Extra

Background color
Font
Font size
Line height

Unicode


"ပြန်လာပြီလား"

"အင်း...အခု လမ်းမှာ"

ဖုန်းတစ်ဖက်ခြမ်းမှ ထွက်လာသော တိုးညင်းညင်းအသံကြောင့် ဝဿန် စာရင်းရေးမှတ်ရင်းဖုန်းပြောနေခဲ့ရာမှ ပြုံးမိသွားကာ ဘောပင်အဖုံးကို အသာကိုက်လိုက်သည်။

"Ash! ကိုယ့်ခင်ပွန်းလေးနဲ့ အကြာကြီးခွဲခဲ့ရပြီးမှ ပြန်တွေ့ရတော့မှာပဲ"

"......"

"ယောကျာ်း..."

"ဟမ်..."

သင်္ခါ့ဆီမှ ယောင်ပြီးထူးလိုက်မိသံ ထွက်လာခဲ့၏။ ​ပုံမှန်အတိုင်းသာဆို ရှက်ပြီးပြန်ထူးရဲမည်မဟုတ်။

"ကိုယ်အရမ်းလွမ်းတာပဲ"

တစ်ဖက်က တိတ်ဆိတ်သွားသောကြောင့် ဝဿန်အသံထွက်ရယ်လိုက်မိလေ၏။

အဲ့အတိုင်းပဲ...

သူ့ယောကျာ်းလေးက သိပ် သိပ်ကိုအရှက်သည်းလွယ်လွန်းသည်။ သူဆက်ပြီး စနောက်မနေတော့ဘဲ...

"Okay... ဂရုစိုက်ဦး ကိုယ်ဒီနေ့ဘယ်မှမသွားဘဲ စောင့်နေမယ်"

သူပြောပြီးသည်နှင့် တစ်ဖက်တွင် အကြာကြီးတိတ်ဆိတ်သွားခဲ့ပြီးမှ အင်း'ဟူသည့် အသံထွက်ပေါ်လာခဲ့သည်။

ဖုန်းချလိုက်ပြီးနောက် ရေးမှတ်ရမည့်စာရင်းများကို ဝဿန်အမြန်ရေးလိုက်ပြီး အိမ်သန့်ရှင်းရေး နည်းနည်းပါးပါးလုပ်ထားရန် ပြင်ဆင်နေခဲ့သည်။ ထို့နောက် နှင်းအိဆီဖုန်းခေါ်၍ သင်္ခါပြန်ရောက်သည်နှင့် တစ်ခုခုစား၍ရအောင် ကြိုပြင်ခိုင်းလိုက်သည်။

သူ့လက်ရာနဲ့တော့ ခရီးပန်းနေသူကို အမောဆို့အောင်မလုပ်ချင်။

အလုပ်ရှုပ်သွားသည့်ဝဿန့်နီးတူ ကားပေါ်တွင် ထိုင်မရထမရဖြစ်နေခဲ့သူမှာ သင်္ခါ...။ ဖုန်းကျသွားပြီးနောက် 'ယောကျာ်း'ဟူသည့်အသံမှာ နားထဲကမထွက်တော့ဘဲ အိမ်သို့အမြန်ပြန်ရောက်ချင်ဇောသာ စိတ်ထဲကြီးစိုးနေသည်။

လွမ်းဆို သူတို့ခွဲနေရသည်မှာ နှစ်လနီးပါးလောက် ရှိနေခဲ့ပြီမို့လေ။

နှစ်ယောက်သား ထုံးစံအတိုင်း ဒူးရင်းခြံရှိရာရွာဆီသို့ အတူတကွထွက်လာခဲ့သော်လည်း မြို့ကြီးရှိ ဝဿန့်မိဘလုပ်ငန်းတွင် ကိုင်တွယ်စရာကိစ္စအနည်းငယ် ပေါ်လာခဲ့သည်။ ထို့ကြောင့် ဝဿန်က ချက်ချင်းပြန်ဖို့လိုအပ်ခဲ့ပြီး လက်ရှိ ဒူးရင်းနှင့်ငှက်ပျော်ခြံကလည်း သိပ်အဆင်မပြေ။

ဝယ်လက်များ ဖြတ်လုခံနေရသည့်အပြင် သူတို့ထုတ်ထားသည့် ကိုယ်ပိုင်တံဆိပ်နှင့် မုန့်လုပ်ငန်းကလည်း တခြားလူများ၏ ချောက်တွန်းမှုကြောင့် ပြဿနာအနည်းငယ်ရှိနေခဲ့သည်။ ဆုံးဖြတ်ချက်ချပြီးနောက်မှာတော့ ဝဿန်က သူ့ကိုထားခဲ့ဖို့ ဆုံးဖြတ်လိုက်သည်။ သူမငြင်းခဲ့ပေမဲ့ ခဏလောက်ခွဲဖို့ တွန့်ဆုတ်နေခဲ့မိ၏။ ကံမကောင်းစွာဖြင့် မြို့ကြီးရှိအလုပ်က ပြီးသွားသည့်တိုင် သူ့လက်ထဲက ပြဿနာမှာဖြေရှင်းနေရဆဲ။

ချက်ချင်းပြန်လိုက်လာဖို့ ပြင်နေသည့်လူကို သင်္ခါအမြန်ဆုံးတားလိုက်သည်...။ သူကိုင်တွယ်နိုင်ကြောင်းကို ပြသချင်ခဲ့တာဖြစ်ပြီး ဝဿန်ကလည်း ထိုသဘောထားကိုရိပ်မိကာ သဘောတူပေးခဲ့သည်။ ဤသို့နှင့် နှစ်လနီးပါးအချိန်ကြာပြီးနောက် ရွာသို့ပြန်ပြေးလာရန် မစောင့်အားတော့...။

ရွာထိပ်သို့ ကားဝင်လာချိန်မှာတော့ သင်္ခါမှာ စိတ်လှုပ်ရှားလွန်းသောကြောင့် ရင်ဘတ်ကိုအသာကုပ်ခြစ်မိလိုက်၊ သက်ပြင်းကိုချလိုက်လုပ်နေမိလေသည်။

"ရောက်ပြီ..."

Taxiသမား၏စကားမဆုံးနိုင်သေးခင် ခြံဝတွင် လက်ပိုက်ရပ်ကာပြုံးနေသူအနားသို့ သင်္ခါရောက်သွားခဲ့ပြီဖြစ်သည်။ စိတ်လှုပ်ရှားမှုတို့ကြောင့် သူ၏အသက်ရှူသံမှာ အနည်းငယ်အဆောတလျင်နိုင်ခဲ့ပြီး ဝဿန့်လက်သန်းအား လက်ညိုးဖြင့် အသာချိတ်ဆွဲလိုက်သည်။

"ကျွန်တော် ပြန်ရောက်ပြီ"

"ကားစီးလာတာ ဘယ်လိုလုပ်ချွေးတွေနဲ့လဲ"

နဖူးထက်ကချွေးစများကို အသာသုတ်ပေးတော့ ရှက်ရဲရဲဖြင့် အကြည့်လွှဲ၍...

"နည်းနည်း... စိတ်လှုပ်ရှားနေလို့"

"ဖြစ်ရမယ်"

အထုပ်အပိုးတွေသယ်ချပြီးနောက် သင်္ခါတစ်ယောက် ဝဿန့်နောက်သို့ ထပ်ချပ်မခွာလိုက်သွားခဲ့သည်။ ဝဿန်... ရေအေးတစ်ခွက်ကို ခပ်တိုက်လိုက်ပြီး အဝတ်လဲဖို့ ကူချွတ်လိုက်သည်။

နှစ်ယောက်သားအတူမရှိရသည့် နေ့ရက်များတွင် Video Callဖြင့်ဖုန်းပြောခဲ့ကြပေမဲ့ အလွမ်းစိတ်ကို မဖြေဖျောက်ပေးနိုင်။ ထို့ကြောင့် အိပ်ပျက်ညများရှိလာခဲ့ပြီး စိတ်ပင်ပန်းလူပင်ပန်းမှုတို့နှင့် ပေါင်းစပ်သွားသောကြောင့် ခဏအကြာမှာပဲ ဝဿန့်ပေါင်ပေါ် ခေါင်းတင်ကာ အိပ်ပျော်သွားခဲ့လေတော့သည်။

"ဝဿန်ရေ ငါရောက်..."

"ရှူး..."

ဟောင်ဖွာဖွာနှင့် အိမ်ပေါ်တက်လာခဲ့သောနှင်းအိမှာ ဝဿန်၏ မျက်မှောင်ကြုတ်ပြခြင်းကို ခံလိုက်ရသည်။ နှင်းအိပါးစပ်မှာ ချက်ချင်းပိတ်သွားပြီးနောက် နှုတ်ခမ်းလှုပ်ရုံပြောလိုက်သည်မှာ...

"ပိုကိုပိုလွန်းကြတယ်"ဟု။

သို့တိုင် သူ(မ)က လေသံကိုတိုး၍...

"ပြန်ရောက်တာဘယ်လောက်ကြာပြီလဲ"

"ခုနလေးတင်.."

"အေး ေအး ငါဒါတွေကိုခုံပေါ်တင်ထားခဲ့မယ်"

ဝဿန် ခေါင်းအသာညိတ်ပြ၍ နှင်းအိပြန်သွားပြီးနောက် ဆက်ထိုင်ရင်း စောင့်နေလိုက်သည်။ ထို့နောက် နာရီတစ်ချက်ကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူကို ခေါ်နှိုးလိုက်၏။

"ကလေးလေး... ထတော့"

သင်္ခါ့၏မျက်လုံးမှာ အိပ်ချင်မူးတူးဖြင့်ပွင့်လာခဲ့ပြီး မျက်သားတို့က အနည်းငယ်နီရဲနေခဲ့လျက်။ သူခဏမျှအထိ အိပ်မက်ကမ္ဘာထဲ ယောင်နေခဲ့ပြီးနောက် ဝဿန့်ခါးကိုဖက်ကာ မျက်လုံးထပ်မှိတ်ဖို့ပြင်လိုက်သည်။

"ထပ်မအိပ်နဲ့တော့လေ... ညနေလေးနာရီရှိပြီ ခေါင်းကိုက်နေလိမ့်မယ်"

"အင်း..."

သို့တိုင် မျက်လုံးကား ပြန်ပွင့်မလာသေး။ ရှားရှားပါးပါး ချစ်စရာကောင်းနေပုံလေးကြောင့် ဝဿန် တဖျတ်ဖျတ်ငုံ့နမ်းလိုက်တော့မှ ကောင်းကောင်းနိုးပြီးထထိုင်လာခဲ့လေသည်။

"မျက်နှာသစ်ပြီးရင် ညနေစာစားလိုက်... ဒါမှမဟုတ် ရေအရင်ချိုးမလား"

"ရေအရင်ချိုးမယ်"

နိုးခါစမို့ အသံက အက်ရှရှ။

"ရေလဲပုဆိုးနဲ့တဘက်က ရေတွင်းနားက တန်းပေါ်မှာလှန်းထားတယ်... အဝတ်ကိုတော့ အခန်းထဲပဲ ပြန်လာလဲလိုက်"

သင်္ခါ... ဝဿန့်အား ကြည့်လာပုံက တစ်ခုခုပြောချင်နေသည့်ပုံ။ ဝဿန် မသိချင်​ယောင်ဆောင်ကာ အကြောများကိုဆန့်ရင်း...

"ဘာမှားလို့လဲ"

"ဟင့်အင်း"

"ဒါဆို သွားတော့"

သူ့စကားဆုံးသည့်တိုင် ထလည်းမထသလို ဘာမှမပြောဘဲ ပေတေထိုင်နေလေတော့...

"ဘာလဲ မချိုးတော့ဘူးလား"

"......"

သင်္ခါ မျက်တောင်ကိုခတ်လိုက်ရင်း ဝဿန့်ကို နားမလည်နိုင်သော မျက်ဝန်းဖြင့်...

"ခါက မလိုက်ဘူးလား"

"မလိုက်တော့ဘူး"

"......."

သူ့စကားဆုံးသည်နှင့် ရုပ်တည်လေးနဲ့ ဖြစ်သွားတာကြောင့် ဝဿန်ရယ်ချင်စိတ်ကိုထိန်းကာ...

"ဘာလဲ ကလေးလည်းမဟုတ်တော့ဘဲ အမြဲလိုက်ပေးနေရတယ် အခုသွားချိုးတော့"

သိပြီ'ဟူသည့်သဘောဖြင့် စိတ်ဓာတ်ကျသော အငွေ့အသက်ဖြင့် ထွက်သွားသူ၏နောက်ကျောကြောင့် ဝဿန်ခိုးရယ်မိတော့သည်။

ထမင်းစားချိန်မှာလည်း ဝဿန့်ကို စေ့စေ့မကြည့်လာတော့ဘဲ ဟုတ်တိပတ်တိလည်းမစား။ တို့ကနန်း ဆိတ်ကနန်းသာစားပြီး ပန်းကန်ဆေးဖို့ထသွားခဲ့လေ၏။

ဒီကလေးကတော့.....။

-

"ကိုကြီးဝဿန်... ကိုကြီးသင်္ခါ ရှိနေကြလား"

စိတ်မကောင်းဖြစ်အောင် လုပ်ထားခဲ့မိသောကောင်လေးကို ချော့ဖို့ အခန်းဆီသွားနေတုန်း ခြံထဲကအော်ခေါ်သံကြောင့် ဝဿန် ပြန်လှည့်လာခဲ့ရသည်။

အော်ခေါ်လာသူမှာ ရွာထဲက လူပျိုပေါက်လေးတစ်ယောက်ပင်။

"ဘာကိစ္စလဲ..."

"ရွာလူကြီးတွေက ကိုကြီးသင်္ခါပြန်ရောက်နေပြီကြားလို့ အချိန်ရရင် ခဏလာခဲ့ပါဦးတဲ့"

"အခုသွားရမှာလား"

"အဆင်မပြေရင် နက်ဖြန်မှလာလည်းရတယ်တဲ့"

ညနေ ခြောက်နာရီထိုးပြီးပြီမို့ မိုးချုပ်နေပြီဖြစ်၏။ သို့သော်လည်း ဘာအကြောင်းကြောင့်ခေါ်မှန်းမသိသဖြင့် အချိန်ဆွဲနေလို့မကောင်း။ ဝဿန်အနောက်ဘက်လှည့်ပြီး အခန်းထဲကနေ လိုက်ထွက်လာသည့်သင်္ခါ့ကို မေးလိုက်သည်။

"မနက်ဖြန်မှသွားမလား"

"ခုပဲသွားလိုက်မယ်"

သင်္ခါ ခေါင်းခါပြရင်း မျက်နှာမသာမယာဖြင့်ပင် လိုက်သွားခဲ့လေသည်။

ဝဿန်သက်မပြင်းမချဘဲမနေနိုင်။ သူက ဒီတိုင်း အကွက်ချစနောက်ရင်း အချိန်မလွန်ခင် ပြန်ချော့ဖို့လုပ်ခဲ့တာဖြစ်သည်။ အခုတော့ကောင်းရော...။ အချိန်ကောင်းကိုမှ ရောက်ချလာပြီး ခေါ်ထုတ်သွားခဲ့တာ။ သူ့ခင်ပွန်းလေးက အတွေးကများလည်းများပါပေ့သနဲ့မို့ အကြာကြီးဝမ်းနည်းနေရတော့မှာပဲ။

-

ရွာလူကြီးများက ရွာရှိ တချို့သောနေရာများကို တိုးချဲ့ဖို့ ဆွေးနွေးချင်ခဲ့တာ ဖြစ်သည်။ လိုအပ်သည့်နေရာများကို ပြင်ဆင်မွမ်းမံဖို့ လူအားငွေအားလိုအပ်ပြီး နိုင်ငံတော်က ဘယ်ချိန်မှန်းမသိချပေးလာမည့် ရန်ပုံငွေကို ထိုင်စောင့်နေလို့ မရပေ။ ဘေးပတ်လည်ကရွာများမှာ ဝဿန့်အစ်ကို၏ဦးဆောင်မှုဖြင့် သူတို့ရွာကိုကျော်လွန်ကာ ဖွံ့ဖြိုးလာကြပြီဖြစ်ပြီး နောက်ကောက်ကျကျန်နေလို့မဖြစ်။

ရွာထဲရှိလူအများစုမှာလည်း ငွေအားထက် ကာယအားကိုသာ ထောက်ပံ့နိုင်ပြီး အဓိကအလှူရှင်က နည်းပါးနေခဲ့သည်။ နာရီအနည်းငယ်ကြာ ပြောဆိုဆွေးနွေးပြီးနောက် သင်္ခါက ပင်မအလှူငွေ ထည့်ပေးမည့် လူနည်းစုနေရာကို လက်ခံလိုက်သည်။

"အားနာလိုက်တာငါ့တူရယ်... နက်ဖြန်လည်းလာမှဖြစ်တာကို"

သင်္ခါ မချိပြုံးနှင့်တုံ့ပြန်ပြီး အိမ်ပြန်လာခဲ့လိုက်သည်။ ဆိုင်ကယ်မောင်းနှင်ရင်း အတွေးတို့က ခပ်ပျံ့ပျံ့။

ခါက သူနဲ့အတူ ရေချိုးမလိုက်သလို ညဘက် တစ်ယောက်တည်း အပြင်ထွက်တာကိုတောင် မလိုက်လာခဲ့ဘူး။ ထမင်းစားတော့ ဟင်းလည်းထည့်မပေးဘဲ အများကြီးမစားတာကိုလည်း မေးခွန်းမထုတ်။

သူအပြင်မှာ နှစ်လပဲ ကြာသွားခဲ့တာပါ။ အခု လျစ်လျူရှုခံလိုက်ရပြီလား။

အတူတူအနေများလာလေ သူပိုပြီးကလေးဆန်မိလာလေ ဆိုပေမဲ့သူ့ကို ဦးဆောင်အလိုလိုက်ထားခဲ့တာ ထိုသူပဲ မဟုတ်ဘူးလား။ ယောကျာ်းတွေရဲ့စိတ်က မယုံရဘူးဟု သင်္ခါတွေးမိသည်။ မဟုတ်ရင် နှစ်လတည်းနဲ့ သူ့အပေါ်ပြောင်းလဲသွားခဲ့မှာမဟုတ်ဘူးလေ။

တွေးလေ တွေးလေ သင်္ခါ့ ရင်ထဲဆို့တက်လာမိလေ။ သူလည်း အရမ်းကြီးစကားနားမထောင်တဲ့လူမဟုတ်ဘဲ အရမ်းကို လိမ်လိမ်မာမာနဲ့နေတာပါ။ ဒါပေမဲ့ ခါက သူ့အပေါ် ရိုးအီသွားခဲ့ပြီထင်။ သူပိုပြီး ဂရုစိုက်ဆင်ခြင်ရဦးတော့မည်။

အိမ်ပြန်ရောက်တော့ ဝဿန်က အရင်ကလို သူ့ကိုဧည့်ခန်းထဲထိုင်စောင့်မနေ။ သင်္ခါ အခန်းထဲဝင်လာခဲ့တော့ ဝဿန်က အိပ်ရာပြင်နေသည်မြင်လိုက်ရသောအခါ စိတ်သက်သာရာရသွားခဲ့သည်။

(AN/ကလေးက သူ့ဟာသူဝမ်းနည်းနေလို့ ဝဿန်က အိပ်ရာခင်းနေတာကြောင့် သူ့ကိုထိုင်မစောင့်တာဆိုပြီး ဖြည့်တွေး)

"ပြန်ရောက်ပြီလား"

"အင်း"

"ခြေလက်သွားဆေးလိုက်ဦးလေ ပြီးမှအိပ်ရာထဲဝင်ခဲ့"

သင်္ခါ ခဏရပ်နေခဲ့သေးပေမဲ့ ဝဿန့်ကိုခေါ်ဖို့မတွေးတော့ဘဲ ခြေလက်ဆေးရန်ထွက်သွားခဲ့သည်။

အိပ်ရာထဲဝင်အိပ်တဲ့အချိန်မှာလည်း ကောင်ကလေးဟာ ငြိမ်ငြိမ်ကုပ်ကုပ်။

"တစ်ခုခုဖြစ်နေလို့လား"

သင်္ခါ တောင့်တင်းစွာဖြင့် ခေါင်းခါပြလိုက်သည်။ အမှန်က ဝဿန်သူ့ကို ယခုလိုထပ်ပြီးမဆက်ဆံဖို့ ဘယ်လိုလုပ်ရမလဲ တွေးနေခဲ့တာဖြစ်သည်။

"ညောင်းနေလား..."

မေးလည်းမေးရင်း ဝဿန့်လက်က ကောင်လေး၏ပခုံးပေါ်ရောက်ရှိသွားခဲ့သည်။

"ထ ကိုယ်နှိပ်ပေးမယ်"

"မညောင်းပါဘူး"

"မငြင်းနဲ့ နေ့တွေအများကြီးပင်ပန်းထားရတာ အကြောလျော့ဖို့လိုတာပေါ့ ထဆိုထလိုက်"

ထိုအခါမှ ကုပ်ကုပ်ကလေး ထထိုင်လာ၏။

ဝဿန် ခဏကြာသည်အထိ ကောင်လေး၏ပခုံးကြောတစ်လျှောက်ကို အသာနှိပ်ပေးရင်း ကျောကိုတစ်ချက်ပုတ်လိုက်ကာ...

"လှဲချလိုက်"

သင်္ခါက ညွှန်ကြားချက်အတိုင်း လှဲချလိုက်၏။ ဝဿန်က သူ၏ခြေရင်းဘက်တွင် နေရာယူကာ ခြေသလုံးများထက်၌ လက်ကိုတင်လိုက်သည်။

တောင့်တင်းသောခြေသလုံးသားများကို နှိပ်နယ်ပေးတော့ သက်တောင့်သက်သာဖြစ်သော သက်ပြင်းချသံကို ဝဿန်ကြားလိုက်ရသည်။ တကယ်ကို ပင်ပန်းနေခဲ့တာ ဖြစ်ပေလောက်မည်။ လက်ချောင်းများက ခြေသလုံးကိုနှိပ်နေပေးနေခဲ့ရာမှ တလှုပ်လှုပ်တရွရွဖြင့် ပေါင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

သင်္ခါ တွန့်ခနဲ ဖြစ်သွားခဲ့ပေမဲ့ ခြေကိုပြန်ရုတ်ဖို့တော့ မစဥ်းစားမိ။ အနှိပ်ခံရတာက အရမ်းကိုဇိမ်ကျပြီး နေလို့ထိုင်လို့ ကောင်းသည်လေ။

သင်္ခါ၏ ဖြောင့်မတ်ရိုးသားသော အတွေးတို့နှင့် ဆန့်ကျင်စွာ ဝဿန်မှာ နှိပ်နေသည့်အားကိုလျှော့ချပြီး ပွတ်သပ်သည့်ပုံစံမျိုးဖြင့် ပုဆိုးအုပ်ထားသော ပေါင်တံရင်းသို့ တလိပ်လိပ်ဆန်တက်သွားခဲ့သည်။

ထိုစဥ်မှာပဲ သူ၏နားထဲသို့ တခူးခူးသော ဟောက်သံတိုးတိုးလေးက ကြားဖြတ်ဝင်လာခဲ့လေ၏။

"......."

အပီအပြင်အားခဲထားသော ဝဿန်မှာ ထိုဟောက်သံသေးသေးလေးကြောင့် နားထင်ပေါ်သွေးဆောင့်တက်မတတ် ခံစားလိုက်ရတော့၏။

ဒီသခင်လေးက မင်းကိုပြုစုဖို့ကြိုးစားထားတာကို ဇိမ်ကျကျနဲ့အိပ်ပျော်သွားခဲ့သေးတယ်ပေါ့လေ။

မင်း ဒီညနေကတင် အဝအိပ်ထားခဲ့တာမဟုတ်ဘူးလား။

.
.
.

AN ကြည့်ရတာ အချပ်ပိုIIရိှမဲ့ပုံပဲ...

ပြီးတော့ အနှင်း Requestလုပ်စရာလေးတစ်ခုရှိပါတယ်
အနှင်းရဲ့ficကို ssရိုက်သိမ်းထားချင်ရင် သိမ်းထားလို့ရပါတယ် But အနှင်းလုံးဝပြန်မလာတော့တဲ့အခြေအနေ- လုံးဝပြန်တင်မပေးတော့တဲ့အခြေအနေကလွဲရင် PDF Fileမလုပ်ကြပါနဲ့
မနေ့က အရင်ficတစ်ပုဒ်ကို အဲ့လိုလုပ်ထားတာတွေ့တော့ တော်တော်ဒေါသထွက်မိသွားသလို တော်တော်ကိုလည်းဝမ်းနည်းသွားရပါတယ်

မဆင်မခြင်လုပ်ရပ်တစ်ခုကြောင့် အနှင်းရဲ့ficကို ရင်နာနာနဲ့ဖျက်လိုက်ရတာမျိုး မဖြစ်လာချင်လို့ပါ


.
.
.

Zawgyi


"ျပန္လာၿပီလား"

"အင္း...အခု လမ္းမွာ"

ဖုန္းတစ္ဖက္ျခမ္းမွ ထြက္လာေသာ တိုးညင္းညင္းအသံေၾကာင့္ ဝႆန္ စာရင္းေရးမွတ္ရင္းဖုန္းေျပာေနခဲ့ရာမွ ၿပဳံးမိသြားကာ ေဘာပင္အဖုံးကို အသာကိုက္လိုက္သည္။

"Ash! ကိုယ့္ခင္ပြန္းေလးနဲ႕ အၾကာႀကီးခြဲခဲ့ရၿပီးမွ ျပန္ေတြ႕ရေတာ့မွာပဲ"

"......"

"ေယာက်ာ္း..."

"ဟမ္..."

သခၤါ့ဆီမွ ေယာင္ၿပီးထူးလိုက္မိသံ ထြက္လာခဲ့၏။ ပုံမွန္အတိုင္းသာဆို ရွက္ၿပီးျပန္ထူးရဲမည္မဟုတ္။

"ကိုယ္အရမ္းလြမ္းတာပဲ"

တစ္ဖက္က တိတ္ဆိတ္သြားေသာေၾကာင့္ ဝႆန္အသံထြက္ရယ္လိုက္မိေလ၏။

အဲ့အတိုင္းပဲ...

သူ႕ေယာက်ာ္းေလးက သိပ္ သိပ္ကိုအရွက္သည္းလြယ္လြန္းသည္။ သူဆက္ၿပီး စေနာက္မေနေတာ့ဘဲ...

"Okay... ဂ႐ုစိုက္ဦး ကိုယ္ဒီေန႕ဘယ္မွမသြားဘဲ ေစာင့္ေနမယ္"

သူေျပာၿပီးသည္ႏွင့္ တစ္ဖက္တြင္ အၾကာႀကီးတိတ္ဆိတ္သြားခဲ့ၿပီးမွ အင္း'ဟူသည့္ အသံထြက္ေပၚလာခဲ့သည္။

ဖုန္းခ်လိဳက္ၿပီးေနာက္ ေရးမွတ္ရမည့္စာရင္းမ်ားကို ဝႆန္အျမန္ေရးလိုက္ၿပီး အိမ္သန့္ရွင္းေရး နည္းနည္းပါးပါးလုပ္ထားရန္ ျပင္ဆင္ေနခဲ့သည္။ ထို႔ေနာက္ ႏွင္းအိဆီဖုန္းေခၚ၍ သခၤါျပန္ေရာက္သည္ႏွင့္ တစ္ခုခုစား၍ရေအာင္ ႀကိဳျပင္ခိုင္းလိုက္သည္။

သူ႕လက္ရာနဲ႕ေတာ့ ခရီးပန္းေနသူကို အေမာဆို႔ေအာင္မလုပ္ခ်င္။

အလုပ္ရႈပ္သြားသည့္ဝႆန့္နီးတူ ကားေပၚတြင္ ထိုင္မရထမရျဖစ္ေနခဲ့သူမွာ သခၤါ...။ ဖုန္းက်သြားၿပီးေနာက္ 'ေယာက်ာ္း'ဟူသည့္အသံမွာ နားထဲကမထြက္ေတာ့ဘဲ အိမ္သို႔အျမန္ျပန္ေရာက္ခ်င္ေဇာသာ စိတ္ထဲႀကီးစိုးေနသည္။

လြမ္းဆို သူတို႔ခြဲေနရသည္မွာ ႏွစ္လနီးပါးေလာက္ ရွိေနခဲ့ၿပီမို႔ေလ။

ႏွစ္ေယာက္သား ထုံးစံအတိုင္း ဒူးရင္းၿခံရွိရာ႐ြာဆီသို႔ အတူတကြထြက္လာခဲ့ေသာ္လည္း ၿမိဳ႕ႀကီးရွိ ဝႆန့္မိဘလုပ္ငန္းတြင္ ကိုင္တြယ္စရာကိစၥအနည္းငယ္ ေပၚလာခဲ့သည္။ ထို႔ေၾကာင့္ ဝႆန္က ခ်က္ခ်င္းျပန္ဖို႔လိုအပ္ခဲ့ၿပီး လက္ရွိ ဒူးရင္းႏွင့္ငွက္ေပ်ာ္ၿခံကလည္း သိပ္အဆင္မေျပ။

ဝယ္လက္မ်ား ျဖတ္လုခံေနရသည့္အျပင္ သူတို႔ထုတ္ထားသည့္ ကိုယ္ပိုင္တံဆိပ္ႏွင့္ မုန့္လုပ္ငန္းကလည္း တျခားလူမ်ား၏ ေခ်ာက္တြန္းမႈေၾကာင့္ ျပႆနာအနည္းငယ္ရွိေနခဲ့သည္။ ဆုံးျဖတ္ခ်က္ခ်ၿပီးေနာက္မွာေတာ့ ဝႆန္က သူ႕ကိုထားခဲ့ဖို႔ ဆုံးျဖတ္လိုက္သည္။ သူမျငင္းခဲ့ေပမဲ့ ခဏေလာက္ခြဲဖို႔ တြန့္ဆုတ္ေနခဲ့မိ၏။ ကံမေကာင္းစြာျဖင့္ ၿမိဳ႕ႀကီးရွိအလုပ္က ၿပီးသြားသည့္တိုင္ သူ႕လက္ထဲက ျပႆနာမွာေျဖရွင္းေနရဆဲ။

ခ်က္ခ်င္းျပန္လိုက္လာဖို႔ ျပင္ေနသည့္လူကို သခၤါအျမန္ဆုံးတားလိုက္သည္...။ သူကိုင္တြယ္နိုင္ေၾကာင္းကို ျပသခ်င္ခဲ့တာျဖစ္ၿပီး ဝႆန္ကလည္း ထိုသေဘာထားကိုရိပ္မိကာ သေဘာတူေပးခဲ့သည္။ ဤသို႔ႏွင့္ ႏွစ္လနီးပါးအခ်ိန္ၾကာၿပီးေနာက္ ႐ြာသို႔ျပန္ေျပးလာရန္ မေစာင့္အားေတာ့...။

႐ြာထိပ္သို႔ ကားဝင္လာခ်ိန္မွာေတာ့ သခၤါမွာ စိတ္လႈပ္ရွားလြန္းေသာေၾကာင့္ ရင္ဘတ္ကိုအသာကုပ္ျခစ္မိလိုက္၊ သက္ျပင္းကိုခ်လိဳက္လုပ္ေနမိေလသည္။

"ေရာက္ၿပီ..."

Taxiသမား၏စကားမဆုံးနိုင္ေသးခင္ ၿခံဝတြင္ လက္ပိုက္ရပ္ကာၿပဳံးေနသူအနားသို႔ သခၤါေရာက္သြားခဲ့ၿပီျဖစ္သည္။ စိတ္လႈပ္ရွားမႈတို႔ေၾကာင့္ သူ၏အသက္ရႉသံမွာ အနည္းငယ္အေဆာတလ်င္နိုင္ခဲ့ၿပီး ဝႆန့္လက္သန္းအား လက္ညိုးျဖင့္ အသာခ်ိတ္ဆြဲလိုက္သည္။

"ကြၽန္ေတာ္ ျပန္ေရာက္ၿပီ"

"ကားစီးလာတာ ဘယ္လိုလုပ္ေခြၽးေတြနဲ႕လဲ"

နဖူးထက္ကေခြၽးစမ်ားကို အသာသုတ္ေပးေတာ့ ရွက္ရဲရဲျဖင့္ အၾကည့္လႊဲ၍...

"နည္းနည္း... စိတ္လႈပ္ရွားေနလို႔"

"ျဖစ္ရမယ္"

အထုပ္အပိုးေတြသယ္ခ်ၿပီးေနာက္ သခၤါတစ္ေယာက္ ဝႆန့္ေနာက္သို႔ ထပ္ခ်ပ္မခြာလိုက္သြားခဲ့သည္။ ဝႆန္... ေရေအးတစ္ခြက္ကို ခပ္တိုက္လိုက္ၿပီး အဝတ္လဲဖို႔ ကူခြၽတ္လိုက္သည္။

ႏွစ္ေယာက္သားအတူမရွိရသည့္ ေန႕ရက္မ်ားတြင္ Video Callျဖင့္ဖုန္းေျပာခဲ့ၾကေပမဲ့ အလြမ္းစိတ္ကို မေျဖေဖ်ာက္ေပးနိုင္။ ထို႔ေၾကာင့္ အိပ္ပ်က္ညမ်ားရွိလာခဲ့ၿပီး စိတ္ပင္ပန္းလူပင္ပန္းမႈတို႔ႏွင့္ ေပါင္းစပ္သြားေသာေၾကာင့္ ခဏအၾကာမွာပဲ ဝႆန့္ေပါင္ေပၚ ေခါင္းတင္ကာ အိပ္ေပ်ာ္သြားခဲ့ေလေတာ့သည္။

"ဝႆန္ေရ ငါေရာက္..."

"ရႉး..."

ေဟာင္ဖြာဖြာႏွင့္ အိမ္ေပၚတက္လာခဲ့ေသာႏွင္းအိမွာ ဝႆန္၏ မ်က္ေမွာင္ၾကဳတ္ျပျခင္းကို ခံလိုက္ရသည္။ ႏွင္းအိပါးစပ္မွာ ခ်က္ခ်င္းပိတ္သြားၿပီးေနာက္ ႏႈတ္ခမ္းလႈပ္႐ုံေျပာလိုက္သည္မွာ...

"ပိုကိုပိုလြန္းၾကတယ္"ဟု။

သို႔တိုင္ သူ(မ)က ေလသံကိုတိုး၍...

"ျပန္ေရာက္တာဘယ္ေလာက္ၾကာၿပီလဲ"

"ခုနေလးတင္.."

"ေအး ေအး ငါဒါေတြကိုခုံေပၚတင္ထားခဲ့မယ္"

ဝႆန္ ေခါင္းအသာညိတ္ျပ၍ ႏွင္းအိျပန္သြားၿပီးေနာက္ ဆက္ထိုင္ရင္း ေစာင့္ေနလိုက္သည္။ ထို႔ေနာက္ နာရီတစ္ခ်က္ၾကည့္ကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသူကို ေခၚႏွိုးလိုက္၏။

"ကေလးေလး... ထေတာ့"

သခၤါ့၏မ်က္လုံးမွာ အိပ္ခ်င္မူးတူးျဖင့္ပြင့္လာခဲ့ၿပီး မ်က္သားတို႔က အနည္းငယ္နီရဲေနခဲ့လ်က္။ သူခဏမွ်အထိ အိပ္မက္ကမၻာထဲ ေယာင္ေနခဲ့ၿပီးေနာက္ ဝႆန့္ခါးကိုဖက္ကာ မ်က္လုံးထပ္မွိတ္ဖို႔ျပင္လိုက္သည္။

"ထပ္မအိပ္နဲ႕ေတာ့ေလ... ညေနေလးနာရီရွိၿပီ ေခါင္းကိုက္ေနလိမ့္မယ္"

"အင္း..."

သို႔တိုင္ မ်က္လုံးကား ျပန္ပြင့္မလာေသး။ ရွားရွားပါးပါး ခ်စ္စရာေကာင္းေနပုံေလးေၾကာင့္ ဝႆန္ တဖ်တ္ဖ်တ္ငုံ႕နမ္းလိုက္ေတာ့မွ ေကာင္းေကာင္းနိုးၿပီးထထိုင္လာခဲ့ေလသည္။

"မ်က္ႏွာသစ္ၿပီးရင္ ညေနစာစားလိုက္... ဒါမွမဟုတ္ ေရအရင္ခ်ိဳးမလား"

"ေရအရင္ခ်ိဳးမယ္"

နိုးခါစမို႔ အသံက အက္ရွရွ။

"ေရလဲပုဆိုးနဲ႕တဘက္က ေရတြင္းနားက တန္းေပၚမွာလွန္းထားတယ္... အဝတ္ကိုေတာ့ အခန္းထဲပဲ ျပန္လာလဲလိုက္"

သခၤါ... ဝႆန့္အား ၾကည့္လာပုံက တစ္ခုခုေျပာခ်င္ေနသည့္ပုံ။ ဝႆန္ မသိခ်င္ေယာင္ေဆာင္ကာ အေၾကာမ်ားကိုဆန့္ရင္း...

"ဘာမွားလို႔လဲ"

"ဟင့္အင္း"

"ဒါဆို သြားေတာ့"

သူ႕စကားဆုံးသည့္တိုင္ ထလည္းမထသလို ဘာမွမေျပာဘဲ ေပေတထိုင္ေနေလေတာ့...

"ဘာလဲ မခ်ိဳးေတာ့ဘူးလား"

"......"

သခၤါ မ်က္ေတာင္ကိုခတ္လိုက္ရင္း ဝႆန့္ကို နားမလည္နိုင္ေသာ မ်က္ဝန္းျဖင့္...

"ခါက မလိုက္ဘူးလား"

"မလိုက္ေတာ့ဘူး"

"......."

သူ႕စကားဆုံးသည္ႏွင့္ ႐ုပ္တည္ေလးနဲ႕ ျဖစ္သြားတာေၾကာင့္ ဝႆန္ရယ္ခ်င္စိတ္ကိုထိန္းကာ...

"ဘာလဲ ကေလးလည္းမဟုတ္ေတာ့ဘဲ အၿမဲလိုက္ေပးေနရတယ္ အခုသြားခ်ိဳးေတာ့"

သိၿပီ'ဟူသည့္သေဘာျဖင့္ စိတ္ဓာတ္က်ေသာ အေငြ႕အသက္ျဖင့္ ထြက္သြားသူ၏ေနာက္ေက်ာေၾကာင့္ ဝႆန္ခိုးရယ္မိေတာ့သည္။

ထမင္းစားခ်ိန္မွာလည္း ဝႆန့္ကို ေစ့ေစ့မၾကည့္လာေတာ့ဘဲ ဟုတ္တိပတ္တိလည္းမစား။ တို႔ကနန္း ဆိတ္ကနန္းသာစားၿပီး ပန္းကန္ေဆးဖို႔ထသြားခဲ့ေလ၏။

ဒီကေလးကေတာ့.....။

-

"ကိုႀကီးဝႆန္... ကိုႀကီးသခၤါ ရွိေနၾကလား"

စိတ္မေကာင္းျဖစ္ေအာင္ လုပ္ထားခဲ့မိေသာေကာင္ေလးကို ေခ်ာ့ဖို႔ အခန္းဆီသြားေနတုန္း ၿခံထဲကေအာ္ေခၚသံေၾကာင့္ ဝႆန္ ျပန္လွည့္လာခဲ့ရသည္။

ေအာ္ေခၚလာသူမွာ ႐ြာထဲက လူပ်ိဳေပါက္ေလးတစ္ေယာက္ပင္။

"ဘာကိစၥလဲ..."

"႐ြာလူႀကီးေတြက ကိုႀကီးသခၤါျပန္ေရာက္ေနၿပီၾကားလို႔ အခ်ိန္ရရင္ ခဏလာခဲ့ပါဦးတဲ့"

"အခုသြားရမွာလား"

"အဆင္မေျပရင္ နက္ျဖန္မွလာလည္းရတယ္တဲ့"

ညေန ေျခာက္နာရီထိုးၿပီးၿပီမို႔ မိုးခ်ဳပ္ေနၿပီျဖစ္၏။ သို႔ေသာ္လည္း ဘာအေၾကာင္းေၾကာင့္ေခၚမွန္းမသိသျဖင့္ အခ်ိန္ဆြဲေနလို႔မေကာင္း။ ဝႆန္အေနာက္ဘက္လွည့္ၿပီး အခန္းထဲကေန လိုက္ထြက္လာသည့္သခၤါ့ကို ေမးလိုက္သည္။

"မနက္ျဖန္မွသြားမလား"

"ခုပဲသြားလိုက္မယ္"

သခၤါ ေခါင္းခါျပရင္း မ်က္ႏွာမသာမယာျဖင့္ပင္ လိုက္သြားခဲ့ေလသည္။

ဝႆန္သက္မျပင္းမခ်ဘဲမေနနိုင္။ သူက ဒီတိုင္း အကြက္ခ်စေနာက္ရင္း အခ်ိန္မလြန္ခင္ ျပန္ေခ်ာ့ဖို႔လုပ္ခဲ့တာျဖစ္သည္။ အခုေတာ့ေကာင္းေရာ...။ အခ်ိန္ေကာင္းကိုမွ ေရာက္ခ်လာၿပီး ေခၚထုတ္သြားခဲ့တာ။ သူ႕ခင္ပြန္းေလးက အေတြးကမ်ားလည္းမ်ားပါေပ့သနဲ႕မို႔ အၾကာႀကီးဝမ္းနည္းေနရေတာ့မွာပဲ။

-

႐ြာလူႀကီးမ်ားက ႐ြာရွိ တခ်ိဳ႕ေသာေနရာမ်ားကို တိုးခ်ဲ့ဖို႔ ေဆြးႏြေးခ်င္ခဲ့တာ ျဖစ္သည္။ လိုအပ္သည့္ေနရာမ်ားကို ျပင္ဆင္မြမ္းမံဖို႔ လူအားေငြအားလိုအပ္ၿပီး နိုင္ငံေတာ္က ဘယ္ခ်ိန္မွန္းမသိခ်ေပးလာမည့္ ရန္ပုံေငြကို ထိုင္ေစာင့္ေနလို႔ မရေပ။ ေဘးပတ္လည္က႐ြာမ်ားမွာ ဝႆန့္အစ္ကို၏ဦးေဆာင္မႈျဖင့္ သူတို႔႐ြာကိုေက်ာ္လြန္ကာ ဖြံ႕ၿဖိဳးလာၾကၿပီျဖစ္ၿပီး ေနာက္ေကာက္က်က်န္ေနလို႔မျဖစ္။

႐ြာထဲရွိလူအမ်ားစုမွာလည္း ေငြအားထက္ ကာယအားကိုသာ ေထာက္ပံ့နိုင္ၿပီး အဓိကအလႉရွင္က နည္းပါးေနခဲ့သည္။ နာရီအနည္းငယ္ၾကာ ေျပာဆိုေဆြးႏြေးၿပီးေနာက္ သခၤါက ပင္မအလႉေငြ ထည့္ေပးမည့္ လူနည္းစုေနရာကို လက္ခံလိုက္သည္။

"အားနာလိုက္တာငါ့တူရယ္... နက္ျဖန္လည္းလာမွျဖစ္တာကို"

သခၤါ မခ်ိၿပဳံးႏွင့္တုံ႕ျပန္ၿပီး အိမ္ျပန္လာခဲ့လိုက္သည္။ ဆိုင္ကယ္ေမာင္းႏွင္ရင္း အေတြးတို႔က ခပ္ပ်ံ့ပ်ံ့။

ခါက သူနဲ႕အတူ ေရခ်ိဳးမလိုက္သလို ညဘက္ တစ္ေယာက္တည္း အျပင္ထြက္တာကိုေတာင္ မလိုက္လာခဲ့ဘူး။ ထမင္းစားေတာ့ ဟင္းလည္းထည့္မေပးဘဲ အမ်ားႀကီးမစားတာကိုလည္း ေမးခြန္းမထုတ္။

သူအျပင္မွာ ႏွစ္လပဲ ၾကာသြားခဲ့တာပါ။ အခု လ်စ္လ်ဴရႈခံလိုက္ရၿပီလား။

အတူတူအေနမ်ားလာေလ သူပိုၿပီးကေလးဆန္မိလာေလ ဆိုေပမဲ့သူ႕ကို ဦးေဆာင္အလိုလိုက္ထားခဲ့တာ ထိုသူပဲ မဟုတ္ဘူးလား။ ေယာက်ာ္းေတြရဲ႕စိတ္က မယုံရဘူးဟု သခၤါေတြးမိသည္။ မဟုတ္ရင္ ႏွစ္လတည္းနဲ႕ သူ႕အေပၚေျပာင္းလဲသြားခဲ့မွာမဟုတ္ဘူးေလ။

ေတြးေလ ေတြးေလ သခၤါ့ ရင္ထဲဆို႔တက္လာမိေလ။ သူလည္း အရမ္းႀကီးစကားနားမေထာင္တဲ့လူမဟုတ္ဘဲ အရမ္းကို လိမ္လိမ္မာမာနဲ႕ေနတာပါ။ ဒါေပမဲ့ ခါက သူ႕အေပၚ ရိုးအီသြားခဲ့ၿပီထင္။ သူပိုၿပီး ဂ႐ုစိုက္ဆင္ျခင္ရဦးေတာ့မည္။

အိမ္ျပန္ေရာက္ေတာ့ ဝႆန္က အရင္ကလို သူ႕ကိုဧည့္ခန္းထဲထိုင္ေစာင့္မေန။ သခၤါ အခန္းထဲဝင္လာခဲ့ေတာ့ ဝႆန္က အိပ္ရာျပင္ေနသည္ျမင္လိုက္ရေသာအခါ စိတ္သက္သာရာရသြားခဲ့သည္။

(AN/ကေလးက သူ႕ဟာသူဝမ္းနည္းေနလို႔ ဝႆန္က အိပ္ရာခင္းေနတာေၾကာင့္ သူ႕ကိုထိုင္မေစာင့္တာဆိုၿပီး ျဖည့္ေတြး)

"ျပန္ေရာက္ၿပီလား"

"အင္း"

"ေျခလက္သြားေဆးလိုက္ဦးေလ ၿပီးမွအိပ္ရာထဲဝင္ခဲ့"

သခၤါ ခဏရပ္ေနခဲ့ေသးေပမဲ့ ဝႆန့္ကိုေခၚဖို႔မေတြးေတာ့ဘဲ ေျခလက္ေဆးရန္ထြက္သြားခဲ့သည္။

အိပ္ရာထဲဝင္အိပ္တဲ့အခ်ိန္မွာလည္း ေကာင္ကေလးဟာ ၿငိမ္ၿငိမ္ကုပ္ကုပ္။

"တစ္ခုခုျဖစ္ေနလို႔လား"

သခၤါ ေတာင့္တင္းစြာျဖင့္ ေခါင္းခါျပလိုက္သည္။ အမွန္က ဝႆန္သူ႕ကို ယခုလိုထပ္ၿပီးမဆက္ဆံဖို႔ ဘယ္လိုလုပ္ရမလဲ ေတြးေနခဲ့တာျဖစ္သည္။

"ေညာင္းေနလား..."

ေမးလည္းေမးရင္း ဝႆန့္လက္က ေကာင္ေလး၏ပခုံးေပၚေရာက္ရွိသြားခဲ့သည္။

"ထ ကိုယ္ႏွိပ္ေပးမယ္"

"မေညာင္းပါဘူး"

"မျငင္းနဲ႕ ေန႕ေတြအမ်ားႀကီးပင္ပန္းထားရတာ အေၾကာေလ်ာ့ဖို႔လိုတာေပါ့ ထဆိုထလိုက္"

ထိုအခါမွ ကုပ္ကုပ္ကေလး ထထိုင္လာ၏။

ဝႆန္ ခဏၾကာသည္အထိ ေကာင္ေလး၏ပခုံးေၾကာတစ္ေလွ်ာက္ကို အသာႏွိပ္ေပးရင္း ေက်ာကိုတစ္ခ်က္ပုတ္လိုက္ကာ...

"လွဲခ်လိဳက္"

သခၤါက ၫႊန္ၾကားခ်က္အတိုင္း လွဲခ်လိဳက္၏။ ဝႆန္က သူ၏ေျခရင္းဘက္တြင္ ေနရာယူကာ ေျခသလုံးမ်ားထက္၌ လက္ကိုတင္လိုက္သည္။

ေတာင့္တင္းေသာေျခသလုံးသားမ်ားကို ႏွိပ္နယ္ေပးေတာ့ သက္ေတာင့္သက္သာျဖစ္ေသာ သက္ျပင္းခ်သံကို ဝႆန္ၾကားလိုက္ရသည္။ တကယ္ကို ပင္ပန္းေနခဲ့တာ ျဖစ္ေပေလာက္မည္။ လက္ေခ်ာင္းမ်ားက ေျခသလုံးကိုႏွိပ္ေနေပးေနခဲ့ရာမွ တလႈပ္လႈပ္တ႐ြ႐ြျဖင့္ ေပါင္ေပၚသို႔ ေရာက္ရွိလာခဲ့သည္။

သခၤါ တြန့္ခနဲ ျဖစ္သြားခဲ့ေပမဲ့ ေျခကိုျပန္႐ုတ္ဖို႔ေတာ့ မစဥ္းစားမိ။ အႏွိပ္ခံရတာက အရမ္းကိုဇိမ္က်ၿပီး ေနလို႔ထိုင္လို႔ ေကာင္းသည္ေလ။

သခၤါ၏ ေျဖာင့္မတ္ရိုးသားေသာ အေတြးတို႔ႏွင့္ ဆန့္က်င္စြာ ဝႆန္မွာ ႏွိပ္ေနသည့္အားကိုေလွ်ာ့ခ်ၿပီး ပြတ္သပ္သည့္ပုံစံမ်ိဳးျဖင့္ ပုဆိုးအုပ္ထားေသာ ေပါင္တံရင္းသို႔ တလိပ္လိပ္ဆန္တက္သြားခဲ့သည္။

ထိုစဥ္မွာပဲ သူ၏နားထဲသို႔ တခူးခူးေသာ ေဟာက္သံတိုးတိုးေလးက ၾကားျဖတ္ဝင္လာခဲ့ေလ၏။

"......."

အပီအျပင္အားခဲထားေသာ ဝႆန္မွာ

You are reading the story above: TeenFic.Net