9 (Unicode)

Background color
Font
Font size
Line height

ဖုန်းခေါ်လာသူရဲ့အသံကသိပ်တိုးလွန်းတာ
ကြောင့်သူဖုန်းကိုနားအနားသို့တိုးကပ်လိုက်
မိတယ်။ ဒါတောင်ခုထိဘာတစ်ခွန်းမှဆက်
ပြောမလာ ဖုန်းချရန်လုပ်လိုက်ကာမှ တစ်ဖက်က
ခပ်တိုးတိုးအသံထွက်ကျလာသည်။

"ကိုကို.. "

ထိုအသံကြောင့်ရှော့ရသွားကာ သူအေးဆေး
တည်ငြိမ်စွာပဲပြန်တုံ့ပြန်လိုက်သည်။

တစ်ဖက်လူရဲ့ဇွဲကောင်းတာလားစွဲလမ်းမှုလား
တော့သူမသိပေမဲ့ ဂရုဏာစိတ်တို့ အနည်းငယ်
ကျန်၍ သူကောင်းကောင်းမွန်မွန် တုံ့ပြန်ရန်ပဲ
တွေးလိုက်သည်။

အရင်ထဲကခန့်ညားသစ်လွင်ဆိုတဲ့သူက တစ်ဖက်
သားကိုသနားကြင်နာစိတ်ရှိပြီးသားမလား.. ။

"အင်း... ပြောလေ.. "

"ကိုကို... ပြန်ရောက်နေပြီဆို.. ကျွန်တော်တို့
တွေ့ကြရအောင်လေ... "

တစ်ဖက်ကမရဲတရဲပြောနေတဲ့အသံကသူ့အတွက်တော့စိတ်ရှုပ်ထွေးမှုနှင့်အားနာမှုဆိုသော အရာကလွဲရင်ဘာကိုမျှမခံစားရ။

ဆေးလိပ်ငွေ့ကိုအသာမှုတ်ထုတ်လိုက်ရင်းလ
သာဆောင်ဘက်သို့လမ်းလျှောက်ခဲ့လိုက်သည်။
အပြင်ဘက်မှာမှောင်နေပြီဆိုပေမဲ့ အခန်းရဲ့မီး
ကြောင့်လင်းထင်းနေသည်။

"ကိုယ်ပြောပြီးပြီလေ ဇမ်ရဲ့.. ကိုယ်တို့ကြားက
ပတ်သတ်မှုကသာမန်ထက်မပိုပါဘူးလို့.. "

"ကျွန်တော်အဲ့လိုမထင်ဘူး.. အခြားသူတွေထက်
စာရင်အချိန်အကြာကြီးအတူရှိခဲ့တယ်လေ
ဟုတ်တယ်မလား.. ဘာကြောင့်ခုမှ ပြောင်းလဲ
သွားရတာလဲဗျာကျွန်တော်ခင်ဗျားကို အပျော်အ
ပျက်မှမဟုတ်ခဲ့တာ "

"ကိုယ်ကတော့ပျော်ချင်လို့လုပ်ခဲ့တာ.. "

တစ်ဖက်ကရှိုက်သံတစ်ချက်ထွက်လာတာကြောင့်
သူစကားကိုဒီမှာပဲ ရပ်ပစ်လိုက်ချင်သည်။
ဒီထက်ဆက်ပြောရင် တစ်ဖက်လူနာကျင်မှာကို
သူစိုးရိမ်သည်။

သို့ပေမဲ့လဲဆက်မပြောလို့ကမဖြစ်သည်မို့

"ကိုယ်အရင်ထဲကရှင်းရှင်းလင်းလင်း ဇမ့်ကို
ပြောခဲ့တယ်လေ... ကိုယ်ဒီလိုပဲနေလာခဲ့တာ
မျှော်လင့်ချက်တွေမပေးခဲ့မိဘူးထင်ပါတယ်
ဇမ့်အပေါ်ကိုမှ မဟုတ်ဘူး.. ကိုယ်ပတ်သတ်ခဲ့
သမျှလူတိုင်းအပေါ်မှာ ကိုယ်ကဒီလိုမျိုးပဲ သိရဲ့
သားနဲ့မင်းဘာလို့နားမလည်ချင်ရတာလဲကွာ.. "

"အနည်းဆုံးတော့ ကျွန်တော်နဲ့အချိန်အကြာကြီး
ပိုရှိခဲ့တယ်လေ...ဒါကြောင့်.. အဲ့ဒါကြောင့်
ကျွန်တော်တို့ အရင်တ်ိုင်းပဲပြန်နေကြရအောင်
လားဗျာ..နော်..ကိုကိုလိုချင်ရင်အချိန်မရွေး.. "

"ဇမ်.. ကိုယ်ကမင်းကိုငြင်းဆန်နေတာ အဲ့တစ်ခု
ထဲကြောင့်လို့ မင်းထင်နေတာလား.. !"

"ဒါပေမဲ့ ကျွန်တော်ရှိချင်တယ်.. ခင်ဗျားအနားမှာဘယ်လိုဘယ်ပုံနဲ့ပဲ ကပ်တွယ်ရ တွယ်ရ ကျွန်တော်
ရှိချင်တယ်ကျေးဇူးပြုပြီး နေကြရအောင်ပါနော်.. ကျွန်တော်ဒီနှစ်တွေအတွင်း ခင်ဗျားအနားမှာ ဘယ်လောက်ထိကပ်တွယ်နေမှ ဖြစ်မှာလဲ..
အဲ့ဒါက အချိန်ဘယ်လောက်ပဲ ဖြစ်ဖြစ်
ကျွန်တော် လုပ်နိုင်တယ်.. "

"မဟုတ်သေးဘူး... ကိုကို့မှာ ချစ်မိနေတဲ့သူရှိနေ
ပြီအဲ့ဒီထဲကကိုက်ို့မှာရှိတဲ့ဇယားမှန်သမျှဖယ်ချခဲ့
တာပဲ ဇမ့်တစ်ယောက်တည်းကိုမှမဟုတ်ဘူး..
ကိုယ်ကအဲ့လိုလူမျိူးပဲ မင်းသိသားနဲ့ ဇွတ်မတိုးချင်
နဲ့တော့.. "

"ကျွန်တော်လဲကိုကို့ ကိုချစ်တယ်လေ.. ကျွန်တော်
ကလဲချစ်မိနေတဲ့သူပဲ. . ဘာကြောင့် ကျွန်တော့်မှ
မဖြစ်ရတာလဲအဲ့ဒီတစ်ယောက်က ကျွန်တော့်ထက်အများကြီးပိုကောင်းနေခဲ့လို့လား.. "

တစ်ဖက်ကဗလုံးဗထွေးနဲ့ရှိုက်သံတွေကြား
သူဘာဆက်ပြောရမည်မသိတော့... သူ့ထက်
အများကြီးပိုကောင်းလို့လားဆိုတဲ့အဖြေကိုတော့
သူပေးလိုက်ချင်သည်။

"ကိုယ်မသိဘူး.. မင်းထက်အများကြီးမကောင်း
ရင်လဲ........."

ခဏတော့တုံ့ဆိုင်းနေပြီးမှသူတည်တည်ငြိမ်ငြိမ်
ပဲ ဆက်ဖြေလိုက်သည်။

"ကိုယ်သူ့ကိုတကယ်ချစ်သွားလို့ပါ.. "

သူ့လိုမျိုးရင့်ကျက်သင့်တဲ့အသက်အရွယ်အပိုင်း
အခြားရောက်နေပြီဖြစ်တဲ့လူက တစ်ယောက်
ယောက်ကိုချစ်မိကြောင်းပြောရတာ နည်းနည်း
တော့ ရှက်စရာကောင်းတယ်ဟုခံစားရသည်။

အသံတိတ်နေတာကြောင့် ခန့်ညား
ကပဲ ထပ်ဖြည့်ကာ ပြောလိုက်သည်။

"ဝါသနာပါတဲ့ ပုံတွေကိုဆွဲရင်း ဘဝကိုကောင်း
ကောင်းရှင်သန် အချစ်ဆိုတာဘဝရဲ့အစိတ်အပို
င်းထဲကတစ်ခုပဲဇမ်ရဲ့ မရူးမိုက်နဲ့တော့ ကိုယ့်ထက်ကောင်းတဲ့လူတစ်ယောက်ကတော့ မင်းဘေးမှာရှိ
နေလောက်မှာပါ..အခုလိုမျိုးတွယ်ကပ်နေတာက
ကိုယ်လဲစိတ်အနှောက်အယှက်ဖြစ်ရတယ်
မင်းရော စိတ်ချမ်းသာရလို့လား... "

". ... "

အရမ်းတိတ်ဆိတ်လွန်းနေတာကြောင့် ခန့်ညား
ဘာဆက်ပြောရမည်မသိတော့..။

အသက်ကိုခပ်ပြင်းပြင်းရှုသွင်းလိုက်ရင်း နှာတစ်
ချက်ရှုပ်ကာ တစ်ဖက်ကပြောလာတဲ့အေးစက်စ
က်လေသံက ဖုန်းလိုင်းထဲ ပုံမှန်ထက်တည်
ငြိမ်နေ၏။

"အဲ့ဒီတစ်ယောက်မလား.. ?ခင်ဗျားဘေးနားမှာ
ဒီနှစ်တွေအတွင်း တောက်တဲ့လိုကပ်နေတဲ့ ခင်ဗျား
ရဲ့အတွင်းရေးမှူးသစ်လေး.."

ခန့်ညား စုပ်သပ်ကာ မျက်မှောင်တွေကိုကြုတ်
ထားရာကနေပြန်ဖြည်လိုက်ရင်း လေသံကိုအန
ည်းငယ်မြင့်၍ပြောလိုက်သည်။

တချို့သော အရာတွေကအလျော့ပေးအလိုလိုက်ဖို့
မကောင်းဘူးပဲ တင်းသင့်တဲ့နေရာတင်း လျော့သင့်
တဲ့နေရာလျော့တက်ရမှာအမှန်ပင်။

"ကိုယ့်မှာ အဲ့အကြောင်းနဲ့ပတ်သတ်ပြီး မင်းနဲ့ဆွေး
နွေးစရာဘာအကန့်မှမရှိဘူး.  .. ပြီးတော့ဇမ်. .
မင်းပြောနေတဲ့လေသံကို ကိုယ်သိတယ် အားမလိုအားမရဖြစ်နေတယ်ဆို ကိုယ့်ကိုယ်ကိုသာအပြစ်တင်လိုက် မဆိုင်တဲ့သူကိုတော့ မင်းခနဲ့သလို
ရွဲ့သလိုဆွဲမထည့်နဲ့.. "

"ကိုကိုကတကယ်ကြီး အထိမခံနိုင်ဖြစ်နေတာပဲ
ကျွန်တော်တစ်ခါလောက် ထိကြည့်ဖို့ကြိုးစားရင်
ရောဘယ်လိုလဲ..?"

"ဇမ္မူမင်းလွင်.. !"

ခန့်ညားသစ်လွင်ဘဝမှာ ပထမဆုံးရမိသောနောင်
တပင်အရင်ထဲကရှင်းရှင်းလင်းလင်းပြောထား
သော ဆက်ဆံရေးဖြစ်ပါလျက် ကောင်လေးကတွယ်ကပ်သည်။

ဒီလိုနဲ့ခန့်ညားနဲ့အနေကြာစွာ တစ်ကုတင်ထဲအချိန်
တစ်နှစ်နီးပါးကုန်ဆုံးခဲ့သူသည် ဇမ္မူမင်းလွင်ဆို
သောအနှီကောင်လေးသာ ဖြစ်တော့သည်။

ခန့်ညားဘဝမှာချစ်ရသူရှိခဲ့ဖူးပေမဲ့ အချစ်ကိုအခု
လိုမျိုးရုပ်ပျက်ဆင်းပျက်ထိတော့မရူးမိုက်ဖူးပေ။

စိတ်ကူးယဥ်အချစ်ဇာတ်လမ်းတွေကလက်တွေ့မှာ
ထင်သလောက်ပျော်စရာမကောင်း။

အဲ့ဒါက ကောင်လေးသူ့ဘဝထဲကို မရောက်ခင်ထိ
ပဲဖြစ်နိုင်သည်။ ဇမ် အခုလိုသူ့အပေါ်ဖြစ်နေတဲ့
ခံစားချက်တွေကိုပျောက်သွားနိုင်ဖို့ကအချိန်တစ်
ခုသာ လိုမည်ဖြစ်သည်။

အဲ့ဒီ့အတွက်ဒီကောင်လေးကို သူဥပေက္ခာပြုပြီး
အဆက်အသွယ်ထပ်လုပ်လာမှာကို လက်မခံဖို့
သာတက်နိုင်တော့သည်။

"ကိုယ့်မှာဘာမှပြောစရာမရှိသလို မင်းနဲ့ဆက်
ပြောနေစရာအကြောင်းလဲမရှိတော့ဘူး..
နောက်လဲ ထပ်မပတ်သတ်ဖို့တောင်းဆိုတယ်.. "

ခန့်ညားဖုန်းကိုချက်ချင်းချလိုက်ရင်း ဝရံတာလက်
တန်းကိုကိုင်ကာ မျက်နှာကိုအပေါ်သို့ပင့်မော့ရင်း အသက်ကိုဝဝရှူလိုက်သည်။

သူ့စိတ်တွေငြိမ်းအေးဖို့တစ်စုံတစ်ယောက်ကို
အသည်းအသန်လိုအပ်နေပြီ ဖြစ်သည်။ထိုတစ်
စုံတစ်ယောက်ကလဲ သူချစ်ရတဲ့ထိုကောင်လေး
သာဖြစ်သည်။

တီ ခနဲကျသွားတဲ့ဖုန်းသံနဲ့အတူတစ်ဖက်က
ကောင်လေးမှာလဲခေါင်းငိုက်စိုက်ချကာငိုနေ
မိသည်။ သူသွားနေကြBarလဲဖြစ်ရာVip
အခန်းထဲတွင်တော့ သူတစ်ယောက်တည်းသာ
ရှိသည်။

အိပ်ရေးပျက်ညတွေများတာကြောင့် မျက်ဝန်း
တို့ကဖျော့တော့နေသည်။ အဖြူရောင်မကျသ
လိုခဲရောင်ဘက်အရမ်းမသွားသော စုတ်ဖွာနေ
တဲ့ခပ်အုပ်အုပ်ဆံပင်တွေကိုလက်ဖဝါးနှစ်ဖက်
ဖြင့်ဆွဲစုပ်ကာ ထိုအခန်းထဲရှိဆိုဖာပေါ်လှဲချပစ်
လိုက်သည်။ မျက်စိရှေ့မြင်နေရတဲ့ စားပွဲခုံပေါ်
တင်ထားသော ဘီယာဘူးခွံအလွတ်များမှာလဲ
အစီအရီပြန့်ကျဲလျက်ရှိသည်။

ပခုံးလေးနှစ်ဖက်က တသိမ့်သိမ့်တုန်လာရင်း
စိတ်ကိုလျှော့ချကာနောက်ဆုံးမှာတော့ အသံ
ထွက်ကာငိုကြွေးခွင့်ပြုလိုက်သည်။ ယောကျာ်း
လေးဖြစ်ပေမဲ့လဲ အထိခိုက်မခံနိုင်စွာ အခြား
ယောကျ်ားတစ်ယောက်အတွက်နဲ့ မျက်ရည်တွေ
တာကျိူးသလိုဇမ္မူငိုကြွေးနေမိ၏။

တချို့သောအရာတွေကအချိန်ကာလတစ်ခုအထိ
ကြာအောင်အတူရှိနေခဲ့လဲ နောက်ဆုံးမှာတော့
ဘာမှအသုံးမဝင်လာနိုင်ပါ။

တစ်စုံတစ်ယောက်ကသာ ကိုယ့်အပေါ်တကယ်
ချစ်နိုင်မချစ်နိုင်ဆိုသည်က အချိန်နှင့်ဘာမျှမ
သက်ဆိုင်ကြောင်း သူရင်နာစွာလက်ခံလိုက်ရ
သည်။ အရင်ထဲကဘာမျှော်လင့်ချက်မှသူ့
ကိုမပေးခဲ့တာသိပါလဲ အချိန်ကိုအားကိုးပြီး
အနည်းငယ်တော့မျှော်လင့်ခဲ့မိသည်။

ဒီဘဝမှာတော့သူကိုကို့အချစ်ကိုမရနိုင်တာသိ
ပေမဲ့လဲ နောက်ဆုတ်ဖို့ကသေရမှာလောက်ခက်နေသည်။

ပထမဆုံးသောအချစ်ဦးသည် နေဝင်ရင်ပျောက်
ကွယ်သွားတက်တဲ့အရိပ်ကလေးတစ်ခုအဖြစ်နဲ့
သာဘဝမှာထင်ကျန်ခဲ့သည်။

ပိုင်ဆိုင်ချင်တဲ့အတ္တတွေက ပိုကြီးလာတဲ့အခါ
သူကိုကို့ရဲ့ခံစားချက်တွေကိုအရေးစိုက်ပေး
တော့မှာမဟုတ်။

ဒီညတော့သူ့ခန္ဓာက်ိုယ်တစ်ခုလုံးအတွင်းရောအ
ပြင်ပါအေးစက်နေခဲ့သည်။အထူးသဖြင့်ထွေးပွေ့
ပေးမည့်သူမရှိတဲ့နှလုံးသားတစ်စုံသည် သာမန်
နေ့တွေထက် ပိုပြီးအေးစက်နေသည်။

✴ ✴ ✴ ✴ ✴ ✴ ✴ ✴ ✴ ✴ ✴ ✴ ✴

7/7/2021

You are reading the story above: TeenFic.Net