Part -14

Background color
Font
Font size
Line height

👑 အနာဂတ် ချစ်သူ 👑
=================
Part-14

======

"မိန်းမရေ..မေမေက သဘောတူလိုက်ပြီ."

"ဟင်."

ချစ်လေး တအံတသြ မော့ကြည့်တာကို ရှိန်က ကြည်နူးစွာ ခေါင်းညိတ်ပြသည်။

"တကယ်ပြောတာ မယုံရင် ဘွားကို မေးကြည့် "

"တကယ် တကယ် သဘောတူလိုက်တာလား.."

"အင်းပါဆို မေမေက စိတ်ရင်းမဆိုးပါဘူး.ကိုယ်ပြောရင် ရတယ်.ကိုယ်တို့မှာ ဘာအတားအဆီးမှ မရှိတော့ဘူး"

ရှိန် အားတက်သရောပျော်နေတာကြည့်ပြီး.ချစ်လေးလည်း ပျော်ရွှင်လာသည်။သို့သော်..ထိုပျော်ရွှင်ခြင်းက ခဏလေးပဲ ဖြစ်ပြီး မျက်နှာ ညိုးကျသွားသည်။
ဒါကို အရိပ်တကြည့်ကြည့် ကြည့်နေတဲ့ ရှိန်က မြင်သွားရကာ..၊

"မျက်နှာက ဘာလို့ညိုးသွားရတာလဲ.ဝမ်းမသာဘူးလား."

"ဝမ်းသာပါတယ် ဒါပေမဲ့.. "

"ဒါပေမဲ့ ဘာဖြစ်လို့လဲ "

"ချစ်လေး ရှင့်ကို ပြောချင်တာ ရှိတယ် အဲဒါ.ရှင်သိသွားခဲ့ရင်."

"ကိုယ့်ကို ငြင်းတဲ့စကားမဟုတ်ရင် ရတယ်."

"မငြင်းပါဘူး ချစ်လေး ရှင့်ကို လက်ထပ်ချင်ပါတယ် "

ရှိန် မျက်နှာ ပြုံးသွားသည်။

"ဒါဆို ညနေ ခြံထဲဆင်းပြောရအောင် ကိုယ် ခု အလုပ်သွားရမှာမို့."

"အင်း "

ချစ်လေး ခေါင်းညိတ်လိုက်တော့ ရှိန်က ချစ်လေးနဖူးကို ငုံ့နမ်းသည်။

"ညနေမှ တွေ့မယ် love you.."

လက်ပြ ထွက်ခွာသွားတဲ့ ရှိန်ကိုကြည့်ပြီး..ချစ်လေးစိတ် ပိုခိုင်မာလာခဲ့သည်။ဝါလေးက မပြောပြဖို့ တားပေမယ့်.တစ်သက်လုံးတော့.ချစ်လေး မညာချင်၊ထားသွားခဲ့ရင်တောင် ကျေနပ်မိမှာမို့ ပြောဖြစ်အောင် ပြောဦးမယ် ။

👑👑👑👑👑👑👑👑

ည...၊

လမင်းကြီးက ထိန်ထိန်သာနေသည်။ခြံထဲ ခုံတန်းလေးတွင် ရှိန်နဲ့ချစ်လေး နှစ်ယောက်သား..လမင်းကြီးကို မော့ကြည့်ရင်း ထိုင်နေကြသည်။

ရှိန်က လရောင်ဖြာနေတဲ့ ချစ်လေးမျက်နှာလေးကို ငေးကြည့်ရင်း၊

"ကိုယ် မင်းကို သိပ်ချစ်တာပဲ "

"အဟင်း.. "

ချစ်လေးက ငဲ့ကြည့်ပြီး ပြုံးသည်။

"ရှင့်ကို ပြောစရာရှိတယ်လို့ပြောထားတာ မှတ်မိတယ်မလား.."

"ဒါပေါ့ ဒါကြောင့် မင်းနဲ့ခြံထဲရောက်နေတာလေ.."

ချစ်လေး ထိုင်နေရာမှ ထရပ်ပြီး လေးလှမ်းလောက် လမ်းလျောက်ပြီးမှ လှည့်ကြည့်သည်။လေတဖြူးဖြူး တိုက်နေသဖြင့်.ချစ်လေးဆံပင်တွေက လေအဝှေ့တွင် ဝေ့ယမ်းနေကြသည်။

"ချစ်လေးရဲ့ မွေးသက္ကရာဇ်က.1940 "

"ဟင် "

"ရှင် မယုံနိုင်ဘူးမလား..တကယ် ချစ်လေးရဲ့မွေးသက္ကရာဇ်.ပြီးတော့ ဝါလေးက ချစ်လေးရဲ့ကျောင်းနေဖက် သူငယ်ချင်း."

"ဟင်.."

ရှိန်..ရယ်မောပစ်ချင်ပေမယ့်..တည်ကြည်နေတဲ့ချစ်လေးမျက်နှာကြောင့်..ဘာမှမပြောနိုင်။

"ရှင့်မှာ မေးခွန်းမရှိဘူးလား."

"မင်း တကယ်ပြောနေတာလား.."

"တကယ်ဆိုတာကို ချစ်လေးပုံစံကြည့်ပြီး.ရှင်ယုံနိုင်ပါတယ်."

"ဒါဆို ဘယ်လိုဖြစ်ပြီး..မင်းက ဒီအရွယ်ဖြစ်နေတာလဲ.."

"ရှင်မှတ်မိလား..တောင်ပေါ်မှာ ရှင်ခြေထောက်ကို ဖက်လျက်သား ချစ်လေးရောက်လာတာကို."

ရှိန် ခေါင်းညိတ်လိုက်သည်။အဲတုန်းက.ချစ်လေး ဘယ်လိုပြုတ်ကျပြီး သူ့ခြေထောက်ဖက်လျက်သားဖြစ်နေလဲဆိုတာ..သဘာဝကျရဲ့လား။

"အဲဒါ ပထမဆုံးဒီရောက်လာတဲ့နေ့ပဲ..1958ကနေ 2020ကို ရောက်လာတာ"

"မင်းပြောချင်တာက အချိန်ခရီးသွားလိုမျိုးပြောချင်တာလား."

ရှိန် ချစ်လေးကို ထိုင်နေရာမှ မော့ကြည့်သည်။ ခုကျမှ ချစ်လေးမျက်နှာက မူမမှန်သလိုလို၊ အချိန်ခရီးသွားဆိုတာ သက်သေပြနေသလိုလို.၊

"ဟုတ်တယ် "

"မဖြစ်နိုင်တာ အဲလိုမျိုး သဘာဝမဆန်တဲ့အရာတွေက ဇာတ်လမ်းတွဲမှာပဲ ရှိတယ် "

"ရှင်မယုံဘူးမလား."

ရှိန် စဉ်းစားသလိုလေး ခုံတန်းကျောမှီတွင် ခေါင်းလှန်မှီလိုက်သည်။
သူရဲ့မှတ်ဥာဏ်ထဲတွင် ချစ်လေးရဲ့ရုပ်ပုံလွှာတွေက ပြန်ပေါ်လာသည်။

ဟန်းဖုန်းကို မမြင်ဖူးလို့ တအံတသြ ဖြစ်နေတာတွေ၊သူ့ကို ခုနှစ်မေးပြီး မျက်လုံးပြူးနေတာတွေ၊ကားလမ်းမကူးတတ်တာတွေ၊ဓာတ်လှေကားမစီးဖူးတတ်တွေ၊ပုံတုံးတုံး ပုံစံလေးတွေ၊လျပ်စစ်ပစ္စည်းတွေနဲ့ မရင်းနှီးတတ်တာတွေ၊သူမလုပ်နေတာတွေက ဒီကမဟုတ်မှန်း အတည်ပြုနိုင်ပေမယ့်..တောကရောက်လာတဲ့သူတွေလည်း ဒီလိုမျိုးဖြစ်နိုင်တာပဲ၊

ဒါပေမဲ့ မတူနိုင်တာ ဘယ်တောက တတ်လာသူမှ ချစ်လေးလို ဖြူဥနေအောင်မလှပနိုင်၊ချစ်လေးရဲ့ လက်ဖဝါး၊ခြေဖဝါးတွေက နီရဲဖြူဥနေသည်။အခြွေအရံနဲ့နေလာရသလို.အိမ်အကူတွေ လုပ်ပေးနေတာကို အကျင့်ဖြစ်နေတတ်သူ၊ပြီးတော့..အဘွားကို ဘယ်သူမှ ကလေးကလား၊သိုင်းဖက်နေတတ်သူ၊သူ သိတတ်ကတည်းက အဘွားသူငယ်ချင်းဆိုတာတွေ အလည်လာဖူးပေမယ့်..ချစ်လေးလောက် အဘွား ဘယ်သူမှမချစ်ခဲ့၊ဒါဆို..ချစ်လေးပြောသလို တကယ်ကြီး.ဘွားက ချစ်လေးရဲ့ငယ်သူငယ်ချင်းလား။

"ရှင် ချစ်လေးကို မချစ်နိုင်တော့ရင်တောင် ခွင့်လွှတ်နိုင်တယ်.."

ချစ်လေးရဲ့စကားတွေက ဓားချွန်တွေလို သူနှလုံးသားကို လာစိုက်မှန်သည်။

"ချစ်လေးရဲ့အသက် သက်တမ်းက ၁၈နှစ်ကျော် ၁၉နှစ်ပေမဲ့ မွေးသက္ကရာဇ်ကတော့ အသက်၈၀.ဝါလေးနဲ့အသက်အတူတူပဲ."

"မဟုတ်ဘူး "

ရှိန်ရဲ့မျက်လုံးတွေက နီမြန်းနေသည်။ရှိန်ရဲ့အသံက သြရှရှ နိုင်သည်။

"ဘာလို့ မင်းက ဘွားနဲ့အသက်တူတူဖြစ်ရမှာလဲ."

"မယုံလို့ရတယ် ဒါပေမဲ့ လက်မခံလို့မရဘူး ဒီအိမ်က ချစ်လေးတို့ပိုင်တဲ့ "ရွှေနန်းစံ"စံအိမ်."

ချစ်လေးက အိမ်ကြီးကိုမော့ကြည့်ပြီး တစ်ခွန်းချင်းပြောသည်။

ဒီအိမ်မှာ အဖိုးရယ်၊ကြီးဝါနုရယ် ချစ်လေးနဲ့အတူနေခဲ့တာ..အိမ်အကူက ခြံအလုပ်သမားတွေနဲ့ဆို..၂၀ကျော်တယ် ဝန်ထမ်းတွေနေဖို့ တိုက်ပြန်ဆောက်ထားတဲ့နေရာက..အသီးအရွက်ခြံ"

"ချစ်လေး "

"အရင် နားထောင်ပြီးမှပြောစရာရှိသေးရင် ပြောပါ.."

"အဖိုးနဲ့အတူ အမေအုပ်ဂူကို သွားကန်တော့ခဲ့တဲ့ အဲနေ့က ချစ်လေး တောင်ပေါ်ကပြုတ်ကျပြီးပျောက်သွားတာတဲ့၊ဝါလေးပြောပြတာ၊ချစ်လေးကတော့ဒီကို ရောက်လာတယ်."

"ခုနက မင်းပြောလို့ ကိုယ်သိပြီးပြီလေ.."

ချစ်လေး ရှိန့်ကို လှမ်းကြည့်သည်။ ရှိန် ပြုံးလိုက်ကာ လျောက်လာပြီး ချစ်လေးလက်ကို လာဆုပ်ကိုင်သည်။

"မင်းက ဟိုးအတိတ်မှာ၁၈နှစ်ဆိုရင် ဒီမှာလည်း၁၈နှစ်ပါပဲ.."

"ဒါပေမဲ့ "

"အဲလိုမဟုတ်ပဲ မင်းက အသက်၈၀ဆိုရင်တောင် ကိုယ် မင်းကို ချစ်နိုင်ပါတယ်."

"ရှိန်."

"တကယ်ပြောနေတာ ကိုယ် မင်းကိုချစ်တယ် မင်းက ပုံစံပြောင်းတတ်တဲ့ စုန်းမတစ်ယောက်ဆိုရင်တောင် ကိုယ်ဆက်ချစ်နေမှာ."

"ရှိန်ရယ်."

"ကိုယ် ဆက်မချစ်လို့မရဘူး ဒါက နှလုံးသားကပေးတဲ့ အမိန့် 1958က ဒီကို မင်းရောက်လာတယ်ဆိုတာလည်း ကိုယ်တို့ဖူးစာပါတာလည်း ဖြစ်နိုင်တာပဲ..မင်းက ကိုယ့်ဖူးစာဖက် ဟုတ်တယ်မလား."

ရှိန်စကားကြောင့် ချစ်လေး ဝမ်းသာလွန်းလို့ မျက်ရည်ပါဆို့တတ်လာသည်။

"ရှင် ဘာလို့ချစ်တာလဲဟင် ပြီးတော့ ချစ်လေးစကားကို ယုံတာလား."

"မင်းစကားထက် မင်းကို ယုံတာ မင်းကိုပဲ ကိုယ် ယုံတာမို့ ဘာမှမတွေးတာပဲ ကိုယ်တို့လက်ထပ်ရအောင် နော်..နော်လို့. "

ချစ်လေးက ခေါင်းမညိတ်ပဲ ရှိန်ကို ကျောခိုင်းလိုက်သည်။

"ချစ်လေးက ကျိန်စာသင့်သတို့သမီး.."

"ဘာ ကျိန်စာသင့်သတို့သမီး..ဟုတ်လား.မင်းက တစ်ခုပြီးတစ်ခု မပြီးနိုင်ဘူးလား"

ရှိန် ရင်ထဲတွင် ဗလောင်ဆူနေသည်။ချစ်လေးရဲ့ စိုးရိမ်ခြင်းတွေက ဘာလို့ မပြီးဆုံးနိုင်တာလဲ။

"အဲဒါတကယ် ရှင် ယုံတယ်ပြောပြီး..ချစ်လေးကို မယုံတာပဲ
ချစ်လေးရဲ့သတို့သားက မင်္ဂလာပွဲနေ့ကျရင် တစ်ခုခု ဖြစ်မှာ ဒါက ဖြစ်နေကြပဲ..ရှင်တစ်ခုခု ဖြစ်မှာ မလိုလားဘူး ရှင် ဘာမှမဖြစ်ရင်တောင် မင်္ဂလာပွဲက ပျက်မှာ ဒါကြောင့် ဒီမင်္ဂလာပွဲကို ချစ်လေး မလုပ်နိုင်ဘူး."

"ဒီမှာ ချစ်လေး ကိုယ့်ကိုကြည့်.."

ရှိန် ချစ်လေးပုခုံးကနေ ဆုပ်ကိုင်ပြီး ချစ်လေးကို လေးနက်စွာ ငုံ့ကြည့်သည်။

"မင်းကိုပဲ ကိုယ်ယုံတယ် မင်း အတိတ်ကလာတယ်ဆိုတာလည်း..ယုံပေးနိုင်တယ်၊ဒါပေမဲ့ မင်းနဲ့လက်ထပ်မယ့်သတို့သားက..တစ်ခုခု ဖြစ်ရမယ်ဆိုတာတော့ မဟုတ်သေးဘူးလေ "

"ရှင်မယုံပေမဲ့ ချစ်လေးက မျက်မြင်ကြုံတွေ့ခဲ့ရတာ.."

ချစ်လေး မျက်လုံးတို့တွင် အတိတ်ကအဖြစ်အတွေက တစ်ပုံချင်း လှန်ကြည့်လို့ရတဲ့ဓာတ်ပုံတွေလို.ပီပီပြင်ပြင်ရှိဆဲ။

မင်္ဂလာဆောင်ခါနီး သတို့သားက..မြင်းအကန်ခံရပြီး သေသွားသည်။လာစေ့စပ်တဲ့သတို့သားက..အပြန်မှာ ကားမှောက်ပြီးသေသည်။ရထားနဲ့လာတဲ့ သတို့သားနဲ့မိသားစုက.ရထားဘီးချော်ပြီး..သတို့သားသေပြီးမိသားစုက ဒဏ်ရာရသည်။

ထိုအချိန်ကတည်းက ချစ်လေးက တပင်တိုင်နန်းတော်မှာ စံမြန်းတဲ့ ကျိန်စာသင့်သတို့သမီး၊

ချစ်လေး..မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလာတာကို ရှိန် အလန့်တကြား ဖြစ်သွားသည်။

"ဘာ ဘာဖြစ်လို့လဲ..ချစ်လေး ဘာလို့ငိုတာလဲ "

"ရှင် မယုံလို့ပေါ့.ချစ်လေး လိမ်ပြောတာမဟုတ်ဘူး.ရှင့်ကို ဘာမှမဖြစ်စေချင်ဘူး အဟင့်.."

"ကိုယ့်ကို ချစ်လား "

"ရှင့်ကို ချစ်လို့ ရှင်သေသွားမှာကို ခွင့်မပြုနိုင်တာ.."

"ကိုယ် မသေပါဘူး.မင်းရဲ့သတို့သားတိုင်း သေရမယ်ဆိုရင်တောင် ကိုယ်မသေနိုင်ဘူး ဘာလို့လဲ သိလား."

ချစ်လေး ခေါင်းမော့ကြည့်လာတော့ ရှိန် ရယ်သည်။

"မင်းလည်း ကိုယ့်ကိုယုံရမယ်.ကိုယ်က မင်းရဲ့ဖူးစာရှင် ဒါကြောင့်.မင်းကိုယ်တိုင် ကိုယ့်ဆီရောက်လာတာ.."

"ဟင် "

"ကိုယ် မသေပါဘူး မင်းနဲ့ကလေးတွေအများကြီး မွေးပြီး..တသက်လုံးအတူနေဦးမှာ.ဘာလို့ဆိုတော့ ကိုယ်က မင်းချစ်တဲ့တစ်ဦးတည်းသော သတို့သားမို့ပဲ."

"ရှိန်."

"ကိုယ်ပြောတာ ဟုတ်တယ်မလား..သေသွားခဲ့တဲ့သတို့သားတွေကို မင်းချစ်ခဲ့လား."

"ဟင့်အင်း အဘိုးစီစဉ်ခဲ့တာ..ရထားမှောက်တဲ့အထဲပါသွားတဲ့လူဆိုရင် သူ့ရုပ်တောင်မမြင်ဖူးခဲ့ဘူး.."

"ဒါပဲ အဓိက သော့ချက်က အဲဒါပဲ မင်းချစ်တဲ့သူမဟုတ်လို့၊ပြီးတော့ မင်းဖူးစာရှင်မဟုတ်လို့."

"ရှင်ကရော.."

"အင်း ကိုယ်က ပြောရမယ်ဆိုရင် .."

ရှိန်က ခေါင်းကိုနောက်လှန်ပြီးရယ်သည်။

"ကိုယ်က မင်းရဲ့အနာဂတ်ကချစ်သူပေါ့.သေချာပြောရရင် အနာဂတ်မှာစောင့်နေတဲ့မင်းရဲ့ဖူးစာရှင်..ဟားဟား.. "

"သွား..ကိုယ့်ဖက်ပါအောင် ပြောနေတယ်."

"ဟုတ်တယ် ကိုယ်ကလိပ်မျိုး မင်း ကိုယ့်ဖက် မပါမချင်းပြောမှာမို့.ကိုယ့်ကို လက်ထပ်ဖို့ မြန်မြန် ခေါင်းညိတ်လိုက်."

"ကြည့် "

"မဖြေပဲ..အဲလိုချစ်ဖို့ကောင်းအောင်လုပ်နေရင် ဖက်နမ်းရလိမ့်မယ်.."

"ဟင် ဟင့်အင်း..ရှင်နော် ချစ်လေး လက်ခံတယ် လက်ထပ်မယ်လို့..".

"ဟားးး ဒါမှ ကိုယ့်ရဲ့အပုလေး.."

ရှိန်က တဟားဟားရယ်ပြီး..ချစ်လေးရဲ့ပါးပြင်လေးကို ဖွဖွလေးထိနမ်းသည်။

"ချစ်တယ် "

👑👑👑👑👑👑👑👑

မြေရင်းတောင်..၊

လေက တဖြူးဖြူးတိုက်နေသည်။တောင်ရဲ့အလယ် တစ်နေရာတွင်.ချစ်လေးနဲ့ ဒေါ်ဝါဝါရှိန် ရပ်နေကြသည်။ ချစ်လေးက ဒီကိုရောက်လာတဲ့နေ့က ဝတ်ဆင်ထားတဲ့အဖြူရောင်ဝမ်းဆက်နဲ့ဖြစ် ပြီး.ကျောနောက်တွင် လာတုန်းက မပါခဲ့သော ကျောပိုးအိတ်လေးနဲ့ဖြစ်သည်။ဝါလေးလက်ထဲတွင်တော့ ခပ်ကြီးကြီး သံဇလုံတစ်လုံးကို ကိုင်ထားသည်။

"ချစ်လေး "

"ဟင် "

"နင် တကယ်လုပ်မှ ဖြစ်မှာလား.."

"ဟုတ်တယ် လုပ်ကြည့်မှ ငါ စိတ်ကြည်ကြည်နဲ့လက်ထပ်ပွဲ လုပ်နိုင်မှာ..မဟုတ်ပဲ လက်ထပ်ပြီးဟိုကိုရောက်သွားရင် ရှိန်တစ်ယောက်တည်း ကျန်ခဲ့မှာ သွားချင်းသွား ခုကတည်းက သွားရမယ် "

"ဒါပေမဲ့ဟယ်..ဒါကတော့.."

"ဇလုံ ပေးတော့.."

ချစ်လေးက ဆုံးဖြတ်ပြီးတဲ့လူမို့ ခပ်တည်တည်ပင် ဇလုံထဲ ဝင်ထိုင်သည်။ထို့နောက် ဒေါ်ဝါဝါရှိန်ကို မော့ကြည့်သည်။

"တကယ် တွန်းရမှာလား."

"ဟုတ်တယ် တွန်းမှသာ တွန်းစမ်းပါ."

"ဒါပေမဲ့ဟယ်..ဒါက မတ်စောင့်နေတာပဲ.."

"ဘာမှ မဖြစ်ဘူး ငါ ဒီနေရာကပြုတ်ကျတာ၊ဒီနေရာကပဲ ပြန်ပြုတ်ကျရမယ် တွန်းချလိုက်စမ်းပါ..ဟိုကိုရောက်သွားရင်ပြီးရော."

"ဟိုကိုမရောက်ပဲ အနစ္စရောက်သွားမှာစိုးလို့.."

"ငါမသေဘူး တွန်းချလိုက်."

ရဲရဲတောက်ဖြစ်နေတဲ့ ဇလုံပေါ်ဝင်ထိုင်ပြီးဖြစ်နေတဲ့ ချစ်လေးကိုကြည့်ပြီး..ဝါလေး တုန်တုန်ယင်ယင်ပင် ဇလုံကိုဆုပ်ကိုင်သည်။

"ငါ တွန်းချတော့မယ်နော်.."

"အင်း ငါအဆင်သင့်ပဲ.."

"ဂီးး.."

ဇလုံက..ဂီးခနဲ့မြေကြီးနဲ့ထိတွန်းမြည်ပြီး..အောက်ကို လျော့ဆင်းသွားသည်။

"ဝုန်း.ဒုန်း.. "

အသံနဲ့အတူ.ချစ်လေး.တောင်ကွေ့တွင် မျက်စိမှိတ်ပုံလျက်သား..၊

"ဟယ် ရောက်သွားပြီလား.."

ချစ်လေး ဝမ်းသာအားရ မျက်လုံးဖွင့် ထရပ်သည်။

"ဟင် "

သူ့ကို ငုံ့ကြည့်နေတဲ့ ဝါလေးကိုမြင်တော့ စိတ်ဓာတ်ကျသွားရသည်။

"ဒီမှာပဲရှိသေးတာလား."

ဝါလေးက ခေါင်းညိတ်သည်။

"အေးပေါ့ တစ်ခေါက်နဲ့တော့ဘယ်ရောက်မှာလဲ..ထပ်လုပ်မယ်.."

"ဟင် ထပ်ပြီးတော့လား."

ဒီလိုနဲ့ ဝါလေးက တွန်းချလိုက် ချစ်လေးက ပြုတ်ကျလိုက်နဲ့ သံသရာ လည်နေသည်။

"တော်လောက်ပြီ ထင်တယ် "

ပြုတ်ကျပြီး ခါးတောင်မတ်မရတော့တဲ့ အထဲ ချစ်လေးက ခေါင်းခါသည်။
ခါးထောက်ပြီး တုန်ချိချိပြန်တက်လာနေတဲ့ ချစ်လေးကို ကြည့်ပြီး ဝါလေး စိတ်မသက်သာစွာ ခေါင်းခါယမ်းသည်။

ထိုစဉ်.. ချစ်လေးနောက်က ခြေသံနဲ့အတူ..၊

"ကိုယ်နဲ့ လပ်မထပ်ချင်လို့ ပြန်ပြေးဖို့လုပ်နေတာလား.."

  ဆက်ပါမည်

#ပန်းသဇင်ခင်


You are reading the story above: TeenFic.Net