part 25.1

Background color
Font
Font size
Line height

နေသိပ်မပူသောရက်များတွင် နှစ်ယောက်သား ကြံခင်းဆီသို့သွားပြီး ကြံရွက်ခြောက်များကို ဆွဲခွာကြသည်။ ကြံဆိုသည်ကလည်း တစ်ခါတရံ ဂရုစိုက်ပေးရ၏။ သို့မှသာ အဆင်ချောလှပသော ကြံချောင်းများကို ရနိုင်မည်ဖြစ်၏။

ကြံခင်းထဲဝင်သောအခါ သင်္ခါက ဝဿန့်ကို အင်္ကျီလက်ရှည်ဝတ်ပေးပြီးမှ ရှေ့ကနေဦးဆောင်သွား၏။ ကြံရွက်များက ထက်လှသောကြောင့် လွယ်လွယ်ကူကူရှနိုင်ပေသည်။ မိုးရာသီက စိုက်ခဲ့သောကြံများမှာ ယခုဆို လူတစ်ရပ်ကျော်နေပြီဖြစ်၏။

လက်အိတ်ဝတ်ထားကြသောကြောင့် ကြံများကိုဆွဲခွာသည့်အခါ လက်များရှမည်ကိုမစိုးရိမ်ရ။

"ဒီနှစ်ကြံစျေး ဘယ်လိုနေမယ်မသိဘူး"

"ရွာကပေးတဲ့စျေးက မတူဘူး"

"ဘယ်လိုမျိုးလဲ"

သင်္ခါကရှင်းပြလာ၏။

"မကြီးပြောတာတော့ ရွာမှာ ကြံတစ်ချောင်းကို ​​လေးရာပေးဝယ်စားတယ်တဲ့... ကြံသကာလုပ်တဲ့ဖိုဆီသွင်းရင် တစ်ယောက်တစ်ဝက်ယူကြတယ်... ဒီတိုင်းဖောက်သည်အစည်းနဲ့ပေးရင်လည်း စျေးတစ်မျိုးရတယ်"

ထို့ကြောင့် တခြားစျေးကွက်ဆီတင်သွင်းဖို့ မလိုအပ်ပေ။ ယခုလက်ရှိစိုက်ထားသည်က လယ်ခင်းတစ်ကွက်စာမျှသာမို့ ရွာမှာတင် ပြတ်လောက်သည်။

"ဒီလိုဆိုတော့ ဘယ်လိုလုပ်ချင်လဲ"

"ကြံရည်ဆိုင်ဖွင့်ချင်တယ်"

သင်္ခါ အတွေးထဲရှိနေတဲ့အရာကို ထုတ်ဖော်ပြလိုက်သည်။ ကြံရည်တစ်ခွက်ကို သုံးရာဖြစ်ပြီး ကြံတစ်ချောင်းကို သုံးခွက်တော့ လုံလုံလောက်လောက်ရသည်။ ဆယ်ချောင်းအခွက်သုံးဆယ်ဆိုလျှင် ကိုးထောင်ရနေပြီဖြစ်၏။

"မဆိုးဘူး... ရာသီဥတုကလည်း ပူလာပြီဆိုတော့ အအေးတွေရောင်းအားကောင်းတော့မှာ"

သင်္ခါက အလောသုံးဆယ်ခေါင်းညိတ်ပြရင်း...

"ရာဘာဒိုင်ဘေးမှာ အအေးဆိုင်ဖွင့်မယ်... ရာဘာလာရောင်းတဲ့သူတွေလည်း ဝယ်သောက်နိုင်သလို ဖြတ်သွားဖြတ်လာတွေလည်းရှိတယ်"

သို့နှင့် သင်္ခါတစ်ယောက် ကြံပင်မရင့်သေးခင်မှာပဲ ကြံရည်ကြိတ်စက်တစ်လုံး မှာယူလိုက်ပြီဖြစ်တော့၏။

-

ရွာလယ်ရှိရာဘာလှောင်ရုံသို့ အမျိုးသမီးတစ်ယောက် ပီနံအိတ်တစ်ထုပ် တရွတ်တိုက်ဆွဲကာ ရောက်လာခဲ့သည်။ ရာဘာများကို ထုတ်လှန်းနေသည့်သင်္ခါက ဒါကိုမြင်သည်နှင့် အပြေးအလွှားသွားကူလိုက်ပြီး ဝဿန်က အမျိုးသမီးကြီးကို ရေအေးတစ်ခွက်ခပ်တိုက်၍...

"ရေသောက်လိုက်ပါဦး ဒေါ်ဒေါ်"

"သာဓုကွယ် သာဓု သာဓု"

အမျိုးသမီးသည် ​ေရသောက်ပြီးနောက် ပေါင်းတင်လာသောပဝါဖြင့် ယပ်ခတ်၍...

"ဒီနေ့မှ နေကပူလိုက်တယ်ဆိုတာကွယ်... မနည်းရောက်အောင်လျှောက်ခဲ့ရတယ်"

"ဒေါ်ဒေါ်ဘယ်ရွာကလဲ... ပန်းလှည်းမှာမတွေ့ဖူးလို့"

"ချောင်းရဲရွာကလေ"

ပန်းလှည်း၏ အရှေ့ဘက်မှ ရွာတစ်ရွာဖြစ်သည်။

"လာတုန်းကတော့ လမ်းကြုံနဲ့ပဲ... ဒေါ်ဒေါ်ကဝေးမယ်မထင်လို့ ရွာထိပ်တင် ဆင်းချလာတာ တကယ်ပါပဲ"

ဝဿန်အသာရယ်ရင်းဖြင့်...

"ဆွဲဖတ်တွေလား"

"ဒါက ဆွဲဖတ်တွေ... ကျန်တဲ့အထုပ်တွေကို ရွာထိပ်မယ်ချထားခဲ့ပြီး ဒါလေးတင်ဆွဲလာခဲ့တာ"

ဝဿန်က အနောက်ဘက်လှည့်၍...

"ရွာထိပ်မှာ ကျန်သေးတယ်တဲ့ သွားယူလိုက်ပါဦး"

သင်္ခါ အသံပြန်ပြုပြီးနောက် ဆိုင်ကယ်ဖြင့်ထွက်သွားခဲ့သည်။ ဝဿန်က ချိန်တွယ်သည့်စက်ပေါ် အထုပ်အား ဆွဲတင်လိုက်သည်။

"တစ်ရာတစ်ဆယ့်နှစ်ပေါင်နော် ဒေါ်ဒေါ်"

"တစ်ပေါင်ဘယ်လောက်လဲကွယ့်"

ဝဿန် ပီနံအိတ်ကိုဆွဲဖွင့်ကာ ငုံ့ကြည့်ပြီးနောက်...

"၃၈၅ကျပ်ရမယ် ဒေါ်ဒေါ်"

အမျိုးသမီးကြီးခဗျာ မျက်ခုံးပင့်သွားကာ ဝမ်းမြောက်စွာဖြင့်...

"ဒေါ်ဒေါ်ကြားခဲ့တာတော့ ဆွဲဖတ်က တစ်ပေါင်၃၆၀လောက်ပဲဆို... မြို့စျေးထက်တောင် ပိုသေးတယ် အမြတ်ရောကျန်ရဲ့လား"

ရွာက တချို့ဒိုင်များသည် မြို့စျေး၃၇၅ကျပ်ရှိသော​ကြောင့် ၃၆၀ထါးကာ ဝယ်ကြသည်။

"ဒေါ်ဒေါ့်ဆွဲဖတ်အရည်အသွေးတွေက ကောင်းလို့ ကျွန်တော်ပိုပေးထားတာ... ဒီအရည်အသွေးမျိုးကိုထိန်းပြီး ကျွန်တော့်ဆီသာလာရောင်းနော်... ဒေါ်ဒေါ်အပင်ပန်းခံရကျိုးနပ်စေရမယ်လို့ အာမခံတယ်"

အိတ်ထဲရှိဆွဲဖတ်များက တကယ်ကိုကောင်းသည်။ အခွံများကိုလည်း ပြောင်ရှင်းနေအောင်ချွတ်ထားကာ လက်ညိုးတစ်ခြမ်းစာရှိသော အမျှင်တစ်ခုစီတိုင်းက ခြောက်သွေ့၍ ရှည်လျားခိုင်ခံ့ပုံပေါ်သည်။

သင်္ခါသယ်လာခဲ့သည့်ကျန်နှစ်အိတ်က ခွက်ဆွဲများဖြစ်သည်။ ၎င်းတို့မှာ ဆွဲဖတ်ထက်တော့ အနည်းငယ်စျေးနိမ့်လေသည်။

(AN ပိုက်ဆံအရများတယ်ဆိုပြီး ယောင်ပြီးတောင် အစေးထုတ်ဖို့မကြိုးစားမိစေနဲ့ချိတူတို့... မနက်ကတင် အစေးထုတ်ရင်း လက်ကို ဇွန်းထောင့်နဲ့တိုက်မိတာ အသားစလေးနှစ်တုံး ကော်ထွက်သွားတယ်)

ခွက်ဆွဲနှင့်ဆွဲဖတ်တို့မှာ အရည်ပျစ်သော ပင်ထောင်(အရိုင်းပင်)များတွင်သာ ရနိုင်ခြင်းဖြစ်၏။ ကိုင်းကူးပင်များက အရည်ကျဲသဖြင့် ဆွဲဖတ်တို့မကျန်သလို ခွက်ဆွဲများလည်း မရှိ။ ထို့ပြင် ခွက်ဆွဲနှင့် ဆွဲဖတ်တို့ကို သီးသန့်ရောင်းကြသူအများစုမှာ အစေးငှားထုတ်သူများသာဖြစ်သည်။

ရာဘာခြံများမှာ ရွာနားတဝိုက်အုပ်ဆိုင်းနေပေမဲ့ တကယ့်ပိုင်ရှင်များက ရွာရှိလူ၏ သုံးပုံတစ်ပုံမျှသာ။ တချို့မိသားစုမှာ မဝယ်နိုင်၍ဖြစ်ပြီး တချို့က ထိုလုပ်ငန်းကိုစိတ်မဝင်စားတာဖြစ်သည်။ ကျန်သည့်တစ်ပုံမှာ မျိုးကောင်းများဝယ်ခြင်း ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် စတင်ချဲ့ထွင်လာသည်။ နောက်ပိုင်း ရာဘာစျေးများတက်၍ တွင်ကျယ်လာချိန်မှာတော့ လူအများစုက ရာဘာခြံမပိုင်နိုင်တော့ချေ။

ထိုအခါ ကျန်သူများဆီမှ ငှားရမ်းလုပ်ကိုင်ရတော့သည်။ ကိုင်းကူးပင်များကို အစေးငှားထုတ်သူတို့မှာ တစ်ခါရောင်းလျှင် ပိုင်ရှင်နှင့် ဘယ်နှစ်ရာခိုင်နှုန်းဟူ၍ ခွဲဝေယူကြသည်။ ပင်ထောင်ငှားရမ်းသူများကမူ ခွက်ဆွဲနှင့်ဆွဲဖတ်ကို ပိုင်ရှင်အား ပေးစရာမလိုဘဲ ဘေးပေါက်အနေနှင့်ရရှိတတ်သည်။

နွေဦးရောက်တော့ စီးပွားရေးက ပိုအဆင်ပြေလာ၏။ လုပ်ငန်းစတင်လုပ်ကိုင်ချိန်မှလွဲ၍ နောက်ပိုင်းတွင် ဝယ်သူများအား အိမ်တိုင်ရာရောက် လိုက်ရှာဖို့မလို။ မြို့ကပေးသောစျေးအတိုင်း ပေးသောအခါ မြို့ဆီသို့ တကူးတကအပင်ပန်းခံမသွားကြတော့ချေ။

ထို့ကြောင့် ဝဿန်တို့မှာ သူတို့၏ ရာဘာတန်ချိန် တစ်လကို ပျမ်းမျှ အနည်းဆုံး ပေါင်နှစ်သောင်းနှင့်အထက် ရသည်။ တစ်ပေါင်ကို အမြတ် ၁၀၀ပဲရသည်ဆိုစေဦးတော့၊ ပေါင်တစ်သောင်းကို ၁၀သိန်းရပြီး ပေါင်နှစ်သောင်းဆို သိန်း၂၀ဖြစ်သည်။ ဒိုင်ကြီးသို့ တိုက်ရိုက်သွင်းသောသူတို့အတွက် ထို့ထက်ပိုသော ဝင်ငွေရပေသည်။

သင်္ခါ၏ရာဘာခြံမှလည်း တစ်လဆယ်သိန်းဝန်းကျင်ခန့်ဝယ်ပြီး ထပ်မံဝယ်ယူကာ အငှားချထားသောရာဘာခြံသစ်လည်း ရှိသေးသည်။

ရှေ့က ဦးဆောင်သူများရှိလျှင် နောက်ကလိုက်လုပ်သူများ ရှိကြစမြဲ။ သင်္ခါနှင့်ဝဿန့်၏ စီးပွားရေးက တဟုန်ထိုးတိုးတက်လာသောအခါ ရွာထဲရှိလူချမ်းသာအချို့မှာ ကြက်ရုံများ ဆောက်လုပ်လာကြပြီး ရာဘာရောင်းဝယ်ရေးဒိုင်များ စတင်ဖွင့်လှစ်လာ၏။ ဝဿန်တို့ကဲ့သို့ မြို့ကမူရင်းစျေးလို မပေးနိုင်ကြသောကြောင့် မူရင်းစျေးပေး၍ စီးပွားကောင်းနေသူများကို အားကျရာမှ မနာလိုဖြစ်လာကြ၏။

ဖောက်သည်အများစုကလည်း ဒိုင်မပြောင်းလိုဘဲ ရွာရှိ ဒိုင်ဖွင့်သောသူများမှာ တိုးတိုးတစ်ဖုံ ကျယ်ကျယ်တစ်မျိုးဖြင့် စတင်ပြောဆိုလာကြသည်။ သို့ေသာ်လည်း ဝဿန်တို့က လုပ်စရာရှိတာကို ဆက်လုပ်နေကြသောအခါ အတင်းအဖျင်းတို့မှာ လေနှင့်အတူ လွင့်ပြယ်သွားလေသည်။

-

"သင်္ခါက ဘယ်လဲ"

ဝဿန့်အား နှင်းအိအိမ်မှာချ၍ ဆိုင်ကယ်ဖြင့်ထွက်သွားသော မောင်ကြောင့် နှင်းအိမေးလိုက်သည်။

"ကြက်ခြံကို"

"ဪ..အေး ဆိုခါမှ ကြက်တွေကထုတ်တော့မှာလား"

"ဟုတ်တယ် နောက်ရက်နည်းနည်းနေရင်ထုတ်တော့မှာ"

ကြက်ဥဆုံးချိန်ရောက်ပြီဖြစ်သောကြောင့် ကြက်များကို ထုတ်ရောင်းကြတော့မှာဖြစ်သည်။

"ဒိုင်ဆီပြန်သွင်းကြမယ်ဆိုလည်း ငါ့အတွက် တစ်ကောင်နှစ်ကောင်လောက်တော့ ချန်ထားနော်..."

"မပူနဲ့ ၃၀၀လောက်ပဲ ပြန်သွင်းမှာ... ကျန်တာကို ရွာကလူတွေကလည်း လာတောင်းဝယ်တော့ ချန်ထားပေးမလို့"

"အသစ်ထပ်သွင်းဦးမှာလား..."

ကောက်ညှင်းမုန့်လုံးများကို ထိုင်လုံးနေသည့် နှင်းအိရှေ့သို့ ဝဿန်ဝင်ထိုင်ရင်း...

"မပြောတတ်သေးဘူး... မင်းရဲ့မောင်ကတော့ ထပ်လုပ်ချင်တယ်ပြောတာပဲ"

ကြက်ခြံက ဝင်ငွေသည်လည်း မဆိုးပေ။ သူက နေ့တိုင်းဝင်ငွေရှိပြီး စားဝတ်နေရင်းအဆင်ပြေစေပေမဲ့ စုမည်ဆိုလျှင် ကျစ်ကျစ်ပါအောင် စုတတ်ရပေမည်။

ဝဿန် ကောက်ညှင်းဆန်စေးတစ်ခုကို ကောက်၍ ပါးစပ်ထဲထည့်ဝါးရင်း...

"ဒါဘာလဲ... မွှေးမွှေးလေးနဲ့ ထုပ်ထုပ်လေး"

"မုန့်လေပွေလုပ်မလို့လေ"

"ဒါကမုန့်လေပွေလား... ဒီလိုလုပ်ရတာလား"

မုန့်လေပွေက ကြွပ်ရွနေအောင်ကင်ထားရသည့် မုန့်တစ်ခုဖြစ်ကာ ပါးစပ်ထဲထည့်လိုက်လျှင်လည်း ဘာမှမကျန်။ သို့ကြောင့် ဝဿန်ကမကြိုက်။ နှင်းအိ၏ မုန့်များကမတူသောကြောင့် သူနည်းနည်းတော့အံ့ဩသွားမိသည်။

"မုန့်လေပေ​ွလုပ်မယ်ဆို ကောက်ညှင်းကိုကြိတ် စေးအောင်လုပ်ပြီး အချိုနဲ့ရော... ပြီးရင် စေးထုပ်နေအောင် နာနာသာဖွတ်ထည့်... အလုံးလေးတွေကို ဒီလိုလုံးပြီး လှိမ့်တံနဲ့ပြန်လှိမ့်... ရလာတဲ့အပြားဝိုင်းတွေကို အခြောက်လှန်း... မီးကင်လိုက်တာနဲ့ မုန့်လေပွေရပြီ"

"ဒီလောက်လေးတင်ပဲလား... လွယ်လိုက်တာ"

"ငါအသေးစိတ်ပြောရင်လည်း နင်လုပ်တတ်မှာကြလို့"

ဝဿန် ကောက်ညှင်းကို လက်တစ်ဆုပ်စာဖဲ့ယူကာ ဝါးရင်း...

"ငါမှ မီးကင်ထားတဲ့ မုန့်လေပွေမကြိုက်တာ... ဒါပေမဲ့ ဒါလေးကတော့ စားကောင်းသား... အိနေတာပဲ"

"ဟဲ့... ဒါတွေကငါရောင်းမှာ ထပ်မစားနဲ့တော့"

ဝဿန် နှင်းအိအိမ်၌ တစ်နေကုန်နီးပါးအချိန်ဖြုန်းရင်း သင်္ခါပြန်လာခေါ်တော့မှ အိမ်သို့ပြန်ခဲ့ကြလေသည်။

နောင်ရက်အနည်းငယ်တွင် မြို့ကဒိုင်ကိုဆက်သွယ်၍ ကြက်များအား ထုတ်လိုက်ကြသည်။ မူရင်းဈေးပြန်မရသော်ငြား တစ်ကောင်၅၀၀၀ထား၍ အကောင်ရေသုံးရာကို ရောင်းလိုက်လေသည်။



-


သတိပေးချက်

လတ္တေလာမွာ အရေးကြီးကိစ္စတစ်ခုအတွက် ကိုယ့်ဖုန်းကို တခြားတစ်ယောက်ဆီ ပေးလိုက်ရပါတယ်။ အဲ့ဖုန်းကိုလည်း ဝယ္ထားတာ တစ်လပဲရှိသေးတာရယ်၊ လက်ရှိဖုန်းက typingလုပ်လို့အဆင်မပြေတာရယ်ကြောင့် အသစ်ဝယ်ဖို့အဆင်မပြေသေးသလို စာရေးဖို့ကလည်း အဆင်မပြေဘူး။ အမွန္ဆို နောက်နှစ်ပိုင်းလောက်ဆို ပြိးတော့မှာ။


-


ေနသိပ္မပူေသာရက္မ်ားတြင္ ႏွစ္ေယာက္သား ႀကံခင္းဆီသို႔သြားၿပီး ႀကံ႐ြက္ေျခာက္မ်ားကို ဆြဲခြာၾကသည္။ ႀကံဆိုသည္ကလည္း တစ္ခါတရံ ဂ႐ုစိုက္ေပးရ၏။ သို႔မွသာ အဆင္ေခ်ာလွပေသာ ႀကံေခ်ာင္းမ်ားကို ရနိုင္မည္ျဖစ္၏။

ႀကံခင္းထဲဝင္ေသာအခါ သခၤါက ဝႆန့္ကို အကၤ်ီလက္ရွည္ဝတ္ေပးၿပီးမွ ေရွ႕ကေနဦးေဆာင္သြား၏။ ႀကံ႐ြက္မ်ားက ထက္လွေသာေၾကာင့္ လြယ္လြယ္ကူကူရွနိုင္ေပသည္။ မိုးရာသီက စိုက္ခဲ့ေသာႀကံမ်ားမွာ ယခုဆို လူတစ္ရပ္ေက်ာ္ေနၿပီျဖစ္၏။

လက္အိတ္ဝတ္ထားၾကေသာေၾကာင့္ ႀကံမ်ားကိုဆြဲခြာသည့္အခါ လက္မ်ားရွမည္ကိုမစိုးရိမ္ရ။

"ဒီႏွစ္ႀကံေစ်း ဘယ္လိုေနမယ္မသိဘူး"

"႐ြာကေပးတဲ့ေစ်းက မတူဘူး"

"ဘယ္လိုမ်ိဳးလဲ"

သခၤါကရွင္းျပလာ၏။

"မႀကီးေျပာတာေတာ့ ႐ြာမွာ ႀကံတစ္ေခ်ာင္းကို ေလးရာေပးဝယ္စားတယ္တဲ့... ႀကံသကာလုပ္တဲ့ဖိုဆီသြင္းရင္ တစ္ေယာက္တစ္ဝက္ယူၾကတယ္... ဒီတိုင္းေဖာက္သည္အစည္းနဲ႕ေပးရင္လည္း ေစ်းတစ္မ်ိဳးရတယ္"

ထို႔ေၾကာင့္ တျခားေစ်းကြက္ဆီတင္သြင္းဖို႔ မလိုအပ္ေပ။ ယခုလက္ရွိစိုက္ထားသည္က လယ္ခင္းတစ္ကြက္စာမွ်သာမို႔ ႐ြာမွာတင္ ျပတ္ေလာက္သည္။

"ဒီလိုဆိုေတာ့ ဘယ္လိုလုပ္ခ်င္လဲ"

"ႀကံရည္ဆိုင္ဖြင့္ခ်င္တယ္"

သခၤါ အေတြးထဲရွိေနတဲ့အရာကို ထုတ္ေဖာ္ျပလိုက္သည္။ ႀကံရည္တစ္ခြက္ကို သုံးရာျဖစ္ၿပီး ႀကံတစ္ေခ်ာင္းကို သုံးခြက္ေတာ့ လုံလုံေလာက္ေလာက္ရသည္။ ဆယ္ေခ်ာင္းအခြက္သုံးဆယ္ဆိုလွ်င္ ကိုးေထာင္ရေနၿပီျဖစ္၏။

"မဆိုးဘူး... ရာသီဥတုကလည္း ပူလာၿပီဆိုေတာ့ အေအးေတြေရာင္းအားေကာင္းေတာ့မွာ"

သခၤါက အေလာသုံးဆယ္ေခါင္းညိတ္ျပရင္း...

"ရာဘာဒိုင္ေဘးမွာ အေအးဆိုင္ဖြင့္မယ္... ရာဘာလာေရာင္းတဲ့သူေတြလည္း ဝယ္ေသာက္နိုင္သလို ျဖတ္သြားျဖတ္လာေတြလည္းရွိတယ္"

သို႔ႏွင့္ သခၤါတစ္ေယာက္ ႀကံပင္မရင့္ေသးခင္မွာပဲ ႀကံရည္ႀကိတ္စက္တစ္လုံး မွာယူလိုက္ၿပီျဖစ္ေတာ့၏။

-

႐ြာလယ္ရွိရာဘာေလွာင္႐ုံသို႔ အမ်ိဳးသမီးတစ္ေယာက္ ပီနံအိတ္တစ္ထုပ္ တ႐ြတ္တိုက္ဆြဲကာ ေရာက္လာခဲ့သည္။ ရာဘာမ်ားကို ထုတ္လွန္းေနသည့္သခၤါက ဒါကိုျမင္သည္ႏွင့္ အေျပးအလႊားသြားကူလိုက္ၿပီး ဝႆန္က အမ်ိဳးသမီးႀကီးကို ေရေအးတစ္ခြက္ခပ္တိုက္၍...

"ေရေသာက္လိုက္ပါဦး ေဒၚေဒၚ"

"သာဓုကြယ္ သာဓု သာဓု"

အမ်ိဳးသမီးသည္ ေရသောက်ပြီးနောက် ေပါင္းတင္လာေသာပဝါျဖင့္ ယပ္ခတ္၍...

"ဒီေန႕မွ ေနကပူလိုက္တယ္ဆိုတာကြယ္... မနည္းေရာက္ေအာင္ေလွ်ာက္ခဲ့ရတယ္"

"ေဒၚေဒၚဘယ္႐ြာကလဲ... ပန္းလွည္းမွာမေတြ႕ဖူးလို႔"

"ေခ်ာင္းရဲ႐ြာကေလ"

ပန္းလွည္း၏ အေရွ႕ဘက္မွ ႐ြာတစ္႐ြာျဖစ္သည္။

"လာတုန္းကေတာ့ လမ္းႀကဳံနဲ႕ပဲ... ေဒၚေဒၚကေဝးမယ္မထင္လို႔ ႐ြာထိပ္တင္ ဆင္းခ်လာတာ တကယ္ပါပဲ"

ဝႆန္အသာရယ္ရင္းျဖင့္...

"ဆြဲဖတ္ေတြလား"

"ဒါက ဆြဲဖတ္ေတြ... က်န္တဲ့အထုပ္ေတြကို ႐ြာထိပ္မယ္ခ်ထားခဲ့ၿပီး ဒါေလးတင္ဆြဲလာခဲ့တာ"

ဝႆန္က အေနာက္ဘက္လွည့္၍...

"႐ြာထိပ္မွာ က်န္ေသးတယ္တဲ့ သြားယူလိုက္ပါဦး"

သခၤါ အသံျပန္ျပဳၿပီးေနာက္ ဆိုင္ကယ္ျဖင့္ထြက္သြားခဲ့သည္။ ဝႆန္က ခ်ိန္တြယ္သည့္စက္ေပၚ အထုပ္အား ဆြဲတင္လိုက္သည္။

"တစ္ရာတစ္ဆယ့္ႏွစ္ေပါင္ေနာ္ ေဒၚေဒၚ"

"တစ္ေပါင္ဘယ္ေလာက္လဲကြယ့္"

ဝႆန္ ပီနံအိတ္ကိုဆြဲဖြင့္ကာ ငုံ႕ၾကည့္ၿပီးေနာက္...

"၃၈၅က်ပ္ရမယ္ ေဒၚေဒၚ"

အမ်ိဳးသမီးႀကီးခဗ်ာ မ်က္ခုံးပင့္သြားကာ ဝမ္းေျမာက္စြာျဖင့္...

"ေဒၚေဒၚၾကားခဲ့တာေတာ့ ဆြဲဖတ္က တစ္ေပါင္၃၆၀ေလာက္ပဲဆို... ၿမိဳ႕ေစ်းထက္ေတာင္ ပိုေသးတယ္ အျမတ္ေရာက်န္ရဲ႕လား"

႐ြာက တခ်ိဳ႕ဒိုင္မ်ားသည္ ၿမိဳ႕ေစ်း၃၇၅က်ပ္ရွိေသာေၾကာင့္ ၃၆၀ထါးကာ ဝယ္ၾကသည္။

"ေဒၚေဒၚ့ဆြဲဖတ္အရည္အေသြးေတြက ေကာင္းလို႔ ကြၽန္ေတာ္ပိုေပးထားတာ... ဒီအရည္အေသြးမ်ိဳးကိုထိန္းၿပီး ကြၽန္ေတာ့္ဆီသာလာေရာင္းေနာ္... ေဒၚေဒၚအပင္ပန္းခံရက်ိဳးနပ္ေစရမယ္လို႔ အာမခံတယ္"

အိတ္ထဲရွိဆြဲဖတ္မ်ားက တကယ္ကိုေကာင္းသည္။ အခြံမ်ားကိုလည္း ေျပာင္ရွင္းေနေအာင္ခြၽတ္ထားကာ လက္ညိုးတစ္ျခမ္းစာရွိေသာ အမွ်င္တစ္ခုစီတိုင္းက ေျခာက္ေသြ႕၍ ရွည္လ်ားခိုင္ခံ့ပုံေပၚသည္။

သခၤါသယ္လာခဲ့သည့္က်န္ႏွစ္အိတ္က ခြက္ဆြဲမ်ားျဖစ္သည္။ ၎တို႔မွာ ဆြဲဖတ္ထက္ေတာ့ အနည္းငယ္ေစ်းနိမ့္ေလသည္။

(AN ပိုက္ဆံအရမ်ားတယ္ဆိုၿပီး ေယာင္ၿပီးေတာင္ အေစးထုတ္ဖို႔မႀကိဳးစားမိေစနဲ႕ခ်ိတူတို႔... မနက္ကတင္ အေစးထုတ္ရင္း လက္ကို ဇြန္းေထာင့္နဲ႕တိုက္မိတာ အသားစေလးႏွစ္တုံး ေကာ္ထြက္သြားတယ္)

ခြက္ဆြဲႏွင့္ဆြဲဖတ္တို႔မွာ အရည္ပ်စ္ေသာ ပင္ေထာင္(အရိုင္းပင္)မ်ားတြင္သာ ရနိုင္ျခင္းျဖစ္၏။ ကိုင္းကူးပင္မ်ားက အရည္က်ဲသျဖင့္ ဆြဲဖတ္တို႔မက်န္သလို ခြက္ဆြဲမ်ားလည္း မရွိ။ ထို႔ျပင္ ခြက္ဆြဲႏွင့္ ဆြဲဖတ္တို႔ကို သီးသန့္ေရာင္းၾကသူအမ်ားစုမွာ အေစးငွားထုတ္သူမ်ားသာျဖစ္သည္။

ရာဘာၿခံမ်ားမွာ ႐ြာနားတဝိုက္အုပ္ဆိုင္းေနေပမဲ့ တကယ့္ပိုင္ရွင္မ်ားက ႐ြာရွိလူ၏ သုံးပုံတစ္ပုံမွ်သာ။ တခ်ိဳ႕မိသားစုမွာ မဝယ္နိုင္၍ျဖစ္ၿပီး တခ်ိဳ႕က ထိုလုပ္ငန္းကိုစိတ္မဝင္စားတာျဖစ္သည္။ က်န္သည့္တစ္ပုံမွာ မ်ိဳးေကာင္းမ်ားဝယ္ျခင္း ကိုယ္တိုင္စိုက္ပ်ိဳးျခင္းျဖင့္ စတင္ခ်ဲ့ထြင္လာသည္။ ေနာက္ပိုင္း ရာဘာေစ်းမ်ားတက္၍ တြင္က်ယ္လာခ်ိန္မွာေတာ့ လူအမ်ားစုက ရာဘာၿခံမပိုင္နိုင္ေတာ့ေခ်။

ထိုအခါ က်န္သူမ်ားဆီမွ ငွားရမ္းလုပ္ကိုင္ရေတာ့သည္။ ကိုင္းကူးပင္မ်ားကို အေစးငွားထုတ္သူတို႔မွာ တစ္ခါေရာင္းလွ်င္ ပိုင္ရွင္ႏွင့္ ဘယ္ႏွစ္ရာခိုင္ႏႈန္းဟူ၍ ခြဲေဝယူၾကသည္။ ပင္ေထာင္ငွားရမ္းသူမ်ားကမူ ခြက္ဆြဲႏွင့္ဆြဲဖတ္ကို ပိုင္ရွင္အား ေပးစရာမလိုဘဲ ေဘးေပါက္အေနႏွင့္ရရွိတတ္သည္။

ႏြေဦးေရာက္ေတာ့ စီးပြားေရးက ပိုအဆင္ေျပလာ၏။ လုပ္ငန္းစတင္လုပ္ကိုင္ခ်ိန္မွလြဲ၍ ေနာက္ပိုင္းတြင္ ဝယ္သူမ်ားအား အိမ္တိုင္ရာေရာက္ လိုက္ရွာဖို႔မလို။ ၿမိဳ႕ကေပးေသာေစ်းအတိုင္း ေပးေသာအခါ ၿမိဳ႕ဆီသို႔ တကူးတကအပင္ပန္းခံမသြားၾကေတာ့ေခ်။

ထို႔ေၾကာင့္ ဝႆန္တို႔မွာ သူတို႔၏ ရာဘာတန္ခ်ိန္ တစ္လကို ပ်မ္းမွ် အနည္းဆုံး ေပါင္ႏွစ္ေသာင္းႏွင့္အထက္ ရသည္။ တစ္ေပါင္ကို အျမတ္ ၁၀၀ပဲရသည္ဆိုေစဦးေတာ့၊ ေပါင္တစ္ေသာင္းကို ၁၀သိန္းရၿပီး ေပါင္ႏွစ္ေသာင္းဆို သိန္း၂၀ျဖစ္သည္။ ဒိုင္ႀကီးသို႔ တိုက္ရိုက္သြင္းေသာသူတို႔အတြက္ ထို႔ထက္ပိုေသာ ဝင္ေငြရေပသည္။

သခၤါ၏ရာဘာၿခံမွလည္း တစ္လဆယ္သိန္းဝန္းက်င္ခန့္ဝယ္ၿပီး ထပ္မံဝယ္ယူကာ အငွားခ်ထားေသာရာဘာၿခံသစ္လည္း ရွိေသးသည္။

ေရွ႕က ဦးေဆာင္သူမ်ားရွိလွ်င္ ေနာက္ကလိုက္လုပ္သူမ်ား ရွိၾကစၿမဲ။ သခၤါႏွင့္ဝႆန့္၏ စီးပြားေရးက တဟုန္ထိုးတိုးတက္လာေသာအခါ ႐ြာထဲရွိလူခ်မ္းသာအခ်ိဳ႕မွာ ၾကက္႐ုံမ်ား ေဆာက္လုပ္လာၾကၿပီး ရာဘာေရာင္းဝယ္ေရးဒိုင္မ်ား စတင္ဖြင့္လွစ္လာ၏။ ဝႆန္တို႔ကဲ့သို႔ ၿမိဳ႕ကမူရင္းေစ်းလို မေပးနိုင္ၾကေသာေၾကာင့္ မူရင္းေစ်းေပး၍ စီးပြားေကာင္းေနသူမ်ားကို အားက်ရာမွ မနာလိုျဖစ္လာၾက၏။

ေဖာက္သည္အမ်ားစုကလည္း ဒိုင္မေျပာင္းလိုဘဲ ႐ြာရွိ ဒိုင္ဖြင့္ေသာသူမ်ားမွာ တိုးတိုးတစ္ဖုံ က်ယ္က်ယ္တစ္မ်ိဳးျဖင့္ စတင္ေျပာဆိုလာၾကသည္။ သို့ေသာ်လည်း ဝႆန္တို႔က လုပ္စရာရွိတာကို ဆက္လုပ္ေနၾကေသာအခါ အတင္းအဖ်င္းတို႔မွာ ေလႏွင့္အတူ လြင့္ျပယ္သြားေလသည္။

-

"သခၤါက ဘယ္လဲ"

ဝႆန့္အား ႏွင္းအိအိမ္မွာခ်၍ ဆိုင္ကယ္ျဖင့္ထြက္သြားေသာ ေမာင္ေၾကာင့္ ႏွင္းအိေမးလိုက္သည္။

"ၾကက္ၿခံကို"

"ဪ..ေအး ဆိုခါမွ ၾကက္ေတြကထုတ္ေတာ့မွာလား"

"ဟုတ္တယ္ ေနာက္ရက္နည္းနည္းေနရင္ထုတ္ေတာ့မွာ"

ၾကက္ဥဆုံးခ်ိန္ေရာက္ၿပီျဖစ္ေသာေၾကာင့္ ၾကက္မ်ားကို ထုတ္ေရာင္းၾကေတာ့မွာျဖစ္သည္။

"ဒိုင္ဆီျပန္သြင္းၾကမယ္ဆိုလည္း ငါ့အတြက္ တစ္ေကာင္ႏွစ္ေကာင္ေလာက္ေတာ့ ခ်န္ထားေနာ္..."

"မပူနဲ႕ ၃၀၀ေလာက္ပဲ ျပန္သြင္းမွာ... က်န္တာကို ႐ြာကလူေတြကလည္း လာေတာင္းဝယ္ေတာ့ ခ်န္ထားေပးမလို႔"

"အသစ္ထပ္သြင္းဦးမွာလား..."

ေကာက္ညွင္းမုန့္လုံးမ်ားကို ထိုင္လုံးေနသည့္ ႏွင္းအိေရွ႕သို႔ ဝႆန္ဝင္ထိုင္ရင္း...

"မေျပာတတ္ေသးဘူး... မင္းရဲ႕ေမာင္ကေတာ့ ထပ္လုပ္ခ်င္တယ္ေျပာတာပဲ"

ၾကက္ၿခံက ဝင္ေငြသည္လည္း မဆိုးေပ။ သူက ေန႕တိုင္းဝင္ေငြရွိၿပီး စားဝတ္ေနရင္းအဆင္ေျပေစေပမဲ့ စုမည္ဆိုလွ်င္ က်စ္က်စ္ပါေအာင္ စုတတ္ရေပမည္။

ဝႆန္ ေကာက္ညွင္းဆန္ေစးတစ္ခုကို ေကာက္၍ ပါးစပ္ထဲထည့္ဝါးရင္း...

"ဒါဘာလဲ... ေမႊးေမႊးေလးနဲ႕ ထုပ္ထုပ္ေလး"

"မုန့္ေလေပြလုပ္မလို႔ေလ"

"ဒါကမုန့္ေလေပြလား... ဒီလိုလုပ္ရတာလား"

မုန့္ေလေပြက ႂကြပ္႐ြေနေအာင္ကင္ထားရသည့္ မုန့္တစ္ခုျဖစ္ကာ ပါးစပ္ထဲထည့္လိုက္လွ်င္လည္း ဘာမွမက်န္။ သို႔ေၾကာင့္ ဝႆန္ကမႀကိဳက္။ ႏွင္းအိ၏ မုန့္မ်ားကမတူေသာေၾကာင့္ သူနည္းနည္းေတာ့အံ့ဩသြားမိသည္။

"မုန့္ေလေပြလုပ္မယ္ဆို ေကာက္ညွင္းကိုႀကိတ္ ေစးေအာင္လုပ္ၿပီး အခ်ိဳနဲ႕ေရာ... ၿပီးရင္ ေစးထုပ္ေနေအာင္ နာနာသာဖြတ္ထည့္... အလုံးေလးေတြကို ဒီလိုလုံးၿပီး လွိမ့္တံနဲ႕ျပန္လွိမ့္... ရလာတဲ့အျပားဝိုင္းေတြကို အေျခာက္လွန္း... မီးကင္လိုက္တာနဲ႕ မုန့္ေလေပြရၿပီ"

"ဒီေလာက္ေလးတင္ပဲလား... လြယ္လိုက္တာ"

"ငါအေသးစိတ္ေျပာရင္လည္း နင္လုပ္တတ္မွာၾကလို႔"

ဝႆန္ ေကာက္ညွင္းကို လက္တစ္ဆုပ္စာဖဲ့ယူကာ ဝါးရင္း...

"ငါမွ မီးကင္ထားတဲ့ မုန့္ေလေပြမႀကိဳက္တာ... ဒါေပမဲ့ ဒါေလးကေတာ့ စားေကာင္းသား... အိေနတာပဲ"

"ဟဲ့... ဒါေတြကငါေရာင္းမွာ ထပ္မစားနဲ႕ေတာ့"

ဝႆန္ ႏွင္းအိအိမ္၌ တစ္ေနကုန္နီးပါးအခ်ိန္ျဖဳန္းရင္း သခၤါျပန္လာေခၚေတာ့မွ အိမ္သို႔ျပန္ခဲ့ၾကေလသည္။

ေနာင္ရက္အနည္းငယ္တြင္ ၿမိဳ႕ကဒိုင္ကိုဆက္သြယ္၍ ၾကက္မ်ားအား ထုတ္လိုက္ၾကသည္။ မူရင္းေစ်းျပန္မရေသာ္ျငား တစ္ေကာင္၅၀၀၀ထား၍ အေကာင္ေရသံုးရာကို ေရာင္းလိုက္ေလသည္။



-


တိေပးခ်က္

လတ္တေလာမွာ အေရးႀကီးကိစၥတစ္ခုအတြက္ ကိုယ့္ဖုန္းကို တျခားတစ္ေယာက္ဆီ ေပးလိုက္ရပါတယ္။ အဲ့ဖုန္းကိုလည္း ဝယ္ထားတာ တစ္လပဲရိွေသးတာရယ္၊ လက္ရိွဖုန္းက typingလုပ္လို႔အဆင္မေျပတာရယ္ေၾကာင့္ အသစ္ဝယ္ဖို႔အဆင္မေျပေသးသလို စာေရးဖို႔ကလည္း အဆင္မေျပဘူး။ အမွန္ဆို ေနာက္ႏွစ္ပိုင္းေလာက္ဆို ၿပိးေတာ့မွာ။


You are reading the story above: TeenFic.Net