အပိုင်း(8)🖤

Background color
Font
Font size
Line height

အလုံပိတ်နေတဲ့အခန်းနဲ့သံကြိုးတွေရဲ့တစ်ချွင်"အသံကရှောင်ကျန့်အတွက်နေသားတောင်ကြာနေခဲ့လေပြီ။သူတစ်ခါလေးထွက်ပြေးလိုက်ကတည်းကဝမ်ရိပေါ်ကသူ့ကိုသံကြိုးတွေနဲ့ချည်ထားသည်မှာ(4)နှစ်ပင်ရှည်ကြာလှသည်။

ရှောင်ကျန့်ထမင်းမစားသည်နှင့်ရွံစရာကောင်းအောင်နှုတ်ခမ်းချင်းမွတ်သိပ်စွာနမ်းပြီးကျွေးတဲ့ဝမ်သခင်လေး​ကြောင့်ဘယ်တော့မှမငြင်းဆန်ရဲ။မထင်ရင်မထင်သလိုတစ်ကိုယ်လုံးကိုပွတ်သတ်ပြီး

"18နှစ်ပြည့်ရင်တော့အိပ်ရာပေါ်ကနေမထနိုင်စေရဘူး"

အဓိပ္ပါယ်ပါပါ၊ခြိမ်းခြောက်မှုတစ်စွန်းတစ်စပါဝင်တဲ့ဝမ်သခင်လေးရဲ့စကားကသူ့နားထဲမှာတစ်ဝဲလည်လည်။ဘာတွေဘယ်လိုလုပ်မယ်မှန်းမသိပေမဲ့ကြောက်စရာကောင်းမယ်ဆိုတာတော့အသေအချာ။

အပြင်လောကရဲ့လတ်ဆတ်တဲ့လေညှင်းလေးတွေကော၊မိုးရွာပြီးတိုင်းရလေ့ရှိတဲ့မြေသင့်နံ့သင်းသင်းလေးတွေကိုကောလွမ်းလွန်းလှပေသည်။လုပ်လက်စချည်ထိုးခြင်းကိုရပ်တန့်လိုက်ပြီးည(8:00)ဆိုရင်အိပ်ရာဝင်ရမယ်ဆိုတဲ့အမိန့်အတိုင်းအိပ်လိုက်တော့သည်။

သူ့ရဲ့ဉီးနှောက်ကတော့ဝမ်သခင်လေးရဲ့အမိန့်ကိုမနာခံသင့်ဘူးလို့ပြောပြနေခဲ့ပေမဲ့နှလုံးသားရဲ့စေလိုရာအတိုင်းသူကလုပ်ဆောင်ပြီးနှင့်နေခဲ့လေပြီ။

အိပ်ရာထချိန်ရောက်နေပြီဖြစ်ကြောင်းဝမ်သခင်လေးလုပ်ပေးထားတဲ့နှိုးစက်သံကတစ်တီတီမြည်လာတာမို့ရှောင်ကျန့်ဝှားခနဲသမ်းဝေလိုက်ပြီးငူငူလေးထထိုင်လိုက်သည်။နှိုးစက်နှိုးသံကိုကြည့်လိုက်တောမနက်3:45မိနစ်။ဝမ်သခင်လေးကသူ့ရဲ့ထချိန်ကို8:00ထိုးသတ်မှတ်ထားသည်ကိုယခုတော့ကွဲပြားစွာနှိုးစက်ကတစ်တီတီမြည်သည်မို့ပြန်အိပ်ရမလား၊ထရမလားဝေခွဲရခက်နေခဲ့သည်။

သက်ပြင်းအသာချလိုက်ပြီးထိုးလက်စချည်ကိုပြန်ထိုးနေချိန်အချိန်မည်မျှကြာသွားသည်လည်းပင်မသိခဲ့။ယခုထိသွားတိုက်၊မျက်နှာမသစ်ရသေးတာမို့ထမယ်ကြံချိန်ကျွီခနဲပွင့်လာတဲ့တံခါးကြောင့်ငယ်ထိပ်တည့်တည့်​မြွေပေါက်ခံရသလို။

တစ်လှမ်းချင်းဝမ်သခင်လေးကလျှောက်လှမ်းလာလေသူ့ရဲ့နှလုံးသားကကြောက်ရွံလွန်းလို့ရင်ခုန်သံကတစ်ဒိမ်းဒိမ်း။ဝမ်သခင်လေးရဲ့အမိန့်ကိုသူတစ်ချက်အာခံမိသည်နှင့်ပေးဆပ်ရတဲ့အပြစ်ကနည်းနည်းနောနောမဟုတ်။

"အစောရီးဘာထလုပ်တာ...အခုပြန်အိပ်!"

သူ့ရဲ့တစ်ကိုယ်လုံးကိုစူးစိုက်ကြည့်ရင်းအမိန့်ပေးလာတဲ့ဝမ်သခင်လေးကြောင့်အတုန်အတုန်အယင်ယင်နဲ့အိပ်ရာပေါ်ပြန်တက်ရသည်။အိပ်ချင်စိတ်နည်း"လေးမှမရှိတော့ပေမဲ့ဝမ်သခင်လေးရဲ့အမိန့်ကိုမလွန်ဆန်ရဲတာမို့မျက်လုံးတွေကိုမှိတ်ချလိုက်တယ်။ရှောင်ကျန့်မသိသည်ကဝမ်ရိပေါ်ကထိုအချိန်မှန်မမြည်တဲ့နှိုးစက်ကိုတစ်စစီဖြစ်အောင်ကြိတ်စက်ထဲထည့်လိုက်တယ်ဆိုတာပင်။

မျက်လုံးမှိတ်ရင်း"နဲ့အိပ်ပျော်သွားခဲ့ပြီးယခုမှနိုးလာခဲ့သည်။ပွယောင်းနေတဲ့ဆံပင်ထိုးထိုးထောင်ထောင်နဲ့မျက်စိအတင်းဖွင့်ပြီးထိုင်နေချိန်မှာရုတ်တရတ်လူတစ်ယောက်ကသူ့ကိုကြည့်နေသည်လို့ခံစားရတာကြောင့်လှည့်ကြည့်လိုက်တော့ဝမ်သခင်လေးဆိုသည့်လူ။

"ချည်ထိုးတာတွေမလုပ်ရဘူး!"

ဝမ်သခင်လေးရဲ့စကားကြောင့်ရှောင်ကျန့်မုန့်လုခံရတဲ့ခလေးလိုငိုချလိုက်ချင်သည်။နှုတ်ခမ်းကိုအသာဖိကိုက်လိုက်ပြီးခေါင်းညိမ့်လိုက်တော့

"ပါးစပ်နဲ့ပြော"

"ဟုတ်ကဲ့..ချည်မထိုးတော့ပါဘူး"

"ခနနေနွားနို့လာပို့မယ်...မျက်နှာသစ်ထား"

"ဒါ...ဒါပေမဲ့"

တစ်နေ့ကိုနွားနို့တစ်ဘူးနေ့တိုင်းသောက်နေရတာမို့ရှောင်ကျန့်မုန်းနေလေခဲ့ပြီ။သို့သော်ဝမ်သခင်လေးရဲ့အကြည့်စူးစူးကြောင့်သူဆက်မငြင်းရဲ။ဝမ်သခင်လေးထွက်သွားပြီဆိုမှသာအားးခနဲအော်ချလိုက်ပြီးဘာချည်လုံးမှမရှိတော့တဲ့ခြင်းတောင်းလေးကိုတွေတွေလေးကြည့်ကာဝမ်းနည်းမှုတို့တစ်ဆို့လျက်။

မျက်တောင်ကိုတစ်ဖြတ်ဖြတ်ခတ်လိုက်ပြီးအိပ်ရာပေါ်ကနေအမြန်ထလိုက်ပြီးမျက်နှာသစ်လိုက်တယ်။သပတ်နဲ့မျက်နှာသုတ်နေတုန်းနွားနို့ကြိုချက်ပြီးသားရဲ့အနံကလှိုင်ခနဲရတာမို့မသောက်ချင်လည်းသောက်ရတော့မည်ဆိုတာသိလိုက်သည်။

ဝမ်သခင်လေးရဲ့အမိန့်ပေးသည့်အသံကိုမကြားချင်တော့ဟန်ဖြင့်ခွက်ထဲမှာရှိတဲ့နွားနို့တစ်ဘူးစာလုံးကိုမရပ်မနားသောက်ပေးလိုက်သည်။တစ်စက်မကျန်ပြောင်နေတဲ့ခွက်ကိုဗန်းပေါ်တင်ပေးလိုက်ပြီးအိပ်ရာပေါ်တက်ပြီးပြန်မျက်စိမှိတ်လိုက်တယ်။ဒီလောက်ဆိုဗန်းလေးကိုင်ပြီးပြန်လို့ရပြီမလားဝမ်သခင်လေး။

စာရေးဆရာလှိုင်းရတီသွင် #
အလုပ်ကပင်ပန်းနေလို့အိပ်ချင်နေပါတယ်...ဒီလောက်ပဲဖတ်နော်🥺


You are reading the story above: TeenFic.Net