part3

Background color
Font
Font size
Line height

Zawgyi

ဝႆန္မ်က္ေမွာင္ကိုၾကဳတ္လိုက္ၿပီး အဆင့္ဆင့္ေသာအံဆြဲမ်ားကိုပိတ္ကာ ခါးျပန္မတ္လိုက္သည္။ သူ၏မ်က္ႏွာထက္တြင္ အားနာသမႈအျပည့္ျဖင့္...

"Sorryကြာ ကိုယ့္မွာ ဆယ္သိန္းဝန္းက်င္ေလာက္ပဲရိွေနလို႔ အခ်ိန္ခဏေလာက္ေပးႏိုင္မလား"

သခၤါက ေခါင္းညိတ္လိုက္သည္။

"ရပါတယ္"

"ေက်းဇူး"

ဝႆန္သည္ အားတံု႔အားနာျပံဳးျဖင့္ျပံဳးၿပီးေနာက္ ဝင္ေပါက္နားက ရာဘာသယ္ေနေသာဝန္ထမ္းေလးကို လွမ္းေအာ္သည္။

"ဟိုေကာင္ေလး... ငါမင္းကို ဒီမနက္ဘဏ္မွာေငြသြားထုတ္ခိုင္းတာ မသြားရေသးဘူးလား"

ဝန္ထမ္းသည္ အူေၾကာင္ေၾကာင္ျဖင့္လွည့္ၾကည့္လာၿပီး တစ္ခုခုေျပာမလိုဟန္ျပင္လိုက္ေသာ္လည္း ပိုမိုတြန္႔ေကြးလာေသာ Bossျဖစ္သူ၏မ်က္ခံုးတို႔ကိုၾကည့္၍ အိုးတိုးအမ္းတမ္းျဖစ္သြားသည္။ ထိုဝန္ထမ္းေနာက္ကေန လိုက္ပါလာေသာ ေနာက္ထပ္ဝန္ထမ္းတစ္ေယာက္က အေျခအေနကို အကဲခတ္ၿပီး အကင္းပါးပါးျဖင့္...

"အာ... ဒီမနက္အလုပ္မ်ားေနတာနဲ႔ ကြၽန္ေတာ္သူ႔ကိုေျပာဖို႔ေမ့သြားတာ ခုပဲသြားထုတ္လိုက္ပါမယ္ဗ်"

တြန္႔ကုတ္ေနေသာ ဝႆန္၏မ်က္ခံုးတို႔ ေျပေလ်ာ့သြားၿပီး ႏႈတ္ခမ္းေထာင့္တို႔တြန္႔ေကြးသြားသည္။

"ဟုတ္ၿပီဟုတ္ၿပီ ျမန္ျမန္ေတာ့သြားၾက အၾကာႀကီးေစာင့္ရေအာင္မလုပ္မိေစနဲ႔"

ဒုတိယဝန္ထမ္း၏ဆြဲေခၚသြားျခင္းခံလိုက္ရသည့္ ပထမဝန္ထမ္းေလးက သူ႔Bossကိုလွည့္ၾကည့္လိုက္၊ သူငယ္ခ်င္းကိုျပန္ၾကည့္လိုက္ျဖင့္ တစ္ခုခုေျပာခ်င္ဟန္။

ပထမဝန္ထမ္း - မဟုတ္သးေဘူးေလ ငါတို႔ဒီမနက္ေလးတင္ ေငြေတြမ်ားႀကီးးထုတ္လာခဲ့တာဟုတ္ဘူးလား။ ၿပီးေတာ့အဲ့ေငြေတြက အံဆြဲထဲမွာ...။

ဒုဝန္ထမ္းက ထိုတစ္ေယာက္၏ဂုတ္ေက်ာကိုဖိ၍ တီးတိုးႀကိမ္းသည္။

"ပါးစပ္ပိတ္ၿပီး ၿငိမ္ၿငိမ္လိုက္ခဲ့... ငါတို႔ေဘာက္ဆူးရရင္ရႏိုင္မွာ"

သခၤါက ဝန္ထမ္းမ်ားကိုေက်ာခိုင္းထားသျဖင့္ ထိုလူမ်ား၏အမူအရာကိုမေတြ့ရဘဲ ဘာကမမွန္သလဲဆိုတာ သတိမထားမိလိုက္။ သူ႔ေနရာတြင္သာ ၿငိမ္ၿငိမ္ေလးထိုင္ေနရွာ၏။ ဝႆန္က ေတမိမင္းသားေလးကိုၾကည့္၍ စကားစရန္ႀကိဳးစားလိုက္သည္။ တမင္ဆြဲထားသည့္အခ်ိန္မ်ားကို အလဟႆမျဖစ္ေစလို။

႐ိုးသားသည့္ဖိုးသခြားေလးမွာေတာ့ မည္သည္ကိုမွမရိပ္မိေနပါေခ်။

"ညီ... "

"ကြၽန္ေတာ့္အသက္၁၉"

"ဟမ္....?"

အရင္တစ္ခါတည္းက သခၤါေျပာခ်င္ေနခဲ့တာျဖစ္သည္။ သူတို႔ႏွစ္ေယာက္၏အသက္သည္ သိပ္မကြာျခားေလာက္ဘဲ ထိုသူက သူ႔ကို ကေလးတစ္ေယာက္ကိုစေနာက္ေနသလိုမ်က္လံုးႏွင့္ၾကည့္ေတာ့ စိတ္ထဲစႏိုးစေႏွာင့္ျဖစ္ရ၏။

ဝႆန္သည္လည္း ခဏမ်ွေၾကာင္အသြားၿပီးေနာက္...

"ကိုယ္သိတယ္ေလ...ဟိုတစ္ခါကေမးဖူးတယ္ တစ္ခုခုျဖစ္လို႔လား"

သို႔ေသာ္လည္း လူငယ္ေလးက သူ႔အား မွင္ေသေသျဖင့္သာစိုက္ၾကည့္ေနခဲ့သည္။ ဝႆန္တစ္စံုတစ္ခုကိုေတြးလိုက္မိသည္။ ႐ုပ္ရည္သြင္ျပင္အရၾကည့္ေသာ္ သူတို႔ကသိပ္မကြာျခားသလိုထင္ရသည္။ သခၤါက အလုပ္ၾကမ္းမ်ားလုပ္ရ၍ေသာ္လည္းေကာင္း၊ ဝႆန္က သက္ေတာင့္သက္သာေနရေသာသူေဌးသားျဖစ္၍ေသာ္လည္းေကာင္း ျဖစ္ႏိုင္သည္။ ထို႔ျပင္ရြယ္တူမ်ားၾကားတြင္ပင္ ဝႆန္ကပိုႏုငယ္ပံုေပါက္ကာ နာမ္စားအေခၚအေဝၚမ်ား ခဏခဏမွား​ေခၚခံရတတ္သည္။ ဥပမာ သူ႔ထက္ငယ္ေသာသူကေတာင္ သူ႔အား ညီေလးဟု မွားေခၚတတ္ျခင္းပါေပ။ ယခုေကာင္ေလးလည္း ထိုသို႔မွားေနပံုရၿပီး သူ၏အေခၚအေဝၚေၾကာင့္ စိတ္ရုွပ္ေနပံုရ၏။

"ကိုယ့္အသက္က ၂၅"

ဝႆန္ေျပာလိုက္ေတာ့ ျပန္လွည့္ၾကည့္လာသည့္ မ်က္ဝန္းနက္နက္ေတြက အံ့ဩမႈအျပည့္။ သူ႔အသက္ကို အဲ့ေလာက္ရိွမည္ ထင္မထားခဲ့ပံုပင္။ အမွန္တကယ္လည္း သခၤါက ဝႆန္ႏွင့္သူ႔ကိုယ္သူကို ရြယ္တူဟုမွတ္ထင္ခဲ့ျခင္းျဖစ္သည္။

ေခါင္းကိုတစ္ဖက္လႊဲသြားကာ သက္ေသာင့္သက္သာျဖစ္ေနပံုမရသည့္ ပံုစံေလး​ေျကာင့္ ဝႆန့္မွာ က်လိက်လိႏွင့္ခ်ိဳၿမိန္လြန္း၍ ေၾကာင္ေလးတစ္ေကာင္လို ပြတ္သပ္ေပးခ်င္စိတ္ေပၚေစသည္။

တကယ္ကိုဘာေလးတုန္း။

"ညီက ယံုတဲ့ပံုမရဘူးပဲ... ကိုယ့္အသက္ကေတာ္ေတာ္ႀကီးေနၿပီလို႔ ထင္လား"

သခၤါက သူ႔အျပဳအမူ႐ိုင္းသြားသည္ဟုထင္ကာ အားနာစြာျဖင့္ ေခါင္းခါျပလိုက္သည္။ သူက ဒီတိုင္း အံ့ဩသြားရံုမ်ွသာ။

ဝႆန္ကျပံဳးတံု႔တံု႔ျဖင့္ သက္ျပင္းခပ္သာသာခ်၍...

"မပူပါနဲ႔ ကိုယ္က မင္းထက္စာရင္ပိုရင့္ေပမဲ့ မင္းကိုေပးမဲ့ ကိုယ့္နွလံုးသားေလးကေတာ့ တကယ္ႏုႏုေလးပါ"

သခၤါ - "......"

သခၤါအနည္းငယ္ေတာ့ သံသယဝင္လာၿပီျဖစ္သည္။ ဒီလူ သူ႔ကိုပေရာပရီလုပ္ဖို႔ တမင္မ်ား အခ်ိန္ဆြဲေနခဲ့ေလသလား။

​ေမးခြန္းကအနည္းငယ္ အူေၾကာင္ေၾကာင္ႏိုင္ေပမဲ့ လူငယ္ေလးအေနမခက္ေအာင္လို႔ ဝႆန္စကားလမ္းေၾကာင္းေရႊ႔လိုက္သည္။ ဝန္ထမ္းမ်ားအတြက္ဝယ္ထားခဲ့ေသာ ေပ်ာ့အိနို့သၾကားလံုးအနည္းငယ္ကိုထုတ္၍...

"သၾကားလံုးစားမလား"

မထင္မွတ္ထားသည္က သခၤါေခါင္းညိတ္လာမည္ကိုပင္။ သခၤါက ဒါမ်ိဳးေတြႀကိဳက္လိမ့္မည္ဟု သူမထင္ထားခဲ့ေခ်။ နို႔အုပ္ထားေသာအရသာစံုသၾကားလံုးေပ်ာ့ကို အခြံခြာၿပီး ပါးစပ္ထဲထည့္ကာ တျမံဳ႕ျမံဳ႕ျဖင့္ အရသာခံေနပံုအား ဝႆန္ကိုယ္တိုင္က မသိလိုက္ဘဲ စိတ္ရင္းျဖင့္ျပံဳးၾကည့္ေနမိသည္။ မ်က္လႊာခ်ထားေသာေၾကာင့္ မ်က္ေတာင္႐ွည္ေျဖာင့္ေျဖာင့္တို႔က ပါးျပင္ထက္ အရိပ္ထင္လို႔ေန၏။ သၾကားလံုးကိုလည္း ႏႈတ္ခမ္းတလႈပ္လႈပ္ျဖင့္အရသာခံေနေလရာ ၾကည့္ေလၾကည့္ေလ ပိုမိုခ်စ္စရာေကာင္းလာေလပင္။

႐ုတ္တရက္ လူငယ္ေလးမ်က္လႊာပင့္လာခဲ့သျဖင့္ ႏွစ္ေယာက္သားအၾကည့္ခ်င္းဆံုသြားၾက၏။ စားပြဲေပၚ​ေမးေထာက္ကာ သူ႔အား စိမ္ေျပနေျပေငးၾကည့္ေနေလေသာသူေၾကာင့္ သခၤါ ေၾကာင္အသြားရာမွ တစ္ခုခုကိုသေဘာေပါက္သြားကာ ေခါင္းျပန္ငံု႔လိုက္သည္။

ခဏအၾကာတြင္ ဝႆန္႔ေ႐ွ႕သို႔ လိမ္ေမာ္ေရာင္အရသာနို့သၾကားလံုးေလးတစ္လံုး ေရာက္လာခဲ့သည္။

"ကိုယ့္အတြက္လား"

သခၤါက ေခါင္းကိုေဘးလွည့္ၿပီးညိတ္ျပ၏။

ဝႆန္ ျပံဳး၍ သၾကားလံုးကို အခြံခြာၿပီး ပါးစပ္ထဲထည့္လိုက္သည္။ ထို႔ေနာက္ သူက...

"ကိုယ္လိမ္ေမာ္အရသာႀကိဳက္မွန္း ညီဘယ္လိုခန့္မွန္းမိလဲ"

ေဘးလႊဲထားေသာေခါင္းက မ်က္နွာခ်င္းဆိုင္ျပန္လွည့္လာၿပီး မ်က္ႏွာထက္တြင္လည္း အံ့ဩမႈအျပည့္ျဖင့္။ ထို႔ေနာက္ တြန္႔ဆုတ္စြာေျပာလာသည္မွာ...

"ကြၽန္ေတာ္အဲ့တာကိုမႀကိဳက္ဘူး"

"အဟြတ္...!"

ကိုမ်ိဳးကားျဖင့္ျပန္ပါသြားေသာ ေကာင္ေလးကိုၾကည့္၍ ဝႆန္ ကိုယ့္လည္ပင္းကိုယ္ျပန္ပြတ္လိုက္သည္။ သၾကားလံုးနင္ခဲ့သည့္အက်ိဳးေၾကာင့္ လည္ေခ်ာင္းကေအာင့္ခ်င္ခ်င္။

ဒီေကာင္ေလးက လူကိုစိတ္ခ်မ္းသာေအာင္ ဘယ္လိုေျပာရမလဲ တကယ္မသိဘူးပဲ။

ေနာက္ပိုင္းတြင္ ေကာင္ေလးက တစ္လတစ္ႀကိမ္ပံုမွန္ေရာက္လာခဲ့သည္။ ဒါကလည္း ဝႆန္႔၏ ေစ်းေကာင္းရတုန္းရာဘာျမန္ျမန္ေရာင္းရန္၊ တအားေျခာက္ေသြ႔ေအာင္ထားလ်ွင္ ေပါင္ခ်ိန္ေလ်ာ့က်ၿပီး ကိုယ့္အတြက္သိပ္မက်န္ဟူေသာ ၿခိမ္းေျခာက္ခ်က္ေၾကာင့္ပင္။ အျမတ္စားမည့္ဝယ္သူတစ္ေယာက္အေနျဖင့္ ထိုသို႔အၾကံေပးလိုက္သည္က ကိုယ့္ထမင္းအိုးကိုယ္ခြဲေနသလိုပင္။

အေၾကာင္းမွာ ရာဘာအစိုကို အစိုေစ်းေပးရတာျဖဴၿပီး အေျခာက္ခံထားေသာရာဘာျပားမ်ားက ေစ်းေကာင္းပိုရသည္။ ရာဘာသည္ စိုေနသည္႔အခ်ိန္သာ အေလးခ်ိန္စီးကာ ေျခာက္သြားပါက တအားေပါ့၏။ တခ်ိဳ႕ေဖာက္သည္မ်ားက အျပင္ပန္းတြင္ေျခာက္ေသြ႔ေသာ္လည္း အစိုဓာတ္ေကာင္းေကာင္းမေပ်ာက္ေသးသည့္ရာဘာမ်ားယူလာတတ္သည္။ ထိုသို႔ေသာ အျပည့္အဝမေျခာက္ေသြ႔ေသာရာဘာမ်ားကို အစိုေစ်းေပး၍အဆင္မေျပဘဲ အေျခာက္ေစ်းေပးဝယ္ရတာျဖစ္ၿပီး ဒိုင္အတြက္နစ္နာေလသည္။ သို႔ေသာ္လည္း ထိုေကာင္ေလးႏွင့္ဆိုပါက သူေကာင္းေကာင္းႀကီး အနစ္နာခံခ်င္စိတ္ရိွသည္။

(AN/ ဒီနား နားလည္လားမသိ။ ကိုယ္က ရာဘာေျခာက္ေစ်းေပးလိုက္ေပမဲ့ သူကေကာင္းေကာင္းမေျခာက္ေသးေတာ့ ကိုယ့္လက္ထဲမွာအျပည့္အဝေျခာက္ေသြ႔သြားတဲ့ခ်ိန္ အေလးေလ်ာ့သြားတယ္။ ဥပမာ ကိုယ္ဝယ္တုန္းက 10ေပါင္ရိွေနၿပီး ကိုယ္ျပန္ထုတ္ေရာင္းမွ 8ေပါင္တည္းက်န္ေနတာမ်ိဳး)

ေနာက္ထပ္ႏွစ္လၾကာၿပီးေနာက္ ရြက္ဝါေႂကြသည့္ရာသီကိုေရာက္လာကာ ရာဘာအေစးထုတ္သမားမ်ားအတြက္ ေခတၱအနားယူရေသာအခ်ိန္လည္းျဖစ္သည္။ ရြက္ဝါေႂကြေနစဥ္ ရာဘာအေစးထုတ္၍မရႏိုင္ဘဲ ရြက္ႏုေဝသည္အထိ ျပန္ေစာင့္ရ၏။ ရြက္ႏုထြက္ၿပီးသည္ႏွင့္ ေနာက္ထပ္ႏွစ္လေရာက္လ်ွင္ မိုးရာသီျပန္ေရာက္မည္ျဖစ္ၿပီး ထိုအခ်ိန္သည္ တစ္ႏွစ္တာ၏အေစးထုတ္လုပ္ငန္း ၿပီးဆံုးသည္။

ဘာေၾကာင့္မွန္းမသိ ဝႆန္ စိတ္မေပ်ာ္ေနေတာ့ပါ။ တစ္ေနကုန္မ်က္ေမွာင္ကုတ္ေနခဲ့ၿပီး စိတ္အေျခအေနမေကာင္းေၾကာင္းကို အတိအလင္းျပသေနခဲ့သည္။ ပံုမွန္ဆိုလ်ွင္ ေပ်ာ္ရႊင္စြာ စေနာက္ေပ်ာ္ပါးေလ့ရိွၾကသည့္ ဝန္ထမ္းသံုးေယာက္သည္လည္း Bossျဖစ္သူ၏အရိပ္အေျခကိုၾကည့္၍ တိတ္ဆိတ္ေနၾကသည္။ ထိုသိဳ့ေသာေန႔ရက္သည္ 'ဒီသခၤါမိုး'ဟူသည့္ လူငယ္ေလး ထပ္မေရာက္လာခင္ေန႔အထိတိုင္ တည္ရိွေနခဲ့သည္။

ဝႆန္သည္ လူငယ္ေလးဆီလွမ္းမသြားခင္ ဖုန္းသံျမည္လာေသာေၾကာင့္ တစ္ဖန္ျပန္၍ မ်က္ေမွာင္ကုတ္ခ်ီသြားေလသည္။ အလုပ္အတြက္ သီးသန္႔Ringtoneသာ ဟုတ္မေနခဲ့လ်ွင္ သူBlockမိသြားေလာက္သည္။ အဆံုးမွာေတာ့ ဒါက ထိုေကာင္ေလးႏွင့္ေတြ႔ရသည့္ တစ္ခုတည္းေသာအခ်ိန္အနည္းငယ္မ်ွသာ။

တိတ္ဆိတ္ေသာဘက္ျခမ္းသြား၍ အသက္ကိုခပ္ျပင္းျပင္း႐ွဴသြင္းၿပီးေနာက္ ဖုန္းကိုလက္ခံ၍ ခ်ိဳသာစြာထူးလိုက္သည္။

"Hello...."

ဆယ္မိနစ္ခန္႔အၾကာတြင္ စိတ္တိုေနခဲ့ေသာ ဝႆန္သည္ ေဖာသီလွေသာအျပံဳးတို႔ေပၚထြက္လာခဲ့သည္။

-

သခၤါ... ေပါင္ခ်ိန္စက္ေဘးတြင္ရပ္​ေနရင္း အေနာက္ဘက္သို႔ ခဏခဏေခါင္းလွည့္ၾကည့္မိသည္။ ရာဘာမ်ားအားလံုး ခ်ိန္လို႔ၿပီးခါနီးေလ သူ၏မ်က္ႏွာေလးထက္ မသာမယာျဖစ္လာေလ။

အနားရိွ ဒုတိယဝန္ထမ္းႏွင့္ တတိယဝန္ထမ္းသည္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိၾကသည္။ အဆံုးမွာေတာ့ သူတို႔က ပထမဝန္ထမ္းလိုမတံုးအပါေပ။ Bossျဖစ္သူသည္ Come Outလုပ္ထားသူတစ္ေယာက္ျဖစ္ၿပီး အျပံဳးခ်ိဳေသာ္လည္း ထိုအျပံဳးကစီးပြားေရးဆန္သည္။ သူ၏စိတ္ပါလက္ပါျဖင့္ စစ္မွန္ေသာအျပံဳးကို ျမင္ရသည့္လူ႐ွားသည္။

သို႔ေသာ္လည္း လြန္ခဲ့ေသာငါးလမွစ၍ သူတို႔မေတြ႔ဖူးေသာ Boss၏ပံုစံကိုျမင္ခဲ့ၾကရသည္။ လူငယ္ေလးတစ္ေယာက္က သူ၏အနားတြင္ရိွေနေသာအခါ သူခဏခဏျပံဳးေနလိမ့္မည္ျဖစ္ၿပီး အခ်ိန္ရလ်ွင္ရသလို စေနာက္ေနေပလိမ့္မည္။ ထိုလူငယ္ေလးကလည္း Bossပေရာပရီလုပ္သမ်ွ ခပ္တည္တည္ျဖင့္ထိုင္နားေထာင္ေနၿပီး နားရြက္ဖ်ားတို႔နီရဲလာလိမ့္မည္။ ကာယကံ႐ွင္ႏွစ္ေယာက္က သိခ်င္မွသိၾကလိမ့္မည္ျဖစ္ေသာ္လည္း ဒါက သူတို႔လိုဖူဒန္႐ွီေတြအတြက္ေတာ့ သေဘၤာလႊင့္လို႔ အေကာင္းဆံုးအေနထားျဖစ္ေနခဲ့၏။


(AN/ ဖတ္ရတာ အဆင္ေျပၾကရဲ႕လားပဲ။ ေန႔တိုင္းupခ်င္လို႔သာေရးေနေပမဲ့ ကိုယ္ေတာ့သိပ္ဘဝင္မေတြ႔။ အေရးအသားက ပ်င္းစရာေကာင္းၿပီး ဇာတ္ေၾကာင္းကေလာေနတယ္။ ၾကားထဲမွာအေသးစိတ္ေရးထားတာလည္း ရိွေပမဲ့လို႔ တအားၿငီးေငြ႔စရာေကာင္းလို႔ ဖ်က္ပစ္လိုက္ၿပီ။ အဆံုးမွာေတာ့ ဒါကဆယ္ပိုင္းေက်ာ္ေလာက္ပဲရိွလိမ့္မယ္။)


Uni

ဝဿန်မျက်မှောင်ကိုကြုတ်လိုက်ပြီး အဆင့်ဆင့်သောအံဆွဲများကိုပိတ်ကာ ခါးပြန်မတ်လိုက်သည်။ သူ၏မျက်နှာထက်တွင် အားနာသမှုအပြည့်ဖြင့်...

"Sorryကြာ ကိုယ့်မှာ ဆယ်သိန်းဝန်းကျင်လောက်ပဲရှိနေလို့ အချိန်ခဏလောက်ပေးနိုင်မလား"

သင်္ခါက ခေါင်းညိတ်လိုက်သည်။

"ရပါတယ်"

"ကျေးဇူး"

ဝဿန်သည် အားတုံ့အားနာပြုံးဖြင့်ပြုံးပြီးနောက် ဝင်ပေါက်နားက ရာဘာသယ်နေသောဝန်ထမ်းလေးကို လှမ်းအော်သည်။

"ဟိုကောင်လေး... ငါမင်းကို ဒီမနက်ဘဏ်မှာငွေသွားထုတ်ခိုင်းတာ မသြားရေသးဘူးလား"

ဝန်ထမ်းသည် အူကြောင်ကြောင်ဖြင့်လှည့်ကြည့်လာပြီး တစ်ခုခုပြောမလိုဟန်ပြင်လိုက်သော်လည်း ပိုမိုတွန့်ကွေးလာသော Bossဖြစ်သူ၏မျက်ခုံးတို့ကိုကြည့်၍ အိုးတိုးအမ်းတမ်းဖြစ်သွားသည်။ ထိုဝန်ထမ်းနောက်ကနေ လိုက်ပါလာသော နောက်ထပ်ဝန်ထမ်းတစ်ယောက်က အခြေအနေကို အကဲခတ်ပြီး အကင်းပါးပါးဖြင့်...

"အာ... ဒီမနက်အလုပ်များနေတာနဲ့ ကျွန်တော်သူ့ကိုပြောဖို့မေ့သွားတာ ခုပဲသွားထုတ်လိုက်ပါမယ်ဗျ"

တွန့်ကုတ်နေသော ဝဿန်၏မျက်ခုံးတို့ ပြေလျော့သွားပြီး နှုတ်ခမ်းထောင့်တို့တွန့်ကွေးသွားသည်။

"ဟုတ်ပြီဟုတ်ပြီ မြန်မြန်တော့သွားကြ အကြာကြီးစောင့်ရအောင်မလုပ်မိစေနဲ့"

ဒုတိယဝန်ထမ်း၏ဆွဲခေါ်သွားခြင်းခံလိုက်ရသည့် ပထမဝန်ထမ်းလေးက သူ့Bossကိုလှည့်ကြည့်လိုက်၊ သူငယ်ချင်းကိုပြန်ကြည့်လိုက်ဖြင့် တစ်ခုခုပြောချင်ဟန်။

ပထမဝန်ထမ်း - မဟုတ်သးဘေူးလေ ငါတို့ဒီမနက်လေးတင် ငွေတွေအများကြီးးထုတ်လာခဲ့တာမဟုတ်ဘူးလား။ ပြီးတော့အဲ့ငွေတွေက အံဆြဲထဲမွာ...။

ဒုဝန်ထမ်းက ထိုတစ်ယောက်၏ဂုတ်ကျောကိုဖိ၍ တီးတိုးကြိမ်းသည်။

"ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လိုက်ခဲ့... ငါတို့ဘောက်ဆူးရရင်ရနိုင်မှာ"

သင်္ခါက ဝန်ထမ်းများကိုကျောခိုင်းထားသဖြင့် ထိုလူမ်ား၏အမူအရာကိုမေတြ့ရဘဲ ဘာကမမွန္သလဲဆိုတာ သတိမထားမိလိုက်။ သူ့နေရာတွင်သာ ငြိမ်ငြိမ်လေးထိုင်နေရှာ၏။ ဝဿန်က တေမိမင်းသားလေးကိုကြည့်၍ စကားစရန်ကြိုးစားလိုက်သည်။ တမင်ဆွဲထားသည့်အချိန်များကို အလဟဿမဖြစ်စေလို။

ရိုးသားသည့်ဖိုးသခွားလေးမှာတော့ မည်သည်ကိုမှမရိပ်မိနေပါချေ။

"ညီ... "

"ကျွန်တော့်အသက်၁၉"

"ဟမ်....?"

အရင်တစ်ခါတည်းက သင်္ခါပြောချင်နေခဲ့တာဖြစ်သည်။ သူတို့နှစ်ယောက်၏အသက်သည် သိပ်မကွာခြားလောက်ဘဲ ထိုသူက သူ့ကို ကလေးတစ်ယောက်ကိုစနောက်နေသလိုမျက်လုံးနှင့်ကြည့်တော့ စိတ်ထဲစနိုးစနှောင့်ဖြစ်ရ၏။

ဝဿန်သည်လည်း ခဏမျှကြောင်အသွားပြီးနောက်...

"ကိုယ်သိတယ်လေ...ဟိုတစ်ခါကမေးဖူးတယ် တစ်ခုခုဖြစ်လို့လား"

သို့သော်လည်း လူငယ်လေးက သူ့အား မှင်သေသေဖြင့်သာစိုက်ကြည့်နေခဲ့သည်။ ဝဿန်တစ်စုံတစ်ခုကိုတွေးလိုက်မိသည်။ ရုပ်ရည်သွင်ပြင်အရကြည့်သော် သူတို့ကသိပ်မကွာခြားသလိုထင်ရသည်။ သင်္ခါက အလုပ်ကြမ်းများလုပ်ရ၍သော်လည်းကောင်း၊ ဝဿန်က သက်တောင့်သက်သာနေရသောသူဌေးသားဖြစ်၍သော်လည်းကောင်း ဖြစ်နိုင်သည်။ ထို့ပြင်ရွယ်တူများကြားတွင်ပင် ဝဿန်ကပိုနုငယ်ပုံပေါက်ကာ နာမ်စားအခေါ်အဝေါ်များ ခဏခဏမွားခေါ်ခံရတတ်သည်။ ဥပမာ သူ့ထက်ငယ်သောသူကတောင် သူ့အား ညီလေးဟု မှားခေါ်တတ်ခြင်းပါပေ။ ယခုကောင်လေးလည်း ထိုသို့မှားနေပုံရပြီး သူ၏အခေါ်အဝေါ်ကြောင့် စိတ်ရုှပ်နေပုံရ၏။

"ကိုယ့်အသက်က ၂၅"

ဝဿန်ပြောလိုက်တော့ ပြန်လှည့်ကြည့်လာသည့် မျက်ဝန်းနက်နက်တွေက အံ့ဩမှုအပြည့်။ သူ့အသက်ကို အဲ့လောက်ရှိမည် ထင်မထားခဲ့ပုံပင်။ အမှန်တကယ်လည်း သင်္ခါက ဝဿန်နှင့်သူ့ကိုယ်သူကို ရွယ်တူဟုမှတ်ထင်ခဲ့ခြင်းဖြစ်သည်။

ခေါင်းကိုတစ်ဖက်လွှဲသွားကာ သက်သောင့်သက်သာဖြစ်နေပုံမရသည့် ပုံစံလေးကြောင့် ဝဿန့်မှာ ကျလိကျလိနှင့်ချိုမြိန်လွန်း၍ ကြောင်လေးတစ်ကောင်လို ပွတ်သပ်ပေးချင်စိတ်ပေါ်စေသည်။

တကယ်ကိုဘာလေးတုန်း။

"ညီက ယုံတဲ့ပုံမရဘူးပဲ... ကိုယ့်အသက်ကတော်တော်ကြီးနေပြီလို့ ထင်လား"

သင်္ခါက သူ့အပြုအမူရိုင်းသွားသည်ဟုထင်ကာ အားနာစွာဖြင့် ခေါင်းခါပြလိုက်သည်။ သူက ဒီတိုင်း အံ့ဩသွားရုံမျှသာ။

ဝဿန်ကပြုံးတုံ့တုံ့ဖြင့် သက်ပြင်းခပ်သာသာချ၍...

"မပူပါနဲ့ ကိုယ္က မင်းထက်စာရင်ပိုရင့်ပေမဲ့ မင်းကိုပေးမဲ့ ကိုယ့်နှလုံးသားလေးကတော့ တကယ်နုနုလေးပါ"

သင်္ခါ - "......"

သင်္ခါအနည်းငယ်တော့ သံသယဝင်လာပြီဖြစ်သည်။ ဒီလူ သူ့ကိုပရောပရီလုပ်ဖို့ တမင်များ အချိန်ဆွဲနေခဲ့လေသလား။

မေးခွန်းကအနည်းငယ် အူကြောင်ကြောင်နိုင်ပေမဲ့ လူငယ်လေးအနေမခက်အောင်လို့ ဝဿန်စကားလမ်းကြောင်းရွှေ့လိုက်သည်။ ဝန်ထမ်းများအတွက်ဝယ်ထားခဲ့သော ပျော့အိနို့သကြားလုံးအနည်းငယ်ကိုထုတ်၍...

"သကြားလုံးစားမလား"

မထင်မှတ်ထားသည်က သင်္ခါခေါင်းညိတ်လာမည်ကိုပင်။ သင်္ခါက ဒါမျိုးတွေကြိုက်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ နို့အုပ်ထားသောအရသာစုံသကြားလုံးပျော့ကို အခွံခွာပြီး ပါးစပ်ထဲထည့်ကာ တမြုံ့မြုံ့ဖြင့် အရသာခံနေပုံအား ဝဿန်ကိုယ်တိုင်က မသိလိုက်ဘဲ စိတ်ရင်းဖြင့်ပြုံးကြည့်နေမိသည်။ မျက်လွှာချထားသောကြောင့် မျက်တောင်ရှည်ဖြောင့်ဖြောင့်တို့က ပါးပြင်ထက် အရိပ်ထင်လို့နေ၏။ သကြားလုံးကိုလည်း နှုတ်ခမ်းတလှုပ်လှုပ်ဖြင့်အရသာခံနေလေရာ ကြည့်လေကြည့်လေ ပိုမိုချစ်စရာကောင်းလာလေပင်။

ရုတ်တရက် လူငယ်လေးမျက်လွှာပင့်လာခဲ့သဖြင့် နှစ်ယောက်သားအကြည့်ချင်းဆုံသွားကြ၏။ စားပွဲပေါ်မေးထောက်ကာ သူ့အား စိမ်ပြေနပြေငေးကြည့်နေလေသောသူကြောင့် သင်္ခါ ကြောင်အသွားရာမှ တစ်ခုခုကိုသဘောပေါက်သွားကာ ခေါင်းပြန်ငုံ့လိုက်သည်။

ခဏအကြာတွင် ဝဿန့်ရှေ့သို့ လိမ်မော်ရောင်အရသာနို့သကြားလုံးလေးတစ်လုံး ရောက်လာခဲ့သည်။

"ကိုယ့်အတွက်လား"

သင်္ခါက ခေါင်းကိုဘေးလှည့်ပြီးညိတ်ပြ၏။

ဝဿန် ပြုံး၍ သကြားလုံးကို အခွံခွာပြီး ပါးစပ်ထဲထည့်လိုက်သည်။ ထို့နောက် သူက...

"ကိုယ်လိမ်မော်အရသာကြိုက်မှန်း ညီဘယ်လိုခန့်မှန်းမိလဲ"

ဘေးလွှဲထားသောခေါင်းက မျက်နှာချင်းဆိုင်ပြန်လှည့်လာပြီး မျက်နှာထက်တွင်လည်း အံ့ဩမှုအပြည့်ဖြင့်။ ထို့နောက် တွန့်ဆုတ်စွာပြောလာသည်မှာ...

"ကျွန်တော်အဲ့တာကိုမကြိုက်ဘူး"

"အဟွတ်...!"

ကိုမျိုးကားဖြင့်ပြန်ပါသွားသော ကောင်လေးကိုကြည့်၍ ဝဿန် ကိုယ့်လည်ပင်းကိုယ်ပြန်ပွတ်လိုက်သည်။ သကြားလုံးနင်ခဲ့သည့်အကျိုးကြောင့် လည်ချောင်းကအောင့်ချင်ချင်။

ဒီကောင်လေးက လူကိုစိတ်ချမ်းသာအောင် ဘယ်လိုပြောရမလဲ တကယ္မသိဘူးပဲ။

နောက်ပိုင်းတွင် ကောင်လေးက တစ်လတစ်ကြိမ်ပုံမှန်ရောက်လာခဲ့သည်။ ဒါကလည်း ဝဿန့်၏ ဈေးကောင်းရတုန်းရာဘာမြန်မြန်ရောင်းရန်၊ တအားခြောက်သွေ့အောင်ထားလျှင် ပေါင်ချိန်လျော့ကျပြီး ကိုယ့်အတွက်သိပ်မကျန်ဟူသော ခြိမ်းခြောက်ချက်ကြောင့်ပင်။ အမြတ်စားမည့်ဝယ်သူတစ်ယောက်အနေဖြင့် ထိုသို့အကြံပေးလိုက်သည်က ကိုယ့်ထမင်းအိုးကိုယ်ခွဲနေသလိုပင်။

အကြောင်းမှာ ရာဘာအစိုကို အစိုဈေးပေးရတာဖြူပြီး အခြောက်ခံထားသောရာဘာပြားများက ဈေးကောင်းပိုရသည်။ ရာဘာသည် စိုနေသည့်အချိန်သာ အလေးချိန်စီးကာ ခြောက်သွားပါက တအားပေါ့၏။ တချို့ဖောက်သည်များက အပြင်ပန်းတွင်ခြောက်သွေ့သော်လည်း အစိုဓာတ်ကောင်းကောင်းမပျောက်သေးသည့်ရာဘာများယူလာတတ်သည်။ ထိုသို့သော အပြည့်အဝမခြောက်သွေ့သောရာဘာများကို အစိုဈေးပေး၍အဆင်မပြေဘဲ အခြောက်ဈေးပေးဝယ်ရတာဖြစ်ပြီး ဒိုင်အတွက်နစ်နာလေသည်။ သို့သော်လည်း ထိုကောင်လေးနှင့်ဆိုပါက သူကောင်းကောင်းကြီး အနစ်နာခံချင်စိတ်ရှိသည်။

(AN/ ဒီနား နားလည်လားမသိ။ ကိုယ္က ရာဘာခြောက်ဈေးပေးလိုက်ပေမဲ့ သူကကောင်းကောင်းမခြောက်သေးတော့ ကိုယ့်လက်ထဲမှာအပြည့်အဝခြောက်သွေ့သွားတဲ့ချိန် အလေးလျော့သွားတယ်။ ဥပမာ ကိုယ်ဝယ်တုန်းက 10ပေါင်ရှိနေပြီး ကိုယ်ပြန်ထုတ်ရောင်းမှ 8ပေါင်တည်းကျန်နေတာမျိုး)

နောက်ထပ်နှစ်လကြာပြီးနောက် ရွက်ဝါကြွေသည့်ရာသီကိုရောက်လာကာ ရာဘာအစေးထုတ်သမားများအတွက် ခေတ္တအနားယူရသောအချိန်လည်းဖြစ်သည်။ ရွက်ဝါကြွေနေစဉ် ရာဘာအစေးထုတ်၍မရနိုင်ဘဲ ရွက်နုဝေသည်အထိ ပြန်စောင့်ရ၏။ ရွက်နုထွက်ပြီးသည်နှင့် နောက်ထပ်နှစ်လရောက်လျှင် မိုးရာသီပြန်ရောက်မည်ဖြစ်ပြီး ထိုအချိန်သည် တစ်နှစ်တာ၏အစေးထုတ်လုပ်ငန်း ပြီးဆုံးသည်။

ဘာကြောင့်မှန်းမသိ ဝဿန် စိတ်မပျော်နေတော့ပါ။ တစ်နေကုန်မျက်မှောင်ကုတ်နေခဲ့ပြီး စိတ်အခြေအနေမကောင်းကြောင်းကို အတိအလင်းပြသနေခဲ့သည်။ ပုံမှန်ဆိုလျှင် ပျော်ရွှင်စွာ စနောက်ပျော်ပါးလေ့ရှိကြသည့် ဝန်ထမ်းသုံးယောက်သည်လည်း Bossဖြစ်သူ၏အရိပ်အခြေကိုကြည့်၍ တိတ်ဆိတ်နေကြသည်။ ထိုသို့သောနေ့ရက်သည် 'ဒီသင်္ခါမိုး'ဟူသည့် လူငယ်လေး ထပ်မရောက်လာခင်နေ့အထိတိုင် တည်ရှိနေခဲ့သည်။

ဝဿန်သည် လူငယ်လေးဆီလှမ်းမသွားခင် ဖုန်းသံမြည်လာသောကြောင့် တစ်ဖန်ပြန်၍ မျက်မှောင်ကုတ်ချီသွားလေသည်။ အလုပ်အတွက် သီးသန့်Ringtoneသာ ဟုတ်မနေခဲ့လျှင် သူBlockမိသွားလောက်သည်။ အဆုံးမှာတော့ ဒါက ထိုကောင်လေးနှင့်တွေ့ရသည့် တစ်ခုတည်းသောအချိန်အနည်းငယ်မျှသာ။

တိတ်ဆိတ်သောဘက်ခြမ်းသွား၍ အသက်ကိုခပ်ပြင်းပြင်းရှူသွင်းပြီးနောက် ဖုန်းကိုလက်ခံ၍ ချိုသာစွာထူးလိုက်သည်။

"Hello...."

ဆယ်မိနစ်ခန့်အကြာတွင် စိတ်တိုနေခဲ့သော ဝဿန်သည် ဖောသီလှသောအပြုံးတို့ပေါ်ထွက်လာခဲ့သည်။

-

သင်္ခါ... ပေါင်ချိန်စက်ဘေးတွင်ရပ်နေရင်း အနောက်ဘက်သို့ ခဏခဏခေါင်းလှည့်ကြည့်မိသည်။ ရာဘာများအားလုံး ချိန်လို့ပြီးခါနီးလေ သူ၏မျက်နှာလေးထက် မသာမယာဖြစ်လာလေ။

အနားရှိ ဒုတိယဝန်ထမ်းနှင့် တတိယဝန်ထမ်းသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ အဆုံးမှာတော့ သူတို့က ပထမဝန်ထမ်းလိုမတုံးအပါပေ။ Bossဖြစ်သူသည် Come Outလုပ်ထားသူတစ်ယောက်ဖြစ်ပြီး အပြုံးချိုသော်လည်း ထိုအပြုံးကစီးပွားရေးဆန်သည်။ သူ၏စိတ်ပါလက်ပါဖြင့် စစ်မှန်သောအပြုံးကို မြင်ရသည့်လူရှားသည်။

သို့သော်လည်း လွန်ခဲ့သောငါးလမှစ၍ သူတို့မတွေ့ဖူးသော Boss၏ပုံစံကိုမြင်ခဲ့ကြရသည်။ လူငယ်လေးတစ်ယောက်က သူ၏အနားတွင်ရှိနေသောအခါ သူခဏခဏပြုံးနေလိမ့်မည်ဖြစ်ပြီး အချိန်ရလျှင်ရလို စနောက်နေပေလိမ့်မည်။ ထိုလူငယ်လေးကလည်း Bossပရောပရီလုပ်သမျှ ခပ်တည်တည်ဖြင့်ထိုင်နားထောင်နေပြီး နားရွက်ဖျားတို့နီရဲလာလိမ့်မည်။ ကာယကံရှင်နှစ်ယောက်က သိချင်မှသိကြလိမ့်မည်ဖြစ်သော်လည်း ဒါက သူတို့လိုဖူဒန်ရှီတွေအတွက်တော့ သငေ်္ဘာလွှင့်လို့ အကောင်းဆုံးအနေထားဖြစ်နေခဲ့၏။


(AN/ ဖတ်ရတာ အဆင်ပြေကြရဲ့လားပဲ။ နေ့တိုင်းupချင်လို့သာရေးနေပေမဲ့ ကိုယ်တော့သိပ်ဘဝင်မတွေ့။ အေရးအသားက ပျင်းစရာကောင်းပြီး ဇာတ်ကြောင်းကလောနေတယ်။ ကြားထဲမှာအသေးစိတ်ရေးထားတာလည်း ရှိပေမဲ့လို့ တအားငြီးငွေ့စရာကောင်းလို့ ဖျက်ပစ်လိုက်ပြီ။ အဆုံးမှာတော့ ဒါကဆယ်ပိုင်းကျော်လောက်ပဲရှိလိမ့်မယ်။)


You are reading the story above: TeenFic.Net