8
Background color
Font
Font size
Line height
Unicode
မနက်စောစောစီးစီးမှာ မျက်နှာမသစ်ရသေးပဲ
ရိပေါ်ဟာအတွေးကမ္ဘာထဲ...
ရိပေါ်စဉ်းစားနေတာက မားကရှောင်းကျန့်စီမှာ
ပိုက်ဆံချေးတယ်ဆိုရအောင် ရိပေါ်တို့အခြေအနေက
အဲ့လောက်ထိဆိုးမနေဘူးလေ၊ ပါးဆုံးသွားပြီး ရိပေါ်က
လုပ်ငန်းတွေကို ဦးစည်းလုပ်ကိုင်ဖို့ပြောပေမဲ့ မားကထို
အရာကိုလက်မခံ၊ လုပ်ငန်းကိစ္စတွေကရှုပ်ထွေးတယ်
မားသားလေးကိုခေါင်းမရှုပ်စေချင်ဘူးဆိုပြီးမားက
လုပ်ငန်းတွေအားလုံးကို သူ့တူဖြစ်သူကိုလွှဲပေးခဲ့သည်။
ရိပေါ်လဲ သူ့မှာမားတစ်ယောက်တည်းသားရှိတော့တာမို့
ဘာတစ်ခုမှ မငြင်းဆိုပဲ မားစီစဉ်သမျှကိုသာလက်ခံခဲ့
သည်။ ဂိုက်သင်သည့်အလုပ်ကိုလဲသူမလုပ်ချင်ပဲ မားက
လုပ်ခိုင်းလို့ သူလုပ်ခဲ့ရတာဖြစ်သည်။
ရိပေါ်ကအဲ့လိုတွေရှိပေမဲ့ မားကတော့သူ့ကိုနဲနဲမှမပြော
မဆိုပဲ သူများစီကပိုက်ဆံချေးထားသည်တဲ့..
အစကသိပ်မယုံချင်ပေမဲ့မနေ့ကထိုလူ့နှုတ်ကထွက်လာတဲ့
မားရဲ့နာမည်ကြောင့် သူငြင်းလို့မရတော့..နောက်ပြီး
ထိုလူက မားကို မုန်းသည်တဲ့? သူတို့ကြားမှာ တစ်ကယ်ပဲ
ဘာပတ်သက်မှုတွေရှိနေတာပါလိမ့်...
* ဂျလောက်!
‌ရေချိုးခန်းတံခါးဖွင့်သံကြောင့် ရိပေါ်အတွေးတို့
ရပ်တန့်သွားရသည်။
ထို့နောက်ခေါင်းကရေတွေကို‌ပုဝါဖြင့်သုပ်ရင်း ထွက်လာ
တဲ့ရှောင်းကျန့်က ခါးမှာလဲတဘက်တစ်ထည်တည်းဖြင့်..
မြင်နေရတဲ့ရှောင်းကျန့်ခန္ဓာကိုယ်ဟာ တစ်ကယ်
တောင့်တောင့်တင်းတင်း...
ရိပေါ်ခနမျှသာကြည့်ရင်း မျက်နှာကိုလွှဲလိုက်သည်။
"ဝမ်ရိပေါ် ခင်ဗျားရေမချိုးဘူးလား "
အဝတ်ဗီဒိုထဲက အဝတ်တွေကိုရှာနေရင်း ရှောင်းကျန့်က
သူ့ကိုမေးသည်။
"အာ ဟုတ်... ရေသွားချိုးလိုက်ပါဦးမယ်.."
ရိပေါ်ချက်ခြင်းထရပ်လိုက်သည်။
"ခနနေဦး.."
ချက်ခြင်းဆိုသလို ရိပေါ်ခြေလှမ်းတို့ကနေရာမှာတင်
ရပ်တန့်သည်။
"ကျုပ်ကိုအင်္ကျီလာဝတ်ပေး"
"ဟမ်.."
"ဘာလဲ မကြားဘူးလား.."
"ဟုတ် "
ရိပေါ်အငြင်းစကားမဆိုပဲလက်ခံလိုက်သည်က
ရှောင်းကျန့်ကို ကြောက်လို့ပင်။ ရှောင်းကျန့်က ဘာလို့
ဒီနေ့မှ ထူးထူးဆန်းဆန်းတွေလုပ်ခိုင်းနေတာပါလိမ့်။
ရိပေါ်ခပ်ကြောက်ကြောက်ဖြင့် ရှောင်းကျန့်ရှေ့တွင်
ရပ်လိုက်သည်။
"ကျုပ်ကို ကြယ်သီးတပ်ပေး.."
အင်္ကျီအဖြူကိုကြယ်သီးမတပ်ရသေးတာမို့
ရှောင်းကျန့်ရဲ့ ကြွက်သွားတွေကိုအတိုင်းသာမြင်နေရ
တဲ့အခါ ရိပေါ်ရဲ့မျက်နှာလေးက ရဲခနဲ...
‌အင်္ကျီကြယ်သီးတွေစီကိုလက်လှမ်းနေတဲ့ ရိပေါ်ရဲ့
လက်တွေဟာ တုန်တုန်ရီရီ.. လည်ပင်းနားကကြယ်သီး
လေးကိုတပ်ပေးတဲ့အခါ ထိုလူ့ရဲ့လည်စိကလှုပ်ခတ်
သွားသည်။ တစ်လုံးပြီးတစ်လုံးတပ်ပေးရင်း နောက်ဆုံး
အလုံးမှာ ရှောင်းကျန့်ရဲ့ချက်မွှေးတွေးကိုတွေ့လိုက်ရ
တာကြောင့် ရိပေါ်တံတွေးကိုဂလုခနဲမြိုချလိုက်မိသည်။
"ပြီး ပြီးပြီ.."
"နက်ခ်တိုင်ရော ချီပေး.."
ပြီးပြီထင်လို့စိတ်အေးသွားရပေမဲ့ ရှောင်းကျန့်ကသူ့ကို
နက်ခ်တိုင်ကြိုးပါချီခိုင်းလေတော့ ရိပေါ်စိတ်ညစ်မိသွား
သည်။
ဘယ်တက်နိုင်မလဲ လုပ်ပေးလိုက်ရုံပေါ့..
ခက်တာက ရှောင်းကျန့်အရပ်ကမြင့်လွန်းနေတော့
ရိပေါ်မှာ ခြေဖျားကိုထောက်ထားရသည်။
အသက်ကသူ့ထက်ငယ်ပြီး ဘာလို့အကောင်က
ဒီလောက်တောင်ထွားနေရတာလဲမသိ.24နှစ်ရှောင်းကျန့်
က နှုတ်ခမ်းမွှေးတွေနဲ့ဆိုပေမဲ့ ကလေကချေပုံစံ
ပေါက်မနေပဲ အမြဲသန့်ပြန့်နေတက်သည်။
အနေရခတ်နေတဲ့ကြားထဲ ရှောင်းကျန့်ကသူ့ကို
မျက်တောင်တစ်ချက်မခတ်ပဲ စိုက်ကြည့်နေလေတော့
ရိပေါ်မှာမနေတတ်စွာ နက်ခ်တိုင်ကြိုးပါ ဘယ်လိုချီလို့
ချီရမှန်းပင် မသိတော့..
ထောက်ထားတဲ့ ခြေဖျားကလဲညောင်းလာတော့
ရှောင်းကျန့်က အရပ်ကိုနဲနဲလောက်နှိမ့်ချပေးရင်ကောင်း
မှာပဲလို့သူတွေးမိသည်။
"ရပြီ.."
နက်ခ်တိုင်ကြိုးကိုချီပေးပြီးသွားတာနဲ့ ရိပေါ်အရမ်း
နီးကပ်နေတဲ့ ခန္ဓာကိုယ်နှစ်ခုကိုခွာလိုက်သည်။
သူတစ်ကယ်အငွေ့ပျံချင်လာပြီဖြစ်၍...
"အင့် ဒီအပေါ်ကုဒ်အနက်ကိုလဲဝတ်ပေး.."
"ဟင်.."
ရိပေါ်‌မျက်နှာရှေ့သို့ထိုးပေးလာတဲ့ ကုဒ်အနက်
တစ်ထည်..မပြီးနိုင်တော့ဘူးလား ဒီလူ။ ရိပေါ်တွေးမိ
သည်က ရှောင်းကျန့်က ဒီမနက်ကျမှလက်ပြတ်သွားတာ
လားလို့.. ဒါပေမဲ့အပြင်မှာတော့ ရှောင်းကျန့်သဘော
အတိုင်း ဝတ်ပေးရသည်။
"အင့်.."
ရုတ်တရက်ရှောင်းကျန့်ကသူ့ခါးကိုဆွဲဖက်လေတော့
ရိပေါ်လန့်သွားရသည်။
"ရှောင်းကျန့်..!
"ခင်ဗျားကချစ်ဖို့ကောင်းသားပဲဝမ်ရိပေါ်"
ရှောင်းကျန့်ကရိပေါ်မေးဖျားလေးကနေ ကိုင်မော့ရင်း
ဆိုလေသည်။ ရှက်လို့ရဲနေတဲ့ ရိပေါ်မျက်နှာလေးက
တစ်ကယ်သဘောကျစရာလေးမို့ ရှောင်းကျန့်ရယ်မိ
သည်။
"ကျုပ်နမ်းချင်လို့ ရလား"
ပြောပြောဆိုဆိုနဲ့ ထိုလူ့မျက်နှာက ရိပေါ်မျက်နှာစီသို့
ငုံ့ချလာတော့ ရိပေါ်မျက်နှာကိုဘေးသို့လွှဲချလိုက်သည်။
"မျက် ..မျက်နှာ မသစ်ရသေးဘူး.."
"ဟက်.."
ရှောင်းကျန့်ကဘာကိုသဘောကျသွားလဲမသိ ဟက်ခနဲ
ရယ်လေသည်။
"ဝမ်ရိပေါ်ကို ကျုပ်အခွင့်အရေး‌ပေးမယ်..ခင်ဗျားကို
ကျုပ်ခြံဝန်းထိ ထွက်ခွင့်ပေးတယ်။ အဲ့ဒီထက်တော့
ပိုမရဘူး"
ရိပေါ်မှာရှက်တဲ့စိတ်တွေမရှိတော့ပဲ ပျော်သွားကာ
ရှောင်းကျန်နှင့်မျက်နှာချင်းဆိုင်လိုက်မိသည်က သူ့ကိုယ်
သူတောင်မသိ
"တစ်ကယ်ပြောတာလား"
"တစ်ခုလိုချင်ရင်တစ်ခုပေးဆပ်ရတယ်ဆိုတဲ့စကားကို
တော့ ခင်ဗျားကြားဖူးတယ်မလား"
ရှောင်းကျန့်က သူ့ကိုဖက်ထားတာကိုလဲမလွှတ်သေး..
"ဘာ..ဘာကိုလဲ"
"အဟင်း..ဖြေးဖြေးပေါ့ အခုတော့ ကျုပ်အလုပ်
သွားတော့မယ်"
ရှောင်းကျန့်ကသူ့ကိုလွှတ်ပေးပြီး လိုအပ်တာတွေကို
ယူနေတော့ သူလဲကမန်းကတန်း ရေချိုးခန်းထဲကိုပြေးရ
တော့သည်။ ရှောင်းကျန့်ရှေ့မှာသူမနေချင်တော့..
ဘာလို့ဆို သူအရမ်းရှက်နေလို့ပင်။
အခန်းထဲကရှောင်းကျန့်ကတော့ ထိုပုံစံလေးကို
ကြည့်ရင်း သဘောကျစွာရယ်နေလေတော့သည်။
_____________________________
ရိပေါ်ဒီကိုရောက်ထဲက သူ့အင်္ကျီဆိုလို့ ဝတ်လာတဲ့
တစ်စုံရယ်သာရှိသည်။ ရှောင်းကျန့်ကိုလဲ မဝယ်ခိုင်းရဲ
သလို ရှောင်းကျန့်ကလဲမဝယ်ပေး..
'အဲ့ဒီမှာကျုပ်အင်္ကျီတွေဝတ်'ဆိုတဲ့စကားကြောင့်
သူမှာရှောင်းကျန့်အင်္ကျီတွေကိုသာ ယူဝတ်နေရသည်။
ရှောင်းကျန့်ကသူ့ထက်အကောင်ကြီးတာမို့ အဝတ်အစား
တွေက အတော်ကြီးဟုတ်မနေပဲ နဲနဲကြီးနေလေသည်။
ဒီနေ့တော့ရိပေါ်အရမ်းပျော်မိသည်။ ဘာလို့ဆို
ရှောင်းကျန့်က သူ့ကိုအပြင်ထွက်ခွင့်ပေးလို့ပင်။
ရိပေါ်အောက်ထပ်ကို ဟိုချောင်းဒီချောင်းဒီချောင်းဖြင့်
ဆင်းလာခဲ့တော့ အိမ်အကူမလေးတစ်ချို့က သူ့ကို
ကွက်ကြည့်ကွက်ကြည့်ဖြင့်ကြည့်နေကြတော့ သူပြုံးပြ
လိုက်သည်။
ရှောင်းကျန့်ရဲ့အိမ်ကြီးက တစ်ကယ်ကိုခမ်းနားတာပင်.
စရောက်လာထဲက အခန်းထဲကနေ ဘယ်မှမထွက်ရ
သည်မို့ သူ့မှာအိမ်ကြီးကဘယ်လိုပုံစံရှိမှန်းတောင်မသိ။
"ကျွန်တော်ဘာဝိုင်းကူလုပ်ရမလဲဟင်"
အားလုံးကသူ့အလုပ်နဲ့သူရှုပ်နေကြတော့ ရိပေါ်က
မနေနိုင်စွာနဲ့မေးလိုက်သည်။
"ရပါတယ်ရှင့် ကူလုပ်ပေးစရာမလိုပါဘူး။
ဒီကအစ်ကို မနက်စာမစားရသေးဘူးမို့လား၊ကျမတို့
ထမင်းပြင်ထားပေးပါတယ် စားလို့ရပါပြီရှင့်"
ရိပေါ်လဲဗိုက်စာနေ၍ ဘာမှမပြောတော့ပဲ သူတို့စီစဉ်
ထားပေးတဲ့ စားစရာတွေကို ဝင်စားလိုက်သည်။
"အာ မင်းတို့ရောစားပြီးကြပြီလား။
ကျွန်တော်နဲ့အတူဝင်စားလေ"
"ကျေးဇူးတင်ပါတယ်။ ကျွန်မတို့စားပြီးပါပြီရှင့်"
ရိပေါ်ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ကာ ထမင်းကို
ပလုတ်ပလောင်းစားလိုက်တော့သည်။
ကြည့်နေတဲ့အစေခံမလေးတွေကတော့ ရိပေါ်ထမင်း
စားတာကိုကြည့်ပြီး အသည်းတယားယား
ဖြစ်နေလေတော့သည်။ သူတို့အသခင်လေးရဲ့
အပိုင်ဖြစ်သူလေးက အရမ်းချစ်ဖို့ကောင်းတာပင် ....
____________________________
ပေါ့၏ ༎ຶ⁠‿⁠༎ຶ
zawgyi
* ဂျလောက်!
ရပ်တန့်သွားရသည်။
သူ့ကိုမေးသည်။
"ခနနေဦး.."
ရပ်တန့်သည်။
"ဟမ်.."
"ဘာလဲ မကြားဘူးလား.."
"ဟုတ် "
ရပ်လိုက်သည်။
"ပြီး ပြီးပြီ.."
"နက်ခ်တိုင်ရော ချီပေး.."
သည်။
ချီရမှန်းပင် မသိတော့..
"ရပြီ.."
"ဟင်.."
အတိုင်း ဝတ်ပေးရသည်။
"အင့်.."
ရိပေါ်လန့်သွားရသည်။
"ရှောင်းကျန့်..!
သည်။
"ဟက်.."
ရယ်လေသည်။
ပိုမရဘူး"
သူတောင်မသိ
"တစ်ကယ်ပြောတာလား"
"ဘာ..ဘာကိုလဲ"
သွားတော့မယ်"
_____________________________
လိုက်သည်။
ဖြစ်နေလေတော့သည်။ သူတို့အသခင်လေးရဲ့
____________________________
ပေါ့၏ ༎ຶ⁠‿⁠༎ຶ
You are reading the story above: TeenFic.Net