Zawgyi
"အဲ့ေလာက္ထိ စိတ္မလႈပ္႐ွားပါနဲ႔"
ေဘာပင္ကိုကိုင္ၿပီး စာခ်ဳပ္အေပၚ ကခြၽတ္ကေခ်ာ္ႏိုင္စြာ လက္မွတ္ထိုးလိုက္သူေၾကာင့္ ဝႆန္ႏွစ္သိမ့္ေပးလိုက္၏။ ေကာင္ေလးက သူ႔အားလွည့္ၾကည့္လာၿပီး ႐ွား႐ွားပါးပါးျပံဳးျပလာခဲ့သည္။ ျပံဳးလိုက္ေတာ့ ပါးျပင္ထက္က ပါးခ်ိဳင့္နက္နက္ေလးမွာ ခြက္ခနဲ။
ဝႆန္ စိတ္႐ႈပ္ေထြးသြားရ၏။
ဘာလို႔ႏွစ္ေယာက္ထဲရိွခ်ိန္မဟုတ္ဘဲ လူမ်ားၾကားထဲ ျပံဳးရတာလဲ။
ထိုပါးခ်ိဳင့္ေပၚ အာရံုစြဲကပ္သြားတာမို႔ ေကာင္ေလးမ်က္ႏွာေပၚကအမူအရာကို သူသတိမထားမိလိုက္။ မဟုတ္ပါက လူတစ္ေယာက္အား လြယ္လြယ္ကူကူအကဲခတ္ႏိုင္ေသာသူသည္ တစ္ခုခုမွားေနမွန္း ေသခ်ာေပါက္သိလိုက္ရေပလိမ့္မည္။
စာခ်ဳပ္တြင္လက္မွတ္ထိုးကာ ေငြေခ်ၿပီးသည္ႏွင့္ ထိုေျမကြက္သည္ သူတို႔အပိုင္ျဖစ္လာခဲ့ၿပီ။ အသံုးျပဳဖို႔အတြက္ကေတာ့ ေကာင္ေလးဘာလုပ္လုပ္ဟုသာ ဝႆန္ေတြးလိုက္၏။ ဒီတိုင္းပဲထားခ်င္သလား၊ စီးပြားေရးပဲလုပ္ခ်င္သလား ေကာင္ေလးစိတ္ႀကိဳက္ျဖစ္ေစမည္။
လူမႈေရးအရ စကားအနည္းငယ္ေျပာၿပီးေနာက္ ျပန္ခါနီးတြင္ ဦးေလးႀကီးတစ္ေယာက္က ေမးလာခဲ့သည္။
"ေမာင္ရင္တို႔ ... ကြမ္းျခံတို႔ ဘာတို႔ေရာ စိတ္မဝင္စားဘူးလား"
"ကြမ္း?"
သခၤါ့၏နားရြက္ ေထာင္ခနဲျဖစ္သြားၿပီး ေျခလွမ္းတို႔ကို ျပန္လွည့္လာခဲ့သည္။ ဝႆန္ကေတာ့ သိလိုက္ေခ်ၿပီ။ ဒီေကာင္ေလး ထပ္ၿပီးစိတ္ဝင္စားေနျပန္ၿပီဆိုတာ။
သခၤါ့ဘက္လည္း စိတ္မဝင္စားပဲ ေနႏိုင္႐ိုးလား။ ကြမ္းေစ်း တစ္ပိႆာကို ေျခာက္ေထာင္ဝန္းက်င္အထိ ရေနသည္ပဲေလ။
ဦးေလးႀကီးက ေခါင္းကိုညိတ္၍...
"ဟုတ္တယ္... ေတာင္ေပၚမွာ ကြမ္းနည္းနည္းစိုက္ထားတဲ့ျခံရိွတာ ဂ႐ုလည္းမစိုက္အားေတာ့ လူေလးတို႔စိတ္ဝင္စားသလားလို႔"
အမွန္ေတာ့ ဦးေလးႀကီးက ေသြးတိုးစမ္းေျပာၾကည့္ျခင္းသာျဖစ္၏။ ဘာမွအသံုးမဝင္တဲ့ ေျမကြက္ေတာင္ဝယ္မွေတာ့ သူ႔ျခံသည္လည္း ေမ်ွာ္လင့္ခ်က္ေရးေရးေတာ့ ရိွေလာက္သည္ဟု။
ေဘးနားက အုပ္ခ်ဳပ္ေရးမႉးက ဦးေလးႀကီးကို တအံ့တဩၾကည့္၍....
"ကိုယ့္လူ တကယ္ႀကီးလား... တေလာကေျပာတုန္းက ဒီတိုင္းစကားအျဖစ္ထင္လိုက္တာ"
ဦးေလးႀကီးက မ်က္ႏွာသိပ္မေကာင္း႐ွာေပ။ သူ၏သားျဖစ္သူမွာ ေနာက္ဆံုးႏွစ္တကၠသိုလ္ကို တက္ေနၿပီျဖစ္သည့္တိုင္ ဘာမွ မယ္မယ္ရရမအားကိုးရသလို ကုန္ေပါက္ကိုသာဖန္တီးေနၿပီး ယခုလည္း ေနာက္ဆံုးေပၚ ဆိုင္ကယ္ႏွင့္ ဖုန္းအား ပူဆာလာျပန္သည္။
"မတတ္ႏိုင္ဘူးေလဗ်ာ... အသံုးလိုေနမွေတာ့ ေရာင္းရေတာ့မွာပဲ"
"ကြၽန္ေတာ္လိုခ်င္တယ္"
သခၤါက စိုးစဥ္းမ်ွမစဥ္းစားဘဲ ေျပာလာ၏။ ေဘးက ဝႆန္မွာ ကူကယ္ရာမဲ့သြားသလိုပင္။
မင္းလုိခ်င္တာနဲ႔ပဲ ဒီလိုတန္းဝယ္လုိက္လို႔မရဘူးေလ ေကာင္ကေလးေရ။ အေျခအေနကို အရင္ဦးဆံုး စနည္းနာဦးမွေပါ့။
"ကြၽန္ေတာ့္ရာဘာျခံအနီးေလးတင္ရိွတာ"
ေကာင္ေလးအား တိုးတိုးတိတ္တိတ္သတိေပးရန္ ျပင္လိုက္စဥ္ သူ႔ဘက္လွည့္ၾကည့္ကာ ဆိုလာသည္။
"သေဘာက်လို႔လား"
ေမးလိုက္ေတာ့ ေခါင္းတဆတ္ဆတ္ညိတ္ျပသည္။ ေကာင္ေလးက ျမင္ဖူးတယ္ဆိုမွေတာ့ အဆင္ေျပေပလိမ့္မည္။
"အင္း"
"အဆင္ေျပတယ္ဆို လုပ္လိုက္ေလ... ကိုယ္တစ္ဝက္ရင္းမယ္"
သခၤါ ကြမ္းျခံပိုင္႐ွင္ဦးႀကီးျဖင့္ စကားဝိုင္းတစ္ခုကို လ်င္ျမန္စြာဖြဲ႔စည္းလိုက္သည္။ ယခင္လမ်ားကတည္းက အနီးရိွကြမ္းျခံမ်ားကို သူလိုက္လံစံုစမ္းခဲ့ျခင္းျဖစ္သည္။ ထိုစဥ္က ေရာင္းၾကမည့္လူမ်ားမရိွေပ။
ေစ်းအား လက္ခံစကားေျပာၿပီးသည့္ ေနာက္ရက္မွာပင္ စာခ်ဳပ္စာတမ္းႏွင့္တကြ ေျမကြက္သည္ သူတို႔လက္ထဲေရာက္လာခဲ့၏။ စိတ္ၾကည္ေနေသာသခၤါက အျပန္လမ္းမွာ ဆိုင္ကယ္ေပၚကေန ဝႆန္၏ဖက္ထားျခင္းကို ခံေနရေသာ္လည္း စိတ္ထဲမထားေပ။ ညစာဟင္းလ်ာကိုပါ အားတက္သေရာ ေဆြးေႏြးလာခဲ့ေသးသည္။
ေစ်းဆိုင္တစ္ဆိုင္ေ႐ွ႕ကအျဖတ္ အရိွန္ႏႈန္းအားေလ်ာ့လိုက္ၿပီး...
"စားခ်င္တာတစ္ခုခုရိွလား"
ဝႆန္က ေကာင္ေလး၏ခါးကိုဖက္ရင္း နားရြက္နား ကပ္ေျပာလိုက္သည္။
"ညီ့ကို"
"ဟမ္?"
အူေၾကာင္ေၾကာင္႐ုပ္ႏွင့္ ေခါင္းလွည့္ေစာင္းလာေတာ့ အေ႐ွ႕ဘက္ျပန္တည့္ေပးလိုက္၏။
"ကိေလသာမွာမေပ်ာ္ေမြ႔ရေသးခင္ နိဗၺာန္ဆီမႂကြျမန္းခ်င္ေသးဘူး ကိုယ့္အခ်စ္ကေလးေရ... လမ္းမေပၚၾကည့္"
သခၤါတစ္ေယာက္ ႐ွက္႐ွက္ျဖင့္ျပန္လွည့္သြားခဲ့ၿပီး အတန္ၾကာမွ ဝႆန္႔၏အေျဖကိုနားလည္လိုက္၏။ နီရဲတက္လာေသာ နားရြက္ထိပ္ကေလးႏွင့္ ဂုတ္သားတို႔ကိုၾကည့္၍ ဝႆန္မစဘဲ မေနႏိုင္ေတာ့ျပန္။
"ညီေရာ ဒီညဘာစားခ်င္လဲ"
သခၤါ ေတာင့္တင္းစြာျပန္ေျဖလိုက္၏။
"ဘာျဖစ္ျဖစ္..... ရတယ္"
"ဒါျဖင့္ ကိုယ့္ကိုဘာလို့မစားလဲ"
သခၤါ - ........
"အဟြတ္..."
ထိုလူမွာ သူ၏ေက်ာကိုပုတ္ေပးရင္း ပခံုးထက္ေမးတင္၍ တေသာ့ေသာ့ရယ္ေလေတာ့၏။
-
"သခၤါ ေနဦးေဟ့"
ကိုမ်ိဳးတို႔အိမ္ေ႐ွ႕ကိုအျဖတ္ ထြက္လာေသာေအာ္သံခပ္က်ယ္က်ယ္ေၾကာင့္ သခၤါ ဆိုင္ကယ္ဘရိတ္နင္းကာ ရပ္လိုက္သည္။ ဝႆန္လည္း ကိုမ်ိဳးကိုလွမ္းျပံဳးျပလိုက္ျပီး ေကာင္ေလးခါးကိုဖက္ထားသည့္လက္အား မသိမသာျဖည္လိုက္သည္။
"နွစ္ေယာက္သား ဘယ္ကျပန္လာၾကတာလဲ"
ကိုမ်ိဳးသည္ ေလ်ွာက္လာရင္း ပုဆိုးကိုခပ္တိုတိုဝတ္၍ ကြမ္းေသြးအား ပ်စ္ခနဲေထြးထုတ္လိုက္သည္။
"ဦးတိုးႀကီးတို႔အိမ္ကျပန္လာတာ ကိုမ်ိဳး"
ဝႆန္ ဝင္ေျဖလိုက္ေတာ့ ကိုမိ်ဳးက...
"မင္းတို႔ ရြာလယ္ကျခံေတြဝယ္လိုက္တယ္ဆိုတာ တကယ္ပဲလား"
"အင္း... ေနာက္ကြၽန္ေတာ္ မႀကီးတို႔ကိုလာေျပာျပမို႔ပဲ"
"ေအးပါ ေအးပါ ဝယ္ထားေတာ့လည္းေကာင္းတာေပါ့ကြာ အသံုးမဝင္ဘူးဆိုတာမရိွပါဘူး။ မသံုးတတ္တာပဲရိွတာ"
ကိုမ်ိဳးက ေခါင္းတညိတ္ညိတ္ျဖင့္ ဆိုေနရင္းမွ ကိုယ့္ေပါင္ကိုယ္ျပန္႐ိုက္၍...
"ဟိုေျပာဒီေျပာနဲ႔ေမ့ေတာ့မယ္... ဒီညေန ၆နာရီေလာက္ၾကရင္ ငါမငး္တို႔ျခံကေန ၾကက္ေခ်းသြားတင္မလို႔"
"စိုက္ခင္း အတြက္လား"
"ေအး...အပင္ေတြက သိပ္မသန္ဘူးကြာ မင္းအစ္မကလည္း သဘာဝေျမဩဇာပဲ သံုးမယ္လုပ္ေနတာ"
ကိုမ်ိဳးတို႔၏လယ္က သိပ္မက်ယ္ဘဲ ရာသီပင္အမ်ိဳးမ်ိဳးစိုက္ကာ ေရာင္းတတ္သည္။ ဝင္ေငြကသိပ္မဆိုးေသာ္လညး္ ေျပာင္း၊ႏွမ္း၊ေနၾကာ တို႔ကို အဓိကထားစိုက္ေသာေၾကာင့္ ေငြအစုလိုက္ဝင္ဖို႔ စိတ္႐ွည္ရ၏။
"ကြၽန္ေတာ္ေကာင္ေလးေတြကိုအသိေပးထားလိုက္မယ္"
"ေအး ဒါနဲ႔ ေစ်းက...."
"ရတယ္...ေပးစရာမလိုဘူး"
သူ႔သေဘာႏွင့္သူ ေျပာလိုက္ၿပီးခါမွ ၾကက္ျခံသည္ ႏွစ္ဦးႏွစ္ဖက္ ဖက္စပ္လုပ္ကိုင္ထားသည္ကို သတိရမိၿပီး ဝႆန္႔ဘက္ေခါင္းလွည့္လာသည္။ ခ်စ္စရာေကာင္းေသာပံုစံေၾကာင့္ ဝႆန္မွာ ေခါင္းအလိုလိုညိတ္မိလ်က္သား။
သခၤါ ကိုမ်ိဳးဘက္ျပန္လွည့္လိုက္ၿပီး...
"သူကလည္း ေပးစရာမလိုဘူးတဲ့"
"မဟုတ္တာ ငါတို႔ကစီးပြားေရးလုပ္ဖို႔အတြက္ေလ အလကားမယူပါရေစနဲ႔ကြာ"
ဒါလည္းဟုတ္သားဟု သခၤါေတြးလိုက္၏။ တျခားသူဆီကေန အလကားယူၿပီး ကိုယ္က ေငြနွင့္ျပန္ေရာင္းသည့္အခါ စိတ္ထဲမသိုးမသန္႔ျဖစ္ေပလိမ့္မည္။
ဝႆန္က ဝင္ေျပာလိုက္သည္။
"ဒီလိုလုပ္ပါလား... ကိုမ်ိဳးတို႔က တျခားသူဘယ္လိုေရာင္းသလဲတစ္ခ်က္ၾကည့္လိုက္ ၿပီးရင္ ကေလးေတြအတြက္မုန္႔ဖိုးေပးလိုက္ေခ်။"
အဓိကထား ၾကက္ေခ်းၾကံဳးေနရေသာ ငိုမဲ့မဲ့မ်က္ႏွာႏွင့္ႏွစ္ေယာက္ကို သတိရသြားၿပီး ကိုမ်ိဳးကရယ္သည္။ သခၤါကလည္း ျပံဳးမေယာင္ျဖစ္သြားကာ ေခါင္းညိတ္လိုက္၏။
"သူတို႔ကိုပဲေပးလိုက္ပါ"
"ေအး အတည္ျဖစ္ၿပီေနာ္"
"ဒါဆိုကြၽန္ေတာ္တို႔ျပန္ၿပီဗ်"
ဝႆန္ ေျပာၿပီးေနာက္ ေကာင္ေလးပခံုးကိုတစ္ခ်က္ပုတ္ၿပီး ဆိုင္ကယ္စက္ႏိႈးရန္ အခ်က္ျပလိုက္သည္။
ကိုမ်ိဳးက ျခံထဲျပန္ဝင္ခါနီးေလာက္တြင္မွ တစ္ခုခုကိုသတိရသြားဟန္ျဖင့္ လွမ္းေအာ္လာသည္။
"ေနာက္မနက္ မနက္စာဖို့ေစာေစာလာခဲ့ မင္းတို႔အစ္မ ဆန္စိမ္ထားတယ္"
"သိၿပီ!"
စကားကိုအက်ယ္ႀကီးေအာ္မေျပာခ်င္ေသာ သခၤါ့အစား ဝႆန္ျပန္ေျဖလိုကျ္ပီး တစ္ခါတည္းစဥ္းစားလိုက္သည္။
ဆန္စိမ္ထားသည္ဆိုေတာ့ ဆန္ႏွင့္လုပ္ထားေသာမုန္႔ တစ္ခုခုျဖစ္လိမ့္မည္။
-
"ေတာင္ေပၚျပန္တက္ဦးမွာလား"
ညေနစာစားၿပီးခ်ိန္ ရာဘာဓားထိုင္ေသြးေနေသာ သခၤါ့နားသို႔ ဝႆန္သြားထိုင္လိုက္သည္။ ဝန္ထမ္းေလးႏွစ္ေယာက္က ၾကက္ျခံမွာျဖစ္၍ သခၤါက ျခံထဲရိွအလုပ္မ်ားကို တကုပ္ကုပ္ျဖင့္ အခ်ိန္ျပည့္လုပ္ေနေသာအခါ သူပ်င္းလာခဲ့သည္။
"ဒီညေတာ့ နားလိုက္ေလ... အလုပ္ကိုအရမ္းဖိလုပ္တာကမေကာင္းဘူး မင္းကငယ္ငယ္ေလးပဲရိွေသးတာကို ေအးေဆးေပါ့"
ဓားအား ဂ႐ုတစိုက္ေသြးေနေသာသခၤါက တစ္ခ်က္ေမာ့ၾကည့္လာၿပီးေနာက္ ျပန္ငံု႔ကာ ဆက္ေသြးေန၏။
"ခင္ဗ်ား ပ်င္းလို႔လား..."
ဝႆန္ ေခတၱမ်ွေျပာစရာစကားေပ်ာက္သြားခဲ့ၿပီးမွ အသာရယ္လိုက္သည္။
"အင္း..."
သခၤါ တစ္ခ်က္စဥ္းစားၿပီးေနာက္...
"မသြားေတာ့ဘူး"
"ဟမ္..."
"ဒီည မသြားေတာ့ဘူး"
ထိုစကားေလးေၾကာင့္ ဝႆန္႔ရင္ထဲ ခပ္သိမ့္သိမ့္လႈပ္ခါသြားခဲ့သည္။ သေဘာ႐ိုးနဲ႔ျဖစ္ပါေစ ေကာင္ေလးက သူ႔ဆႏၵကိုထည့္တြက္ေပးေနတာပဲမဟုတ္ဘူးလား။
"ကိုယ္နည္းနည္းပ်င္းေနလို႔ပါ... ဟိုႏွစ္ေကာင္က ျခံထဲအိပ္မွာဆိုေတာ့ ဒီမွာကိုယ္တစ္ေယာက္တည္းေလ"
သခၤါက ေခါင္းညိတ္ၿပီး ဘာမွမေျပာေခ်။
"မင္းစိတ္ဆိုးလား"
"ဟင့္အင္း..."
ဓားအား ေရျဖင့္ေဆးေၾကာကာ သိမ္းဆည္းေနရင္း ေခါင္းခါျပေသာေကာင္ေလးကို ဝႆန္ အခ်ိန္အေတာ္ၾကာသည္အထိ တိတ္တဆိတ္ေငးၾကည့္မိသည္။ ေကာင္ေလးက သူ၏ၿငိမ္သက္ျခင္းကို တစ္မ်ိဳးေတြးလိုက္၍ထင့္။ စကားတစ္ခြန္းအား တြန္႔ဆုတ္စြာေျပာလာခဲ့သည္။
"ကြၽန္ေတာ္ရာဘာပင္ေတြကို ေဆးသုတ္ထားတာ... ဒီည အေစးထုတ္လို႔မရေသးဘူး"
"ဟုတ္ပါၿပီကြာ..."
မေနႏိုင္ေတာ့စြာျဖင့္ ခပ္ၾကမ္းၾကမ္းဆံသားမ်ားကို လွမ္းဖြလိုက္ေပမဲ့ ျငင္းဆန္ျခင္းမျပဳေသာအခါ ဝႆန္ေက်နပ္ရျပန္သည္။ တျခားတစ္ေယာက္၏ေခါင္းအား အၾကာႀကီးကိုင္ေနပါက မေကာင္းသျဖင့္ လက္အား မဆုတ္ခ်င္ဆုတ္ခ်င္ျဖင့္ ခြာလိုက္ရသည္။ ထို႔ေနာက္ အေနမခက္ေစေရးအတြက္...
"ေဆးကိုသိပ္မသံုးနဲ႔ အပင္အတြက္သိပ္မေကာင္းဘူး"
ရာဘာအထြက္ႏႈန္းတိုးေဆးက လက္ရိွတြင္ ရာဘာေစးမ်ားကို ပိုထုတ္ေပးႏိုင္ေပမဲ့ အေလးခ်ိန္ေပါ့ၿပီး ရာဘာပြသည္။ အလြန္အကြၽံသံုးပါက ႏွစ္အနည္းငယ္အတြင္း ရာဘာေစးမ်ား ကုန္ဆံုးသြားသည္အထိ လုပ္ေဆာင္ေပလိမ့္မည္။
"ကြၽန္ေတာ္သိၿပီ...."
ေကာင္ေလး၏ျပန္ေျဖသံႏွင့္ ပြေနေသာဆံသားမ်ားကို ျပန္ဖိသပ္ေနပံုက တစ္မ်ိဳးတစ္မည္ၾကည့္ေကာင္းေနျပန္ေတာ့၏။
-
ညေနခင္းတြင္ ကိုမ်ိဳးသည္ ဇနီးျဖစ္သူႏွင့္ေရာက္ရိွလာခဲ့ၿပီး ေျမျသဇာလုပ္ရန္အတြက္ ၾကက္ခ်ီးေျခာက္မ်ားကို ဂုန္နီအိတ္ထဲထည့္ကာ ကားျဖင့္ သယ္သြားၾကမည္ျဖစ္သည္။
"ေကာင္ကေလးေတြ ေသခ်ာေလးလုပ္ၾကေနာ္..."
"ဟုတ္ကဲ့မႀကီး... ေသခ်ာေလးလုပ္ေပးထားပါတယ္ဗ်"
"ဘယ္ႏွစ္အိတ္ရိွသလဲ"
"ႏွစ္ဆယ့္တစ္ထုပ္ပါ မႀကီး"
ပိုင္ပိုင္က တင္ထားၿပီးေသာေျမျသဇာထုတ္မ်ားကို ေရတြက္ဖို႔ ျပင္လိုက္စဥ္ အလင္းဆီမွအသံထြက္လာခဲ့သည္။
"မင္းႀကိဳေရထားတာပဲ"
"ငါက မင္းမွမဟုတ္တာ"
ပိုင္ပိုင္ႏွာ႐ႈတ္လိုက္တုန္း မႀကီးႏွင္းအိ၏အသံေၾကာင့္ လွစ္ခနဲေျပးသြားေလသည္။
"ဒီမယ္... မုန္႔ဖိုးလာယူၾက"
"လာပါၿပီခင္ဗ်"
"ဒီမွာ လုပ္အားခက တစ္ေယာက္ႏွစ္ေထာင္ ၊ အိတ္က ၂၁အိတ္ဆိုေတာ့ ႏွစ္ေသာင္းနဲ႔တစ္ေထာင္ တစ္ေယာက္တစ္ဝက္မ်ွယူၾကေနာ္"
ေကာင္ေလးႏွစ္ေယာက္ အံ့ဩသြားသည္ကိုျမင္ေတာ့ ႏွင္းအိအသာရယ္၍...
"မင္းတို႔ကိုႀကီးေတြက ေျမဩဇာေရာင္းရသမ်ွပိုက္ဆံကို မင္းတို႔အတြက္ေပးလိုက္ဖို႔ေျပာထားတယ္"
"တကယ္ႀကီး"
"တကယ္ပါဆိုကြယ္"
ထိုစကားၾကားေတာ့ ႏွစ္ေယာက္သား အခုခ်က္ခ်င္း ေနာက္ထပ္အိတ္ႏွစ္ဆယ္ေလာက္ ထပ္သိမ္းပစ္လိုက္ခ်င္သည္။ သို႔ေသာ္လည္း သယ္ရျပဳရလြယ္သည့္အေျခာက္က ကုန္သြားၿပီမိ့ု အစိုမ်ားသာက်န္ေတာ႕သည္ျဖစ္ရာ ထပ္ေရာင္း၍မရပါေတာ့ေခ်။
-
Sorry for late.
ဒီမနက္ ဗံုး or အေျမႇာက္နဲ႔ခ်တာ မနက္ေစာေစာ ရာဘာေစးသြားထုတ္တဲ့ရြာသားတစ္ေယာက္ ဆံုးသြားတယ္။
ပတ္ပတ္လည္မွာလည္း တဝုန္းဝုန္းနဲ႔ခ်ၾကတာပဲ။ အႏွင္းအစ္ကိုေနတဲ့ရပ္ကြက္ဆို သံုးလံုးက်တာ။ ခုမွအဆက္အသြယ္ျပန္ရတယ္။
-
Uni
"အဲ့လောက်ထိ စိတ်မလှုပ်ရှားပါနဲ့"
ဘောပင်ကိုကိုင်ပြီး စာချုပ်အပေါ် ကချွတ်ကချော်နိုင်စွာ လက်မှတ်ထိုးလိုက်သူကြောင့် ဝဿန်နှစ်သိမ့်ပေးလိုက်၏။ ကောင်လေးက သူ့အားလှည့်ကြည့်လာပြီး ရှားရှားပါးပါးပြုံးပြလာခဲ့သည်။ ပြုံးလိုက်တော့ ပါးပြင်ထက်က ပါးချိုင့်နက်နက်လေးမှာ ခြက္ခနဲ။
ဝဿန် စိတ်ရှုပ်ထွေးသွားရ၏။
ဘာလို့နှစ်ယောက်ထဲရှိချိန်မဟုတ်ဘဲ လူများကြားထဲ ပြုံးရတာလဲ။
ထိုပါးချိုင့်ပေါ် အာရုံစွဲကပ်သွားတာမို့ ကောင်လေးမျက်နှာပေါ်ကအမူအရာကို သူသတိမထားမိလိုက်။ မဟုတ်ပါက လူတစ်ယောက်အား လွယ်လွယ်ကူကူအကဲခတ်နိုင်သောသူသည် တစ်ခုခုမှားနေမှန်း သေချာပေါက်သိလိုက်ရပေလိမ့်မည်။
စာချုပ်တွင်လက်မှတ်ထိုးကာ ငွေချေပြီးသည်နှင့် ထိုမြေကွက်သည် သူတို့အပိုင်ဖြစ်လာခဲ့ပြီ။ အသုံးပြုဖို့အတွက်ကတော့ ကောင်လေးဘာလုပ်လုပ်ဟုသာ ဝဿန်တွေးလိုက်၏။ ဒီတိုင်းပဲထားချင်သလား၊ စီးပွားရေးပဲလုပ်ချင်သလား ကောင်လေးစိတ်ကြိုက်ဖြစ်စေမည်။
လူမှုရေးအရ စကားအနည်းငယ်ပြောပြီးနောက် ပြန်ခါနီးတွင် ဦးလေးကြီးတစ်ယောက်က မေးလာခဲ့သည်။
"မောင်ရင်တို့ ... ကွမ်းခြံတို့ ဘာတို့ရော စိတ်မဝင်စားဘူးလား"
"ကွမ်း?"
သင်္ခါ့၏နားရွက် ထောင်ခနဲဖြစ်သွားပြီး ခြေလှမ်းတို့ကို ပြန်လှည့်လာခဲ့သည်။ ဝဿန်ကတော့ သိလိုက်ချေပြီ။ ဒီကောင်လေး ထပ်ပြီးစိတ်ဝင်စားနေပြန်ပြီဆိုတာ။
သင်္ခါ့ဘက်လည်း စိတ်မဝင်စားပဲ နေနိုင်ရိုးလား။ ကွမ်းဈေး တစ်ပိဿာကို ခြောက်ထောင်ဝန်းကျင်အထိ ရနေသည်ပဲလေ။
ဦးလေးကြီးက ခေါင်းကိုညိတ်၍...
"ဟုတ်တယ်... တောင်ပေါ်မှာ ကွမ်းနည်းနည်းစိုက်ထားတဲ့ခြံရှိတာ ဂရုလည်းမစိုက်အားတော့ လူလေးတို့စိတ်ဝင်စားသလားလို့"
အမှန်တော့ ဦးလေးကြီးက သွေးတိုးစမ်းပြောကြည့်ခြင်းသာဖြစ်၏။ ဘာမှအသုံးမဝင်တဲ့ မြေကွက်တောင်ဝယ်မှတော့ သူ့ခြံသည်လည်း မျှော်လင့်ချက်ရေးရေးတော့ ရှိလောက်သည်ဟု။
ဘေးနားက အုပ်ချုပ်ရေးမှူးက ဦးလေးကြီးကို တအံ့တဩကြည့်၍....
"ကိုယ့်လူ တကယ်ကြီးလား... တလောကပြောတုန်းက ဒီတိုင်းစကားအဖြစ်ထင်လိုက်တာ"
ဦးလေးကြီးက မျက်နှာသိပ်မကောင်းရှာပေ။ သူ၏သားဖြစ်သူမှာ နောက်ဆုံးနှစ်တက္ကသိုလ်ကို တက်နေပြီဖြစ်သည့်တိုင် ဘာမွ မယ်မယ်ရရမအားကိုးရသလို ကုန်ပေါက်ကိုသာဖန်တီးနေပြီး ယခုလည်း နောက်ဆုံးပေါ် ဆိုင်ကယ်နှင့် ဖုန်းအား ပူဆာလာပြန်သည်။
"မတတ်နိုင်ဘူးလေဗျာ... အသုံးလိုနေမှတော့ ရောင်းရတော့မှာပဲ"
"ကျွန်တော်လိုချင်တယ်"
သင်္ခါက စိုးစဉ်းမျှမစဉ်းစားဘဲ ပြောလာ၏။ ဘေးက ဝဿန်မှာ ကူကယ်ရာမဲ့သွားသလိုပင်။
မင်းလိုချင်တာနဲ့ပဲ ဒီလိုတန်းဝယ်လိုက်လို့မရဘူးလေ ကောင်ကလေးရေ။ အခြေအနေကို အရင်ဦးဆုံး စနည်းနာဦးမှပေါ့။
"ကျွန်တော့်ရာဘာခြံအနီးလေးတင်ရှိတာ"
ကောင်လေးအား တိုးတိုးတိတ်တိတ်သတိပေးရန် ပြင်လိုက်စဉ် သူ့ဘက်လှည့်ကြည့်ကာ ဆိုလာသည်။
"သဘောကျလို့လား"
မေးလိုက်တော့ ခေါင်းတဆတ်ဆတ်ညိတ်ပြသည်။ ကောင်လေးက မြင်ဖူးတယ်ဆိုမှတော့ အဆင်ပြေပေလိမ့်မည်။
"အင်း"
"အဆင်ပြေတယ်ဆို လုပ်လိုက်လေ... ကိုယ်တစ်ဝက်ရင်းမယ်"
သင်္ခါ ကွမ်းခြံပိုင်ရှင်ဦးကြီးဖြင့် စကားဝိုင်းတစ်ခုကို လျင်မြန်စွာဖွဲ့စည်းလိုက်သည်။ ယခင်လများကတည်းက အနီးရှိကွမ်းခြံများကို သူလိုက်လံစုံစမ်းခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ရောင်းကြမည့်လူများမရှိပေ။
ဈေးအား လက်ခံစကားပြောပြီးသည့် နောက်ရက်မှာပင် စာချုပ်စာတမ်းနှင့်တကွ မြေကွက်သည် သူတို့လက်ထဲရောက်လာခဲ့၏။ စိတ်ကြည်နေသောသင်္ခါက အပြန်လမ်းမှာ ဆိုင်ကယ်ပေါ်ကနေ ဝဿန်၏ဖက်ထားခြင်းကို ခံနေရသော်လည်း စိတ်ထဲမထားပေ။ ညစာဟင်းလျာကိုပါ အားတက္သေရာ ဆွေးနွေးလာခဲ့သေးသည်။
ဈေးဆိုင်တစ်ဆိုင်ရှေ့ကအဖြတ် အရှိန်နှုန်းအားလျော့လိုက်ပြီး...
"စားချင်တာတစ်ခုခုရှိလား"
ဝဿန်က ကောင်လေး၏ခါးကိုဖက်ရင်း နားရွက်နား ကပ်ပြောလိုက်သည်။
"ညီ့ကို"
"ဟမ်?"
အူကြောင်ကြောင်ရုပ်နှင့် ခေါင်းလှည့်စောင်းလာတော့ အရှေ့ဘက်ပြန်တည့်ပေးလိုက်၏။
"ကိလေသာမှာမပျော်မွေ့ရသေးခင် နိဗ္ဗာန်ဆီမကြွမြန်းချင်သေးဘူး ကိုယ့်အချစ်ကလေးရေ... လမ်းမပေါ်ကြည့်"
သင်္ခါတစ်ယောက် ရှက်ရှက်ဖြင့်ပြန်လှည့်သွားခဲ့ပြီး အတန်ကြာမှ ဝဿန့်၏အဖြေကိုနားလည်လိုက်၏။ နီရဲတက်လာသော နားရွက်ထိပ်ကလေးနှင့် ဂုတ်သားတို့ကိုကြည့်၍ ဝဿန်မစဘဲ မနေနိုင်တော့ပြန်။
"ညီရော ဒီညဘာစားချင်လဲ"
သင်္ခါ တောင့်တင်းစွာပြန်ဖြေလိုက်၏။
"ဘာဖြစ်ဖြစ်..... ရတယ်"
"ဒါဖြင့် ကိုယ့်ကိုဘာလို့မစားလဲ"
သင်္ခါ - ........
"အဟွတ်..."
ထိုလူမွာ သူ၏ကျောကိုပုတ်ပေးရင်း ပခုံးထက်မေးတင်၍ တသော့သော့ရယ်လေတော့၏။
-
"သင်္ခါ နေဦးဟေ့"
ကိုမျိုးတို့အိမ်ရှေ့ကိုအဖြတ် ထွက်လာသောအော်သံခပ်ကျယ်ကျယ်ကြောင့် သင်္ခါ ဆိုင်ကယ်ဘရိတ်နင်းကာ ရပ်လိုက်သည်။ ဝဿန်လည်း ကိုမျိုးကိုလှမ်းပြုံးပြလိုက်ပြီး ကောင်လေးခါးကိုဖက်ထားသည့်လက်အား မသိမသာဖြည်လိုက်သည်။
"နှစ်ယောက်သား ဘယ်ကပြန်လာကြတာလဲ"
ကိုမျိုးသည် လျှောက်လာရင်း ပုဆိုးကိုခပ်တိုတိုဝတ်၍ ကွမ်းသွေးအား ပျစ်ခနဲထွေးထုတ်လိုက်သည်။
"ဦးတိုးကြီးတို့အိမ်ကပြန်လာတာ ကိုမျိုး"
ဝဿန် ဝင်ဖြေလိုက်တော့ ကိုမိျုးက...
"မင်းတို့ ရွာလယ်ကခြံတွေဝယ်လိုက်တယ်ဆိုတာ တကယ်ပဲလား"
"အင်း... နောက်ကျွန်တော် မကြီးတို့ကိုလာပြောပြမို့ပဲ"
"အေးပါ အေးပါ ဝယ်ထားတော့လည်းကောင်းတာပေါ့ကွာ အသုံးမဝင်ဘူးဆိုတာမရှိပါဘူး။ မသုံးတတ်တာပဲရှိတာ"
ကိုမျိုးက ခေါင်းတညိတ်ညိတ်ဖြင့် ဆိုနေရင်းမှ ကိုယ့်ပေါင်ကိုယ်ပြန်ရိုက်၍...
"ဟိုပြောဒီပြောနဲ့မေ့တော့မယ်... ဒီညေန ၆နာရီလောက်ကြရင် ငါမငး်တို့ခြံကနေ ကြက်ချေးသွားတင်မလို့"
"စိုက်ခင်း အတြက္လား"
"အေး...အပင်တွေက သိပ္မသန္ဘူးကြာ မင်းအစ်မကလည်း သဘာဝမြေဩဇာပဲ သုံးမယ်လုပ်နေတာ"
ကိုမျိုးတို့၏လယ်က သိပ်မကျယ်ဘဲ ရာသီပင်အမျိုးမျိုးစိုက်ကာ ရောင်းတတ်သည်။ ဝင်ငွေကသိပ်မဆိုးသော်လညး် ပြောင်း၊နှမ်း၊နေကြာ တို့ကို အဓိကထားစိုက်သောကြောင့် ငွေအစုလိုက်ဝင်ဖို့ စိတ်ရှည်ရ၏။
"ကျွန်တော်ကောင်လေးတွေကိုအသိပေးထားလိုက်မယ်"
"အေး ဒါနဲ့ ဈေးက...."
"ရတယ်...ပေးစရာမလိုဘူး"
သူ့သဘောနှင့်သူ ပြောလိုက်ပြီးခါမှ ကြက်ခြံသည် နှစ်ဦးနှစ်ဖက် ဖက်စပ်လုပ်ကိုင်ထားသည်ကို သတိရမိပြီး ဝဿန့်ဘက်ခေါင်းလှည့်လာသည်။ ချစ်စရာကောင်းသောပုံစံကြောင့် ဝဿန်မှာ ခေါင်းအလိုလိုညိတ်မိလျက်သား။
သင်္ခါ ကိုမျိုးဘက်ပြန်လှည့်လိုက်ပြီး...
"သူကလည်း ပေးစရာမလိုဘူးတဲ့"
"မဟုတ္တာ ငါတို့ကစီးပွားရေးလုပ်ဖို့အတွက်လေ အလကားမယူပါရစေနဲ့ကွာ"
ဒါလည်းဟုတ်သားဟု သင်္ခါတွေးလိုက်၏။ တျခားသူဆီကေန အလကားယူပြီး ကိုယ္က ငွေနှင့်ပြန်ရောင်းသည့်အခါ စိတ်ထဲမသိုးမသန့်ဖြစ်ပေလိမ့်မည်။
ဝဿန်က ဝင်ပြောလိုက်သည်။
"ဒီလိုလုပ်ပါလား... ကိုမျိုးတို့က တခြားသူဘယ်လိုရောင်းသလဲတစ်ချက်ကြည့်လိုက် ပြီးရင် ကလေးတွေအတွက်မုန့်ဖိုးပေးလိုက်ချေ။"
အဓိကထား ကြက်ချေးကြုံးနေရသော ငိုမဲ့မဲ့မျက်နှာနှင့်နှစ်ယောက်ကို သတိရသွားပြီး ကိုမျိုးကရယ်သည်။ သင်္ခါကလည်း ပြုံးမယောင်ဖြစ်သွားကာ ခေါင်းညိတ်လိုက်၏။
"သူတို့ကိုပဲပေးလိုက်ပါ"
"အေး အတည်ဖြစ်ပြီနော်"
"ဒါဆိုကျွန်တော်တို့ပြန်ပြီဗျ"
ဝဿန် ပြောပြီးနောက် ကောင်လေးပခုံးကိုတစ်ချက်ပုတ်ပြီး ဆိုင်ကယ်စက်နှိုးရန် အချက်ပြလိုက်သည်။
ကိုမျိုးက ခြံထဲပြန်ဝင်ခါနီးလောက်တွင်မှ တစ်ခုခုကိုသတိရသွားဟန်ဖြင့် လှမ်းအော်လာသည်။
"နောက်မနက် မနက်စာဖို့စောစောလာခဲ့ မင်းတို့အစ်မ ဆန်စိမ်ထားတယ်"
"သိပြီ!"
စကားကိုအကျယ်ကြီးအော်မပြောချင်သော သင်္ခါ့အစား ဝဿန်ပြန်ဖြေလိုြက်ပီး တစ်ခါတည်းစဉ်းစားလိုက်သည်။
ဆန်စိမ်ထားသည်ဆိုတော့ ဆန်နှင့်လုပ်ထားသောမုန့် တစ်ခုခုဖြစ်လိမ့်မည်။
-
"တောင်ပေါ်ပြန်တက်ဦးမှာလား"
ညနေစာစားပြီးချိန် ရာဘာဓားထိုင်သွေးနေသော သင်္ခါ့နားသို့ ဝဿန်သွားထိုင်လိုက်သည်။ ဝန်ထမ်းလေးနှစ်ယောက်က ကြက်ခြံမှာဖြစ်၍ သင်္ခါက ခြံထဲရှိအလုပ်များကို တကုပ်ကုပ်ဖြင့် အချိန်ပြည့်လုပ်နေသောအခါ သူပျင်းလာခဲ့သည်။
"ဒီညေတာ့ နားလိုက်လေ... အလုပ်ကိုအရမ်းဖိလုပ်တာကမကောင်းဘူး မင်းကငယ်ငယ်လေးပဲရှိသေးတာကို အေးဆေးပေါ့"
ဓားအား ဂရုတစိုက်သွေးနေသောသင်္ခါက တစ်ချက်မော့ကြည့်လာပြီးနောက် ပြန်ငုံ့ကာ ဆက်သွေးနေ၏။
"ခင်ဗျား ပျင်းလို့လား..."
ဝဿန် ခေတ္တမျှပြောစရာစကားပျောက်သွားခဲ့ပြီးမှ အသာရယ်လိုက်သည်။
"အင်း..."
သင်္ခါ တစ်ချက်စဉ်းစားပြီးနောက်...
"မသွားတော့ဘူး"
"ဟမ်..."
"ဒီည မသွားတော့ဘူး"
ထိုစကားလေးကြောင့် ဝဿန့်ရင်ထဲ ခပ်သိမ့်သိမ့်လှုပ်ခါသွားခဲ့သည်။ သဘောရိုးနဲ့ဖြစ်ပါစေ ကောင်လေးက သူ့ဆန္ဒကိုထည့်တွက်ပေးနေတာပဲမဟုတ်ဘူးလား။
"ကိုယ်နည်းနည်းပျင်းနေလို့ပါ... ဟိုနှစ်ကောင်က ခြံထဲအိပ်မှာဆိုတော့ ဒီမှာကိုယ်တစ်ယောက်တည်းလေ"
သင်္ခါက ခေါင်းညိတ်ပြီး ဘာမှမပြောချေ။
"မင်းစိတ်ဆိုးလား"
"ဟင့်အင်း..."
ဓားအား ရေဖြင့်ဆေးကြောကာ သိမ်းဆည်းနေရင်း ခေါင်းခါပြသောကောင်လေးကို ဝဿန် အချိန်အတော်ကြာသည်အထိ တိတ်တဆိတ်ငေးကြည့်မိသည်။ ကောင်လေးက သူ၏ငြိမ်သက်ခြင်းကို တစ်မျိုးတွေးလိုက်၍ထင့်။ စကားတစ်ခွန်းအား တွန့်ဆုတ်စွာပြောလာခဲ့သည်။
"ကျွန်တော်ရာဘာပင်တွေကို ဆေးသုတ်ထားတာ... ဒီည အစေးထုတ်လို့မရသေးဘူး"
"ဟုတ်ပါပြီကွာ..."
မနေနိုင်တော့စွာဖြင့် ခပ်ကြမ်းကြမ်းဆံသားများကို လှမ်းဖွလိုက်ပေမဲ့ ငြင်းဆန်ခြင်းမပြုသောအခါ ဝဿန်ကျေနပ်ရပြန်သည်။ တခြားတစ်ယောက်၏ခေါင်းအား အကြာကြီးကိုင်နေပါက မကောင်းသဖြင့် လက်အား မဆုတ်ချင်ဆုတ်ချင်ဖြင့် ခွာလိုက်ရသည်။ ထို့နောက် အနေမခက်စေရေးအတွက်...
"ဆေးကိုသိပ်မသုံးနဲ့ အပင်အတွက်သိပ်မကောင်းဘူး"
ရာဘာအထွက်နှုန်းတိုးဆေးက လက်ရှိတွင် ရာဘာစေးများကို ပိုထုတ်ပေးနိုင်ပေမဲ့ အလေးချိန်ပေါ့ပြီး ရာဘာပွသည်။ အလွန်အကျွံသုံးပါက နှစ်အနည်းငယ်အတွင်း ရာဘာစေးများ ကုန်ဆုံးသွားသည်အထိ လုပ်ဆောင်ပေလိမ့်မည်။
"ကျွန်တော်သိပြီ...."
ကောင်လေး၏ပြန်ဖြေသံနှင့် ပြေနေသာဆံသားမ်ားကို ပြန်ဖိသပ်နေပုံက တစ်မျိုးတစ်မည်ကြည့်ကောင်းနေပြန်တော့၏။
-
ညနေခင်းတွင် ကိုမျိုးသည် ဇနီးဖြစ်သူနှင့်ရောက်ရှိလာခဲ့ပြီး မြေသြဇာလုပ်ရန်အတွက် ကြက်ချီးခြောက်များကို ဂုန်နီအိတ်ထဲထည့်ကာ ကားဖြင့် သယ်သွားကြမည်ဖြစ်သည်။
"ကောင်ကလေးတွေ သေချာလေးလုပ်ကြနော်..."
"ဟုတ်ကဲ့မကြီး... သေချာလေးလုပ်ပေးထားပါတယ်ဗျ"
"ဘယ်နှစ်အိတ်ရှိသလဲ"
"နှစ်ဆယ့်တစ်ထုပ်ပါ မကြီး"
ပိုင်ပိုင်က တင်ထားပြီးသောမြေသြဇာထုတ်များကို ရေတွက်ဖို့ ပြင်လိုက်စဉ် အလင်းဆီမှအသံထွက်လာခဲ့သည်။
"မင်းကြိုရေထားတာပဲ"
"ငါက မင်းမှမဟုတ်တာ"
ပိုင်ပိုင်နှာရှုတ်လိုက်တုန်း မကြီးနှင်းအိ၏အသံကြောင့် လှစ်ခနဲပြေးသွားလေသည်။
"ဒီမယ်... မုန့်ဖိုးလာယူကြ"
"လာပါပြီခင်ဗျ"
"ဒီမွာ လုပ်အားခက တစ်ယောက်နှစ်ထောင် ၊ အိတ္က ၂၁အိတ်ဆိုတော့ နှစ်သောင်းနဲ့တစ်ထောင် တစ်ယောက်တစ်ဝက်မျှယူကြနော်"
ကောင်လေးနှစ်ယောက် အံ့ဩသွားသည်ကိုမြင်တော့ နှင်းအိအသာရယ်၍...
"မင်းတို့ကိုကြီးတွေက မြေဩဇာရောင်းရသမျှပိုက်ဆံကို မင်းတို့အတွက်ပေးလိုက်ဖို့ပြောထားတယ်"
"တကယ်ကြီး"
"တကယ်ပါဆိုကွယ်"
ထိုစကားကြားတော့ နှစ်ယောက်သား အခုချက်ချင်း နောက်ထပ်အိတ်နှစ်ဆယ်လောက် ထပ်သိမ်းပစ်လိုက်ချင်သည်။ သို့သော်လည်း သယ်ရပြုရလွယ်သည့်အခြောက်က ကုန်သွားပြီမိ့ု အစိုများသာကျန်တော့သည်ဖြစ်ရာ ထပ်ရောင်း၍မရပါတော့ချေ။
-
Sorry for late.
ဒီမနက် ဗုံး or အမြှောက်နဲ့ချတာ မနက်စောစော ရာဘာစေးသွားထုတ်တဲ့ရွာသားတစ်ယောက် ဆုံးသွားတယ်။
ပတ်ပတ်လည်မှာလည်း တဝုန်းဝုန်းနဲ့ချကြတာပဲ။ အနှင်းအစ်ကိုနေတဲ့ရပ်ကွက်ဆို သုံးလုံးကျတာ။ ခုမှအဆက်အသွယ်ပြန်ရတယ်။
You are reading the story above: TeenFic.Net