အပိုင်း ၆

Background color
Font
Font size
Line height

Unicode

"အဖေ ကျွန်တော် အစ်ကို နဲ့ရင်းနှီးချင်တယ်"

အခုက ခန့်စင်နဲ့တွေ့ပြီး ဟိန်းသန့်က ကော်ဖီဆိုင်ဝင်ချင်တယ်ပြောတာကြောင့် ကော်ဖီဆိုင်ရောက်နေခြင်းဖြစ်သည်။

"ဟင် အစ်ကို....အော် ခန့်စင်လေးကိုပြောတာလား"

"ဟုတ်တယ် အဖေ ကျွန်တော် အစ်ကို့ကို စိတ်ဝင်စားမိသွားပြီ အဲ့ဒါကြောင့် အစ်ကိုနဲ့ နီးစပ်အောင် အစ်ကိုဆီမှာ အလုပ်သွားသင်တဲ့ပုံစံမျိုး လုပ်ပေးပါလား အဖေ"

ဟိန်းသန့်ပြောလိုက်သည့် စကားကြောင့် ဦးမင်းလွင်အံ့ဩနေမိသည်။ ဟိန်းသန့်အ‌မေနဲ့က ဟိန်းသန့် ၁၀ နှစ် အရွယ်ကွာရှင်းပြတ်စဲပြီး ဟိန်းသန့်က‌တော့ ထိုအချိန်ကတည်းက အမေနဲ့အတူ ကနေဒါမှာသွားနေခဲ့ရတာဖြစ်သည်။ တစ်ခါတစ်လေမှသာ မြန်မာကိုလာသည်။ အခုတောင် ၄ နှစ်အကြာမှ မြန်မာကို ထပ်လာလည်တာဖြစ်သည်။ ဒါတောင် ဒီကိုလာဖို့ မနည်းပြောခဲ့ရတာ။ အဖေပိုင်တဲ့ ကုမ္ပဏီတစ်ခုခုမှာဝင်လုပ်ဖို့ပြောတုန်းကတောင် မလုပ်ချင်ဘူးလို့ အတွင်တွင်ငြင်းခဲ့သူက အခုလိုပြောလာတော့ အံ့ဩမဆုံးတော့ပေ။

"ခန်စင်လေးက လက်ထပ်ပြီးပြီသား သူ့မှာ သက်ဆိုင်သူရှိပြီးသား သားအများကြီးသဘောမကျသေးခင်မှာပဲ ရပ်တန့်လိုက်ပါသား"

အစ်ကိုက လက်ထပ်ပြီးသားလား အခုမှတွေ့ပြီး သဘောကျမိတာလေ ချက်ချင်းပဲ ရပ်တန့်ရတော့မှာလား မဟုတ်သေးပါဘူး ကျွန်တော်ကတော့ သေချာပေါက်ကြိုစားကြည့်ဦးမှာ

"ဘယ်သူနဲ့လဲ အဖေ"

"Best World company က သားနဲ့ ဟိုတစ်လောကမှလက်ထပ်လိုက်တာ သိပ်မကြာသေးဘူး"

Best World ဆိုတော့ လင်းထက်နေသော်လား လာပြန်ပြီ ဒီကောင်
အဲ့ဒီကောင်ကို ကြည့်လို့မရတာ ကနေဒါကျောင်းမှာကတည်းကပင်။ ကျောင်းမှာ သူနဲ့ နည်းနည်းမှ အဆင်မပြေပင်။ ကျောင်းကအလှလေးကို ဖွင့်ပြောတုန်းကလည်း အဲ့ဒီကောင်ကိုပဲ သဘောကျတယ်ဆိုပြီး ငြင်းသွားတာခံလိုက်ရသည်။ အဲ့ဒီတုန်းက တကယ် ကျောင်းကသူ‌တွေကြားမှာ အရှက်ကွဲခဲ့တာပင်။ အငြင်းမခံရဖူးတဲ့ကိုယ်၊ အချစ်ရေးမှမဟုတ်ဘူး ဘယ်နေရာမှာမှ အရှုံးမရှိခဲ့တဲ့ကိုယ်၊ ဖြစ်ချင်တာမှန်သမျှ ဖြစ်ခဲ့တဲ့ကိုယ်က အဲ့ကောင်ကိုကျမှ ရှုံးရှုံးနေတာ။ အခုတစ်ခေါက်မှာတော့ သေချာပေါက် အနိုင်ယူပြမယ်။ အစကတည်းက နောက်ဆုတ်ဖို့ စိတ်ကူးမရှိပဲ ကြိုးစားကြည့်ချင်ခဲ့သည်။ အခုတော့ ပိုသေချာသွားပြီ။ ကျွန်တော်ဆိုတဲ့သူက ဖြစ်ချင်ခဲ့တာတွေဟာ ဖြစ်ခဲ့တာချည်းပင်။ စိတ်ဝင်စားမိသွားပြီဖြစ်တဲ့ အစ်ကို့နှလုံးသားကို ရအောင်ယူတော့မှာ။

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ရပ်တန့်မှာမဟုတ်ဘူး အဖေ ကျွန်တော်ဖြစ်စေချင်သလို လုပ်ပေးမှာလား မလုပ်ပေးဘူးလား"

သူ သားကို အတော်လေးချစ်ပါသည်။ အနားမှာ အမြဲ‌နေ‌နေရတာမဟုတ်လို့ သားဖြစ်စေချင်တာမှန်သမျှကို ဖြည့်ဆည်းချင်တာက သူ့ဆန္ဒဖြစ်သည်။ အခုလည်း တားကြည့်ပါသည် သားက အလွန်စိတ်အားထက်သန်နေတာမလို့ ထပ်မတားတော့ပါဘူး။
သားက ဘာကိုဖြစ်ချင်ပါစေ ဖြစ်‌မြောက်အောင် အစွမ်းကုန်ကြိုးစားပေးချင်သည်။

"သားဖြစ်စေချင်တဲ့အတိုင်း အဖေလုပ်ပေးမှာပေါ့"

"တကယ်လား အဖေကအကောင်းဆုံးပဲ"

ပြောပြီး သူ့အဖေ ဦးမင်းလွင်ကို ဖတ်လိုက်သည်။

အစ်ကို ကျွန်တော် အစ်ကိုအနားကိုလာခဲ့မယ် စောင့်နေနော် အစ်ကို။

.........................................................................

"ဟယ်လို အမေ"

"သား ခန့်စင် ဒီနေ့လေ အမေ သားကြိုက်တဲ့ ချဉ်ပေါင်လေးကြော်ထားတယ် ဒီနေ့ ညစာ အိမ်မှာလာစားပါလား သား"

"ဟုတ်လား အမေ့လက်ရာကို လွမ်းနေတာ လာခဲ့မယ် အမေ"

"လင်းထက်လေးပါခေါ်ခဲ့လေ"

"ဟုတ်ကဲ့ အမေ"

"အေး အေး သား ဒါဆို ဒါဘဲနော်"

"ဟုတ်ကဲ့ပါဗျ"

ခန့်စင်ဖုန်းချလိုက်ပြီး နာရီကိုလှမ်းကြည့်လိုက်တော့ ညနေ ၅ နာရီရှိနေပြီ ဖြစ်သည်။ လင်းထက်လည်း ရုံးဆင်းလောက်ပြီ ထင်သည်။

"ဟယ်လို"

"အင်း လင်းထက် ကိုယ့်အမေက ညနေစာလာစားဖို့ ပြောလို့"

"အင်း ဒါဆို သွား‌မယ်လေ ခင်ဗျားရုံးဆင်းပြီလား"

"အင်း ဆင်းပြီ ကိုယ်မင်းဆီလာခဲ့လိုက်မယ်"

"နေ နေ ကျွန်တော်လာမယ်"

"အင်း အဲ့ဒါဆို ကိုယ်စောင့်နေမယ်နော်"

"အင်း ဒါဘဲနော်"

ခန့်စင် ရုံးခန်းတွင် လင်းထက် မရောက်သေးချိန် အလုပ် တချို့ လက်စသတ်နေလိုက်သည်။ နောက်တော့ သတိရသွားသည်။

နေဦး ဟိုတစ်ခေါက်ကလို အပြင်မှာရပ်စောင့်နေရင် မ‌ဖြစ်သေးပါဘူး ကြိုဖုန်းဆက်ထားလိုက်မယ်။ ကားမောင်းနေလောက်တယ်။ ငါပဲ အောက်မှာ စောင့်နေလိုက်တာကောင်းပါတယ်

အလျင်အမြန်နဲ့  အလုပ်လက်စသတ်ပြီး ကုမ္ပဏီ‌အဝင်ဝက ထိုင်ခုံတွေမှာ သွားထိုင်စောင့်သည့် ခန့်စင်

လင်းထက် ကားကိုတွေ့တာနဲ့ ကားနေရာတကျမရပ်ရသေးခင်မှာပင် ကားဆီတန်းသွားလိုက်သည်။ လင်းထက်လည်း ကားရပ်ပြီး လှမ်းကြည့်လိုက်‌တော့ ခန့်စင်လာနေတာတွေ့တာနဲ့ ကားကထွက်ဖို့တံခါးကိုကိုင်လိုက်ရုံရှိသေး ကားထဲ ရောက်နေပြီ ဖြစ်တဲ့သူ

"ခင်ဗျားက မြန်လာချည်လား ကျွန်တော်ရောက်ကြောင်းတောင် ဖုန်းမဆက်ရသေးဘူး ဗိုက်အတော်ဆာနေတာလား"

မျက်နှာတည်ဖြင့်မေးလာသူကြောင့် ခန့်စင်ကြောင်သွားရသည်။

"ခင်ဗျား အစားသေချာမစားဘဲ အလုပ်ရူးနေပြန်တာလား"

ကိုယ်က သူအပြင်ထွက်စောင့်နေမှာစိုးလို့ကို သူက ဗိုက်ဆာတယ်ထင်နေတာပင်။ ခန့်စင် ကိုယ်အဖြစ်ကိုယ် ရယ်ချင်မိသွားသည်။ သူတကယ့်ကို လောနေခဲ့တာပင် ဒါပေမယ့် လမ်းကိုတော့ လောနေကြောင်း သိသိသာသာ မလျှောက်ခဲ့လို့တော်သေးသည်။ မဟုတ်ရင် အရှက်တာ့ကွဲပါပြီပင်။

"ဟမ်"

ထပ်မေးလာသူကြောင့်

"ဟင် မဟုတ်ပါဘူး ကိုယ်စားပါတယ်"

"အဲ့ဒါဖြေဖို့ ဘာတွေအဲ့ဒီလောက်ကြာနေတာလဲ"

"မင်းကရော ဘာတွေအဲ့ဒီလောက် မေးနေတာလဲ မောင်းတော့ အမေစောင့်နေတယ်"

"ဟွန့် မောင်းပါပြီ"

ပြောတော့မှ မျက်နှာမဲ့ကာ ပြောပြီး မောင်းထွက်လေသည်။

.........................................................................

‌"အမေ ကျွန်တော်တို့ရောက်ပြီ"

"‌ရောက်ပြီလား သားတို့ လာ လာ အမေ အခုလေးတင် ပြင်ပြီးတာ အမေမှန်းတာနဲ့ကိုက်သွားတာပဲ"

အ‌ဖေပါအဝင် လေးယောက်သား ထမင်းစားဖို့သွားလိုက်ကြသည်။

"သား လင်းထက်လေး ထည့်စားနော် အားမနာနဲ့ အားနာရမယ့်သူတွေလည်း မဟုတ်ဘူး"

"ဟုတ်ကဲ့ အမေ"

"သားက ပုစွန်ချဉ်ချဉ်စပ်စပ်လေးကြိုက်တယ်ဆို အဲ့ဒါကြောင့် အမေ ပုစွန်ချဉ်ချဉ်စပ်စပ်လေး သုပ်ထားတယ်"

"ဟုတ်ကဲ့ ကျွန်တော်က ပုစွန်ဆို အရမ်းကြိုက်တာခင်ဗျ ကျေးဇူးတင်ပါတယ် အမေ"

အံမယ် ခင်ဗျ ဆိုပါလား။ ကိုယ်နဲ့ကျ မပြောဘူး။

ထမင်းစားပြီးသွားကြတော့ ဧည့်ခန်းထဲတွင် အသီးများနှင့် အချိုတည်းနေကြရင်း စကားပြောနေကြသည်။

"သား လင်းထက် ဒီနေ့ အလုပ်စဝင်တဲ့ရက်‌ဆို အဆင်လည်း‌ပြေတယ်မလား"

"ဟုတ်ကဲ့ အဖေ ပြေပါတယ်ဗျ အခုမှဆိုတော့ မသိတာတွေရှိသေးပေမယ့် အဖေက သေချာသင်ပြပေးပါတယ်"

စကားလက်ဆုံပြောကြပြီး မိုးအရမ်းမချုပ်ခင် လင်းထက်တို့က ပြန်သွားလေသည်။

.........................................................................

ကားပေါ်တွင်‌ ခန့်စင်တစ်ယောက် စဉ်းစားမိသွားသည်။

လင်းထက် ကပုစွန်ကြိုက်တယ်တဲ့ တကယ်တော့ လင်းထက်နဲ့ပတ်သက်တာတွေ ဘာမှသိပ်မသိသေးပေ။ ဘာကြိုက်တတ်တယ် ဘာလုပ်နေတတ်တယ် ဘာဆိုဘာမှမသိပေ။ အရောင်မှာဆိုရင်လည်း ဘာကြိုက်လဲမသိဘူး။ အားတဲ့အချိန်ရော ဘာလုပ်ရတာကြိုက်မလဲ။ အားကစားမှာဆိုရင်ရော။ အင်း ဘာလို့စဉ်းစားနေမိပါလိမ့် အမြဲတမ်း အလုပ်အကြောင်းတွေသာ ခေါင်းထဲပေါ်လာနေကျပါ။ အခုမှ အဲ့ဒီကောင်လေးက ဘာလို့ပါလိမ့်။

စဉ်းစားရင်း ရယ်မိသွားတော့ လင်းထက်က

"ခင်ဗျား ဘာရယ်နေတာလဲ ကျွန်တော်ပြောတာရောကြားရဲ့လား"

"ဟင်"

အခုထိ ပြုံးစိစိနဲ့ခန့်စင်

"ဘာမှမဟုတ်ပါဘူး ဒီတိုင်း လူတစ်ယောက်က ထူးဆန်းစွာအတွေးထဲပေါ်လာလို့"

"ဘယ်သူလဲ ကျွန်တော်ဘေးမှာတစ်ယောက်လုံးရှိနေတာကို ဘယ်သူ့အကြောင်းကပေါ်လာတာလဲ"

"ဟမ်"

ကြောင်အသွားရသည်။ အဲ့ဒီလိုပြောမယ်မထင်ထားခဲ့ပေ။ ဒီတိုင်း သူ့အကြောင်းတွေးနေမိတာဆိုတော့ ဒီတိုင်းပဲ နောက်သလိုပြောလိုက်တာကို

"ခင်ဗျားက ကျွန်တော့်ကိုဘေးမှာထားပြီး ဘယ်သူ့ရဲ့အကြောင်းကိုတွေးနေတာလဲ"
"ခင်ဗျားနဲ့ကျွန်တော်က လက်ထပ်ထားတာရော သတိရသေးရဲ့လား"
"ကျွန်တော် ဒီလောက်ခေါ်နေတာကို မကြားရလောက်‌အောင် ဘာတွေးနေတာလဲ"
"ကျွန်တော်ခေါ်တာရောသိရဲ့ ..............."

လှည့်ကြည့်လိုက်တော့ အိပ်ပျော်သွားပြီပင်
ဒီမှာတော့ ပြောနေတာကို သူကအိပ်သွားပြီ။ ဟုတ်သည်လေ သူ့ကိုခေါ်ပြီး သူကြားတယ်ထင်တာနဲ့စကားပြောနေတာကို မေးတာပြန်မဖြေလို့ လှည့်ကြည့်လိုက်တော့ ရယ်နေသည်လေ။ မေးတော့လည်း ပြုံးစိစိနဲ့ လူတစ်ယောက်အကြောင်းပေါ်လာလို့တဲ့လေ။ ကိုယ်ကိုယ်‌တိုင်လည်း ဘာကိုအလိုမကျလို့ အလိုမကျမှန်းမသိတော့ပေ။

အိမ်ရောက်တဲ့အထိ ခန့်စင်ကမနိုးသေးပေ။

မနိုးသေးဘူးပဲ။ ကားတွေပိတ်နေတာနဲ့ နောက်တောင်ကျသွားသည်။ အိပ်နေတာလည်း မနိုးချင်တာကြောင့် ပွေ့ပြီးသာ ခေါ်လာလိုက်သည်။ အိမ်ပေါက်ဝရောက်မှ လူးလွန့်လာပြီး

"ဟင် မင်း.."
"ဘာလို့ ‌ချီထားတာလဲ လွှတ်"

"မနှိုးချင်လို့ ငြိမ်ငြိမ်လေးနေ"

ထိုစင် ကြီးမေ နဲ့ ရင်လှက ရောက်လာပြီး

"ခန့်စင်လေး ဘာဖြစ်လို့လဲ"

"ဗျာ ဘာမှမဖြစ်ပါဘူး ကြီးမေ"

ကြီးမေ နဲ့ရင်လှ ကို အခုလိုပုံကြီးနဲ့တွေ့နေရတာ မျက်နှာတွေပူလှပြီ။ သူကတော့ အခုထိ ချီထားတုန်းပင်။

"ကြီးမေက သားလေးများ ခြေထောက်တွေဘာတွေ ထိခိုက်လာလို့လားလို့"

"မဟုတ်ပါဘူး ကောင်းပါတယ် ကြီးမေ"
"မင်း အောက်ချပေးတော့ လွှတ် လွှတ်လို့"

အတင်းကိုရုန်းလို့‌နေသည်။

လင်းထက်ကလည်း ခန့်စင်က မျက်နှာတွေရဲပြီး အတင်းတွေရုန်းနေတာနဲ့ စချင်လာသည်။

"ဘာမှမဖြစ်ပါဘူး ကြီးမေ"

နောက် ခန့်စင်ကို ငုံ့ကြည့်၍ ထပ်ပြောလိုက်သည်က

"ကျွန်တော်က ကျွန်တော့်အမျိုးသားလေးကို ပွေ့ပြီးခေါ်သွားချင်လို့ပါဗျာ"

ခန့်စင်ကို ငုံကြည့်၍ပြောလိုက်တော့ ခန့်စင်က နှစ်ကိုယ်တည်းကြားရုံ အသံခပ်ကျိတ်ကျိတ်ဖြင့်

"မင်း ဘာတွေလျှောက်ပြောနေတာလဲ အောက်ချပေးတော့လို့"

ပိုရဲလာသော မျက်နှာနဲ့ ပြောကာ အတင်းတွေရုန်းနေပြန်တဲ့ သူ

ဒီလူက တော်တော်ရှက်နေတာပဲ သူတို့ လက်တောင်ထပ်ပြီးကြပြီကို ဒီလို ပွေ့ထားတာက ဘာမှဆန်းနေတာမှ မဟုတ်ဘဲ

လင်းထက်ကလည်း အတင်းရုန်းနေသောသူကို နှစ်ကိုယ်တည်းကြားရုံ အသံခပ်ကျိတ်ကျိတ်ဖြင့်

"ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ ငြိမ်ငြိမ်နေ အခုလို အတင်းရုန်းနေမှ အခြေအနေကပိုပြီး ကြည့်ရအဆင်မပြေဖြစ်နေတာနော်"

ပြောလိုက်တော့မှ ငြိမ်သွားတဲ့သူ

"ဒါဆို ကျွန်တော်တို့ သွားလိုက်ပါဦးမယ် ခွင့်ပြုပါဦးခင်ဗျ"

"အေး အေး သားတို့"

နှစ်‌ယောက်သားကိုကြည့်ရင်း ကြီးမေက ပြုံးလျက်ပြောလာသည်။

အပေါ်ထပ်ထိ ငြိမ်ငြိမ်လေးပါလာပြီး အခန်းဝင်တာနဲ့ အတင်းရုန်းတော့တာပဲ

"လွှတ် အောက်ချပေးတော့ ရပြီ ရပြီ အောက်ချပေး"

ပထမကညင်ညင်သာလေး အောက်ချပေးမလို့ အခုတော့ အခန်းထဲဝင်တာနဲ့ အတင်းတွေရုန်းနေတာ‌ကြောင့် အမြင်ကတ်လို့ ကုတင်ပေါ် ပစ်ချပေးလိုက်တော့

"အ"
"မင်း ကောင်းကောင်းချပေးပါလား ဘာလို့ပစ်ချတာလဲ"

"ခင်ဗျားက အောက်ဆင်းရဖို့ အရမ်းတွေအလျင်လိုနေလို့ အမြန်ချပေးလိုက်တာလေ ဘာလဲ ဒါလည်း မကျေနပ်ပြန်ဘူးလား"

ခုနတုန်းကပြောတုန်းကတော့ မချပေးဘဲ အခုကျမှ ပစ်ချတာကို
ကား‌မောင်းတာမဟုတ်ဘဲ ကားစီးရင် တစ်ခါတစ်လေအိပ်ပျော်သွားတတ်တဲ့အကျင့်လေးရှိသည်။ သူပြောနေတာတွေနားထောင်ရင်း ဘယ်လိုအိပ်ပျော်သွားမှန်းမသိပေ။ နိုးလာတော့ သူကချီထားလေသည်။ ကြီးမေတို့ကလည်း ရောက်လာတော့ နဂိုကတည်းကရှက်နေတဲ့စိတ်က ပိုဆိုးသွားသည်ပင်။ ကြီးမေတို့ကို မျက်နှာပူလွန်းလို့။ အခုလည်း ကောင်းကောင်းမချဘဲ ပစ်ချသည်။ ဒီကောင်လေး ဘာလို့ ဒီလောက်တောင် ကြမ်းတမ်းနေသည်လည်းမသိဘူး။

"ဖယ်ပေး ရေသွားချိုးမလို့"

လူကိုအတင်းဖယ်ပြီး မကျေနပ်တဲ့ပုံစံနဲ့ ရေချိုးခန်းထဲဝင်သွားသူကိုကြည့်ပြီး ပြုံးရင်းတွေးနေမိသည်က

ဘာလဲဟ စိတ်ကောက်သွားတာလား ဒီလူက အဲ့လိုလည်းရှိတာလား ဟက်

.........................................................................

အခန်းတစ်ခု၌ ဖုန်းပြောနေသော မိန်းကလေးတစ်ယောက်

"ငါ စုံစမ်းခိုင်းထားတဲ့ကိစ္စ သိရပြီလား"

"ဟုတ်ကဲ့ သိရပါပြီခင်ဗျ Best World Company ရဲ့ သားအငယ်ဆုံးလေးပါ နာမည်က လင်းထက်နေသော်၊ အသက်က ၂၃ နှစ်"

၂၃ နှစ် ဆိုတော့ တို့ထက်ငယ်တာပဲ

"ချစ်သူရှိလား ရှိရင်ရော ဘယ်သူလဲ"

"မရှိပါဘူး ခင်ဗျ"

ဟက် မင်းက တို့ကိုသက်သက်မဲ့ မဟုတ်ဘဲ ပြောသွားတာပေါ့လေ

သဇင်နှိုင်းမဝ ကတော့ ချစ်သူမရှိဘူးဆိုတဲ့အချက်ကြောင့် အကျေနပ်ကြီး‌ ကျေနပ်နေလေသည်။

"ဟက် မရှိဘူး"

"ဟုတ်ကဲ့ ချစ်သူမရှိပါဘူး လက်ထပ်ထားတဲ့သူပဲရှိတာပါ"

"ဘာ....."

သဇင်နှိုင်းမဝ အံ့ဩသွားရသည်။ ချစ်သူမရှိဘူး လက်ထပ်ထားတဲ့သူဘဲ ရှိသည်။ ဒါကဘာလဲ လက်ထပ်ထားတယ်လို့တော့ မထင်ခဲ့ရိုးအမှန်ပေ။

"ဘယ်သူလဲ သူလက်ထပ်ထားတဲ့သူက"

"Essential Company က CEO ခန့်စင်သော်နိုင်ပါ"

"ယောက်ျားတစ်ယောက်နဲ့လား"

"ဟုတ်ပါတယ် ဟိုတလောကမှ လက်ထပ်ထားကြတာပါ"

ဒါဆို သူက ယောက်ျားလေးတစ်ယောက်ကိုရှုံးခဲ့တာလား သူ့လို လှပပြီးဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ကလေ၊ အရှုံးဆိုတာမရှိခဲ့တဲ့သူကလေ။

"ဟုတ်ပြီ ရှာလို့ရတဲ့ အချက်တွေအကုန် ငါ့ကို့ပို့လိုက်"

"ဟုတ်ကဲ့ပါခင်ဗျ"

ပို့လာသောအချက်လက်တွေ အားလုံးကိုကြည့်ပြီး

တို့ကတော့ လက်ထပ်ထားလည်း လက်လျော့မှာမဟုတ်ဘူး။ တို့ကလိုချင်ပြီဆို ရခဲ့တာချည်းပဲ။ တို့ကို ငြင်းလိုက်မှပဲ မင်းကို စိတ်ဝင်စားမိသွား‌တာကတော့ မင်းအပြစ်‌ပေါ့ တို့ကို ငြင်းလိုက်လို့လေ။ ဟက် အခုတော့ မင်းသာ တို့ဆီ တိမ်းမယိုင်နိုင်အောင် ပြင်ဆင်ထားလိုက်။

ညဘက် အခန်းတစ်ခုတွင်တော့ အောင်မြင်မှာဟူသော ယုံကြည်ချက်အပြည့် မျက်နှာထားဖြင့် မိန်းကလေးတစ်ယောက်။

.........................................................................

နှစ်ပတ်လောက်ရှိပြီ ကျွန်တော်နဲ့ လင်းထက်နဲ့ အလုပ်ရှုပ်နေကြတာ။ သူကလည်း အလုပ်တွေရှုပ်နေသလို ကျွန်တော်သည်လည်း ပရောဂျက်အသစ်တွေနဲ့ ပတ်သက်ပြီး အလုပ်ရှုပ်နေသည်။ အမေတို့ကတော့ ဟန်နီးမွန်းထွက်ဖို့ပြောပေမယ့် ကျွန်တော်တို့ နှစ်ယောက်လုံး ငြင်းလိုက်ကြသည်။ ချစ်လို့ယူထားကြတာမဟုတ်တော့ ဘယ်လိုထွက်ရမှန်းမသိပေ။ သို့သော်လည်း ကျွန်တော်သူ့အပေါ် အရင်ကထက် ပိုမိုရင်းနှီးလာသည်။ အရင်ကလောက် မစိမ်းသက်တော့ပေ။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း သေချာမသိ‌ဘူး။ အခုနောက်ပိုင်း သူ့အကြောင်း‌ တွေက ခဏခဏ ခေါင်းထဲရောက်ရောက်လာသည်။ မနက်ခင်းနိုးရင် အရင်လို တစ်‌ယောက်တည်းမဟုတ်ဘဲ သူ့ကဘေးနားမှာရှိနေပြီဖြစ်သည်။ ဒါကို ဘာလို့ သဘောကျနေမိ ကျေနပ်နေမိမှန်းလည်းမသိပေ။ တစ်ခါတစ်လေတော့ ဒီနှစ်ပတ်အတွင်းမှာ မနက်စာ အတူမစားဖြစ်တာတွေလည်းရှိသလို ညစာ အတူမစားဖြစ်တဲ့ညတွေလည်းရှိသည်။ တစ်ခါတစ်လေ တစ်နေ့လုံးနေမှ တစ်ခွန်းစ နှစ်ခွန်းစလောက်ပဲ ပြောဖြစ်သည်အထိကို နှစ်ယောက်လုံးအလုပ်ရှုပ်နေကြတာဖြစ်သည်။ မနေ့ညကလည်း ညစာအတူမစားဖြစ်သလို မနက်ကလည်း ကျွန်တာ်က အစောကြီး ရုံးသွားရတာနဲ့ အတူမစားဖြစ်ကြပေ။ ဒါကြောင့် ဒီနေ့တော့ နေ့လည်စာ အတူစားဖို့စဉ်းစားထားသည်။ စဉ်းစားနေရင်း နာရီကြည့်လိုက်တော့

၁၁ နာရီဖြစ်နေပြီပင်။ သူမစားရလောက်သေးဖို့‌ မျှော်လင့်သည်။ အခုပဲ သူ့ဆီသွားလိုက်မယ်လေ။

.........................................................................

ဒီတစ်ခေါက်တော့ ဖုန်းကြိုမဆက်ထားဘဲ လာလိုက်သည်။ ကိုယ်တိုင်လာပြောပြီး သွားစားချင်မိသည်။

ကောင်တာရှိ ကောင်မလေးတွေကို

"မန်နေဂျင်းဒါရိုက်တာ လင်းထက်နေသော်နဲ့ တွေ့ချင်လို့ပါ"

"ဟုတ်ကဲ့ ကြိုချိန်းထားလားမသိဘူးရှင့်"

"မချိန်းထားပါဘူး"

"ဟုတ်ကဲ့ ညီမ မန်နေဂျင်း ကိုပြောပေးပါမယ်ရှင့် ခဏလောက် ‌ထိုင်စောင့်နေပေးပါနော်"

"ဟုတ်ကဲ့ပါခင်ဗျ"

ခန့်စင် တစ်ယောက် ထိုင်စောင့်နေမိရင်း ကောင်မလေးတွေ ပြောနေတာကို ကြားလိုက်ရသည်။

"ဟဲ့ ဘာဖြစ်လို့လဲ"

"မန်နေဂျင်း နဲ့တွေ့မလို့"

"အော် ဒါနဲ့ မန်နေဂျင်းကအရမ်းချောတာပဲ အသားကလည်းဖြူလိုက်တာ အရပ်ကလည်းရှည်လိုက်တာ မျက်နှာ၊ ခန္ဓာကိုယ်အရွယ်အစား ဘာမှအပြစ်ပြောစရာမရှိဘူးဟယ် အဘက်ဘက်က ပြည့်စုံနေတာပဲ တကယ့်ကို ဝိုင်းဝိုင်းလည်နေမှာပဲနော် ငါ့ချစ်သူလေးသာဖြစ်လိုက်ရင်ကောင်းမှာပဲဟယ်"

ခန့်စင်ကတော့ နားထောင်ရင်း မျက်နှာက တည်သထက် ပိုပိုတည်လာသည်။ သူကိုယ်တိုင်တောင် သတိထားမိပါရဲ့လား။

"မဖြစ်နိုင်တာမပြောစမ်းပါနဲ့"

"ဖြစ်ရင်လည်း ဖြစ်လာနိုင်တာပဲ ငါကတော့ အရမ်းအရမ်းချစ်သူတော်ချင်နေပြီ"

"အမလေးဟဲ့ သူ့ချစ်သူကြားရင် သေနေဦးမယ်"

"ဟဲ့ပေါက်ကရ ငါ‌တော့ ချစ်သူရှိတယ်မကြားမိပါဘူး"

"တိုးတိုးပြောပါဟယ် ကြားကုန်ဦးမယ်"

"ငါလည်းတိုးတိုးပဲ ပြောနေတာကို ခုနက နည်းနည်းအားပါသွားလို့"

ဟုတ်ပါသည်။ ထိုကောင်မလေးနှစ်ယောက်က တိုးတိုးလေးပြောနေကြသည်။ ကိုယ်ကသာ မလှမ်းမကမ်းမှာရှိနေတာကြောင့်လား စိတ်ကဘဲ နားထောင်လိုစိတ်ပြင်းပြနေလို့များ ကြားနေရသည်မသိပေ။

"အေး ငါလည်း အလုပ်ဝင်တာ မကြာသေးတော့ သေချာတော့မသိပါဘူး ဒါပေမယ့် ငါသေချာသိတာကတော့ နင်ကဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာပဲ"

"စိတ်ချမ်းသာအောင် အကောင်းပြောမယ်ကိုမရှိဘူး"

သူတို့ပြောပုံအရတော့ လင်းထက်နဲ့ ကျွန်တော်လက်ထပ်ထားတယ်ဆိုတာ သိပုံမပေါ်ပေ။ အင်း သူတို့မသိတာကလည်း မဆန်းပါဘူး။ ပြီးတော့
အလုပ်ဝင်တာကလည်း မကြာသေးဘူးဆိုတော့ သူတို့မသိတာကလည်း ဆန်းမနေပေ။ ကျွန်တော်တို့လက်ထပ်ပွဲက သေးသေးလေးတော့မဟုတ်ပေမယ့် ရင်းနှီးတဲ့သူတွေကိုသာ ဖိတ်တာဖြစ်ပြီး အလုပ်တွဲလုပ်တဲ့သူတွေတောင် အရမ်းရင်းနှီးတဲ့လူတွေကိုသာဖိတ်ဖြစ်သည်။ သတင်းထောက်တွေထိခေါ်ဖို့ပြောပေမယ့် နှစ်ယောက်လုံး ငြင်းခဲ့ကြသည်။ အဘိုးက ဒီအချက်တွေကိုတော့ လက်ခံပေးခဲ့ပါသည်။

ကျွန်တော် တကယ်တော့ အခုလိုဒီမှာ မစောင့်နေလည်းရတယ်ထင်ပါသည်။ သို့သော်လည်း လင်းထက်အတွက် တစ်မျိုးဖြစ်သွားမည်စိုး၍သာ အခုလိုမျိုး ဒီမှာစောင့်နေခြင်းဖြစ်သည်။

ကောင်မလေးတွေ ပြောတာတွေကြားပြီး ဘာကို အလိုမကျဖြစ်နေမှန်း ကိုယ်ကိုယ်တိုင်တောင်မသိပေ။

7.Dec.2023 (Thu)

Nyint

‌မျှော်နေမလားတော့မသိပေမယ့် အကြာကြီးစောင့်ရစေမိသလိုမျိုးဖြစ်သွားရင် တောင်းပန်ပါတယ်နော်
အတတ်နိုင်ဆုံးတော့ အမြန်ဆုံးတင်နိုင်အောင် ကြိုးစားထားပါတယ်❣️

အခုမှစရေးတာဖြစ်လို့ လိုအပ်ချက်တွေရှိခဲ့ရင် နားလည်ပေးပါနော်
ရေးထားတာ အဆင်‌မပြေတာရှိရင် ထောက်လည်းထောက်ပြပေးကြပါနော်❣️

တကယ်လို့သဘောကျတယ်ဆိုရင် vote လေးတွေပေးပေးကြဖို့ တောင်းဆိုချင်ပါတယ်နော်❣️

ဖတ်ပေးတဲ့သူတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်❣️

နောက်တစ်ပိုင်းကိုတော့ အတိအကျ‌မပြောနိုင်ပေမယ့် ၁ ပတ်မပြည့်ခင်မှာ တစ်ရက်တစ်ရက်မှာ တင်ပေးပါမယ်နော်❣️

Zawgyi

"အေဖ ကြၽန္ေတာ္ အစ္ကို နဲ႔ရင္းႏွီးခ်င္တယ္"

အခုက ခန႔္စင္နဲ႔ေတြ့ၿပီး ဟိန္းသန႔္က ေကာ္ဖီဆိုင္ဝင္ခ်င္တယ္ေျပာတာေၾကာင့္ ေကာ္ဖီဆိုင္ေရာက္ေနျခင္းျဖစ္သည္။

"ဟင္ အစ္ကို....ေအာ္ ခန႔္စင္ေလးကိုေျပာတာလား"

"ဟုတ္တယ္ အေဖ ကြၽန္ေတာ္ အစ္ကို႔ကို စိတ္ဝင္စားမိသြားၿပီ အဲ့ဒါေၾကာင့္ အစ္ကိုနဲ႔ နီးစပ္ေအာင္ အစ္ကိုဆီမွာ အလုပ္သြားသင္တဲ့ပံုစံမ်ိဳး လုပ္ေပးပါလား အေဖ"

ဟိန္းသန႔္ေျပာလိုက္သၫ့္ စကားေၾကာင့္ ဦးမင္းလြင္အံ့ဩေနမိသည္။ ဟိန္းသန္႔အ‌ေမနဲ႔က ဟိန္းသန႔္ ၁၀ ႏွစ္ အရြယ္ကြာရွင္းျပတ္စဲၿပီး ဟိန္းသန႔္က‌ေတာ့ ထိုအခ်ိန္ကတည္းက အေမနဲ႔အတူ ကေနဒါမွာသြားေနခဲ့ရတာျဖစ္သည္။ တစ္ခါတစ္ေလမွသာ ျမန္မာကိုလာသည္။ အခုေတာင္ ၄ ႏွစ္အၾကာမွ ျမန္မာကို ထပ္လာလည္တာျဖစ္သည္။ ဒါေတာင္ ဒီကိုလာဖို႔ မနည္းေျပာခဲ့ရတာ။ အေဖပိုင္တဲ့ ကုမၸဏီတစ္ခုခုမွာဝင္လုပ္ဖို႔ေျပာတုန္းကေတာင္ မလုပ္ခ်င္ဘူးလို႔ အတြင္တြင္ျငင္းခဲ့သူက အခုလိုေျပာလာေတာ့ အံ့ဩမဆံုးေတာ့ေပ။

"ခန္စင္ေလးက လက္ထပ္ၿပီးၿပီသား သူ႔မွာ သက္ဆိုင္သူရိွၿပီးသား သားအမ်ားႀကီးသေဘာမက်ေသးခင္မွာပဲ ရပ္တန္႔လိုက္ပါသား"

အစ္ကိုက လက္ထပ္ၿပီးသားလား အခုမွေတြ့ၿပီး သေဘာက်မိတာေလ ခ်က္ခ်င္းပဲ ရပ္တန႔္ရေတာ့မွာလား မဟုတ္ေသးပါဘူး ကြၽန္ေတာ္ကေတာ့ ေသခ်ာေပါက္ႀကိဳစားၾကၫ့္ဦးမွာ

"ဘယ္သူနဲ႔လဲ အေဖ"

"Best World company က သားနဲ႔ ဟိုတစ္ေလာကမွလက္ထပ္လိုက္တာ သိပ္မၾကာေသးဘူး"

Best World ဆိုေတာ့ လင္းထက္ေနေသာ္လား လာျပန္ၿပီ ဒီေကာင္
အဲ့ဒီေကာင္ကို ၾကၫ့္လို႔မရတာ ကေနဒါေက်ာင္းမွာကတည္းကပင္။ ေက်ာင္းမွာ သူနဲ႔ နည္းနည္းမွ အဆင္မေျပပင္။ ေက်ာင္းကအလွေလးကို ဖြင့္ေျပာတုန္းကလည္း အဲ့ဒီေကာင္ကိုပဲ သေဘာက်တယ္ဆိုၿပီး ျငင္းသြားတာခံလိုက္ရသည္။ အဲ့ဒီတုန္းက တကယ္ ေက်ာင္းကသူ‌ေတြၾကားမွာ အရွက္ကြဲခဲ့တာပင္။ အျငင္းမခံရဖူးတဲ့ကိုယ္၊ အခ်စ္ေရးမွမဟုတ္ဘူး ဘယ္ေနရာမွာမွ အရႈံးမရိွခဲ့တဲ့ကိုယ္၊ ျဖစ္ခ်င္တာမွန္သမ်ွ ျဖစ္ခဲ့တဲ့ကိုယ္က အဲ့ေကာင္ကိုက်မွ ရႈံးရႈံးေနတာ။ အခုတစ္ေခါက္မွာေတာ့ ေသခ်ာေပါက္ အႏိုင္ယူျပမယ္။ အစကတည္းက ေနာက္ဆုတ္ဖို႔ စိတ္ကူးမရိွပဲ ႀကိဳးစားၾကၫ့္ခ်င္ခဲ့သည္။ အခုေတာ့ ပိုေသခ်ာသြားၿပီ။ ကြၽန္ေတာ္ဆိုတဲ့သူက ျဖစ္ခ်င္ခဲ့တာေတြဟာ ျဖစ္ခဲ့တာခ်ည္းပင္။ စိတ္ဝင္စားမိသြားၿပီျဖစ္တဲ့ အစ္ကို႔ႏွလံုးသားကို ရေအာင္ယူေတာ့မွာ။

"ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္ကေတာ့ ရပ္တန႔္မွာမဟုတ္ဘူး အေဖ ကြၽန္ေတာ္ျဖစ္ေစခ်င္သလို လုပ္ေပးမွာလား မလုပ္ေပးဘူးလား"

သူ သားကို အေတာ္ေလးခ်စ္ပါသည္။ အနားမွာ အၿမဲ‌ေန‌ေနရတာမဟုတ္လို႔ သားျဖစ္ေစခ်င္တာမွန္သမ်ွကို ျဖၫ့္ဆည္းခ်င္တာက သူ႔ဆႏၵျဖစ္သည္။ အခုလည္း တားၾကၫ့္ပါသည္ သားက အလြန္စိတ္အားထက္သန္ေနတာမလို႔ ထပ္မတားေတာ့ပါဘူး။
သားက ဘာကိုျဖစ္ခ်င္ပါေစ ျဖစ္‌ေျမာက္ေအာင္ အစြမ္းကုန္ႀကိဳးစားေပးခ်င္သည္။

"သားျဖစ္ေစခ်င္တဲ့အတိုင္း အေဖလုပ္ေပးမွာေပါ့"

"တကယ္လား အေဖကအေကာင္းဆံုးပဲ"

ေျပာၿပီး သူ႔အေဖ ဦးမင္းလြင္ကို ဖတ္လိုက္သည္။

အစ္ကို ကြၽန္ေတာ္ အစ္ကိုအနားကိုလာခဲ့မယ္ ေစာင့္ေနေနာ္ အစ္ကို။

.........................................................................

"ဟယ္လို အေမ"

"သား ခန႔္စင္ ဒီေန့ေလ အေမ သားႀကိဳက္တဲ့ ခ်ဉ္ေပါင္ေလးေၾကာ္ထားတယ္ ဒီေန့ ညစာ အိမ္မွာလာစားပါလား သား"

"ဟုတ္လား အေမ့လက္ရာကို လြမ္းေနတာ လာခဲ့မယ္ အေမ"

"လင္းထက္ေလးပါေခၚခဲ့ေလ"

"ဟုတ္ကဲ့ အေမ"

"ေအး ေအး သား ဒါဆို ဒါဘဲေနာ္"

"ဟုတ္ကဲ့ပါဗ်"

ခန႔္စင္ဖုန္းခ်လိုက္ၿပီး နာရီကိုလွမ္းၾကည့္လိုက္ေတာ့ ညေန ၅ နာရီရိွေနၿပီ ျဖစ္သည္။ လင္းထက္လည္း ရံုးဆင္းေလာက္ၿပီ ထင္သည္။

"ဟယ္လို"

"အင္း လင္းထက္ ကိုယ့္အေမက ညေနစာလာစားဖို႔ ေျပာလို႔"

"အင္း ဒါဆို သြား‌မယ္ေလ ခင္ဗ်ားရံုးဆင္းၿပီလား"

"အင္း ဆင္းၿပီ ကိုယ္မင္းဆီလာခဲ့လိုက္မယ္"

"ေန ေန ကြၽန္ေတာ္လာမယ္"

"အင္း အဲ့ဒါဆို ကိုယ္ေစာင့္ေနမယ္ေနာ္"

"အင္း ဒါဘဲေနာ္"

ခန႔္စင္ ရံုးခန္းတြင္ လင္းထက္ မေရာက္ေသးခ်ိန္ အလုပ္ တခ်ိဳ႕ လက္စသတ္ေနလိုက္သည္။ ေနာက္ေတာ့ သတိရသြားသည္။

ေနဦး ဟိုတစ္ေခါက္ကလို အျပင္မွာရပ္ေစာင့္ေနရင္ မ‌ျဖစ္ေသးပါဘူး ႀကိဳဖုန္းဆက္ထားလိုက္မယ္။ ကားေမာင္းေနေလာက္တယ္။ ငါပဲ ေအာက္မွာ ေစာင့္ေနလိုက္တာေကာင္းပါတယ္

အလ်င္အျမန္နဲ႔  အလုပ္လက္စသတ္ၿပီး ကုမၸဏီ‌အဝင္ဝက ထိုင္ခံုေတြမွာ သြားထိုင္ေစာင့္သၫ့္ ခန႔္စင္

လင္းထက္ ကားကိုေတြ့တာနဲ႔ ကားေနရာတက်မရပ္ရေသးခင္မွာပင္ ကားဆီတန္းသြားလိုက္သည္။ လင္းထက္လည္း ကားရပ္ၿပီး လွမ္းၾကည့္လိုက္‌ေတာ့ ခန႔္စင္လာေနတာေတြ့တာနဲ႔ ကားကထြက္ဖို႔တံခါးကိုကိုင္လိုက္ရံုရိွေသး ကားထဲ ေရာက္ေနၿပီ ျဖစ္တဲ့သူ

"ခင္ဗ်ားက ျမန္လာခ်ည္လား ကြၽန္ေတာ္ေရာက္ေၾကာင္းေတာင္ ဖုန္းမဆက္ရေသးဘူး ဗိုက္အေတာ္ဆာေနတာလား"

မ်က္ႏွာတည္ျဖင့္ေမးလာသူေၾကာင့္ ခန႔္စင္ေၾကာင္သြားရသည္။

"ခင္ဗ်ား အစားေသခ်ာမစားဘဲ အလုပ္ရူးေနျပန္တာလား"

ကိုယ္က သူအျပင္ထြက္ေစာင့္ေနမွာစိုးလို႔ကို သူက ဗိုက္ဆာတယ္ထင္ေနတာပင္။ ခန္႔စင္ ကိုယ္အျဖစ္ကိုယ္ ရယ္ခ်င္မိသြားသည္။ သူတကယ့္ကို ေလာေနခဲ့တာပင္ ဒါေပမယ့္ လမ္းကိုေတာ့ ေလာေနေၾကာင္း သိသိသာသာ မေလ်ွာက္ခဲ့လို႔ေတာ္ေသးသည္။ မဟုတ္ရင္ အရွက္တာ့ကြဲပါၿပီပင္။

"ဟမ္"

ထပ္ေမးလာသူေၾကာင့္

"ဟင္ မဟုတ္ပါဘူး ကိုယ္စားပါတယ္"

"အဲ့ဒါေျဖဖို႔ ဘာေတြအဲ့ဒီေလာက္ၾကာေနတာလဲ"

"မင္းကေရာ ဘာေတြအဲ့ဒီေလာက္ ေမးေနတာလဲ ေမာင္းေတာ့ အေမေစာင့္ေနတယ္"

"ဟြန႔္ ေမာင္းပါၿပီ"

ေျပာေတာ့မွ မ်က္ႏွာမဲ့ကာ ေျပာၿပီး ေမာင္းထြက္ေလသည္။

.........................................................................

‌"အေမ ကြၽန္ေတာ္တို႔ေရာက္ၿပီ"

"‌ေရာက္ၿပီလား သားတို႔ လာ လာ အေမ အခုေလးတင္ ျပင္ၿပီးတာ အေမမွန္းတာနဲ႔ကိုက္သြားတာပဲ"

အ‌ေဖပါအဝင္ ေလးေယာက္သား ထမင္းစားဖို႔သြားလိုက္ၾကသည္။

"သား လင္းထက္ေလး ထၫ့္စားေနာ္ အားမနာနဲ႔ အားနာရမယ့္သူေတြလည္း

You are reading the story above: TeenFic.Net