ကြည့်ရှုပေးတဲ့ သူနာပြုတွေဆီကနေ ကြားခဲ့ရတာပဲ။ သူတို့က မင်းကို အရမ်းချစ်ကြတော့ စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတွေ အများကြီး ပြောပြကြတယ်။ အလျင်းသင့်ရင်သင့်သလို ဆေးရုံထဲ လူပြောများနေတဲ့ သရဲပုံပြင်တွေလည်း ပြောပြတတ်သေးတယ်။]

[ဥပမာပြောရရင် ရေခဲတိုက်ထဲက အနီရောင်ဝတ်ထားတဲ့ အမျိုးသမီးတို့၊ အတွင်းလူနာဆောင်ရဲ့ သာမာန်လူသားတွေ မမြင်နိုင်တဲ့ ကိုးထပ်မြောက်အလွှာတို့၊ ပြီးတော့ မိလ္လာမြောင်းထဲက လူသားစားမကောင်းဆိုးဝါးတို့.... စသည်ဖြင့်ပေါ့။]

[မင်း အဲ့ပုံပြင်တွေကြားပြီး ကြောက်လွန်းလို့ ညဘက်ဆို အိပ်မပျော်နိုင်ခဲ့ဘူး။ ညဉ့်နက်တဲ့ထိ စောင်ထဲမှာကွေးပြီး မျက်လုံးတောင် မပိတ်ရဲခဲ့ဘူး။]

[ဒါပေမဲ့ အဲ့လိုအချိန်တိုင်း မင်းက….. လာဖို့…. စောင့်မျှော်………]

[မင်း….. အိပ်ပျော်…. အရမ်း……]

[…… မင်း…….]

ရုတ်တရက် System ၏ အသိပေးချက်က ဗလုံးဗထွေးဖြစ်လာခဲ့သည်။ တိတ်ခွေဟောင်းကြီး ဖွင့်ထားသကဲ့သို့ ပြတ်တောင်းပြတ်တောင်းဖြင့် မရှင်းလင်းတော့ပေ။ ချန်ကျစ်ချူးမှာ ကြိုးစားပြီး အဓိပ္ပါယ်ဖော်ကြည့်သော်ငြား တစ်ခုခုပိတ်ဆို့နေသကဲ့သို့ ဘာကိုမှ နားမလည်နိုင်တော့ပေ။

‘လာတယ်’လို့ ပြောတယ်.. ဘာလာတာလဲ..? လူလား..? ဒေါက်တာလော့ ဒါမှမဟုတ် သူ့ကို ‘ရှောင်ချူး’လို့ ခေါ်တဲ့လူလား..? ဒါပေမဲ့ လူနာခန်းထဲကို ညသန်းခေါင်ယံကြီး ရောက်လာမှာဆိုတော့……

System ၏အသံက အဘယ်ကြောင့် ထိုသို့ဖြစ်သွားမှန်း ချန်ကျစ်ချူးလည်း မသိပါချေ။ အစကတည်းက စိတ်ခြောက်ခြားနေပြီး System က တစ်စုံတစ်ရာ ပုန်းအောင်းနေသလိုမျိုး ပြောသွားသဖြင့် ချန်ကျစ်ချူးမှာ တွေးရင်းတွေးရင်း တွေးကြောက်လာမိတော့သည်။

တာ့ကောင်းက အစည်းအဝေးခန်းထဲသို့ အရင်ဝင်သွားပြီး ချန်ကျစ်ချူးနှင့် တခြားလူများလည်း နောက်မှ လိုက်ဝင်သွားကြသည်။ အစည်းအဝေးခန်းမသည် အလွန်ကျယ်ဝန်းပြီး တစ်ခန်းလုံး ရှုပ်ပွနေလေ၏။ စားပွဲ၊ ကုလားထိုင်များ ဇောက်ထိုးမိုးမျှော် ဖြစ်နေပြီး ကြမ်းပြင်အနှံ့တွင် စာရွက်များ ပြန့်ကျဲလျက်၊ နံရံကပ်သံဗီရိုကြီးကလည်း ပြိုကျပျက်စီးလုနီးပါးပင်။ အကန့်အနည်းငယ်သာ အကောင်းအတိုင်း ကျန်ရစ်တော့သည်။

ချန်ကျစ်ချူးနှင့် မုန့်ရှင်းက ‘သဲလွန်စရှာဖွေခြင်း’ စွမ်းရည်ကို အသုံးပြုပြီး စစ်ဆေးကြည့်လိုက်သောအခါ ဗီရိုအကန့်တစ်ခုတွင် အလင်းစက်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ အခန်းထဲတွင် တခြားသဲလွန်စမရှိသဖြင့် သူတို့အားလုံး ဗီရိုရှိရာသို့ ချီတက်လိုက်ကြသည်။

သံဗီရိုကြီးကို ကုတ်နံပါတ်ရွေးချယ်ရသည့် ခေတ်ဟောင်းသော့တစ်မျိုးဖြင့် ပိတ်ထား၏။ သော့ပုံစံက သော့ဖွင့်ချင်လျှင် နံပါတ်မှန်အောင် လှည့်ရသော ခရီးဆောင်အိတ်များကဲ့သို့ပင်။ password ထည့်ရမည့်နေရာတွင် တာ့ကောင်းက ‘0526’ နံပါတ်အတိုင်း လှည့်လိုက်သည်။

သော့အိမ်အတွင်းမှ ‘ကလစ်’ခနဲ မြည်သံနှင့်အတူ ဗီရိုတံခါးက အတန်ငယ် ပွင့်ဟသွားလေသည်။ တံခါးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်နောက် ဗီရိုအတွင်းမှ စာရွက်စာတမ်းများ ပေါ်ထွက်လာတော့သည်။

တာ့ကောင်းက အပေါ်ဆုံးစာရွက်ကို ယူကြည့်လိုက်၏။ ထိုအရာက မှတ်စုစာရွက်ပင်။ သူက စာရွက်ကို အထက်အောက်ကြည့်ကာ စဖတ်လိုက်သည်။

<သေစမ်း.. မြေအောက်လူသွားလမ်းအတွက် သော့ပျောက်သွားပြီ.. ကြည့်ရတာ ဒုတိယအထပ်က အမျိုးသားရေချိုးခန်းထဲမှာ ကျပျောက်ခဲ့တာဖြစ်မယ်.. ငါ သွားရှာကြည့်ဦးမယ်.. မင်းတို့ နေ့လည်စာသွားစားနှင့်.. >

“အမျိုးသားရေချိုးခန်းထဲမှာ သော့သွားရှာရမယ်လို့ ညွှန်ပြနေတာထင်တယ်..” အမြွှာညီအစ်မက ရေရွတ်လိုက်သည်။

တာ့ကောင်းက မှတ်စုစာရွက်ကို သိမ်းလိုက်ပြီးနောက် ဗီရိုထဲမှ တခြားစာရွက်များကို ဆွဲထုတ်လိုက်သည်။ ထို့နောက် စာရွက်များကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလာခဲ့သည်။ “ဒါက ဆရာဝန်တွေ ရေးထားတာထင်တယ်.. ဆေးမှတ်တမ်းထင်တာပဲ.. ငါ နားမလည်ဘူး..”

သူက ထိုသို့ပြောရင်း ကျီယွင်ရှောင်ထံ ကမ်းပေးလိုက်သည်။ “ဘော့စ်ကို ဒုက္ခပေးရတော့မှာပဲ..”

“ရပါတယ်..”

ကျီယွင်ရှောင်က ခေါင်းညိတ်ပြလိုက်သည်။ ချန်ကျစ်ချူးကဲ့သို့ သူ့တွင်လည်း စာဖတ်နိုင်သည့် စွမ်းရည်တစ်ခု ရှိနေ၏။ သူက စာရွက်ကိုယူပြီးနောက် သေသေချာချာ ဖတ်ကြည့်လိုက်သည်။ ထို့နောက်တွင်မူ မျက်ဝန်းလှလှလေးများ တဖြည်းဖြည်း ပြူးကျယ်လာပြီး ချန်ကျစ်ချူးကို အံ့ဩနေဟန်ဖြင့် မော့ကြည့်လာခဲ့သည်။ သူ၏ ပါးပြင်သည်လည်း အနည်းငယ် နီရဲနေကာ ရှက်သွေးဖြာနေသလိုပင်။

……….. နေစမ်းပါဦး.. ဘာတွေဖြစ်နေတာလဲ..?

ကျီယွင်ရှောင်၏ အကြည့်ကြောင့် ချန်ကျစ်ချူးခမျာ ရုတ်တရက် နိမိတ်မကောင်းသလို ခံစားလိုက်ရလေ၏။ သူက ရှေ့တိုးကာ စာရွက်ကို ဖတ်ကြည့်လိုက်သည်။

[လူနာအမည် : ချန်ကျစ်ချူး]

[အသက် : 14]

[ဆေးစစ်ချက် : စိတ်ကစဉ့်ကလျားရောဂါ အတော်အသင့်၊ nymphomania သိပ်မသိသာ၊ intimacy obsession သိပ်မသိသာ]

[ရောဂါဆန်းစစ်ချက် : လူနာက ဘာသိဘာသာနေတတ်တဲ့ အေးစက်စက် မိသားစုထဲမှာ ကြီးပြင်းခဲ့ရတာကြောင့် မိသားစုမေတ္တာ ငတ်မွတ်နေပြီး လူတွေနဲ့ ပွတ်သီးပွတ်သပ် နေထိုင်ချင်လာတယ်။

သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုကြောင့် မိသားစုနဲ့ အကြီးအကျယ် ပြဿာနာတက်ခဲ့ရတယ်။ ကျောင်းမှာလည်း အနိုင်ကျင့်ခံခဲ့ရတယ်။ ထိုဖြစ်ရပ်တွေကြောင့် စိတ်ဖိစီးမှုများလာပြီး ရောဂါစတင်လာခဲ့တယ်။]

[ရောဂါလက္ခဏာများ : လိင်တူကောင်ချောလေးတွေနဲ့ ရင်းရင်းနှီးနှီး နေရတာကြိုက်တယ်။ သူတို့ရဲ့ စိတ်၊ အထိအတွေ့နဲ့ အချစ်ကို လိုချင်စိတ်ပြင်းပြတယ်။ ရောဂါပြင်းထန်လာရင် တစ်ဖက်လူနဲ့ အထူးတလည်ဆက်ဆံရေးမျိုး ရှိတယ်လို့ စိတ်ကူးယဉ်လာတတ်ပြီး ထိုလူနဲ့ ချစ်သူတွေလိုမျိုး ပွတ်သီးပွတ်သပ် နေထိုင်တတ်တယ်။ တကယ်မရှိတဲ့ ဖြစ်တည်မှုနဲ့တောင် ချစ်ကြိုက်နေပြီလို့ ထင်မြင်လာတတ်တယ်။]

ချန်ကျစ်ချူး : “…………….”

သေချင်တော့တာပဲ..!

***

ပိုင်ရိ၏ ဒိုင်ယာရီမှတ်တမ်း (Part 21)

ကျစ်ချူးက အရမ်းချစ်ဖို့ကောင်းတာပဲ။ ငါ့ကို နမ်းလိုက်မိတာကြောင့် ငါစိတ်ဆိုးသွားပြီလို့ ထင်နေရှာတယ်။

ငါ နည်းနည်းလေး စိတ်ဆိုးမိပါတယ်…… ငါ့ကိုယ်ငါလေ။ နှုတ်ခမ်းသားတွေ နမ်းမိအောင် ဘာလို့ ခေါင်းကို နည်းနည်းလေး ပိုမလှည့်လိုက်မိတာလဲ..?

သူ ငါ့နှုတ်ခမ်းကို လျက်လိုက်တဲ့အချိန်…. ငါ သူ့ကို ပွေ့ဖက်ပြီး ဘယ်လောက်တောင် အကြမ်းပတမ်း နမ်းပစ်ချင်နေလဲဆိုတာ ဘုရားသခင်ပဲ သိလိမ့်မယ်။

ဒီပုံစံလေးနဲ့ ကျစ်ချူးက ငါ့အပိုင်ပဲ။ ငါ့တစ်ယောက်တည်းရဲ့ အပိုင်။

………..

ဒီမှာရှိနေတဲ့ နောက်ထပ်‘ငါ’မှာ မှတ်ဉာဏ်ရှိနေသေးလားဆိုတာ ငါလည်း သေချာမသိဘူး။ ဒါပေမဲ့ အဲ့အကောင်က ကျစ်ချူးရဲ့ မွေးနေ့ကို ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်။ ‘သူ’က ကျစ်ချူးကို လိုချင်နေတယ်။

ငါ ‘သူ့’ကို တကယ်ကြီး သတ်ပစ်ချင်လာပြီ..!

……………………………………………………

Zawgyi

“ေရွာင္ခ်ဴး…..”

ခ်န္က်စ္ခ်ဴး၏ နားထဲတြင္ ႐ုတ္တရက္ ေဆြးေဆြးျမည့္ျမည့္ ျမည္တမ္းသံတစ္ခု ၾကားလိုက္ရေလ၏။ အသံက အေဝးမွလာသလိုလို၊ သူႏွင့္ အလြန္တရာ နီးကပ္ေနသလိုလို…

“ေရွာင္ခ်ဴး… ဒီကိုလာခဲ့……..”

“ကိုယ့္ကို လွည့္ၾကည့္ပါဦး……”

ထိုအသံက သူအရင္ကၾကားခဲ့ဖူးေသာ အသံျဖစ္မွန္း ခ်န္က်စ္ခ်ဴး အတပ္သိလိုက္သည္။ သူ၏ တစ္ကိုယ္လုံး ေတာင့္တင္းသြားၿပီး ဓာတ္ပုံကို ကိုင္ထားေသာလက္က ေခြၽးျပန္လာေတာ့သည္။

ဓာတ္ပုံထဲမွ လူငယ္ေလးသည္ ႐ုတ္တရက္ အသက္ဝင္လာသေယာင္။ မ်က္လုံးမ်ား ျဖည္းညင္းစြာ လႈပ္ရွားလာၿပီး ဓာတ္ပုံအျပင္မွ ခ်န္က်စ္ခ်ဴးကို ေခါင္းေစာင္းကာ ၿပဳံးျပလာ၏။ သို႔ေသာ္ သူ၏မ်က္ဝန္းမ်ားက အသက္မဲ့ေနၿပီး ၿပဳံးေနေသာ္ျငား အၿပဳံးႏွင့္မတူေပ။

သူက ေဒါက္တာေလာ့၏ လက္ထဲမွ ႐ုန္းထြက္လိုက္ကာ ေဒါက္တာေလာ့ကို တစ္ခဏမွ် စိုက္ၾကည့္ေနခဲ့သည္။ ထို႔ေနာက္ သူ၏ မ်က္ႏွာထက္ဝယ္ ႐ြံရွာစက္ဆုပ္ျခင္းမ်ား စြန္းထင္းလာၿပီး ေဒါက္တာေလာ့အား ေအးတိေအးစက္ တြန္းဖယ္ပစ္လိုက္သည္။ ထိုအခါ ေဒါက္တာေလာ့၏ လည္ပင္းမွ ေသြးမ်ား ပန္းထြက္လာၿပီး မီးေလာင္ေပါက္ေနရာက ဦးေခါင္းသဖြယ္ ျပတ္ထြက္သြားေလ၏။ ၿပီးေနာက္ ဦးေခါင္းမဲ့ခႏၶာကိုယ္ႀကီးက ၾကမ္းျပင္ေပၚသို႔ တျဖည္းျဖည္း ပုံက်သြားေတာ့သည္။

တစ္ဆက္တည္းမွာပင္ ဓာတ္ပုံတစ္ခုလုံး အနီရင့္ရင့္ေသြးမ်ားျဖင့္ စြန္းထင္းလာသည္။ ေသြးမ်ား တစ္စထက္တစ္စ ပိုမိုမ်ားလာကာ လူငယ္ေလး၏ ပုံရိပ္တစ္ခုလုံးကို ဖုံးလႊမ္းသြားခဲ့သည္။ ထို႔ေနာက္တြင္မူ ဓာတ္ပုံအျပင္သို႔ တကယ္ႀကီး လွ်ံထြက္လာၿပီး ခ်န္က်စ္ခ်ဴး၏ လက္ေပၚ စီးက်လာေတာ့သည္။

“ေရွာင္ခ်ဴး.. ဒီကိုလာခဲ့….”

“အား………..”

ခ်န္က်စ္ခ်ဴးလည္း အသံကုန္ ေအာ္ဟစ္လိုက္၏။ အနည္းငယ္ အေၾကာက္ေျပလာခ်ိန္တြင္ သူ၏တစ္ကိုယ္လုံး ေခြၽးေစးမ်ားျဖင့္ ႐ႊဲနင့္ေနေခ်ၿပီ။ ဓာတ္ပုံကို ေနာက္တစ္ႀကိမ္ ထပ္ၿပီးလႊင့္ပစ္လိုက္မိသည္။

“က်စ္ခ်ဴး…?”

သူ၏ ပခုံးေပၚသို႔ ေႏြးေထြးေသာ လက္တစ္ဖက္ က်ေရာက္လာသည္။ အေနာက္ဘက္သို႔ ေၾကာက္လန႔္တၾကား လွည့္ၾကည့္လိုက္ေသာအခါ သူ႔အား စိုးရိမ္တႀကီး စိုက္ၾကည့္ေနေသာ ပိုင္ရိ၏ မ်က္ႏွာေခ်ာေခ်ာေလးကို ျမင္လိုက္ရေလသည္။

“ဓာတ္… ဓာတ္ပုံက…..”

ခ်န္က်စ္ခ်ဴး၏ မ်က္ႏွာက ေသြးေရာင္ပင္မရွိေအာင္ ျဖဴေဖ်ာ့ေနၿပီး ၾကမ္းျပင္ေပၚမွ ဓာတ္ပုံကို တုန္တုန္ယင္ယင္ျဖင့္ လက္ညႇိဳးထိုးျပလိုက္၏။ သို႔ေသာ္ ႐ုတ္ခ်ည္း ရပ္တန႔္သြားခဲ့သည္။

အေစာပိုင္းက သူျမင္ခဲ့ရသမွ်သည္ စိတ္ကူးယဥ္ပုံရိပ္မ်ားကဲ့သို႔ သူ၏ လက္ေပၚတြင္ ေသြးတစ္စက္မွ် မရွိသလို ဓာတ္ပုံကလည္း ထူးထူးျခားျခား ေျပာင္းလဲမႈမရွိေတာ့ေပ။ ယခင္ပုံစံအတိုင္း ဆယ္ေက်ာ္သက္ေလးက ဆရာဝန္၏ လက္ေမာင္းကို ဖက္တြယ္ကာ ေတာက္ေတာက္ပပ ၿပဳံးရယ္ေနၿပီး ဆရာဝန္၏ ဦးေခါင္းေနရာမွ မီးေလာင္ေပါက္သည္လည္း ပုံစံမပ်က္ တည္ရွိေနေလသည္။

ပိုင္ရိက သူ၏ေက်ာျပင္ကို ညင္သာစြာ ပုတ္ေပးၿပီး ဓာတ္ပုံကို ကုန္းေကာက္လိုက္သည္။ ဓာတ္ပုံထဲမွ ေတာက္ပစြာ ၿပဳံးေနသည့္ ဆယ္ေက်ာ္သက္ေလးကို ျမင္ေသာအခါ သူ၏မ်က္ဝန္းမ်ား နက္ရႈိင္းလာၿပီး တည္ၿငိမ္စြာ ေမးလာသည္။

“ဒီကေလးက မင္းလား..?”

“ဟုတ္တယ္.. ကြၽန္ေတာ္ပဲ..” ခ်န္က်စ္ခ်ဴး ျပန္ေျဖလိုက္သည္။ သို႔ေသာ္ သူ၏ခႏၶာကိုယ္က တသိမ့္သိမ့္ တုန္ယင္ေနဆဲ။ “ဒီဓာတ္ပုံက ကြၽန္ေတာ္နဲ႔ ေဒါက္တာေလာ့ရဲ႕ ဓာတ္ပုံ.. သူ႔မ်က္ႏွာေနရာက မီးေလာင္သြားတာ.. ၿပီးေတာ့ ကြၽန္ေတာ္ ခုနက ျမင္လိုက္ရတာေလ………….”

ခ်န္က်စ္ခ်ဴးလည္း ဓာတ္ပုံထဲမွ ေသြးမ်ားစီးက်လာသည့္ အေစာပိုင္းက ထင္ေယာင္ထင္မွားျဖစ္ရပ္အေၾကာင္း ပိုင္ရိကို ျပန္ေျပာျပလိုက္၏။ သူေျပာျပတာကို နားေထာင္ၿပီး မုန႔္ခယ္၏ မ်က္ႏွာေပၚတြင္ ထိတ္လန႔္ရိပ္မ်ား ေပၚထြက္လာကာ ဝင္ေျပာခဲ့သည္။ “ကြၽန္မလည္း အဲ့လိုျဖစ္ဖူးတယ္.. အရမ္းေၾကာက္စရာေကာင္းတဲ့ ပုံရိပ္ေယာင္ေတြ ျမင္လိုက္ရတာ.. ဒါက တစ္ခုခုကို အစပ်ိဳးေနတာပဲ ျဖစ္ရမယ္…….”

ထိုအေၾကာင္းေျပာေနရင္း သူမ၏ ဦးေခါင္းထက္မွ အရိပ္မည္းႀကီးတစ္ခု ျပဳတ္က်လာ၏။ ထိုအရာက သူမ၏ ႏွာေခါင္းကို ပြတ္တိုက္ကာ ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားသျဖင့္ မုန႔္ခယ္တစ္ေယာက္ ငယ္သံပါေအာင္ ေအာ္ဟစ္လိုက္မိၿပီး အေနာက္သို႔ဆုတ္ကာ သူမကိုယ္သူမ လဲမက်ေအာင္ မနည္းထိန္းလိုက္ရသည္။

“……. ေနာက္ထပ္ Teddy Bear အ႐ုပ္လား..?”

တာ့ေကာင္းက ထိုအျခင္းအရာကိုျမင္ၿပီး မ်က္ေမွာင္ၾကဳတ္သြားသည္။

ထိုအမည္းေရာင္အရိပ္က ေနာက္ထပ္ Teddy Bear အ႐ုပ္ေလးပင္။ အေစာပိုင္းကတစ္ခုႏွင့္ အေတာ္လည္း ဆင္တူေသာ္ျငား ထိုထက္ အနည္းငယ္ေသးကာ သစ္လြင္သန႔္ရွင္းေနသည္။ ေျခလက္မ်ားလည္း အေကာင္းတိုင္းရွိေနၿပီး အနာအဆာဟူ၍ လုံးဝမရွိေပ။

တာ့ေကာင္းက ဓာတ္မီးကိုေျမႇာက္ကာ Teddy Bear အ႐ုပ္က်လာသည့္ ေနရာကို မီးထိုးၾကည့္လိုက္သည္။ သို႔ေသာ္ သူတို႔၏ ေခါင္းေပၚတြင္ အ႐ုပ္တင္ႏိုင္သည့္ စင္ျမင့္၊ သို႔မဟုတ္ ခ်ိတ္ဆြဲႏိုင္သည့္အရာမ်ိဳး လုံးဝမရွိပါေခ်။ အႏွီ Teddy Bear အ႐ုပ္သည္ ေလဟာျပင္ထဲမွ ေပၚထြက္လာသကဲ့သို႔၊ မည္သည့္ေနရာမွ ျပဳတ္က်လာမွန္း သူတို႔လည္း မစဥ္းစားတတ္ေတာ့ေပ။

“မင္းတို႔ႏွစ္ေယာက္လုံး ထင္ေယာင္ထင္မွား ျဖစ္ေနတဲ့အခ်ိန္ Teddy Bear တစ္႐ုပ္စီ ေပၚလာတယ္ဆိုေတာ့..” တာ့ေကာင္းက မ်က္ေမွာင္ၾကဳတ္ကာ.. “ၾကည့္ရတာ ဒီအျဖစ္အပ်က္ႏွစ္ခုက ဆက္စပ္ေနတာမ်ားလား..?”

“ဒါေပမဲ့ သာမာန္အ႐ုပ္ဆိုတာ ေသခ်ာပါတယ္..”

မုန႔္ရွင္းက ထပ္မံအတည္ျပဳလိုက္ၿပီး အ႐ုပ္ကိုေကာက္ယူကာ ဂ႐ုတစိုက္ စစ္ေဆးၾကည့္လိုက္သည္။ မည္သို႔စစ္ေဆးပါေစ၊ ထိုအ႐ုပ္က Item တစ္ခုမဟုတ္သလို သဲလြန္စမ်ားႏွင့္လည္း ဆက္ႏြယ္ေနျခင္းမရွိေပ။

“အ႐ုပ္ေတြက သာမန္အ႐ုပ္ေတြ ျဖစ္ႏိုင္တယ္..” ပိုင္ရိက အ႐ုပ္ကိုၾကည့္လိုက္သည္။ သူ၏ ႏႈတ္ခမ္းမ်ား ေကြးၫြတ္သြားကာ ခပ္တိုးတိုး ဆက္ေျပာလာသည္။ “သူတို႔ေပၚလာတာက ဒီေနရာကို တစ္စုံတစ္ရာ ေရာက္လာခဲ့တယ္လို႔ ဆိုလိုေနတာပဲ ျဖစ္ရမယ္..”

သူ၏စကားကိုၾကားၿပီး လူတိုင္း မ်က္ႏွာပ်က္သြားၾကသည္။ သူတို႔အားလုံး ေက်ာခ်မ္းလာသလို ခ်န္က်စ္ခ်ဴးလည္း ေၾကာက္စိတ္ေၾကာင့္ တုန္ယင္လာခဲ့၏။ သူ၏ လက္စြပ္က သုံးစားရရဲ႕လားဟူ၍ပင္ ေမးခြန္းထုတ္မိသည္အထိ။

လက္စြပ္၏ ပင္ကိုအစြမ္းသည္ သူ႔ပတ္ပတ္လည္ ၅ မီတာအတြင္း သရဲ၊ သို႔မဟုတ္ မေကာင္းဆိုးဝါး ဝင္လာသည္ႏွင့္ ႐ုတ္တရက္ ပူလာၿပီး သူ႔ကို အသိေပးရန္ပင္။ သို႔ေသာ္ ယခုေတာ့ နည္းနည္းေလးမွ် တုံ႔ျပန္မႈမရွိ။ ထိုအစြမ္းက အလုပ္လုပ္မလုပ္ မသိပါေသာ္ျငား ေဘးထြက္ဆိုးက်ိဳးကေတာ့ ေကာင္းေကာင္းႀကီးကို အလုပ္လုပ္ေနေတာ့သည္။

“ရွင္ေျပာသလိုဆို” မုန႔္ရွင္းက သူမ၏လက္ထဲမွ Teddy Bear ကို ေၾကာက္လန႔္တၾကား ငုံ႔ၾကည့္ကာ.. “ဒီဝက္ဝံ႐ုပ္က အေရးႀကီးတာတစ္ခုခု ျဖစ္ေနမလား..? အ႐ုပ္ကို မဖ်က္ဆီးလိုက္သင့္ဘူး.. ကြၽန္မ ခုနက အမွားလုပ္လိုက္မိၿပီထင္တယ္..?”

“အရင္ဆုံး ယူသြားလို႔ရတာပဲ..”

ပိုင္ရိက ထိုသို႔ေျပာရင္း ခ်န္က်စ္ခ်ဴး၏ ဓာတ္ပုံကို သူ၏အိတ္ကပ္ထဲ သဘာဝက်က်ေလး ထည့္သိမ္းလိုက္သည္။ ၿပီးေနာက္ ဦးေႏွာက္ဓာတ္မွန္ပုံမ်ားကို ေျမႇာက္ျပကာ.. “ဒီမွာ သဲလြန္စတခ်ိဳ႕ေတြ႕တယ္..”

သူက Light Box အပ်က္ဆီသို႔ ေလွ်ာက္သြားကာ ဓာတ္မွန္ပုံမ်ားကို အစဥ္လိုက္ ခ်ိတ္ဆြဲလိုက္သည္။ ထို႔ေနာက္ Light Box ထဲသို႔ ဓာတ္မီးထိုးကာ အလင္းအရင္းျမစ္အျဖစ္ အသုံးျပဳလိုက္ေလသည္။ ထိုအခါ Light Box ေပၚမွ မွန္ကြဲရာမ်ားႏွင့္ ဓာတ္မွန္ပုံရပ္မ်ား ေပါင္းစပ္သြားၿပီး မ်က္ႏွာခ်င္းဆိုင္နံရံေပၚတြင္ ထူးဆန္းသည့္ ပုံရိပ္တခ်ိဳ႕ ေပၚထြက္လာခဲ့၏။

“အယ္.. ဒါက password တစ္ခုပဲ…..”

အႁမႊာႏွစ္ေယာက္လည္း တစ္ဖက္နံရံေပၚမွ ပုံရိပ္မ်ားကိုၾကည့္ၿပီး ပါးစပ္အေဟာင္းသားျဖင့္ အံ့ဩေနၾကေတာ့သည္။

နံရံေပၚတြင္ စကားလုံးအခ်ိဳ႕ႏွင့္ နံပါတ္စဥ္အခ်ိဳ႕ အရိပ္ထင္ေနၿပီး မွန္ၾကည့္ေနသလိုမ်ိဳး ေျပာင္းျပန္ျဖစ္ေနခဲ့သည္။ ေျပာင္းျပန္လွန္ၿပီး ဖတ္ၾကည့္လိုက္ေသာအခါ စကားလုံးမ်ားက ‘password’ ဟူသည့္ စာသားအျဖစ္ ႐ိုး႐ိုးရွင္းရွင္း ေဖာ္ျပေနၿပီး ဤ Instance ထဲရွိ ေနရာတစ္ခုခုအတြက္ လွ်ိဳ႕ဝွက္နံပါတ္ ျဖစ္ႏိုင္သည္။

က်န္နံပါတ္မ်ားကေတာ့ စုစုေပါင္း ေလးလုံးရွိၿပီး ပထမဆုံးေရးထားသည့္ နံပါတ္သည္ ‘6’ ေျပာင္းျပန္ပုံစံျဖစ္၏။ စာသားတစ္ခုလုံးကို မွန္စာဖတ္ၾကည့္လွ်င္ ထိုနံပါတ္က ေနာက္ဆုံးနံပါတ္ျဖစ္ရမည္။ ထိုသို႔ဆိုလွ်င္ လွ်ိဳ႕ဝွက္ကုတ္နံပါတ္ကား…

“Password : 0, 5, 2, 6..”

မုန႔္ရွင္းက စာလုံးတစ္ခုခ်င္းစီကို အသံထြက္ဖတ္လိုက္သည္။ သူမ ဖတ္ေနစဥ္မွာပင္ ခ်န္က်စ္ခ်ဴး၏ မ်က္ႏွာသည္လည္း စကၠန႔္ႏွင့္အမွ် ျဖဴေဖ်ာ့လာခဲ့၏။ သူ၏ေမြးေန႔က May 26 ျဖစ္ေနသည္။ အဘယ္ေၾကာင့္မ်ား ဤမွ် တိုက္ဆိုင္ေနရသနည္း။

“……………”

ထိုနံပါတ္မ်ားကိုၾကည့္ရင္း ပိုင္ရိ၏ မ်က္ဝန္းမ်ား မည္းေမွာင္လာကာ ေလွာင္ၿပဳံးၿပဳံးလိုက္သည္။

“ဒီ password ကို သုံးလို႔ရႏိုင္ေလာက္မယ့္ ေနရာရွိလား..?”

မုန႔္ရွင္းက ခ်န္က်စ္ခ်ဴးကို လွမ္းေမးလိုက္သည္။ ေျမပုံမရွိသျဖင့္ သူတို႔အားလုံး ခ်န္က်စ္ခ်ဴး၏ မွတ္ဉာဏ္ကိုသာ အားကိုးေနရၿပီး သူတစ္ခုခု မွတ္မိလာရန္ ေမွ်ာ္လင့္ေနၾကေတာ့သည္။ မဟုတ္လွ်င္ ေဆး႐ုံအလြတ္ႀကီးထဲ Password အသုံးျပဳႏိုင္မည့္ ေနရာေလးတစ္ခုကို လိုက္လံရွာေဖြရန္မွာ တကယ့္ကို မလြယ္ကူပါေခ်။

[ဒုတိယထပ္ အစည္းအေဝးခန္းထဲမွာ ပစၥည္းသိမ္းဖို႔သုံးတဲ့ ဗီ႐ိုတစ္လုံးရွိေနတာကို မင္း ျပန္သတိရသြားတယ္။ မဟုတ္မွလြဲေရာ ဒီ Password က အဲ့ဗီ႐ိုနဲ႔ သက္ဆိုင္ေနတာမ်ားလား။]

“ရွိတယ္..”

ခ်န္က်စ္ခ်ဴးက ေၾကာက္စိတ္ကို ၿမိဳသိပ္ထားလိုက္ရင္း ေခါင္းညိတ္ျပကာ သူသိထားသမွ် ေျပာျပလိုက္သည္။ “ဒုတိယထပ္က အစည္းအေဝးခန္းထဲမွာ ေသာ့ပိတ္ထားတဲ့ ဗီ႐ိုတစ္လုံးရွိတယ္..” သူက တစ္ခဏေတြးၾကည့္ၿပီးေနာက္ ထပ္ေလာင္းေျပာလိုက္သည္။ “အစည္းအေဝးခန္းက ဘယ္ဘက္ေလွ်ာက္လမ္းရဲ႕ အဆုံးမွာပဲ..”

လူတိုင္း ေခါင္းညိတ္လိုက္ၾကသည္။ တျခားမည္သည့္သဲလြန္စမွ မက်န္ရစ္ေတာ့ေၾကာင္း အတည္ျပဳၿပီးသည္ေနာက္ အခန္းနံပါတ္ 105 မွျပန္ထြက္လာၿပီး ဒုတိယထပ္သို႔ သြားသည့္ ေလွကားတစ္ခုကို ရွာေတြ႕ခဲ့ေလသည္။ လမ္းတစ္ေလွ်ာက္တြင္ မုန႔္ရွင္းႏွင့္ ခ်န္က်စ္ခ်ဴးက အေရးႀကီးသည့္ သဲလြန္စမ်ား မက်န္ရစ္ရေအာင္ သဲလြန္စရွာေဖြသည့္ စြမ္းရည္ျဖင့္ ေနရာမလပ္ စစ္ေဆးေပးေနၿပီး တစ္ဖြဲ႕လုံး ျဖည္းျဖည္းခ်င္းသာ ေလွ်ာက္လာခဲ့သည္။

ပတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္ကာ ေသြးပ်က္ေျခာက္ျခားဖြယ္အတိ။ ခ်န္က်စ္ခ်ဴးသည္ ဓာတ္ပုံ၊ password ႏွင့္ ထိုအသံအေၾကာင္း အေသးစိတ္ ေတြးေတာေနခဲ့သည္။ အရာအားလုံးက သူႏွင့္ နက္နက္ရႈိင္းရႈိင္း ဆက္စပ္ေနပါေသာ္ျငား မည္သို႔မည္ပုံ ဆက္စပ္ေနမွန္း စဥ္းစားမရေသးေပ။

သို႔ေသာ္ ထိုကိစၥမ်ားဖန္တီးခဲ့သည့္ လူသားလား၊ သရဲလားမသိေသာ တစ္စုံတရာက သူႏွင့္ အလြန္ရင္းႏွီးမွန္း ခပ္ေရးေရးေလး သေဘာေပါက္လာခဲ့သည္။ သူ၏ ေမြးေန႔ကို သိေနၿပီး password အျဖစ္ အသုံးျပဳထားသည္။ ထို႔အျပင္ ဓာတ္ပုံတြင္လည္း ေဒါက္တာေလာ့ကိုသာ ဖ်က္ဆီးထားၿပီး သူ႔ဘက္ကိုေတာ့ အေကာင္းအတိုင္း ခ်န္ရစ္ထားေလသည္။

ၾကည့္ရတာ ဒီကိစၥေတြ လုပ္ခဲ့တဲ့လူက သူ႔ကို ‘ေရွာင္ခ်ဴး’လို႔ ေခၚေနတဲ့လူ ျဖစ္ရမယ္..? ဒီလိုဆိုရင္ အသံက တကယ္ရွိတာပဲ.. ဒါေပမဲ့ အဲ့လူနဲ႔ပက္သက္ၿပီး မွတ္ဉာဏ္လုံးဝမရွိဘူး…………

ထိုသို႔ေတြးေနရင္း ဒုတိယအထပ္ အစည္းအေဝးခန္းမသို႔  ေရာက္လာခဲ့၏။ အခန္းတံခါးက ႐ိုက္ခ်ိဳးခံထားရၿပီး အတြင္းပိုင္းမွ ပစၥည္းမ်ားကိုပင္ မသဲမကြဲ ျမင္ေနရသည္။

“စာ႐ြက္တစ္႐ြက္ ကပ္ထားတယ္..”

တံခါးေပၚကပ္ထားသည့္ စာ႐ြက္က မုန႔္ခယ္၏အာ႐ုံကို ဆြဲေဆာင္သြားသည္။ သူမက ဓာတ္မီးထိုးကာ စာသားမ်ားကို ဖတ္ၾကည့္လိုက္သည္။

“’သတိေပးခ်က္ : လက္တေလာ အျပင္ဘက္ရွိ ျပန္လည္ျပဳျပင္ေနမႈမ်ားေၾကာင့္ အတြင္းလူနာေဆာင္ႏွင့္ အျပင္လူနာေဆာင္ၾကားက လူသြားလမ္းကို ယာယီပိတ္ထားပါတယ္။ ကိစၥရွိလွ်င္ ေဆး႐ုံအေရွ႕ဘက္ဝင္ေပါက္၊ သို႔မဟုတ္ ေျမေအာက္စႀကႍလမ္းမွ ေက်းဇူးျပဳၿပီး သြားေပးၾကပါ။ အဆင္မေျပမႈမ်ားအတြက္ ေတာင္းပန္အပ္ပါတယ္။’တဲ့… ဒါက ေဆာက္လုပ္ေရးသတိေပးခ်က္ပဲ..”

ဒါၿပီးရင္ အတြင္းလူနာေဆာင္ဘက္ကို သြားရမယ္လို႔ သဲလြန္စေပးေနတာလား..?

ခ်န္က်စ္ခ်ဴး၏ စိတ္ထဲတြင္ ထိုသို႔ေတြးလိုက္မိ၏။ ခ်က္ခ်င္းဆိုသလို System က အသံထြက္လာခဲ့သည္။

[မင္း ေဆး႐ုံတက္တုန္းက အေၾကာက္ဆုံးေနရာကို ေျပာပါဆိုရင္ ေဆး႐ုံရဲ႕ ေျမေအာက္လူသြားလမ္းပဲ..]

[ေဆး႐ုံရဲ႕ တည္ေဆာက္ပုံက အရမ္းထူးဆန္းတယ္။ အတြင္းလူနာေဆာင္နဲ႔ အျပင္လူနာေဆာင္ ႏွစ္ခုလုံးမွာ ေရခဲတိုက္နဲ႔ ဆက္သြယ္ထားတဲ့ ေျမေအာက္လမ္းတစ္ခုစီ ရွိတယ္။ ေျမေအာက္လမ္းကို ေရာက္ခ်င္ရင္ ေရခဲတိုက္ကို ျဖတ္သြားရလိမ့္မယ္။]

[ေဆး႐ုံဝန္ထမ္းေတြပဲ ေျမေအာက္လမ္းကို သြားလာႏိုင္ေပမယ့္ လူတစ္ခ်ိဳ႕လည္း အဲ့လမ္းကေန သြားေလ့ရွိတယ္။]

[အျပင္လူနာေဆာင္နဲ႔ အတြင္းလူနာေဆာင္ ႏွစ္ဖက္လုံးက ေျမေအာက္လမ္းကိုသြားတဲ့ တံခါးေတြကို ေသာ့ခတ္ထားတယ္။ အဲ့တာေၾကာင့္ ေျမေအာက္လမ္းကို ျဖတ္သြားခ်င္ရင္ ဝင္ၿပီးျပန္ထြက္ႏိုင္ဖို႔ ေသာ့ႏွစ္ေခ်ာင္း လိုအပ္တယ္။]

[ဒါေတြအားလုံးကို မင္းကို ၾကည့္ရႈေပးတဲ့ သူနာျပဳေတြဆီကေန ၾကားခဲ့ရတာပဲ။ သူတို႔က မင္းကို အရမ္းခ်စ္ၾကေတာ့ စိတ္ဝင္စားစရာေကာင္းတဲ့ ကိစၥေတြ အမ်ားႀကီး ေျပာျပၾကတယ္။ အလ်င္းသင့္ရင္သင့္သလို ေဆး႐ုံထဲ လူေျပာမ်ားေနတဲ့ သရဲပုံျပင္ေတြလည္း ေျပာျပတတ္ေသးတယ္။]

[ဥပမာေျပာရရင္ ေရခဲတိုက္ထဲက အနီေရာင္ဝတ္ထားတဲ့ အမ်ိဳးသမီးတို႔၊ အတြင္းလူနာေဆာင္ရဲ႕ သာမာန္လူသားေတြ မျမင္ႏိုင္တဲ့ ကိုးထပ္ေျမာက္အလႊာတို႔၊ ၿပီးေတာ့ မိလႅာေျမာင္းထဲက လူသားစားမေကာင္းဆိုးဝါးတို႔.... စသည္ျဖင့္ေပါ့။]

[မင္း အဲ့ပုံျပင္ေတြၾကားၿပီး ေၾကာက္လြန္းလို႔ ညဘက္ဆို အိပ္မေပ်ာ္ႏိုင္ခဲ့ဘူး။ ညဥ့္နက္တဲ့ထိ ေစာင္ထဲမွာေကြးၿပီး မ်က္လုံးေတာင္ မပိတ္ရဲခဲ့ဘူး။]

[ဒါေပမဲ့ အဲ့လိုအခ်ိန္တိုင္း မင္းက….. လာဖို႔…. ေစာင့္ေမွ်ာ္………]

[မင္း….. အိပ္ေပ်ာ္…. အရမ္း……]

[…… မင္း…….]

႐ုတ္တရက္ System ၏ အသိေပးခ်က္က ဗလုံးဗေထြးျဖစ္လာခဲ့သည္။ တိတ္ေခြေဟာင္းႀကီး ဖြင့္ထားသကဲ့သို႔ ျပတ္ေတာင္းျပတ္ေတာင္းျဖင့္ မရွင္းလင္းေတာ့ေပ။ ခ်န္က်စ္ခ်ဴးမွာ ႀကိဳးစားၿပီး အဓိပၸါယ္ေဖာ္ၾကည့္ေသာ္ျငား တစ္ခုခုပိတ္ဆို႔ေနသကဲ့သို႔ ဘာကိုမွ နားမလည္ႏိုင္ေတာ့ေပ။

‘လာတယ္’လို႔ ေျပာတယ္.. ဘာလာတာလဲ..? လူလား..? ေဒါက္တာေလာ့ ဒါမွမဟုတ္ သူ႔ကို ‘ေရွာင္ခ်ဴး’လို႔ ေခၚတဲ့လူလား..? ဒါေပမဲ့ လူနာခန္းထဲကို ညသန္းေခါင္ယံႀကီး ေရာက္လာမွာဆိုေတာ့……

System ၏အသံက အဘယ္ေၾကာင့္ ထိုသို႔ျဖစ္သြားမွန္း ခ်န္က်စ္ခ်ဴးလည္း မသိပါေခ်။ အစကတည္းက စိတ္ေျခာက္ျခားေနၿပီး System က တစ္စုံတစ္ရာ ပုန္းေအာင္းေနသလိုမ်ိဳး ေျပာသြားသျဖင့္ ခ်န္က်စ္ခ်ဴးမွာ ေတြးရင္းေတြးရင္း ေတြးေၾကာက္လာမိေတာ့သည္။

တာ့ေကာင္းက အစည္းအေဝးခန္းထဲသို႔ အရင္ဝင္သြားၿပီး ခ်န္က်စ္ခ်ဴးႏွင့္ တျခားလူမ်ားလည္း ေနာက္မွ လိုက္ဝင္သြားၾကသည္။ အစည္းအေဝးခန္းမသည္ အလြန္က်ယ္ဝန္းၿပီး တစ္ခန္းလုံး ရႈပ္ပြေနေလ၏။ စားပြဲ၊ ကုလားထိုင္မ်ား ေဇာက္ထိုးမိုးေမွ်ာ္ ျဖစ္ေနၿပီး ၾကမ္းျပင္အႏွံ႔တြင္ စာ႐ြက္မ်ား ျပန႔္က်ဲလ်က္၊ နံရံကပ္သံဗီ႐ိုႀကီးကလည္း ၿပိဳက်ပ်က္စီးလုနီးပါးပင္။ အကန႔္အနည္းငယ္သာ အေကာင္းအတိုင္း က်န္ရစ္ေတာ့သည္။

ခ်န္က်စ္ခ်ဴးႏွင့္ မုန႔္ရွင္းက ‘သဲလြန္စရွာေဖြျခင္း’ စြမ္းရည္ကို အသုံးျပဳၿပီး စစ္ေဆးၾကည့္လိုက္ေသာအခါ ဗီ႐ိုအကန႔္တစ္ခုတြင္ အလင္းစက္တစ္ခု ရွိေနသည္ကို ေတြ႕လိုက္ရသည္။ အခန္းထဲတြင္ တျခားသဲလြန္စမရွိသျဖင့္ သူတို႔အားလုံး ဗီ႐ိုရွိရာသို႔ ခ်ီတက္လိုက္ၾကသည္။

သံဗီ႐ိုႀကီးကို ကုတ္နံပါတ္ေ႐ြးခ်ယ္ရသည့္ ေခတ္ေဟာင္းေသာ့တစ္မ်ိဳးျဖင့္ ပိတ္ထား၏။ ေသာ့ပုံစံက ေသာ့ဖြင့္ခ်င္လွ်င္ နံပါတ္မွန္ေအာင္ လွည့္ရေသာ ခရီးေဆာင္အိတ္မ်ားကဲ့သို႔ပင္။ password ထည့္ရမည့္ေနရာတြင္ တာ့ေကာင္းက ‘0526’ နံပါတ္အတိုင္း လွည့္လိုက္သည္။

ေသာ့အိမ္အတြင္းမွ ‘ကလစ္’ခနဲ ျမည္သံႏွင့္အတူ ဗီ႐ိုတံခါးက အတန္ငယ္ ပြင့္ဟသြားေလသည္။ တံခါးကို ျဖည္းျဖည္းခ်င္း ဖြင့္ၾကည့္လိုက္သည္ေနာက္ ဗီ႐ိုအတြင္းမွ စာ႐ြက္စာတမ္းမ်ား ေပၚထြက္လာေတာ့သည္။

တာ့ေကာင္းက အေပၚဆုံးစာ႐ြက္ကို ယူၾကည့္လိုက္၏။ ထိုအရာက မွတ္စုစာ႐ြက္ပင္။ သူက စာ႐ြက္ကို အထက္ေအာက္ၾကည့္ကာ စဖတ္လိုက္သည္။

<ေသစမ္း.. ေျမေအာက္လူသြားလမ္းအတြက္ ေသာ့ေပ်ာက္သြားၿပီ.. ၾကည့္ရတာ ဒုတိယအထပ္က အမ်ိဳးသားေရခ်ိဳးခန္းထဲမွာ က်ေပ်ာက္ခဲ့တာျဖစ္မယ္.. ငါ သြားရွာၾကည့္ဦးမယ္.. မင္းတို႔ ေန႔လည္စာသြားစားႏွင့္.. >

“အမ်ိဳးသားေရခ်ိဳးခန္းထဲမွာ ေသာ့သြားရွာရမယ္လို႔ ၫႊန္ျပေနတာထင္တယ္..” အႁမႊာညီအစ္မက ေရ႐ြတ္လိုက္သည္။

တာ့ေကာင္းက မွတ္စုစာ႐ြက္ကို သိမ္းလိုက္ၿပီးေနာက္ ဗီ႐ိုထဲမွ တျခားစာ႐ြက္မ်ားကို ဆြဲထုတ္လိုက္သည္။ ထို႔ေနာက္ စာ႐ြက္မ်ားကို ၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္ကာ ေျပာလာခဲ့သည္။ “ဒါက ဆရာဝန္ေတြ ေရးထားတာထင္တယ္.. ေဆးမွတ္တမ္းထင္တာပဲ.. ငါ နားမလည္ဘူး..”

သူက ထိုသို႔ေျပာရင္း က်ီယြင္ေရွာင္ထံ ကမ္းေပးလိုက္သည္။ “ေဘာ့စ္ကို ဒုကၡေပးရေတာ့မွာပဲ..”

“ရပါတယ္..”

က်ီယြင္ေရွာင္က ေခါင္းညိတ္ျပလိုက္သည္။ ခ်န္က်စ္ခ်ဴးကဲ့သို႔ သူ႔တြင္လည္း စာဖတ္ႏိုင္သည့္ စြမ္းရည္တစ္ခု ရွိေန၏။ သူက စာ႐ြက္ကိုယူၿပီးေနာက္ ေသေသခ်ာခ်ာ ဖတ္ၾကည့္လိုက္သည္။ ထို႔ေနာက္တြင္မူ မ်က္ဝန္းလွလွေလးမ်ား တျဖည္းျဖည္း ျပဴးက်ယ္လာၿပီး ခ်န္က်စ္ခ်ဴးကို အံ့ဩေနဟန္ျဖင့္ ေမာ့ၾကည့္လာခဲ့သည္။ သူ၏ ပါးျပင္သည္လည္း အနည္းငယ္ နီရဲေနကာ ရွက္ေသြးျဖာေနသလိုပင္။

……….. ေနစမ္းပါဦး.. ဘာေတြျဖစ္ေနတာလဲ..?

က်ီယြင္ေရွာင္၏ အၾကည့္ေၾကာင့္ ခ်န္က်စ္ခ်ဴးခမ်ာ ႐ုတ္တရက္ နိမိတ္မေကာင္းသလို ခံစားလိုက္ရေလ၏။ သူက ေရွ႕တိုးကာ စာ႐ြက္ကို ဖတ္ၾကည့္လိုက္သည္။

[လူနာအမည္ : ခ်န္က်စ္ခ်ဴး]

[အသက္ : 14]

[ေဆးစစ္ခ်က္ : စိတ္ကစဥ့္ကလ်ားေရာဂါ အေတာ္အသင့္၊ nymphomania သိပ္မသိသာ၊ intimacy obsession သိပ္မသိသာ]

[ေရာဂါဆန္းစစ္ခ်က္ : လူနာက ဘာသိဘာသာေနတတ္တဲ့ ေအးစက္စက္ မိသားစုထဲမွာ ႀကီးျပင္းခဲ့ရတာေၾကာင့္ မိသားစုေမတၱာ ငတ္မြတ္ေနၿပီး လူေတြနဲ႔ ပြတ္သီးပြတ္သပ္ ေနထိုင္ခ်င္လာတယ္။

သူ႔ရဲ႕ လိင္စိတ္တိမ္းၫြတ္မႈေၾကာင့္ မိသားစုနဲ႔ အႀကီးအက်ယ္ ျပႆာနာတက္ခဲ့ရတယ္။ ေက်ာင္းမွာလည္း အႏိုင္က်င့္ခံခဲ့ရတယ္။ ထိုျဖစ္ရပ္ေတြေၾကာင့္ စိတ္ဖိစီးမႈမ်ားလာၿပီး ေရာဂါစတင္လာခဲ့တယ္။]

[ေရာဂါလကၡဏာမ်ား : လိင္တူေကာင္ေခ်ာေလးေတြနဲ႔ ရင္းရင္းႏွီးႏွီး ေနရတာႀကိဳက္တယ္။ သူတို႔ရဲ႕ စိတ္၊ အထိအေတြ႕နဲ႔ အခ်စ္ကို လိုခ်င္စိတ္ျပင္းျပတယ္။ ေရာဂါျပင္းထန္လာရင္ တစ္ဖက္လူနဲ႔ အထူးတလည္ဆက္ဆံေရးမ်ိဳး ရွိတယ္လို႔ စိတ္ကူးယဥ္လာတတ္ၿပီး ထိုလူနဲ႔ ခ်စ္သူေတြလိုမ်ိဳး ပြတ္သီးပြတ္သပ္ ေနထိုင္တတ္တယ္။ တကယ္မရွိတဲ့ ျဖစ္တည္မႈနဲ႔ေတာင္ ခ်စ္ႀကိဳက္ေနၿပီလို႔ ထင္ျမင္လာတတ္တယ္။]

ခ်န္က်စ္ခ်ဴး : “…………….”

ေသခ်င္ေတာ့တာပဲ..!

***

ပိုင္ရိ၏ ဒိုင္ယာရီမွတ္တမ္း (Part 21)

က်စ္ခ်ဴးက အရမ္းခ်စ္ဖို႔ေကာင္းတာပဲ။ ငါ့ကို နမ္းလိုက္မိတာေၾကာင့္ ငါစိတ္ဆိုးသြားၿပီလို႔ ထင္ေနရွာတယ္။

ငါ နည္းနည္းေလး စိတ္ဆိုးမိပါတယ္…… ငါ့ကိုယ္ငါေလ။ ႏႈတ္ခမ္းသားေတြ နမ္းမိေအာင္ ဘာလို႔ ေခါင္းကို နည္းနည္းေလး ပိုမလွည့္လိုက္မိတာလဲ..?

သူ ငါ့ႏႈတ္ခမ္းကို လ်က္လိုက္တဲ့အခ်ိန္…. ငါ သူ႔ကို ေပြ႕ဖက္ၿပီး ဘယ္ေလာက္ေတာင္ အၾကမ္းပတမ္း နမ္းပစ္ခ်င္ေနလဲဆိုတာ ဘုရားသခင္ပဲ သိလိမ့္မယ္။

ဒီပုံစံေလးနဲ႔ က်စ္ခ်ဴးက ငါ့အပိုင္ပဲ။ ငါ့တစ္ေယာက္တည္းရဲ႕ အပိုင္။

………..

ဒီမွာရွိေနတဲ့ ေနာက္ထပ္‘ငါ’မွာ မွတ္ဉာဏ္ရွိေနေသးလားဆိုတာ ငါလည္း ေသခ်ာမသိဘူး။ ဒါေပမဲ့ အဲ့အေကာင္က က်စ္ခ်ဴးရဲ႕ ေမြးေန႔ကို ရွင္းရွင္းလင္းလင္း မွတ္မိေနတယ္။ ‘သူ’က က်စ္ခ်ဴးကို လိုခ်င္ေနတယ္။

ငါ ‘သူ႔’ကို တကယ္ႀကီး သတ္ပစ္ခ်င္လာၿပီ..!

……………………………………………………

You are reading stories on: TeenFic.Net