part 16

Background color
Font
Font size
Line height

Unicode

"ဒူးရင်းစျေးကကောင်းတယ် ကိုလေး...ကျွန်တော် နယ်စပ်မှာသွားရောင်းတဲ့ဆိုင်က အသားချည်း တစ်ကီလိုကို ၉၅၀၀ပေးတယ်... ဟိုဘက်မှာဒူးရင်းခြံတွေပျက်စီးနေတော့ စျေးကြီးပေးဝယ်ကြတာလေ... အလုံးလှလေးတွေတော့ရွေးပေးရတာပေါ့... အလုံးစျေးနဲ့ဒိုင်သွင်းရင်လည်း မဆိုးဘူး"

ဝဿန်လက်ခါပြကာ ငှက်ပျောခိုင်များကို အလုပ်သမားတို့နှင့်အတူ ကူသယ်နေသည့်ကောင်လေးကို လှမ်းကြည့်လိုက်သည်။

"အဆင်ပြေသလိုလုပ်လိုက်"

သူဒီနေ့ နည်းနည်းတော့စိတ်မကြည်။ ဝါးခြမ်းကြမ်းခင်းနှင့် အိပ်လေ့အိပ်ထမရှိသောကြောင့် ကိုက်နေသည့်ခါးကို လက်ချောင်းသုံးကာဖိ၍ ကောင်လေးဆီလှမ်းသွားရင်း ခပ်သာသာတစ်ချက်ညည်းလိုက်မိသည်။ သူ့မျက်နှာမသာမယာဖြစ်နေသည်ကိုမြင်သောအခါ လုပ်လက်စများကိုရပ်ပြီး ဂရုတစိုက် လာကာနှိပ်ပေးရှာသည်။ ဝဿန် ကောင်လေးရင်ဘတ်ပေါ် ခေါင်းအသာစောင်းတင်ကာ ပျင်းရိပျင်းတွဲစွာဖြင့် ညည်းညူလိုက်သည်။

"ကိုယ် ဝါးကြမ်းခင်းထက် ဖျာခင်းမအိပ်ချင်တော့ဘူး... ကျောတွေလည်းနာပြီး ခါးကလည်း တောင့်တောင့်ကြီးကွာ"

"မြို့တက်ပြီး မွေ့ရာဝယ်လိုက်မယ်"

"မလိုဘူး... သူများကိုအားနာစရာကောင်းတယ် နည်းနည်းအသားမကျဖြစ်နေလို့"

"ခဏနားလိုက်"

"ကိုယ့်ကိုနမ်း"

ရှားပါးလှစွာဖြင့် ကောင်လေးက သူ၏နားထင်နား မသိမသာမွှေးကြူလာသည်။

"နောက်ထပ်"

"လူတွေအများကြီးပဲ"

အမှန်ပင်။ ယ​ေန့တွင် ငှက်ပျောခိုင်သိမ်းတာကြောင့် အလုပ်သမားများနေ၏။ ဝဿန် လေပူမှုတ်ထုတ်လိုက်သည်။

မနက်စောစော ငှက်ပျောသိမ်းပြီးနောက် နေ့ပေးငှားထားသောအလုပ်သမားများကို နေ့လည်စာကျွေးကြမည်ဖြစ်သည်။ ရိုးသားသောတောသူတောင်သားအပေါင်းတို့မှာ အလုပ်သမားများကို ပိုက်ဆံပေးငှားကြသည့်တိုင် တစ်နေ့ကိုအနည်းဆုံးထမင်းတစ်နပ်ကျွေးကြသည့်အပြင် လက်ဖက်ရည် အဆာပြေမုန့် အစရှိသည်တို့ဖြင့်ပါ ကျွေးမွေးကြသေးသည်။ ထိုမျှသာမက အနီးဝန်းကျင်ကလူများသည်လည်း လာစားနိုင်ပေသည်။

ကြက်သားကာလသားဟင်းအပြင် ငါးရံ့ဆီပြန်ဟင်းနှင့် ငရုပ်သီးခြောက်ကြော်အပါ တို့စရာများပါသည့် ထမင်းဝိုင်းက ခံတွင်းမြိန်စရာ။ ယနေ့တွင်လည်း သင်္ခါတစ်ယောက် သုံးဇလုံအောက်မလျော့ခဲ့ပေ။လူကြီးများအချိုတည်းနေကြချိန် အခွင့်ကောင်းယူ၍ ငှက်ပျောပင်များအောက် မြက်ဖျာခင်းကာ အနာယူနေသည့် ဝဿန်က သင်္ခါ့ဗိုက်ဆီလှမ်းကာ အင်္ကျီကိုလှန်လိုက်သည်။ ကောင်လေးက သူ့အား အူကြောင်ကြောင်ဖြင့် ပြန်ကြည့်လာခဲ့လေ၏။

"မင်းဒီတိုင်းသာစားနေရင် ဝလာလိမ့်မယ်"

"မဝပါဘူး"

"အိမ်မှာဆို အလွန်ဆုံးမှနှစ်ဇလုံထဲမဟုတ်လား"

သင်္ခါ နှုတ်ခမ်းကိုသာစေ့ထားပြီး ဘာမှပြန်မပြော။ ဝဿန်ကဆက်၍ ဗိုက်သားပြင်ကိုပွတ်သပ်ရင်း...

"အစားပုပ်တဲ့ဗိုက်လေးပဲ..."

"ခါ..."

"ဟမ်"

သင်္ခါ ဝဿန့်လက်ကိုဖမ်းဆုပ်၍ တားလိုက်လေသဖြင့်...

"လူလာလို့လား"

"ဟင့်အင်း"

ပတ်ဝန်းကျင်ကို လှည့်ကြည့်နေသည့်သူ့ခေါင်းအား ကောင်လေးက ပြန်ဆွဲတည့်လေသည်။

"ဒါဆို..."

"အိပ်ချင်တယ်"

ခါးအား ဖွဖွသိုင်းဖက်လာ၍ လည်ပင်းကြားကပ်ကာ အသက်ရှူသံဖြင့် လည်တိုင်ကို တိုးတိုက်စေသည်။ ဝဿန့်လက်က အလိုအလျောက်ပင် ထူထဲထဲဆံသားကြားရောက်ရှိသွားပြီး အသာပွတ်သပ်၍...

"အိပ်လေ...ကိုယ်လည်း ခဏမှေးမှာ"

ထမင်းဆိပ်တက်နေသူသင်္ခါက ခွင့်ပြုချက်ရသည်နှင့် ဝဿန့်ပေါင်ပေါ် ခေါင်းလှဲချသည်။ ခါးအား ခပ်ဖွဖွဖက်ထားသော လက်ကိုမူ မလွှတ်လိုက်ချေ။

-

ခူးသိမ်းပြီးသော ငှက်ပျောသီးများတစ်ဝက်ကို အကြော်လုပ်ကာ ထုပ်ရောင်းမည်ဖြစ်ပြီး ကျန်တစ်ဝက်အား ဒိုင်သွင်းလိုက်ကြသည်။ ရက်အနည်းငယ်နေပြီးသည့်နောက်တွင် စီမံခန့်ခွဲမှုတို့လုပ်ကာ အလုပ်တို့ကိုအပြီးသတ်လိုက်သည်။ အကြော်အတွက် ကုန်ကြမ်းများကိုလည်း တစ်ခါတည်းစီစဥ်ပေးထားခဲ့လိုက်သည်။

ထို့နောက်တွင်တော့ နှစ်ယောက်သား ငှက်ပျောခိုင်ရောင်းရငွေများကိုပိုက်၍ ပန်းလှည်းသို့ ပြန်လာခဲ့ကြလေသည်။ ကံဆိုးစွာနဲ့ပဲအလာတုန်းကနှင့်မတူသည်က အပြန်လမ်းတွင် မိုးသည်းသည်းမည်းမည်းရွာနေခဲ့ခြင်းပါပေ။ ကားရှေ့မှန်က မိုးစက်များမှာလည်းပိုမိုများပြားလာခဲ့ပြီး ကားရှေ့မြင်ကွင်းကလည်းမသဲကွဲတော့သဖြင့် ကားကို လိပ်နှုန်းအတိုင်းမောင်းလာခဲ့ရလေ၏။

"ကိုယ်တို့ တစ်နေရာမှာခိုပြီး မိုးတိတ်မှပြန်ကြရအောင်"

"အင်း"

ဝဿန်ပြောသမျှ သင်္ခါ ငြင်းခဲ့သည်ဆိုတာမရှိ။ အလွယ်တကူ ခေါင်းညိတ်လိုက်သည်ချည်းသာ။

တည်းခိုရန်နေရာရှာလိုက်သော်လည်း မကောင်းသောကံအရ သူတို့လက်ရှိရောက်သောနေရာမှာ မြို့ပြင်က စိုက်ခင်းများသာရှိ​သည်။ အတန်ကြာ ထပ်မောင်းလိုက်သည့်အခါတွင်တော့ လယ်ကွင်းထဲက တဲအိမ် တစ်လုံးစနှစ်လုံးစကို လှမ်းမြင်လိုက်ကြသည်။

ဝဿန် ကားကိုရပ်ပြီးနောက် သင်္ခါ၏ မိုးကာအင်္ကျီဝတ်ပေးခြင်းကို ခံလိုက်ရလေသည်။

"မိုးကာပါလာတာလား ကိုယ်ဘာလို့မတွေ့မိတာလဲ"

"ဟိုရွာမှာ ကျွန်တော်ဝယ်လာခဲ့တာ"

"ဪ"

"သွားရအောင်"

ပြောပြောဆိုဆိုဖြင့် ​ကားတံခါးဖွင့်ကာ ထီးဖွင့်၍ဆင်းချသွားလေလျှင် ဝဿန် ကမန်းကတမ်းဖြင့်...

"နေဦး... မင်းအတွက်ရော"

"မဝယ်ခဲ့မိဘူး"

ဝဿန် ပြောစရာစကားမဲ့သွားရလေသည်။ မဝယ်ဘူးဆိုလျှင်လည်း မဝယ်ဘဲနေတာမဟုတ်၊ တစ်ထည်တည်းကို ကွက်ဝယ်သွားခဲ့တာ ဘယ်လိုအတွေးနဲ့များပါလဲ။

"ဒါဆို မင်းပဲဝတ်လိုက်လေ... ကိုယ်ချွတ်ပေးမယ်... ထီးက သိပ်လုံခြုံတာမဟုတ်ဘူး"

သင်္ခါ ချက်ချင်းကန့်ကွက်လိုက်သည်။

"ခါက ပိုအရေးကြီးတယ်"

ထို့နောက် တံခါးပိတ်၍ တစ်ဖက်တံခါးသို့လာကာ ကားထဲကထွက်လာသည့် ဝဿန့်ကို ထီးမိုးပေး၏။

"ကိုယ့်မှာ မိုးကာပါတယ်လေ မင်းပဲသေချာဆောင်း"

ပြောလိုက်သော်လည်း မျက်နှာသေဖြင့်ပင် သူ့ကိုရင်ခွင်ထဲထည့်ဖက်၊ မိုးမစင်အောင်အတင်းကာ၍ တဲအိမ်လေးရှိရာဆီလျှောက်သွားခဲ့သည်။ ဟိုကိုလည်းရောက်ရော သင်္ခါ့ညာဘက်ခြမ်းတစ်ခုလုံး ရွှဲရွှဲစို။

တဲအိမ်၌ လူတစ်ဦးတစ်ယောက်မှ ရှိမနေချေ။ ကွပ်ပျစ်ပေါ်က ရေနံဆီမီးခွက်တစ်လုံးနှင့် ဆေးလိပ်ပြာခွက်တစ်ခုသာရှိသည်။ အထဲဝင်လိုက်သည်နှင့် ဖက်ကြမ်းနံ့ကိုရလိုက်သောကြောင့် ဤတဲငယ်ပိုင်ရှင်မှာ ဆေးလိပ်သောက်ရသည်ကို ကြိုက်သောသူဖြစ်ပေလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က မိုးခိုရုံသာဖြစ်၍ တဲပိုင်ရှင်စိတ်မဆိုးလောက်။

မိုးကာအင်္ကျီ၏အခံကြောင့် ဝဿန်က များများစားစား မိုးရေမစိုခဲ့။ သို့သော်လည်း အဝတ်များစိုအက်အက်ဖြစ်နေလျှင် နေမကောင်းဖြစ်မှာကိုစိုးရိမ်သည့်သင်္ခါက သယ်လာခဲ့သောအိတ်ကနေ အဝတ်တစ်စုံကိုထုတ်ကာ အတင်းအကြပ်လဲခိုင်းခဲ့သည်။ သူကိုယ်တိုင်ကလည်း စိုနေသောအင်္ကျီနှင့် ပုဆိုးကိုလဲလိုက်သည်။

"အေးလား..."

"နည်းနည်း"

ဝဿန် အအေးမခံနိုင်မှန်းသိတော့ အနားတိုးကပ်ကာ ဖက်လာသည်။ ဝဿန် ကောင်လေး၏ အင်္ကျီကော်လံနားကို လက်ချောင်းဖြင့်ဖွဖွထိလိုက်သည်။

"ကိုယ့်ရဲ့ခင်ပွန်းလောင်းလေးက အရမ်းဂရုစိုက်တတ်တာပဲကွာ"

ဝဿန့်အားဖက်ထားသည့် သင်္ခါ့လက်မောင်းတို့က တင်းခနဲ။

"ခါ"

"ဗျာ..."

သင်္ခါ ထိုစကားကိုပြောလာဖို့ အချိန်အကြာကြီးယူလိုက်ရသည်။

"ကျွန်တော်..... အဲ့တာကို သဘောကျတယ်"

"ဘယ်ဟာကိုလဲ"

ရင်ခွင်ထဲကနေ မော့ကြည့်ကာမေးတော့ မျက်နှာကို ဝဿန့်ဆံသားထက်အပ်လိုက်သည်။ ဖျတ်ခနဲမြင်လိုက်ရသည့် နီရဲရဲနားရွက်လေးအရ ရှက်နေတာဖြစ်လိမ့်မည်။ ဘယ်ဟာဖြစ်နိုင်လိမ့်မလဲဟု စဥ်းစားကြည့်ပြီးနောက် ဝဿန် ခပ်နွေးနွေးရင်ဘတ်ကို နမ်းကာ ခေါ်လိုက်သည်။

"ကိုယ့်ရဲ့ ခင်ပွန်းလေး..."

"....."

"ကိုယ့်ရဲ့အနာဂတ်ယောကျာ်း...အာ့! ဘာလုပ်လိုက်တာလဲ"

"တောင်း... တောင်းပန်ပါတယ် ကျ ကျွန်တော် မရည်ရွယ်ပါဘူး"

ပျာပျာသလဲဖြင့်ထတောင်းပန်နေသည့် မျက်နှာက သနားစဖွယ်။

"နာသွားလားဟင်"

ဝဿန် နှာကိုဖူးခနဲမှုတ်၍ ရယ်ရင်းဖြင့် သွားဖြင့်ကိုက်ခံလိုက်ရသည့် ခေါင်းထိပ်ကို လက်ဖြင့်ပွတ်သပ်လိုက်သည်။

"မနာဘဲနေမလား ကိုယ့်ခင်ပွန်းလေးရဲ့... ခေါင်းပေါ်မျက်နှာအပ်ထားတာကနေ ရုတ်တရက်ကြီး အားနဲ့ကိုက်ချပစ်လိုက်တာကို"

"ကျွန်တော်...."

"စတာ စတာ... မနာပါဘူး"

အပျက်ပျက်အယွင်းယွင်းဖြစ်နေသည့်မျက်နှာလေးကို ခပ်ဖွဖွငုံ့နမ်းကာ ချော့လိုက်တော့ တိုးတိုးလေးပြောလာရှာလေသည်။

'ကျွန်တော် အသည်းယားသွားလို့ပါ'တဲ့လေ....။

-

-

ပန်းလှည်းရွာကို ပြန်ရောက်သွားသည်ထိတိုင် မိုးက သည်းတစ်လှည့် ဖွဲတစ်လှည့်ဖြင့် အဆက်မပြတ်ရွာချနေ၏။ မိုးသည်းလွန်းသဖြင့် ဝဿန်တစ်​ယောက် အိပ်ရာထဲက မထွက်ချင်တော့။ ဤရက်ပိုင်းအတွင်း နှာစေးချောင်းဆိုးမိနေသည်မှာလည်း အခါခါ။ ထို့ကြောင့် အခန်းအောင်း၍ အနွေးထည်လက်ရှည်ဝတ်ကာ စောင်ခြုံကွေးနေမိ၏။

သင်္ခါက မီးဖိုချောင်ထဲ တကုပ်ကုပ်လုပ်နေပြီးနောက် ရေနွေးကြမ်းကရားဖြင့် ပြန်ထွက်လာချိန် အလင်းနှင့်ဆုံသဖြင့် ကြက်ခြံကိုပိုဂရုစိုက်ပေးဖို့ ပြောလိုက်သည်။ မိုးရာသီထဲမှာမို့ ကြက်တုပ်ကွေးမဖြစ်အောင် ဂရုစိုက်ရသလို ခြံဝန်းကိုလည်း ပိုသန့်ရှင်းစေရန် ဂရုစိုက်ရသည်။ ကြက်ခြံထဲ မိုးရေဝင်လျှင် အနံ့ဆိုးထွက်လာမည်ဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေ၏။

"ဒါနဲ့ ဟိုတစ်ယောက်ရော..."

အလင်းက ခေါင်းကိုကုပ်၍ ရှက်ရှက်ဖြင့်...

"သူ့... သူ့ကောင်လေးနဲ့သွားတွေ့တာနေမှာပေါ့"

"......."

သင်္ခါ ပြောစရာပျောက်ရှနေစဥ်မှာပဲ ခပ်တိုးတိုးချောင်းဆိုးသံနှင့်အတူ ဝဿန်က အခန်းတံခါးဝထွက်လာ၍...

"ဘယ်ကကောင်လေးလဲ... ငါမရှိတာ နှစ်ပတ်လောက်ပဲကို မင်းတို့ကရည်းစားတောင်ရနေပြီလား... ပြီးတော့ ကောင်လေး? ဟုတ်လား"

"မဟုတ်... ကျွန်တော်မပါဘူးလေကိုလေး အလင်းတစ်ယောက်တည်းပဲ"

"အေးပါကွာ... ဆိုပါဦး ဘယ်သူနဲ့တဲ့လဲ"

"ခါ... အေးတယ်"

သင်္ခါက ရေနွေးကြမ်းအိုးကို ဘေးတွင်ချ၍ ဝဿန့်၏ပေါ်နေသော လည်ပင်းကို ဖုံးပေးပြီး အခန်းထဲဝင်ရန် သတိပေး​ေလသည်။

"ခဏလေးပါကွာ စကားဆုံးအောင်ပြောပါရစေဦး"

"နောက်မှပြောလေ... အလင်း အပြင်ပြန်ထွက်ရင် ပြတင်းပေါက်တွေပိတ်သွားဦး"

"ကျွန်တော်သိပြီ!..... ကိုလေးရေ သူပြန်လာမှမေး အခုကျွန်တော်သွားပြီ"

အလင်းတစ်ယောက် သူများအကြောင်းကို ကွယ်ရာဝင်မပြောချင်သလို ကိုလေးကိုလည်းမလွန်ဆန်ရဲ။ သို့သော်လည်း သင်္ခါကြောင့် သူလွတ်လမ်းရှာတွေ့ခဲ့ရသဖြင့် အမြန်ဆုံးနှုန်းဖြင့် ပြေးထွက်သွားခဲ့တော့သည်။

"မင်းကတော့ကွာ.... ကိုယ်ကဒီတိုင်းမေးမလို့ကို ဟိုမှာပြေးသွားပြီ"

ဝဿန် ထိုသို့ပြောလိုက်သော်လည်း မဆူရက်သည့်အပြင် နှုတ်ခမ်းထောင့်က ခပ်တွန့်တွန့်။

"ဗိုက်ဆာနေလား... ကျွန်တော်ဆန်ပြုတ်ထားတယ်"

"ကိုယ်လူမမာမဟုတ်ဘူးလေ... ဘာလို့အမြဲဆန်ပြုတ်ဖြစ်နေတာလဲ"

သင်္ခါက မျက်နှာငယ်နှင့်ဘာမှမပြော။ သူ့မှာ ဝဿန့်ရဲ့ ရှားပါးလှသည့် ချူချာပုံကိုမြင်လိုက်ရသဖြင့် စိတ်ပူသွားခဲ့တာအမှန်အကန်။

"ကိုယ်တခြားဟာ စားလို့မရဘူးလား"

ဝဿန် အလိုမကျသလို အထွန့်တက်ကြည့်လိုက်သည်။ ကိုယ့်ထက် ခြောက်နှစ်ငယ်ပေမဲ့ သူလည်း ရစ်ချင် ချွဲပေချင်​သေးသည်ကိုး။

"ဟင့်အင်း"

"ဒါဆို..."

"အစာကြေလွယ်တာပဲ စားရအောင်လေ... နော်"

"ကိုယ့်ခင်ပွန်းလောင်းလေးကို ဆိုရင်ရော"

ကောင်လေးက သူ့ကို မျက်ဝန်းပြူးဖြင့်ကြည့်လာသည်။ ဝဿန် မျက်ဝန်းတို့ကို့မှေးစင်းပြီး ခြောက်နေသောနှုတ်ခမ်းကို တစ်ချက်သပ်လိုက်ပြီး...

"ဘယ်လိုလဲ... အစာကြေလွယ်လောက်လား"

သင်္ခါ အယောင်ယောင်အမှားမှားဖြင့် ခေါင်းခါပြပြီးမှ ရှက်ရဲနေသောမျက်နှာကို လက်မြှောက်၍ ကာလက်သည်။

"အဲ့လို မစပါနဲ့"

"ကိုယ်အတည်ပြောတာ... ကိုယ့်ယောကျာ်းဖြစ်လာမဲ့လူကို ကိုယ်စားချင်တာအပြစ်လား"

သင်္ခါ အရဲစွန့်ပြီး မအီမသာပြန်ပြောလိုက်သည်။

"ကျွန်တော်အစားမခံချင်ဘူး"

"ဒါဆို ကိုယ့်ကိုစားလေ"

"ခါ...! ကျွန်တော်ရှက်တယ်ဗျ"

ဝဿန် တခစ်ခစ်ရယ်ပြီးနောက် အိပ်ရာဆီသွားကာ လှဲချပြီး ခြေထောက်ကိုခွဲလိုက်သည်။ သူယခုရက်ပိုင်း ဟန်လုပ်ပြီးပုဆိုးမဝတ်ချင်တော့သောကြောင့် ပေါ့ပေါ့ပါးပါးPantsအပွကို အနွေးထည်ဖြင့်တွဲဝတ်ထားတာဖြစ်သည်။

ဝဿန် ကလူ၏မြူ၏လုပ်၍...

"လာ ကိုယ့်သင်္ခါလေး... လာစား အဝစား"

သင်္ခါ အောက်နှုတ်ခမ်းကို မသိမသာကိုက်ကာ ခေါင်းလွှဲလိုက်သည်။ သူ၏မျက်နှာမှာတော့ ပေါက်ထွက်တော့မတတ် ဖြစ်နေခဲ့ချေပြီ။



-

Zawgyi

"ဒူးရင္းေစ်းကေကာင္းတယ္ ကိုေလး...ကြၽန္ေတာ္ နယ္စပ္မွာသြားေရာင္းတဲ့ဆိုင္က အသားခ်ည္း တစ္ကီလိုကို ၉၅၀၀ေပးတယ္... ဟိုဘက္မွာဒူးရင္းၿခံေတြပ်က္စီးေနေတာ့ ေစ်းႀကီးေပးဝယ္ၾကတာေလ... အလုံးလွေလးေတြေတာ့ေ႐ြးေပးရတာေပါ့... အလုံးေစ်းနဲ႕ဒိုင္သြင္းရင္လည္း မဆိုးဘူး"

ဝႆန္လက္ခါျပကာ ငွက္ေပ်ာခိုင္မ်ားကို အလုပ္သမားတို႔ႏွင့္အတူ ကူသယ္ေနသည့္ေကာင္ေလးကို လွမ္းၾကည့္လိုက္သည္။

"အဆင္ေျပသလိုလုပ္လိုက္"

သူဒီေန႕ နည္းနည္းေတာ့စိတ္မၾကည္။ ဝါးျခမ္းၾကမ္းခင္းႏွင့္ အိပ္ေလ့အိပ္ထမရွိေသာေၾကာင့္ ကိုက္ေနသည့္ခါးကို လက္ေခ်ာင္းသုံးကာဖိ၍ ေကာင္ေလးဆီလွမ္းသြားရင္း ခပ္သာသာတစ္ခ်က္ညည္းလိုက္မိသည္။ သူ႕မ်က္ႏွာမသာမယာျဖစ္ေနသည္ကိုျမင္ေသာအခါ လုပ္လက္စမ်ားကိုရပ္ၿပီး ဂ႐ုတစိုက္ လာကာႏွိပ္ေပးရွာသည္။ ဝႆန္ ေကာင္ေလးရင္ဘတ္ေပၚ ေခါင္းအသာေစာင္းတင္ကာ ပ်င္းရိပ်င္းတြဲစြာျဖင့္ ညည္းၫူလိုက္သည္။

"ကိုယ္ ဝါးၾကမ္းခင္းထက္ ဖ်ာခင္းမအိပ္ခ်င္ေတာ့ဘူး... ေက်ာေတြလည္းနာၿပီး ခါးကလည္း ေတာင့္ေတာင့္ႀကီးကြာ"

"ၿမိဳ႕တက္ၿပီး ေမြ႕ရာဝယ္လိုက္မယ္"

"မလိုဘူး... သူမ်ားကိုအားနာစရာေကာင္းတယ္ နည္းနည္းအသားမက်ျဖစ္ေနလို႔"

"ခဏနားလိုက္"

"ကိုယ့္ကိုနမ္း"

ရွားပါးလွစြာျဖင့္ ေကာင္ေလးက သူ၏နားထင္နား မသိမသာေမႊးၾကဴလာသည္။

"ေနာက္ထပ္"

"လူေတြအမ်ားႀကီးပဲ"

အမွန္ပင္။ ယေန့တွင် ငွက္ေပ်ာခိုင္သိမ္းတာေၾကာင့္ အလုပ္သမားမ်ားေန၏။ ဝႆန္ ေလပူမႈတ္ထုတ္လိုက္သည္။

မနက္ေစာေစာ ငွက္ေပ်ာသိမ္းၿပီးေနာက္ ေန႕ေပးငွားထားေသာအလုပ္သမားမ်ားကို ေန႕လည္စာေကြၽးၾကမည္ျဖစ္သည္။ ရိုးသားေသာေတာသူေတာင္သားအေပါင္းတို႔မွာ အလုပ္သမားမ်ားကို ပိုက္ဆံေပးငွားၾကသည့္တိုင္ တစ္ေန႕ကိုအနည္းဆုံးထမင္းတစ္နပ္ေကြၽးၾကသည့္အျပင္ လက္ဖက္ရည္ အဆာေျပမုန့္ အစရွိသည္တို႔ျဖင့္ပါ ေကြၽးေမြးၾကေသးသည္။ ထိုမွ်သာမက အနီးဝန္းက်င္ကလူမ်ားသည္လည္း လာစားနိုင္ေပသည္။

ၾကက္သားကာလသားဟင္းအျပင္ ငါးရံ႕ဆီျပန္ဟင္းႏွင့္ င႐ုပ္သီးေျခာက္ေၾကာ္အပါ တို႔စရာမ်ားပါသည့္ ထမင္းဝိုင္းက ခံတြင္းၿမိန္စရာ။ ယေန႕တြင္လည္း သခၤါတစ္ေယာက္ သုံးဇလုံေအာက္မေလ်ာ့ခဲ့ေပ။လူႀကီးမ်ားအခ်ိဳတည္းေနၾကခ်ိန္ အခြင့္ေကာင္းယူ၍ ငွက္ေပ်ာပင္မ်ားေအာက္ ျမက္ဖ်ာခင္းကာ အနာယူေနသည့္ ဝႆန္က သခၤါ့ဗိုက္ဆီလွမ္းကာ အကၤ်ီကိုလွန္လိုက္သည္။ ေကာင္ေလးက သူ႕အား အူေၾကာင္ေၾကာင္ျဖင့္ ျပန္ၾကည့္လာခဲ့ေလ၏။

"မင္းဒီတိုင္းသာစားေနရင္ ဝလာလိမ့္မယ္"

"မဝပါဘူး"

"အိမ္မွာဆို အလြန္ဆုံးမွႏွစ္ဇလုံထဲမဟုတ္လား"

သခၤါ ႏႈတ္ခမ္းကိုသာေစ့ထားၿပီး ဘာမွျပန္မေျပာ။ ဝႆန္ကဆက္၍ ဗိုက္သားျပင္ကိုပြတ္သပ္ရင္း...

"အစားပုပ္တဲ့ဗိုက္ေလးပဲ..."

"ခါ..."

"ဟမ္"

သခၤါ ဝႆန့္လက္ကိုဖမ္းဆုပ္၍ တားလိုက္ေလသျဖင့္...

"လူလာလို႔လား"

"ဟင့္အင္း"

ပတ္ဝန္းက်င္ကို လွည့္ၾကည့္ေနသည့္သူ႕ေခါင္းအား ေကာင္ေလးက ျပန္ဆြဲတည့္ေလသည္။

"ဒါဆို..."

"အိပ္ခ်င္တယ္"

ခါးအား ဖြဖြသိုင္းဖက္လာ၍ လည္ပင္းၾကားကပ္ကာ အသက္ရႉသံျဖင့္ လည္တိုင္ကို တိုးတိုက္ေစသည္။ ဝႆန့္လက္က အလိုအေလ်ာက္ပင္ ထူထဲထဲဆံသားၾကားေရာက္ရွိသြားၿပီး အသာပြတ္သပ္၍...

"အိပ္ေလ...ကိုယ္လည္း ခဏေမွးမွာ"

ထမင္းဆိပ္တက္ေနသူသခၤါက ခြင့္ျပဳခ်က္ရသည္ႏွင့္ ဝႆန့္ေပါင္ေပၚ ေခါင္းလွဲခ်သည္။ ခါးအား ခပ္ဖြဖြဖက္ထားေသာ လက္ကိုမူ မလႊတ္လိုက္ေခ်။

-

ခူးသိမ္းၿပီးေသာ ငွက္ေပ်ာသီးမ်ားတစ္ဝက္ကို အေၾကာ္လုပ္ကာ ထုပ္ေရာင္းမည္ျဖစ္ၿပီး က်န္တစ္ဝက္အား ဒိုင္သြင္းလိုက္ၾကသည္။ ရက္အနည္းငယ္ေနၿပီးသည့္ေနာက္တြင္ စီမံခန့္ခြဲမႈတို႔လုပ္ကာ အလုပ္တို႔ကိုအၿပီးသတ္လိုက္သည္။ အေၾကာ္အတြက္ ကုန္ၾကမ္းမ်ားကိုလည္း တစ္ခါတည္းစီစဥ္ေပးထားခဲ့လိုက္သည္။

ထို႔ေနာက္တြင္ေတာ့ ႏွစ္ေယာက္သား ငွက္ေပ်ာခိုင္ေရာင္းရေငြမ်ားကိုပိုက္၍ ပန္းလွည္းသို႔ ျပန္လာခဲ့ၾကေလသည္။ ကံဆိုးစြာနဲ႕ပဲအလာတုန္းကႏွင့္မတူသည္က အျပန္လမ္းတြင္ မိုးသည္းသည္းမည္းမည္း႐ြာေနခဲ့ျခင္းပါေပ။ ကားေရွ႕မွန္က မိုးစက္မ်ားမွာလည္းပိုမိုမ်ားျပားလာခဲ့ၿပီး ကားေရွ႕ျမင္ကြင္းကလည္းမသဲကြဲေတာ့သျဖင့္ ကားကို လိပ္ႏႈန္းအတိုင္းေမာင္းလာခဲ့ရေလ၏။

"ကိုယ္တို႔ တစ္ေနရာမွာခိုၿပီး မိုးတိတ္မွျပန္ၾကရေအာင္"

"အင္း"

ဝႆန္ေျပာသမွ် သခၤါ ျငင္းခဲ့သည္ဆိုတာမရွိ။ အလြယ္တကူ ေခါင္းညိတ္လိုက္သည္ခ်ည္းသာ။

တည္းခိုရန္ေနရာရွာလိုက္ေသာ္လည္း မေကာင္းေသာကံအရ သူတို႔လက္ရွိေရာက္ေသာေနရာမွာ ၿမိဳ႕ျပင္က စိုက္ခင္းမ်ားသာရွိသည္။ အတန္ၾကာ ထပ္ေမာင္းလိုက္သည့္အခါတြင္ေတာ့ လယ္ကြင္းထဲက တဲအိမ္ တစ္လုံးစႏွစ္လုံးစကို လွမ္းျမင္လိုက္ၾကသည္။

ဝႆန္ ကားကိုရပ္ၿပီးေနာက္ သခၤါ၏ မိုးကာအကၤ်ီဝတ္ေပးျခင္းကို ခံလိုက္ရေလသည္။

"မိုးကာပါလာတာလား ကိုယ္ဘာလို႔မေတြ႕မိတာလဲ"

"ဟို႐ြာမွာ ကြၽန္ေတာ္ဝယ္လာခဲ့တာ"

"ဪ"

"သြားရေအာင္"

ေျပာေျပာဆိုဆိုျဖင့္ ကားတံခါးဖြင့္ကာ ထီးဖြင့္၍ဆင္းခ်သြားေလလွ်င္ ဝႆန္ ကမန္းကတမ္းျဖင့္...

"ေနဦး... မင္းအတြက္ေရာ"

"မဝယ္ခဲ့မိဘူး"

ဝႆန္ ေျပာစရာစကားမဲ့သြားရေလသည္။ မဝယ္ဘူးဆိုလွ်င္လည္း မဝယ္ဘဲေနတာမဟုတ္၊ တစ္ထည္တည္းကို ကြက္ဝယ္သြားခဲ့တာ ဘယ္လိုအေတြးနဲ႕မ်ားပါလဲ။

"ဒါဆို မင္းပဲဝတ္လိုက္ေလ... ကိုယ္ခြၽတ္ေပးမယ္... ထီးက သိပ္လုံၿခဳံတာမဟုတ္ဘူး"

သခၤါ ခ်က္ခ်င္းကန့္ကြက္လိုက္သည္။

"ခါက ပိုအေရးႀကီးတယ္"

ထို႔ေနာက္ တံခါးပိတ္၍ တစ္ဖက္တံခါးသို႔လာကာ ကားထဲကထြက္လာသည့္ ဝႆန့္ကို ထီးမိုးေပး၏။

"ကိုယ့္မွာ မိုးကာပါတယ္ေလ မင္းပဲေသခ်ာေဆာင္း"

ေျပာလိုက္ေသာ္လည္း မ်က္ႏွာေသျဖင့္ပင္ သူ႕ကိုရင္ခြင္ထဲထည့္ဖက္၊ မိုးမစင္ေအာင္အတင္းကာ၍ တဲအိမ္ေလးရွိရာဆီေလွ်ာက္သြားခဲ့သည္။ ဟိုကိုလည္းေရာက္ေရာ သခၤါ့ညာဘက္ျခမ္းတစ္ခုလုံး ႐ႊဲ႐ႊဲစို။

တဲအိမ္၌ လူတစ္ဦးတစ္ေယာက္မွ ရွိမေနေခ်။ ကြပ္ပ်စ္ေပၚက ေရနံဆီမီးခြက္တစ္လုံးႏွင့္ ေဆးလိပ္ျပာခြက္တစ္ခုသာရွိသည္။ အထဲဝင္လိုက္သည္ႏွင့္ ဖက္ၾကမ္းနံ႕ကိုရလိုက္ေသာေၾကာင့္ ဤတဲငယ္ပိုင္ရွင္မွာ ေဆးလိပ္ေသာက္ရသည္ကို ႀကိဳက္ေသာသူျဖစ္ေပလိမ့္မည္။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔က မိုးခို႐ုံသာျဖစ္၍ တဲပိုင္ရွင္စိတ္မဆိုးေလာက္။

မိုးကာအကၤ်ီ၏အခံေၾကာင့္ ဝႆန္က မ်ားမ်ားစားစား မိုးေရမစိုခဲ့။ သို႔ေသာ္လည္း အဝတ္မ်ားစိုအက္အက္ျဖစ္ေနလွ်င္ ေနမေကာင္းျဖစ္မွာကိုစိုးရိမ္သည့္သခၤါက သယ္လာခဲ့ေသာအိတ္ကေန အဝတ္တစ္စုံကိုထုတ္ကာ အတင္းအၾကပ္လဲခိုင္းခဲ့သည္။ သူကိုယ္တိုင္ကလည္း စိုေနေသာအကၤ်ီႏွင့္ ပုဆိုးကိုလဲလိုက္သည္။

"ေအးလား..."

"နည္းနည္း"

ဝႆန္ အေအးမခံနိုင္မွန္းသိေတာ့ အနားတိုးကပ္ကာ ဖက္လာသည္။ ဝႆန္ ေကာင္ေလး၏ အကၤ်ီေကာ္လံနားကို လက္ေခ်ာင္းျဖင့္ဖြဖြထိလိုက္သည္။

"ကိုယ့္ရဲ႕ခင္ပြန္းေလာင္းေလးက အရမ္းဂ႐ုစိုက္တတ္တာပဲကြာ"

ဝႆန့္အားဖက္ထားသည့္ သခၤါ့လက္ေမာင္းတို႔က တင္းခနဲ။

"ခါ"

"ဗ်ာ..."

သခၤါ ထိုစကားကိုေျပာလာဖို႔ အခ်ိန္အၾကာႀကီးယူလိုက္ရသည္။

"ကြၽန္ေတာ္..... အဲ့တာကို သေဘာက်တယ္"

"ဘယ္ဟာကိုလဲ"

ရင္ခြင္ထဲကေန ေမာ့ၾကည့္ကာေမးေတာ့ မ်က္ႏွာကို ဝႆန့္ဆံသားထက္အပ္လိုက္သည္။ ဖ်တ္ခနဲျမင္လိုက္ရသည့္ နီရဲရဲနား႐ြက္ေလးအရ ရွက္ေနတာျဖစ္လိမ့္မည္။ ဘယ္ဟာျဖစ္နိုင္လိမ့္မလဲဟု စဥ္းစားၾကည့္ၿပီးေနာက္ ဝႆန္ ခပ္ႏြေးႏြေးရင္ဘတ္ကို နမ္းကာ ေခၚလိုက္သည္။

"ကိုယ့္ရဲ႕ ခင္ပြန္းေလး..."

"....."

"ကိုယ့္ရဲ႕အနာဂတ္ေယာက်ာ္း...အာ့! ဘာလုပ္လိုက္တာလဲ"

"ေတာင္း... ေတာင္းပန္ပါတယ္ က် ကြၽန္ေတာ္ မရည္႐ြယ္ပါဘူး"

ပ်ာပ်ာသလဲျဖင့္ထေတာင္းပန္ေနသည့္ မ်က္ႏွာက သနားစဖြယ္။

"နာသြားလားဟင္"

ဝႆန္ ႏွာကိုဖူးခနဲမႈတ္၍ ရယ္ရင္းျဖင့္ သြားျဖင့္ကိုက္ခံလိုက္ရသည့္ ေခါင္းထိပ္ကို လက္ျဖင့္ပြတ္သပ္လိုက္သည္။

"မနာဘဲေနမလား ကိုယ့္ခင္ပြန္းေလးရဲ႕... ေခါင္းေပၚမ်က္ႏွာအပ္ထားတာကေန ႐ုတ္တရက္ႀကီး အားနဲ႕ကိုက္ခ်ပစ္လိုက္တာကို"

"ကြၽန္ေတာ္...."

"စတာ စတာ... မနာပါဘူး"

အပ်က္ပ်က္အယြင္းယြင္းျဖစ္ေနသည့္မ်က္ႏွာေလးကို ခပ္ဖြဖြငုံ႕နမ္းကာ ေခ်ာ့လိုက္ေတာ့ တိုးတိုးေလးေျပာလာရွာေလသည္။

'ကြၽန္ေတာ္ အသည္းယားသြားလို႔ပါ'တဲ့ေလ....။

-

-

ပန္းလွည္း႐ြာကို ျပန္ေရာက္သြားသည္ထိတိုင္ မိုးက သည္းတစ္လွည့္ ဖြဲတစ္လွည့္ျဖင့္ အဆက္မျပတ္႐ြာခ်ေန၏။ မိုးသည္းလြန္းသျဖင့္ ဝႆန္တစ္ေယာက္ အိပ္ရာထဲက မထြက္ခ်င္ေတာ့။ ဤရက္ပိုင္းအတြင္း ႏွာေစးေခ်ာင္းဆိုးမိေနသည္မွာလည္း အခါခါ။ ထို႔ေၾကာင့္ အခန္းေအာင္း၍ အႏြေးထည္လက္ရွည္ဝတ္ကာ ေစာင္ၿခဳံေကြးေနမိ၏။

သခၤါက မီးဖိုေခ်ာင္ထဲ တကုပ္ကုပ္လုပ္ေနၿပီးေနာက္ ေရႏြေးၾကမ္းကရားျဖင့္ ျပန္ထြက္လာခ်ိန္ အလင္းႏွင့္ဆုံသျဖင့္ ၾကက္ၿခံကိုပိုဂ႐ုစိုက္ေပးဖို႔ ေျပာလိုက္သည္။ မိုးရာသီထဲမွာမို႔ ၾကက္တုပ္ေကြးမျဖစ္ေအာင္ ဂ႐ုစိုက္ရသလို ၿခံဝန္းကိုလည္း ပိုသန့္ရွင္းေစရန္ ဂ႐ုစိုက္ရသည္။ ၾကက္ၿခံထဲ မိုးေရဝင္လွ်င္ အနံ႕ဆိုးထြက္လာမည္ျဖစ္ၿပီး စိတ္အႏွောင့္အယွက္ျဖစ္ေစ၏။

"ဒါနဲ႕ ဟိုတစ္ေယာက္ေရာ..."

အလင္းက ေခါင္းကိုကုပ္၍ ရွက္ရွက္ျဖင့္...

"သူ႕... သူ႕ေကာင္ေလးနဲ႕သြားေတြ႕တာေနမွာေပါ့"

"......."

သခၤါ ေျပာစရာေပ်ာက္ရွေနစဥ္မွာပဲ ခပ္တိုးတိုးေခ်ာင္းဆိုးသံႏွင့္အတူ ဝႆန္က အခန္းတံခါးဝထြက္လာ၍...

"ဘယ္ကေကာင္ေလးလဲ... ငါမရွိတာ ႏွစ္ပတ္ေလာက္ပဲကို မင္းတို႔ကရည္းစားေတာင္ရေနၿပီလား... ၿပီးေတာ့ ေကာင္ေလး? ဟုတ္လား"

"မဟုတ္... ကြၽန္ေတာ္မပါဘူးေလကိုေလး အလင္းတစ္ေယာက္တည္းပဲ"

"ေအးပါကြာ... ဆိုပါဦး ဘယ္သူနဲ႕တဲ့လဲ"

"ခါ... ေအးတယ္"

သခၤါက ေရႏြေးၾကမ္းအိုးကို ေဘးတြင္ခ်၍ ဝႆန့္၏ေပၚေနေသာ လည္ပင္းကို ဖုံးေပးၿပီး အခန္းထဲဝင္ရန္ သတိေပးေလသည်။

"ခဏေလးပါကြာ စကားဆုံးေအာင္ေျပာပါရေစဦး"

"ေနာက္မွေျပာေလ... အလင္း အျပင္ျပန္ထြက္ရင္ ျပတင္းေပါက္ေတြပိတ္သြားဦး"

"ကြၽန္ေတာ္သိၿပီ!..... ကိုေလးေရ သူျပန္လာမွေမး အခုကြၽန္ေတာ္သြားၿပီ"

အလင္းတစ္ေယာက္ သူမ်ားအေၾကာင္းကို ကြယ္ရာဝင္မေျပာခ်င္သလို ကိုေလးကိုလည္းမလြန္ဆန္ရဲ။ သို႔ေသာ္လည္း သခၤါေၾကာင့္ သူလြတ္လမ္းရွာေတြ႕ခဲ့ရသျဖင့္ အျမန္ဆုံးႏႈန္းျဖင့္ ေျပးထြက္သြားခဲ့ေတာ့သည္။

"မင္းကေတာ့ကြာ.... ကိုယ္ကဒီတိုင္းေမးမလို႔ကို ဟိုမွာေျပးသြားၿပီ"

ဝႆန္ ထိုသို႔ေျပာလိုက္ေသာ္လည္း မဆူရက္သည့္အျပင္ ႏႈတ္ခမ္းေထာင့္က ခပ္တြန့္တြန့္။

"ဗိုက္ဆာေနလား... ကြၽန္ေတာ္ဆန္ျပဳတ္ထားတယ္"

"ကိုယ္လူမမာမဟုတ္ဘူးေလ... ဘာလို႔အၿမဲဆန္ျပဳတ္ျဖစ္ေနတာလဲ"

သခၤါက မ်က္ႏွာငယ္ႏွင့္ဘာမွမေျပာ။ သူ႕မွာ ဝႆန့္ရဲ႕ ရွားပါးလွသည့္ ခ်ဴခ်ာပုံကိုျမင္လိုက္ရသျဖင့္ စိတ္ပူသြားခဲ့တာအမွန္အကန္။

"ကိုယ္တျခားဟာ စားလို႔မရဘူးလား"

ဝႆန္ အလိုမက်သလို အထြန့္တက္ၾကည့္လိုက္သည္။ ကိုယ့္ထက္ ေျခာက္ႏွစ္ငယ္ေပမဲ့ သူလည္း ရစ္ခ်င္ ခြၽဲေပခ်င္ေသးသည္ကိုး။

"ဟင့္အင္း"

"ဒါဆို..."

"အစာေၾကလြယ္တာပဲ စားရေအာင္ေလ... ေနာ္"

"ကိုယ့္ခင္ပြန္းေလာင္းေလးကို ဆိုရင္ေရာ"

ေကာင္ေလးက သူ႕ကို မ်က္ဝန္းျပဴးျဖင့္ၾကည့္လာသည္။ ဝႆန္ မ်က္ဝန္းတို႔ကို႔ေမွးစင္းၿပီး ေျခာက္ေနေသာႏႈတ္ခမ္းကို တစ္ခ်က္သပ္လိုက္ၿပီး...

"ဘယ္လိုလဲ... အစာေၾကလြယ္ေလာက္လား"

သခၤါ အေယာင္ေယာင္အမွားမွားျဖင့္ ေခါင္းခါျပၿပီးမွ ရွက္ရဲေနေသာမ်က္ႏွာကို လက္ျမႇောက္၍ ကာလက္သည္။

"အဲ့လို မစပါနဲ႕"

"ကိုယ္အတည္ေျပာတာ... ကိုယ့္ေယာက်ာ္းျဖစ္လာမဲ့လူကို ကိုယ္စားခ်င္တာအျပစ္လား"

သခၤါ အရဲစြန့္ၿပီး မအီမသာျပန္ေျပာလိုက္သည္။

"ကြၽန္ေတာ္အစားမခံခ်င္ဘူး"

"ဒါဆို ကိုယ့္ကိုစားေလ"

"ခါ...! ကြၽန္ေတာ္ရွက္တယ္ဗ်"

ဝႆန္ တခစ္ခစ္ရယ္ၿပီးေနာက္ အိပ္ရာဆီသြားကာ လွဲခ်ၿပီး ေျခေထာက္ကိုခြဲလိုက္သည္။ သူယခုရက္ပိုင္း ဟန္လုပ္ၿပီးပုဆိုးမဝတ္ခ်င္ေတာ့ေသာေၾကာင့္ ေပါ့ေပါ့ပါးပါးPantsအပြကို အႏြေးထည္ျဖင့္တြဲဝတ္ထားတာျဖစ္သည္။

ဝႆန္ ကလူ၏ျမဴ၏လုပ္၍...

"လာ ကိုယ့္သခၤါေလး... လာစား အဝစား"

သခၤါ ေအာက္ႏႈတ္ခမ္းကို မသိမသာကိုက္ကာ ေခါင္းလႊဲလိုက္သည္။ သူ၏မ်က္ႏွာမွာေတာ့ ေပါက္ထြက္ေတာ့မတတ္ ျဖစ္ေနခဲ့ေခ်ၿပီ။


You are reading the story above: TeenFic.Net