အပိုင်း ၃၆

Background color
Font
Font size
Line height

Unicode

လင်းထက်က မျက်ခုံးတွေ တွန့်ကျိုး၍

"နေဦး! အရမ်းချစ်ဖို့ကောင်းနေတဲ့ သော့်ကို အပြင်မှာထားလို့ မဖြစ်တော့ဘူး ၊ နောက်တစ်ခါ ဒီပုံစံကြီးနဲ့ မထွက်လာနဲ့ ၊ အထဲဝင်ပြီး အပြစ်ပေးရမယ်!"

မျက်ခုံးတွေ တွန့်ကျိုးကာ ပြောလာတဲ့ ကောင်လေးက အထဲကို ဝင်ဖို့ပြင်နေသည်။ မြန်မြန်ဝင်မှရတော့မည် ၊ ဒီကောင်လေးနဲ့ ဆက်ငြင်းနေလို့ မရတော့ ၊ ဒီ မူးနေတဲ့ ကိုယ်ကြီးက တွဲထားရတာ လွယ်တော့ မလွယ်ပေ။

မင်းကတော့ ကိုယ့်ကို အပြစ်ပေးမယ်တောင် လုပ်နေတယ် ၊ နည်းနည်းပဲ သောက်မယ်ဆိုပြီး အများကြီးသောက်လာတယ် ၊ ကြယ်သီးကလည်း ဖြုတ်ထားလိုက်တာ ၊ မင်းကတော့လေ!!!

အခန်းထဲထိ ယိုင်တိုင်တိုင် မူးနေတဲ့ လင်းထက်ကို အပေါ်ထပ် အခန်းဆီတွဲခေါ်လာရသည်က အရမ်းတော့ မလွယ်ကူလှ ၊ အရပ်ကလည်း ကိုယ့်ထက် ၄ လက်မလောက် ရှည်နေတာလည်း ပါသလို ၊ လူကောင်ကလည်း ကိုယ့်ထက် အနည်းငယ်ထွားပြီး မူးလည်း မူးနေသည်ကြောင့်ပေ။

အခန်းထဲရောက်တော့ ထိုကောင်လေးကို ခုတင်ပေါ် ချပေးလိုက်တော့ လင်းထက်က ချက်ချင်း ပက်လက်လှဲချပြီး လက်တွေကလည်း ဘေးနှစ်ဖက်ကို ဆန့်တန်းထားသည်။

ကိုယ်ကတော့ ခုတင် ဘေးကနေပြီး လင်းထက်ကို ကြည့်ကြည့်သည်။ လင်းထက်က မျက်နှာတွေ နီနေပြီး မျက်လုံးတွေက ရီဝေဝေဖြင့် အင်္ကျီကလည်း ရင်ဘက်ဟဖြဲနှင့် ခြေထောက်တွေကလည်း ကားထားသေးသည်။

ဒီကောင်လေး ဘယ်လောက်တောင် သောက်ပြီး မူးလာသည်မသိ။ ပြောတော့ နည်းနည်းလေးပဲ သောက်လာမယ်ဆိုပြီး ဒီလောက် သောက်လာရလား!။

လင်းထက်ရဲ့ ပုံစံကို သဘောမတွေ့စွာ မျက်မှောင်ကြုတ်ကြည့်နေရင်း

"အ!"

ရုတ်တရက် လင်းထက်က လက်ကို ဆွဲလိုက်သည်မလို့ ကိုယ်တစ်ပိုင်းက လင်းထက်ရဲ့ ရင်ဘက်ပေါ်ကျသွားကာ လန့်သွားရသည်။ လက်အထိအတွေ့ တချို့ကြောင့် ကြည့်ကြည့်တော့ လင်းထက်ရဲ့ ရင်ဘက်ပေါ် လက်တင်ထားမိသည်ပဲ။

ထို့ကြောင့် ရင်ဘက်သား ဖြူဖြူဖွေးဖွေးပေါ် လက်ဖဝါးကြီးက ထိမိထားကာ လူက ကြက်သီးတွေပင် ထချင်သွားသလို ရင်တွေလည်း အဆက်မပြတ်ခုန်လာရသည်။ ဒါဘယ်လို အခြေအနေကြီးလဲ။

ထမယ်လုပ်တော့ မလွှတ်ပေးဘဲ သိမ်းကျုံးပွေ့ဖက်လာသည်ကြောင့် လူက ပိုပြီးပင် ထိမိသွားကာ မျက်နှာက လင်းထက် အရှေ့အနား ရောက်သွားရင်း နီးနီးကပ်ကပ်ကြီးပင်။

နီရဲနေတဲ့ မျက်နှာနဲ့ အရက်ရှိန်ကြောင့် ရီဝေဝေဖြင့် ကြည့်လာတဲ့ အကြည့်တွေကြောင့်ရော ၊ ဒီအခြေအနေကြီးကြောင့်ပါ လူက ရင်ခုန်နှုန်းတွေ မြန်လာကာ ထိန်းချုပ်မရတော့ပေ။ ထိုစဉ်

"နမ်းချင်တယ် သော်"

ကိုယ့်ကို သေချာ ကြည့်၍ ထွက်ကျလာတဲ့ နူးနူးညံ့ညံ့ ရီဝေဝေ စကားသံက လူကို နှလုံးရပ်အောင် လုပ်နေသည်လား။ မျက်နှာတပြင်လုံး ပူထူလာကာ

"လွှတ်...ပြွတ်!"

စကားစရုံရှိသေး မော့ကာ တစ်ချက်မျှ အသံမျှအောင် နမ်းလာသည့် လင်းထက်။ ဒီကောင်လေး မူမူးရူးရူးနဲ့ ဘာတွေ လုပ်နေတာလဲ။

"မင်း!! ဘာလုပ်... ပြွတ်!"

နောက်တစ်ခါ ထပ်နမ်းလာပြန်သည့် လင်းထက်။

"လင်းထက်!! မင်း ဘာလုပ်နေတာလဲ!"

"မသွားခင်က အနမ်းလေး ပြန်ဆက်ရအောင် သော်"

"ဟင်! မရဘူး! လွှတ်....အွန့်!"

စကားတောင် ဆုံးအောင် ပေးမပြောဘဲ လင်းထက်က ခေါင်းနောက်ကို ထိန်းကိုင်ကာ ငုံ့စေ၍ နှုတ်ခမ်းကို ချိတ်ပိတ်လိုက်သည်ကြောင့် ထိန်းချုပ်မရ‌တဲ့ ရင်ခုန်သံတွေက လွင့်ထွက်သွားကာ ရင်ထဲမှာ သံစုံတီးဝိုင်းတွေနဲ့ ဗလောင်ဆူနေသည်။

လင်းထက်က အပေါ်နှုတ်ခမ်းကို နမ်းလာ၍ တဖြည်းဖြည်း ခါးသက်သည့် အရသာကြီးက တိုးဝင်လာသည်။ ဒီကောင်လေး အရက်တွေ သောက်ထားပြီး ဘာတွေ လျှောက်လိုက်နေတာလဲ။

ရုန်းသော်လည်း မရသည်လား ၊ ကိုယ်ကပဲ မူးနေတဲ့သူဆီက လွတ်နိုင်လောက်သည့် အားကို ထုတ်မသုံးခဲ့ဘဲ ငြိမ်နေမိခဲ့သည်လား။

တဖြည်းဖြည်း မွတ်သိပ်လာတဲ့ အနမ်းတွေနဲ့ လင်းထက်က ခပ်ပြင်းပြင်းနမ်းမိပြီး ခန့်စင်က မရုန်းကန်တော့ဘဲ မျက်ဝန်းတွေကို မှေးမှိတ်၍ အနားက အင်္ကျီစကို ခပ်တင်းတင်း ဆုပ်မိကာ ပြန်လည် တုံ့ပြန်လာသည်။ ထိုအခါ ပိုပြီး ပြင်းထန်လာတဲ့ လင်းထက်ရဲ့ အနမ်းတွေ။

ထိုကနေ လင်းထက်က အားမလို အားမရဖြင့် နမ်းနေလျက်ပင် ရုတ်တရက် ခန့်စင်ကို အောက်ဘက်ပို့၍ သူက အပေါ်ကနေ အုပ်မိုးကာ မွတ်မွတ်သိပ်သိပ် နမ်းရှိုက်မိကာ ခန့်စင်က မနမ်းတတ် နမ်းတတ်နှင့် အမှီလိုက်ရပြီး ရင်ခုန်သံတွေဟာ ထပ်တူကျလျက်။

မိနစ်အသင့်အတင့် ကြာပြီး‌နောက်မှာ တဖြည်းဖြည်း အသက်ရှု ခက်လာသည့် ခန့်စင်က အင်္ကျီစကို ဆုပ်ကိုင်ထားလျက် ရင်ဘက်ကို တွန်းကန်လာသည်။ မလွှတ်ပေးချင်သေးတဲ့ လင်းထက်က တွန်းကန်နေပြီ ဖြစ်သည့် လက်တွေကြောင့်

"ပြွတ်!"

လင်းထက်က အပေါ်နှုတ်ခမ်းကို တစ်ချက် ဆွဲနမ်းကာ လွှတ်ပေးလိုက်သည်နှင့် ခန့်စင်က အသက်ကို ခပ်ပြင်းပြင်းရှုသွင်း ရူထုတ်၍ မျက်ဝန်းများ ပွင့်ကာ မောဟိုက်နေသည်။

ညအိပ်ဝတ်စုံ နို့နှစ်ရောင်နဲ့ နားရွက်ဖျားတွေက အစ ၊ မျက်နှာတစ်ပြင်လုံး နီရဲနေကာ နှုတ်ခမ်းသား စိုစိုရဲရဲနဲ့ ရင်ဘက်နှိမ့်ချီ ၊ မြင့်ချီဖြင့် မောဟိုက်နေတဲ့သူကို လင်းထက်က ရီဝေဝေကြည့်၍ နှုတ်ခမ်းတစ်ဖက် တွန့်ကွေးစွာ သဘောတကျ ပြုံးသည်။

"ဘယ်လောက် လှလိုက်သလဲ"

"လင်းထက်! ဖယ် ၊ အရက်တွေ မူးပြီး ဘာတွေ လျှောက်လုပ်နေတာလဲ"

ခန့်စင်က အုပ်မိုးထားတဲ့ လင်းထက်ရဲ့ ရင်ဘက်ဟဖြဲကို တွန်းကန်၍ ဖယ်ထုတ်နေသည်။ မျက်နှာတစ်ပြင်လုံးသည် နီရဲနေလျက်ပင်။

ရွှတ်!

"လင်းထက်!!"

လင်းထက်က အရှက်သည်းပိုပြီး မျက်မှောင် ကြုတ်ကာ တည်တင်းနေတဲ့သူကို အသည်းယားစွာ ပါးပြင်လေးကို နမ်းတော့ ၊ မျက်ဝန်းအိမ်ကျယ်ကာ ခပ်ဆတ်ဆတ် အသံလေးက ထွက်လာသည်။

ရွှတ်!

"လင်းထက်! မလုပ်နဲ့လို့! အရက်တွေ မွှန်ထူအောင် သောက်လာပြီးတော့ ၊ နံ့စော်မွှန်ထူနေတာပဲ ဖယ်!"

ရွှတ်!

အတင်း တစ်ဖက်ပြီး တစ်ဖက်လိုက်နမ်းနေသည့် အမူးသမားကို မဖယ်နိုင်တာလား ၊ ဖယ်နိုင်လောက်သည့် အင်အားပဲ မရှိတော့တာ‌လားဆိုတာ သူသာ သိပေလိမ့်မည်။

လင်းထက်ကတော့ တစ်ဖက်ပြီး တစ်ဖက် တစ်ချက်ပြီး တစ်ချက်ကို နမ်းနေသည်မှာ သဘောတကျပင်ဖြစ်သည်။

ခန့်စင်ကတော့ အလျင်အမြန် လာလာနမ်းသည့် လင်းထက်ကြောင့် ဟိုဘက်လှည့် ၊ ဒီဘက်လှည့်နှင့် ရှောင်နေရသည်ပင်။

ရွှတ်!

"ကျွန်တော် ဘာလို့ အများကြီး သောက်လာလဲ သိလား ခင်ဗျား"

အုံ့မိုးထားလျက် ရီဝေဝေဖြင့် အနမ်းများ ရပ်ကာ ရုတ်တရက်မေးလာသည့် လင်းထက်ကို ခန့်စင်က အမောဖြေနေရင်း မော့ကြည့်သည်။ လင်းထက်က ပြုံးစစနှင့်ပင်။

"မသိဘူး!!"

"ဟက်! ချစ်စရာလေးဗျာ!"

ရွှတ်!

အတင်းကို တစ်ဖက်ပြီး တစ်ဖက်လိုက်နမ်းထားသည်မလို့ မကျေမနပ် အသံလေးက ထွက်လို့သည်အခါ အရက်ရှိန်ကြောင့် နီရဲကာ ရီဝေဝေ အကြည့်နဲ့ လင်းထက်က သဘောတကျ တစ်ချက်မျှ ရယ်၍ ပါးကို ဖြတ်ခနဲ ငုံ့နမ်းသည်။

ထိုတစ်ခေါက်မှာတော့ ခန့်စင်က ဘာမှမပြောဘဲ မကျေမနပ်သာ ပြန်ကြည့်နေသည်။ မျက်နှာတည်နေသော်လည်း နီရဲနေသည့် မျက်နှာအစိတ်အပိုင်းများက ဖုံးကွယ်လို့ မရစွာ ရှက်သွေးဖြာနေသည်။

ထို့နောက် ပုံမှန်မဟုတ်တဲ့ ရီဝေဝေ အသံကြီးက ထွက်လို့လာသည်။

"ဒီနေ့ အစက နည်းနည်းလေးပဲ သောက်မလို့"

"......."

ခန့်စင်က မယုံတဲ့ မကျေမနပ် မျက်နှာနဲ့ သာ ကြည့်နေသည်။ လျှောက်ပြောနေတာပဲ လို့ ပြောချင်တာပင်။

"ကျွန်တော်က သော့်ရဲ့ First Kiss လေး ရသွားတော့ အပျော်လွန်ပြီး အများကြီး သောက်လိုက်တာဗျာ!"

ရွှတ်!

လင်းထက်က ပုံမှန်မဟုတ်တဲ့ ရီဝေဝေ အသံနဲ့ ပြောပြီးတာနဲ့ ပါးပြင်ကို နောက်တစ်ခါ ထပ်လာနမ်းသည်။ ဒီတစ်ခေါက်တော့ အကြာကြီးကို နမ်းပစ်လိုက်တာပင်။

ခန့်စင်ကတော့ လင်းထက်ကြောင့် အရှက်သည်းပိုစွာ လှုပ်ခတ်သွားတဲ့ မျက်စံလေးတွေက ပါးပြင်က လင်းထက် နှာဖျားလေး ဖယ်ခွာသွားတဲ့ အချိန်မှာ မျက်နှာကို အမြင်ပြန်ပြင်လိုက်ရကာ လင်းထက်ကို ကြည့်လိုက်သည်။

"မင်းဟာမင်း သောက်ချင်လို့ သောက်လာတာကို ၊ ကိုယ့်ကို ပြောနေတာပဲ"

"တကယ်ပြောတာ ၊ သော့်ရဲ့ First Kiss လေးကြောင့်"

"....."

တကယ့် အမူးသမားပုံစံ ရီဝေဝေနဲ့ ၊ ဒါကို ကိုယ်က ယုံရမှာလား ဟွန့်!

ခန့်စင်က စိတ်ထဲမှာသာ ကျုံးဝါးလိုက်သည်။

"တကယ် ၊ သော့် First Kiss လေးကြောင့် ၊ ချိုချိုမြမြလေး လွှတ်တောင် မပေးချင်ဘူးဗျာ"

ဒီကောင်ကလေးကတော့ တကယ့်ကို မူးနေတာ ၊ အဲ့ဒါကြောင့် အခုလို ထူးထူးဆန်းဆန်း စကားတွေ ပြောနေတာ ၊ ဘာဆေးမှားလာတာ ဖြစ်မလဲ။

အမူးသမား လင်းထက်က ရီဝေဝေဖြင့် ခန့်စင်ရဲ့ မျက်နှာကို အုံ့မိုးထားလျက် အကဲခတ် ကြည့်သည်။

မူးနေလို့ ‌ပြောတယ်လို့ ထင်နေပြီး သူတကယ်ပြောနေတာကို မယုံသင်္ကာတဲ့ အရိပ်အယောင်ဖြင့် မျက်မှောင်ကြုတ် စူးစိုက်ကြည့်ကာ တွေးနေပုံရသည်ကြောင့် အမူးသမားလေး ရီဝေဝေ လင်းထက်က နှုတ်ခမ်း တစ်ဖက် တွန့်ကွေးကာ တစ်ချက်မျှ ရယ်သည်။

လင်းထက်က မျက်ဝန်းတွေကတောင် မှေးစင်းနေတာ ဒါကိုတော့ သူကောင်းကောင်း ခန့်မှန်းနိုင်နေသည်။

"ဟက်!"

ခန့်စင်ကတော့ လင်းထက်ရဲ့ ရယ်ပုံကြီးကို အလိုမကျစွာ

"First Kiss ၊ First Kiss နဲ့ ကိုယ် ဘယ်တုန်းက ပြောမိလို့လဲ"

"ဟွန့်! ခင်ဗျား နှုတ်ခမ်းလေးကို ထိကပ်မိလိုက်တာနဲ့ သိလိုက်တာပဲ ၊ လုံးဝသေချာတယ် မနမ်းတတ်နမ်းတတ် ဖြစ်နေပုံလေးကလည်း တကယ့် First Kiss မှ First Kiss ပဲ"

ထိုသို့ ပြောကာမှ မျက်မှောင်ကြီး ပိုကြုတ်သွားကာ အလိုမကျမှုများက ပိုထင်းလာသည်။

"အဲ့ဒါဆို မင်းက နမ်းတတ်တယ်ပေါ့ ၊ ကျွမ်းကျင်တာပေါ့ ၊ ဒါဆို ဒါက မင်းရဲ့ First မဟုတ်ဘူးပေါ့ ၊ ရှေ့မှာ ဘယ်နှယောက်တောင်မလို့ ကျွမ်းကျင်နေတာလဲ"

"ဟား! ဟား! ဟား!"

"ဘာ ရယ်တာလဲ ၊ ဖယ်တော့! သွား! အရက်နံ့တွေ အရမ်းနံ့တယ်!"

အတင်း ဖယ်နေသူ လက်တွေက လက်တစ်ဖက်တည်းနဲ့ လင်းထက်က ချုပ်လိုက်ပြီး ပြုံးစစဖြင့်

"ခင်ဗျားက ရှေ့မှာ ဘယ်နှယောက်လို့ ထင်လဲ"

"ဘာ!!! သွား! ၊ ကိုယ့်ကို ဘာမှ လာပြောမနေနဲ့ ၊ နောက်ကျနေပြီ အိပ်တော့မယ် ၊ မင်းက မွှန်ထူနေတာပဲ ၊ ဒီနေ့ ကိုယ်နဲ့ မအိပ်နဲ့ ၊ ဖယ်!"

"ဟာ! မရဘူးလေ သော်!"

လင်းထက်က အလျင်အမြန်ပင် ပြောလာသည်။ ခန့်စင်က ချုပ်ခံထားရတဲ့ လက်တွေကို ရုန်းကန်နေသည်။

"လွှတ်တော့ လင်းထက်! အရမ်း နောက်ကျနေပြီ! ဘယ်မှာ အိပ်မှာလဲ အရင်ပြော"

"ဒီမှာလေ ခင်ဗျားနဲ့"

လင်းထက်က မှေးစင်းနေတဲ့ မျက်ဝန်းတွေနဲ့ မွေ့ယာကို မျက်စပစ်ပြသည်။

"မရဘူး! အရင်က မင်း အရမ်းမွှန်ထူနေရင် ကိုယ်နဲ့ အိပ်တာ မဟုတ်ဘဲ ၊ အခုလည်း မအိပ်နဲ့ ၊ ဖယ်!"

"ဟာ! သော် မရုန်းနဲ့! ၊ အဲ့တုန်းက အဲ့လိုဆိုပေမယ့် အခုက ဒီမှာ အိပ်ကြမယ်လေ"

"မအိပ်ဘူး ၊ ဒီလောက် မွှန်ထူနေတာ!"

"ခင်ဗျား အိပ်မှာလား မအိပ်ဘူးလား!"

"မအိပ်ဘူး!"

"ခင်ဗျားက ကောင်းကောင်း ပြောလို့ မရဘူးဘဲ ၊ ကျွန်တော် ခင်ဗျားကို လုပ်တော့မယ်"

အတင်း ရုန်းနေသူကို မျက်ဝန်းတွေ မှေးစင်း‌နေကာ ရုပ်တည်ကြီးနဲ့ ကြည့်ပြီး ပြောလိုက်တော့ မျက်စံတွေ လှုပ်ခတ်သွားကာ အံ့ဩသွားဟန်ပေါ်သည်။ လင်းထက်ကလည်း အပြောဆုံးတာနဲ့ တဖြည်းဖြည်းငုံမိုးလာတော့

"ဘာ...ဘာလုပ်မှာလဲ....မင်းနော်"

လင်းထက်က ဘာမှမပြောဘဲ ရီဝေဝေအကြည့် တည်တင်းနေတဲ့ မျက်နှာထားကြီးနဲ့သာ ငုံ့မိုးလို့လာသည်။ ခန့်စင်က အမြန်ပင် မျက်နှာကို တစ်ဖက်လွှဲ၍ လက်တွေကိုလည်း ရုန်းလာသည်။

"ဘာ...ဘာလုပ်မလို့လဲ ၊ မင်း...မင်း ကိုယ့်ကို ဘယ်လို ပြောနေ...ပြွတ်!"

လင်းထက်က တစ်ဖက်လှည့်သွားကာ ပြောသူကို အမှီ တစ်ဖက်စောင်း၍ နှုတ်ခမ်းသားကို တစ်ချက်မျှ ထိကပ်ကာ နမ်းလိုက်ပြီး

"ကျွန်တော်က နမ်းမယ် ပြောချင်တာပါ ၊ ခင်ဗျားက ဘာထင်နေတာလဲ"

မျက်ဝန်းတွေက အစ မှေးစင်းနေတဲ့ အမူးသမား လင်းထက်ကတော့ ခန့်စင်ကို ရစ်ကာ စနေသည်ပင်။
ခန့်စင်က အရှက်သည်းစွာ အမြန်ပင် မျက်နှာကို ပြန်တည်လိုက်ပြီး လင်းထက်ဘက် လှည့်၍

"ဘာထင်ရမှာလဲ ၊ ဘာမှမထင်ဘူး"

"ဟက်! ခင်ဗျား အရမ်းချစ်စရာကောင်းတာပဲ"

ဒီတစ်ခေါက်မှာတော့ ခန့်စင်က ပြန်မတုံ့ပြန်တော့ဘဲ မျက်နှာတွေ ပူထူကာ ‌နီရဲနေလျင်ပင် လင်းထက်ရဲ့ အကြည့်တွေကို ထပ်တူထပ်မျှ ကြည့်နေမိသည်။

တဖြည်းဖြည်း လင်းထက်ရဲ့ မျက်ဝန်းတွေက ပိုပို မှေးစင်းလာကာ ချုပ်ထားတဲ့လက်ကို လွှတ်ပေး၍ မျက်နှာကလည်း ငုံ့ကိုင်းလာသည်။

ထိုအခါ ခန့်စင်ရဲ့ မျက်စံတွေက လှုပ်ခတ်သွားပြီး အရက်နံ့ရယ် ၊ ယောက်ျားဆန်ဆန် ကိုယ်သင်းနံ့‌ရယ် ရောထွေးနေမှုက နှာဖျားထဲ ပိုပို တိုးဝင်လာတာနဲ့အမျှ မျက်ဝန်းတွေကို ခပ်တင်းတင်း မှေးမှိတ်လိုက်မိပြီး ၊

နားရွက်ဖျားအနားအထိ ငုံ့မိုး တိုးကပ်ကာ လာပြောသည့် လေသံတိုးတိုး ငွေ့ငွေ့လေးက နှလုံးသားကို လှုပ်ခါသွားစေသည်။

"မစိုးရိမ်ပါနဲ့ ၊ ကျွန်တော် မူးနေတယ်ဆိုရင်တောင် ခင်ဗျား ဆန္ဒမပါဘဲ ရှေ့ဆက်မတိုးပါဘူး သော်"

"အင့်!"

ပြောပြီးတာနဲ့ လင်းထက်ရဲ့ မျက်နှာက မွေ့ယာထက် ကျသွားကာ လင်းထက်ရဲ့ ကိုယ်ကြီးက ခန့်စင်ပေါ်သို့ ထပ်လျက်သား ဖြစ်သွားကာ ခန့်စင်ကတော့ မျက်ဝန်းတွေ ပြန်ဖွင့်၍ ကြောင်နေမိသလို ရင်တွေဟာလည်း တလှပ်လှပ်နဲ့ ခုန်လှုပ်နေသည်။

နောက်မှ အသိစိတ်ပြန်ဝင်တော့ လင်းထက်ဆီက အသက်ရှူသံ မှန်မှန်လေးကို ကြားလိုက်ရတဲ့အခါ အိပ်ပျော်သွားပြီဆိုတာ သိလိုက်သည်။

"မင်း အရမ်းဆိုးတာပဲ ကောင်လေး"

ခန့်စင် အရှက်သည်းပိုစွာ ပြုံးစစလေးဖြင့် ပြောနေသည်။ ခဏအမျှအကြာ ခန့်စင်က အရက်နံ့တွေ မွှန်ထူနေတဲ့ လင်းထက်ရဲ့ကိုယ်ကို ဖယ်လိုက်ကာ ခေါင်းကို ခေါင်းအုံးပေါ် အကျအနတင်၍ မွေ့ယာပေါ် လင်းထက်ကို သေချာတင်ထားလိုက်သည်။

ခြေအိတ်ကို ချွတ်ပေးကာ ရေချိုးခန်းထဲဝင်ပြီး လက်ဆေး ပြီးတာနဲ့ ရေပက်တိုက်ဖို့ အဝတ်နဲ့ ရေဇလုံ ယူလာကာ ပြန်ထွက်လာသည်။

နောက် မွေ့ယာပေါ် ပြန်ထိုင်၍ တွေးနေမိသည်ပင်။

ရေပက်တိုက်ပေးလိုက်ရမလား ၊ အင်္ကျီက လဲပေးမှ ရမယ် ၊ ဒါပေမယ့် အဲ့လိုက...။ အင်္ကျီလဲပေးတာပဲကို။

မွေ့ယာပေါ်ထိုင်ကာ စဉ်းစားရင်း ကိုယ့်ဘာသာ ပြန်ရှက်နေတဲ့ နို့နှစ်ရောင် ညဝတ်အင်္ကျီနဲ့ ခန့်စင်က ချောလည်းချောသလို ၊ တော်‌ တော်လေးလည်း ချစ်ဖို့ကောင်းနေသည်ပင်။

အဝတ်ဗီဒိုထဲက လင်းထက် တီရှပ်တစ်ထည်ကို ထုတ်လိုက်ပြီး မွေ့ယာ‌ပေါ် တစ်ခြမ်းစောင်း ပြန်ထိုင်ကာ မူးပြီး အိပ်ပျော်သွားပြီဖြစ်သည့် လင်းထက်ကို ကြည့်မိသည်။

ဒီကောင်လေး တကယ့်ကို ဆိုးတာပင်။ ရင်ဘက်က ဟဖြဲနဲ့ အရက်တွေလည်း ဒီ‌လောက် အများကြီး သောက်လာရလား။ မွှန်ထူနေတာပင်။

အင်္ကျီလဲပေးဖို့ လက်လှမ်းတော့ ရင်ထဲ ခုန်လာကာ မျက်နှာတွေ ပူထူလာမိသည်ကြောင့် လက်တွေ ပြန်ရုတ်လိုက်မိသည်။

ဒါပေမယ့်လည်း ဒီတိုင်းတော့ မဖြစ်ပေ။ အင်္ကျီလဲ ပေးတာပဲကို ဘာလို့ ဒီလိုဖြစ်နေ‌ရတာလဲ။ စိတ်ကို လျော့ကာ အင်္ကျီ ကြယ်သီးတွေဆီ လက်လှမ်းကာ တစ်လုံးချင်း ဖြုတ်ပေးလိုက်သည်။

မျက်နှာတွေ ပူထူပြီး ကိုယ့်ဘာသာ တစ်ယောက်တည်း ရှက်နေမိသည်ပင်။

အင်္ကျီကို ချွတ်ပေးကာ ရေပက်တိုက်ဖို့ အဝတ်နဲ့ ဇလုံကို ယူပြီး ရေပက်တိုက်ပေးမိသည်။ အရမ်းမွှန်ထူပြီး အိပ်ပျော်သွားပြီမလို့ ရေပက်တိုက်ပေးမှ ရမည်ပင်။

ကိုယ့်ဘာသာ ရှက်နေရပါသည်ဆို ဒီကောင်က လှုပ်ကာ ရုန်းဖယ်တတ်သေးသည်။ တော်တော်ဆိုးသည့် ကောင်လေး။

ရေပက်တိုက်ပေးပြီးတာနဲ့ ခုနကထုတ်လာတဲ့ တီရှပ် ကြက်သွေးရောင်ကို ဝတ်ပေးဖို့ လင်းထက်ကို အသာဆွဲထူလိုက်သည်။ ထိုအခါ အမူးသမားလေးက ငြိမ်ကာ ခေါင်းလေးကို ပခုံးထက် မှေးတင်ထားသေးသည်။ ဟွန်း! ဒီလိုကျတော့လည်း ချစ်စရာ ကောင်ကလေးပဲ။

လင်းထက်ကို တီရှပ် ဝတ်ပေးပြီးတာနဲ့ မွေ့ယာပေါ် ပြန်ချကာ စောင်ကို ခြုံပေးလိုက်ပြီး ဟိုတစ်စ ဒီတစ်စ ကျနေတဲ့ ဆံပင်လေးကို သပ်တင်ပေးမိသည်။ တကယ့် ကောင်ချောလေးပဲ မင်းက။

ခန့်စင်က သဘောတကျ ပြုံးကာ ပြောပြီးတာနဲ့ ရေဇလုံနဲ့ ရေပက်ဝတ်ကို ယူလိုက်ပြီး အရက်နံ့တွေ စွဲကပ်နေတဲ့ ရှပ်အင်္ကျီကို အကြည့်အရောက်မှာတော့ မျက်မှောင်လေး ကြုတ်သွားသေးသည်။ နောက် ထိုအင်္ကျီ အလိုမကျယူကာကို အဝတ်ခြင်းထဲ ထည့်ပြီး ရေချိုးခန်းထဲ ဝင်လာလိုက်သည်။

သွားတိုက် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးတာနဲ့ မွေ့ယာဆီ ပြန်လာကာ မအိပ်ဘူးဟု ပြောထားသူက ကိုယ်ပိုင်နေရာလေးမှာ လှဲအိပ်လိုက်သလို အမူးသမားလေးကလည်း မူးပြီး အိပ်ပျော်နေသည်က အိပ်ပျော်နေသည် သူ့အမျိုးသားကို ဖက်အိပ်ဖို့တော့ မမေ့လျော့ခဲ့ပေ။

အကျင့်ဖြစ်နေသည့်အတိုင်း ဘေးတစောင်းလှဲကာ အိပ်နေသူကို ရင်ခွင်ထည့်ကာ ဖက်လိုက်တော့ နို့နှစ်ရောင် ညဝတ်အင်္ကျီနဲ့ ကောင်လေးက မျက်ဝန်းတွေ ပွင့်ကာ လန့်သွားရပြီး အသက်ရှူသံ မှန်မှန်လေးကြောင့် အိပ်ပျော်နေရင်း လာဖက်မှန်းသိလိုက်သည်။

သဘောတကျ ပြုံးပြီးတာနဲ့ လင်းထက်ရဲ့ခါးကို ပြန်လည် ဖက်တွယ်၍ ရင်ခွင်ထဲ ပိုတိုးဝင်ကာ အိပ်စက်လိုက်တော့သည်။ မြင်ကွင်းလေးက သိပ်ကို ကြည်နူးစရာလေးပင်။

............

နိုင်မင်းတစ်ယောက် အခန်းထဲတွင် ဆေးရုံသွားဖို့ ပြင်ဆင်နေသည်။ ဗီရိုရှေ့ ရပ်နေကာ ဘာဝတ်ရမလဲ ကြည့်နေမိသည်။ နောက်တော့ အကြပ်ကြီးမဟုတ်ဘဲ အနည်းငယ် ပွနေတဲ့ T-shirt အဖြူရောင် နဲ့ short pant creamy အရောင်ကို ယူလိုက်သည်။

ဘောင်းဘီအရှည် ဝတ်မလို့ပေမယ့် ခြေကျင်းဝတ်နားက ဒဏ်ရာတွေနဲ့ ဆိုတော့ ဒေါက်တာ အခက်တွေ့နေမည်စိုး၍ ဒူးလောက် ဘောင်းဘီကိုသာ ယူလိုက်သည်။ အဝတ်အစားလဲပြီး ယူစရာရှိတာ ယူကာ တံခါးဖွင့်လိုက်တော့

"ဟင်! မင်း!"

တံခါးခေါက်ဖို့ ပြင်နေတဲ့ အနက်ရောင် suit အပြည့်နဲ့ ဟိုကောင့်ကို တွေ့လိုက်သည်။ ကျစ်! ဘာလိုက်ရှုပ်ပြန်တာလဲ။ ဒီနေ့တော့ တကယ့် ပြဿဒါးပဲ။

လူကို ဘာမှမပြောဘဲ ရှေ့ဆုံးခေါင်းဆုံး တစ်ချက်မျှ ဝေ့ကြည့်ကာ နှာခေါင်းရှုံ့ မျက်နှာမဲ့သည်။

ဘာလဲဟ! ဒီကောင် တွေ့တာနဲ့ ထိုးချင်စရာ မျက်ခွက် လာလုပ်နေတာ။

"ပုံစံက ကလေးလိုလို ခွေးလိုလိုနဲ့ ၊ အခုထိ မမှတ်သေးဘူး"

"ဘာ!!! မင်း!!"

ဒီကောင်က ဘောင်းဘီကို ပြောနေတာ ၊ ကိုယ့်အကြောင်းနဲ့ ကိုယ် ဝတ်တာ ဒီခွေးကောင်က ဘာပြောစရာလိုလို့လဲ။

"အမေ့!!!"

ရုတ်တရက် ပွေ့ချီပစ်လိုက်သည်မလို့ လန့်ကာ အော်မိသွားပြီး ဒီတစ်ခေါက်မှာ‌တော့ suit အပြည့်နဲ့ သူ့ကုတ်ကို ဆွဲလိုက်မိသည်။ အလျင်အမြန် ဆွဲလိုက်သည်မလို့ သူ့ကုတ်က ဘာမှမဖြစ်ဘဲ ကိုယ့်ရဲ့ လက်ထိပ်ကသာ တစ်ချက်ကလေး နာသွားရသည်။ လူရော အင်္ကျီကအစ ကောင်းကျိုး မပေးတာ။

ဒီကောင် ပွေ့ရတာ တော်တော် ကြိုက်တာလား။ ခဏခဏ လာလာပွေ့နေတာ။

"အန်တီက ခုနကပဲ သွားလိုက်ပြီ"

ဒီကောင် သပ်သပ်လာရွဲ့နေတာ။ ဒေါသထွက်တာ မမှားဘူးမလား ၊ တကယ်တော့ ဒီကောင်က ထိုးပါ ထိုးသင့်တာ။

"မင်း!! လွှတ်စမ်း!! ငါ သည်းမခံနိုင်တော့ဘူး ၊ မင်းတော်တော် လွန်နေပြီ!!"

ဂရုမစိုက်စွာ လျှောက်သွားသည်။ လူက ဘယ်လိုရုန်းရုန်း အောက်ရောက်လာသည်အထိ သူ့လက်ထဲက မလွတ်ခဲ့။

လူက ‌ဘယ်လောက်ပြောပြော ပြန်မပြော အာရုံမစိုက်ဘဲ သူလုပ်ချင်ရာသာ လုပ်နေသည်မလို့ စိတ်က အချဉ်ပေါက်လာသည်။

ဒီကောင် တော်တော်များနေပြီ!! ၊ သူနဲ့တော့ အတူမသွားနိုင် ၊ ခဏခဏ သူလုပ်ချင်တွေသာ လုပ်နေသည်မလို့

ဘုန်း!!!

"အာ့!! မင်း!!"

ကိုယ်ပြောတာ ဂရုမစိုက်သလို အမြဲ သူလုပ်ချင်ရာသာ လုပ်နေတဲ့သူကို လက်မောင်းကို တစ်ချက်ထိုးထည့်လိုက်တော့ အသံထွက်လာသည်ပင်။ ကိုယ့်လက်စ ကိုယ်သိသည် ဟက်!

ကိုယ့်ကို စူးစိုက် ကြည့်ကာ တော်တော်လေး အီစိမ့်သွားပုံပင်။ ဒါပဲလေ ဟက်! ၊

အီစမ့်သွားတဲ့ အကြည့်နဲ့အတူ ဒေါသတွေလည်း ထွက်လာပုံရပြီး ပွေ့ထားတာကို ပိုပိုတင်းကြပ်လိုက်သည်မလို့ လှုပ်လို့ပင် မရတော့။ ‌ဒီသူတောင်းစား!!

စိတ်တိုသွားပုံဖြင့် ကားဆီ အမြန်လျှောက်ကာ သူ့ရဲ့ Lamborghini အနက်ရောင် ကားထဲကို ထည့်ပေးလိုက်သည်။ ခါးပတ်ပတ်ပေးဖို့ လုပ်တော့

"ငါမင်းနဲ့ မသွားဘူး!"

"မင်း ငြိမ်ငြိမ်နေစရာရှိတာနေ! ၊ ငါ့စိတ်က မရှည်တော့ဘူး!!"

"မင်းဘာလို့ ငါ့ကို လိုက်ရှုပ်နေတာလဲ ၊ ပို့စရာမလိုဘူးလို့ အဲ့နေ့ကတည်းက ငါပြောခဲ့ပြီးသား"

"ငါလည်း ပို့ပေးမယ်လို့ ပြောခဲ့ပြီးသား"

"အမေက သွားလိုက်ပြီ ၊ အဲ့တော့ မင်း မပို့လည်း ရတယ် ၊ ဖယ်ကွာ!!"

"အန်တီကို ပြောထားပြီးသား ၊ မင်း အငြိမ်နေပြီး လိုက်ခဲ့"

ပြောပြီးတာနဲ့ ခါးပတ်ကို ပတ်ပေးကာ တံခါး ပိတ်ပြီး driver seat ဘက် ပြန်လာထိုင်ကာ မောင်းတော့သည်။ ဘာမှမပြောတော့ဘဲ တိတ်တဆိတိသာ နေနေလိုက်သည်။ ဒီသူတောင်းစားနဲ့ စကားအများကြီး ပြောလို့မကောင်းပေ။ ဘာလို့ ဒီရက်ပိုင်း ဒီကောင် နဲ့မှ ခဏခဏ တွေ့နေရတာလဲ ကျစ်!

........

ခန့်စင်တစ်ယောက် လက်က နာရီကို ကြည့်မိကာ နောက် ဖုန်းကို ယူလိုက်သည်။ ဒီနေ့တော့ လင်းထက်နဲ့ Mall သွားမလို့ စဉ်းစားထားသည်ပင်။ အမေ့အတွက် ဝယ်ပေးချင်တာလေး ရှိလို့ဖြစ်သည်။

ရှေ့တစ်ပတ်ကတော့ ပြောထားတာ လင်းထက်က လိုက်ပေးမယ် ပြောထားသည်။ သို့သော် ဘယ်နေ့ သွားမယ်ကိုတော့ လင်းထက်ကို မပြောရသေး။ ဒီနေ့ သွားဖို့ လုပ်လိုက်မိသည်။

ပြီးတော့ စားသောက်ဆိုင် တစ်ဆိုင်မှာ ညစာ သွားစားဖို့ပါ စဉ်းစားထားသည်။ အခုလို အပြင်ထွက် မစားရသည်က ကြာပြီမဟုတ်လား။ စဉ်းစားနေရင်း ပြုံးမိလိုက်သည်။

ဒီအကြောင်းကို ညကတည်းက တွေးနေမိတာပင်။ မနက်က နှစ်ယောက်လုံး လောနေကြသည်ကြောင့် မပြောမိ ၊ ထို့ကြောင့် အခုမှသာ ပြောမလို့ပင်။

ဘာလို့မှန်းမသိ တစ်မနက်လုံး လင်းထက်နဲ့ အပြင်သွား ၊ ညစာ စားမည့်အကြောင်း တွေးကာ စိတ်လှုပ်ရှားနေမိသည်။

မနေ့က ဖြစ်သွားသည့် ရင်ခုန်ဖွယ် အခြေအနေလေးကြောင့်လားမသိ။ မနက်ကတည်းက စိတ်ထဲ အများကြီး ပျော်နေမိသည်။

တီ

တီ

အခု ဖုန်းအဝင်ကို စောင့်နေသည့် အသံလေးကပင် တွေးကာ တွေးကာ ဖြင့် စိတ်လှုပ်ရှားစေသည်။ မင်း အရမ်း ပြုစားလွန်းတယ် ကောင်လေး။

"အင်း ပြော သော်"

နှစ်ခါ‌မျှ မြည်အပြီးမှ တစ်ဖက်က ပြန်ဖြေသံကို ကြားလာရသည်။ ထိုယောက်ျားဆန်ဆန် အသံလေးက သိပ်ကို ဆွဲဆောင်မှုရှိသည်ပင်။ "သော်" ဟူသော နာမ်စားလေးကိုလည်း နားထဲ ဆွဲနေအောင် သဘောကျမိသည်။

"စကားပြောလို့ရလား လင်းထက်"

"ရတယ် ၊ ဘာဖြစ်လို့လဲ ပြောလေ"

"ဟိုတလောက ကိုယ် ပြောတဲ့ အမေ့အတွက် ဝယ်ပေးမလို့လေ ၊ အဲ့ဒါ သိတယ်မလား လင်းထက်"

"အင်း သိတယ် သော်"

"ရုံးဆင်းရင် ကိုယ်တို့ သွားကြမလား ဒါမှမဟုတ် အိမ်ပြန်ရောက်ပြီးမှ ကိုယ်တို့ သွားကြမလား ၊ ပြီးရင် ညစာလည်း အတူသွားစားကြမယ်လေ ၊ ကိုယ်တို့ အပြင်ထွက် မစားတာ ကြာပြီမလား ၊ အဲ့တော့ အိမ်ပြန်ရောက်မှ သွားကြရင် ကောင်းမလား"

ခန့်စင်ရဲ့အသံက တက်ကြွကာ ပျော်နေသလို ဆက်တိုက် ပြောနေမိသည်ပင်။ သူ ဒီအရာအတွက် အများကြီး စိတ်လှုပ်ရှားနေသည် မဟုတ်လား။ အခုတောင် စကားပြောရင်း အများကြီး စိတ်လှုပ်ရှားနေသည်ပင်။

"ဒီနေ့လား သော် ၊ ဒီနေ့က မရဘူး ၊ တခြား သွားစရာရှိလို့"

လင်းထက်ရဲ့ စကားမှာ ခန့်စင်ရဲ့ စိတ်အစုံက ငြိမ်သက်သွားသည်။

"သွားစရာရှိတာလား ၊ ကိုယ်က မင်း သွားလို့ရတယ် ထင်လို့"

ခုနက အသံနဲ့မတူ အနည်းငယ် ‌အားပျော့သွားသဖွယ်။

"ဟုတ်တယ် ၊ ဒီနေ့က မသွားလို့ မရဘူး ၊ နောက်နေ့မှ သွားလို့ရလား"

"‌ဒီနေ့ ဝယ်မှ အဆင်ပြေမှာ ၊ ကိုယ်ပဲ သွားလိုက်မယ်လေ မင်းမှ အဆင်မပြေတာ ရပါတယ်"

ခန့်စင်က စိတ်ကို ပြန်လျော့ တွေးလိုက်သည်။ ဟုတ်သည်လေ တကယ်ဆို လင်းထက်ကို ကြိုပြောခဲ့ရမှာ ၊ ဟိုတလောက လင်းထက်ကို ရက်အတိအကျ မပြောခဲ့မိဘူးမလား ၊ အခုကလည်း လင်းထက် အဆင်မပြေလို့ပဲ‌လေ ၊ နားလည်ပေးရမည် မဟုတ်လား။

"ဒီနေ့ ကျွန်တော် လာမကြိုဖြစ်ဘူးနော် ၊ driver လွှတ်လိုက်မယ် ၊ ညစာက မစောင့်နဲ့ ၊ အပြင်မှာ စားခဲ့မလို့ ၊ ခင်ဗျား မစားဘဲ စောင့်နေတာမျိုး မလုပ်နဲ့နော်"

အစက အဆင်ပြေသလို စိတ်ကလေးက ပြန်ပြီး ငြိမ်ကျသွားမိသည်။ အခုနောက်ပိုင်း အကြိုအပို့ မလုပ်ပါနဲ့ဆိုသည်ကို ဘယ်လောက်ပြောပြော မရခဲ့ ၊ အမြဲတမ်း လာကြိုခဲ့သည် ၊ တခါတလေ လာကြိုပြီး ပြန်ထွက်သွားတာတွေတောင် ရှိသည်။

ဒီနေ့မှ ဘာကြောင့်များ လာမကြိုတော့လောက်တဲ့အထိလဲ။ ညစာလည်း အတူမစားရဘူးဆို၍ စိတ်က ပို၍ပင် မှိုင်ကျသွားရသလို ၊ တကယ်ဆို ဒီနေ့ အများကြီး မျှော်လင့်ကာ ညကတည်းက စိတ်လှုပ်ရှာနေမိသည်က တစ်မနက်လုံးကနေ တစ်နေ့လုံးလို့ပင် ပြောရမည်။

မနေ့ညက အခြေအနေကြီးကြောင့် အများကြီး စိတ်လှုပ်ရှား မျှော်လင့်မိသွားသည်လား။ တကယ်ဆို ကိုယ့်ဘက်ကပဲ အများကြီး တွေးထားမိလို့ အခုလိုဖြစ်နေတာပင်။ တကယ်က လင်းထက် အခုလို လုပ်တာကလည်း တကယ် အဆင်မပြေလို့ပဲ ဖြစ်လိမ့်မည်။

"ကြားလား သော်!"

"ဟင်!"

"ကျစ်! ခင်ဗျား ကျွန်တော် ပြောတာ ကြားရော ကြားရဲ့လား! သော်!"

"ကြားပါတယ် ၊ ကိုယ် ကားလာပို့ခိုင်းလိုက်မယ် ၊ driver မလွှတ်နဲ့တော့နော်"

"ခင်ဗျား တစ်ယောက်တည်း သွားလို့က ရလို့လား"

"ရပါတယ် ၊ အရင်ကလည်း သွားနေတာပဲကို ၊ ကိုယ့်ဘာသာပဲ သွားဝယ်လိုက်မယ်နော်"

ခန့်စင်က မှိုင်နေတဲ့ စိတ်ကို ဖျောက်ကာ အရင်လို ပုံမှန်အတိုင်း ခပ်အေးအေးဆိုသည်။

"အင်း အင်း ဟုတ်ပြီ ၊ ဒါဆိုလည်း ဒါပဲနော်"

တီ

ကျသွားသည့် ဖုန်းကို စားပွဲပေါ်ကို တင်လိုက်သည်။ လင်းထက်က ညတုန်းက အကြောင်းကိုတော့ မနက်ကတည်းက ဘာတစ်ခွန်းမှ အစမဖော်ပေ။ အစဖော်ရင် ရှက်နေရမည့် သူက ကိုယ်ပဲ ဖြစ်လိမ့်မည်။

တကယ်တော့ လောနေကြသည်ကြောင့်လည်း စကားကောင်းကောင်း မပြောခဲ့ဖြစ်ကြတာပါသည်။ အခုလည်း ထိုအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာမှမပြောပေ။

You are reading the story above: TeenFic.Net