အပိုင်း ၁၄

Background color
Font
Font size
Line height

Unicode

မနက်ပိုင်းတွင် နေမပွင့်နေဘဲ ကောင်းကင်က အုံ့မှိုင်းမှိုင်းဖြစ်နေသည်။ မိုးရွာဖို့ အစပျိုးနေသဖွယ်။

ထိုစဉ် အသာလူးလွန့်လာသည့် ခန့်စင်။
ခန့်စင်က အိပ်ရာနိုးခါစ မျက်ဝန်းခပ်မှေးမှေးဖြစ်နေကာ မျက်နှာချင်းဆိုင်ဖြစ်နေတဲ့ လင်းထက်ကို ကြည့်နေသည်။

မျက်လုံးကို ခပ်လေးလေးဖြင့် အသာဖွင့်လိုက်တော့ မျက်ကွင်းထဲ တဖြည်းဖြည်းပေါ်လာသည်က လင်းထက်။ အင်း.......မနေ့ကလည်း ဒီကောင်လေး ကပွေ့ချီခေါ်လာသည်ပဲ။ ဘယ်လို လင်းထက်ရင်ခွင်ထဲမှာပဲ ထပ်အိပ်ပျော်သွားသည်မသိ။

ခန့်စင်က ခပ်ဖွဖွပြုံးလိုက်ပြီး လင်းထက်ကို ကြည့်နေမိသည်။ မျက်ဝန်းများတွင် ကြည်နူးခြင်းအပြည့်။

နောက် မနက်ခင်း တစ်ခုကို အစပြုဖို့ စတင်လုပ်ဆောင်သည်။ ဒီနေ့ပိတ်ရက်မှာ မိုးအုံ့အုံ့လေး ဖြစ်နေတာကြောင့် အစ်မက ပထမက အပြင်အတူသွားကြဖို့ အစီအစဉ်လေးကိုဖျက်လိုက်ပြီး အိမ်မှာပဲနေဖို့လုပ်လိုက်သည်။ ဒီလိုနဲ့ ကျွန်တော်တို့ အုံ့မှိုင်းမှိုင်းရာသီဥတုလေးနဲ့ အိမ်မှာ ရုပ်ရှင် ကြည့်ကြ မုန့်လုပ်စားကြ စကားပြောကြရင်း အချိန်ကုန်ဆုံးကြသည်။

နောက်နေ့မနက်ရောက်တော့ အစ်မလည်း ဒီကနေပဲ တစ်ခါတည်း အလုပ်ကိုသွားပြီး ပြန်သွားသည်။ ကျွန်တော်တို့နှစ်ယောက်ဟာလည်း ပုံမှန်အတိုင်းပင် ဆက်၍ လည်ပတ်ကြသည်။ ဒီရက်ပိုင်း ကျွန်တော်က အလုပ်မရှုပ်ပေမယ့် လင်းထက်က သိပ်ကို အလုပ်ရှုပ်နေသည်။ အဲ့ဒါကြောင့် ကျွန်တော်တို့ စကားတောင် သိပ်မပြောဖြစ်ကြ။

.........................................................................

ဒီနေ့တော့ ကျွန်တော် အလုပ်ကိစ္စချိန်းထားတာရှိလို့ စားသောက်ဆိုင်တစ်ဆိုင်ရောက်နေသည်။ ပထမ သူနဲ့က တွေ့ပြီးပြီဖြစ်ပြီး နောက်ထပ်တစ်ယောက်နဲ့ ကလည်း ဒီမှာပဲ တွေ့ဖို့ရှိတာမလို့ ဆက်စောင့်နေစဉ်မှာပဲ အနောက်က ဝိုင်းစီက စကားသံတစ်ချို့ကို ကြားလိုက်ရသည်။

ထိုဝိုင်းက မသင်ဇင်နှိုင်းမဝ တို့ဝိုင်းပင်။ လာတုန်းကအမှတ်မထင်မြင်လိုက်ရသည်။ သူတို့က မမြင်လောက်ဘူးထင်။

"ငါသူ့ကို အရမ်းချစ်မိသွားပြီ"

"ဟဲ့ အိမ်ထောင်နဲ့ဆို"

ဆိုင်က လူရှင်းတဲ့ဆိုင်ဖြစ်သည်။ ထို့ကြောင့်လည်း အသံတွေက သေချာကြီးအဟုတ်တောင် နားလည်နိုင်လောက်သည်။ ဆိုင်ရဲ့ဖွဲ့စည်းပုံက ဝိုင်း နှစ်ဝိုင်း ၊ ဝိုင်းနှစ်ပိုင်း ပုံမျိုးဖြစ်နေ၍ ဝိုင်းနှစ်ဝိုင်းစီက ကပ်ကပ်နေသည်။

"ဟုတ်တယ် ငါပြောသလိုပဲ သူ့ဘက်ကပါလာရင် သူ့အပိုင်းလေ သူတို့အချစ်ကမစစ်လို့"

"အဲ့ဒီတော့ အခုအခြေအနေလေး"

"မပြော‌တတ်သေးဘူး ငါက အချိုသတ်ထားတာဆိုတော့ ငါ့ကိုမရိုးသားတဲ့သူလို့ ထင်ပုံမပေါ်ဘူး ငါလည်း မပြဘူးလေ"

"ဒီနည်းနဲ့မပါရင် ငါကတစ်ခြားနည်သုံးမှာ"

"နင်ဟာက ပါပါ့မလား အခုတောင် မပါသေးတာ ဘယ်နှလလောက်ရှိနေပြီလဲ ကြည့်ရတာတော်တော်သူ့အမျိုးသားကို ချစ်ပုံပဲ"

"ဟက် အမျိုးသားတစ်ယောက်က အမျိုးသားတစ်ယောက် နဲ့ အမျိုးသမီးတစ်ယောက်မှာ ဘယ်ဘက်ပိုယိမ်းမလဲ ဖြစ်နိုင်ချေအရှိဆုံးပဲ စဉ်းစားကြည့်"

"ဟက်.... သူက ငါ့ဘက်ယိမ်းလာမှာပါ"

ခန့်စင်နားထောင်ရင်း မျက်နှာကတည်သထက် တည်လာကာ နားထောင်ရတာ တော်တော်အဆင်မပြေတော့ပေ။ နာမည်ထုတ်မပြောပေမယ့် ကိုယ့်ဘက်ကထင်နေသည်က ဖြစ်နိုင်‌ချေများသည်။ ဒေါသသည်လည်း ထွက်လာသည်ပင်။ ထိုစဉ်မှာပဲ

"တောင်းပန်ပါတယ် စောင့်ရတာကြာသွားလားခင်ဗျ"

"သိပ်မကြာသေးးပါဘူးခင်ဗျ"

တစ်ဖက်ကသူ ရောက်လာပြီ ဖြစ်တာကြောင့် မျက်နှာကို အသာပြန်ထိန်းရင်း ဖြေလိုက်ရသည်။ မသဇင်နှိုင်းမဝတို့လည်း ဖုန်းလာပြီး ထွက်သွားကြသည်။ ဒေါသထွက်နေတဲ့ စိတ်ကို အသာထိန်းလိုက်ပြီး  အလုပ်ကို ဆွေးနွေးလိုက်သည်။ အမှန်တိုင်းပြောရလျှင် လင်းထက်ကို ထိုမိန်းကလေးနဲ့ ဘယ်လိုမှ မပတ်သက်စေချင်တော့ပါ။

.........................................................................

ဒီနေတော့ ကျွန်တော်တို့ အပြင်သွားကြဖို့ စဉ်းစားထားသည်။ လင်းထက်လည်း အားသည်ဟု လင်းထက်ဖုန်းပြောရင်း အမှတ်မထင်ကြားလိုက်ရသည်။ ထို့ကြောင့် ဒီညတော့ အပြင်မှာ ညစာထွက်စားကြမည်ဟု စီစဉ်ထားသည်။ မအားကြတာနဲ့ မသွားဖြစ်တာ ကြာပြီပင်။ လင်းထက်ကိုတော့ ‌မပြော‌ရသေး။ အခု မနက်စာစားရင်း ပြောမလို့ပင်။

"ခင်ဗျားကို ပြောစရာရှိတယ်"

မနက်စာစာရင်း လင်းထက် ပြောလာသည့်စကားကြား စိတ်လှုပ်ရှားမိသွားသည်။ အတွေးတွေက ပျော်နေလို့ပဲလားမသိ။ လင်းထက်လည်း ကိုယ့်လိုပဲ ညစာစားဖို့များပြောမလို့လား ဟူ၍ တွေးမိသွားသည်။ တကယ့်ကို ပျော်မြူးနေကာ စိတ်လည်းလှုပ်ရှားနေမိသည်။

"ဒီမှာ ခင်ဗျား ကျွန်တော်ပြောတာ ကြားလား"
"အတွေးတွေက ဘယ်လွင့်နေတာလဲ"

လင်းထက်က မကျေနပ်သဖွယ် ခပ်ဆတ်ဆတ်လေးပြောမှ အသိစိတ်ကပြန်ကပ်တော့ တကယ့်ကို အပျော်လွန်ပြီး အတွေးတွေကလွင့်နေသည်ပင်။

"ကြားပါတယ် ‌ပြောလေ ဘာဖြစ်လို့လဲ"

အခုထိ လင်းထက် ပြောလာမှာကို စိတ်လှုပ်ရှားနေမိသည်ပင်။

"အင်း ဒီနေ့ ညနေ သဇင်ရဲ့ မွေးနေ့ပွဲသွားမလို့"

ကြားလိုက်ရသည့် စကားက လင်းလက်နေတဲ့ နေကို တိမ်မဲ တွေက ချက်ချင်း အုံ့လိုက်လို့ ပတ်ဝန်းကျင်ကို မဲမှောင်သွားစေသလို။ လှုပ်ရှားနေတဲ့ စိတ်ကလေးတွေကို ချက်ချင်းပင် ရပ်တန့်စေလိုက်သည်။ တကယ့်ကို အများကြီး မျှော်လင့်နေမိသည်ပဲ။ မျက်နှာက မှောင်ကျသွားသည်ပင်။ အသာပြန်ထိန်းနေရသည်။

"အင်း ဟုတ်လား"

တကယ့်ကို အရင်နေ့တွေက ဒီနေ့အတွက် အများကြီးမျှော်လင့်ထားမိသည်။ အခုလို အများကြီးမျှော်လင့်ထားလို့ပဲလားမသိ မဟုတ်တော့ အတော်လေးကို နာကျင်စေသည်။

"အင်း ခင်ဗျားကိုလည်း ဖိတ်လိုက်တယ်"

"ကိုယ်တော့ မလိုက်တော့ဘူးနော် အလုပ်တွေရှိနေလို့"

တကယ်တော့ ဒီနေ့ညအတွက် အလုပ်တွေကိုရှင်းထားပြီးပြီပင်။ မလိုက်ချင်ပါ။ လိုက်ဖို့ကလည်း မသင့်တော်ဘူးထင်သည်။ အရမ်းလည်းမရင်းနှီးပေ။ အေးဆေးသာနေတတ်သူမလို့ ပွဲတွေဆိုလည်းသိပ်မသွားဖြစ်ပါ။ မဖြစ်မနေမှသာ။ အပေါင်းအသင်းလည်း နည်းသည်ပင်။ အဲ့ဒါကြောင့်လည်းပါသည်။
အခုက လိုက်သွားဖို့မသင့်တော်သလို လင်းထက်ကိုလည်း ယုံကြည်သည်ပင်။

"အင်း မလိုက်နဲ့တော့ ကျွန်တော်က ကုမ္ပဏီကနေပဲ တန်းသွားလိုက်တော့မယ်"

"အင်း ဟုတ်ပြီ ကိုယ်မွေးနေ့လက်ဆောင်ထည့်ပေးလိုက်မယ်နော်"

"မထည့်နဲ့တော့ ကျွန်တော်တို့နှစ်ယောက်ပေါင်းလက်ဆောင်လေးပေးလိုက်မယ်"

"အင်း အဲ့ဒါလည်းကောင်းပါတယ်"

"အင်း အဲ့လိုပဲ လုပ်လိုက်မယ်"

ဒီလိုနဲ့ မနက်စာကို တိတ်တဆိတ်ပြန်စားနေလိုက်သည်။ စားချင်စိတ်မရှိပေမယ့်လည်း အောင့်အီးသာစားနေမိသည်။

.........................................................................

ကုမ္ပဏီမှာလည်း စိတ်ကမပျော်နေဘဲ အလုပ်ကို မနည်းအာရုံစိုက်လုပ်နေရသည်။ ဒီနေ့တော့ အလုပ်စောစောဆင်းဖို့ လုပ်ထားသည်။ အစကတည်းက လင်းထက်နဲ့ညစာအတူစားမယ်ဆိုသည်‌ကြောင့် စီစဉ်ထားသည်ပင်။

ဒေါက် ဒေါက်

"ဝင်ခဲ့ပါ"

"ကျွန်တော် လက်မှတ်ထိုးရမယ့်စာရင်းတွေလာပြတာပါ"

"အဲ့ဒါက ဟိန်းသန့် လာမပို့လည်း ရပါတယ်"

"ဟုတ်ကဲ့ အစ်မက တစ်ခြားဟာတွေနဲ့ အလုပ်ရှုပ်နေလို့ ကျွန်တော်လာပို့ပေးတာပါ"

"အင်း ဟုတ်ပါပြီ"

ခန့်စင်လည်း စိတ်ကနည်းနည်းရှုပ်နေသည်မလို့ ဒီတိုင်းသာပြောလိုက်သည်။ စာရင်းတွေကိုတော့ သေချာစစ်ကြည့်ကာ လက်မှတ်ထိုးလိုက်သည်။

"အစ်ကို နေ‌မကောင်းလို့လား မျက်နှာသိပ်မကောင်းလို့"

"အင်း ဟုတ်တယ် ကိုယ်ခေါင်းနည်းနည်းကိုက်နေလို့"

"ကျွန်တော်ဆေး ပြင်ပေးရမလား"

"ရတယ် ခဏနေ ကိုယ်လည်း ပြ‌န်တော့မှာ"

"မရပါဘူး အစ်ကိုကလည်း ခေါင်းကိုက်နေရင် ဘယ်လို‌ကားမောင်းမလဲ ဆေးသောက်ပြီး ခဏ နားနေလိုက်ပါ ပြီးရင် ကျွန်တော် ပြန်လိုက်ပို့ပေးမယ်"

"ရတယ် ကိုယ့်ဟာကိုယ်ပြန်လိုက်မယ်"

"မလုပ်ပါနဲ့ အစ်ကိုရယ် ခေါင်းကိုက်နေပြီး ကားမောင်းရင် အန္တရယ်များတယ်"

"အဲ့ဒါဆို ကိုယ် ရဲမင်းကိုပဲ ပြန်ပို့ဖို့ပြောလိုက်မယ်"

"ကိုရဲမင်းက ဒီနေ့ သူ့ကလေး နေမကောင်းလို့ဆိုပြီး ခွင့်ယူထားတယ်လေ အစ်ကို"

အာ ဟုတ်သားပဲ ကျွန်တော်လည်း စိတ်ရှုပ်ပြီး ဘယ်လိုမေ့သွားလည်းမသိ။

"ကျွန်တော်က အခုတော့ ရုံးဆင်းချိန် မဟုတ်သေးဘူး အဲ့ဒါကြောင့် ဆေးသောက်ရင်း ခဏနားနေလိုက် အဲ့အချိန်ဆို ကျွန်တော်လည်းပြီးပြီ"

"အင်း အဲ့ဒါဆိုလည်း အားနာပါတယ်နော် အဲ့လိုပဲလိုက်မယ်"

နောက်ဆုံးတော့ အစ်ကိုနဲ့ အိမ်ပြန်ရတော့မယ်။ အဆင့်ကအရမ်းမတက်သေးပေမယ့် အရင်ကထက်တော့ တက်လာပြီ။ အခုထိ အစ်ကိုက ကျွန်တော့်ကို နည်းနည်းတောင် စိတ်ဝင်စားတဲ့ ပုံမပေါ်။ ဒါပေမယ့် ရပါတယ် နောက်တော့ ကျွန်တော်ပျော်ရမယ့်နေ့တွေရလာမှာ။ တစ်နေ့တစ်ခြား အစ်ကိုကို့ ပိုပိုသဘောကျလာရသည်။ နေ့တိုင်းနီးပါး မြင်တွေ့ချင်သည်ကြောင့် ရုံးပိတ်ရက်ကိုပင် မရောက်ချင်တဲ့အထိ။

ခန့်စင်အများကြီး မပြောချင်တာကြောင့် ထိုအတိုင်းသာ လက်ခံလိုက်သည်။ ဒီလိုနဲ့ ကားကိုတော့ ကုမ္ပဏီမှာပဲ ထားခဲ့လိုက်ပြီး ဟိန်းသန့်နဲ့ပဲ အိမ်ပြန်လာလိုက်သည်။

.........................................................................

ခမ်းနားလှသော အိမ်ကြီးတစ်အိမ်တွင် မွေးနေ့ပွဲတစ်ခု ခမ်းနားစွာကျင်းပနေသည်။ ခြံထဲမှာကျင်းပတာဖြစ်ပြီး ခြံဝင်းအပြည့်ကို ခင်းကျင်းထားသည်။ ရေကူးကန်ဘက်မှာလည်း ပြင်ဆင်ထားသည်ပင်။ လူအများစုက ပျော်ရွှင်စွာဆင်နွှဲနေကြသော်လည်း ထောင့်ကျကျဝိုင်းတစ်ခုတွင် မနေချင်နေချင်နဲ့ နေနေရသော ကောင်လေးတစ်ယောက်ရှိသည်။ ဘေးနားက သူတွေနဲ့ မပြောချင် ပြောချင် မကောင်းတတ်၍သာ ပြန်ပြောနေရသည်။ အဲ့ဒါကတော့ လင်းထက်ပါ။

တကယ့်ကို စိတ်ရှုပ်နေပြီပင်။ ကနေဒါမှာလည်း ဒီလို ပွဲတွေသွားရသည်က ရှိပါသည်။ အခုက စိတ်ကအတွေးများနေသည်ကြောင့်လားမသိ နည်းနည်းမှ ‌မနေချင်တော့။ ပြန်ချင်နေပြီဖြစ်သည်။

မ‌နက်က ဟိုလူက မျက်နှာသိပ်မကောင်းဘူး။ ဘာဖြစ်နေသည်မသိ။ အဲ့ဒီလူက တစ်ခုခုဆို ထုတ်မပြောဘူး။ အတင်းလိုက်မေးရသည်။ အခုလည်း ဘာလို့များ မျက်နှာမကောင်းသည်မသိ။ စိတ်ကအဲ့ဒီကိုသာ ရောက်နေသည်။

တကယ်တော့ စောစောပြန်ဖို့လုပ်ထားပေမယ့် မွေးနေ့ရှင်ရော ဘေးကလူတွေကပါ နေပါဦး ဆွဲထားသည်ကြောင့် အောင့်အီးသည်းခံပြီးနေနေရတာဖြစ်သည်။ နဂိုကတည်းက စိတ်ရှုပ်နေသည်က အခုလို စကားပြောသံ၊ တီလုံးသံ၊ သီချင်းသံ စတဲ့ ဆူညံသံတွေကြားမှာ ပို၍ပင် စိတ်ရှုပ်လာသည်။ လက်ကနာရီကို ကြည့်လိုက်တော့ ၉ နာရီထိုးနေပြီ။
မရတော့ ဖုန်းတော့ဆက်ရမည်......။ ထို့ကြောင့် ထိုင်ခုံက ထလိုက်တော့........

"ကိုလင်းထက် ဘယ်သွားမလို့လဲ မပြန်ပါနဲ့ဦး နောက်ကျထိလို့ပြောထားတယ်လေ"

ဘေးနားက အမျိုးသားတစ်ယောက်က လှမ်းပြောလေသည်။ ပုံစံကတော့ အနည်းငယ် ရီဝေဝေဖြစ်နေသည်။

"ကျွန်တော် ဖုန်းဆက်စရာလေးရှိလို့ပါ"

"ဘာလဲ အမျိုးသားကို အိမ်ပြန်နောက်ကျကြောင်း လှမ်းဆက်မလို့လား"

နောက်ထပ်တစ်ယောက်က ထပ်မေးပြန်သည်။ ထိုသူ့အသံကတော့ ပုံမှန်အတိုင်းသာ။

"အင်း ဟုတ်တယ် ကျွန်တော့်အမျိုးသားကို လှမ်းပြောမလို့"

"အိုး........"

ဝိုင်းရှိလူတွေဆီမှ အသံထွက်လာကြသည်။

ခပ်လှမ်လှမ်းမှာရှိတဲ့ သဇင်နှိုင်းမဝကလည်း တစ်ခြားသူတွေနဲ့ စကား‌ပြောနေပေမယ့် လင်းထက်ကို မသိမသာ အာရုံထားပြီးနေနေသည်မှာ လင်းထက် ရောက်လာကတည်းကပင်။

"အိုး.....ကိုလင်းထက်က အရမ်းချစ်တတ်တာပဲ"

"အားကျလိုက်တာ ကျွန်တော်လည်း တစ်ယောက်လောက်ရချင်တယ်"

"ကိုလင်းထက်ရဲ့အမျိုးသားလေးကို အဲ့လောက်တောင် ချစ်တာပဲလားခင်ဗျာ"

ရွတ်နောက်နောက်နှင့် တစ်ယောက်တစ်မျိုး‌စနေကြသည်ကြောင့် လင်းထက် နေရခက်လာသလိုပင်။

"ကဲ ကဲ စမနေကြပါနဲ့တော့
ကိုလင်းထက်က သွား သွား အမျိုးသားဆီ အမြန်လှမ်းပြောလိုက်ပါတော့"

"အဲ့ဒါဆို သွားပြီ"

ထိုစဉ် နောက်တစ်ယောက်က ထပ်ပြီး

"ခဏ‌ ကိုလင်းထက်
ပြီးရင်တော့ ပြန်လာရမှာနော် အမျိုးသားကို လွမ်းလို့ဆိုပြီး ကောက်မပြန်သွားနဲ့ဦး"

"ဟား ဟား ဟုတ်ပါပြီ"

လင်းထက် ရယ်မောလိုက်မိသည်။ အင်း တကယ်တော့ သူပြောမှ တွေးမိသွားသည်။ ကျွန်တော် လွမ်းနေတာများလား။ ဟက် မဖြစ်နိုင်ပါဘူး တာဝန်အရဆက်တာ။ ဘယ်လိုပဲဖြစ်ဖြစ်ဆက်ဖို့ တာဝန်ရှိသည်လေ။

လင်းထက်လည်း လူရှင်းတဲ့နားကိုလာလိုက်သည်။ ပြီးနောက် VC ခေါ်လိုက်သည်။ ဟုတ်တယ်လေ ဒီလူမျက်နှာကို ကြည့်ရမယ် ဘယ်လိုဖြစ်နေလဲလို့ မှိုင်နေတုန်းပဲလားလို့။

ခေါ်လိုက်ပြီး စက္ကန့်ပိုင်းမျှအကြာ

"လင်းထက်..."

"အင်း ခင်ဗျား"

"ဘာဖြစ်လို့လဲ လင်းထက်"

အင်း မျက်နှာက မနက်ကလောက်တော့ မဆိုးတော့ဘူး ကောင်းလာပြီထင်တယ်။

"ကျွန်တော် အိမ်ပြန်နောက်ကျမယ်"

"အင်း"

ဒီလူက ဘာလဲ။ ဘာလို့ ဘာမှ ဂရုတစိုက်မပြောရတာလဲ ကျွန်တော့်ကို နည်းနည်းတောင် အာရုံမရှိဘူးပဲ။ ကျွန်တော့်မှာတော့........

"အိပ်နှင့်လို့ပြောတာ"

"အင်း တစ်ခြားရှိသေးလား"

"အင်း........လင်းထက်"

လင်းထက် ပြန်ပြောမလို့ လုပ်နေစဉ်မှာပဲ သဇင်နှိုင်းမဝ က အသံပြုကာ ရောက်လာပြီး ခန္ဓာကိုယ် က လင်းထက်ရဲ့ ပခုံးပေါ်ပြိုကျလာသည်။ လင်းထက်က ဖုန်းကိုင်ထားရင်း ရုတ်တရက် ဟန်ချက်ပျက်သွားရသည်။ ပခုံးကိုမှီနွဲ့လာသည်ကြောင့် လင်းထက်က နှစ်ယောက်လုံး ဟန်ချက်မပျက်စေဖို့ သဇင်နှုင်းမဝရဲ့ ပခုံးကို အသာကိုင်ကာ ထိန်းလိုက်ရသည်။

"သဇင်"

လင်းထက်က ခေါ်ကြည့်တာမရတာကြောင့် ဖုန်းကိုကြည့်၍

"ဒါပဲ ခင်ဗျား"

တီ

ခန့်စင်ကတော့ ရုတ်တရက်ဖြစ်သွားရသည့်အခြေအနေတွေကို ပြန်စီနေမိသည်။ တကယ့်ကို အဆင်မပြေလှသော မြင်ကွင်းကို မြင်လိုက်ရသည်။ ရင်ထဲမှာ နာကျင်နေရသည်။ ရီဝေဝေ အသံနဲ့ လင်းထက်ရဲ့ ပခုံးပေါ်ကျလာတဲ့ မသဇင်နှိုင်းမဝ။ အသာထိန်းကိုင်လိုက်ရတဲ့ လင်းထက်။ လင်းထက်ရဲ့ သူမကို ခေါ်သံ။ ဖုန်းချမည်ပြောပြီးတာနဲ့ ချက်ချင်း ကျသွားသည့်ဖုန်း။ တကယ့် နာကျင်နေမိသည်။ ရင်ထဲ မွန်းကြပ်မှုတွေ ပြည့်လာသလို။

ညနေ အိမ်ပြန်ရောက်တော့ ရေမိုးချိုးညစာ စားပြီး အခန်းထဲသာ ပြန်တက်လာလိုက်သည်။ နောက် ဘာလုပ်ရမှန်းမသိဖြစ်နေ၍ စိတ်ငြိမ်စေဖို့ စာအုပ်ဖတ်နေလိုက်သည်။ ဒါပေမယ့် အချိန်တော်တော်ကြာသည်အထိ စာသာဖတ်နေပေမယ့် စိတ်ကတော့ တွေးချင်ရာတွေး လွင့်ချင်ရာလွင့်နေသည်ကြောင့် ဆက်မဖတ်ဖို့ဆုံးဖြတ်လိုက်ပြီး အခန်းရှေ့ ဝရန်တာဆီသွားလိုက်သည်။ ဝရန်တာမှာ ရပ်နေပြီး ရွေ့လျားနေတဲ့တိမ်တွေကိုကြည့်ရင်း တိမ်တွေလို အတွေးတွေဟာ လွင့်မျောနေမိသည်မှာ အချိန်တော်တော်ကြာသွားသည်။

ရုတ်တရက် VC ခေါ်လာသည်ကြောင့် ကြည့်လိုက်တော့ လင်းထက်ပင်။ မထင်မှတ်ထားသည်ကြောင့် ပျော်သွားရကာ အမြန်ပင် ကိုင်လိုက်သည်။ လင်းထက်က ရှပ်အင်္ကျီကြယ်သီး နှစ်လုံးကို ဖြုတ်ထားသည်ကြောင့် ရင်ဘတ်ဖြူဖွေးဖွေးကို အနည်းငယ်မြင်နေရသည်။ လက်ကိုလား တစ်တောင်ဆစ်အနားထိ ခေါက်တင်ထားသေးသည်။  ရိုးရိုးလေး ဝတ်ဆင်ထားတာတောင် ကြည့်ကောင်းနေတုန်းပင်။

လင်းထက် ဖုန်းဆက်လာသည်ကြာင့် ဘာပြောမလို့များဖြစ်မလဲလို့ နောက်တော့ နောက်ကျမည့်အကြောင်းပြောသည်ပင်။ ဆက်ပြီး ဘာပြောမလဲ သိချင်တာကြောင့် မေးနေရင်း မသဇင်နှိုင်းမဝက ရောက်လာသည်ပင်။

လင်းထက်ကို ပြန်ဆက်ကြည့်ပေမယ့် ဆက်လို့မရပေ။ ထို့ကြောင့် ထိုအတိုင်းသာ ဆက်‌၍ နေနေမိသည်။ အခုအချိန်မှာ ခံစားနေရသည်က ဒေါသထွက်နေသည်လား၊ စိတ်တိုနေသည်လား၊ စိတ်ပူနေသည်လာ၊ ဝမ်းနည်းနေသည်လား သေချာမသိ။ ဘယ်လိုခံစားနေရသလဲ အတိအကျ အဓိပ္ပာယ်မဖွင့်ချင်သလို သိလည်းမသိပေ။ လင်းထက်ကို အမြန်ပြန်ရောက်စေချင်တာပဲသိသည်။

8.Feb.2024 (Thu)

Nyint

နောက်တစ်ပိုင်းက ခန့်မှန်းခြေ ၂ ပတ်လောက်ကြာပါမယ်နော် တကယ့်ကို စာရေးဖို့ အချိန်ဖယ်မရဖြစ်‌နေလို့ပါ တကယ့်ကို အားနာရပါတယ် အကြာကြီးစောင့်စေမိလို့ တောင်းလည်းတောင်းပန်ပါတယ်❣️

စောင့်နေပေးကြမယ်မလားရှင့်❣️

စာဖတ်သူတွေဆီက ဖတ်ရတာ ဘယ်လိုနေလဲဆိုတာ သိချင်ပါတယ်ရှင့်❣️

ဖတ်ပေးတဲ့သူ တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်နော်❣️

Zawgyi

မနက္ပိုင္းတြင္ ေနမပြင့္ေနဘဲ ေကာင္းကင္က အံု႔မိႈင္းမိႈင္းျဖစ္ေနသည္။ မိုးရြာဖို႔ အစပ်ိဳးေနသဖြယ္။

ထိုစဉ္ အသာလူးလြန႔္လာသၫ့္ ခန႔္စင္။
ခန႔္စင္က အိပ္ရာႏိုးခါစ မ်က္ဝန္းခပ္ေမွးေမွးျဖစ္ေနကာ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနတဲ့ လင္းထက္ကို ၾကၫ့္ေနသည္။

မ်က္လံုးကို ခပ္ေလးေလးျဖင့္ အသာဖြင့္လိုက္ေတာ့ မ်က္ကြင္းထဲ တျဖည္းျဖည္းေပၚလာသည္က လင္းထက္။ အင္း.......မေန့ကလည္း ဒီေကာင္ေလး ကေပြ့ခ်ီေခၚလာသည္ပဲ။ ဘယ္လို လင္းထက္ရင္ခြင္ထဲမွာပဲ ထပ္အိပ္ေပ်ာ္သြားသည္မသိ။

ခန္႔စင္က ခပ္ဖြဖြၿပံဳးလိုက္ၿပီး လင္းထက္ကို ၾကၫ့္ေနမိသည္။ မ်က္ဝန္းမ်ားတြင္ ၾကည္ႏူးျခင္းအျပၫ့္။

ေနာက္ မနက္ခင္း တစ္ခုကို အစျပဳဖို႔ စတင္လုပ္ေဆာင္သည္။ ဒီေန့ပိတ္ရက္မွာ မိုးအံု႔အံု႔ေလး ျဖစ္ေနတာေၾကာင့္ အစ္မက ပထမက အျပင္အတူသြားၾကဖို႔ အစီအစဉ္ေလးကိုဖ်က္လိုက္ၿပီး အိမ္မွာပဲေနဖို႔လုပ္လိုက္သည္။ ဒီလိုနဲ႔ ကြၽန္ေတာ္တို႔ အံု႔မိႈင္းမိႈင္းရာသီဥတုေလးနဲ႔ အိမ္မွာ ရုပ္ရွင္ ၾကၫ့္ၾက မုန႔္လုပ္စားၾက စကားေျပာၾကရင္း အခ်ိန္ကုန္ဆံုးၾကသည္။

ေနာက္ေန့မနက္ေရာက္ေတာ့ အစ္မလည္း ဒီကေနပဲ တစ္ခါတည္း အလုပ္ကိုသြားၿပီး ျပန္သြားသည္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ဟာလည္း ပံုမွန္အတိုင္းပင္ ဆက္၍ လည္ပတ္ၾကသည္။ ဒီရက္ပိုင္း ကြၽန္ေတာ္က အလုပ္မရႈပ္ေပမယ့္ လင္းထက္က သိပ္ကို အလုပ္ရႈပ္ေနသည္။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္တို႔ စကားေတာင္ သိပ္မေျပာျဖစ္ၾက။

.........................................................................

ဒီေန့ေတာ့ ကြၽန္ေတာ္ အလုပ္ကိစၥခ်ိန္းထားတာရိွလို႔ စားေသာက္ဆိုင္တစ္ဆိုင္ေရာက္ေနသည္။ ပထမ သူနဲ႔က ေတြ့ၿပီးၿပီျဖစ္ၿပီး ေနာက္ထပ္တစ္ေယာက္နဲ႔ ကလည္း ဒီမွာပဲ ေတြ့ဖို႔ရိွတာမလို႔ ဆက္ေစာင့္ေနစဉ္မွာပဲ အေနာက္က ဝိုင္းစီက စကားသံတစ္ခ်ိဳ႕ကို ၾကားလိုက္ရသည္။

ထိုဝိုင္းက မသင္ဇင္ႏိႈင္းမဝ တို႔ဝိုင္းပင္။ လာတုန္းကအမွတ္မထင္ျမင္လိုက္ရသည္။ သူတို႔က မျမင္ေလာက္ဘူးထင္။

"ငါသူ႔ကို အရမ္းခ်စ္မိသြားၿပီ"

"ဟဲ့ အိမ္ေထာင္နဲ႔ဆို"

ဆိုင္က လူရွင္းတဲ့ဆိုင္ျဖစ္သည္။ ထို႔ေၾကာင့္လည္း အသံေတြက ေသခ်ာႀကီးအဟုတ္ေတာင္ နားလည္ႏိုင္ေလာက္သည္။ ဆိုင္ရဲ့ဖြဲ႔စည္းပံုက ဝိုင္း ႏွစ္ဝိုင္း ၊ ဝိုင္းႏွစ္ပိုင္း ပံုမ်ိဳးျဖစ္ေန၍ ဝိုင္းႏွစ္ဝိုင္းစီက ကပ္ကပ္ေနသည္။

"ဟုတ္တယ္ ငါေျပာသလိုပဲ သူ႔ဘက္ကပါလာရင္ သူ႔အပိုင္းေလ သူတို႔အခ်စ္ကမစစ္လို႔"

"အဲ့ဒီေတာ့ အခုအေျခအေနေလး"

"မေျပာ‌တတ္ေသးဘူး ငါက အခ်ိဳသတ္ထားတာဆိုေတာ့ ငါ့ကိုမရိုးသားတဲ့သူလို႔ ထင္ပံုမေပၚဘူး ငါလည္း မျပဘူးေလ"

"ဒီနည္းနဲ႔မပါရင္ ငါကတစ္ျခားနည္သံုးမွာ"

"နင္ဟာက ပါပါ့မလား အခုေတာင္ မပါေသးတာ ဘယ္ႏွလေလာက္ရိွေနၿပီလဲ ၾကၫ့္ရတာေတာ္ေတာ္သူ႔အမ်ိဳးသားကို ခ်စ္ပံုပဲ"

"ဟက္ အမ်ိဳးသားတစ္ေယာက္က အမ်ိဳးသားတစ္ေယာက္ နဲ႔ အမ်ိဳးသမီးတစ္ေယာက္မွာ ဘယ္ဘက္ပိုယိမ္းမလဲ ျဖစ္ႏိုင္ေခ်အရိွဆံုးပဲ စဉ္းစားၾကၫ့္"

"ဟက္.... သူက ငါ့ဘက္ယိမ္းလာမွာပါ"

ခန႔္စင္နားေထာင္ရင္း မ်က္ႏွာကတည္သထက္ တည္လာကာ နားေထာင္ရတာ ေတာ္ေတာ္အဆင္မေျပေတာ့ေပ။ နာမည္ထုတ္မေျပာေပမယ့္ ကိုယ့္ဘက္ကထင္ေနသည္က ျဖစ္ႏိုင္‌ေခ်မ်ားသည္။ ေဒါသသည္လည္း ထြက္လာသည္ပင္။ ထိုစဉ္မွာပဲ

"ေတာင္းပန္ပါတယ္ ေစာင့္ရတာၾကာသြားလားခင္ဗ်"

"သိပ္မၾကာေသးးပါဘူးခင္ဗ်"

တစ္ဖက္ကသူ ေရာက္လာၿပီ ျဖစ္တာေၾကာင့္ မ်က္ႏွာကို အသာျပန္ထိန္းရင္း ေျဖလိုက္ရသည္။ မသဇင္ႏိႈင္းမဝတို႔လည္း ဖုန္းလာၿပီး ထြက္သြားၾကသည္။ ေဒါသထြက္ေနတဲ့ စိတ္ကို အသာထိန္းလိုက္ၿပီး  အလုပ္ကို ေဆြးေနြးလိုက္သည္။ အမွန္တိုင္းေျပာရလ်ွင္ လင္းထက္ကို ထိုမိန္းကေလးနဲ႔ ဘယ္လိုမွ မပတ္သက္ေစခ်င္ေတာ့ပါ။

.........................................................................

ဒီေနေတာ့ ကြၽန္ေတာ္တို႔ အျပင္သြားၾကဖို႔ စဉ္းစားထားသည္။ လင္းထက္လည္း အားသည္ဟု လင္းထက္ဖုန္းေျပာရင္း အမွတ္မထင္ၾကားလိုက္ရသည္။ ထို႔ေၾကာင့္ ဒီညေတာ့ အျပင္မွာ ညစာထြက္စားၾကမည္ဟု စီစဉ္ထားသည္။ မအားၾကတာနဲ႔ မသြားျဖစ္တာ ၾကာၿပီပင္။ လင္းထက္ကိုေတာ့ ‌မေျပာ‌ရေသး။ အခု မနက္စာစားရင္း ေျပာမလို႔ပင္။

"ခင္ဗ်ားကို ေျပာစရာရိွတယ္"

မနက္စာစာရင္း လင္းထက္ ေျပာလာသၫ့္စကားၾကား စိတ္လႈပ္ရွားမိသြားသည္။ အေတြးေတြက ေပ်ာ္ေနလို႔ပဲလားမသိ။ လင္းထက္လည္း ကိုယ့္လိုပဲ ညစာစားဖို႔မ်ားေျပာမလို႔လား ဟူ၍ ေတြးမိသြားသည္။ တကယ့္ကို ေပ်ာ္ျမဴးေနကာ စိတ္လည္းလႈပ္ရွားေနမိသည္။

"ဒီမွာ ခင္ဗ်ား ကြၽန္ေတာ္ေျပာတာ ၾကားလား"
"အေတြးေတြက ဘယ္လြင့္ေနတာလဲ"

လင္းထက္က မေက်နပ္သဖြယ္ ခပ္ဆတ္ဆတ္ေလးေျပာမွ အသိစိတ္ကျပန္ကပ္ေတာ့ တကယ့္ကို အေပ်ာ္လြန္ၿပီး အေတြးေတြကလြင့္ေနသည္ပင္။

"ၾကားပါတယ္ ‌ေျပာေလ ဘာျဖစ္လို႔လဲ"

အခုထိ လင္းထက္ ေျပာလာမွာကို စိတ္လႈပ္ရွားေနမိသည္ပင္။

"အင္း ဒီေန့ ညေန သဇင္ရဲ့ ေမြးေန့ပြဲသြားမလို႔"

ၾကားလိုက္ရသၫ့္ စကားက လင္းလက္ေနတဲ့ ေနကို တိမ္မဲ ေတြက ခ်က္ခ်င္း အံု႔လိုက္လို႔ ပတ္ဝန္းက်င္ကို မဲေမွာင္သြားေစသလို။ လႈပ္ရွားေနတဲ့ စိတ္ကေလးေတြကို ခ်က္ခ်င္းပင္ ရပ္တန႔္ေစလိုက္သည္။ တကယ့္ကို အမ်ားႀကီး ေမ်ွာ္လင့္ေနမိသည္ပဲ။ မ်က္ႏွာက ေမွာင္က်သြားသည္ပင္။ အသာျပန္ထိန္းေနရသည္။

"အင္း ဟုတ္လား"

တကယ့္ကို အရင္ေန့ေတြက ဒီေန့အတြက္ အမ်ားႀကီးေမ်ွာ္လင့္ထားမိသည္။ အခုလို အမ်ားႀကီးေမ်ွာ္လင့္ထားလို႔ပဲလားမသိ မဟုတ္ေတာ့ အေတာ္ေလးကို နာက်င္ေစသည္။

"အင္း ခင္ဗ်ားကိုလည္း ဖိတ္လိုက္တယ္"

"ကိုယ္ေတာ့ မလိုက္ေတာ့ဘူးေနာ္ အလုပ္ေတြရိွေနလို႔"

တကယ္ေတာ့ ဒီေန့ညအတြက္ အလုပ္ေတြကိုရွင္းထားၿပီးၿပီပင္။ မလိုက္ခ်င္ပါ။ လိုက္ဖို႔ကလည္း မသင့္ေတာ္ဘူးထင္သည္။ အရမ္းလည္းမရင္းႏွီးေပ။ ေအးေဆးသာေနတတ္သူမလို႔ ပြဲေတြဆိုလည္းသိပ္မသြားျဖစ္ပါ။ မျဖစ္မေနမွသာ။ အေပါင္းအသင္းလည္း နည္းသည္ပင္။ အဲ့ဒါေၾကာင့္လည္းပါသည္။
အခုက လိုက္သြားဖို႔မသင့္ေတာ္သလို လင္းထက္ကိုလည္း ယံုၾကည္သည္ပင္။

"အင္း မလိုက္နဲ႔ေတာ့ ကြၽန္ေတာ္က ကုမၸဏီကေနပဲ တန္းသြားလိုက္ေတာ့မယ္"

"အင္း ဟုတ္ၿပီ ကိုယ္ေမြးေန့လက္ေဆာင္ထၫ့္ေပးလိုက္မယ္ေနာ္"

"မထၫ့္နဲ႔ေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ေပါင္းလက္ေဆာင္ေလးေပးလိုက္မယ္"

"အင္း အဲ့ဒါလည္းေကာင္းပါတယ္"

"အင္း အဲ့လိုပဲ လုပ္လိုက္မယ္"

ဒီလိုနဲ႔ မနက္စာကို တိတ္တဆိတ္ျပန္စားေနလိုက္သည္။ စားခ်င္စိတ္မရိွေပမယ့္လည္း ေအာင့္အီးသာစားေနမိသည္။

.........................................................................

ကုမၸဏီမွာလည္း စိတ္ကမေပ်ာ္ေနဘဲ အလုပ္ကို မနည္းအာရံုစိုက္လုပ္ေနရသည္။ ဒီေန့ေတာ့ အလုပ္ေစာေစာဆင္းဖို႔ လုပ္ထားသည္။ အစကတည္းက လင္းထက္နဲ႔ညစာအတူစားမယ္ဆိုသည္‌ေၾကာင့္ စီစဉ္ထားသည္ပင္။

ေဒါက္ ေဒါက္

"ဝင္ခဲ့ပါ"

"ကြၽန္ေတာ္ လက္မွတ္ထိုးရမယ့္စာရင္းေတြလာျပတာပါ"

"အဲ့ဒါက ဟိန္းသန႔္ လာမပို႔လည္း ရပါတယ္"

"ဟုတ္ကဲ့ အစ္မက တစ္ျခားဟာေတြနဲ႔ အလုပ္ရႈပ္ေနလို႔ ကြၽန္ေတာ္လာပို႔ေပးတာပါ"

"အင္း ဟုတ္ပါၿပီ"

ခန႔္စင္လည္း စိတ္ကနည္းနည္းရႈပ္ေနသည္မလို႔ ဒီတိုင္းသာေျပာလိုက္သည္။ စာရင္းေတြကိုေတာ့ ေသခ်ာစစ္ၾကၫ့္ကာ လက္မွတ္ထိုးလိုက္သည္။

"အစ္ကို ေန‌မေကာင္းလို႔လား မ်က္ႏွာသိပ္မေကာင္းလို႔"

"အင္း ဟုတ္တယ္ ကိုယ္ေခါင္းနည္းနည္းကိုက္ေနလို႔"

"ကြၽန္ေတာ္ေဆး ျပင္ေပးရမလား"

"ရတယ္ ခဏေန ကိုယ္လည္း ျပ‌န္ေတာ့မွာ"

"မရပါဘူး အစ္ကိုကလည္း ေခါင္းကိုက္ေနရင္ ဘယ္လို‌ကားေမာင္းမလဲ ေဆးေသာက္ၿပီး ခဏ နားေနလိုက္ပါ ၿပီးရင္ ကြၽန္ေတာ္ ျပန္လိုက္ပို႔ေပးမယ္"

"ရတယ္ ကိုယ့္ဟာကိုယ္ျပန္လိုက္မယ္"

"မလုပ္ပါနဲ႔ အစ္ကိုရယ္ ေခါင္းကိုက္ေနၿပီး ကားေမာင္းရင္ အႏၲရယ္မ်ားတယ္"

"အဲ့ဒါဆို ကိုယ္ ရဲမင္းကိုပဲ ျပန္ပို႔ဖို႔ေျပာလိုက္မယ္"

"ကိုရဲမင္းက ဒီေန့ သူ႔ကေလး ေနမေကာင္းလို႔ဆိုၿပီး ခြင့္ယူထားတယ္ေလ အစ္ကို"

အာ ဟုတ္သားပဲ ကြၽန္ေတာ္လည္း စိတ္ရႈပ္ၿပီး ဘယ္လိုေမ့သြားလည္းမသိ။

"ကြၽန္ေတာ္က အခုေတာ့ ရံုးဆင္းခ်ိန္ မဟုတ္ေသးဘူး အဲ့ဒါေၾကာင့္ ေဆးေသာက္ရင္း ခဏနားေနလိုက္ အဲ့အခ်ိန္ဆို ကြၽန္ေတာ္လည္းၿပီးၿပီ"

"အင္း အဲ့ဒါဆိုလည္း အားနာပါတယ္ေနာ္ အဲ့လိုပဲလိုက္မယ္"

ေနာက္ဆံုးေတာ့ အစ္ကိုနဲ႔ အိမ္ျပန္ရေတာ့မယ္။ အဆင့္ကအရမ္းမတက္ေသးေပမယ့္ အရင္ကထက္ေတာ့ တက္လာၿပီ။ အခုထိ အစ္ကိုက ကြၽန္ေတာ့္ကို နည္းနည္းေတာင္ စိတ္ဝင္စားတဲ့ ပံုမေပၚ။ ဒါေပမယ့္ ရပါတယ္ ေနာက္ေတာ့ ကြၽန္ေတာ္ေပ်ာ္ရမယ့္ေန့ေတြရလာမွာ။ တစ္ေန့တစ္ျခား အစ္ကိုကို႔ ပိုပိုသေဘာက်လာရသည္။ ေန့တိုင္းနီးပါး ျမင္ေတြ့ခ်င္သည္ေၾကာင့္ ရံုးပိတ္ရက္ကိုပင္ မေရာက္ခ်င္တဲ့အထိ။

ခန႔္စင္အမ်ားႀကီး မေျပာခ်င္တာေၾကာင့္ ထိုအတိုင္းသာ လက္ခံလိုက္သည္။ ဒီလိုနဲ႔ ကားကိုေတာ့ ကုမၸဏီမွာပဲ ထားခဲ့လိုက္ၿပီး ဟိန္းသန႔္နဲ႔ပဲ အိမ္ျပန္လာလိုက္သည္။

.........................................................................

ခမ္းနားလွေသာ အိမ္ႀကီးတစ္အိမ္တြင္ ေမြးေန့ပြဲတစ္ခု ခမ္းနားစြာက်င္းပေနသည္။ ၿခံထဲမွာက်င္းပတာျဖစ္ၿပီး ၿခံဝင္းအျပၫ့္ကို ခင္းက်င္းထားသည္။ ေရကူးကန္ဘက္မွာလည္း ျပင္ဆင္ထားသည္ပင္။ လူအမ်ားစုက ေပ်ာ္ရႊင္စြာဆင္ႏႊဲေနၾကေသာ္လည္း

You are reading the story above: TeenFic.Net