31(Zawgyi)

Background color
Font
Font size
Line height

"ဇမ်... ဧည့်သည်ရောက်နေတယ်.. မင်းနဲ့ဒီနေ့ချိန်းထားတာတဲ့... "

ကိုဝင်းနိုင်ရဲ့စကားကြောင့် ဇမ် ပုံဆွဲနေတာကိုရပ်လိုက်ရင်းမျက်မှန်ကိုချွတ်ကာလှမ်းပြောလိုက်သည်။ ကြည့်ရတာ
ဒီအပတ်တုန်းက ဆိုင်သစ်အတွက်logoအပ်ထားတဲ့တစ်ယောက်ဖြစ်နိုင်၏။ ပုံကြမ်းလဲပြီးသွားတာမို့ သူlaptopကိုကောက်ယူလိုက်ရင်း...

"ကျွန်တော် ခဏနေထွက်လာမှာမို့ တစ်ခုခုနဲ့ဧည့်ခံထား
လိုက် ကိုဝင်းနိုင်.... ".

"ဟုတ်ပြီ... သိပ်မစောင့်ရစေနဲ့ဦး... "

"အင်း... "

သူခေါင်းညိမ့်ပြလိုက်တော့ ကိုဝင်းနိုင်ကစိတ်ချသလိုအခန်း
ထဲကထွက်သွားသည်။ ပုံကြမ်းဆွဲထားတဲ့စာအုပ်တွေကိုပြန်လှန်လှောရှာရင်း နောက်တစ်ခါစိတ်ကျေနပ်မှုအပြည့်ရှိပြီဆိုမှ သူအလုပ်ခန်းထဲကထွက်လာလိုက်ပြီး ဆိုင်ခန်းအရှေ့သို့လျှောက်လာခဲ့လိုက်သည်။

သူလာရာဘက်ကနေမြင်နေရတဲ့ ဖြောင့်တန်းတဲ့ကျောပြင်အရောင်တောက်တောက်ကိုမှ ယောက်ကျာ်းလေးဖြစ်ပြီးSexyဆန်ဆန်အပွင့်အခက်တွေပါတဲ့ဒီဇိုင်းမျိုးကိုမှရွေးဝတ်တက်သူကို သူမမှတ်မိစရာအကြောင်းတော့မရှိနေ.. ။

"သြော်... ဟိုမှာမင်းတို့ရဲ့အားတစ်စံလေးလာပြီ.."

သူပြောတော့ ကိုဝင်းနိုင်ဘေးနားက ကောင်လေးတစ်ယောက်
နဲ့အတူ ထိုလူကပါ သူ့ကိုတပြိုင်ထဲကြည့်လာကြသည်။
နှုတ်ခမ်းတွေကွေးညွတ်ကာ အောင်နိုင်သူလိုပြုံးနေပုံက
နောက်တစ်ခါဆုံကြရအောင်ဆိုတဲ့စကားက အလကားသက်သက်ပြောခဲ့ခြင်း မဟုတ်မှန်း ဇမ် သဘောပေါက်လိုက်မိသည်။ ဇမ် ကလဲဒီလောက်လွယ်တဲ့သူမဟုတ်လို့ အခုလို
မျိုးလာချိုးလို့တော့ ရမယ်မထင်နဲ့... ။

"အားတစ်စံက အချောလေးပဲ.. နောင်. 
မင်းအသဲအသန်
ငါ့ကိုဒီမှာလာအပ်ဖို့ပြောနေတာရိုးရောရိုးရဲ့လား.. "

သူ့ဘေးနားသို့ကပ်ကာခပ်တိုးတိုးလေးစနောက်ပြောလာတဲ့
မြတ်သူကို နောင်စူးရှရှတစ်ချက်ကြည့်လိုက်ရင်း...

"ပုံအပ်ဖို့ပဲလာတာလေ... မင်းကသူချောလား မချောလားကြည့်နေသေးတာလား... "

"ဟမ်... ?!"

စပ်စပ်ထိမခံဖြစ်နေတဲ့ သူငယ်ချင်းကိုကြည့်ရင်း မြတ်သူအနည်းငယ်အံ့သြမှင်သက်သွားမိသည်။ သူကအရင်ထဲကအကွေးမို့ ထားပါတော့ ဒီကောင်ဆိုတာသူတို့ကျောင်းတုန်းထဲက ချောချောလှလှကောင်မလေးတွေကိုရွေးတွဲလာတဲ့တစ်သက်လုံးမကွေးပဲအဖြောင့်... အခုတော့ သူဒီကောင့်
ဆီကအနံ့တစ်မျိုးမျိုးခံစားမိနေသလိုပဲ...။

သူ့ကိုတွေ့လိုက်သည်နှင့်တည်တင်းသွားတဲ့မျက်နှာကြောင့်နောင်နှုတ်ခမ်းတွေတွန့်ကွေးလိုက်မိသည်။

"မင်းဖြစ်နေမယ်မထင်ထားဘူး... sorry ပါဒီအလုပ်ကိစ္စကိုလက်ခံဖို့အစီအစဉ်မရှိဘူး.. အဲ့ဒီအစားကိုဝင်းနိုင်အခုlogoအပ်ထားတဲ့ကိစ္စကို အခြားတစ်ယောက်ယောက်နဲ့လွှဲပေးလိုက်ပါ..ဒါဆိုကျွန်တော့်ကို ခွင့်ပြုပါဦး... "

သူခေါင်းညိမ့်ပြပြီးထွက်သွားတဲ့အချိန်မှာပဲ အနောက်ဘက်ကခြေသံပြင်းပြင်းနဲ့လျှောက်လာပြီးသူ့လက်ကိုဆွဲရမ်းကာနံရံဘက်သို့ဖိကပ်ရင်း အံကြိတ်မေးလာသူကို ဇမ် ပြန်ခုခံ
ဖို့အင်အားမလုံလောက်တာမို့ ငြိမ်နေလိုက်ရသည်။

"ခင်ဗျားကအခုလောက်ကလေးဆန်နေမှဖြစ်မှာလား..
ဒါကျွန်တော့်အလုပ်အတွက်မဟုတ်ဘူး... "

"မင်းဘယ်လိုအကြံအစည်နဲ့ရောက်လာလဲ ငါကဘယ်သိမလဲမင်းပါနေတယ်ဆိုထဲက ဒီအလုပ်အတွက်ငါတာဝန်မယူနိုင်
ဘူး.. အဲ့အတွက် နှစ်ဆဆိုလဲလျော်လိုက်မယ်... "

"ခင်ဗျား... !!!"

ခံပြင်းစိတ်ကြောင့် နံရံပေါ်ရှိပန်းချီကားချပ်အား နောင်
လက်သီးဖြင့်ထိုးချလိုက်မိရာ ရလဒ်အနေနဲ့ ပျက်စီးသွားတဲ့ နံရံထက်ကပန်းချီလေးကမြေပြင်ပေါ်သို့ပြုတ်ကျသွားရင်း အနားသတ်ဘောင်တွေပြုတ်ထွက်ကုန်သည်။

အခုထိကြောင်တောင်တောင်ကြည့်နေတဲ့ မြတ်သူနဲ့ကိုဝင်းနိုင်
ကယခုမှသတိရသွားသလို အနားပြေးလာရင်း သူ့လူကို့လူခွဲထုတ်လိုက်ကြသည်။

"ဇမ်.. ဘယ်လိုဖြစ်လို့လဲ...ဒီကောင်လေးနဲ့ဘာကိစ္စရှိလို့လဲ"

"ဟျောင့်... နောင်ရာ.. အားနာစရာကြီး.. လက်မခံရင်လဲရပါတယ်ကွာ... ငါလဲအဲ့လောက်အလျင်လိုနေတာမှမဟုတ်တာ...."

"မင်းတို့ချင်းသိနေကြတာလား.. ?ဇမ်.. ဘယ်လောက်
ပုဂ္ဂိုလ်ရေးအရအဆင်မပြေဘူးပြောပြော.. ဒါအလုပ်ကိစ္စ
ဆော့စရာမဟုတ်ဘူး.. "

တစ်ယောက်တစ်ခွန်းပြောဆိုနေကြသောစကားများကို
နားထဲမရောက်တော့ပဲ ဇမ် ထိုကောင်လေးရဲနီရဲနေတဲ့

လက်ဖဝါးကို ကြည့်လိုက်မိသည်။ ပန်းချီကမှန်ဘောင်
ခတ်ထားတာမို့ သူထိုးလိုက်တုန်းကအစိတ်စ်တ်အမွှာမွှာ
ပင်ဖြစ်သည်။ သူကအလုပ်ကိစ္စလက်မခံနိုင်ဘူးပဲပြောမိတာကို အခုလောက်ထိဒေါသကြီးသွားဖို့မလိုဘူးဟုထင်မိသည်။ တခါတလေ ဒီကောင်လေးကသူ့ရှေ့ရောက်ရောက်လာပြီး ဘာဖြစ်ချင်နေမှန်းကိုနားမလည်တော့ပေ။

"မင်းအရင်ကလဲအဲ့လိုမဟုတ်ပဲနဲ့
ဘယ်လောက်ပဲစိတ်ဆိုးစရာကိစ္စရှိရှိပေါ့...
အလုပ်နဲ့ကိုယ်ရေး
ကိုယ်တာကို ခွဲခြားတက်ရမယ်လေ.. မင်း"

ကိုဝင်းနိုင်စကားကိုကြားမှသူသတိချပ်မိတော့၏။ တကယ်ကို
သူပြောတာမှန်တာပဲ ဘာကိစ္စကြောင့် သူကအလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုမခွဲခြားနိုင်ရမှာလဲ...?

"ဟျောင့်... နောင်...နေဦးဟ...ငါ့ကိုစောင့်ဦး...!
အာ.... အကို ပျက်စီးသွားတဲ့တန်ဖိုးအတွက် ကျွန်တော်
လျော်ပေးပါမယ်နော်.. သူကဒေါသကြီးတက်တဲ့လူမျိုး
ဆိုပေမဲ့ မကောင်းတာမဟုတ်ပါဘူး... "

ဒေါသတကြီးခြေလှမ်းတွေနဲ့ထွက်သွားပြီဖြစ်တဲ့ထိုကောင်လေးနောက်ကပဲလိုက်ရမလို သူ့ကိုပဲတောင်းပန်ရမလိုနဲ့ဝေခွဲမရဖြစ်နေတဲ့ အရှေ့က ကောင်လေးကိုကြည့်ရင်း
ဇမ် အခုမှအားနာစိတ်ဖြစ်လာရသည်။ ကြမ်းပြင်ပေါ်မှာအနည်းငယ်သွေးစွန်းနေတာကိုမြင်လိုက်ရတော့ ကြည့်ရတာ မှန်ကွဲစရှသွားပုံပင် ထိုးချလိုက်တုန်းကအရှိန်ပြင်းတာတော့ သူသိသည်။ အလုပ်ကိစ္စလက်မခံနိုင်ဘူးပြောမိတာ ခုလောက်ဒေါသထွက်သွားဖို့လိုတာလား...!

"ရပါတယ်...ပြန်လျော်ပေးစရာမလိုဘူး.. အကိုစိတ်နည်းနည်း
ရှုပ်သွားလို့... ညီလေးကိုတော့ အားနာပါတယ်ကွာ..."

"ရတယ်.. အကို.. အားနာစရာမလိုဘူး.. အကိုတို့ကြား
ဘာကိစ္စရှိလဲမသိပေမဲ့.. နောင်ကအကိုထင်သလိုလူမျိုး
မဟုတ်ပါဘူး.. သူသာအကို့ကိုတကယ်အမြင်မကြည်ရင်အကိုရှိတဲ့နေရာထိ တကူးတကလာမှာမဟုတ်ဘူး..."

"ဟမ်...?ဘာကိုပြောချင်တာလဲ.. အကိုနားမလည်လို့..."

"ဟို.. အဲ့ဒါ... အဲ့ဒါက... "

"ပြောစရာရှိတာပြောပါ... အကို့ကိုအားမနာနဲ့..."

"လွန်ခဲ့တဲ့ တစ်ပတ်လောက်ထဲက.. အကို့ဆီမှာပုံအပ်ဖို့ပဲကျွန်တော့်ကိုတဂျီဂျီလုပ်နေတာ...ဒါပြီးတော့ အဲ့အတွက်လဲသူပဲဆိုင်ဖွင့်ပွဲအတွက် လက်ဆောင်သဘောဆိုပြီး..
ကျွန်တော်ထင်တာ..သူကအကိုနဲ့ရင်းနှီးချင်လို့ ဒါမျိုးတွေထိလုပ်နေတာလို့ထင်တယ်... "

သူနဲ့ရင်းနှီးချင်တာ.... မဖြစ်နိုင်တဲ့ကိစ္စကြီးပဲဟာ
အမြဲတမ်းသူ့ကိုစိတ်အနှောက်အယှက်ဖြစ်စေချင်နေတာ
မဟုတ်ဘူးလား...!

"အကို... နောင်ကပုံစံကြည့်ရင် ဆိုးဆိုးဝါးဝါးလို့ထင်ရပေမဲ့တကယ်တမ်းသူကအရမ်းကောင်းတဲ့လူပါ.. ငယ်ငယ်လေးထဲကမိဘတွေမရှိတော့တဲ့သူ့ကို ဦးလေးဖြစ်သူကပဲစောင့်ရှောက်အလိုလိုက်လာတော့ ဆိုးချင်တိုင်းဆိုးနေတာအကိုထင်သလိုသူက.. လူယုတ်မာ... အဲလေ.... အရမ်း
မကောင်းတဲ့လူမဟုတ်ဘူးလို့ပြောချင်တာပါ...."

"ကဲ... ဇမ်.... တစ်ဖက်ကလဲဒီလောက်ရှင်းပြနေတာကိုမင်းကလေးဆန်နေဦးမှာလား..."

"ကျွန်တော်...ဘယ်တုန်းကလုပ်မိလို့လဲ..."

သူကိုဝင်းနိုင်စကားက်ို ချက်ချင်းငြင်းပယ်လိုက်ပေမဲ့
သူကိုယ်သူကလေးဆန်သွားတာက်ိုတော့သိသည်။
အဲ့လိုဆိုရင်တောင်မှ ဒီကောင်လေးသူ့ကိုစိတ်အနှောက်

အယှက်ဖြစ်စေခဲ့တာကြ တစ်ယောက်မှမသိဘူးနော်...။

အရာရာကမတရားလိုက်တာ မိအေးအော်တာပဲလူမြင်
တယ် ဂဏန်းညှပ်တာကြမမြင်ဘူးဆိုတဲ့စကားပုံကအခု
မှသူနဲ့အတော်လိုက်ဖက်နေတာပဲ။

"ကျွန်တော်ကရှင်းပြရုံလေးပါ... ရှေ့ဆက်သူနဲ့ပတ်သတ်စရာလဲမရှိတော့ဘူးဆိုတော့.. အကိုထင်နေသလိုမျိုးသူကလုံးဝမကောင်းတဲ့လူမဟုတ်တာကိုသိစေချင်လို့ပါ"

"မင်းက မင်းသူငယ်ချင်းဘက်ကနေ
ရှေ့နေလိုက်ပေးနေတာ
ပဲ..."

"သြော်... အဲ့လိုဖြစ်သွားလား..."

သူပြောလိုက်တဲ့စကားကြောင့် ကောင်လေးကပြုံးစိစိလုပ်ရင်းခေါင်းကုပ်သည်။

"ကိုယ် ဆွဲထားပေးတဲ့ပုံကြမ်းကို မင်းကြည့်လိုက်..."

"ဗျာ...!"

သူလက်ထဲဖိုင်လေးကို ထိုးပေးတော့ ကောင်လေးက
ကြောင်တောင်တောင်ဖြစ်နေသေးသည်။

"ဒါဆို... လက်ခံလိုက်တာပေါ့နော်..."

"အင်းလေ....မဟုတ်ရင် ကိုယ်ကပဲအလုပ်နဲ့ကိုယ်ရေးကိုယ်တာကိုမခွဲခြားတက်သလိုလိုဖြစ်နေမှာပေါ့..."

"အဲ့လိုတော့လဲမဟုတ်ပါဘူး.. ကျွန်တော်နားလည်ပါတယ်အကို့မှာလဲ အကို့အကြောင်းနဲ့အကိုရှိမှာပေါ့..."

ဒါပေါ့... သိပ်ရှိတယ်... ဟူသောစကားကိုတော့
ဇမ်နှုတ်ကနေထုတ်မပြောဖြစ်ခဲ့ ။

"အင်း... "

ထို့နောက်တော့ အလုပ်ကိစ္စအတွက်ပြန်ဆွေးနွေး
လိုက်ရင်း
တစ်ဖက်ကစိတ်ကျေနပ်တဲ့အနေအထားရသည်
အထိသူတို့ပွင့်ပွင့်လင်းလင်းပဲညှိနှိုင်းခဲ့ကြသည်။
ထိုတစ်လျှောက် ဇမ့်ခေါင်းထဲဇွတ်တရွတ်နိုင်တဲ့ထိုကောင်လေးရဲ့လက်ဖမိုးရဲရဲကိုမျက်လုံးထဲကနေမထွက်။

သူဒါလေးပြောလိုက်တာကိုခုလောက်ထိစိတ်ဆိုးဒေါသထွက်စရာတကယ်ပဲ လိုလား။
ဇမ်ခေါင်းကိုအသာခါမိရင်း ထိုအကြောင်းကိုမတွေးမိရန်ငြင်းဆန်လိုက်သည်။

တကယ်တမ်း အဲ့ကောင်လေးဘာပဲဖြစ်ဖြစ်သူနဲ့ဆိုင်တာမှမဟုတ်ပဲလေ... ။

"လက်ကဘာဖြစ်လာတာလဲ.... "

ခန့်ညားရဲ့အမေးကြောင့် နောင်လွင်ဦးထမင်းစား
စားပွဲပေါ်ကလက်က်ိုပြန်ရုတ်လိုက်ရင်းအောက်သို့ချလိုက်၏။

"ဘာမွမျဖစ္ဘူး ခိုက္မိတာ.. "

"နောင်လွင်ဦး..  မင်းရန်ဖြစ်လာတာလား... !!"

ခန့်ညားရဲ့မာထန်ထန်အော်ဟစ်လိုက်သံကြောင့်
ထမင်းခူးပေးနေသည့် ဝေဖြိုးတောင်အနည်းငယ်တုန်တက်သွားသည်။
သူဆယ်တန်းကျောင်းသားဘဝတုန်းကအတန်းဖော်နဲ့ရန်ဖြစ်ဖူးသည်။ ထိုအချိန်တည်းကလေးလေးကနောက်တစ်ခါ ရန်ဖြစ်လာမယ်ဆို အိမ်ပေါ်ကဆင်းဆိုသောစကားကို ပြတ်ပြတ်သားသားပြောခဲ့သည်။ တခြားအရာတွေတော့ ခွင့်လွှတ်ပေမဲ့
လက်သီးချင်းယှဉ်ထိုးပြီးရန်ဖြစ်တာ ယောက်ျားကောင်းတွေအလုပ်မဟုတ်ပဲရှက်စရာကောင်းသည်ဟု ပြောခဲ့သည်။

အခုလဲ သူကဘာဖြေရှင်းချက်မှမပေးချင်တာကို လေးလေးကလူကိုတမင်ကြီးရန်စနေသလိုပင်။

မနေ့က ဟိုလူကိုဒေါသဖြစ်တာလား ကိုယ့်ကိုကိုယ်စိတ်တိုမိတာလားမသဲကွဲပေမဲ့ ပြတ်ပြတ်သားသားငြင်းဆန်ခံလိုက်ရတာက သူ့မာနကိုထိခိုက်သလိုခံစားရသည်။

အမြဲတမ်းစဉ်းစားမိတာ သူကရော ဘာကြောင့်
ဒီလူနဲ့အနီးကိုပဲသွား
ဖို့စိတ်ကူးခဏခဏဖြစ်နေမိလဲဆိုတာသာဖြစ်သည်။

"ဘာမှမဖြစ်ပါဘူးဆိုဗျာ.... လေးလေးကလဲ... "

"ဘာမှမဖြစ်ဘဲ အဲ့ဒဏ်ရာကဘယ်ကရလာတာလဲ..
ကိုယ့်ဘာကိုထိခိုက်အောင်လုပ်ထားတာလား...

သူများကိုလုပ်ခဲ့တာလား... "

"ကျွန်တော်ကလေးမှမဟုတ်တော့တာ..
လေးလေးမေးသမျှ
အကုန်မဖြေပေးနိုင်ဘူး... "

"နောင်ဦး... မင်း!!!"

ဘောင်းဘိီအိတ်ကပ် ထဲလက်တွေကိုထိုးထည့်ကာ
ထမင်းစားပွဲကနေထရပ်ရင်းထွက်သွားဖို့ပြင်နေသူ..
ပုံစံကလဲ ဘာကိုအလိုမကျဖြစ်နေမှန်းမသိတာက မျက်နှာပေါ်အထင်းသားပင်...။

ဘယ်တုန်းကမှ လေးလေးနက်နက်
နဲ့ချစ်သူရည်းစားမထားခဲ့တဲ့ကောင်က
ရည်းစားပူမိနေလား
တော့လဲမသေချာ...။

ဘာဘဲဖြစ်ဖြစ် သူလဲအိမ်ထောင်ပြု
သင့်တဲ့အရွယ်တစ်ခုရောက်ပြီမို့ အပြစ်တော့လဲမဟုတ်။ကိုယ့်ကိုကိုယ် အထိအခိုက်ခံပြီး ချစ်နေရတဲ့တူဖြစ်သူရဲ့ပုံစံကိုတော့ သူမလိုချင်။
တစ်ဖက်ကမိန်းကလေးကဘယ်လောက်တောင်လှတာမို့ ဒီကောင်မဖြစ်စဖူးတွေဖြစ်ပြီး
မလုပ်စဖူးအလုပ်တွေကိုလုပ်နေလဲတောင်မသိ။ လောလောဆယ် လူငယ်တွေကြားဖြစ်တက်တဲ့
ပြဿနာကို ခန့်ညား
လျစ်လျူရှုပစ်လိုက်ဖို့သာ တွေးလိုက်တော့သည်။

"ဒါကဘယ်လဲ... ထမင်းမစားတော့ဘူး... "

"မစားတော့ဘူး..  ဝေဖြိုးသိမ်းလိုက်တော့... "

"ဟုတ်...ကိုနောင်.. "

ပြောပြီးတာနဲအနောက်တောင်လှည့်မကြည့်ပဲ
တန်းထွက်
သွားတဲ့တူဖြစ်သူကိုကြည့်ရင်း ခန့်ညားနှာတစ်ချက်ရှုံ့လိုက်မိသည်။ ဒီကောင်လေးကအမြဲတမ်း ဒီိလိုပုံစံပဲ....

ပန်းကန်တွေသိမ်းဖို့ပြင်နေတဲ့ ဝေဖြိုးကိုသူလှမ်းတားလိုက်မိသည်။

"သိမ်းမနေနဲ့... ထားထားလိုက်...သူစိတ်ပြေရင်
ပြန်လာစားလိမ့်မယ်... ဒါမှမဟုတ်..  ခဏနေရင်
အခန်းထဲသွားပို့ပေးလိုက်..."

"ဟုတ်... ဆရာ... "

ခန့်ညားစားလက်စနေ့လည်စာကိုအပြတ်ဖြတ်ပြီး အပေါ်သို့တက်လာခဲ့တော့ ဟထားတဲ့နောင့်ရဲ့အခန်းတံခါးကိုတွေ့လိုက်ရသည်။
လူက ကုတင်ပေါ်လှဲနေပြီး နဖူးပေါ်လက်တင်ကာဘာတွေအတွေးလွန်နေလဲသေချာမသိပေမဲ့
တူဖြစ်သူကရှားရှားပါးပါး အခုလိုပုံစံဖြစ်နေတာ
ကြောင့် ခန့်ညားနေသားမကျသလိုခံစားလိုက်ရ၏။

သူထိုအခန်းကနေဖြတ်လာလိုက်ရင်း မိမိအခန်းထဲပြန်ရောက်တော့ပထမဆုံးအကြိမ်ဖြတ်သန်းခဲ့တဲ့
ထိုညကအတွေးထဲပေါ်
လာတော့လှစ်ခနဲပြုံးမိသည်။ ဒီနေ့နဲ့ဆိုကောင်လေးကုမ္ပဏီသို့မလာတာသုံးရက်ပြည့်ပြီဖြစ်သည်။ ခန္ဓာကိုယ်ကပဲအဆင်မပြေတာလား သူ့ကိုတွေ့ရမှာကိုပဲအဆင်မပြေဖြစ်နေလားမသိ
ပေမဲ့ နောက်လဲကျင့်သားရသွားမည့်ကိစ္စတစ်ခုလို့ပဲ ခန့်ညားကတွေးသည်။ မနက်ကြမှကောင်လေးဆီသွားဖို့စိတ်ကူးရင်းခန့်ညား ကျေနပ်သလိုပြုံးကာ အိပ်ရာဝင်လိုက်တော့သည်။ ဘာဘဲဖြစ်ဖြစ် ပထမဆုံးအတူဖြတ်သန်းခဲ့တဲ့ညမှာတင်နှစ်ဦးနှစ်ဖက်စ်ိတ်ကျေနပ်မှုရှိခဲ့ကြတာတော့ အမှန်ပဲဖြစ်သည်။


You are reading the story above: TeenFic.Net