17 - Abandoned Hospital (1)
Unicode
အခန်း - (၁၇) : စွန့်ပစ်ဆေးရုံ (၁)
ကျီယွင်ရှောင်..? တော်တော်လေး ရုပ်တူ… ကျီယွင်ရှောင်အစစ်ကြီးဟ..!!!
မှောင်မိုက်နေသောငြား ချန်ကျစ်ချူးသည် ကျီယွင်ရှောင်ကို တီဗွီဖန်သားပြင်ပေါ်မှာ မကြာခဏ မြင်တွေ့ဖူးသည်ဖြစ်၍ အကြည့်တစ်ချက်ဖြင့်ပင် မှန်းဆနိုင်ခဲ့သည်။ သူ့အရှေ့မှ လူငယ်လေးသည် ကျီယွင်ရှောင်စစ်စစ်ကြီးပင်။
ချန်ကျစ်ချူးမှာ အတော်လေး အံ့အားသင့်သွားရသည်။ ကျီယွင်ရှောင်ကဲ့သို့ နာမည်ကျော် Idol တစ်ယောက်လည်း Infinite Escape တွင် ပါဝင်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ပထမဆုံးအတွေးကား ‘ဒီလူသာ ဂိမ်းထဲသေသွားရင် သူ့ညီမလေးနဲ့ ပရိသတ်တွေတော့ အရမ်းဝမ်းနည်းကြရမှာပဲ..’ ဟူ၍။
ထို့နောက်မှာတော့ ကျီယွင်ရှောင်၏ အကြည့်က သူ့အင်္ကျီပေါ် ရောက်နေပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေကြောင်း သတိပြုမိလိုက်၏။ ထိုအချိန်မှသာ သူ ကျီယွင်ရှောင်ပုံပါသည့် တီရှပ်ဝတ်ထားပြီး အရုပ်ကျီယွင်ရှောင်ကိုပါ ပွေ့ဖက်ထားမိကြောင်း သတိရသွားတော့သည်။ ချန်ကျစ်ချူးခမျာ မျက်နှာကြီး နီရဲတက်လာပြီး အရုပ်ကိုလည်း ချက်ချင်း အနောက်မှာ ဖွက်လိုက်မိသည်။
လခွမ်း.. ရှက်စရာကြီး..! ကျီယွင်ရှောင်နဲ့ ဒီလိုအခြေအနေမျိုးမှာ လာတွေ့ရတယ်လို့..! တစ်ဖက်လူမျက်နှာနဲ့ Fan club အင်္ကျီကြီးဝတ်၊ အဲ့လူပုံစံအရုပ်ကိုပိုက်ပြီး သေရေးရှင်ရေး ရုန်းကန်ရမယ့် Escape Game ထဲ ဝင်လာတာ…. အခုတော့ သူ့ကို ဘယ်လိုထင်သွားမလဲ..?!
ချန်ကျစ်ချူး၏ မျက်နှာအမူအရာက မထိန်းနိုင်အောင် တောင့်တင်းလာခဲ့၏။
ကျီယွင်ရှောင်၏ Fanbase သည် အတော်လေးကြီးမားပြီး ဆယ်ကျော်သက် မိန်းမငယ်လေးများ၊ အမျိုးသမီးငယ်များဖြင့် ပြည့်နှက်နေသည်မှာ မထူးဆန်းပါချေ။ ကျီယွင်ရှောင်သည် စတိတ်စင်ပေါ် တင်ဆက်ပုံနှင့် ကွာခြားစွာ ကြင်နာတတ်သော အကျင့်စရိုက်မျိုးရှိပြီး နာမည်အကြီးဆုံး TV ဇာတ်လမ်းတွဲတစ်ခုတွင် ထိပ်တန်းကျောင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားသောကြောင့် သက်ကြီးပိုင်းများကြားတွင်လည်း နာမည်ကြီးသေးသည်။
သို့သော် သူ့ Fanbase တွင် အရှားပါးဆုံး ပရိသတ်အမျိုးအစားလည်း ရှိနေပါသေးသည်။ ယင်းကား ယောက်ျားလေး ပရိသတ်များပင်။
အကြောင်းအရင်းတချို့ကြောင့် ကျီရှောင်ယွင်တွင် ယောက်ျားလေးပရိသတ် များများစားစားမရှိပေ။ မတော်တဆ တစ်ယောက်ယောက်ရှိလာလျှင်လည်း မိန်းကလေးပရိသတ်များက ချက်ချင်း စစ်ဆေးမေးမြန်းကြပြီး လိင်ဖြစ်တည်မှုကိုပင် သံသယဝင်ခံကြရသည်။
ဟုတ်တယ်.. ကျီယွင်ရှောင်မှာ ယောက်ျားလေးပရိသတ် မရှိသလောက်ပဲ။ ရှိတဲ့လူနည်းစုကလည်း Gay တွေ။ သူ့လို အဖြောင့်က လုံးဝရှားပါး… နေစမ်းပါဦး။ သူက ကျီယွင်ရှောင်ရဲ့ ဖန်အစစ်မှမဟုတ်တာ။ သူ့ပရိသတ်လို့ အထင်မှားသွားရင် သူတော့ ပြဿနာတက်ပြီပဲ..!
ချန်ကျစ်ချူးတစ်ယောက် ပိုင်ရိဘက်သို့ သတိကြီးကြီးထားပြီး ခိုးကြည့်လိုက်သည့်အခိုက်… ပုံမှန်အားဖြင့် နွေးထွေးကြင်နာတတ်သော ပိုင်ရိ၏ မျက်နှာအမူအရာက အပြောင်းလဲကြီး ပြောင်းလဲနေသည်ကို အံ့ဩစရာကောင်းအောင် မြင်လိုက်ရလေ၏။ ပိုင်ရိက ကျီယွင်ရှောင်ကို မျက်ထောင့်နီကြီးဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်နေပြီး သူ၏မျက်ဝန်းများက ရေခဲအမှတ်ရောက်အောင် အေးစိမ့်နေသည်။
Oh… No… ကြည့်ရတာ သံမဏိလိုဖြောင့်တဲ့ အဖြောင့်ကြီးပိုင်ရိက ကျီယွင်ရှောင်ကို သိပ်ပြီးကြည့်မရဘူး ထင်တယ်။ သူဝတ်ထားတဲ့ အင်္ကျီကြောင့် ပိုင်ရိတော့ သူ့ကို ကျီယွင်ရှောင်ရဲ့ဖန်လို့ အထင်မှားပြီး Gay လို့ ထင်ကုန်တော့မှာပဲ..!
ချန်ကျစ်ချူးခမျာ ချွေးပြန်လာတော့သည်။
အရင်တစ်ခေါက်ကလည်း နမ်းနေတာကို မြင်သွားပြီပြီ။ ဒီတစ်ခေါက်လည်း ထပ်ပြီးအထင်လွဲသွားမယ်ဆိုရင်…… အလိမ်အလိမ်ချင်းထပ်လာရင် အမှန်ဖြစ်သွားတတ်တယ်တဲ့။ အထင်လွဲခံရရင်လည်း အဲ့လိုပဲ။ အခုမှထပြီးရှင်းပြရင် နောက်ကျသွားပြီထင်တယ်..!
ချန်ကျစ်ချူးက ပါးစပ်ဖွင့်ကာ ရှင်းပြတော့မည့်အချိန် အာခေါင်ခြစ်အော်ဟစ်သံများ ပေါ်ထွက်လာပြီး သူ့ကို စကားပြောမရအောင် ဖြစ်စေခဲ့၏။ ချန်ကျစ်ချူးမှာ အံ့အားသင့်သွားပြီး မျက်လုံးအပြူးသားဖြင့် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်မိသည်။
တောအုပ်ထဲမှ သစ်ကိုင်းတချို့ လှုပ်ခတ်သွားပြီး နုငယ်လှပသော မိန်းကလေးနှစ်ယောက် ပြေးထွက်လာလေသည်။ သူတို့က အတော်လေး စိတ်လှုပ်ရှားနေဟန်ဖြင့် ကျီယွင်ရှောင်ဆီသို့ ခလုတ်တိုက်လုမတတ် အပြေးသွားပြီး နေရာမှာပင် မေ့လဲကျတော့မယောင် မျက်ရည်များ ဝဲတက်လာကာ အသံတုန်တုန်ဖြင့် မေးမြန်းတော့သည်။
“ရှောင်ရှောင်..? ရှင်က ရှောင်ရှောင်လားဟင်..? ရှောင်ရှောင်အစစ်လားဟင်..?!”
ကျီယွင်ရှောင်မှာ ထိုနှစ်ယောက်ကြောင့် အနည်းငယ် ထိတ်လန့်သွားပုံရသည်။ အနည်းငယ် အနောက်ဆုတ်လိုက်မိရင်း အသာခေါင်းညိတ်ပြကာ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလာသည်။
“ဟုတ်ပါတယ်.. ကျွန်တော် ကျီယွင်ရှောင်ပါ.. ဟယ်လို..”
“အားးးးးးးးးးးးးးးးးးးးးး! ဘုရားရေ..! ငါတို့ ကျီယွင်ရှောင်ကို အရှင်လတ်လတ်ကြီး မြင်နေရတာပဲ..! တကယ်ကြီး သူအစစ်တဲ့ဟ..!”
အမြွှာကောင်မလေးနှစ်ယောက် မျက်နှာအုပ်ကာ အော်ကြပြန်သည်။ လက်ရှိရောက်နေသည့်နေရာကို လုံးလုံး မေ့လျော့သွားကြပြီး ဝမ်းသာအားရ ခုန်ပေါက်ကာ ကျီယွင်ရှောင်ကိုပတ်ပြီး အမျှင်မပြတ်နိုင်အောင် စကားပြောနေကြတော့သည်။
ချန်ကျစ်ချူးလည်း ထိုအခြေအနေကို အခွင့်ကောင်းယူကာ အရုပ်ကို ကျောပိုးအိတ်ထဲ အမြန်ထည့်သိမ်းလိုက်သည်။ လဲဝတ်စရာ အင်္ကျီအပို ပါမလာ၍သာ၊ မဟုတ်လျှင် တီရှပ်ကိုလည်း လဲပစ်လိုက်မည်ပင်။
“မင်းလည်း သူ့ပရိသတ်လား..?”
ပိုင်ရိလည်း အနားလျှောက်လာပြီး အင်္ကျီကိုစွေကြည့်ကာ မေးမြန်းလာသည်။
“မဟုတ်ဘူး.. ကျွန်တော်က ကျီယွင်ရှောင်ရဲ့ ပရိသတ်မဟုတ်ဘူး.. အကုန်လုံး အထင်လွဲနေတာ..”
ချန်ကျစ်ချူးက ကပျာကယာ ခေါင်းခါပြလိုက်ရင်း သူ့ညီမက သူ Instance ထဲမဝင်ခင် ဓာတ်ပုံရိုက်ရန် အတင်းအင်္ကျီလဲဝတ်ခိုင်းကြောင်း အသည်းအသန် ရှင်းပြတော့သည်။ သို့သော် ကျီယွင်ရှောင်နှင့် အမြွှာညီအစ်မနှစ်ယောက် ကြားလျှင် နေရခက်ကုန်မည်စိုး၍ ပိုင်ရိ၏ နားရွက်နားသို့ ခြေဖျားထောက်ကာ တိုးတိုးလေး ရှင်းပြလိုက်ရသည်။
အသက်ရှူငွေ့နွေးနွေးက ပိုင်ရိ၏ နားရွက်ဖျားကို ထိခတ်သွားလေ၏။ ချန်ကျစ်ချူးထံမှ ကိုယ်သင်းရနံ့လေးလည်း ပျံ့လွင့်နေပြီး နူးညံ့ပျော့ပျောင်းသည့် ဆံစလေးများက ပိုင်ရိ၏လည်ပင်းကို ကလူကျီစယ်နေသည်။ တရင်းတနှီး ပြုမူပုံလေးကြောင့် ပိုင်ရိခမျာ အနည်းငယ် တောင့်တင်းသွားရသည်။ အကြင်သူ၏ လည်တိုင်သွယ်သွယ်နှင့် ဖြူဥနေသော ညှပ်ရိုးတစ်စုံကို ငုံ့ကြည့်လိုက်မိရင်း ပိုင်ရိ၏မျက်ဝန်းများ မှောင်မည်းလာခဲ့သည်။
“…………..အဲ့တာကြောင့်လေ.. ကျွန်တော်က ကျီယွင်ရှောင်ကို တကယ်ကြိုက်လို့မဟုတ်ဘူးနော်………”
ချန်ကျစ်ချူးခမျာ ပိုင်ရိ အထင်လွဲမှာစိုးပြီး အတော်ကြာအောင် ရှင်းပြနေမိသည်။ ခန့်ညားသော အမျိုးသားက မလှုပ်မယှက် မတ်တပ်ရပ်နေပြီး သူ့ခန္ဓာကိုယ်ကို မျက်ဝန်းနက်များဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေကြောင်း သတိပြုမိသည့်အခိုက်…
“ပိုင်…. ရိ..?”
ဘာကြောင့်ရယ်မသိ ရုတ်ချည်း အေးစိမ့်လာသလို ခံစားလိုက်ရသဖြင့် ချန်ကျစ်ချူးမှာ ခန္ဓာကိုယ်လေး ကျုံ့ဝင်သွားပြီး ခပ်တိုးတိုး နာမည်ခေါ်လိုက်မိသည်။
သို့မှသာ ပိုင်ရိလည်း သတိပြန်ကပ်သွားပုံရသည်။ လှပသော မျက်ဝန်းနက်နက်များဟာ မသိမသာ လှုပ်ခတ်သွားပြီး အပေါ်မော့သွားလေသည်။ ပြီးနောက် သူက ချန်ကျစ်ချူးကို နူးနူးညံ့ညံ့လေး ပြုံးပြလိုက်ရင်း..
“ဘာဖြစ်လို့လဲ..?”
ချန်ကျစ်ချူးက ပါးစပ်ဖွင့်ပြီးမှ ပြန်ပိတ်လိုက်သည်။ သူ၏စိတ်ထဲ ပိုင်ရိ၏ပုံစံက နည်းနည်းလေး ထူးဆန်းနေသလိုလို။ သို့သော် ပုံမှန်လည်း ဖြစ်နေပြန်သည်။ ထို့နည်းတူ ထူးဆန်းသည့် ခံစားချက်ကိုလည်း သူကိုယ်တိုင်ပင် နားမလည်ပါချေ။
“မဟုတ်ပါဘူး…..” ချန်ကျစ်ချူးက ခေါင်းကုတ်ရင်း.. “ခုနက ကျွန်တော် ပြောခဲ့တာတွေလေ.. ကြားလိုက်လားဟင်..?”
“ကြားတယ်.. မင်းက သူ့ပရိသတ်မဟုတ်ဘူးဆိုတာ သိပါတယ်..”
ပိုင်ရိက ပြုံးလိုက်ရင်း ချန်ကျစ်ချူး၏ခေါင်းကို အသာပွတ်သပ်လိုက်၏။ တည်ငြိမ်ယောင်ဆောင်လျက် ချန်ကျစ်ချူး၏ နားရွက်ဖျားနှင့် ပါးပြင်ကို မသိမသာ ထိတွေ့လိုက်ရင်း လျင်မြန်စွာပင် လက်ပြန်ရုတ်လိုက်သည်။
“မစိုးရိမ်ပါနဲ့.. ကိုယ် အထင်မလွဲပါဘူး.. ပြီးတော့ ဘယ်အနုပညာရှင်ကိုကြိုက်ကြိုက်၊ မင်းရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲလေ.. မင်း သူ့ကို တကယ်ကြိုက်တယ်ဆိုရင်တောင် ….အ…. “ တစ်ခဏ ရပ်တန့်သွားပြီးမှ အပြုံးလေးဖြင့် ဆက်ပြောလာသည်။ “အဆင်ပြေပါတယ်..”
ထင်သည့်အတိုင်း ပိုင်ရိသည် ယခင်လို သိမ်မွေ့ကြင်နာတတ်ဆဲ၊ နားလည်မှုအပြည့်ရှိဆဲ။ အနှီတုံ့ပြန်မှုကြောင့် ချန်ကျစ်ချူးမှာ အလွန်စိတ်လှုပ်ရှားသွားရသည်။ သူ ဘယ်လောက်ဖြောင့်ကြောင်း စာစီကုံးကာ လေးလေးနက်နက် ပြောပြတော့မည့်အခိုက် ကျီယွင်ရှောင်တို့ဘက်မှာ တစ်ခုခု ပြောင်းလဲသွားကြောင်း မျက်ဝန်းထောင့်မှ မြင်လိုက်ရလေ၏။
အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် သန်သန်မာမာ အမျိုးသားကြီးတစ်ယောက် ရောက်ချလာပြီး ကျီယွင်ရှောင်ကို အမြွှာနှစ်ယောက်ကြားမှ ဆွဲထုတ်လိုက်သည်။ ပြီးနောက် ရုပ်တည်ကြီးဖြင့် အမြွှာနှစ်ယောက်ကို တစ်ခုခုပြောနေပြီး အမြွှာနှစ်ယောက်ကလည်း ပြန်လည်ရန်တွေ့နေလေသည်။ ကျီယွင်ရှောင်က ထိုလူကြီးနောက်တွင် ကူကယ်ရာမဲ့စွာ မတ်တပ်ရပ်နေပြီး သူ့ကြည့်ရတာ ရန်ပွဲကို ရပ်တန့်ချင်သော်လည်း ဝင်ပြောရန် အခွင့်အရေးမရသည့်နှယ်။
“ကျုပ်တို့ဘော့စ်က ပရိသတ်တွေရဲ့ တောင်းဆိုမှုကို မငြင်းရက်ဘူးဆိုပေမယ့် မင်းတို့က ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်ရမယ်လေ.. ဒီလောက် အလွန်အကျူးထိတွေ့နေရင် ကာအိန္ဒြေပျက်ပြားစေမှုအဖြစ် သတ်မှတ်လို့ရတယ်.. ပြီးတော့ အခုရောက်နေတဲ့ နေရာကိုလည်း မမေ့ကြနဲ့ဦး.. ဒီနေရာက အရမ်းအန္တရာယ်ရှိတယ်.. အဲ့တာကြောင့် ကျေးဇူးပြုပြီး ပေါ့ပေါ့တန်တန် အပြုအမူမျိုးတွေ မလုပ်ကြပါနဲ့လား..”
“………..”
ကြမ်းကြမ်းရမ်းရမ်း စိုက်ကြည့်ခံလိုက်ရတာကြောင့် အမြွှာနှစ်ယောက်မှာ မကျေမချမ်းဖြစ်သွားပြီး အသံတိတ် နှာမှုတ်လိုက်ကြလေသည်။ ပြီးနောက် အနောက်မှာရပ်နေသည့် ကျီယွင်ရှောင်ထံ မျှော်လင့်တကြီး လှည့်ကြည့်လိုက်ကြရင်း..
“ရှောင်ရှောင်.. Forum ကနေ သူငယ်ချင်းအပ်ကြမလား..? ဒါမှမဟုတ် ဆက်သွယ်လို့ရမယ့် နည်းလမ်းတစ်ခုခု ပေးခဲ့လို့ရ…..”
“မရဘူး…” လူကြီးက အေးတိအေးစက် ဝင်ပြောလိုက်သည်။
အမြွှာနှစ်ယောက်လည်း ဒေါသပေါက်ကွဲကုန်ပြီး.. “ရှောင်ရှောင်တောင် ဘာမှမပြောရသေးဘူး.. ရှင့်ကိုယ်ရှင် ဘာထင်နေလဲ..?!”
“………….” ကျီယွင်ရှောင်က ဖြေရခက်နေသည့် အမူအရာမျိုးဖြင့် ခေါင်းယမ်းပြလိုက်ရင်း.. “Sorry…..”
“အဲ့တာဆိုလည်း ကောင်းပါပြီ..”
အမြွှာကောင်မလေးနှစ်ယောက်မှာ အနည်းငယ် စိတ်ဓာတ်ကျသွားလေသည်။
ချန်ကျစ်ချူးက ထိုအဖြစ်အပျက်ကို အစအဆုံး မြင်လိုက်ရသဖြင့် ဒီကျီရှောင်ယွင်က သူ့ညီမလေး ပြောပြထားတဲ့ အတိုင်းပါပဲလားဟု တွေးလိုက်မိ၏။ စတိတ်စင်ပေါ်တွင် အေးစက်စက် ဟန်အမူအရာဖြင့် လွှမ်းမိုးနိုင်စွမ်းပြင်းသော်လည်း အပြင်မှာတော့ ယဉ်ကျေးသိမ်မွေ့ကာ အပြုအမူကောင်းသော ကလေးလေးလိုပင်။ သူ့ရဲ့ဘော်ဒီဂတ်သာ သူ့ကို ကြက်အမေကြီးလို မကာကွယ်ပေးနိုင်လျှင် ကျီယွင်ရှောင်တော့ အရူးအမူးဖြစ်နေသော fangirl များလက်ထဲ အစားခံလိုက်ရနိုင်သည်။
ဒီလူက ကျီယွင်ရှောင်ရဲ့ ဘော်ဒီဂတ် ဖြစ်ရမယ်။ သူ့ညီမပြောပြဖူးပါတယ်.. နာမည်က ‘တာ့ကောင်း’ဆိုလား…?
ချန်ကျစ်ချူး အတွေးလွန်နေခိုက် ထိုဘော်ဒီဂတ်က ချန်ကျစ်ချူးကို ရုတ်တရက် လှည့်ကြည့်လာပြီး တီရှပ်ကိုမြင်သည်နှင့် မျက်ဝန်းများ မှေးကျဉ်းသွားကာ မေးလာသည်။ “မင်းလည်း ဘော့စ်ရဲ့ပရိသတ်ပဲလား..?”
ချန်ကျစ်ချူး : “………..”
သူ ဘယ်လိုပြန်ဖြေရမလဲ..? ကျီယွင်ရှောင်ရှေ့မှာ ပရိသတ်မဟုတ်ပါဘူးလို့ ပြောလိုက်ရင် မျက်နှာပျက်စရာကြီး။ ပရိသတ် ဟုတ်ပါတယ်လို့ ဖြေလိုက်ပြန်ရင်လည်း မျက်နှာပျက်ရမှာပဲ။ ပိုဆိုးတာက သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကိုလည်း မေးခွန်းထုတ်ခံရဦးမယ်.......။
ကံကောင်းထောက်မစွာဖြင့် နောက်ကျနေသည့် Instance မိတ်ဆက်သည် ရုတ်ချည်း အသံထွက်လာသဖြင့် ရှိသမျှလူအားလုံး ထိုအပေါ် အာရုံစိုက်လိုက်ကြသည်။ အမြွှာနှစ်ယောက်ပင်လျှင် အလေးအနက် ဖြစ်သွားကြသည်။
[မင်းတို့ခြောက်ယောက်က မတူညီတဲ့ နေရာအသီးသီးကနေ ရောက်လာကြတာပဲ။ မင်းတို့ထဲက ငါးယောက်က Camping ထွက်ရတာကြိုက်ပြီး အခုလည်း Camping ထွက်လာရင်းနဲ့ လမ်းမှာ ကားပျက်သွားကြတယ်။
မင်းတို့ငါးယောက်လုံး ကားထဲကထွက်ပြီး ဒေသခံတွေကို လိုက်ရှာမယ်၊ အကူအညီတောင်းမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမဲ့ နောက်ထပ်မတော်တဆဖြစ်ပြီး တောထဲမှာ လမ်းပျောက်သွားကြပြန်တယ်။ တဝဲဝဲတလည်လည်နဲ့ လျှောက်သွားကြရင်း နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရတဲ့ ဆေးရုံကြီးရှေ့ကို ရောက်လာကြပြီး အရင်က ဒီဆေးရုံမှာ ကုသခဲ့ဖူးတဲ့ ‘ချန်ကျစ်ချူး’လို့ ခေါ်တဲ့ စိတ်ရောဂါဝေဒနာရှင်နဲ့ တွေ့ဆုံခဲ့ကြတယ်။]
ချန်ကျစ်ချူး : “…………” ဘာလဲဟ..?
[ချန်ကျစ်ချူးက ဒီဆေးရုံကြီးကနေ လွန်ခဲ့တဲ့ငါးနှစ်ခန့်က ဆေးရုံဆင်းလာတဲ့ စိတ်ရောဂါသည်တစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတလော ရောဂါပြန်ထလာပြီး မမြင်ရတဲ့စွမ်းအားတစ်ခုက သူ့ကို ဒီနေရာရောက်အောင် ဆွဲခေါ်လာခဲ့တယ်။ အဲ့တာကြောင့် Camping ထွက်ရတာကြိုက်တဲ့ လူတစ်စုနဲ့ ဝင်တိုးခဲ့ပါတယ်။
သူက ဆေးရုံကြီးထဲမှာ သူ့ကို ဆွဲခေါ်နေတဲ့ တစ်စုံတစ်ရာရှိတယ်လို့ ထင်နေခဲ့တယ်။ အဲ့တာကြောင့် ဆေးရုံကြီးထဲကို ဝင်ကြည့်ချင်နေတယ်။ Camping ထွက်ရတာကြိုက်တဲ့ လူစုကလည်း သိချင်စိတ်ကြောင့်ရယ်၊ ချန်ကျစ်ချူးရဲ့ စိတ်အခြေအနေက ပုံမှန်မဟုတ်တာကြောင့် တစ်ခုခုဖြစ်မှာစိုးရိမ်ပြီး ချန်ကျစ်ချူးကို ဆေးရုံကြီးထဲ လိုက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။]
[အဓိကတာဝန် 1: အမှန်တရားကို စူးစမ်းရှာဖွေပါ။]
[အဓိကတာဝန် 2: ဆေးရုံကြီးထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာခဲ့ပါ။]
[သင့်ရဲ့အထူးတာဝန် : Boss ကိုနမ်းပြီး ဓာတ်ပုံ စုဆောင်းပါ။ အထူးတာဝန်ကို မပြီးမြောက်ပါက အဓိကတာဝန် ပြီးသွားလျှင်ပင် Instance ထဲမှ ထွက်ခွာနိုင်မည်မဟုတ်ပါ။]
[ဆေးရုံထဲ ဝင်ပြီးတာနဲ့ ဂိမ်းစတင်ပါပြီ။]
[ပျော်ရွှင်ဖွယ် ကစားပွဲလေးတစ်ခု ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။]
မင်းဖင်ကြီးကိုပဲ ပျော်ရွှင်နေလိုက်..! စိတ်ရောဂါဖြစ်နေပါတယ်ဆိုမှ ဘယ်သူက ပျော်ရွှင်နိုင်မှာလဲ..!!!
ချန်ကျစ်ချူးတစ်ယောက် သွေးအန်မိလုမတတ်။ ရုတ်တရက် အစောပိုင်းက ရရှိခဲ့သည့် ကျိန်စာလက်စွပ်ကို သတိရသွားသည်။ လက်စွပ်၏ ဆိုးကျိုးသက်ရောက်မှုကြောင့် သူနှင့် ဤ Instance ထဲမှ မကောင်းဆိုးဝါးကြားတွင် ထူးခြားဆန်းကြယ်သည့် ဆက်သွယ်မှုတစ်ခု ရှိနေနိုင်၏။
သူ ရုတ်တရက်ကြီး အရူးဖြစ်သွားတာ အဲ့လက်စွပ်ကြောင့်များလား..?!
“ဒီ Instance ကြီးက…..…. ရှင်တို့ထဲက ဘယ်သူချန်ကျစ်ချူးလဲ..?”
Instance မိတ်ဆက်ကို နားထောင်ပြီးနောက် အမြွှာညီအစ်မနှစ်ယောက်က ပိုင်ရိနှင့် ချန်ကျစ်ချူးကို လှည့်ကြည့်လာကြ၏။ ပိုင်ရိကိုမြင်ပြီးနောက် အတော်ကြာအောင် မှင်သက်သွားပြီး ခပ်တိုးတိုး အော်လိုက်ကြသေးသည်။ ချန်ကျစ်ချူးကို မြင်ပြန်တော့လည်း ငုတ်တုတ်မေ့သွားကြပြန်သည်။ ထို့နောက် သူတို့၏အကြည့်က ချန်ကျစ်ချူး၏အင်္ကျီပေါ် ရောက်သွားချိန်တွင် မျက်လုံးများ ရုတ်ချည်း တောက်ပလာပြီး စိတ်လှုပ်ရှားစွာ မေးမြန်းလာတော့သည်။
“ရှင်လည်း ‘ယွမ်လန်’ပဲလား..?”
ယွမ်လန်သည် ကျီယွင်ရှောင်၏ Fanbase နာမည်ဖြစ်၏။
ချန်ကျစ်ချူး : “……….”
ဘာလို့ ထပ်မေးပြန်တာလဲ..? ဒီအတိုင်း မေ့ထားလိုက်လို့ မရဘူးလားလို့..? ဒါပေမဲ့ ‘ကျွန်တော်က ချန်ကျစ်ချူးပါ..’လို့ ပြန်ဖြေရမှာလည်း ရှက်စရာကြီး။ သူ့ကို အရူးလိုမျိုး ကျိန်းသေပေါက် ဆက်ဆံကြလိမ့်မယ်..!
[အထိန်းအကွပ်မဲ့ လှုပ်ရှားမှု စတင်ပါပြီ။]
System ထံမှ ကြေညာချက် ထွက်ပေါ်လာသည်နှင့် ချန်ကျစ်ချူး၏ မျက်ဝန်းအိမ်က ပြူးကျယ်သွားပြီး ခန္ဓာကိုယ်သည်လည်း သူ့အလိုလို စတင်လှုပ်ရှားလာခဲ့သည်။ သူ၏ခြေလှမ်းများက လူစုထံသို့ ဦးတည်နေလေသည်။
ဘာလို့ ထိန်းချုပ်လို့မရတော့တာလဲ..? Instance ကိုတောင် တရားဝင် မစတင်ရသေးတာကို..?!
ချန်ကျစ်ချူးမှာ အံ့အားသင့်နေရင်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ချေ။ သူ၏ မျက်နှာအမူအရာနှင့် အသံကိုပင် မထိန်းချုပ်နိုင်တော့ဘဲ သာမာန်လူတစ်ယောက်လို လှုပ်ရှားနေသည်မှာ ကျီယွင်ရှောင်အရှေ့သို့ မရောင်ခင်အချိန်ထိ။ ရုတ်တရက် အော်ဟစ်ငိုကြွေးရင်း ဝုန်းခနဲ ဒူးထောက်ချလိုက်ကာ ကျီယွင်ရှောင်၏ပေါင်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်လေသည်။
“!!!”
ကျီယွင်ရှောင်မှာ အနည်းငယ် အံ့ဩသွားခဲ့၏။ ချန်ကျစ်ချူး၏ လက်ထဲမှ ရုန်းထွက်လိုသော်လည်း ချန်ကျစ်ချူးက အတင်းကို ဖက်တွယ်ထားသဖြင့် သူ ဘယ်လောက်ရုန်းကန်ပါစေ၊ ရုန်းမထွက်နိုင်ခဲ့ချေ။ တာ့ကောင်းပင်လျှင် ချန်ကျစ်ချူးကို ဆွဲမခွာနိုင်ဲခဲ့ချေ။
ချန်ကျစ်ချူးက သနားစရာကောင်းအောင် ဆွဲဆွဲငင်ငင်ဖြင့် ဝမ်းနည်းတကြီး ငိုကြွေးနေခဲ့သည်။ ကျီယွင်ရှောင်၏ ဘောင်းဘီစကိုဆွဲကာ တအင့်အင့်ရှိုက်ရင်း အချစ်စကားများ ပြောလာတော့သည်။
“ခင်ဗျားကို ကျွန်တော် သဘောကျနေတာကြာပြီ.. စတွေ့ကတည်းက ရင်ထဲနင့်နေအောင် ချစ်မိသွားတာပါ.. ခင်ဗျားနဲ့ လက်ထပ်ချင်တယ်.. ကျေးဇူးပြုပြီး ကျွန်တော့်ကို လက်ထပ်ပါနော်.. ခင်ဗျား လက်မခံရင် ကျွန်တော် ဒီနေရာမှာပဲ သက်သေပစ်လိုက်မယ်.. အဲ့တာမှ ခင်ဗျားရဲ့တစ်ဘဝလုံး ကျွန်တော့်သွေးတွေနဲ့ စွန်းထင်းနေမှာ..!”
“……………..”
“ခရက်..!”
ပိုင်ရိ၏လက်ထဲတွင် အရောင်တစ်ချက်လက်သွားပြီး ကျိုးပဲ့သံခပ်တိုးတိုးလေး ထွက်ပေါ်လာခဲ့သည်။
***
ပိုင်ရိ၏ ဒိုင်ယာရီမှတ်တမ်း (Part 17)
ဘာဒိုင်ယာရီမှမရှိဘူး။ ခဲတံကျိုးသွားပြီ။

……………………………………………………
Zawgyi
အခန္း - (၁၇) : စြန႔္ပစ္ေဆး႐ုံ (၁)
က်ီယြင္ေရွာင္..? ေတာ္ေတာ္ေလး ႐ုပ္တူ… က်ီယြင္ေရွာင္အစစ္ႀကီးဟ..!!!
ေမွာင္မိုက္ေနေသာျငား ခ်န္က်စ္ခ်ဴးသည္ က်ီယြင္ေရွာင္ကို တီဗြီဖန္သားျပင္ေပၚမွာ မၾကာခဏ ျမင္ေတြ႕ဖူးသည္ျဖစ္၍ အၾကည့္တစ္ခ်က္ျဖင့္ပင္ မွန္းဆႏိုင္ခဲ့သည္။ သူ႔အေရွ႕မွ လူငယ္ေလးသည္ က်ီယြင္ေရွာင္စစ္စစ္ႀကီးပင္။
ခ်န္က်စ္ခ်ဴးမွာ အေတာ္ေလး အံ့အားသင့္သြားရသည္။ က်ီယြင္ေရွာင္ကဲ့သို႔ နာမည္ေက်ာ္ Idol တစ္ေယာက္လည္း Infinite Escape တြင္ ပါဝင္လာလိမ့္မည္ဟု သူ မထင္ထားခဲ့ေပ။ ပထမဆုံးအေတြးကား ‘ဒီလူသာ ဂိမ္းထဲေသသြားရင္ သူ႔ညီမေလးနဲ႔ ပရိသတ္ေတြေတာ့ အရမ္းဝမ္းနည္းၾကရမွာပဲ..’ ဟူ၍။
ထို႔ေနာက္မွာေတာ့ က်ီယြင္ေရွာင္၏ အၾကည့္က သူ႔အက်ႌေပၚ ေရာက္ေနၿပီး ရွက္ကိုးရွက္ကန္း ျဖစ္ေနေၾကာင္း သတိျပဳမိလိုက္၏။ ထိုအခ်ိန္မွသာ သူ က်ီယြင္ေရွာင္ပုံပါသည့္ တီရွပ္ဝတ္ထားၿပီး အ႐ုပ္က်ီယြင္ေရွာင္ကိုပါ ေပြ႕ဖက္ထားမိေၾကာင္း သတိရသြားေတာ့သည္။ ခ်န္က်စ္ခ်ဴးခမ်ာ မ်က္ႏွာႀကီး နီရဲတက္လာၿပီး အ႐ုပ္ကိုလည္း ခ်က္ခ်င္း အေနာက္မွာ ဖြက္လိုက္မိသည္။
လခြမ္း.. ရွက္စရာႀကီး..! က်ီယြင္ေရွာင္နဲ႔ ဒီလိုအေျခအေနမ်ိဳးမွာ လာေတြ႕ရတယ္လို႔..! တစ္ဖက္လူမ်က္ႏွာနဲ႔ Fan club အက်ႌႀကီးဝတ္၊ အဲ့လူပုံစံအ႐ုပ္ကိုပိုက္ၿပီး ေသေရးရွင္ေရး ႐ုန္းကန္ရမယ့္ Escape Game ထဲ ဝင္လာတာ…. အခုေတာ့ သူ႔ကို ဘယ္လိုထင္သြားမလဲ..?!
ခ်န္က်စ္ခ်ဴး၏ မ်က္ႏွာအမူအရာက မထိန္းႏိုင္ေအာင္ ေတာင့္တင္းလာခဲ့၏။
က်ီယြင္ေရွာင္၏ Fanbase သည္ အေတာ္ေလးႀကီးမားၿပီး ဆယ္ေက်ာ္သက္ မိန္းမငယ္ေလးမ်ား၊ အမ်ိဳးသမီးငယ္မ်ားျဖင့္ ျပည့္ႏွက္ေနသည္မွာ မထူးဆန္းပါေခ်။ က်ီယြင္ေရွာင္သည္ စတိတ္စင္ေပၚ တင္ဆက္ပုံႏွင့္ ကြာျခားစြာ ၾကင္နာတတ္ေသာ အက်င့္စ႐ိုက္မ်ိဳးရွိၿပီး နာမည္အႀကီးဆုံး TV ဇာတ္လမ္းတြဲတစ္ခုတြင္ ထိပ္တန္းေက်ာင္းသားအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားေသာေၾကာင့္ သက္ႀကီးပိုင္းမ်ားၾကားတြင္လည္း နာမည္ႀကီးေသးသည္။
သို႔ေသာ္ သူ႔ Fanbase တြင္ အရွားပါးဆုံး ပရိသတ္အမ်ိဳးအစားလည္း ရွိေနပါေသးသည္။ ယင္းကား ေယာက္်ားေလး ပရိသတ္မ်ားပင္။
အေၾကာင္းအရင္းတခ်ိဳ႕ေၾကာင့္ က်ီေရွာင္ယြင္တြင္ ေယာက္်ားေလးပရိသတ္ မ်ားမ်ားစားစားမရွိေပ။ မေတာ္တဆ တစ္ေယာက္ေယာက္ရွိလာလွ်င္လည္း မိန္းကေလးပရိသတ္မ်ားက ခ်က္ခ်င္း စစ္ေဆးေမးျမန္းၾကၿပီး လိင္ျဖစ္တည္မႈကိုပင္ သံသယဝင္ခံၾကရသည္။
ဟုတ္တယ္.. က်ီယြင္ေရွာင္မွာ ေယာက္်ားေလးပရိသတ္ မရွိသေလာက္ပဲ။ ရွိတဲ့လူနည္းစုကလည္း Gay ေတြ။ သူ႔လို အေျဖာင့္က လုံးဝရွားပါး… ေနစမ္းပါဦး။ သူက က်ီယြင္ေရွာင္ရဲ႕ ဖန္အစစ္မွမဟုတ္တာ။ သူ႔ပရိသတ္လို႔ အထင္မွားသြားရင္ သူေတာ့ ျပႆနာတက္ၿပီပဲ..!
ခ်န္က်စ္ခ်ဴးတစ္ေယာက္ ပိုင္ရိဘက္သို႔ သတိႀကီးႀကီးထားၿပီး ခိုးၾကည့္လိုက္သည့္အခိုက္… ပုံမွန္အားျဖင့္ ေႏြးေထြးၾကင္နာတတ္ေသာ ပိုင္ရိ၏ မ်က္ႏွာအမူအရာက အေျပာင္းလဲႀကီး ေျပာင္းလဲေနသည္ကို အံ့ဩစရာေကာင္းေအာင္ ျမင္လိုက္ရေလ၏။ ပိုင္ရိက က်ီယြင္ေရွာင္ကို မ်က္ေထာင့္နီႀကီးျဖင့္ စိန္းစိန္းဝါးဝါး စိုက္ၾကည့္ေနၿပီး သူ၏မ်က္ဝန္းမ်ားက ေရခဲအမွတ္ေရာက္ေအာင္ ေအးစိမ့္ေနသည္။
Oh… No… ၾကည့္ရတာ သံမဏိလိုေျဖာင့္တဲ့ အေျဖာင့္ႀကီးပိုင္ရိက က်ီယြင္ေရွာင္ကို သိပ္ၿပီးၾကည့္မရဘူး ထင္တယ္။ သူဝတ္ထားတဲ့ အက်ႌေၾကာင့္ ပိုင္ရိေတာ့ သူ႔ကို က်ီယြင္ေရွာင္ရဲ႕ဖန္လို႔ အထင္မွားၿပီး Gay လို႔ ထင္ကုန္ေတာ့မွာပဲ..!
ခ်န္က်စ္ခ်ဴးခမ်ာ ေခြၽးျပန္လာေတာ့သည္။
အရင္တစ္ေခါက္ကလည္း နမ္းေနတာကို ျမင္သြားၿပီၿပီ။ ဒီတစ္ေခါက္လည္း ထပ္ၿပီးအထင္လြဲသြားမယ္ဆိုရင္…… အလိမ္အလိမ္ခ်င္းထပ္လာရင္ အမွန္ျဖစ္သြားတတ္တယ္တဲ့။ အထင္လြဲခံရရင္လည္း အဲ့လိုပဲ။ အခုမွထၿပီးရွင္းျပရင္ ေနာက္က်သြားၿပီထင္တယ္..!
ခ်န္က်စ္ခ်ဴးက ပါးစပ္ဖြင့္ကာ ရွင္းျပေတာ့မည့္အခ်ိန္ အာေခါင္ျခစ္ေအာ္ဟစ္သံမ်ား ေပၚထြက္လာၿပီး သူ႔ကို စကားေျပာမရေအာင္ ျဖစ္ေစခဲ့၏။ ခ်န္က်စ္ခ်ဴးမွာ အံ့အားသင့္သြားၿပီး မ်က္လုံးအျပဴးသားျဖင့္ အသံလာရာဘက္သို႔ လွည့္ၾကည့္လိုက္မိသည္။
ေတာအုပ္ထဲမွ သစ္ကိုင္းတခ်ိဳ႕ လႈပ္ခတ္သြားၿပီး ႏုငယ္လွပေသာ မိန္းကေလးႏွစ္ေယာက္ ေျပးထြက္လာေလသည္။ သူတို႔က အေတာ္ေလး စိတ္လႈပ္ရွားေနဟန္ျဖင့္ က်ီယြင္ေရွာင္ဆီသို႔ ခလုတ္တိုက္လုမတတ္ အေျပးသြားၿပီး ေနရာမွာပင္ ေမ့လဲက်ေတာ့မေယာင္ မ်က္ရည္မ်ား ဝဲတက္လာကာ အသံတုန္တုန္ျဖင့္ ေမးျမန္းေတာ့သည္။
“ေရွာင္ေရွာင္..? ရွင္က ေရွာင္ေရွာင္လားဟင္..? ေရွာင္ေရွာင္အစစ္လားဟင္..?!”
က်ီယြင္ေရွာင္မွာ ထိုႏွစ္ေယာက္ေၾကာင့္ အနည္းငယ္ ထိတ္လန႔္သြားပုံရသည္။ အနည္းငယ္ အေနာက္ဆုတ္လိုက္မိရင္း အသာေခါင္းညိတ္ျပကာ ယဥ္ယဥ္ေက်းေက်း ျပန္ေျဖလာသည္။
“ဟုတ္ပါတယ္.. ကြၽန္ေတာ္ က်ီယြင္ေရွာင္ပါ.. ဟယ္လို..”
“အားးးးးးးးးးးးးးးးးးးးးး! ဘုရားေရ..! ငါတို႔ က်ီယြင္ေရွာင္ကို အရွင္လတ္လတ္ႀကီး ျမင္ေနရတာပဲ..! တကယ္ႀကီး သူအစစ္တဲ့ဟ..!”
အႁမႊာေကာင္မေလးႏွစ္ေယာက္ မ်က္ႏွာအုပ္ကာ ေအာ္ၾကျပန္သည္။ လက္ရွိေရာက္ေနသည့္ေနရာကို လုံးလုံး ေမ့ေလ်ာ့သြားၾကၿပီး ဝမ္းသာအားရ ခုန္ေပါက္ကာ က်ီယြင္ေရွာင္ကိုပတ္ၿပီး အမွ်င္မျပတ္ႏိုင္ေအာင္ စကားေျပာေနၾကေတာ့သည္။
ခ်န္က်စ္ခ်ဴးလည္း ထိုအေျခအေနကို အခြင့္ေကာင္းယူကာ အ႐ုပ္ကို ေက်ာပိုးအိတ္ထဲ အျမန္ထည့္သိမ္းလိုက္သည္။ လဲဝတ္စရာ အက်ႌအပို ပါမလာ၍သာ၊ မဟုတ္လွ်င္ တီရွပ္ကိုလည္း လဲပစ္လိုက္မည္ပင္။
“မင္းလည္း သူ႔ပရိသတ္လား..?”
ပိုင္ရိလည္း အနားေလွ်ာက္လာၿပီး အက်ႌကိုေစြၾကည့္ကာ ေမးျမန္းလာသည္။
“မဟုတ္ဘူး.. ကြၽန္ေတာ္က က်ီယြင္ေရွာင္ရဲ႕ ပရိသတ္မဟုတ္ဘူး.. အကုန္လုံး အထင္လြဲေနတာ..”
ခ်န္က်စ္ခ်ဴးက ကပ်ာကယာ ေခါင္းခါျပလိုက္ရင္း သူ႔ညီမက သူ Instance ထဲမဝင္ခင္ ဓာတ္ပုံ႐ိုက္ရန္ အတင္းအက်ႌလဲဝတ္ခိုင္းေၾကာင္း အသည္းအသန္ ရွင္းျပေတာ့သည္။ သို႔ေသာ္ က်ီယြင္ေရွာင္ႏွင့္ အႁမႊာညီအစ္မႏွစ္ေယာက္ ၾကားလွ်င္ ေနရခက္ကုန္မည္စိုး၍ ပိုင္ရိ၏ နား႐ြက္နားသို႔ ေျခဖ်ားေထာက္ကာ တိုးတိုးေလး ရွင္းျပလိုက္ရသည္။
အသက္ရႉေငြ႕ေႏြးေႏြးက ပိုင္ရိ၏ နား႐ြက္ဖ်ားကို ထိခတ္သြားေလ၏။ ခ်န္က်စ္ခ်ဴးထံမွ ကိုယ္သင္းရနံ႔ေလးလည္း ပ်ံ႕လြင့္ေနၿပီး ႏူးညံ့ေပ်ာ့ေပ်ာင္းသည့္ ဆံစေလးမ်ားက ပိုင္ရိ၏လည္ပင္းကို ကလူက်ီစယ္ေနသည္။ တရင္းတႏွီး ျပဳမူပုံေလးေၾကာင့္ ပိုင္ရိခမ်ာ အနည္းငယ္ ေတာင့္တင္းသြားရသည္။ အၾကင္သူ၏ လည္တိုင္သြယ္သြယ္ႏွင့္ ျဖဴဥေနေသာ ညႇပ္႐ိုးတစ္စုံကို ငုံ႔ၾကည့္လိုက္မိရင္း ပိုင္ရိ၏မ်က္ဝန္းမ်ား ေမွာင္မည္းလာခဲ့သည္။
“…………..အဲ့တာေၾကာင့္ေလ.. ကြၽန္ေတာ္က က်ီယြင္ေရွာင္ကို တကယ္ႀကိဳက္လို႔မဟုတ္ဘူးေနာ္………”
ခ်န္က်စ္ခ်ဴးခမ်ာ ပိုင္ရိ အထင္လြဲမွာစိုးၿပီး အေတာ္ၾကာေအာင္ ရွင္းျပေနမိသည္။ ခန႔္ညားေသာ အမ်ိဳးသားက မလႈပ္မယွက္ မတ္တပ္ရပ္ေနၿပီး သူ႔ခႏၶာကိုယ္ကို မ်က္ဝန္းနက္မ်ားျဖင့္ စူးစူးရဲရဲ စိုက္ၾကည့္ေနေၾကာင္း သတိျပဳမိသည့္အခိုက္…
“ပိုင္…. ရိ..?”
ဘာေၾကာင့္ရယ္မသိ ႐ုတ္ခ်ည္း ေအးစိမ့္လာသလို ခံစားလိုက္ရသျဖင့္ ခ်န္က်စ္ခ်ဴးမွာ ခႏၶာကိုယ္ေလး က်ဳံ႕ဝင္သြားၿပီး ခပ္တိုးတိုး နာမည္ေခၚလိုက္မိသည္။
သို႔မွသာ ပိုင္ရိလည္း သတိျပန္ကပ္သြားပုံရသည္။ လွပေသာ မ်က္ဝန္းနက္နက္မ်ားဟာ မသိမသာ လႈပ္ခတ္သြားၿပီး အေပၚေမာ့သြားေလသည္။ ၿပီးေနာက္ သူက ခ်န္က်စ္ခ်ဴးကို ႏူးႏူးညံ့ညံ့ေလး ၿပဳံးျပလိုက္ရင္း..
“ဘာျဖစ္လို႔လဲ..?”
ခ်န္က်စ္ခ်ဴးက ပါးစပ္ဖြင့္ၿပီးမွ ျပန္ပိတ္လိုက္သည္။ သူ၏စိတ္ထဲ ပိုင္ရိ၏ပုံစံက နည္းနည္းေလး ထူးဆန္းေနသလိုလို။ သို႔ေသာ္ ပုံမွန္လည္း ျဖစ္ေနျပန္သည္။ ထို႔နည္းတူ ထူးဆန္းသည့္ ခံစားခ်က္ကိုလည္း သူကိုယ္တိုင္ပင္ နားမလည္ပါေခ်။
“မဟုတ္ပါဘူး…..” ခ်န္က်စ္ခ်ဴးက ေခါင္းကုတ္ရင္း.. “ခုနက ကြၽန္ေတာ္ ေျပာခဲ့တာေတြေလ.. ၾကားလိုက္လားဟင္..?”
“ၾကားတယ္.. မင္းက သူ႔ပရိသတ္မဟုတ္ဘူးဆိုတာ သိပါတယ္..”
ပိုင္ရိက ၿပဳံးလိုက္ရင္း ခ်န္က်စ္ခ်ဴး၏ေခါင္းကို အသာပြတ္သပ္လိုက္၏။ တည္ၿငိမ္ေယာင္ေဆာင္လ်က္ ခ်န္က်စ္ခ်ဴး၏ နား႐ြက္ဖ်ားႏွင့္ ပါးျပင္ကို မသိမသာ ထိေတြ႕လိုက္ရင္း လ်င္ျမန္စြာပင္ လက္ျပန္႐ုတ္လိုက္သည္။
“မစိုးရိမ္ပါနဲ႔.. ကိုယ္ အထင္မလြဲပါဘူး.. ၿပီးေတာ့ ဘယ္အႏုပညာရွင္ကိုႀကိဳက္ႀကိဳက္၊ မင္းရဲ႕ကိုယ္ပိုင္လြတ္လပ္ခြင့္ပဲေလ.. မင္း သူ႔ကို တကယ္ႀကိဳက္တယ္ဆိုရင္ေတာင္ ….အ…. “ တစ္ခဏ ရပ္တန႔္သြားၿပီးမွ အၿပဳံးေလးျဖင့္ ဆက္ေျပာလာသည္။ “အဆင္ေျပပါတယ္..”
ထင္သည့္အတိုင္း ပိုင္ရိသည္ ယခင္လို သိမ္ေမြ႕ၾကင္နာတတ္ဆဲ၊ နားလည္မႈအျပည့္ရွိဆဲ။ အႏွီတုံ႔ျပန္မႈေၾကာင့္ ခ်န္က်စ္ခ်ဴးမွာ အလြန္စိတ္လႈပ္ရွားသြားရသည္။ သူ ဘယ္ေလာက္ေျဖာင့္ေၾကာင္း စာစီကုံးကာ ေလးေလးနက္နက္ ေျပာျပေတာ့မည့္အခိုက္ က်ီယြင္ေရွာင္တို႔ဘက္မွာ တစ္ခုခု ေျပာင္းလဲသြားေၾကာင္း မ်က္ဝန္းေထာင့္မွ ျမင္လိုက္ရေလ၏။
အနက္ေရာင္ဝတ္စုံ ဝတ္ထားသည့္ သန္သန္မာမာ အမ်ိဳးသားႀကီးတစ္ေယာက္ ေရာက္ခ်လာၿပီး က်ီယြင္ေရွာင္ကို အႁမႊာႏွစ္ေယာက္ၾကားမွ ဆြဲထုတ္လိုက္သည္။ ၿပီးေနာက္ ႐ုပ္တည္ႀကီးျဖင့္ အႁမႊာႏွစ္ေယာက္ကို တစ္ခုခုေျပာေနၿပီး အႁမႊာႏွစ္ေယာက္ကလည္း ျပန္လည္ရန္ေတြ႕ေနေလသည္။ က်ီယြင္ေရွာင္က ထိုလူႀကီးေနာက္တြင္ ကူကယ္ရာမဲ့စြာ မတ္တပ္ရပ္ေနၿပီး သူ႔ၾကည့္ရတာ ရန္ပြဲကို ရပ္တန႔္ခ်င္ေသာ္လည္း ဝင္ေျပာရန္ အခြင့္အေရးမရသည့္ႏွယ္။
“က်ဳပ္တို႔ေဘာ့စ္က ပရိသတ္ေတြရဲ႕ ေတာင္းဆိုမႈကို မျငင္းရက္ဘူးဆိုေပမယ့္ မင္းတို႔က ကိုယ့္ကိုယ္ကို ထိန္းသိမ္းတတ္ရမယ္ေလ.. ဒီေလာက္ အလြန္အက်ဴးထိေတြ႕ေနရင္ ကာအိေျႏၵပ်က္ျပားေစမႈအျဖစ္ သတ္မွတ္လို႔ရတယ္.. ၿပီးေတာ့ အခုေရာက္ေနတဲ့ ေနရာကိုလည္း မေမ့ၾကနဲ႔ဦး.. ဒီေနရာက အရမ္းအႏၲရာယ္ရွိတယ္.. အဲ့တာေၾကာင့္ ေက်းဇူးျပဳၿပီး ေပါ့ေပါ့တန္တန္ အျပဳအမူမ်ိဳးေတြ မလုပ္ၾကပါနဲ႔လား..”
“………..”
ၾကမ္းၾကမ္းရမ္းရမ္း စိုက္ၾကည့္ခံလိုက္ရတာေၾကာင့္ အႁမႊာႏွစ္ေယာက္မွာ မေက်မခ်မ္းျဖစ္သြားၿပီး အသံတိတ္ ႏွာမႈတ္လိုက္ၾကေလသည္။ ၿပီးေနာက္ အေနာက္မွာရပ္ေနသည့္ က်ီယြင္ေရွာင္ထံ ေမွ်ာ္လင့္တႀကီး လွည့္ၾကည့္လိုက္ၾကရင္း..
“ေရွာင္ေရွာင္.. Forum ကေန သူငယ္ခ်င္းအပ္ၾကမလား..? ဒါမွမဟုတ္ ဆက္သြယ္လို႔ရမယ့္ နည္းလမ္းတစ္ခုခု ေပးခဲ့လို႔ရ…..”
“မရဘူး…” လူႀကီးက ေအးတိေအးစက္ ဝင္ေျပာလိုက္သည္။
အႁမႊာႏွစ္ေယာက္လည္း ေဒါသေပါက္ကြဲကုန္ၿပီး.. “ေရွာင္ေရွာင္ေတာင္ ဘာမွမေျပာရေသးဘူး.. ရွင့္ကိုယ္ရွင္ ဘာထင္ေနလဲ..?!”
“………….” က်ီယြင္ေရွာင္က ေျဖရခက္ေနသည့္ အမူအရာမ်ိဳးျဖင့္ ေခါင္းယမ္းျပလိုက္ရင္း.. “Sorry…..”
“အဲ့တာဆိုလည္း ေကာင္းပါၿပီ..”
အႁမႊာေကာင္မေလးႏွစ္ေယာက္မွာ အနည္းငယ္ စိတ္ဓာတ္က်သြားေလသည္။
ခ်န္က်စ္ခ်ဴးက ထိုအျဖစ္အပ်က္ကို အစအဆုံး ျမင္လိုက္ရသျဖင့္ ဒီက်ီေရွာင္ယြင္က သူ႔ညီမေလး ေျပာျပထားတဲ့ အတိုင္းပါပဲလားဟု ေတြးလိုက္မိ၏။ စတိတ္စင္ေပၚတြင္ ေအးစက္စက္ ဟန္အမူအရာျဖင့္ လႊမ္းမိုးႏိုင္စြမ္းျပင္းေသာ္လည္း အျပင္မွာေတာ့ ယဥ္ေက်းသိမ္ေမြ႕ကာ အျပဳအမူေကာင္းေသာ ကေလးေလးလိုပင္။ သူ႔ရဲ႕ေဘာ္ဒီဂတ္သာ သူ႔ကို ၾကက္အေမႀကီးလို မကာကြယ္ေပးႏိုင္လွ်င္ က်ီယြင္ေရွာင္ေတာ့ အ႐ူးအမူးျဖစ္ေနေသာ fangirl မ်ားလက္ထဲ အစားခံလိုက္ရႏိုင္သည္။
ဒီလူက က်ီယြင္ေရွာင္ရဲ႕ ေဘာ္ဒီဂတ္ ျဖစ္ရမယ္။ သူ႔ညီမေျပာျပဖူးပါတယ္.. နာမည္က ‘တာ့ေကာင္း’ဆိုလား…?
ခ်န္က်စ္ခ်ဴး အေတြးလြန္ေနခိုက္ ထိုေဘာ္ဒီဂတ္က ခ်န္က်စ္ခ်ဴးကို ႐ုတ္တရက္ လွည့္ၾကည့္လာၿပီး တီရွပ္ကိုျမင္သည္ႏွင့္ မ်က္ဝန္းမ်ား ေမွးက်ဥ္းသြားကာ ေမးလာသည္။ “မင္းလည္း ေဘာ့စ္ရဲ႕ပရိသတ္ပဲလား..?”
ခ်န္က်စ္ခ်ဴး : “………..”
သူ ဘယ္လိုျပန္ေျဖရမလဲ..? က်ီယြင္ေရွာင္ေရွ႕မွာ ပရိသတ္မဟုတ္ပါဘူးလို႔ ေျပာလိုက္ရင္ မ်က္ႏွာပ်က္စရာႀကီး။ ပရိသတ္ ဟုတ္ပါတယ္လို႔ ေျဖလိုက္ျပန္ရင္လည္း မ်က္ႏွာပ်က္ရမွာပဲ။ ပိုဆိုးတာက သူ႔ရဲ႕လိင္စိတ္တိမ္းၫႊတ္မႈကိုလည္း ေမးခြန္းထုတ္ခံရဦးမယ္.......။
ကံေကာင္းေထာက္မစြာျဖင့္ ေနာက္က်ေနသည့္ Instance မိတ္ဆက္သည္ ႐ုတ္ခ်ည္း အသံထြက္လာသျဖင့္ ရွိသမွ်လူအားလုံး ထိုအေပၚ အာ႐ုံစိုက္လိုက္ၾကသည္။ အႁမႊာႏွစ္ေယာက္ပင္လွ်င္ အေလးအနက္ ျဖစ္သြားၾကသည္။
[မင္းတို႔ေျခာက္ေယာက္က မတူညီတဲ့ ေနရာအသီးသီးကေန ေရာက္လာၾကတာပဲ။ မင္းတို႔ထဲက ငါးေယာက္က Camping ထြက္ရတာႀကိဳက္ၿပီး အခုလည္း Camping ထြက္လာရင္းနဲ႔ လမ္းမွာ ကားပ်က္သြားၾကတယ္။
မင္းတို႔ငါးေယာက္လုံး ကားထဲကထြက္ၿပီး ေဒသခံေတြကို လိုက္ရွာမယ္၊ အကူအညီေတာင္းမယ္လို႔ ဆုံးျဖတ္လိုက္ၾကတယ္။ ဒါေပမဲ့ ေနာက္ထပ္မေတာ္တဆျဖစ္ၿပီး ေတာထဲမွာ လမ္းေပ်ာက္သြားၾကျပန္တယ္။ တဝဲဝဲတလည္လည္နဲ႔ ေလွ်ာက္သြားၾကရင္း ႏွစ္ေပါင္းမ်ားစြာ စြန႔္ပစ္ခံထားရတဲ့ ေဆး႐ုံႀကီးေရွ႕ကို ေရာက္လာၾကၿပီး အရင္က ဒီေဆး႐ုံမွာ ကုသခဲ့ဖူးတဲ့ ‘ခ်န္က်စ္ခ်ဴး’လို႔ ေခၚတဲ့ စိတ္ေရာဂါေဝဒနာရွင္နဲ႔ ေတြ႕ဆုံခဲ့ၾကတယ္။]
ခ်န္က်စ္ခ်ဴး : “…………” ဘာလဲဟ..?
[ခ်န္က်စ္ခ်ဴးက ဒီေဆး႐ုံႀကီးကေန လြန္ခဲ့တဲ့ငါးႏွစ္ခန႔္က ေဆး႐ုံဆင္းလာတဲ့ စိတ္ေရာဂါသည္တစ္ဦး ျဖစ္ပါတယ္။ ဒါေပမဲ့ အခုတေလာ ေရာဂါျပန္ထလာၿပီး မျမင္ရတဲ့စြမ္းအားတစ္ခုက သူ႔ကို ဒီေနရာေရာက္ေအာင္ ဆြဲေခၚလာခဲ့တယ္။ အဲ့တာေၾကာင့္ Camping ထြက္ရတာႀကိဳက္တဲ့ လူတစ္စုနဲ႔ ဝင္တိုးခဲ့ပါတယ္။
သူက ေဆး႐ုံႀကီးထဲမွာ သူ႔ကို ဆြဲေခၚေနတဲ့ တစ္စုံတစ္ရာရွိတယ္လို႔ ထင္ေနခဲ့တယ္။ အဲ့တာေၾကာင့္ ေဆး႐ုံႀကီးထဲကို ဝင္ၾကည့္ခ်င္ေနတယ္။ Camping ထြက္ရတာႀကိဳက္တဲ့ လူစုကလည္း သိခ်င္စိတ္ေၾကာင့္ရယ္၊ ခ်န္က်စ္ခ်ဴးရဲ႕ စိတ္အေျခအေနက ပုံမွန္မဟုတ္တာေၾကာင့္ တစ္ခုခုျဖစ္မွာစိုးရိမ္ၿပီး ခ်န္က်စ္ခ်ဴးကို ေဆး႐ုံႀကီးထဲ လိုက္ပို႔ေပးဖို႔ ဆုံးျဖတ္လိုက္ၾကတယ္။]
[အဓိကတာဝန္ 1: အမွန္တရားကို စူးစမ္းရွာေဖြပါ။]
[အဓိကတာဝန္ 2: ေဆး႐ုံႀကီးထဲကေန အသက္ရွင္လ်က္ ျပန္ထြက္လာခဲ့ပါ။]
[သင့္ရဲ႕အထူးတာဝန္ : Boss ကိုနမ္းၿပီး ဓာတ္ပုံ စုေဆာင္းပါ။ အထူးတာဝန္ကို မၿပီးေျမာက္ပါက အဓိကတာဝန္ ၿပီးသြားလွ်င္ပင္ Instance ထဲမွ ထြက္ခြာႏိုင္မည္မဟုတ္ပါ။]
[ေဆး႐ုံထဲ ဝင္ၿပီးတာနဲ႔ ဂိမ္းစတင္ပါၿပီ။]
[ေပ်ာ္႐ႊင္ဖြယ္ ကစားပြဲေလးတစ္ခု ျဖစ္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။]
မင္းဖင္ႀကီးကိုပဲ ေပ်ာ္႐ႊင္ေနလိုက္..! စိတ္ေရာဂါျဖစ္ေနပါတယ္ဆိုမွ ဘယ္သူက ေပ်ာ္႐ႊင္ႏိုင္မွာလဲ..!!!
ခ်န္က်စ္ခ်ဴးတစ္ေယာက္ ေသြးအန္မိလုမတတ္။ ႐ုတ္တရက္ အေစာပိုင္းက ရရွိခဲ့သည့္ က်ိန္စာလက္စြပ္ကို သတိရသြားသည္။ လက္စြပ္၏ ဆိုးက်ိဳးသက္ေရာက္မႈေၾကာင့္ သူႏွင့္ ဤ Instance ထဲမွ မေကာင္းဆိုးဝါးၾကားတြင္ ထူးျခားဆန္းၾကယ္သည့္ ဆက္သြယ္မႈတစ္ခု ရွိေနႏိုင္၏။
သူ ႐ုတ္တရက္ႀကီး အ႐ူးျဖစ္သြားတာ အဲ့လက္စြပ္ေၾကာင့္မ်ားလား..?!
“ဒီ Instance ႀကီးက…..…. ရွင္တို႔ထဲက ဘယ္သူခ်န္က်စ္ခ်ဴးလဲ..?”
Instance မိတ္ဆက္ကို နားေထာင္ၿပီးေနာက္ အႁမႊာညီအစ္မႏွစ္ေယာက္က ပိုင္ရိႏွင့္ ခ်န္က်စ္ခ်ဴးကို လွည့္ၾကည့္လာၾက၏။ ပိုင္ရိကိုျမင္ၿပီးေနာက္ အေတာ္ၾကာေအာင္ မွင္သက္သြားၿပီး ခပ္တိုးတိုး ေအာ္လိုက္ၾကေသးသည္။ ခ်န္က်စ္ခ်ဴးကို ျမင္ျပန္ေတာ့လည္း ငုတ္တုတ္ေမ့သြားၾကျပန္သည္။ ထို႔ေနာက္ သူတို႔၏အၾကည့္က ခ်န္က်စ္ခ်ဴး၏အက်ႌေပၚ ေရာက္သြားခ်ိန္တြင္ မ်က္လုံးမ်ား ႐ုတ္ခ်ည္း ေတာက္ပလာၿပီး စိတ္လႈပ္ရွားစြာ ေမးျမန္းလာေတာ့သည္။
“ရွင္လည္း ‘ယြမ္လန္’ပဲလား..?”
ယြမ္လန္သည္ က်ီယြင္ေရွာင္၏ Fanbase နာမည္ျဖစ္၏။
ခ်န္က်စ္ခ်ဴး : “……….”
ဘာလို႔ ထပ္ေမးျပန္တာလဲ..? ဒီအတိုင္း ေမ့ထားလိုက္လို႔ မရဘူးလားလို႔..? ဒါေပမဲ့ ‘ကြၽန္ေတာ္က ခ်န္က်စ္ခ်ဴးပါ..’လို႔ ျပန္ေျဖရမွာလည္း ရွက္စရာႀကီး။ သူ႔ကို အ႐ူးလိုမ်ိဳး က်ိန္းေသေပါက္ ဆက္ဆံၾကလိမ့္မယ္..!
[အထိန္းအကြပ္မဲ့ လႈပ္ရွားမႈ စတင္ပါၿပီ။]
System ထံမွ ေၾကညာခ်က္ ထြက္ေပၚလာသည္ႏွင့္ ခ်န္က်စ္ခ်ဴး၏ မ်က္ဝန္းအိမ္က ျပဴးက်ယ္သြားၿပီး ခႏၶာကိုယ္သည္လည္း သူ႔အလိုလို စတင္လႈပ္ရွားလာခဲ့သည္။ သူ၏ေျခလွမ္းမ်ားက လူစုထံသို႔ ဦးတည္ေနေလသည္။
ဘာလို႔ ထိန္းခ်ဳပ္လို႔မရေတာ့တာလဲ..? Instance ကိုေတာင္ တရားဝင္ မစတင္ရေသးတာကို..?!
ခ်န္က်စ္ခ်ဴးမွာ အံ့အားသင့္ေနရင္း ဘာလုပ္လို႔ဘာကိုင္ရမွန္း မသိေတာ့ေခ်။ သူ၏ မ်က္ႏွာအမူအရာႏွင့္ အသံကိုပင္ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ သာမာန္လူတစ္ေယာက္လို လႈပ္ရွားေနသည္မွာ က်ီယြင္ေရွာင္အေရွ႕သို႔ မေရာင္ခင္အခ်ိန္ထိ။ ႐ုတ္တရက္ ေအာ္ဟစ္ငိုေႂကြးရင္း ဝုန္းခနဲ ဒူးေထာက္ခ်လိုက္ကာ က်ီယြင္ေရွာင္၏ေပါင္ကို တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္လိုက္ေလသည္။
“!!!”
က်ီယြင္ေရွာင္မွာ အနည္းငယ္ အံ့ဩသြားခဲ့၏။ ခ်န္က်စ္ခ်ဴး၏ လက္ထဲမွ ႐ုန္းထြက္လိုေသာ္လည္း ခ်န္က်စ္ခ်ဴးက အတင္းကို ဖက္တြယ္ထားသျဖင့္ သူ ဘယ္ေလာက္႐ုန္းကန္ပါေစ၊ ႐ုန္းမထြက္ႏိုင္ခဲ့ေခ်။ တာ့ေကာင္းပင္လွ်င္ ခ်န္က်စ္ခ်ဴးကို ဆြဲမခြာႏိုင္ဲခဲ့ေခ်။
ခ်န္က်စ္ခ်ဴးက သနားစရာေကာင္းေအာင္ ဆြဲဆြဲငင္ငင္ျဖင့္ ဝမ္းနည္းတႀကီး ငိုေႂကြးေနခဲ့သည္။ က်ီယြင္ေရွာင္၏ ေဘာင္းဘီစကိုဆြဲကာ တအင့္အင့္ရႈိက္ရင္း အခ်စ္စကားမ်ား ေျပာလာေတာ့သည္။
“ခင္ဗ်ားကို ကြၽန္ေတာ္ သေဘာက်ေနတာၾကာၿပီ.. စေတြ႕ကတည္းက ရင္ထဲနင့္ေနေအာင္ ခ်စ္မိသြားတာပါ.. ခင္ဗ်ားနဲ႔ လက္ထပ္ခ်င္တယ္.. ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို လက္ထပ္ပါေနာ္.. ခင္ဗ်ား လက္မခံရင္ ကြၽန္ေတာ္ ဒီေနရာမွာပဲ သက္ေသပစ္လိုက္မယ္.. အဲ့တာမွ ခင္ဗ်ားရဲ႕တစ္ဘဝလုံး ကြၽန္ေတာ့္ေသြးေတြနဲ႔ စြန္းထင္းေနမွာ..!”
“……………..”
“ခရက္..!”
ပိုင္ရိ၏လက္ထဲတြင္ အေရာင္တစ္ခ်က္လက္သြားၿပီး က်ိဳးပဲ့သံခပ္တိုးတိုးေလး ထြက္ေပၚလာခဲ့သည္။
***
ပိုင္ရိ၏ ဒိုင္ယာရီမွတ္တမ္း (Part 17)
ဘာဒိုင္ယာရီမွမရွိဘူး။ ခဲတံက်ိဳးသြားၿပီ။

……………………………………………………
You are reading stories on: TeenFic.Net