အပိုင်း ၁၂

Background color
Font
Font size
Line height

Unicode

လင်းထက် အတွက် အမူးပြေလုပ်ပေးပြီး အခန်းထဲပြန်လာလိုက်သည်။ ကုတင်ဘေးက စားပွဲပေါ်အသာတင်လိုက်ရင်း ကုတင်ပေါ်ထိုင်ကာ လင်းထက်ကိုစောင့်ကာ တွေးတောနေမိသည်။ ဒီကိုရောက်တဲ့အထိ တစ်လျှောက်လုံးလည်း အတွေးတွေက ဖြန့်ကျက်နေခဲ့သည်။

နိုင်မင်း နဲ့က သိပ်ကိုရင်းနှီးပါသည်။ အင်း အချစ်ဆုံးသူငယ်ချင်း ဆိုမှတော့ ရင်းနှီးတာဟာ မဆန်းပါ။ ဆန်းနေတာက ကျွန်တော့်ရဲ့စိတ်သာဖြစ်သည်။ အခုလို လင်းထက်၏ ရင်းနှီးစွာပြောဆိုဆက်ဆံ ပြုမူ ပုံကို တွေ့ရသည်မှာ သိပ်ကိုရှားလွန်းပါသည်။ ကိုယ်နဲ့ဆိုရင်တောင် ရုပ်တည်ကြီးနဲ့၊ မျက်မှောင်ကျုံ့ပြီးနဲ့ သာနေတာများသည်။ အလိုမကျသော မျက်နှာအသွင်အပြင်နဲ့။ ဒီတစ်ချက်က ကျွန်တော့်ကို အတော်လေး ခံစားရစေသည်။ ဘာကြောင့် အခုလို ခံစားနေရသည်ကိုတော့ ဆက်၍အဖြေမရှာချင်ပါ။

ကိုယ်နဲ့ဆိုရင်တောင် မျက်နှာတည်နဲ့သာ နေတာများသည့်သူကို ပြုံးရွှင်နေသောမျက်နှာ၊ ပေါ့ပါးလွတ်လပ်ပျော်ရွှင်နေသောပုံနှင့်တွေ့ရသည်။ ဒီကောင်လေး ပျော်နေတာ မြင်လိုက်ရရင် ကျွန်တော့်ရဲ့စိတ်ကပါ အလိုလို ပျော်သွားမိသလိုပင်။ ဒါပေမယ့် ဒါက တစ်ဖက်မှာလည်း ကျွန်တော့်ကို ဝမ်းနည်းတယ်ဆိုတဲ့ ခံစားချက်ကိုပေးသည်။ ကျွန်‌တော့်ကိုဆိုရင်တော့အလိုမကျ သောမျက်ဝန်းများနှင့်ကြည့်တာများသည်။ သိပါသည် နှစ်ယောက်သားက ဒီတိုင်း တစ်ခြား အချစ်ဆုံး သူငယ်ချင်းတွေပုံစံအတိုင်းပါပဲဆိုတာ။ သူတို့ရဲ့ မျက်ဝန်းနဲ့ အပြုအမူတွေမှာပေါ်နေသည်။ ဒါပေမယ့် ဒီတိုင်း ကိုယ်နဲ့နေရတာတော့ အလိုမကျသလို ပုံစံလိုမျိုးတွေ့နေရတာက စိတ်ကိုအဆင်မပြေစေပေ။

အဲ့ဒါကို အခုလို ဝမ်းနည်းစိတ်ဖြစ်နေသည့် ကျွန်တော်ဟာ သိပ်ကို ကလေးဆန်နေမလား။

ရင့်ကျက်တဲ့လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ်ထင်ခဲ့ပေမယ့် မင်းနဲ့ကျမှ ကိုယ်ဟာ မရင့်ကျက်သေးတာတွေရှိမှန်းသိလိုက်ရသည်။ မနာလိုဖြစ်နေခဲ့သည်လား ဘာကြောင့်လဲ ဘာလို့ မင်းနဲ့ကျမှ အခုလိုအဖြစ်အပျက်ကို ဝမ်းနည်းနေမိတာလဲ ကိုယ်သေချာမသိဘူး ဒါပေမယ့် ကိုယ်သိတာရှိတယ် အဲ့ဒါက ကိုယ့်ကိုအလိုမကျသလိုကြည့်နေတာ မျက်ဝန်းတွေကို ကိုယ်မကြိုက်ဘူးဆိုတာပဲ သိရဲ့လား ကောင်ငယ်လေး။

မင်းက ကိုယ့်ကိုဆို ဘာစိတ်တိုင်းမကျလို့မကျမှန်းကို မသိဘူး။ နားလည်ရခက်တယ်။

"ခင်ဗျား မအိပ်သေးဘဲ ဘာလုပ်နေတာလဲ"

ကြည့်ပါလား။ အခုလည်းတွေ့တာနဲ့ မျက်မှောင်ကျုံ့ပြီးကြည့်နေပြန်ပြီ။ အလိုမကျဖွယ် မျက်ဝန်းနဲ့။

လင်းထက်က ခန့်စင်ရှိတဲ့ ကုတင်နား လျှောက်သွားပြီး

"ဘာတွေ တွေးတောနေလို့ ကျွန်တော်လာတာတောင် မသိရတာလဲ ဘယ်သူ့အကြောင်းလဲ ပြောပါဦး"

‌အနားရောက်တော့ ထိုင်နေတဲ့သူကို ငုံ့ကြည့်လျက်မေးလိုက်တော့ အသာမော့ကြည့်လာသည့် မျက်ဝန်းတွေက မကျေနပ်ဟန်။ ဒီလူက ဘာတွေ မကျေမနပ်လာဖြစ်နေတာလဲ။

ဟွန့် ဒီကောင်လေး သိပ်နယ်ကျော်တာပဲ ဘာတွေတွေးနေလဲကအစ သိချင်နေတယ်။ သူရှေ့က ဘာတွေပြောထားလည်း မမှတ်မိတော့ဘူးလား။

"ပြောစရာလား သိပ်စွက်ဖက်တယ် မင်းပြောထားတာမေ့နေပြီလား"

"ဟွန့် မမေ့ပါဘူး ခင်ဗျားအကြောင်းလည်း မသိချင်ဘူး အိပ်ချိန်မအိပ်လို့ လိုက်ပြောနေရတာ ပြောချင်လွန်းလို့တော့မဟုတ်ဘူး။"

မှန်တင်ခုံဘက်သွားလိုက်ပြီး အဝတ်လဲတုန်းက ကျန်နေသေးတဲ့ ကြယ်သီးတစ်လုံးကို တပ်ကာ ‌ပြန်ပြောလိုက်သည်။

"ကိုယ်ကလည်း မင်းကို အမူးပြေတိုက်ဖို့စောင့်နေတာ"

မကျေနပ်ဖွယ် ပြောရင်း ခန့်စင်က နာရီကို အသာလှည့်လိုက်ကာ ဆက်ပြောလာပြန်သည်။

"အချိန်လည်းကြည့်ဦး နာရီဝက်‌လောက်တောင် ချိုးလိုက်ရလား မကြာနဲ့ပြောတာ နားမထောင်ဘူး မင်းက ကိုယ့်......"

ထိုအခါ လင်းထက်က ခန့်စင်အနားအသာသွားလိုက်ပြီး စိတ်ရှုပ်ဟန်ဖြင့်

"ပွစိပွစိ လုပ်မနေနဲ့ ပေး ဘယ်မှာလဲ သောက်ပြီး အိပ်မယ်"

ခန့်စင်လည်း စားပွဲက ခွက်ကို ကမ်းပေးလိုက်သည်။

"အင်း ခင်ဗျား ကျေးဇူးပဲ "

ကမ်းပေးပြီးတာနဲ့ ချက်ချင်း ရေချိုးခန်းထဲ မျက်နှာတည်နှင့် ဝင်သွားသည့် ဟိုလူ။

"ဟက် ချစ်ဖို့ကောင်းတယ်"

ခန့်စင်ကို လိုက်ကြည့်ရင်း တစ်ကိုယ်တည်းကြားရုံ ခပ်မြူးမြူးပြောလိုက်သည့်လင်းထက်။

ဒါပေမယ့် ဘယ်သူ့အကြောင်းတွေးနေတာလဲ။ ကျစ် သူ့ဟာ သူဘယ်သူ့အကြောင်းတွေးတွေး ငါနဲ့ကို မဆိုင်တာ။

.........................................................................

ဒီနေ့က လင်းထက်ကို ကုမ္ပဏီလွှဲအပ်တဲ့ပွဲလုပ်သည့်နေ့ဖြစ်သည်။ ပွဲထဲတွင် သတင်း‌ထောက်တွင်အပါအဝင် လူတော်တော်များများရောက်နေကြပြီ။

"ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများအားလုံးပဲ မင်္ဂလာညနေခင်းလေးပါ ပထမဆုံးအနေနဲ့ အခုလို ကြွရောက်လာပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ"

"ဒီနေ့ပွဲလေးကတော့  ကျွန်တော့်ရဲ့သားငယ်လေးကို ကုမ္ပဏီ လွှဲပြောင်းအပ်တော့မယ့် ပွဲလေးပဲဖြစ်ပါတယ် ကျွန်တော်ရဲ့ သားလေးကို ကြိုဆိုပေးကြပါဦး"

ဦး‌ကျော်ထက်လွင်က ပြောလျက် လင်းထက်ကို လာဖို့ခေါ်လိုက်သည်။ လင်းထက်လည်း မိတ်ဆက် စကားတွေပြောပြီးနောက် ပွဲကို စတင်လိုက်ကြသည်။ ဒီလိုနဲ့ ပွဲစတင်ပြီး နည်းနည်းကြာတော့

အဘိုးကလည်း မိတ်ဆွေတွေနဲ့စကားတွေပြောနေပြီး အဘိုးရဲ့ အနားမှာတော့ အစ်မ ရှိသည်။ ဒီလိုနဲ့ အသီးသီး စကားပြောနေကြသည်။ ကျွန်တော် အပါအဝင်ပေါ့ လင်းထက်ကတော့ သတင်းထောက်တွေနဲ့ စကားပြောနေသည်။

"ဟုတ်ကဲ့ တစ်ခြား မေးချင်တာတွေများရှိသေးလား မသိဘူးခင်ဗျ"

"ကိုလင်းထက်နေသော် ကို မေးချင်တာတစ်ခု ကျန်ပါသေးတယ်ရှင့်"

"ဟုတ်ကဲ့ခင်‌ဗျ"

"အချစ်ရေးလေးပါ ကြားထဲမှာလည်း တစ်ယောက်ယောက်ရှိတယ် ဆိုတဲ့ သတင်းလေးတွေလည်း ထွက်နေတယ်ပါတယ် အဲ့ဒါလေးနဲ့ ပတ်သက်ပြီး ‌‌တိတိကျကျပြောပေးနိုင်မလားရှင့်"

"ဟုတ်ကဲ့ ကျွန်တော့်မှာ သက်ဆိုင်သူရှိပါတယ်"

"ဘယ်သူလဲဆိုတာရော ပြောပြပေးနိုင်မလားရှင့်"

"ဟုတ်ကဲ့ CEO ခန့်စင်သော်နိုင်က ကျွန်တော့်ရဲ့ သက်ဆိုင်သူ အမျိုးသားပါ ခင်ဗျ"

ခန့်စင် ကို ကြည့်၍ ပြုံးလျက် ရွှင်မြူးနေသော မျက်ဝန်းများနှင့် ပြောလာသည့် လင်းထက် ကို ခန့်စင်ကတော့ သူ့ကို ရုတ်တရက် ပြုံးပြလာလို့ ကြောင်သွားပြီး အသာပြန်ပြုံးပြလိုက်သည်။

သတင်းထောက်တွေက အနောက်သို့ လှည့်ကြည့်လာကြသည်။ ခန့်စင်ကတော့ ‌ဘာဖြစ်လို့လဲဟူသည့် အတွေးတွေနဲ့သာ။

"အိုး နှစ်ယောက်သား အရမ်းလိုက်ဖက်တာပဲ နှစ်ယောက် အတူတူ ဓာတ်ပုံရိုက်လို့ရမလားခင်ဗျ"

သတင်းထောက်တစ်ယောက် ကပြောတော့ လင်းထက်လည်း ရပါတယ်ပြော၍ ခန့်စင် အနားလျှောက်သွားလိုက်သည်။ နောက် နီးနီးကပ်ကပ်ဖြင့်

"ကျွန်တော်တို့ နှစ်‌‌ယောက်ကို ဓာတ်ပုံရိုက်မလို့တဲ့"

ပြောလျက် ခန့်စင်၏ ခါးလေးကို အသာဖက်၍ သူ့အနား ဆွဲကပ်လိုက်သည်။

"အိုး ရိုက်ပြီနော်"

"အပြုံးတွေက ချိုမြိန်နေတာပဲရှင့်"

"နောက်ထပ် တစ်မျိုးလောက်"

သတင်းထောက် တစ်ယောက်က ပြောလိုက်တော့ လင်းထက်က ခန့်စင် ခါးပေါ်ရှိလက်ကို ပခုံးကိုပြောင်းဖက်၍

"ဒီကို ကြည့်"

လင်းထက်က ပြောလာတော့ အသာ မော့ကြည့်မိသွားပြီး လင်းထက်၏ ချိုမြိန်နေသော အပြုံး၊ ပျော်မြူးနေသော မျက်ဝန်းတို့နှင့်ဆုံသည်။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းနေလို့ လိုက်လို့မမှီဖြစ်နေစဉ်မှာပဲ လင်းထက်ကို ပြန်ပြုံးပြမိသွားသည်။ ကိုယ် တဖြည်းဖြည်း ယိမ်းယိုင်နေပြီထင်တယ် လင်းထက်။

ပွဲရှိလူတွေရဲ့ အာရုံက ထိုကောင်လေးနှစ်‌ယောက်ဆီကိုသာ‌ရောက်ရှိလာကြသည်။ သဘောကျနေသဖွယ် အကြည့်တို့လည်းရှိသလို သဘောမကျနေသော အကြည့်တို့သည်လည်းရှိနေပါသည်။

သတင်းထောက်တို့သည်လည်း ထို ချစ်စဖွယ်ပုံရိပ်လေးကို အမိအရ မှတ်တမ်းယူနေကြသည်ပင်။

ဓာတ်ပုံရိုက်ပြီးတော့ သတင်းထောက်တွေက သူတို့နှစ်ယောက်နဲ့ ပတ်သက်ပြီး ဆက်မေးကြသည်။ ဒါနဲ့ဖြေဖြစ်ကြပြီး နောက်တော့ အသိမိတ်ဆွေတွေနဲ့ စကားသွားပြောကြသည်။ အင်း လင်းထက်က စီးပွားရေးတွင်ခြေဆန့်နေပြီပင်။ လုပ်လိုက်တဲ့ ပရောဂျက်တိုင်းက အောင်မြင်‌သည်။ လူအများက တကယ့်ကို စတွေ့တုန်းကလို အထင်မသေးရဲကြတော့ပေ။ အခုဆို ကုမ္ပဏီ များစွာကို ဦးစီးရတော့မည်။ သေချာပေါက် ဒီကောင်လေး လုပ်နိုင်မှာ။

စီးပွားရေးပါတနာတွေနဲ့ စကားပြောနေသည့် လင်းထက်ကို အသာကြည့်နေမိသည်။ ညာဘက်ဘောင်းဘီ အိတ်ထဲ လက်ထည့်ထားသည်။ ဘယ်ဘက်ကတော့ ဝိုင်ခွက်ကို အသာလှည့်‌ကာ စကားပြောနေသည့် လင်းထက်ရဲ့ပုံစံဟာ အကြည့်မခွာချင်လောက်အောင် ဆွဲဆောင်မှုရှိလွန်းနေသည်ပင်။ နောက်  ရုတ်တရက် လင်းထက်အနားရောက်လာသည့် မသဇင်နှိုင်းမဝ။ ခုနက ပြောနေသည့် သူတွေကတော့ နှုတ်ဆက်ပြီး အခြားတစ်ဖက်ကို ထွက်သွားကြသည်။

မသဇင်နှိုင်းမဝ နဲ့ လင်းထက် စကားပြောနေကြသည်။ တစ်ခါတစ်ခါ လင်းထက်က အသာပြုံးတတ်သေးသည်။ အခုလိုမြင်နေရသည်မှာ တကယ်အဆင်မပြေလှပါ။ ရင်ထဲမှာခံစားနေရသည်က နာကျင်နေသလို။

ထိုမိန်းကလေး၏ အကြည့်တွေက အပြုအမူ‌တွေဟာ မတူပေ။ လင်းထက်နဲ့ရှိနေလျှင် တစ်မျိုးဖြစ်သလို  မရှိနေလျှင်တစ်မျိုးဖြစ်သည်။ လင်းထက်ရဲ့ အလုပ်ကို သွားတုန်းက အမှတ်မထင် ထိုမိန်းကလေးဟာ လင်းထက်ကို ပြုံးလျက် သေချာငေးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုအကြည့်တွေ အပြုံးတွေဟာ အဓိပ္ပာယ်တစ်မျိုးမျိုးပါဝင်နေသဖွယ်။ ထိုအရာကို လင်းထက်က ကျောခိုင်းထား၍ မတွေ့ခဲ့ပေ။ ထိုသို့သော ထိုမိန်းကလေး၏ အဓိပ္ပာယ်တစ်မျိုးမျိုးပါဝင်နေသည့် အပြုအမူတွေကို တွေ့မိနေသည်မှာ ၁ ခါတည်းမဟုတ်တော့ပေ ၃ ခါလောက်ရှိနေသည်ပင်။

အခုလည်း လင်းထက်ဟာ သူမအနားက ထွက်သွားတာ မိနစ်အနည်းငယ်မျှရှိပြီး ခပ်လှမ်းလှမ်းမှာ အဘိုးနဲ့ စကားပြောနေသည့်တိုင် ‌နှုတ်ခမ်းတွေကိုပြုံးထားလျက် ငေးစိုက်ကြည့်နေသည်ပင်။ ထိုအရာကို သတိထားမိသည့်သူဟာ ကျွန်တော်မှ လွဲရှိမည်မထင်။

မည့်သို့ပင်ဖြစ်စေ အတိအကျမသိသော အရာကို တစ်ဖက်သူအား စွတ်စွဲမပြောချင်ပါ။ မပြောသင့်ဘူးမဟုတ်လား။ ထို့ကြောင့် ထိုအရာသည် ကျွန်တော်စိတ်ထင်နေသည်သာ ဖြစ်နိုင်ပါသည်။

"ဟေ့ကောင် မင်းကို ဟိုနေ့က ကြည်တာမဟုတ်ဘူးနော်"

နိုင်မင်းကို လင်းထက်ကို ပြောလိုက်သည်။

"မင်းကလည်း ငါက မူးသွားလို့ပါကွာ"

"ပြောလိုက်ရင် အဲ့ဒါပဲ"

"ဒါနဲ့ နေဦး ပြောမလို့"

"အင်း ပြော"

"ခုနလောက်ကလေ မင်း ဟိုတစ်ယောက်နဲ့စကားပြောနေတာမလား"

နိုင်မင်းက မသိမသာ ပြလာတာကြောင့် ကြည့်လိုက်တော့

"သဇင်ကိုလား အင်း ဟုတ်တယ်လေ"

"သဇင်လား ဘာလား မသိဘူး အနီရောင်အင်္ကျီ နဲ့ တစ်ယောက်"

"အင်း ဘာဖြစ်လဲ"

"ခုနက မင်းတို့ပြောနေတာကို အစ်ကိုခန့်စင်ကလေ ကြည့်နေတယ်သိလား သေသေချာချာကြီးကြည့်နေတာတော့မဟုတ်ဘူးကွာ ဒါပေမယ့် မင်းတို့ကို ကြည့်နေတာတော့ သိတယ်"

"ဟုတ်လား အဲ့ဒါဘာဖြစ်လို့လဲ"

"ကြည့်နေရင်း တစ်ချက်တစ်ချက် မျက်နှာပျက်သွားပေမယ့် ထိန်းလိုက်တယ် ကြည့်ရတာ မြင်နေရတာ အဆင်မပြေသလို မင်းကလည်း တစ်ခါတစ်ခါ အသာပြုံးပြုံးလိုက်သေးတယ်လေ"

"ဟုတ်လား ငါက ဒီတိုင်း သဇင် နဲ့ စကားပြောတာပါ ပြုံးတာကလည်း လူမှုရေးအရ နည်းနည်းပေါ့ကွာ"

"သဇင် ဆိုတော့ တော်တော်ရင်းနှီးကြတာလား"

"ပထမဆုံး ပရောဂျက်က သူနဲ့စလုပ်တာဆိုတော့ အင်း ဘယ်လိုပြောရမလဲ တစ်ခြား စီးပွားရေးအသိတွေထက်စာရင် ရင်းနှီးတာပေါ့ အရမ်းတော့လည်း မဟုတ်ပါဘူး စီးပွားရေးလောက်ပါပဲ"

"အင်း ဒါနဲ့ ငါမြင်ဖူးနေသလို မမြင်ဖူးသလိုနဲ့"

"မြင်ဖူးမှာပေါ့ ဟိုတစ်ခါ ကလပ်သွားတုန်းကလေ ငါတို့ဆီ လာမေးတဲ့တစ်ယောက်"

နိုင်မင်းက စဉ်းစားနေလိုက်ပြီး

"အော် သိပြီ မင်းကို လာမေးတဲ့တစ်ယောက်"

"အင်း ဟုတ်တယ် အဲ့ဒီတုန်းက သူ့သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ထားလို့ လုပ်လိုက်ရတာတဲ့ တောင်းပန်ထားတယ်"

"ဟုတ်လား အင်း ထားပါတော့ ငါပြောချင်တာကကွာ အစ်ကိုခန့်စင်က သဘောမကျနေသလိုပဲ"

"ဘာကိုလဲ"

"ကြည့်ရတာမင်းကို သဝန်တိုနေတာထင်တယ်"

မထင်မှတ်ထားတဲ့ စကားကြောင့် အနည်းငယ် အံ့ဩသွားရသည်။

"မဖြစ်နိုင်ဘူး ဒီတိုင်း ကြည့်တာဖြစ်မှာပေါ့ မင်းက လျှောက်ထင်နေတာ မင်းထင်တိုင်းဘယ်တုန်းက မှန်လို့လဲ"

"မှန်တာလည်းရှိပါတယ်ကွ အခုက တကယ့်ကို သဝန်တိုနေသလို အကြည့်နဲ့ မျက်နှာထားက"

"သဝန်တိုရအောင် ငါတို့က ချစ်လို့ယူထားတာလည်းမဟုတ်ဘူး သူလည်း ငါ့ကိုမချစ်သလို ငါလည်း သူ့ကိုမချစ်ဘူး"

"မင်းက မချစ်ဘူး တကယ်ပေါ့လေ"

"ဟုတ်တယ် ဘာကများမယုံချင်နေစရာကောင်းနေလဲ"

"ဟက်.....ဘယ်လိုပဲဖြစ်ဖြစ် သဝန်တိုနေတာပဲ ငါထင်တာ မမှားနိုင်ဘူး"

"သူက အဲ့လိုမျိုး သဝန်တိုဖို့လည်း စိတ်မဝင်စားဘူး အလုပ်ပဲ စိတ်ဝင်စားတာ အမြဲ အလုပ်တွေနဲ့ အချိန်ကုန်ဆုံးနေတာ"

"မင်းကလည်း တစ်ချို့သူတွေက မထုတ်ပြကြတာပါ မြင်အောင်ကြည့်ကြည့်စမ်းပါကွ"

လင်းထက်ကတော့ ဘာမှပြန်မပြောဘဲ ခန့်စင်ရှိတဲ့ဘက်ကို အသာကြည့်နေကာ တိတ်ဆိတ်နေနေတော့သည်။

.........................................................................

ခန့်စင် ဧည့်ခန်းထဲမှာ စာရင်းတွေကြည့်နေရင်း နာရီကို လှမ်းကြည့်လိုက်သည်။ လင်းထက်ကအခုထိပြန်မလာသေးပေ။ လင်းထက် ကုမ္ပဏီလက်လွှဲယူပြီးကတည်းက အလုပ်တွေဟာ ပိုပိုများလာပေမယ့် ပုံမှန်ဆို ဒီလောက်နောက်မကျတတ်ပေ။

ပြီးတော့ မိုးရာသီကို ရောက်လာပြီဖြစ်၍ အပြင်အှာမိုးတွေကလည်းရွာနေသည်။ လေတွေဟာလည်း တိုက်နေသည်မှာ အနည်းငယ်ပြင်းလှသည်။ မုန်တိုင်းရှိသည်တော့ မကြားမိပေ။

ဖုန်းကို ယူ၍ လင်းထက်ကို ဖုန်းခေါ်လိုက်သည်။

"အင်း ပြော ခင်ဗျား"

"မင်းနောက်ကျနေလို့"

"ဟုတ်တယ် ကျွန်တော်တောင် ဖုန်းဆက်တော့မလို့ အခုဒီမှာ မိုးတွေကရွာပြီး လမ်းတွေပိတ်နေတာ တစ်ခြားသွားတဲ့လမ်းကလည်း လမ်းပြင်ဖို့ပိတ်ထားတော့ ဒီဘက်ကိုလာနေကြတာများပြီး အကုန်ပိတ်ကုန်ကြတာ"

လင်းထက်ဆီမှ မိုးသံတွေကြားမှာ ဟွန်းတီးသံတွေလည်း အဆက်မ‌ပြတ်ကြားနေရသည်။

"အင်း စိတ်အေးအေးထားပြီးလာနော် စိတ်မမြန်နဲ့"

"အင်း ခင်ဗျားအိမ်နှင့်လောက်တော့ ကြည့်ရတာ ကြာဦးမယ်ထင်တယ်"

"ဒါပဲ အာရုံစိုက်မရမှာစိုးလို့ ကိုယ်ဖုန်းချလိုက်တော့မယ် မင်းဂရုစိုက်နော်"

"အင်း ဟုတ်ပြီ"

ခန့်စင်လည်း ညစာမစားရသေးပေ။ လင်းထက်ကိုစောင့်နေတာဖြစ်သည်။ အိပ်နှင့်လို့ပြောပေမယ့် ဝင်မအိပ်ချင်ပေ။ အပြင်မှာလည်း ခုနကထက် မိုးတွေသည်းကြီးမည်းကြီးကို ရွာချလာကာ လျှပ်စီးတွေလည်း တလျှပ်လျှပ်ပင်။ လင်းထက်ကို စိတ်ပူနေမိသည်မှာ တကယ်ပင်။ စိတ်အေးအေးထားပြီး စာရင်းပြန်ကြည့်ကာ ဆက်စောင့်နေမိသည်။ ကြီးမေကတော့ စောင့်ပေးမယ် အိပ်ဖို့ပြောပေမယ့် လက်မခံခဲ့ပေ။ ဆက်စောင့်နေလိုက်သည်။ ဖုန်းကတော့ ထပ်မဆက်ဖြစ်သေး ခုနကတောင် လင်းထက်ဟာ ဖုန်းပြောရင်း တစ်ခြားတစ်ခုကိုလည်း အလျင်အမြန်အာရုံစိုက်နေရသလိုပါပဲ။ ထို့ကြောင့် ခဏခဏ မဆက်ချင်ပင်။ ပိုအလုပ်ရှုပ်စေမိမှာစိုး၍။

ခန့်စင် စောင့်နေပါသော်လည်း မျက်ဝန်းအိမ်ကတော့ တဖြည်းဖြည်းငိုက်စင်းနေပြီဖြစ်သည်။ နောက်ဆုံးမှာ ဒီရက်ပိုင်းအတွင်း ဆက်တိုက် အလုပ်ပင်ပန်းထားသဖြင့် စာရင်းစာရွက်ကိုင်ထားလျက်ပင် ခန့်စင်သည် အိပ်ပျော်သွားတော့သည်။

.........................................................................

အိမ်ရောက်တော့ တော်တော်နောက်ကျနေပြီဖြစ်သည်။

"အားနာပါတယ် ဒုက္ခပေးမိပြီ သွားနားလို့ရပါပြီ"

လင်းထက်က အိမ်ဝတွင် ကို‌အောင်ထွန်း ကိုပြောလိုက်သည်။

"မဟုတ်တာ ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ် ခင်ဗျ"

လင်းထက်အသာ ခေါင်းညိမ့်ပြလိုက်ပြီး အိမ်ထဲဝင်လာလိုက်သည်။ နောက်တော့ တွေ့လိုက်ရသည်က ဧည့်ခန်းထဲတွင် ဘေးနားမှာ စာရွက် တွေနဲ့ ဆိုဖာမှာပဲ အိပ်ပျော်နေသည့် ဟိုလူကိုတွေ့လိုက်ရသည်။

ကျစ် ဒီလူ တကယ့်ကို စကားနိုင်မထောင်ဘူး

30.Jan.2024 (Tue)

Nyint

သဘောကျနှစ်သက်တယ်ဆိုရင် vote လေးတွေတောင်းဆိုပါတယ်နော်
ဖတ်ပေးတဲ့သူတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်❣️

Zawgyi

လင္းထက္ အတြက္ အမူးေျပလုပ္ေပးၿပီး အခန္းထဲျပန္လာလိုက္သည္။ ကုတင္ေဘးက စားပြဲေပၚအသာတင္လိုက္ရင္း ကုတင္ေပၚထိုင္ကာ လင္းထက္ကိုေစာင့္ကာ ေတြးေတာေနမိသည္။ ဒီကိုေရာက္တဲ့အထိ တစ္ေလ်ွာက္လံုးလည္း အေတြးေတြက ျဖန႔္က်က္ေနခဲ့သည္။

ႏိုင္မင္း နဲ႔က သိပ္ကိုရင္းႏွီးပါသည္။ အင္း အခ်စ္ဆံုးသူငယ္ခ်င္း ဆိုမွေတာ့ ရင္းႏွီးတာဟာ မဆန္းပါ။ ဆန္းေနတာက ကြၽန္ေတာ့္ရဲ့စိတ္သာျဖစ္သည္။ အခုလို လင္းထက္၏ ရင္းႏွီးစြာေျပာဆိုဆက္ဆံ ျပဳမူ ပံုကို ေတြ့ရသည္မွာ သိပ္ကိုရွားလြန္းပါသည္။ ကိုယ္နဲ႔ဆိုရင္ေတာင္ ရုပ္တည္ႀကီးနဲ႔၊ မ်က္ေမွာင္က်ံဳ႔ၿပီးနဲ႔ သာေနတာမ်ားသည္။ အလိုမက်ေသာ မ်က္ႏွာအသြင္အျပင္နဲ႔။ ဒီတစ္ခ်က္က ကြၽန္ေတာ့္ကို အေတာ္ေလး ခံစားရေစသည္။ ဘာေၾကာင့္ အခုလို ခံစားေနရသည္ကိုေတာ့ ဆက္၍အေျဖမရွာခ်င္ပါ။

ကိုယ္နဲ႔ဆိုရင္ေတာင္ မ်က္ႏွာတည္နဲ႔သာ ေနတာမ်ားသၫ့္သူကို ၿပံဳးရႊင္ေနေသာမ်က္ႏွာ၊ ေပါ့ပါးလြတ္လပ္ေပ်ာ္ရႊင္ေနေသာပံုႏွင့္ေတြ့ရသည္။ ဒီေကာင္ေလး ေပ်ာ္ေနတာ ျမင္လိုက္ရရင္ ကြၽန္ေတာ့္ရဲ့စိတ္ကပါ အလိုလို ေပ်ာ္သြားမိသလိုပင္။ ဒါေပမယ့္ ဒါက တစ္ဖက္မွာလည္း ကြၽန္ေတာ့္ကို ဝမ္းနည္းတယ္ဆိုတဲ့ ခံစားခ်က္ကိုေပးသည္။ ကြၽန္‌ေတာ့္ကိုဆိုရင္ေတာ့အလိုမက် ေသာမ်က္ဝန္းမ်ားႏွင့္ၾကည့္တာမ်ားသည္။ သိပါသည္ ႏွစ္ေယာက္သားက ဒီတိုင္း တစ္ျခား အခ်စ္ဆံုး သူငယ္ခ်င္းေတြပံုစံအတိုင္းပါပဲဆိုတာ။ သူတို႔ရဲ့ မ်က္ဝန္းနဲ႔ အျပဳအမူေတြမွာေပၚေနသည္။ ဒါေပမယ့္ ဒီတိုင္း ကိုယ္နဲ႔ေနရတာေတာ့ အလိုမက်သလို ပံုစံလိုမ်ိဳးေတြ့ေနရတာက စိတ္ကိုအဆင္မေျပေစေပ။

အဲ့ဒါကို အခုလို ဝမ္းနည္းစိတ္ျဖစ္ေနသၫ့္ ကြၽန္ေတာ္ဟာ သိပ္ကို ကေလးဆန္ေနမလား။

ရင့္က်က္တဲ့လူတစ္ေယာက္အျဖစ္ ကိုယ့္ကိုယ္ကိုယ္ထင္ခဲ့ေပမယ့္ မင္းနဲ႔က်မွ ကိုယ္ဟာ မရင့္က်က္ေသးတာေတြရိွမွန္းသိလိုက္ရသည္။ မနာလိုျဖစ္ေနခဲ့သည္လား ဘာေၾကာင့္လဲ ဘာလို႔ မင္းနဲ႔က်မွ အခုလိုအျဖစ္အပ်က္ကို ဝမ္းနည္းေနမိတာလဲ ကိုယ္ေသခ်ာမသိဘူး ဒါေပမယ့္ ကိုယ္သိတာရိွတယ္ အဲ့ဒါက ကိုယ့္ကိုအလိုမက်သလိုၾကၫ့္ေနတာ မ်က္ဝန္းေတြကို ကိုယ္မႀကိဳက္ဘူးဆိုတာပဲ သိရဲ့လား ေကာင္ငယ္ေလး။

မင္းက ကိုယ့္ကိုဆို ဘာစိတ္တိုင္းမက်လို႔မက်မွန္းကို မသိဘူး။ နားလည္ရခက္တယ္။

"ခင္ဗ်ား မအိပ္ေသးဘဲ ဘာလုပ္ေနတာလဲ"

ၾကၫ့္ပါလား။ အခုလည္းေတြ့တာနဲ႔ မ်က္ေမွာင္က်ံဳ႔ၿပီးၾကၫ့္ေနျပန္ၿပီ။ အလိုမက်ဖြယ္ မ်က္ဝန္းနဲ႔။

လင္းထက္က ခန႔္စင္ရိွတဲ့ ကုတင္နား ေလ်ွာက္သြားၿပီး

"ဘာေတြ ေတြးေတာေနလို႔ ကြၽန္ေတာ္လာတာေတာင္ မသိရတာလဲ ဘယ္သူ႔အေၾကာင္းလဲ ေျပာပါဦး"

‌အနားေရာက္ေတာ့ ထိုင္ေနတဲ့သူကို ငံု႔ၾကၫ့္လ်က္ေမးလိုက္ေတာ့ အသာေမာ့ၾကၫ့္လာသၫ့္ မ်က္ဝန္းေတြက မေက်နပ္ဟန္။ ဒီလူက ဘာေတြ မေက်မနပ္လာျဖစ္ေနတာလဲ။

ဟြန႔္ ဒီေကာင္ေလး သိပ္နယ္ေက်ာ္တာပဲ ဘာေတြေတြးေနလဲကအစ သိခ်င္ေနတယ္။ သူေရ႔ွက ဘာေတြေျပာထားလည္း မမွတ္မိေတာ့ဘူးလား။

"ေျပာစရာလား သိပ္စြက္ဖက္တယ္ မင္းေျပာထားတာေမ့ေနၿပီလား"

"ဟြန႔္ မေမ့ပါဘူး ခင္ဗ်ားအေၾကာင္းလည္း မသိခ်င္ဘူး အိပ္ခ်ိန္မအိပ္လို႔ လိုက္ေျပာေနရတာ ေျပာခ်င္လြန္းလို႔ေတာ့မဟုတ္ဘူး။"

မွန္တင္ခံုဘက္သြားလိုက္ၿပီး အဝတ္လဲတုန္းက က်န္ေနေသးတဲ့ ၾကယ္သီးတစ္လံုးကို တပ္ကာ ‌ျပန္ေျပာလိုက္သည္။

"ကိုယ္ကလည္း မင္းကို အမူးေျပတိုက္ဖို႔ေစာင့္ေနတာ"

မေက်နပ္ဖြယ္ ေျပာရင္း ခန႔္စင္က နာရီကို အသာလွၫ့္လိုက္ကာ ဆက္ေျပာလာျပန္သည္။

"အခ်ိန္လည္းၾကၫ့္ဦး နာရီဝက္‌ေလာက္ေတာင္ ခ်ိဳးလိုက္ရလား မၾကာနဲ႔ေျပာတာ နားမေထာင္ဘူး မင္းက ကိုယ့္......"

ထိုအခါ လင္းထက္က ခန႔္စင္အနားအသာသြားလိုက္ၿပီး စိတ္ရႈပ္ဟန္ျဖင့္

"ပြစိပြစိ လုပ္မေနနဲ႔ ေပး ဘယ္မွာလဲ ေသာက္ၿပီး အိပ္မယ္"

ခန္႔စင္လည္း စားပြဲက ခြက္ကို ကမ္းေပးလိုက္သည္။

"အင္း ခင္ဗ်ား ေက်းဇူးပဲ "

ကမ္းေပးၿပီးတာနဲ႔ ခ်က္ခ်င္း ေရခ်ိဳးခန္းထဲ မ်က္ႏွာတည္ႏွင့္ ဝင္သြားသၫ့္ ဟိုလူ။

"ဟက္ ခ်စ္ဖို႔ေကာင္းတယ္"

ခန႔္စင္ကို လိုက္ၾကၫ့္ရင္း တစ္ကိုယ္တည္းၾကားရံု ခပ္ျမဴးျမဴးေျပာလိုက္သၫ့္လင္းထက္။

ဒါေပမယ့္ ဘယ္သူ႔အေၾကာင္းေတြးေနတာလဲ။ က်စ္ သူ႔ဟာ သူဘယ္သူ႔အေၾကာင္းေတြးေတြး ငါနဲ႔ကို မဆိုင္တာ။

.........................................................................

ဒီေန့က လင္းထက္ကို ကုမၸဏီလႊဲအပ္တဲ့ပြဲလုပ္သၫ့္ေန့ျဖစ္သည္။ ပြဲထဲတြင္ သတင္း‌ေထာက္တြင္အပါအဝင္ လူေတာ္ေတာ္မ်ားမ်ားေရာက္ေနၾကၿပီ။

"ႂကြေရာက္လာၾကေသာ ဂုဏ္သေရရိွလူႀကီးမင္းမ်ားအားလံုးပဲ မဂၤလာညေနခင္းေလးပါ ပထမဆံုးအေနနဲ႔ အခုလို ႂကြေရာက္လာေပးၾကတဲ့အတြက္ ေက်းဇူးတင္ပါတယ္ခင္ဗ်"

"ဒီေန့ပြဲေလးကေတာ့  ကြၽန္ေတာ့္ရဲ့သားငယ္ေလးကို ကုမၸဏီ လႊဲေျပာင္းအပ္ေတာ့မယ့္ ပြဲေလးပဲျဖစ္ပါတယ္ ကြၽန္ေတာ္ရဲ့ သားေလးကို ႀကိဳဆိုေပးၾကပါဦး"

ဦး‌ေက်ာ္ထက္လြင္က ေျပာလ်က္ လင္းထက္ကို လာဖို႔ေခၚလိုက္သည္။ လင္းထက္လည္း မိတ္ဆက္ စကားေတြေျပာၿပီးေနာက္ ပြဲကို စတင္လိုက္ၾကသည္။ ဒီလိုနဲ႔ ပြဲစတင္ၿပီး နည္းနည္းၾကာေတာ့

အဘိုးကလည္း မိတ္ေဆြေတြနဲ႔စကားေတြေျပာေနၿပီး အဘိုးရဲ့ အနားမွာေတာ့ အစ္မ ရိွသည္။ ဒီလိုနဲ႔ အသီးသီး စကားေျပာေနၾကသည္။ ကြၽန္ေတာ္ အပါအဝင္ေပါ့ လင္းထက္ကေတာ့ သတင္းေထာက္ေတြနဲ႔ စကားေျပာေနသည္။

"ဟုတ္ကဲ့ တစ္ျခား ေမးခ်င္တာေတြမ်ားရိွေသးလား မသိဘူးခင္ဗ်"

"ကိုလင္းထက္ေနေသာ္ ကို ေမးခ်င္တာတစ္ခု က်န္ပါေသးတယ္ရွင့္"

"ဟုတ္ကဲ့ခင္‌ဗ်"

"အခ်စ္ေရးေလးပါ ၾကားထဲမွာလည္း တစ္ေယာက္ေယာက္ရိွတယ္ ဆိုတဲ့ သတင္းေလးေတြလည္း ထြက္ေနတယ္ပါတယ္ အဲ့ဒါေလးနဲ႔ ပတ္သက္ၿပီး ‌‌တိတိက်က်ေျပာေပးႏိုင္မလားရွင့္"

"ဟုတ္ကဲ့ ကြၽန္ေတာ့္မွာ သက္ဆိုင္သူရိွပါတယ္"

"ဘယ္သူလဲဆိုတာေရာ ေျပာျပေပးႏိုင္မလားရွင့္"

"ဟုတ္ကဲ့ CEO ခန႔္စင္ေသာ္ႏိုင္က ကြၽန္ေတာ့္ရဲ့ သက္ဆိုင္သူ အမ်ိဳးသားပါ ခင္ဗ်"

ခန႔္စင္ ကို ၾကၫ့္၍ ၿပံဳးလ်က္ ရႊင္ျမဴးေနေသာ မ်က္ဝန္းမ်ားႏွင့္ ေျပာလာသၫ့္ လင္းထက္ ကို ခန႔္စင္ကေတာ့ သူ႔ကို ရုတ္တရက္ ၿပံဳးျပလာလို႔ ေၾကာင္သြားၿပီး အသာျပန္ၿပံဳးျပလိုက္သည္။

သတင္းေထာက္ေတြက အေနာက္သို႔ လွၫ့္ၾကၫ့္လာၾကသည္။ ခန႔္စင္ကေတာ့ ‌ဘာျဖစ္လို႔လဲဟူသၫ့္ အေတြးေတြနဲ႔သာ။

"အိုး ႏွစ္ေယာက္သား အရမ္းလိုက္ဖက္တာပဲ ႏွစ္ေယာက္ အတူတူ ဓာတ္ပံုရိုက္လို႔ရမလားခင္ဗ်"

သတင္းေထာက္တစ္ေယာက္ ကေျပာေတာ့ လင္းထက္လည္း ရပါတယ္ေျပာ၍ ခန႔္စင္ အနားေလ်ွာက္သြားလိုက္သည္။ ေနာက္ နီးနီးကပ္ကပ္ျဖင့္

"ကြၽန္ေတာ္တို႔ ႏွစ္‌‌ေယာက္ကို ဓာတ္ပံုရိုက္မလို႔တဲ့"

ေျပာလ်က္ ခန႔္စင္၏ ခါးေလးကို အသာဖက္၍ သူ႔အနား ဆြဲကပ္လိုက္သည္။

"အိုး ရိုက္ၿပီေနာ္"

"အၿပံဳးေတြက ခ်ိဳၿမိန္ေနတာပဲရွင့္"

"ေနာက္ထပ္ တစ္မ်ိဳးေလာက္"

သတင္းေထာက္ တစ္ေယာက္က ေျပာလိုက္ေတာ့ လင္းထက္က ခန႔္စင္ ခါးေပၚရိွလက္ကို ပခံုးကိုေျပာင္းဖက္၍

"ဒီကို ၾကၫ့္"

လင္းထက္က ေျပာလာေတာ့ အသာ ေမာ့ၾကၫ့္မိသြားၿပီး လင္းထက္၏ ခ်ိဳၿမိန္ေနေသာ အၿပံဳး၊ ေပ်ာ္ျမဴးေနေသာ မ်က္ဝန္းတို႔ႏွင့္ဆံုသည္။ အျဖစ္အပ်က္ေတြက ျမန္ဆန္လြန္းေနလို႔ လိုက္လို႔မမွီျဖစ္ေနစဉ္မွာပဲ လင္းထက္ကို ျပန္ၿပံဳးျပမိသြားသည္။ ကိုယ္ တျဖည္းျဖည္း ယိမ္းယိုင္ေနၿပီထင္တယ္ လင္းထက္။

ပြဲရိွလူေတြရဲ့ အာရံုက ထိုေကာင္ေလးႏွစ္‌ေယာက္ဆီကိုသာ‌ေရာက္ရိွလာၾကသည္။ သေဘာက်ေနသဖြယ္ အၾကၫ့္တို႔လည္းရိွသလို သေဘာမက်ေနေသာ အၾကၫ့္တို႔သည္လည္းရိွေနပါသည္။

သတင္းေထာက္တို႔သည္လည္း ထို ခ်စ္စဖြယ္ပံုရိပ္ေလးကို အမိအရ မွတ္တမ္းယူေနၾကသည္ပင္။

ဓာတ္ပံုရိုက္ၿပီးေတာ့ သတင္းေထာက္ေတြက သူတို႔ႏွစ္ေယာက္နဲ႔ ပတ္သက္ၿပီး ဆက္ေမးၾကသည္။ ဒါနဲ႔ေျဖျဖစ္ၾကၿပီး ေနာက္ေတာ့ အသိမိတ္ေဆြေတြနဲ႔ စကားသြားေျပာၾကသည္။ အင္း လင္းထက္က စီးပြားေရးတြင္ေျခဆန႔္ေနၿပီပင္။ လုပ္လိုက္တဲ့ ပေရာဂ်က္တိုင္းက ေအာင္ျမင္‌သည္။ လူအမ်ားက တကယ့္ကို စေတြ့တုန္းကလို အထင္မေသးရဲၾကေတာ့ေပ။ အခုဆို ကုမၸဏီ မ်ားစြာကို ဦးစီးရေတာ့မည္။ ေသခ်ာေပါက္ ဒီေကာင္ေလး လုပ္ႏိုင္မွာ။

စီးပြားေရးပါတနာေတြနဲ႔ စကားေျပာေနသၫ့္ လင္းထက္ကို အသာၾကၫ့္ေနမိသည္။ ညာဘက္ေဘာင္းဘီ အိတ္ထဲ လက္ထၫ့္ထားသည္။ ဘယ္ဘက္ကေတာ့ ဝိုင္ခြက္ကို အသာလွည့္‌ကာ စကားေျပာေနသည့္ လင္းထက္ရဲ့ပံုစံဟာ အၾကၫ့္မခြာခ်င္ေလာက္ေအာင္ ဆြဲေဆာင္မႈရိွလြန္းေနသည္ပင္။ ေနာက္  ရုတ္တရက္ လင္းထက္အနားေရာက္လာသၫ့္ မသဇင္ႏိႈင္းမဝ။ ခုနက ေျပာေနသၫ့္ သူေတြကေတာ့ ႏႈတ္ဆက္ၿပီး အျခားတစ္ဖက္ကို ထြက္သြားၾကသည္။

မသဇင္ႏိႈင္းမဝ နဲ႔ လင္းထက္ စကားေျပာေနၾကသည္။ တစ္ခါတစ္ခါ လင္းထက္က အသာၿပံဳးတတ္ေသးသည္။ အခုလိုျမင္ေနရသည္မွာ တကယ္အဆင္မေျပလွပါ။ ရင္ထဲမွာခံစားေနရသည္က နာက်င္ေနသလို။

ထိုမိန္းကေလး၏ အၾကၫ့္ေတြက အျပဳအမူ‌ေတြဟာ မတူေပ။ လင္းထက္နဲ႔ရိွေနလ်ွင္ တစ္မ်ိဳးျဖစ္သလို  မရိွေနလ်ွင္တစ္မ်ိဳးျဖစ္သည္။ လင္းထက္ရဲ့ အလုပ္ကို သြားတုန္းက အမွတ္မထင္ ထိုမိန္းကေလးဟာ လင္းထက္ကို ၿပံဳးလ်က္ ေသခ်ာေငးစိုက္ၾကၫ့္ေနသည္ကို ေတြ့လိုက္ရသည္။ ထိုအၾကၫ့္ေတြ အၿပံဳးေတြဟာ အဓိပၸာယ္တစ္မ်ိဳးမ်ိဳးပါဝင္ေနသဖြယ္။ ထိုအရာကို လင္းထက္က ေက်ာခိုင္းထား၍ မေတြ့ခဲ့ေပ။ ထိုသို႔ေသာ ထိုမိန္းကေလး၏ အဓိပၸာယ္တစ္မ်ိဳးမ်ိဳးပါဝင္ေနသၫ့္ အျပဳအမူေတြကို ေတြ့မိေနသည္မွာ ၁ ခါတည္းမဟုတ္ေတာ့ေပ ၃ ခါေလာက္ရိွေနသည္ပင္။

အခုလည္း လင္းထက္ဟာ သူမအနားက ထြက္သြားတာ မိနစ္အနည္းငယ္မ်ွရိွၿပီး ခပ္လွမ္းလွမ္းမွာ အဘိုးနဲ႔ စကားေျပာေနသၫ့္တိုင္ ‌ႏႈတ္ခမ္းေတြကိုၿပံဳးထားလ်က္ ေငးစိုက္ၾကၫ့္ေနသည္ပင္။ ထိုအရာကို

You are reading the story above: TeenFic.Net