အပိုင်း ၂၈

Background color
Font
Font size
Line height

Unicode

"ကျစ်! ခင်ဗျား ဘာဖြစ်နေတာလဲ"

"......"

"ကလေးတွေလို စိတ်ကောက်နေတာလား ၊ ကျွန်တော် မချော့တတ်ဘူးနော်"

"......"

ဘယ်လိုပြောပြော မတုံ့ပြန်လာတဲ့သူကို လင်းထက် စိတ်မရှည်တော့စွာ ပခုံးကနေ အသာဆွဲလှည့်လိုက်သည်။ ထိုအခါမှ မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့ ဟိုလူက

"ဘာဖြစ်နေတာလဲ လင်းထက်"

"အဲ့ဒါ ခင်ဗျားကို ပြောရမှာ ၊ ပြော ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ဘူး ၊ ကိုယ်အိပ်တော့မယ် လင်းထက် ၊ မင်းစိတ်တိုင်းကျ ကိုယ် ဒီမှာ အတူအိပ်နေတယ်မဟုတ်လား"

ခန့်စင်က ပုံမှန်အတိုင်း ခပ်အေးအေးသာဆိုသည်။ လင်းထက်ကတော့ ဘဝင်မကျစွာ ကြည့်၍

"ခင်ဗျား အဲ့အစွန်းနားထိ သွားအိပ်စရာလား ၊ ကျွန်‌တော့်ကို ရွဲ့များရွဲ့နေတာလား"

"မရစ်နဲ့တော့ ၊ ကိုယ် အိပ်ချင်ပြီ လင်းထက်"

"အဲ့ဒါဆိုလည်း အိပ်ကြမယ် လာ"

"အ!!...လင်းထက်!"

လင်းထက်က ပြောလည်း ပြော ခန့်စင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ ဖက်ပစ်လိုက်တာကြောင့် ခန့်စင်မှာလန့်ပင်လန့်သွားရသည်။

"ဖယ်! လွှတ် လင်းထက်!"

အတင်းတွန်းထိုး ရုန်းကန်လာတဲ့ ခန့်စင်ကို လင်းထက်က လွှတ်မပေးဘဲ အတင်းကိုချုပ်ထားသည်။ ဒါလည်း မရ လွှတ်ဖို့ကြီးပဲ ပြောပြီး ရုန်းနေသည်။

"ငြိမ်ငြိမ် အိပ်!"

"ဒီလို မအိပ်ဘူး လွှတ် လင်းထက်!"

အတင်းကို ရုန်းနေသူကို လင်းထက်က ဘဝင်မကျတော့စွာ မျက်နှာချင်းဆိုင် အိပ်နေရာကနေ ချက်ချင်းပင် အပေါ်ကနေ အုပ်မိုးပစ်ပြီး လက်တစ်ဖက်ကို တံတောင်နဲ့ ထောက်ထား၍ နောက်တစ်ဖက်ကိုတော့ ခေါင်းရင်းတွင် လက်ဖဝါးနဲ့ ထောက်ထားလိုက်ကာ အလိုမကျဟန် မျက်ခုံးတွေ တွန့်ကျိုး၍ ငုံ့ကြည့်ကာ

"ခင်ဗျားက ကျွန်တော် နဲ့ အဲ့လောက်တောင် မအိပ်ချင်တော့တာလား"

"မဟုတ်ပါဘူး"

လင်းထက်ရဲ့ အလိုမကျဟန်အသံ နဲ့ ပြောအဆုံးမှာ ချက်ချင်း ထွက်လာသည့် အသံခပ်တိုးတိုး။

"ဒါဆို ဘာလဲ ပြော"

"ကိုယ်က မင်းအဖျားကူးမှာ စိုးလို့ပါ"

"မကူးဘူးလို့ ၊ ဒါဆိုလည်း ခင်ဗျားက ပုံမှန်အတိုင်း အိပ် ၊ ကျွန်တော်က အစွန်းမှာ အိပ်ပေးမယ်"

အလိုမကျဟန်ဖြင့် ပြောလည်း ပြော အုပ်မိုးရာကနေ ဖယ်လိုက်ပြီး အစွန်းဘက်နား သွား၍ ကျောခိုင်းကာ အိပ်လိုက်သည်။ ခုနက သူကမချော့တတ်ဘူးပြောတယ် ၊ အဲ့တော့ အခု ကိုယ်က ချော့ရမယ့် ပုံစံဖြစ်နေတာလား။ လင်းထက် က အခုလိုဆိုတော့လည်း နေမထိထိုင်မသာ သလို ဘယ်လိုနေရမှန်းမသိတော့။ လင်းထက်ဘက်ကို တစောင်းလှည့်၍

"လင်းထက်"

"......."

ခန့်စင်က အသံခပ်အေးအေးနဲ့ ခေါ်ပေမယ့် နေမကောင်းဖြစ်နေသည်မလို့ ပုံမှန်လို အသံတော့ မဟုတ်ဘဲ ဖျော့တော့နေသည်။ သို့သော် မတုံ့ပြန်လာသောကြောင့် ခန့်စင်က နေမနိုင်တော့ ထပ်မံ၍ ခေါ်ကြည့်သည်။

"လင်းထက်..."

"......."

ဒီတစ်ခေါက် ခေါ်သံက ခပ်အေးအေးလေးပေမယ့် တုံ့ပြန်လာခြင်းမရှိတဲ့ လင်းထက်ကြောင့် ခန့်စင်က နေမထိုင် ထိုင်မသာဖြစ်ကာ အသံက ခုနကထက်ပင် ဖျော့တော့ကာ ခပ်ပျော့ပျော့လေးဖြစ်နေသည်မလို့ လင်းထက်က အသည်းယားစွာ သဘောတကျ ကျိတ်ပြုံးနေသည်။

တကယ်တော့ ကိုယ်က ဒီတိုင်း ဟိုလူက အတင်းရုန်းနေတော့ ကိုယ်ကပဲ အစွန်းဘက်မှာ အိပ်ပြီး ဟိုလူ့ကို တော့ ပုံမှန်အတိုင်း အဆင်ပြေအောင် အိပ်ခိုင်းလိုက်တာပင်။ အဲ့ဒါမှ ဟိုလူနဲ့ အတူအိပ်လို့ရမှာလေ။ ပြီးတော့ မဟုတ်ရင် ဟိုလူက အိပ်ချိန်နောက်ကျကုန်တော့မယ်။

အဲ့ဒါကို ဟိုလူက စိတ်ဆိုးသွားတယ် အထင်နဲ့ ထင်ပါရဲ့ ၊ ချော့နေတာလား မသိဘူး ၊ ဒီလိုကျတော့လည်း သဘောတကျ တင်းခံပြီး နေနေမိသည်။ ဆက်ပြီး ကြားချင်သေးသည်။ ဘာတွေ ပြောဦးမလဲဆိုတာ ဟက်။

ခန့်စင်မှာတော့ မတုံ့ပြန်လာတဲ့ လင်းထက်ကြောင့် ဘာလုပ်ရမှန်းပင် မသိဖြစ်နေပေမယ့် လင်းထက်ကတော့ အသည်းယားစွာ ကျိတ်ပြုံး၍ တင်းခံနေလေသည်။

"မင်း ပြောသလို အရင်အတိုင်းပဲ အိပ်ကြမယ်လေ လင်းထက်"

"......"

"လင်းထက် ကိုယ် ပြောနေတယ်လို့.....အင့်"

စကားအဆုံးမှာ လှည့်လာ၍ ရင်ခွင်ထဲ ဆွဲသွင်းကာ ဖက်လာတဲ့ လင်းထက်ကြောင့် ခန့်စင်မှာ "အင့်" ခနဲ အာမေဋိတ်သံပင် ထွက်သွားတော့သည်။

နေမကောင်းဖြစ်နေတာရော မတုံ့ပြန်တဲ့လင်းထက်ကြောင့် မချိတင်ကဲဖြစ်နေတာရော ပေါင်းပြီး အသံလေးက ဖျော့တော့တော့နဲ့ ခပ်ဆတ်ဆတ် အသံလေး အဆုံးမှာတော့ လုံးဝမနေနိုင်တော့တဲ့ လင်းထက်က အသည်းယားစွာဖြင့် ခန့်စင်ဘက်ကိုလှည့်လာပြီး ရင်ခွင်ဆွဲသွင်းကာ ဖက်ပစ်လိုက်၍

"ဒါဆိုလည်း အိပ်ကြမယ်"

ခန့်စင်ကတော့ ရုတ်တရက်လှည့်လာကာ ဖက်လာသည့် လင်းထက်ကို ဘာမှပြန်မပြောမိသေးသလို ရုန်းလည်း မရုန်းမိ။ ထိုအတိုင်းလေးသာ ငြိမ်နေမိသည်။ လင်းထက်ကတော့ ခန့်စင်ကို ပိုတင်းတင်း ဖက်ထား၍နေနေသည်။

စက္ကန့်ပိုင်းမျှအကြာမှာတော့ တစ်စုံတစ်ခုကို သတိရသွားတဲ့ ခန့်စင်က

"လင်းထက် လက် ဆေးထည့်ပြီးပြီလား"

"အင်း"

တိုပြတ်ပြတ်ပြောလာသည့် လင်းထက်ကြောင့် ‌မော့ကာ ကြည့်ကြည့်တော့ မျက်ဝန်းတွေကို မှေးမှိတ်ကာ ပြောနေသည်ပဲ။ မျက်နှာကတော့ အရယ်အပြုံးမရှိ တည်တင်းနေသည်။

"ကိုယ်ကြည့်ချင်တယ် လင်းထက်"

"......."

ခန့်စင်က ရင်ခွင်ထဲကနေ မော့ကြည့်ကာ ပြောပေမယ့် မျက်ဝန်းတွေက မှေးမှတ်ထားတဲ့ လင်းထက်က နှုတ်ခမ်းတွေကိုလည်း စေ့ပိတ်ထားကာ ဘာမှမပြော။

"လင်းထက် ကိုယ်ကြည့်ချင်တယ်လို့..."

"ကျစ်! ရော့ ကြည့်ပြီးရင် အိပ်တော့!"

ဒီလူက နေမကောင်းဖြစ်နေလို့ပဲ အသံချွဲသလို ဖြစ်နေတာလားမသိ။ အခုလိုပြောလာတော့ ဒီကောင်က ဘယ်လိုမှ မနေနိုင်တော့ဘူး။ ရင်ခွင်ထဲက လူကိုငုံ့ကြည့်ကာ ဖက်ထားတာကို ဖယ်ပြီး ကိုယ့်လက်ကို ပြလိုက်သည်။ ထိုအခါမှာတော့ ဟိုလူက ဆေးလူးထားတဲ့ လက်ကို ခပ်ဖွဖွကိုင်၍ လက်ဆစ်တွေကိုကြည့်ကာ မျက်နှာကလည်း မကြည်မသာနဲ့ ဖြစ်နေသည်ပင်။

"ကြည့်ဦး လက်မှာ ပွန်းပဲ့ဒဏ်ရာတွေ နဲ့"

"ပြီးရင် ပျောက်မှာပဲ"

"လင်းထက်!..."

"အိပ်တော့ စကားအရမ်းများတယ်"

ခန့်စင်ကို စကားဆက်ခွင့် မပေးဘဲ ဖြတ်ပြောပြီး ရင်ခွင်ထဲဆွဲသွင်းကာ ဖက်လိုက်ပြန်သည်။ ခန့်စင်ကလည်း ဘာမှ မပြောတော့ဘဲ ရင်ခွင်ထဲကနေ အသာငြိမ်နေလိုက်တော့သည်။ ခဏမျှအကြာမှာတော့ ခန့်စင်က ရင်ခွင်ထဲနေ အသာ မော့ကြည့်ကြည့်ပြန်သည်။

"မင်း နှုတ်ခမ်းတွေက ညိုဆွေးနေတာပဲ ကိုယ်မကြိုက်ဘူး"

"ကျစ်!"

မအိပ်သေးဘဲ စကားစကာ ပြောလာပြန်သည့် ခန့်စင်ကို လင်းထက်က အလိုမကျ သဖွယ် မျက်ခုံးတွေတွန့်ကျိုး၍ ငုံ့မိုးကာကြည့်သည်။

"ဘာလို့ စီးကရက်တွေ အရမ်းသောက်ထားတာလဲ နောက် အဲ့လိုမလုပ်နဲ့ လင်းထက်"

"အဲ့ဒါဆို ခင်ဗျား စိတ်ရှုပ်အောင် မလုပ်နဲ့လေ"

"ဟင်!"

"ကျစ်! အိပ်တော့ မအိပ်ရင် ခင်ဗျား မကြိုက်တဲ့ ဒီညိုဆွေးဆွေး နဲ့ နမ်းပစ်တော့မယ်"

နှုတ်ခမ်းကို လက်ညိုးနဲ့ ထောက်ကာ ပြောပြီး ပို၍ ငုံ့မိုးလာတဲ့ လင်းထက်ကြောင့် ခန့်စင်မှာ အမြန်ပင် ရင်ခွင်ထဲ တိုးဝင်လာပြီး မျက်နှာလေးကို ဖွက်ထားတော့သည်။

နဂိုကတည်းက ခန့်စင်ရဲ့ ဘဝင်မကျစွာ ကြည့်၍ သဘောမတွေ့ဟန် ‌ပြောနေတဲ့ ပုံစံလေးကို အသည်းယားနေတဲ့ လင်းထက်ကတော့ "ဟင်" ဆိုပြီး နားမလည်ဟန်ဖြင့် ပုံမှန်ထက် မျက်ဝန်းအိမ် ခပ်ကျယ်ကျယ်ဖြစ်သွားတဲ့ သူ့ရဲ့ ချစ်စဖွယ်အမျိုးသားလေးကို အသည်းယားနေမိပြီဖြစ်သည်။

အရှက်သည်းစွာဖြင့် ရင်ခွင်ထဲ မျက်နှာဖွက်သွားတဲ့ ခန့်စင်ကြောင့် လင်းထက်က သဘောတကျပြုံး၍ သူ့ကို မဖက်တွယ်ထားတဲ့ ခန့်စင်ရဲ့ လက်တစ်ဖက်ကို ယူ၍ သူ့ခါးပေါ်တင်ကာ လင်းထက်က ဖက်တွယ်စေလိုက်သည်။ ခန့်စင်ကလည်း သူ့ရဲ့လက်နဲ့ လင်းထက်ရဲ့ ခါးကို ပိုတိုးဖက်၍ ရဲရဲနီနေတဲ့ မျက်နှာကို မမြင်အောင် ရင်ခွင်ထဲသို့ ပို၍ပင် တိုးဖွက်ထားတော့သည်။

သို့သော်လည်း ဖွက်မထားမိတဲ့ ခပ်ရဲရဲ နားရွက်လေးကို တွေ့တာကြောင့် သူ့အမျိုးသားလေး မျက်နှာဟာလည်း ခရမ်းချဉ်သီးလေးဖြစ်နေပြီဆိုတာကို လင်းထက်က တွေးကာ နှစ်လိုဖွယ်ပြုံး၍ သဘောတကျဖြစ်နေတော့သည်။ တကယ်တော့ ခပ်ရဲရဲနားရွက်လေးကို ဖွက်ထားရင်တောင် သူ့အမျိုးသားလေး ရှက်နေသည်ဆိုတာကို လင်းထက်က သေချာပေါက်သိနေပါသည်။

လင်းထက်က အသည်းယားစွာ သူ့အမျိုးသားရဲ့ နူးညံ့တဲ့ဆံသားတွေထဲ မျက်နှာအပ်ကာ နှာတံချွန်ချွန်ဖြင့် နမ်းရှိုက်လိုက်တော့ ခပ်ရဲရဲ နားရွက်လေးက ပို၍ပင် ရဲရဲနီလာတော့သည်ပင်။

......

မနက် နေပွင့်ခါစ အချိန်တွင်တော့ ထုံးစံအတိုင်း ခန့်စင်ကသာ အရင် အသာ လူးလွန့်လာလေသည်။

နိုးလာတာနဲ့ ပထမဆုံး ခံစားမိတာက တင်းတင်းကြပ်ကြပ် မဟုတ်သော်လည်း နီးကပ်လွန်းစွာ ဖက်တွယ်ထားတဲ့ လက်တစ်စုံကိုပင်။ မျက်လုံးကို အသာ ခပ်ဖြေးဖြေးဖွင့်ကြည့်တော့ မြင်လိုက်ရသည်က တစ်စုံတစ်ယောက်၏ ရင်အုပ် ၊ ထပ်မံ၍ မော့ကြည့်မှသာ ထိုသူ၏ မျက်နှာချောချောကို မြင်ရတော့သည်။

တည်တင်းနေတဲ့ မျက်နှာထား၊ မှေးမှိတ်ထားတဲ့ မျက်ခွံတွေ၊ မထူမပါး မျက်ခုံးတစ်စုံက သိပ်ကို ကြည့်ကောင်းသည်။ ဒါ့အပြင် စေ့ပိတ်ထားတဲ့ နှုတ်ခမ်းတစ်စုံကလည်း စီးကရက်တွေ သောက်ထားလို့ ညိုဆွေးဆွေး ဖြစ်နေပေမယ့်လည်း ကြည့်ရမဆိုး‌စေဘဲ ကြည့်ကောင်းနေမြဲဖြစ်သည်၊ ဖြောင့်စင်းနေတဲ့ နှာတံချွန်ချွန် ၊ ဖောင်းဖောင်းလေးတွေ မဟုတ်တဲ့ ပါးနှစ်ဖက် ၊ jawline ‌တွေက သွယ်ကာ ထင်း‌နေပြီး ခြုံငုံပြောရမည်ဆိုရင် လင်းထက်က သိပ်ကို ယောက်ျားဆန်ဆန် ချောမောလွန်းသည်။

ဒီချောမောလွန်းတဲ့ ကောင်လေးဟာ ကိုယ့်ရဲ့ အမျိုးသား ဖြစ်ပြီး ကိုယ် သဘောကျရပါသော တစ်ဦးတည်းသော အမျိုးသား။ မနက်ခင်း နိုးတာနဲ့ အခုလို သဘောကျရပါသော အမျိုးသားကို မြင်ရတာ ဘယ်လောက်တောင် ကြည်နူးစရာလဲ။ မနက်ခင်းကို အတူနိုးထရတယ် ၊ အတူ အိပ်ရာဝင်ကြတယ် ၊ ပြောရမည်ဆို အခုလို ကိုယ် သဘောကျရတဲ့သူ နဲ့ အတူတူရှိနေရတာက သိပ်ကို ကံကောင်းသလို ၊ ကြည်နူးစရာလည်း ကောင်းသည်။

ခန့်စင်က အတွေးအဆုံးမှာ သဘောတကျ ပြုံးသည်။ သူ့ရဲ့ အပြုံးတွေက သူဘယ်လောက် ပျော်ရွှင်ကြည်နူးနေလဲဆိုတာ သိသာလွန်းသည်။ နောက် သူ သိပ်သဘောကျရပါသောသူ၏ မျက်နှာ ခပ်ချောချောကို တစိမ့်စိမ့်ကြည်နေမိသည်ပင်။

ခဏမျှအကြာမှာတော့ သူရဲ့ လက်ညှိုးက နဖူးပေါ် ကပိုကရိုကျနေတဲ့ လင်းထက်ရဲ့ ဆံပင်တွေကို အသာ သပ်တင်သည်။ နောက် သူ့ရဲ့ လက်ညှိုးက နှာတံတစ်လျှောက် ခပ်ဖွဖွ ဆင်းလာကာ နှာတံထိပ်ကလေး အရောက်မှာတော့ တစ်ချက်မျှ ပုတ်ကာ တို့ထိကြည့်သည်။

ထို့နောက် ဖောင်းဖောင်းလေး မဟုတ်ဘဲ ပိကျနေတဲ့ ပါးကို လက်ညှိုးလေးဖြင့် ထိကြည့်ကာ သဘောတကျ နှစ်လိုဖွယ် ပြုံးပြန်သည်။ အခုလို လင်းထက်ရဲ့ မျက်နှာ အစိတ်အပိုင်းတွေကို ထိတွေ့ရတာ သူ တော်တော်လေးကို သဘောတွေ့နေသလို ရင်တွေလည်း တလှပ်လှပ်ခုန်နေသည်။

ထပ်မံ၍ လက်ညှိုးထိပ်ကလေးကို စေ့ပိတ်ထားတဲ့ မထူမပါး နှုတ်ခမ်းတစ်စုံပေါ်ကို တင်ကြည့်လိုက်သည့်အချိန်တွင်တော့ အဆက်မပြတ် ခုန်လာတဲ့ ရင်အစုံက ဘယ်လိုထိန်းချုပ်ရမှန်းပင် မသိတော့ချေ။ ပြောရမည်ဆို ကိုယ့်ဘာသာ လုပ်ပြီး ကိုယ့်ဘာသာပဲ ရင်တွေခုန်ကာ မျက်နှာတွေပူထူလာတာဖြစ်သည်။ အခုဆို မျက်နှာက ရဲရဲနီနေလောက်ပြီ။

ရှက်ရှက်ဖြင့် ပြုံးနေစဉ် နှုတ်ခမ်းပေါ်က လက်ညှိုးက ရုတ်တရက် ဖမ်းဆုပ်ခံလိုက်ရတာကြောင့် လန့်သွားရသည်။ မော့ကာ ကြည့်ကြည့်တော့ ခုနကလို မျက်ခွံတွေက မှေးမှိတ်ထားတာမဟုတ်ဘဲ ပုံမှန်အတိုင်း အရယ်အပြုံးမရှိ ကြည့်နေသည့်မျက်ဝန်းတစ်စုံနဲ့ ဆုံတဲ့အခါမှာတော့ ပို၍ပင် ထိတ်လန့်သွားရပြီး ပိုပိုပြီး မျက်နှာတွေ ပူထူလာတော့သည်။

ထိုအခါမှာတော့ သူခိုးလူမိသွားသည်မလို့ အကြည့်ချင်း မဆုံနိုင်စွာ အမြန်ပင် ခေါင်းကိုငုံ့ကာ အကြည့်လွှဲမိတော့သည်။ ဖမ်းဆုပ်ခံထားရတဲ့ လက်ညှိုးကို ရုန်းကြည့်ပေမယ့် လင်းထက်ကတော့ လွှတ်မပေးဘဲနေသည်။

အဲ့ဒါကြောင့် အခုထိ နှုတ်ခမ်းသားပေါ်မှာရှိနေမြဲဖြစ်ပြီး ဖမ်းဆုပ်လည်းခံထားရသေးသည်။ အခုလို လူမိသွားတာကြောင့် ရှက်လွန်းကာ ပူထူလာပြီး ရဲရဲနီနီနေလောက်ပြီဖြစ်တဲ့ မျက်နှာကို ဘယ်နားသွားထားရမှန်းပင် မသိတော့ချေ။

"ကျွန်တော့်ကို ကြည့်"

အိပ်ရာထခါစ အသံဖြင့်ပြောလာတဲ့ လင်းထက်။ အခုချိန်မှာ ဘယ်လိုလုပ် ကြည့်နိုင်မှာလဲ။ လင်းထက်လက်က လွတ်အောင်သာ မသိမသာ ထပ်ရုန်းကြည့်ပေမယ့် မရ။

"လွှတ်ပေး လင်းထက်"

"ဘာလို့ ကျွန်တော့်ကို ကြည့်မပြောဘဲ ခေါင်းကိုငုံ့ထားတာလဲ"

"ကိုယ့်ကို လွှတ်ပေး လင်းထက်"

ထိုတစ်ခေါက်မှာတော့ အကြည့်ချင်းဆုံကာ ပြောလာပြီဖြစ်သည့် ဟိုလူ။ ဟက် ကြည့်မပြောဘဲ ခေါင်းငုံ့ထားတာလဲ ပြောတော့ ချက်ချင်းကို မော့ကြည့်ပြီး ပြောလာတာ ၊ မျက်နှာကလည်း ခပ်တည်တည်ပဲ လူမိသွားလို့ ရှက်နေတာကို ထိန်းနေတာ ၊ ဟက် ဒါပေမယ့်လည်း ခပ်ရဲရဲ ပါး နဲ့ နားရွက်ဖျားလေးတွေကိုတော့ ထိန်းလို့မရနေဘူး။ ခပ်တည်တည်မျက်နှာထားနဲ့ ရှက်သွေးဖြာနေတာလေးက ချစ်စရာလေး။

တကယ်တော့ ဟိုလူ့ထက် အရင်နိုးနေတာမဟုတ်ပေမယ့် နိုးနေတာတော့ ကြာနေပါပြီ ၊ မျက်လုံးကို ခပ်မှေးမှေးဖွင့်ကြည့်တုန်းရှိသေး ကိုယ့်ကို တစိမ့်စိမ့် ကြည့်နေတာ တွေ့လို့ အမြန်ပင်ပြန်မှေးမှိတ်ပြီးနေနေတာ၊ နောက်တော့ ဆံပင်ကို လာသပ်တင်ပေးတော့ တစ်ချက်တော့ အံ့ဩသွားရသည်။ ‌ဆက်ပြီး နှာတံတစ်လျှောက်ကို ခပ်ဖွဖွ ဆွဲလာတာကို ခံစားမိတဲ့အခါမှာတော့ တလှပ်လှပ်ဖြစ်လာတဲ့ ရင်အစုံ ၊

ဟိုလူက နှာတံ ထိပ်ကို ထိပုတ်သွားတဲ့အပြင် ပါးကိုလည်း ထိတွေ့လိုက်သေးသည်လေ။ မနေမနိုင် ဟန်ပျက်စွာ သဘောတကျ ပြုံးချင်နေတဲ့ နှုတ်ခမ်းတစ်စုံကို မနည်းထိန်းထားရသေးသည်။

သို့ပေမယ့် နှုတ်ခမ်းသားကို လာတို့ထိ တဲ့အခါမှာတော့ အဆက်မပြတ်ခုန်လာတဲ့ ရင်အစုံ နဲ့ မနေနိုင်တော့စွာ ချက်ချင်း ဖမ်းဆုပ်လိုက်တော့သည်။ တွေ့လိုက်ရတာက ခပ်ရဲရဲမျက်နှာ‌လေးနဲ့ သူခိုးလူမိသလို အံ့သြထိတ်လန့်နေတဲ့ မျက်ဝန်းတစ်စုံ။ အခုလည်း ကြည့် တကယ့်ကို မျက်နှာကတော့ ခပ်တည်တည် နဲ့ ဘာမှမဖြစ်သလို ၊ မျက်နှာကတော့ ခပ်ရဲရဲ ဟက်။

"ဘာလို့ ကျွန်တော့် မျက်နှာကို လျှောက်ထိနေတာလဲ"

"ဘာ....ဘာ...ဘာထိတာလဲ...ကိုယ်...ကိုယ်က... အမှုန်တွေ ဖယ်ပေးတာ"

လင်းထက်က ခပ်တည်တည် နဲ့ ပြန်မေးလိုက်တော့ စကားတွေထစ်ငေါ့စွာဖြင့် အတွေးထဲ ပေါ်လာတာ လျှောက်ပြောနေတဲ့ ခန့်စင်ပါ။ လင်းထက်ကတော့ မလုပ်ထားသလို ခပ်တည်တည်မျက်နှာနဲ့ ‌ထစ်ထစ်ငေါ့ငေါ့ ပြောလာတဲ့ ခန့်စင်ကိုကြည့်ပြီး အသည်းယားစွာ သဘောတကျပြုံးနေသည်။

"ဟက်! ဟုတ်လို့လား"

"ဟုတ်တယ်"

သေချာစိုက်ကြည့်၍ ပြုံးစစမေးလိုက်တော့ အကြည့်တွေကို ဟိုရှောင်ဒီရှောင်ဖြင့် ခပ်တိုတို ဖြေလာပြန်သည်။ ပြောရမည်ဆို မျက်နှာလေးက ပိုရဲလာသည်ပင်။

"မရတော့ဘူး ခင်ဗျားကို နမ်းပစ်တော့...အင့်"

"မလုပ်နဲ့! မရဘူး!"

အသည်းယားစွာ ပြောရင်း ငုံ့မိုးလာတဲ့ လင်းထက်ကို ခန့်စင်က အမြန်ပင် နှုတ်ခမ်းကို လက်ချောင်းတွေနဲ့ ပိတ်ပစ်လိုက်သည်ကြောင့် လင်းထက်မှာ ဆုံးအောင်တောင် မပြောလိုက်ရပေ။

လက်ချောင်းတွေနဲ့ ပိတ်ထား‌ပေမယ့် ထိုအတိုင်းထပ်မံ၍ အတင်းကို ငုံ့မိုးလာသည်ကြောင့်

"မရဘူး ညိုဆွေးဆွေးကြီး ကိုယ်မကြိုက်ဘူး"

ထိုအခါမှာတော့ လင်းထက်က နှုတ်ခမ်းပေါ်က ခန့်စင်ရဲ့ လက်ကို ဖယ်လိုက်ပြီး ပြုံးစစဖြင့်

"အဲ့ဒါဆို ပုံမှန်အတိုင်း သွေးရောင်လွှမ်းပြီဆို နမ်းလို့ရပြီပေါ့"

"မဟုတ်ဘူး ၊ အဲ့လိုလည်း မဟုတ်ဘူး"

ခန့်စင်ကတော့ ပြုံးစစပြောနေတဲ့ လင်းထက်နဲ့ မျက်နှာချင်းမဆိုင်နိုင်တော့ဆို ခေါင်းကိုငုံ့မိုး၍ ချက်ချင်းပြန်ပြောသည်။ အရှက်သည်းပိုနေသည့်မျက်နှာလေးကတော့ ရဲရဲနီနေပြီဖြစ်သည်။

"ဒါဆို ဘယ်လိုလဲ"

"ဘယ်လိုမှ မဟုတ်ဘူး ၊ ဖယ် ထတော့မယ် ကိုယ် ဗိုက်ဆာနေပြီ"

‌ငုံ့မိုးကာ ကြည့်၍ ပြောလာတဲ့လင်းထက်ကို ခပ်တည်တည်ကြည့်၍ အသံခပ်ပြတ်ပြတ်‌ ပြောကာ ခုတင်ပေါ်က ဆင်းသွားတော့သည်။ လင်းထက်ကတော့ ရှက်ကိုးရှက်ကန်းဖြင့် ခပ်တည်တည် ခပ်ပြတ်ပြတ် ပြောသွားတဲ့ သူ့ရဲ ခရမ်းချဉ်သီးလေး ကို အသည်းယားစွာ သဘောတကျ ဖြစ်နေတော့သည်။

ရေချိုးခန်းထဲ မဝင်ခင် လင်းထက်က ပြောလိုက်ပါသေးသည်။

"ကျွန်တော်ကတော့ အဲ့လိုပဲ သတ်မှတ်လိုက်ပြီ"

လင်းထက် စကားကို ခန့်စင်က ဘာမှမတုံ့ပြန်၍ လျှောက်မြဲအတိုင်း ဆက်လျှောက်သွား၍ ရေချိုးခန်းထဲ ဝင်သွားပြီး တံခါးပိတ်လိုက်သည်။

"ဟက်! ချစ်စရာလေး"

လင်းထက်ကတော့ မွေ့ရာပေါ်တွင် လှဲနေရင်းနှင့်ပင် တစ်ကိုယ်တည်း ကြားရုံခပ်တိုးတိုး ရေရွတ်သည်။

......

မနက်စာ ဝိုင်းကိုတော့ ခန့်စင်က အရင်ရောက်နေပြီး ကြီးမေ နဲ့ ရင်လှ နဲ့အတူ စကားပြော၍ လင်းထက်ကိုစောင့်နေသည်။ ဒီနေ့မှာတော့ ချည်သားအင်္ကျီလက်ရှည် မိုးပြာရောင်ကို ဝတ်ထားပြီး ချည်‌သား ဘောင်းဘီ အဖြူရောင်ကိုသာ ပေါ့ပေါ့ပါးပါးဝတ်စုံထားတဲ့ ခန့်စင်က မိုးပြာရောင်လေးနဲ့လည်း ချစ်စရာကောင်းစွာ ကြည့်ကောင်းနေပြန်သည်။

လင်းထက်ကတော့ မဝင်လာသေးဘဲ တံခါးဘောင်ကို မှီနွဲ့နွဲ့ရပ်၍ လက်ပိုက်ထားကာ ခန့်စင်ကို ကြည့်နေသည်က အရယ်အပြုံးမရှိ။ သို့ပေမယ့် သူ့ရဲ့ မျက်ဝန်းတွေကတော့ သိပ်ကို သဘောတကျ ပြုံးနေသယောင်။

ဒီနေ့မှာတော့ မနေ့ကလို မဟုတ်ဘဲ လက်ရှည်ကို ဝတ်ထားသည်ပဲ။ မိုးပြာရောင် လက်ရှည် နဲ့ ဟိုလူက ကြည့်လိုက်တာနဲ့ တည်ငြိမ်ကာ အေးချမ်းမှုကို ခံစားရစေသည်။ တပြုံးပြုံးဖြင့် ပြောနေတဲ့ အပြုံးတွေကလည်း ချိုမြိန်ကာ ချစ်စရာကောင်းသည်။ မနေ့ကလို ဆံသားတွေက နဖူးပေါ် ခပ်ပြေပြေ ကျ‌နေတာမဟုတ်ဘဲ ဘေးနှစ်ဖက်ကသာ ကပိုကရိုကျနေသည်။

အခုက အကြည်ဓာတ်လေးလို အေးချမ်း တည်ငြိမ်ကာ ချောမောနေတာပင်။ တကယ်တော့ အခု ပုံစံက‌လည်း မျက်ဝန်းထဲမှာ ချစ်စရာကောင်းနေမြဲဖြစ်သည်။ သို့သော် အခုအချိန်မှာ မြင်ရခဲတဲ့ မနေ့ကလို နဖူး‌ပေါ် ဆံပင် ခပ်အုပ်အုပ်နဲ့ ပုံစံလေးကို ပိုမြင်ချင်မိနေသည်။

အသက် ၂၇ ဖြစ်နေလို့ ၃၀ နားရောက်တော့မယ် နုနုပျိုပျိုလေးဖြစ်အောင် ဆံပင်လေး ပြေကျထားမယ်မရှိဘူး ၊ ရင့်ကျက်ပြီး တည်ငြိမ်တဲ့ ပုံပဲ တော်တော် ဖမ်းချင်နေ

စိတ်ထဲကနေ မကျေမနပ်ရေရွတ်နေတဲ့ လင်းထက်က ထိုသို့ရေရွတ်နေပေမယ့်လည်း သူကိုယ်တိုင် သိပါသည်။ အခုပုံစံကလည်း မနေ့ကလောက်တော့ ချစ်စရာကောင်းစွာ ပိုပိုနုမနေပေမယ့် တစ်မျိုးလေး ချစ်စရာကောင်းစွာ ကြည့်ကောင်းနေပြီး အေးအေးချမ်းချမ်းလေးပင်။ ပြီးတော့ အသက် ၂၇ လို့ မထင်ရအောင် နုနေပါသေးသည် ၂၀ စွန်းစွန်းလေးလိုပေါ့။ မနေ့ကတော့ ၂၀ တောင် မပြည့်သေးတဲ့ ၁၈ နှစ်ကောင်လေးလိုပေါ့ ဟက်။

လင်းထက်ကတော့ သူ့ဘာသာတွေးရင်း သဘောတကျနှင့်ပြုံးနေတုန်း

"အာ...လင်းထက်"

ကြီးမေက မြင်သွားပြီး လှမ်းအခေါ်မှာ ဟိုလူက လှည့်ကြည့်လာသည်ကြောင့် မျက်နှာပိုးကို အမြန်ပြန်သတ်၍ စားပွဲခုံဆီ လျှောက်လာလိုက်ပြီး ဟိုလူ့ရဲ့ မျက်နှာချင်းဆိုင် ခုံမှာဝင်ထိုင်လိုက်သည်။ ဟိုလူကတော့ ခုံမှာဝင်ထိုင်သည်အထိ ဘာမှ မပြောသေးဘဲ စူးစူးစမ်းစမ်းဖြင့် ကြည့်နေသယောင်။

ပြောရမည်ဆို အဝတ်အစားတွေကိုပင်။ ကိုယ်ဝတ်ထားတာကတော့ ရုံးမသွားဘဲ အိမ်မှာပဲ လုပ်မှာဖြစ်သလို မီတင် လည်း လုပ်စရာမရှိတာမလို့ ပေါ့ပေါ့ပါးပါး တီရှပ်အနက် နဲ့ ခဲရောင် ဘောင်းဘီရှည်ကိုသာ ဝတ်ထားတာဖြစ်သည်။

"ဘာလို့ ဒီလိုဝတ်ထားတာလဲ ရုံးသွားတော့မှာ မဟုတ်လား"

ခန့်စင်က သူသိချင်တာကို မေးနေသလို လင်းထက်ကလည်း ရှေ့ကို လက်လှမ်းရဲ့ ခန့်စင်ရဲ့ နဖူးပေါ်တင်ကာ စမ်းသည်။

"အင်း မနေ့ကလောက် မဟုတ်တော့ဘူး"

ခန့်စင်က သူမေးတာကို ဖြေနေတာမဟုတ်ဘဲ လင်းထက်က သူ့ဘာသာပြောနေတာမလို့ မကျေမနပ်ဖြင့်

"လင်းထက် ကိုယ်မေးနေတာကို"

"ကျစ်! မသွားဘူး အိမ်မှာပဲ လုပ်မှာ"

"ဟင်! ဘာလို့လဲ ထပ်ပြီး ကိုယ့်ကြောင့်လား"

"ဘာကြောင့်ဖြစ်ဖြစ် မသွားဘူးဆို မသွားဘူးပေါ့ စကား‌ တော်တော်များတယ်"

"ကိုယ့်ကြောင့်တော့ ထပ်မပျက်ပါနဲ့ ကိုယ်က ရတယ် သက်လည်း သက်သာနေပါပြီ"

"ဟွန့် အဲ့မှာ သက်သာနေပြီဆိုပြီး ပြောစကား နားမထောင်တော့ဘဲ လုပ်ချင်ရာ လုပ်တော့မယ်မလား"

"ကိုယ်ဘယ်လို နေရမလဲ သိပါတယ် လင်းထက် ၊ အခုက တကယ် မသွားတော့ဘူးလား"

ဟိုလူရဲ့အသံက မနေ့ကလောက် နေမကောင်းဖြစ်နေသလို မဟုတ်တော့ဘဲ ပုံမှန်အသံ နဲ့ နီးစပ်နေပြီဖြစ်သည်။

"ဟုတ်တယ် တကယ် မသွားတော့ဘူး"

"ဟုတ်ပါပြီ ဒါဆိုလည်း ကိုယ့်အနား မနေပေးလည်း ရတယ် ၊ မင်း အဆင်ပြေတဲ့ နေရာမှာ သက်သောင့်သက်သာလုပ်"

"ခင်ဗျား လေစိမ်းတွေ ထွက်ခံမနေနဲ့နော် ၊ အဲ့ဒါဆို ကျွန်တော့်အနားပဲ ခေါ်ထားလိုက်တော့မယ်"

"ကိုယ် ချင့်ချိန်ပါတယ် ၊ ကိုယ် ကလေးမဟုတ်ပါဘူး လင်းထက်"

"ဟုတ်ပါတယ် ဟုတ်ပါတယ် ကလေး မဟုတ်ပါဘူး"

လင်းထက်ကတော့ ပြုံးစစဖြင့် ခပ်ရွဲ့ရွဲ့ထောက်ခံသလို ပြောသည်။ ကြီးမေနဲ့ ရင်လှကတော့ မနက်စာ ပြင်ပေးနေရင်း ကတောက်ကဆ ဖြစ်လိုက် ပြန်အဆင်ပြေသွားလိုက် ဖြစ်နေတဲ့ မြင်ကွင်းကို သဘောတကျကြည့်ကာ ပြုံးနေကြသည်။ တကယ်ဆို သူတို့ ဒီမြင်ကွင်းလေးကို မတွေ့ရတာ ၁၅ ရက်လောက်ပင် ရှိတော့မည်လား။

.....

ဒီလိုနဲ့ တစ်နေကုန် အလုပ်မရှိတော့ ခပ်ပျင်းပျင်းဖြစ်နေသလိုပင်။ အခုတော့ ထုံးစံအတိုင်း ခြံထဲမှာ စာအုပ်ဖတ်နေတာဖြစ်သည်။ အချိန်ကတော့ လင်းထက်နဲ့ နေ့လည်စာတောင် အတူစားပြီးလို့ နေ့လည် ၃ နာရီလောက်ပင်ရှိနေပြီပင်။

နေရတာလည်း သက်သာနေပြီး တကယ်ဆို မနက်ဖြန် ရုံးတက်လို့ပင် ရလောက်ပြီထင်သည်။ အခုတော့ သက်သာနေပြီ ဖြစ်တဲ့စိတ်က ဒီတိုင်းကြီး မနေချင်တော့ဘဲ အလုပ်လုပ်ချင်လာသည်။ ရုံးမသွားတာပဲ ဘယ်နှရက်ရှိပြီလဲ။ အခန်းထဲပြန်သွားပြီး ကိုရဲမင်းကို ဒီဘက်က လုပ်လို့ရတဲ့ အလုပ်တွေ ပို့ထားဖို့ လှမ်းပြောလိုက်သည်။

ခဏအကြာမှာ ပို့လာတဲ့ အလုပ်တွေကြောင့် စားပွဲပေါ်မှာ MacBook တစ်လုံးနဲ့ အလုပ်ရှုပ်နေတာ အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတော့သည်။ ညနေလောက်ရောက်တော့မှ ရေမိုးချိုးပြီး ညစာစားဖို့ ဆင်းလာမိတော့သည်။ လင်းထက်ကတော့ အလုပ်တွေ မပြီးသေးပုံပေါ်သည်။

မနက်ကတည်းက အလုပ်ခန်းထဲမှာ နစ်မြုပ်နေတာပင်။ ဒါပေမယ့် တစ်ချက်ချက်တော့ ကိုယ့်ဆီ လာလာပါသေးသည်။ နေ့လည် က လာပြီးမှ ညနေထိ ပျောက်သွားတာ။ တကယ်က ဒီလိုဆိုတော့ အားနာမိသည်။ ကိုယ့်ကြောင့် အလုပ်တွေက ပိုပိုရှုပ်နေမိပြီ။

အလုပ်‌ကို အေးအေးဆေးဆေးလုပ်လို့ရအောင် အဆင်ပြေတဲ့ နေရာမှာ လုပ်ခိုင်းတာပင်။ မဟုတ်ရင် မနေ့ကလို ကိုယ့်နားမှာ လိုက်ကြည့်ပေးနေရင် အလုပ်လည်း သေချာမလုပ်ရဖြစ်နေမည် ၊ ကိုယ်က အလုပ်မရှိတော့ ဧည့်ခန်းထဲမှာ နေနေလိုက် ၊ နောက် ခြံထဲသွားပြီး စာအုပ်ဖတ်လိုက်နဲ့ဆို လင်းထက်ကပါ ဟိုသွားရ ဒီသွားရဖြစ်နေမည်မဟုတ်လား။

ဒီနေ့က မနေ့ကထက်တောင် ပို၍ အလုပ်ရှုပ်နေပုံပေါ်သည်။ ရေ ကမန်းကတန်းချိုးပြီး ရောက်လာတာ။ ကြည့်ရတာ ဘာမှမပြောလာပုံထောက်ရင် ဆိုဖာဘက်က MacBook ကို သတိမထားမိဘူးထင်သည်။ MacBook ကိုလည်း ဖွင့်မထားဘဲ ပိတ်ထားသလို လင်းထက်ပုံကြည့်ရတာလည်း ရေပဲ အမြန်ချိုးပြီး ရောက်လာပုံဆိုတော့ သတိမထားမိလိုက်တာဖြစ်မည်။ တွေ့ရင်တော့ ပြောနေမှာပင်။

ကိုယ်ကလည်း အလုပ်ပျက်တာများပြီး ဒီတိုင်းကြီး နေရတာလည်း ပျင်းတော့ လုပ်စရာရှိတာ လုပ်လိုက်တာပင်။ အဖျားလည်း ကျပြီး လူကလည်း နေရထိုင်ရ သက်သာနေပြီမဟုတ်လား။

ဒီလိုနဲ့ ညစာ စားပြီးတော့ လင်းထက်က

"ကျွန်တော် လုပ်စရာရှိနေသေးတယ် ၊ နောက်ကျရင် နောက်ကျမှာမလို့ အိပ်ချင်ရင် အိပ်နှင့်ထား ၊ စာအုပ်တွေကြီးပဲလည်း တစ်နေကုန် ထိုင်ဖတ်မနေနဲ့ ၊ မျက်လုံးလေးလည်း အနားပေးပြီး သက်သောင့်သက်သာနေ ၊ ဆေးလည်း အချိန်မှန်သောက် ၊ နေဦး ဒါမှမဟုတ် ကျွန်တော်ပဲ လာတိုက်ရင် ကောင်း..."

"နေ နေပါဦး လင်းထက် ၊ ဆေးတော့ လာမတိုက်လည်း ရပါတယ် ၊ ကိုယ် ကလေး မဟုတ်ပါဘူး"

မရပ်မနား တရက်ဆက် ပြောပြီး မှာနေတဲ့ လင်းထက်ကို ခန့်စင်မှာ ဖြတ်၍ပင် တားရတော့သည်။

"ဟုတ်တယ် ကလေး မဟုတ်ဘူး ၊ အဘိုးကြီးတောင် ဖြစ်တော့မယ် ၊ မျက်နှာက တော်တော် ကျနေပြီ"

လင်းထက်က ကလေး မဟုတ်ပါဘူး ကြီးပဲ ပြောပြောနေတဲ့ ခန့်စင်ကို တမင်သက်သက် ခပ်ရွဲ့ရွဲ့ ဆိုလိုက်တော့ လင်းထက်ရဲ့ အမြင်ကတ်စရာကောင်းအောင် လုပ်နေတဲ့ မျက်နှာဘေးကြောင့် ဖြစ်မည်။

"လင်းထက်!!!"

"ဟား ဟား ဟား"

ခန့်စင်ရဲ့ စိတ်တိုတို အော်လိုက်တဲ့ ခပ်ဆတ်ဆတ်အသံကြောင့် လင်းထက်ကတော့ အသည်းယားစွာဖြင့် သဘောတကျရယ်နေတော့သည်။ ခန့်စင်ကတော့ စိတ်တိုနေပေမယ့် သွားတန်းဖြူဖြူ‌လေးတွေပါ မြင်ရသည်အထိ အားရပါးရ ရယ်နေတဲ့ လင်းထက်ကြောင့် စိတ်တိုတာတောင် ဘယ်ပျောက်သွားမှန်းမသိတော့။

သူ့အတွက်တော့ မြင်ရခဲတဲ့ သဘောကျရပါသော ခပ်ချောချောကောင်လေးရဲ့ အပြုံးတွေကို မှတ်ဉာဏ်ထဲ အမိအရ မှတ်တမ်းယူနေတော့သည်။ ဘာမှမပြောလာဘဲ ခပ်ငေးငေးဖြင့် ပြုံးစစ မျက်ဝန်းတွေ နဲ့ သေချာကြည့်နေတဲ့ ခန့်စင်ကြောင့် လင်းထက်က အမြန်မျက်နှာပိုးသတ်လိုက်ကာ မျက်နှာကို ခပ်တည်တည်ထားလိုက်ပြီး အသံကိုလည်း ပုံမှန်ထက် မာအောင် မြှင့်၍

"အဟမ်း! ကျွန်တော် ပြောတာတွေ မမေ့နဲ့ ဆေးကို အချိန်မှန်သောက် ၊ တစ်နေကုန် ဖတ်ထားတာမလား စာအုပ်တွေ မဖတ်နဲ့တော့ ၊ အိပ်ချင်ရင် အိပ်နှင့် ၊ ညဉ့်မနက်စေနဲ့ ၊ ကျွန်တော်လည်း စောစောဖြတ်လို့ရရင် စောစော လာခဲ့မယ် ၊ လေညင်းလည်း ထွက်ခံမနေနဲ့ ၊ ညစာစားပြီးခါစ ဆိုတော့ စာအုပ်ထိုင် မဖတ်ဘဲ လမ်းလေး ဘာလေး လျှောက်ရင် လျှောက်နေ ၊ ဒါပေမယ့် အပြင်မှာအေးစိမ့်စိမ့်ဖြစ်နေလို့ လေစိမ်းလုံးဝ မထိရဘူး ၊ အိမ်ထဲမှာပဲ လျှောက် ၊ ကျွန်တော့်ကို စိတ်ပူနေရအောင် မလုပ်ဘဲ စကားနားထောင်"

ပြောပြီးတာနဲ့ ထွက်သွားတာ ဘာမှတောင် မပြောလိုက်ရပေ။ နောက်ဆုံးပြောလိုက်တဲ့ "ကျွန်တော့်ကို စိတ်ပူနေရအောင် မလုပ်ဘဲ စကားနားထောင်" ဆိုတဲ့ စကားကို ပြန်ကြားယောင်တော့ ပြုံးနေမိတာ ရပ်မရတော့။

မင်းကသာ ကိုယ့်ကို

You are reading the story above: TeenFic.Net