အပိုင်း ငါး
Background color
Font
Font size
Line height
အိမ့်ကြေးမှုံမင်းတစ်ယောက်နေ့လည်နေ့ခင်းပျင်းလွန်းလို့ဖုန်းတစ်လုံးဖြင့်သရက်ပင်အောက်တွင်ပြုလုပ်ထားသောပိုက်ပုခက်ပေါ်တွင်အိပ်ကာဖုန်းနှိပ်နေလေသည်။
သူရဲ့နားပူနားဆာလုပ်နိုင်သောအမေကရွာဥိီးဘုန်းကြီးကျောင်းကအခေါ်တော်ရှိသဖြင့် နေ့လယ်နှစ်နာရီထိုးလောက်ကပင်ဝါးခမောက်ကြ်ီးဆောင်းကာ သွားလေပြီဖြစ်သည်။ဒါကြောင့်တစ်ယောက်တည်းအိမ်စောင့်ကျန်ခဲ့သည့်အိမ့်ကြေးမှုံမင်းလည်း ပျင်းပျင်းနဲ့ဖုန်းထဲကဝတ္ထုထိုင်ဖတ်နေလိုက်တာ မျက်လုံးများတောင်ပြာဝေသွားပြီဖြစ်သည်။
"အကြီးရင်....အကြ်ိီးရင်”
အိမ်ရှေ့ခြံစည်းရိုးနားကအော်ခေါ်ပြီးခြံဝင်းအတွင်းဝင်လာသည်အထိအဆက်မပြတ်အော်ခေါ်ကာဝင်လာသည့် သူအားမည်သူဖြစ်မလဲဆိုကာ အိမ့်ကြေးမှုံမင်းပိုက်ပုခက်ပေါ်မှထကာခေါင်းထောင်ကြည့်မိသည်။ဂါဝန်ကားကားကြီးအားဝတ်ထားသောအိမ့်ကြေးမှုံမင်းသည် ပိုက်ပုခက်ပေါ်မှဆင်းရင်လှန်မည်ဆိုးသဖြင့်သတိထားကာဆင်းနေရသည်။
"အကြီးရင်ရေ...အကြီးရင်”
အိမ့်ကြေးမှုံမင်း အဆက်မပြတ်အော်ခေါ်နေသောသူအနားသို့လူကမရောက်သေးပေမဲ့အိမ့်ကြေးမှုံမင်းအသံအားပြုလိုက်သည်။
"လာပြီလို့....လာနေပါပြီလို့ဆို”
ထို့နောက်မှာတော့လူက တရှပ်ရှပ်ဖြင့်အော်ခေါ်နေသူအနားပြေးလာလေသည်။
​အိမ်ရှေ့တွင်အော်ခေါ်နေသူမှာ ယောကျာ်းလေးတစ်ယောက်ဖြစ်ပြီး အရပ်ရှည်ရှည်အသားဖြူဖြူခပ်ပိန်ပိန် နဲ့ပင်။နှုတ်ခမ်းပါးပါး​လေးရှိသောဒီလူသည်လူချောလေးတစ်ယောက်ဖြစ်သည်။
ထိုသူကအိမ့်ကြေးမှုံမင်းအားတွေ့တော့မျက်လုံးများဝိုင်းစက်ကာကြည်လာလေသည်။
"ဘယ်သူလဲခမျာ”
ထိုသူကအိမ့်ကြေးမှုံမင်းအားကြည့်ကာမေးလာတော့ အိမ့်ကြေးမှုံမင်းကြောင်အသွားသည်။
ဘာတုန်း ပြောင်းပြန်ဆန်ခတ်။ အိမ်ရှင်ကို ဘယ်သူလဲတဲ့။
အိမ့်ကြေးမှုံမင်းရှေ့ရပ်နေသောထိုသူမှာ အိမ့်ကြေးမှုံမင်းထက်အများကြီးငယ်မည်တော့ထင်သည်။
"ငါက ဒီအိမ်ရဲ့အိမ်ရှင် ။ အကြီးရင်ရဲ့သမီး”
"အော်....မနေ့ကမြို့ကပြန်လာတယ်ဆိုတဲ့ကောင်မလေးလား”
"အင်း...မြို့ကပြန်လာတာတော့ဟုတ်တယ်။ကောင်မလေးတော့မဟုတ်ဘူး ငါမင်းထက်အသက်အများကြိီးကြီးတယ်”
ထိုအခါကောင်လေးက မျက်လုံးလေးကလယ်ကလယ်ဖြင့်
"အင်းပါ။ဟုတ်ပါပြီ အမရယ်”
ဆိုကာအိမ့်ကြေးမှုံမင်းအားပြုံးပြသည်။အိမ့်ကြေးမှုံမင်းလည်းပြုံးပြနေသူအားမျက်မှောင်ကြုတ်ကာကြည့်နေပြီးမေးမိသည်။
"ဒါနဲ့ ဘာကိစ္စလည်း အိမ်ကိုလာတာ”
"ဟုတ်....အကြီးရင်ခေါ်ခိုင်းထားတယ်ဆိုလို့လာတာပါ”
"အော်..ဟုတ်လား....။ မယ်မယ် တော့မရှိဘူး ဘုန်းကြီးကျောင်းသွားတယ် ”
"အော်”
"အင်း...တွေ့ချင်ဘုန်းကြီးကျောင်းလိုက်သွား”
"သွားတာကြာပြီလားဗျ”
"နဲနဲကြာပြီ”
"ဒါဆိုပြန်လာတော့မှာလား”
"ဒါတော့မသိဘူးလေ”
"ပြန်လာတော့မယ်ထင်တယ် ဒါဆို... ကျွန်တော်...ဒီမှာပဲစောင့်နေလိုက်မယ်လေ”
"ဒီမှာလား ။ငါတစ်ယောက်တည်းပဲရှိတာလေ”
"ဒါဆိုစောင့်လို့မရဘူးပေါ့”
အိမ့်ကြေးမှုံမင်းစဥ်းစားရခက်ပါပြီ။ပြန်လွှတ်လိုက်ရင်ကလည်း အမေကအမြန်လိုလို့ခေါ်ခိုင်းတာလား သူမသိ။ ပြန်လွှတ်လိုက်ပြီး အမေလာလို့ ပြောပြလို့ရှိရင်လည်း ဧည့်သည်လာတာကိုနှင်လွှတ်လို့ ငါ့ကိုပဲဆူဦးမှာ။ဘယ်လိုလုပ်ရမှာလဲ။
ဒီတောသားတွေကရိုးပါတယ်။ဘာမှတော့လုပ်လောက်မှာမဟုတ်ပါဘူးလေ။
"အင်းအင်း အရှေ့မှာထိုင်”
အိမ့်ရှေ့ကွပ်ပျစ်ပေါ်တွင်ထိုင်ခိုင်းတော့ တောသားလေးကထိုင်လေသည်။အိမ့်လည်း အိမ်ထဲဝင်ပြေးသွားပြီး သူပျင်းရင်စားဖို့မြို့ကယူလာခဲ့သည့်သကြားလုံးဘူးအားအိမ်ထဲပြေးဝင်ယူသည်။
ထို့နောက်သကြားလုံးဘူးအားယူကာ ဂါဝန်ကားကားဖြင့်ပြန်ပြေးထွက်လာပြီး ထိုကောင်လေးရှေ့ချပေးသည်။
"အင်းစား..ငါမြို့ကဝယ်လာခဲ့တာ”
"အင်း”
ကောင်လေးကအိမ့်ကြေးမှုံမင်းချကျွေးသော သကြားလုံးအားယူကာစားလေသည်။
"ဒါနဲ့အမကဘယ်နှနှစ်မို့လဲ”
"နှစ်ဆယ့်လေးလေ”
"တကယ်ဟုတ်လို့လားဗျ”
"ဘာလို့မဟုတ်ရမှာလဲ...ငါကနင့်ကိုလိမ်စရာဘာအကြောင်းရှိလို့လဲ”
"မဟုတ်ပါဘူး ကျွန်တော်ကအမကိုကျွန်တော်ထက်ငယ်မယ်လို့တောင်ထင်ထားတာ။အမကအရမ်းနုပျိုတာပဲ”
"ဟဲဟဲ....လူတိုင်းပြောကြပါတယ်။ စား..စား...မောင်လေးစား။သကြားလုံးစား။အဝစား။ မမကစေတနာအပြည့်နဲ့ကျွေးတယ်”
ရက်ရက်ရောရော ရှေ့သို့ထိုးပေးလာသောသကြားလုံးဘူးအားကြည့်ကာ ကောင်လေးပြုံးမိသည်။
ဒါကအသက်နှစ်ဆယ်ကျော်ဆိုတာဟုတ်လို့လားဗျာ။အရမ်းချစ်စရာကောင်းတာပဲ။ အမက ကလေးလေးလား။
"ဒါနဲ့ နင်ကဘယ်သူသားတုန်း”
အိမ့်ကြေးမှုံမင်းက ရွာမှာမွေးပြီးကြီးသောကြောင့် မည်သူမည်ဝါဆိုသည်ကိုအနဲငယ်သိပါသည်။အသက်ဆယ့်လေးနှစ်မှစ၍အဒေါ်တွေရှိသည့်မြို့ကိုပြောင်းသွားကာ ဘွဲ့နှစ်ဘွဲ့ရပြီး ကျူတာဖြစ်သည်အထိပင်။
"ဦးထွန်းသိန်းနဲ့ဒေါ်ခင်မာလှိုင် သားပါ”
"အော် ....နင်ကဦးထွန်းသိန်းသားလား”
"ဟုတ်တယ်ဗျ။ ကျွန်တော်ကိုသိလား...မ”
"သိဘူး”
"အော်...မရယ် မသိပဲနဲ့များပြောနေသေး”
"မဟုတ်ဘူး​လေကွယ်ငါပြောတာက ဦးထွန်းသိန်းကိုတော့သိတယ်လေ...နင့်ကိုမသိတာ။ နင်ကဘယ်အယောက်လဲ အငယ်ဆုံးလား”
"မဟုတ်ဘူး...အငယ်ဆုံးရဲ့အပေါ်က”
"အော်....နင့်နာမည်ဘယ်လိုခေါ်လဲ”
"ရှိုင်းမောင်မောင်ပါ”
"အော် ရှိုင်းမောင်မောင်လား။မောင်မောင်လေးတောင် ဒီအရွယ်ထိရောက်နေပြီလား "
မောင်မောင်တဲ့လား.....။ မရေ....ဘယ်ဘက်နှလုံးက မရဲ့မောင်လို့ခေါ်သံကြားမှာပျော်မွေ့နေပြီတဲ့ဗျ.....ဘယ်လိုလုပ်ရမလဲမ။
"ဟုတ်..မ ။ မနာမည်ကရော”
"အိမ့်ကြေးမှုံမင်း”
"ဒါဆိုမအိမ့်လို့ခေါ်မယ်နော် ။”
"ကြိုက်သလိုခေါ်”
"နင့်ကိုဘာလုပ်ဖို့ခေါ်တာလို့ထင်လဲမယ်မယ်က”
"ဒါတော့ စပါးရိတ်ချိန်နီးလာလို့ စပါးရက်စားရိတ်မလားလို့မေးမလို့လို့ထင်တာပဲ”
ထိုအချိန်ခြံထဲသို့ နွားတစ်ရှဥ်းဆွဲကာ ဆံထုံးကြီးထုံးပြီးပါးစပ်မှလည်းသီချင်းများဆိုကာလွယ်အိတ်အနီကလေးလွယ်လျက်အိမ့်ကြေးမှုံမင်းတို့အိမ်ထဲဝင်လာသည့် သူအား ကွမ်ပျစ်ပေါ်တွင်ထိုင်နေသည့်နှစ်ယောက်သားပြိုင်တူလှည့်ကြည့်မိကြသည်။
"လူမှန်ရင်အမေ...မပြည့်စုံချင်းတစ်ခုရှိမှာပဲလေ....ဇွဲမလျော့ပဲပန်းတိုင်ကျွန်တော်သွားမယ်
အားလုံးရဲ့လက်ခုပ်တီးသံအမေကလည်း အပြုံးမျက်ရည်လည်”
ဒီတောသူမကလည်း တောသူမဟုတ်ဘူးလို့ပြောမှာဆိုးလို့လားပဲ။ဆိုလိုက်ရင်တောသီချင်းချည်းပဲ။
ဇီယာအေး နွားအားတင်းကုတ်သို့အတွင်းသို့နေရာချရန်ယူလာပြီး အိမ်ထဲသို့ကြည့်မိတော့ ရွာထဲက ကောင်လေးနဲ့မြို့သူမိန်းကလေးအတူထိုင်နေသည်ကိုတွေ့တော့မျက်မှောင်ကြုတ်မိသည်။
ထို့နောက် သီချင်းလည်း ဆက်မဆိုနေတော့ပဲ နွားတင်းကုတ်သို့နွားများအားအမြန်နင်ပြီးနွားတင်းကုတ်ထဲတွင် ချည်ပြီးအမြန်ပြန်ထွက်လာခဲ့သည်။အိမ်ရှေ့မှာထိုင်နေသည်က မိန်းကလေးနဲ့ယောကျာ်းလေးနှစ်ယောက်တည်းမဟုတ်ပါလား။သူစိတ်မချပါ။ ဘာကိုစိတ်မချတာလဲ ဆိုရင်တော့ အခုမှပူပူလောလော မြို့ကလာသည့်မိန်းကလေးကိုပါ။
ဇီယာအေး နှစ်ယောက်တည်းထိုင်နေသည့်အနားသို့ အမြန်လျှောက်လာပြီး ကိုယ်တွင်ကပ်နေသည့်ဖုန်များအားအမြန်ခါချပြီး အိမ့်ကြေးမှုံမင်းထိုင်နေသည့်အနားကပ်ထိုင်မလို့လုပ်တော့ အိမ့်ကြေးမှုံမင်းဘေးဘက်သို့အမြန်ရွှေ့ပေးလိုက်ရသည်။
ဘယ်လိုတောင်လား ။ တောသူမက။
"မင်း....​မောင်.....ဘာလာလုပ်တာလဲ”
"ဘာ မောင်လဲဗျ...မခေါ်ပါနဲ့ဆို အဲ့နာမည် ။နင့်ကိုငါမပြောထားဘူးလား”
အဲ့ကောင်လေးမကြိုက်မှန်းသိလို့တမင်ခေါ်တာ။ဘာဖြစ်လဲ...ဝါး..ဟား...ဟား။
ထိုသို့ပြောနေသောနှစ်ယောက်သားအား အိမ့်ကြေးမှုံမင်း တစ်ယောက်မျက်နှာကိုတလှည့်စီကြည့်နေမိသည်။
ဘာတွေလဲသူတို့နှစ်ယောက်က။ ဟိုကလဲ မောင်....တဲ့။ ဟိုကလဲ သူ့ထက်အသက်ကြီးတဲ့သူကို နင်နဲ့ငါနဲ့ပြောတယ်။ငါ့ကိုကျ "မ” တဲ့။
ထိုအခါ ဇီယာအေးက နှုတ်ခမ်းတဖက်မြင့်ကာ လူဆိုးအပြုံးပြုံးပြီး
"​ မောင်ကမောင်ပဲပေါ့...ဘာတွေလာဖြစ်ပြနေတာလဲ”
"မခေါ်နဲ။ ငါ အဲ့နာမည်ပြောင်းပစ်မယ်ကြည့်နေ”
"ဟား...ဟား...ဟား”
ဇီယာအေးတစ်ယောက်သာဝါးလုံးကွဲအောင်အော်ရယ်နေပြီး ရှိုင်းမောင်မောင်ကတော့ ဒေါသထွက်စွာ နှာကစ်နေသည်။ အိမ့်ကြေးမှုံမင်းကတော့ နားမလည်နိုင်စွာ နှစ်ယောက်သားအားကြည့်နေလေသည်။
ထိုစဥ် သူတို့ထိုင်နေသော အနီးအနားသို့ ဘုန်းကြီးကျောင်းကပြန်လာသည့် ဒေါ်မေရင်ကရောက်လာပြီး
"ဘာတွေအဲ့လောက်သဘောကျနေတာလဲဇိီယာအေး”
"ဟား....ဟား...ဟား...ဘာမှမဟုတ်ပါဘူး အကြီးရင် ။ဘာမှမဟုတ်ပါဘူး”
ဆိုကာ ဇီယာအေးတစ်ယောက်ဗိုက်ကိုနှိပ်ကာ အကြီးရင်အားလက်ခါပြ၍ အရယ်မသတ်နိုင်စွာပြောလေသည်။
ထိုအခါအကြိီးရင်က ပြုံးလျက်
"ဒီကောင်မလေးနဲ့တော့”
ထို့နောက် ရှိုင်းမောင်မောင်ဘက်လှည့်ကာ
"အော် ဒါနဲ့ရှိုင်းငယ် ....မင်းဒီနှစ်လည်း စပါးရိတ်မယ်ပဲမလားလို့သိချင်လို့ပါ”
"ဟုတ် ရိတ်မယ်အကြီးရင်”
"ဒါဆို မင်းဘက်က ရိတ်မဲ့လူတွေလည်း ခေါ်ထား”
"ဟုတ်ကဲ့ ကျွန်တော်သူငယ်ချင်းတွေကိုလည်း စုထားပြီးပြီး ရိတ်မဲ့ရက်ကိုသာပြောလိုက်တဲ့ သူ့တို့က”
အကြီးရင်ရဲ့ တောင်ယာစပါးစိုက်ပျိုးတဲ့ ဧက ကတော်တော်များတော့ စပါးရိတ်သိမ်းမဲ့လူတွေကလည်းများများလိုသည်။စပါးရိတ်သိမ်းမဲ့လူများကလည်း အကြီးရင်၏လယ်တွင် လုပ်ချင်သူများလှသည်။အကြီးရင်က စပါးရိတ်သည့်နေစားခက သူများထက်ပိုကာ ရှင်းပေးသည့်အပြင် စားစရိတ်ငြိမ်းပါ လုပ်ပေးသဖြင့်ရွာရှိလူများ​က အကြီးရင်၏လယ်တွင်ရိတ်ချင်တဲ့သူ လုပ်ချင်တဲ့သူကပိုများသည်။ တန်ပြန်အနေနဲ့အကြီးရင်အားလုပ်ပေးရမည်က မိသားစုစိတ်ဓာတ်ရှိစွာနဲ့ ကိုယ့်မိသားစုရဲ့ ပစ္စည်းလိုသဘောထားပြီးလုပ်ပေးရမည်သာပင်။ဒါသည် ရှိုင်းမောင်မောင်တို့အတွက် ဘာမှမခက်ခဲသလို ဇီယာအေးတို့အတွက်လည်းဘာမှမခက်ခဲပေ။ ရှိုင်းမောင်မောင်တို့အိမ်နဲ့ အကြီးရင်တို့အိမ်က နှစ်အိမ့်တစ်အိမ်လိုနေလာသည့် အိမ်ဖြစ်သည့်အပြင် လူကြီးများကလည်း အရမ်းကိုခင်သည်။ ဇီယာအေးကတော့ အကြီးရင်၏လယ်တွင်ညအိပ်ညနေ ​ယာစောင့်လယ်စောင့်ခြံစောင့်သဘောမျိုးနဲ့လည်း နေနေသဖြင့် အကြီးရင်ခြံသည် သူ့ခြံလို့လည်း ပြောနိုင်လေသည်။ မိသားစုစိတ်ဓာတ်ထားဖို့ကလည်း ဇီယာအေးအတွက် မခက်ခဲချေ။
"ဒါဆို မနက်ဖြန် စပါးနတ်ကို ရှိခိုးပြီးစရိတ်ကြရအောင်”
"ဟုတ်”
ဇီယာအေးရော ရှိုင်းမောင်မောင်ရောကခေါင်းငြိမ့်သည်။
"ဒါနဲ့ ငါ့သမီးကိုလည်း သေချာသင်ပေးလိုက်ပါဦးစပါးရိတ်တာ နင်တို့ကိုအပ်တယ်သူကတစ်ခါမှမရိတ်ဖူးဘူးဆိုတော့”
ထိုစကားအားကြားတော့ရှိုင်းမောင်မောင်ရဲ့မျက်လုံးများက ညဥ့်ဦးတွင် လမင်းကြီးအနားတောက်ပနေသည့်ကြယ်လေးလိုတောက်ပသွားသည်ကိုတော့ မည်သူမျှမမြင်။
"မယ်လို့...သမီးမရိတ်ဘူး...မရိတ်တတ်ဘူးလို့”
"မရိတ်တတ်လို့သူ့တို့ဆီအပ်နေတာလေ”
"သမီးမရိတ်ချင်ဘူးလို့”
"မရဘူး...”
ဒေါ်မေရင် သူ့အားလာချွဲနေသည့် သမီးအားပိတ်ဟောက်လိုက်သည်။မဟောက်လို့မရ သူသေရင် သူ့အမွေတွေကို သူ့သမီးဖြစ်တဲ့အိမ့်ကြေးမှုံမင်းက အကုန်ရမည်သာ။ ပညာတတ်တယ် ပညာနဲ့လုပ်စားမယ် ဒါတွေမလိုဘူးဆိုပေမဲ့ မလုပ်တတ်တာဘာမှမရှ်ိလေအောင်သင်ပေးထားချင်သည်က ဒေါ်မေရင်စိတ်ဓာတ်ပင်။ပြီးတော့ မြို့တွင်နေကြသည့် သူများ၏ ထမင်းအားအများကြီးယူပြီးနဲနဲလေးသာ စားပြီး ပိုတာနဲ့ကျန်တာတွေကို အမှိုက်ပုံထဲလွင့်ပစ်တတ်သည့် မြို့ကြီးသူတွေအား စပါးစိုက်ရတာဘယ်လောက်ပင်ပန်းသည် စပါးရိတ်ရတာဘယ်လောက်ခက်ခဲကြောင်း စပါးကနေပြီးဆန်ဖြစ်အောင်လုပ်ရတာကမလွယ်ကူသည်ကို သိအောင်လုပ်ပေးဖို့ရန်လည်းလိုအပ်သည့်အတွက်ပင်။ ဒါမှလည်း နောင်တချိန်ဆရာမဖြစ်လာမည့်သူ့သမီးက သူ၏တပည့်များအားတဖန်ပြန်လည်ပြောပြပြီး ငတ်မွတ်ခေါင်းပါးသည့်ဒေသတွင်ပင်မစားရရှာသည့်ထမင်းအား အလေးထားပေးစေရန်နဲ့ တောင်သူလယ်သမားဘဝကဘယ်လောက်ပင်ပန်းကြောင်း။တောင်သူလယ်သမားဖြစ်ရတာကမလွယ်ကူလှသည်ကို သူ့သမီးကနေမှတဆင့် နဲနဲဖြင့်ဖြင့် များများဖြင့်ဖြင့် လူတိုင်းတောင်သူလယ်သမားဘဝအကြောင်းသိရှိပြီး စာနာနားလည်ပေးစိတ် တစွန်းတစများရရှိလေမလားဆိုသည့်စိတ်နဲ့ အိမ့်ကြေးမှုံမင်းအား ထိုအလုပ်အား မခိုင်းချင်ပဲခိုင်းရခြင်းဖြစ်သည်။
ထိုအခါသမီးဖြစ်သူက
"သမီးမြို့ကိုပြန်တက်သွားမှာနော်”
"နင်တက်ရဲရင်တက်လိုက်လေ...တက်ပြီးရင်တော့ ငါသေတာတောင်မလာနဲ့။”
"အယ်.....”
ထို့နောက် ဒေါ်မေရင်တစ်ယောက် အိမ်ထဲသို့ ဆောင့်ကြီးအောင့်ကြီးဝင်သွားလေသည်။
အယ်။ ပြောင်းပြန်များဖြစ်နေသလားလို့။ စိတ်ပေါက်ရမှာငါမဟုတ်ဘူးလား။
အိမ့်ကြေးမှုံမင်း အိမ်ထဲသို့ကြည့်ကာ ကွပ်ပျစ်ပေါ်တွင်ထိုင်ရင်းခေါင်းကုတ်နေရသည်။
Thu. Feb 19.2023
Zawgyi
"အကြီးရင်....အကျွီးရငျ
"အကြီးရင်ရေ...အကြီးရင်
"ဘယ်သူလဲခမျာ
"အင်းပါ။ဟုတ်ပါပြီ အမရယ်
"အော်..ဟုတ်လား....။မယျမယျ​တော့မရှိဘူး ဘုန်းကြီးကျောင်းသွားတယ်
"အော်
"သွားတာကြာပြီလားဗျ
"နဲနဲကြာပြီ
"ဒါတော့မသိဘူးလေ
"အင်း
"နှစ်ဆယ့်လေးလေ
"တကယ်ဟုတ်လို့လားဗျ
"ဟုတ်တယ်ဗျ။ ကျွန်တော်ကိုသိလား...မ
"သိဘူး
"ရှိုင်းမောင်မောင်ပါ
"ဟုတ်..မ ။ မနာမည်ကရော
"အိမ့်ကြေးမှုံမင်း
"ကြိုက်သလိုခေါ်
"နင့်ကိုဘာလုပ်ဖို့ခေါ်တာလို့ထင်လဲအမေက
ဘယ်လိုတောင်လား ။ တောသူမက။
"မင်း....ရှိုင်းရှိုင်း ဘာလာလုပ်တာလဲ
"ရှိုင်းရှိုင်းက ရှိုင်းရှိုင်းပဲပေါ့...ဘာတွေလာဖြစ်ပြနေတာလဲ
"ဟား...ဟား...ဟား
"ဘာတွေအဲ့လောက်သဘောကျနေတာလဲဇိီယာအေး
ထိုအခါအကွီးရငျက ပြုံးလျက်
"ဒီကောမလေးနဲ့တော့
"ဟုတ် ရိတ်မယ်အကြီးရင်
"ဟုတ်
"အမေ...သမီးမရိတ်ဘူး...မရိတ်တတ်ဘူးလို့
"မရဘူး...
ထိုအခါသမီးဖြစ်သူက
"အယ်.....
Thu. Feb 19.2023
You are reading the story above: TeenFic.Net