<<<Lilun ရဲ့ မူလပုံစံဟာ ထာဝရလောင်ကျွမ်းခြင်းသစ်သားကြောင့် အပြီးတိုင် လောင်ကျွမ်းသွားခဲ့တယ် ။ ထို့နောက်တွင် သူ့ဝိညာဥ်ဟာ အနက်ရောင် ဗုဒ္ဓသစ်ပင်ရဲ့အမြစ်၌ ပိတ်မိနေတယ် ။ ဖြစ်ချင်တော့ Zhuo အိမ်တော်ဟာ ထိုသစ်ပင်အမြစ်ကို တွေ့ရှိပြီး သူတို့ခြံဝင်းထဲ၌ စိုက်ပျိုးထားခဲ့တယ် ။
Lilun ဟာ ရာစုနှစ်တစ်စုကြာသည်အထိ ထိုအိမ်တော်မှာသာ Zhuo မိသားစုရဲ့ မွေးဖွားခြင်း သေဆုံးခြင်းတွေကို စောင့်ကြည့်ရင်း ရှင်သန်နေခဲ့တယ် ။ သူ ပျော်ရွှင်ခြင်းကိုလည်း မြင်ခဲ့ဖူးသလို ဝမ်းနည်းခြင်းကိုလည်း မြင်ခဲ့ပြီးပြီ ။ သို့သော် ဒီတစ်ခုတော့မတူဘူး ။ Zhuo Yichen ရဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်ဟာ ပြင်းထန်ပြီး ကြမ်းတမ်းလှတယ် ။ Lilun ရဲ့ မာကျောနေတဲ့ နှလုံးသားကိုတေင် ထိုးဖောက်စေနိုင်သည်အထိပင် ။
''သူက ကောင်ငယ်လေးတစ်ယောက်ပဲ ရှိသေးတာ ''
'' ဘာလို့ လူသားတွေဟာ နာကျင်မှုတွေကို ကြိတ်မှိတ်ခံနေရတာလဲ ''
Author-ဝမ်ခဲ့ရှင်းဖန်(အာမီရက်ဒ်ရို့စ်)>>>
{ကိုယ် မင်းနဲ့ရှိနေမယ် ၊ ကိုယ် မင်းကို ကာကွယ်ပေးမယ်
Lilun ထိုကောင်လေးကို အနီးကပ်မြင်လိုက်တော့ သူထင်ထားတာထက် ပိုပြီး ဆိုးရွားနေခဲ့တယ် ။ Zhuo Yichen ရဲ့ မျက်နှာဟာ နှင်းကဲ့သို့ ဖြူစွတ်နေပြီး နှုတ်ခမ်းမှာလည်း သဘာဝအတိုင်းမဟုတ် ပြာငမ်းနေသည် ။ သူ့ခန္ဓာကိုယ်မှာ ခပ်ယဲ့ယဲ့လေးသာ တုန်ယင်နေပြီး အသက်လည်း မရှူတော့သလို ငြိမ်သက်နေသည် ။
''Zhuo Yichen ''
Lilun က ကွဲအက်နေသော အသံဖြင့် တီးတိုးရွတ်ဆိုလိုက်သည် ။ သူ့လက်များက Zhuo Yichen က ပါးလျလျ ကိုယ်လေးကို မထိရက် မကိုင်ရက်သလို တုန်ယင်နေသည် ။
}
You are reading the story above: TeenFic.Net