သင်္ခါတစ်ယောက် ထီးလိုင်ရွာတွင် တည်းခို၍ ရာဘာဖောက်သည်များရှာနေစဥ်မှာပဲ ဝဿန်တစ်ယောက် စိတ်မကြည်မလင်ဖြစ်နေသောမျက်နှာဖြင့် ရောက်ချလာခဲ့သည်။ ဝဿန်... သင်္ခါတည်းခိုသည့်အိမ်ကိုစုံစမ်း၍ ရောက်သွားချိန် သင်္ခါက ရှိမနေ။
အိမ်ရှင်လင်မယား၏ပြောပြချက်အရ တစ်ဖက်ရပ်ကွက်ဆီသွား၍ ရာဘာချိန်နေခဲ့တာဖြစ်သည်။ ရောက်နေကြောင်းအသိပေးဖို့ ဖုန်းဆက်လိုက်သော်လည်း စက်ကပိတ်ထားပြန်သည်။ နာရီအနည်းငယ်ခန့်ကြာတော့မှ ရယ်ကာမောနေသော ကောင်လေးတစ်ယောက်နှင့်အတူ ပြန်ရောက်လာခဲ့သည်။
ရောက်ရောက်ချင်း ဝဿန့်အားတွေ့ရသောအခါ အံ့ဩဝမ်းသာသွားဟန်ဖြင့် အနားပြေးကပ်လာ၍...
"ခါ"
ချစ်ရသူ၏ထိုပုံစံကြောင့် ဝဿန့်ရင်ထဲ အနည်းငယ်အေးချမ်းပြီး ဒေါသများလည်း အနည်ထိုင်သွားခဲ့လေသည်။
"ဘယ်တုန်းကရောက်တာလဲ"
"ခုလေးတင်ပဲ"
ပြန်ဖြေရင်း ဝဿန့်အကြည့်က သင်္ခါ့ဘေးကျရောက်သွားသည်။ ထိုလူငယ်လေးသည် သင်္ခါသူ့အနားအပြေးရောက်လာကတည်ူက အနောက်ကနေပါလာခဲ့တာဖြစ်ပြီး အသက်မပါသည့်အပြုံးတစ်ခုကို နှုတ်ခမ်းထက်တပ်ဆင်ထားသည်။
"ကြိုလည်းမပြောဘူး"
ဝဿန်က အကြည့်ကိုပြန်သိမ်း၍...
"ကိုယ်ဖုန်းဆက်ခဲ့သေးတယ်... တစ်ယောက်ယောက်က မင်းမအားဘူးဆိုလို့ ပြီးတော့ကိုယ့်နံပါတ် blockခံထားရပုံပဲ"
ထိုကောင်လေးမျက်နှာက ကွက်ခနဲ ပျက်သွားလေ၏။ ဝဿန်က သင်္ခါ့ချစ်သူမှန်း သူမသိနိုင်သေးသော်လည်း ယခင်နေ့ကဖုန်းဆက်လာခဲ့သူဖြစ်မှန်း ခန့်မှန်းမိသွားပုံရသည်။ လက်ရှိဆက်ဆံရေးကိုကြည့်ခြင်းအားဖြင့် နှစ်ဦးသား၏ရင်းနှီးမှုက တော်ရုံမဟုတ်မှန်းလည်း သိရှိသွားပုံပင်။
ထို့ကြောင့် သင်္ခါက သူ့ဆီအကြည့်ပို့လာသောအခါ တစ်ခုခုဆို အပြစ်ကနေရှောင်လွဲနိုင်ဖို့အတွက်...
"ဟိုလေ... အဲ့တာ ကိုကို့ဖုန်းနဲ့ဂိမ်းဆော့နေတုန်း အမည်မမှတ်ထားတဲ့နံပါတ်နဲ့ ဖုန်းဝင်လာခဲ့တာ"
သင်္ခါအလိုမကျဖြစ်ကာ မေးလိုက်သည်။
"ဘာလို့မပြောတာလဲ"
ထိုကောင်ငယ်လေးက အပြစ်ရှိဟန်ဖြင့် မျက်နှာကိုငယ်၍...
"ကိုကိုအလုပ်များနေတုန်းမို့လေ... ပြီးတော့ ကိုကို့ဖုန်းမှာ အဲ့နံပါတ်တစ်လုံးထဲ နာမည်မမှတ်ထားတော့ ဖုန်းသရဲထင်လိုက်လို့"
"ကိုယ်မင်းနာမည်ကိုပြောလိုက်သေးတယ်... "
ထို့ကြောင့် ဖုန်းသရဲလို့ ထင်စရာအကြောင်းမရှိ။ သူ့နံပါတ်ကလည်း သင်္ခါနှင့် ဖုန်းကောအများဆုံးပြောဖြစ်သည်ဆိုတာကိုလည်း တမင်မရှာယူဘဲနဲ့တောင် မြင်နေရသည်။
"အကယ်၍ ဒါကအရေးကြီးတဲ့အလုပ်ဖုန်းသာဆို မင်းရဲ့လုပ်ငန်းထိခိုက်နေပြီ"
ထိုကောင်ငယ်လေးမှာ ဝဿန်က သူ့ကိုမျက်နှာသာမပေးဘဲနေလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။ တစ်ခုခုပြန်ပြောလိုက်ချင်ပေမဲ့ သူ့အမှားကြောင့် ဘာပြန်ပြောရမှန်းလည်းသိပုံမရ။ တကယ်တမ်းမှာလည်း ထိုဖုန်းကောကို ဖုန်းသရဲဟု သူထင်ခဲ့တာမဟုတ်ဘဲ သင်္ခါနှင့်အပြောအများဆုံးနံပါတ်ဖြစ်နေ၍ အလိုလိုအူတိုနေခဲ့ခြင်းသာ။
"အခုလည်း ကိုကို့အလုပ်ထိလိုက်သွားတာမဟုတ်ဘူးမလား... ကျွန်တော်က ဒီအတိုင်း ကိုကိုအလုပ်လုပ်နေတုန်း စိတ်အနှောင့်အယှက်မဖြစ်စေချင်ရုံပဲ"
"ဒီသင်္ခါမိုးအလုပ်လုပ်နေပါတယ်လို့လည်း မင်းမပြောခဲ့ပါဘူး"
ဝဿန်ကလည်း ဤကဲ့သို့ ဇွတ်ဖြူစင်သူမျိုးကို အလျော့ပေးမည့်အတွေးမရှိ။
သင်္ခါမှာ နှစ်ယောက်သားကြား ဟိုကြည့်ဒီကြည့်ဖြင့် ဘာပြောရမှန်းမသိဖြစ်နေရှာလေသည်။ သူ့ဘေးက လူငယ်လေးမှာ တဖြည်းဖြည်းစိတ်ဆိုးလာဟန်ပေါ်ကာ ဟိုလူကြီးကိုကြည့်တော့လည်း ရုပ်တည်ကြီးဖြင့် အတည်ပေါက်ပြောနေသည်။ ထိုပုံစံကိုတောင် သူတစ်ခါမှမြင်ဖူးခဲ့တာမဟုတ်။
ကောင်ငယ်လေးမှာ သင်္ခါက ဘာမှမပြောဘဲ ငြိမ်နေသည်ကို အခွင့်ကောင်းယူ၍...
"ကိုကိုကတောင် ဒီအတွက်ဘာမှမပြောတာကို ခင်ဗျားက ဘာမို့လာပြောနေတာလဲ"
ထိုစကားကြားလိုက်သည်နှင့် ဝဿန်တောင်ခွန်းတုံ့မပြန်ရသေးခင် တစ်ချိန်လုံးရပ်နေသော သင်္ခါက မျက်နှာသေဖြင့် ဝင်ပြောလာ၏။
"ခါ့ကို အဲ့လိုမပြောနဲ့... ငါမကြိုက်ဘူး"
"ကိုကို..."
ကောင်ငယ်လေးက နှုတ်ခမ်းစူကာ ဝဿန့်အား ဒေါသတကြီးကြည့်လာခဲ့သည်။
"ကျွန်တော်က ကိုကို့အတွက်တွေးပေးခဲ့တာကို"
"မလိုအပ်ဘူး... သူ့အတွက်တွေးပေးဖို့ ငါတစ်ယောက်လုံးရှိနေတယ်"
ကောင်ငယ်လေးက ထိုစကားနားလည်ရန် အချိန်ခဏပေးလိုက်ရသည်။ ပြီးသည်နှင့် နှုတ်ခမ်းကိုက်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်သွားလေ၏။
သင်္ခါ ထိုအခါမှ တစ်ချိန်လုံးဘာသံမှဝင်မလာသည့်ဖုန်းကို သင်္ခါတစ်ယောက် ထီးလိုင်ရွာတွင် တည်းခို၍ ရာဘာဖောက်သည်များရှာနေစဥ်မှာပဲ ဝဿန်တစ်ယောက် စိတ်မကြည်မလင်ဖြစ်နေသောမျက်နှာဖြင့် ရောက်ချလာခဲ့သည်။ ဝဿန်... သင်္ခါတည်းခိုသည့်အိမ်ကိုစုံစမ်း၍ ရောက်သွားချိန် သင်္ခါက ရှိမနေ။
အိမ်ရှင်လင်မယား၏ပြောပြချက်အရ တစ်ဖက်ရပ်ကွက်ဆီသွား၍ ရာဘာချိန်နေခဲ့တာဖြစ်သည်။ ရောက်နေကြောင်းအသိပေးဖို့ ဖုန်းဆက်လိုက်သော်လည်း စက်ကပိတ်ထားပြန်သည်။ နာရီအနည်းငယ်ခန့်ကြာတော့မှ ရယ်ကာမောနေသော ကောင်လေးတစ်ယောက်နှင့်အတူ ပြန်ရောက်လာခဲ့သည်။
ရောက်ရောက်ချင်း ဝဿန့်အားတွေ့ရသောအခါ အံ့ဩဝမ်းသာသွားဟန်ဖြင့် အနားပြေးကပ်လာ၍...
"ခါ"
ချစ်ရသူ၏ထိုပုံစံကြောင့် ဝဿန့်ရင်ထဲ အနည်းငယ်အေးချမ်းပြီး ဒေါသများလည်း အနည်ထိုင်သွားခဲ့လေသည်။
"ဘယ်တုန်းကရောက်တာလဲ"
"ခုလေးတင်ပဲ"
ပြန်ဖြေရင်း ဝဿန့်အကြည့်က သင်္ခါ့ဘေးကျရောက်သွားသည်။ ထိုလူငယ်လေးသည် သင်္ခါသူ့အနားအပြေးရောက်လာကတည်ူက အနောက်ကနေပါလာခဲ့တာဖြစ်ပြီး အသက်မပါသည့်အပြုံးတစ်ခုကို နှုတ်ခမ်းထက်တပ်ဆင်ထားသည်။
"ကြိုလည်းမပြောဘူး"
ဝဿန်က အကြည့်ကိုပြန်သိမ်း၍...
"ကိုယ်ဖုန်းဆက်ခဲ့သေးတယ်... တစ်ယောက်ယောက်က မင်းမအားဘူးဆိုလို့ ပြီးတော့ကိုယ့်နံပါတ် blockခံထားရပုံပဲ"
ထိုကောင်လေးမျက်နှာက ကွက်ခနဲ ပျက်သွားလေ၏။ ဝဿန်က သင်္ခါ့ချစ်သူမှန်း သူမသိနိုင်သေးသော်လည်း ယခင်နေ့ကဖုန်းဆက်လာခဲ့သူဖြစ်မှန်း ခန့်မှန်းမိသွားပုံရသည်။ လက်ရှိဆက်ဆံရေးကိုကြည့်ခြင်းအားဖြင့် နှစ်ဦးသား၏ရင်းနှီးမှုက တော်ရုံမဟုတ်မှန်းလည်း သိရှိသွားပုံပင်။
ထို့ကြောင့် သင်္ခါက သူ့ဆီအကြည့်ပို့လာသောအခါ တစ်ခုခုဆို အပြစ်ကနေရှောင်လွဲနိုင်ဖို့အတွက်...
"ဟိုလေ... အဲ့တာ ကိုကို့ဖုန်းနဲ့ဂိမ်းဆော့နေတုန်း အမည်မမှတ်ထားတဲ့နံပါတ်နဲ့ ဖုန်းဝင်လာခဲ့တာ"
သင်္ခါအလိုမကျဖြစ်ကာ မေးလိုက်သည်။
"ဘာလို့မပြောတာလဲ"
ထိုကောင်ငယ်လေးက အပြစ်ရှိဟန်ဖြင့် မျက်နှာကိုငယ်၍...
"ကိုကိုအလုပ်များနေတုန်းမို့လေ... ပြီးတော့ ကိုကို့ဖုန်းမှာ အဲ့နံပါတ်တစ်လုံးထဲ နာမည်မမှတ်ထားတော့ ဖုန်းသရဲထင်လိုက်လို့"
"ကိုယ်မင်းနာမည်ကိုပြောလိုက်သေးတယ်... "
ထို့ကြောင့် ဖုန်းသရဲလို့ ထင်စရာအကြောင်းမရှိ။ သူ့နံပါတ်ကလည်း သင်္ခါနှင့် ဖုန်းကောအများဆုံးပြောဖြစ်သည်ဆိုတာကိုလည်း တမင်မရှာယူဘဲနဲ့တောင် မြင်နေရသည်။
"အကယ်၍ ဒါကအရေးကြီးတဲ့အလုပ်ဖုန်းသာဆို မင်းရဲ့လုပ်ငန်းထိခိုက်နေပြီ"
ထိုကောင်ငယ်လေးမှာ ဝဿန်က သူ့ကိုမျက်နှာသာမပေးဘဲနေလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။ တစ်ခုခုပြန်ပြောလိုက်ချင်ပေမဲ့ သူ့အမှားကြောင့် ဘာပြန်ပြောရမှန်းလည်းသိပုံမရ။ တကယ်တမ်းမှာလည်း ထိုဖုန်းကောကို ဖုန်းသရဲဟု သူထင်ခဲ့တာမဟုတ်ဘဲ သင်္ခါနှင့်အပြောအများဆုံးနံပါတ်ဖြစ်နေ၍ အလိုလိုအူတိုနေခဲ့ခြင်းသာ။
"အခုလည်း ကိုကို့အလုပ်ထိလိုက်သွားတာမဟုတ်ဘူးမလား... ကျွန်တော်က ဒီအတိုင်း ကိုကိုအလုပ်လုပ်နေတုန်း စိတ်အနှောင့်အယှက်မဖြစ်စေချင်ရုံပဲ"
"ဒီသင်္ခါမိုးအလုပ်လုပ်နေပါတယ်လို့လည်း မင်းမပြောခဲ့ပါဘူး"
ဝဿန်ကလည်း ဤကဲ့သို့ ဇွတ်ဖြူစင်သူမျိုးကို အလျော့ပေးမည့်အတွေးမရှိ။
သင်္ခါမှာ နှစ်ယောက်သားကြား ဟိုကြည့်ဒီကြည့်ဖြင့် ဘာပြောရမှန်းမသိဖြစ်နေရှာလေသည်။ သူ့ဘေးက လူငယ်လေးမှာ တဖြည်းဖြည်းစိတ်ဆိုးလာဟန်ပေါ်ကာ ဟိုလူကြီးကိုကြည့်တော့လည်း ရုပ်တည်ကြီးဖြင့် အတည်ပေါက်ပြောနေသည်။ ထိုပုံစံကိုတောင် သူတစ်ခါမှမြင်ဖူးခဲ့တာမဟုတ်။
ကောင်ငယ်လေးမှာ သင်္ခါက ဘာမှမပြောဘဲ ငြိမ်နေသည်ကို အခွင့်ကောင်းယူ၍...
"ကိုကိုကတောင် ဒီအတွက်ဘာမှမပြောတာကို ခင်ဗျားက ဘာမို့လာပြောနေတာလဲ"
ထိုစကားကြားလိုက်သည်နှင့် ဝဿန်တောင်ခွန်းတုံ့မပြန်ရသေးခင် တစ်ချိန်လုံးရပ်နေသော သင်္ခါက မျက်နှာသေဖြင့် ဝင်ပြောလာ၏။
"ခါ့ကိုအဲ့လိုမပြောနဲ့... ငါမကြိုက်ဘူး"
"ကိုကို..."
ကောင်ငယ်လေးက နှုတ်ခမ်းစူကာ ဝဿန့်အား ဒေါသတကြီးကြည့်လာခဲ့သည်။
"ကျွန်တော်က ကိုကို့အတွက်တွေးပေးခဲ့တာကို"
"မလိုအပ်ဘူး... သူ့အတွက်တွေးပေးဖို့ ငါတစ်ယောက်လုံးရှိနေတယ်"
ကောင်ငယ်လေးက ထိုစကားနားလည်ရန် အချိန်ခဏပေးလိုက်ရသည်။ ပြီးသည်နှင့် နှုတ်ခမ်းကိုက်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်သွားလေ၏။
သင်္ခါ ထိုအခါမှ တစ်ချိန်လုံးဘာသံမှဝင်မလာသည့်ဖုန်းကို ဖွင့်ကြည့်တော့ စက်ပိတ်ထားသည်ကိုတွေ့လိုက်ရ၏။
"မင်းပိတ်ထားတာလား"
"မဟုတ်ပါဘူး"
သူပိတ်ဖို့နေနေသာသာ တစ်ချိန်လုံး ဝဿန်ဖုန်းဆက်လာမည့်အသံကို နားစွင့်နေခဲ့တာဖြစ်သည်။
"ကိုယ်ဖုန်းဆက်တာမနေ့ကတည်းကလေ တစ်ရက်တောင်ကူးသွားပြီ ဒါတောင်မင်းကသတိမထားမိဘူး"
"ကျွန်တော်..."
သင်္ခါ နှုတ်ခမ်းကိုဖိကြိတ်လိုက်ပြီး မည်သို့ပြောရမည်မှန်းမသိတော့ပေ။ ဝဿန်စိတ်ဆိုးမှာကို သူမလိုချင်။ ဒါက သူ၏ပေါ့ဆမှုကြောင့်သာဖြစ်ကာ ဝဿန်စိတ်ညှိုးနွမ်းဖို့ မထိုက်တန်ပါချေ။
"တောင်းပန်ပါတယ်"
"ကိုယ်မင်းကို အပြစ်တင်တဲ့သဘောမဟုတ်ပါဘူး ဒါပေမဲ့ ကိုယ်ကမင်းအသံလေးကြားချင်လို့ ဖုန်းခေါ်လိုက်တဲ့အချိန်မှာ လူစိမ်းတစ်ယောက်က ဖုန်းလာကိုင်ပြီး စကားကို ဟိုဟိုဒီဒီပြောသွားခဲ့တယ် ပြီးတော့ကိုယ်အBlockခံလိုက်ရတယ် စဥ်းစားကြည့် ကိုယ်စိတ်မပူရဘူးလား"
"အင်း"
"တစ်ခုခုရှင်းပြချင်တာရှိလား"
သင်္ခါ မဝံ့မရဲဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဝဿန် ပါးပေါ်လက်ထောက်၍...
"ကိုယ်နားထောင်ပေးမယ်"
"ကျွန်တော်အဲတုန်းက ဖောက်သည်အသစ်တွေနဲ့စကားပြောနေခဲ့တဲ့အချိန်ဖြစ်မယ်ထင်တယ်"
"အင်း"
"သူက ဖုန်းလာတောင်းတယ် သဘောကျလို့တစ်ချက်ကြည့်ကြည့်လို့ရမလားတဲ့ ပြီးတော့ ဖုန်းယူပြီးထွက်သွားတယ်"
လူအများကြီးကြား တားလို့မကောင်းတာမို့ ငြိမ်ကြည့်နေခဲ့ရတာဖြစ်သည်။ သူသည်လည်း ဝဿန်ဝယ်ပေးခဲ့သည့်ဖုန်း ဘယ်သူ့ကိုမှ ကိုင်ခွင့်ပြုချင်တာမဟုတ်ပေ။
"သူနဲ့အရမ်းရင်းနှီးလား"
"ဟင့်အင်း သူ့အမေနဲ့တော့ နည်းနည်းရင်းနှီးတယ်"
"ရင်းနှီးသည်ဖြစ်စေ မရင်းနှီးသည်ဖြစ်စေ ဖုန်းကို ဟိုလူ့လက်ထဲ ဒီလူ့လက်ထဲ လျှောက်ထည့်ထားလို့မရဘူးဆိုတာ သိထားရမယ်...ပြီးရင် ပြန်စစ်ကြည့်ရမယ်ဆိုတာလည်း မှတ်ထားရမယ် အဝေးကကိုယ်က အဲ့တာနဲ့ကြုံရတဲ့အခါ အထင်လွဲမှုမရှိရင်တောင် စိတ်အနှောင့်အယှက်ဆိုတာ ဖြစ်လာမှာပဲ"
"ကျွန်တော်သိပါပြီ"
"ဟုတ်ပြီ... ထားလိုက်ပါတော့ ကိုယ်လည်းမင်းကိုစိတ်ဆိုးနေတာမှမဟုတ်ဘဲ... အနားလာထိုင်ပါဦး ကိုယ်အများကြီးလွမ်းနေခဲ့တာ"
သင်္ခါ ဝဿန့်အနားတိုးကပ်လိုက်ပြီး ကိုယ်ကိုကိုင်းကာဖက်လိုက်၏။ တရင်းတနှီးဖြစ်နေသည့် ကိုယ်သင်းနံ့လေးအားရလိုက်စဥ် စိတ်နှလုံးတော့ကြည်ရွှင်သွားခဲ့ရပြီး ဝဿန့်၏ကော်လံစအား မသိမသာအနံ့ခံနေမိတော့သည်။
အားသည့်အချိန်တွင် ဝဿန်က သင်္ခါ့ဖုန်းထဲမှ တစ်ဖက်လူ၏ခြေရာလက်ရာများကို ပြန်လိုက်ဖျက်လိုက်ကာ သူ့နံပါတ်ကိုလည်းBlockပြန်ဖြည်လိုက်သည်။
"ခါ အဲ့တာဘာလုပ်တာလဲ"
"ကိုယ့်ကိုဖုန်းဆက်မရအောင်လုပ်ထားတာကို ပြန်ဖြည်နေတာလေ"
"ဪ..."
ဝဿန့်နံပါတ်ကို တခြားနံပါတ်များကဲ့သို့ နာမည်မမှတ်ထားပေ။ အကြောင်းမှာ သင်္ခါက ဒီဂဏန်းနံပါတ်များကို ရင်းနှီးအောင်လုပ်ကာ အလွတ်မှတ်ထားချင်၍ဖြစ်သည်။ ထို့ကြောင့်ပဲ ဝဿန်က သူ့ကို တစ်နေ့မှာ အနည်းဆုံးတစ်ခါတော့ ဖုန်းဆက်ပေးရလေ့ရှိသည်။ ဒါက ပို၍အထောက်အကူဖြစ်စေသည်။
ဝဿန် မက်ဆေ့ဘောက်ထဲဝင်ပြီး စာများကိုမဖျက်မီ သင်္ခါ့အား ထောင်ပြ၍...
"ကိုယ်ဒီစာတွေကိုဖျက်လိုက်မယ်နော်"
"ဖျက်လေ"
သူလည်းဖတ်တတ်တာမဟုတ်။
"မင်းသိချင်သေးလား ဘာတွေရေးထားသလဲဆိုတာ"
သင်္ခါခေါင်းခါပြလိုက်၏။ သိရတော့လည်း သူဘာလုပ်ရမှာတဲ့လဲ။ ဝဿန်ကျေနပ်စွာပြုံးရင်း မက်ဆေ့များအကုန်ဖျက်ပစ်လိုက်သည်။ မက်ဆေ့များထဲမှနောက်ဆုံးပို့ထားသောတစ်စောင်က ခုနလေးတင်ကပဲဖြစ်ကာ သူနှင့်သင်္ခါ့အကြောင်းကို မေးထားသည်။ ထို့နောက် သဝန်တိုမိကြောင်းတွေရော သင်္ခါက ယောကျာ်းချင်းကြိုက်သည်ဆိုလျှင် သူ့ကိုတွဲဖို့အကြောင်းတွေပါ ရေးထားလေ၏။ သူက ဝဿန့်လိုလူထက် ပို၍စိတ်လှုပ်ရှားပျော်ရွှင်စေနိုင်သည်ဟုပါ ရေးထားသည်။ ဘာတုံ့ပြန်ချက်မှမရတော့ အွန်လိုင်းပေါ်တက်လာပေးပါရန် တောင်းဆိုထားသည်။
ဝဿန်တွေးကြည့်တော့ သင်္ခါ့ကို အကောင့်ဖွင့်ပေးထားခဲ့သည်ကို ပြန်အမှတ်ရမိကာ Onlineတက်ရန်ပြင်၏။ တစ်ဖက်လူတောင်းဆိုချက်ကြောင့်မဟုတ်ဘဲ အကောင့်ကိုဖယ်ထုတ်လိုက်ရန်ဖြစ်သည်။ Onlineပေါ်ကအကောင့်ထဲ ဝင်လိုက်မှပဲ မြင်ကွင်းက ပိုဆိုးသွားခဲ့သည်။ ဝဿန့်၏ မကြည်လင်သောစိတ်က ဖုန်းကိုပိတ်ကာ ချထားလိုက်မိသည်အထိပင်။
"ဘာဖြစ်လို့လဲ ခါ.."
"ဖုန်းထပ်မကိုင်နဲ့တော့"
"ဟင်"
"ဘယ်သွားကိုယ်လိုက်မယ်... တောင်ပေါ်တက်တဲ့အချိန်တွေမှာဆို ကီးပက်ဆောင်သွား"
"အင်း"
သင်္ခါက ထပ်ပြီး အမေးအမြန်းမရှိ။ အဲ့လောက်လိမ်မာက စကားနားထောင်နေမှတော့ တစ်ဖက်လူက လိုချင်နေတာမဆန်းတော့။ ဝဿန် စိတ်ရှုပ်စွာဖြင့် သင်္ခါ့နဖူးကိုငုံ့နမ်းလိုက်လေသည်။
နောင်ရက်များတွင်လည်း ထိုကောင်လေးက မျက်နှာပြောင်တိုက်ကာ ပေါ်လာပြန်၏။
"ကိုကို... ကျွန်တော့်အိမ်လိုက်ပြီး မနက်စာလာစားပါလား မေမေက ကိုကို့အတွက် ပိုချက်ထားတယ်"
"စားပြီးပြီ"
သင်္ခါဖြေရင်း ခြံထဲကို ဝေ့ဝဲကြည့်လိုက်သည်။ ဝဿန်တစ်ယောက် ဘယ်ရောက်နေလဲသူမသိပါချေ။
လူငယ်ကောင်လေးက အတင့်ရဲစွာဖြင့်ပင် သင်္ခါရာဘာဆွဲဖတ်အခွံတို့ကို ဆွဲချွတ်နေသည့်ဘေးသို့ လာထိုင်ချပြီး...
"ကျွန်တော် ကူချွတ်ပေးမယ်..."
"ရပါတယ်"
တအားကပ်နေသောကြောင့် ဘေးသို့မသက်မသာရွှေ့ထိုင်လိုက်သည်။ ထိုအပြုအမူတို့ကို ထိုလူငယ်ကောင်လေးက စိတ်ထဲမထားသည့်အပြင် အပြုံးပါမပျက်ချေ။
သင်္ခါနှင့်ပတ်သက်လျှင် သူ့တွင် ယုံကြည်ချက်ရှိသည်ဟုဆိုရမည်။ သင်္ခါက သူကိုကိုဟုခေါ်သည်ကို မကန့်ကွက်သလို အနောက်ကနေလည်း တကောက်ကောက်လိုက်ခွင့်ပြုထားသည်။ ထိုမျှသာမက ရေလာမြောင်းပေးစကားများအပြင် ဒဲ့တိုးဆန်သောစကားများကို ဖုန်းကနေပြောရာတွင်လည်း စာပြန်မလာသည့်တိုင် နောက်ရက်တွေမှာ သူ့ကိုကောင်းကောင်းဆက်ဆံနေဆဲ။ သင်္ခါ့စိတ်ထဲ သူအနည်းနှင့်အများတော့ရှိနိုင်လောက်သည်။ ဘယ်ပြောနိုင်မည်လဲ။ ဝဿန်က အရင်ကပ်နိုင်ခြွေနိုင်လို့ ဒီရိုးအေးသူက ပါသွားသလားဆိုတာ။
မျက်နှာသစ်ပြီး၍ ယခုမှအိမ်ထဲက ထွက်လာတော့မည့် ဝဿန်က အိမ်အောက်က မြင်ကွင်းကိုကြည့်ပြီး ခြေလှမ်းရပ်သွားသည်။ လူငယ်ကောင်လေးက ဒီတိုင်းစကားပြောနေသလိုမျိုးဖြင့် လက်ကိုဆန့်ကာ သင်္ခါ၏ပေါင်ရင်းနားကို မတော်တဆထိမိသလို လုပ်လိုက်သည်။ သူ့အနေနှင့် ကလေးနဲ့အပြိုင် ဖက်ပြိုင်ရန်မဖြစ်ချင်သော်လည်း သူ့ချစ်သူငယ်လေး၏ ထိတ်လန့်တကြား မတ်တပ်ရပ်လိုက်ပုံကိုတွေ့တော့ နှုတ်ခမ်းကိုအသာတွန့်၍...
"ယောကျာ်း... ဒီကိုခဏလာပါဦး ကိုယ့်အဝတ်တစ်ခုခုငြိနေလို့"
လူကောင်မမြင်ရဘဲ အိမ်ထဲကအသံထွက်လာသောအခါ သင်္ခါ့ ဝုန်းဒိုင်းဆိုသလို လှေကားမှတစ်ဆင့်ပြေးတက်သွားသည်။
"ခါ..."
"အင်း...ကိုယ့်ကိုကြည့်ပေးပါဦး"
လက်ကိုအသာပိုက်၍ နံရံအားမှီရပ်နေသည့် ဝဿန့်ကိုမြင်တော့ သင်္ခါပြုံးသွားကာ ခါးကိုပြေးဖက်လိုက်သည်။
"အရူးလေး..."
ပခုံးကြားမှ ရယ်သံခပ်တိုးတိုးထွက်လာခဲ့လေ၏။
"နောက်တစ်ခါဆိုတာရှိလာခဲ့ရင် ပြတ်ပြတ်သားသားငြင်းလိုက်... အူကြောင်ကြောင်မလုပ်နဲ့"
"သိပါပြီ"
"အိုကေ... ကိုမျိုးရောက်လာရင် ရာဘာသွားသယ်မှာမလား နောက်ထပ် ချိန်ရမှာရောရှိသေးလား"
"မကျန်တော့ဘူး... အရင်နေ့တွေကဟာတွေကို ကားပေါ်တင်ပြီးရင် အိမ်ပြန်လို့ရပြီ"
"omm"
နေ့ခင်းဘက် ၁နာရီတွင် ကိုမျိုးသည် သူ၏ကားဖြင့်ရောက်လာခဲ့ပြီး သင်္ခါဝယ်ထားသောရာဘာမှန်သမျှကို ကားပေါ်တင်လိုက်သည်။
ဝဿန် သင်္ခါ၏ဟဲလ်မက်ဆောင်းပေးခြင်းအား အလိုက်တသင့်ငြိမ်ပေးရင်းဖြင့် ကိုမျိုးအား လှမ်းကာပြောလိုက်သည်။
"ကိုမျိုး... ဒီနေ့လည်း ရာဘာတွေကို ကျွန်တော့်ဆိုင်ထဲ တန်းသွားချလိုက်နော် ညနေလေးနာရီမရောက်ခင်အမီ"
"အေး အေး ပြန်ရောက်ရင်ဘောက်ဆူးပေးဖို့သာမမေ့နဲ့"
ကိုမျိုးထွက်သွားပြီးတော့ သင်္ခါက မေးလာသည်။
"ဘာလို့ စုပြီးမှ တစ်ခါတည်းအတူမပို့တာလဲ"
သူက စျေးကွက်အကြောင်း သိပ်နားလည်သည်မဟုတ်။ ဝဿန်ညွှန်ပြသမျှတိုင်းကိုသာ လိုက်နာနေခြင်းဖြစ်၏။ ဝဿန်က အခုပို့ဆို သူကချက်ချင်းပို့လိုက်ရမှာဖြစ်ပြီး နောက်တစ်ရက်နှစ်ရက်မှဒိုင်သွင်းဟု ဆိုလျှင်လည်း မငြင်းပေ။
"ဘာလို့ဆို စျေးကနေ့တိုင်းအပြောင်းအလဲရှိတယ်လေ... ကိုယ်ပြောဖူးတာမှတ်မိလား ကိုယ်လုပ်သလိုလုပ်လို့မရဘူး မဟုတ်ရင် မင်းအရှုံးခံရလိမ့်မယ် ဒီနေ့မှာ တစ်ပေါင်၆၀၀ပေးပြီးဝယ်ထားပေမဲ့ နောက်ရက်ဒိုင်သွင်းတော့မှ ၅၈၀ထိ ကျသွားရင် ၂၀ရှံုးပြီလေ ဟုတ်တယ်မို့လား"
"အင်း"
"တစ်ပေါင်ကို ၂၀ရှံုးရင် ဆယ်ပေါင် ၂၀၀ကနေစလို့ နှစ်ထောင် နှစ်သောင်းကနေ နှစ်သိန်းထိရောက်သွားလိမ့်မယ် ဒါဆိုဒီအလုပ်လုပ်တာ ဘာအကျိုးရှိဦးမှာလဲ"
သင်္ခါ ခဏစဥ်းစားပြီးနောက်...
"ဒါပေမဲ့ ခါက တစ်ခါတလေဆို ရက်ခြားပို့ခိုင်းတာကရော"
"ကိုယ်က စျေးအတက်အကျဘယ်လိုရှိမလဲ သိနေလို့လေ... ဒီနေ့ မင်းက ၅၅၀ စျေးပေးဝယ်ထားပြီး ဒိုင်ကနေ၆၀၀ရတယ်ဆိုပါစို့ အဲ့မှာ ၅၀မြတ်မယ်... နောင်သုံးရက်ကြတော့ ဒိုင်က၇၀၀ထိတိုးပေးပြီး ၅၅၀နဲ့ဝယ်ထားတာကို အဲ့ခါမှထုတ်ရောင်းရင် ၅၀အစား မင်း၁၅၀မြတ်လိမ့်မယ်... ဒီနေ့ ၅၅၀ရပြီး နောက်ရက် ၅၃၀ရောက်သွားမယ်ဆို မင်းကိုမြန်မြန်ရောင်းခိုင်းမှာပဲ"
"ဒါက တခြားသူအတွက်မတရားဘူးမလား"
သင်္ခါက တွေးဆဆနှင့်ဆိုတော့ ဝဿန် သူ၏နောက်စေ့ကို တောက်လိုက်သည်။
"မဟုတ်တာလုပ်နေတာမှမဟုတ်ဘဲလေ... သူတို့သဘောနဲ့သူတို့ရောင်းချင်တဲ့အချိန်ရောင်းပြီး ကိုယ်တို့လည်း ဒိုင်သွင်းချင်တဲ့အချိန်သွင်းလိမ့်မယ်... ဇွတ်အတင်းသွားဝယ်တာမဟုတ်ဘူးလေ ပြီးတော့ကိုယ့်အဖေကိုမမေးရင်တောင် ရာဘာစက်ရုံကအလုပ်တွေနဲ့ ကိုယ်ကရင်းနှီးပြီးသားမို့ သူ့ကိုမမေးရင်တောင် စျေးကွက်ဘယ်လိုအပြောင်းအလဲ ဖြစ်နိုင်သလဲ ခန့်မှန်းနိုင်တယ် ဒါကြောင့်စိတ်သန့်ချည်"
ဝဿန်ပြောခဲ့သလိုပင် သင်္ခါ၅၄၀ထါး၍ ဝယ်ခဲ့သောစျေးက နောက်ရက်တွင် ၅၂၅ကျပ်သို့ ဆင်းသွားခဲ့သည်။ နောက်ရက်များတွင်လည်း ဆက်တိုက်စျေးကျနေကာ ၄၉၀အထိရောက်ရှိသွားခဲ့သည်။ သူတို့သာစောစောမရောင်းခဲ့ပါက ရှုံးမှာသေချာ၏။
(AN/ ဒါဆို စျေးပြန်တက်တဲ့အထိသိမ်းထားလို့ဆိုရင် ပြောစရာတစ်ခုရှိပါတယ်... ရာဘာကကြာလေ ခြောက်လာလေ အလေးချိန်ပေါ့လာလေပါ... အလေးနဲ့ချိန်ရောင်းတာမို့ နောက်ကျလွန်းမှရောင်းရင်လည်း အရှုံးသိပ်မကွာပါဘူး)
"ခါ"
"ဘယ်တုန်းကရောက်တာလဲ"
"ခုလေးတင်ပဲ"
"ကြိုလည်းမပြောဘူး"
"ဘာလို့မပြောတာလဲ"
"ကိုကို..."
"ခါ"
"ဘယ်တုန်းကရောက်တာလဲ"
"ခုလေးတင်ပဲ"
"ကြိုလည်းမပြောဘူး"
"ဘာလို့မပြောတာလဲ"
ထိုကောင်ငယ်လေးက
You are reading the story above: TeenFic.Net