1
Background color
Font
Font size
Line height
Unicode
ကျယ်ပြန့်သော ခြံကြီးထဲ၏ နေပူကြဲကြီးထဲတွင်
ဒူးထောက်‌နေသော13နှစ်အရွယ် ကောင်လေး
တစ်ယောက်။ ထိုကောင်လေးရှေ့တွေင် အသက်ခပ်
လတ်လတ်အရွယ် မိန်းမကြီးတစ်ယောက်လဲရှိနေ၏။
"အန်တီရယ် သားတောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး
ကျွန်တော့်ကို ပိုက်ဆံနည်းနည်းလောက်ချေးပေးပါ။
ကျွန်တော်ပြန်ဆပ်ပါ့မယ်"
"ဟဲ့! နင့်လိုကောင်က ငါ့ထဲကပိုက်ဆံချေးပြီးတော့
ဘယ်လိုလုပ်ပြန်ဆပ်နိုင်မှာလဲ! ငါ့မှာဘာပိုက်ဆံမှမရှိဘူး
ပြန်တော့! "
"အဲ့လိုမလုပ်ပါနဲ့အန်တီရယ် ကျွန်တော့်အမေက
ဒီနေ့ဆေးရုံတင်ရမှာမို့ပါ အဲ့အတွက်ကျွန်တော့်မှာ
လုံလုံလောက်လောက်ပိုက်ဆံမရှိလို့ အန်တီ့ကိုအကူညီ
တောင်းတာပါ အဲ့လိုတော့မလုပ်ပါနဲ့.."
"နင့်အမေဆေးရုံတင်ရမယ့်ကိစ္စက ငါနဲ့ဘာဆိုင်လို့လဲ!
ချဲရှုံးလို့စိတ်ညစ်နေရတဲ့ကြားထဲ ဘယ်လိုကလေကချေ
တွေက ငါ့အိမ်ရှေ့လာပြီး အာရုံလာနောက်နေလဲမသိဘူး
သွားသွား နင်ထွက်သွားတော့ ငါ့အိမ်ရှေ့မှာ ကျက်သရေ
ယုတ်တယ်"
"ကျစ်!
ရှောင်းကျန့်အရင်တုန်းက အကြောင်းတွေပြန်တွေးရင်း
မျက်ရည်တွေကကျချင်လာသည်။ တစ်ကယ်လို့အဲ့နေ့က
သာ သူပိုက်ဆံချေးလို့ရခဲ့ရင် သူ့အမေလဲ နောင်ဘဝကူး
စရာဘာအကြောင်းအရင်းမှမရှိ။
သူလဲခံပြင်းလွန်းတဲ့စိတ်ကြောင့် ငွေကိုရရင်ရသလို
ရှာခဲ့တယ်။ မိုးရွာရွာနေပူပူ ‌ဘယ်လောက်ပဲပင်ပန်းနေပါ
စေသူဂရုမစိုက်ဘူး အဓိကကသူချမ်းသာလာဖို့ပဲ။
ချမ်းသာလာတဲ့တစ်နေ့ကြရင် သူမရှိဆင်းရဲခဲ့ချိန်တုန်းက
မတူသလို မတန်သလိုဆက်ဆံခဲ့တဲ့သူတွေရဲ့ မျက်ခွက်
တွေကို ပိုက်ဆံတွေနဲ့ပစ်ထည့်ချင်တယ်။
ဒါလားခင်ဗျားတို့ သောက်ရမ်းချစ်တဲ့ငွေဆိုပြီး။
အခုဆို‌ရင်တော့ သူဟာသူ့ရဲ့ရည်ရွယ်ချက်တွေအားလုံး
ပြည့်နေတဲ့ အချိန်ဖြစ်နေပြီမို့ တစ်ချိန်တုန်းက
လူတစ်ယောက်ကို လက်စားချေတဲ့အနေနဲ့
ပညာလေးတော့နဲနဲပြချင်မိတယ်။
ဆီးကရက်ကိုတစ်ချက်ရှူရှိုက်လိုက်ရင်း ခေါင်းကိုမော့ကာ
အငွေ့တို့ကို မှုတ်ထုတ်ပစ်လိုက်သည်။ ၎င်းနောက်
ခပ်မဲ့မဲ့အပြုံးတစ်ခုကိုလဲ နှုတ်ခမ်းပါး၌ချိတ်ဆွဲရင်း..
"မာဝမ်လီ မာဝမ်လီ ခင်ဗျားနဲ့ကျွန်တော်တော့
တွေ့ကြပီပေါ့.."
__________________
"မားရယ် သားတောင်းပန်ပါတယ် အဲ့လောင်းကစား
အလုပ်တွေမလုပ်ပါနဲ့တော့လား"
"အို  မားကအပျင်းပြေရုံသက်သက်ပါသားရယ်"
"မားရဲ့အပျင်းပြေက!
ရိပေါ်ထပ်ပြောချင်ပေမဲ့လဲ မအေနဲ့သားမို့ စကားတွေ
လွန်သွားမှာဆိုးလို့ သူထပ်မပြောတော့။ ရှိတာမှ
သားအမိနှစ်ယောက်ထဲသာ အ့ကြောင့်မို့ သူစကားမများ
ချင်။
"တော်ပြီမား..သားအပေါ်တက်တော့မယ်"
ရိပေါ်ပြောတာကိုလဲ အာရုံလာပုံမပေါ်။ မားက
ဖဲကိုသာ သဲကြီးမဲကြီးရိုက်နေတော့သည်။ ရိပေါ်လဲ
ဒေါသကလဲထွက် ဝမ်းလဲဝမ်းနည်းသွားတာကြောင့်
ဝုန်းဒိုင်းကြဲကာ အိမ်ပေါ်ကိုတက်လာလိုက်တော့သည်။
"ဟဲ့ ညည်းသားကစိတ်ဆိုးသွားပြီထင်တယ်"
"သူ့ကိုထားလိုက်ပါ သူကအဲ့လိုပဲ။တစ်ဦးတည်းသော
သားဆိုတော့ နဲနဲဆိုးချင်နေတာ လာလာ ငါတို့အဆတ်
ငါတို့ပြန်ဆက်ရအောင်"
"အေအေ"
___________________
ရိပေါ်အခန်းထဲရောက်တာနဲ့ မွေ့ယာပေါ်လှဲချပစ်လိုက်
သည်။ သူအရမ်းစိတ်ညစ်နေပြီ မားကိုလဲအကြီးကြီး
စိတ်ဆိုးပစ်ချင်လှသည်။ လောင်းကစားမလုပ်ဖို့ကို
သူ့မှာတားနေရတာ အကြိမ်တရာမကတော့။ အမြဲတမ်း
အပျင်းပြေဆိုတဲ့အကြောင်းပြချက်ကြီးပဲ ပြနေတော့
သည်။ အပျင်းပြေလို့ပြောပြီး ရှုံးတဲ့ပိုက်ဆံတွေက
မနည်းတော့ဘူးဆိုတာ သူအသိ။
လောင်းကစား လောင်းကစား လူ‌တွေကိုတော်တော်
ပျက်စီးစေတာပဲ။
______________
နောက်ထပ်အသစ်လေးပါဗျ ficပုံစံတူသွားတာလေး
တွေရှိရင် လာပြောကြပါနော် တော်ကြာ ကော်ပီတယ်
ထင်နေမှာဆိုးလို့။ စိတ်ကူးထဲပေါ်လာလို့ ကောက်ရေး
လိုက်ရုံပါပဲနော် hehe"
Zawgyi
ပြန်တော့! "
ယုတ်တယ်"
"ကျစ်!
ရှောင်းကျန့်အရင်တုန်းက အကြောင်းတြွေပန်တွေးရင်း
တွေ့ကြပီပေါ့.."
__________________
"မားရဲ့အပျင်းပြေက!
ချင်။
ငါတို့ပြန်ဆက်ရအောင်"
"အေအေ"
___________________
ပျက်စီးစေတာပဲ။
______________
You are reading the story above: TeenFic.Net