21 (Unicode)

Background color
Font
Font size
Line height

GMပြောသွားတဲ့အတိုင်း ဦးခန့်ညားကိုတင်ပြဖို့ကောင်းသစ်
ရုံးခန်းတံခါးကိုဆွဲဖွင့်ကာ အခန်းထဲသို့ဝင်လိုက်သည်။
ထိုင်ခုံနောက်ကိုခေါင်းမှီပြီး မျက်လုံးတွေကိုမှိတ်ထားတဲ့
ဦးခန့်ညားကြောင့် သူနှိူးရခက်မနှိူးရခက်တွေဝေနေဆဲမှာ
ပင်...

"ကိုယ့်ကို ပြောစရာရှိလို့လား.  "

ခန့်ညားစိတ်ထဲသူ့ကိုတစ်စုံတစ်ယောက်ကကြည့်နေသည်ဟု
ခံစားရ၍သတိချပ်နိုးလာခြင်းဖြစ်သည်။ သူမျက်လုံးတွေ
ဖွင့်လိုက်တော့မှတွန့်ဆုတ်စွာနဲ့သူ့ရှေ့မှာရပ်နေပါသော
ကောင်လေး....။

"ကျွန်တော်က... ဦးခန့်ညားအိပ်ပျော်နေတယ်ထင်တာ"

"ကိုယ်ခဏအိပ်ငိုက်သွားရုံပါ... မင်းပြောချင်တာရှိလို့လား"

အသံကတေါ့ပုံမှန်အတိုင်းပါပင် သူပဲထင်နေလို့လားမသိပေမဲ့
ဦးခန့်ညားပုံစံကတစ်ခုခုကိုစိတ်ရှုပ်နေပုံပေါက်သည်။ဒါပေ
မဲ့တစ်ဖက်ကမပြောလာဘဲ သူဘာကိုမျှမမေးချင်တာကြောင့်
အလုပ်ကိစ္စကိုသာ အာရုံပြန်စိုက်လိုက်သည်။

"ဟုတ်.. GMက ကျွန်တော်နဲ့တင်ပြခိုင်းလိုက်တာရှိလို့..
နေပြည်တော်က မြေကိစ္စအတွက် ဦးခန့်ညားကိုယ်တိုင်
သွားဖို့လိုမယ်တဲ့.. တစ်ဖက်ကသဘောတူစာချုပ်ချုပ်
ဖို့ပဲလိုတော့တယ်.. "

"ကောင်းပြီ.. ကိုယ်သိပြီမို့.. ဒီနားကိုလာပါဦး.. "

လက်တစ်ဖက်ကိုခုံပေါ်တင်ထားရင်း သူ့အားမေးထောက်
ကြည့်နေတဲ့ဦးခန့်ညားက အနည်းငယ်ပြုံးရယ်ပြရင်း
အနားကိုလာခဲ့ဖို့ ခေါင်းညိတ်ခေါ်သည်။

သူမဝံ့မရဲနဲ့ပဲ အနားကိုတိုးလျှောက်သွားလိုက်ရင်း..

"ကျွန်တော့်ကို.. ဘာဖြစ်လို့.. !"

သူစကားမဆုံးခင်မှာပဲ ခန့်ညားက ကောင်လေးကိုဆွဲဖက်
ကာရင်ခွင်ထဲခေါင်းမှီရင်း သက်ပြင်းရှိုက်လိုက်သည်။

"ဘာမှမဖြစ်ဘူးလေ.. ကိုယ်မင်းကိုဖက်ထားချင်လို့
လေ ကလေးရ.. "

ဒိတ်ခနဲ ဆောင့်ခုန်သွားတဲ့ရင်ခုန်သံနဲ့အတူ ကောင်းသစ်
အနည်းငယ်အူမြူးသွားမိသည်။ သူသာနားကြားမမှားရင်
ဦးခန့်ညားက ကလေးလို့သူ့က်ိုခေါ်လိုက်တာမလား.. !

"ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာ.. "

"အင်း.. ကိုယ်ကတီတီတာတာတွေမပြောတက်ဘူး
ဒါပေမဲ့ မင်းကိုအမြဲခေါ်ချင်နေတဲ့နာမ်စားလေးရှိတယ်
ဘာဖြစ်လို့လဲကလေးရ.. မင်းမကြိုက်လို့လား.. "

သူ့ရင်ခွင်ထဲကနေ ခေါင်းမော့ကြည့်လာကာ နှုတ်ခမ်း
တွေတွန့်တယ်ဆိုရုံလေး ပြုံးရင်းမေးလာသူ.. ။
သူဒီလူကြီးရဲ့အပြုအမူတိုင်းကို ငြင်းဆန်ဖို့အကြောင်း
ပြချက်ရှာမရဘူး.. ပြီးတော့ သူကိုယ်တိုင်လဲငြင်းဆန်
ချင်စိတ်မရှိဘူး။ အခုအခြေအနေကတောင် သူ့အတွက်
ရင်တွေဗြောင်းဆန်စေပြီး စကားအမှားထွက်လာမှာတောင်
ကြောက်နေမိတယ်.. ။

"မဟုတ်ဘူး.. !ခင်ဗျားခေါ်တာကို မကြိုက်တာတော့
မဟုတ်ဘူး.. ဒီအတိုင်း ကျွန်တော်နည်းနည်းရှက်တယ်.. "

"ဒီလိုပါပဲ.. နောက်ဆိုကျင့်သားရသွားမယ်..."

"အဲ့လိုဖြစ်နိုင်ပါ့မလား... "

"ဘာမဖြစ်နိုင်စရာရှိလို့လဲကွာ... "

"ဟုတ်တော့ဟုတ်ပေမဲ့.. ကျွန်တော်တစ်ခါမှ.."

ကောင်းသစ်သူ့စကားကိုရပ်လိုက်မိသည်က ရည်းစားတစ်ခါ
မှမထားခဲ့ဖူးဘူးဟူသောစကားကိုပြောရန်တွေဝေနေခြင်း
ဖြစ်၏။ ဒီအရွယ်မှအမြှီးမပေါက်သေးဘူးဆိုပြီးသူကိုယ်သူ
ဝန်ခံရမှာ ရှက်စရာကောင်းသည်ဟုခံစားရသည်။

အထူးသဖြင့်အပျော်တမ်းရည်းစားတွေထားခဲ့ဖူးသော
ဦးခန့်ညားအရှေ့မှာမှ သူကတော့လုံးဝရည်းစားမထားခဲ့

ဖူးတာကို ဝန်ခံရမှာမာနထိခိုက်သလိုခံစားရသည်။

ခန့်ညားတစ်ဝက်တစ်ပျက်နဲ့ရပ်တန့်သွားတဲ့ကောင်လေးရဲ့
စကားကိုဆက်ပြောလာမလားအာရုံစိုက်နေရာမှရယ်မောလိုက်မိရင်း ကောင်လေးရဲ့နှာခေါင်းကိုသူ့လက်တွေနဲ့တစ်ချက်ဖျစ်ညှစ်လိုက်သည်။
ပြီးတော့ အခြေအနေကလဲအကောင်းဆုံးအနေအထားမှာ
ဖြစ်နေတာမို့ သူအရမ်းသိချင်ခဲ့တဲ့မေးခွန်းကိုမေးဖို့စိတ်ကူး
လိုက်သည်။

"ကလေး.. မင်းရည်းစားထားခဲ့ဖူးလား... "

"အဲ့မေးခွန်းကိုတကယ်သိချင်ရင် အရှေ့ကစကားကို
ပြန်ရုတ်သိမ်းပေးလို့ရမလား.. "

ဘာကြောင့်လဲမသိပေမဲ့ ကောင်းသစ်မျက်နှာအတော်ပူ
နေပြီဖြစ်သည်။ ကလေး ဆိုတဲ့စကားလုံးကသူနဲ့မလိုက်
ဖက်တာလား. ဒါမှမဟုတ် သူကပဲအရှက်အရမ်းသည်း
လွန်းနေသည်လားမဝေခွဲတက်တော့.. ။

"ဘာဖြစ်လို့လဲကလေးရ...  မင်းပဲပြောတော့မကြိုက်တာ
မဟုတ်ဘူးဆို.. "

"ဒါပေမဲ့ ကျွန်တော်နားကြားရ ရှက်တယ်လေဗျာ.. "

သူပြောနေရင်းမျက်နှာကိုလွှဲလိုက်တာကြောင့် ခန့်ညားထပ်
ပြီးမစရဲတော့ပေ။ အခုတောင်ကောင်လေးကအရမ်းနေရ
ခက်နေပြီမို့ သူထပ်မစရဲတော့ပေ..

"ဒါဆိုကိုယ်သိချင်တာပဲ မေးတော့မယ်.. မင်းဖြေပေး.. "

"ကျွန်တော် နေရတာနည်းနည်းတစ်မျိူးဖြစ်နေတာကလွဲ
ရင် ဦးခန့်ညားဒီလိုခေါ်တာကိုမကြိုက်တာမဟုတ်ဘူးနော်"

"ကိုယ်သိပါတယ် ကိုယ်မင်းကိုအချိန်ပေးမယ်
ကျင့်သားရသွားအောင်.. "

သူကောင်လေးရဲ့မျက်နှာကိုလက်နှစ်ဖက်ဖြင့်ဖမ်းကိုင်လိုက်ရင်းအောက်သို့ငုံ့ကိုင်းစေကာ နှူတ်ခမ်းတွေကိုတစ်ချက်စုပ်ယူလိုက်သည်။

"ဖြေလို့ရပြီလား.. ကိုယ်သိချင်တာက်ို..
အမှန်အတိုင်းပဲ မင်းဖြေပေးနိုင်မလား... "

"ကျွန်တော် မကျွမ်းကျင်ဆုံးကလိမ်တဲ့အလုပ်ပဲ.. "

သူမလိမ်တက်လို့သာ ဦးခန့်ညားအပေါ်တိမ်းညွတ်နေတဲ့
စိတ်တွေကို တစ်ဖက်ကသေချာပေါက်သိသွားတာပေါ့။
လိမ်တဲ့နေရာမှာမကျွမ်းသလို ခံစားချက်ကိုချုပ်တည်း
ဖို့ရာလဲ သူတကယ်ကိုမကျွမ်းကျင်ခဲ့ဘူး။

"ဒါဆို ကိုယ်မေးမယ်...မင်းရည်းစားထားခဲ့ဖူးလား.."

"မမှတ်မိတော့ဘူး... ကြာခဲ့ပြီဆိုတော့ ကျွန်တော်
ငယ်ငယ်ကတော့ထားခဲ့ဖူးမှာပေါ့.. "

"ဒါဆို မင်းရဲ့ပထမဆုံးအချစ်ကကိုယ်မဟုတ်ဘူးပေါ့"

"အမ်.. မဟုတ်ဘူးလေ.. ရည်းစားထားဖူးတိုင်းပထမဆုံး
အချစ်မှမဟုတ်တာ.. ဟာဗျာ.. မေ့လိုက်တော့... "

ခန့်ညားက ကောင်လေးကိုစချင်စိတ်သပ်သပ်ဖြင့်
သက်ပြင်းတစ်ချက်ရှိုက်ထုတ်ကာ ဖက်တွယ်ထားတဲ့
လက်တွေကိုလွှတ်ပေးလိုက်သည်။

ကောင်းသစ် စိတ်ထဲအနည်းငယ်တင်းကျပ်သွားရသည်။
ဦးခန့်ညားက ပထမဆုံးဆိုတဲ့အရာတွေကိုမှကြိုက်တာ
လား.. တကယ်ပဲ ဒီလောက်လေးနဲ့တောင်သူ့ကိုစိတ်ပျက်
သွားပြီပေါ့လေ.. ။ နှာဖျားကအနည်းငယ်ကျဥ်တက်လာ
ပြီး မျက်လုံးတစ်ဝိုက်နာလာသလိုခံစားရသည်။

သူကခံစားချက်ကို တစ်ဖက်လူမသိအောင်ဘယ်လိုပဲ
ဖုံးကွယ်ထားစေချင်ပါဦးတော့ တစ်ဖက်လူရဲ့အပြုအမူ
သေးသေးလေးမှာတောင်သူတကယ်ကိုထိလွယ်ရှလွယ်
ခံစားရတာဖြစ်သည်။

သူလက်ညှိုးလေးဖြင့်နှာဖျားကိုပွတ်လိုက်ရင်း အသံကို
အတက်နိုင်ဆုံး ထိန်းပြောလိုက်သည်။

"ကျွန်တော့်ကိုစိတ်ပျက်သွားတာလား.. ဦးခန့်ညားက
အခြားလူတွေနဲ့တွဲခဲ့တာတောင်ကျွန်တော်လက်ခံ
နိုင်တယ်လေ.. တကယ်ဆိုရင်..  "

တစ်ဖက်ကစာရေးခုံပေါ်လက်ထောက်ထားရင်းမှ
သူ့ဘက်ကိုဘေးတစောင်းအနေအထားဖြင့်ကြည့်

လာသည်။ သူဆက်ပြောလာမှာကို စောင့်နေသည့်ပုံဖြင့်...
ကောင်းသစ်ထိုအကြောင်းအရာကိုဆက်မပြောချင်တော့
လက်တွေကိုအနောက်ဖက်သို့ပို့လိုက်ကာ ခပ်တင်းတင်း
ဆုပ်လိုက်မိရာ လက်ဖဝါးကြားကချွေးစေးလေးတွေ
ထွက်နေတာကိုတောင်သူခံစားလို့ရနေသည်။

"အင်း...ထားလိုက်ပါတော့.. ကျွန်တော်တို့နေပြည်တော်
သွားဖို့ကိစ္စအတွက် မနက်ဖြန်မနက်ဘယ်အချိန်လောက်
ထွက်မလဲဗျာ.. "

"အင်း.. ၇နာရီလောက်ပေါ့... "

"ဟုတ်... "

ပြောပြီးသည်နှင့်လှည့်ထွက်ဖို့ပြင်နေတဲ့ကောင်လေးကို
သူစိတ်မရှည်သလိုဖြစ်လာရာ လက်မောင်းကနေဆွဲယူပြီး
ထိုင်ခုံပေါ်ပစ်ထိုင်ခိုင်းလိုက်သည်။

ထိုင်ခုံလက်ရန်းနှစ်ဖက်စလုံးကို ခန့်ညားလက်တွေဖြင့်
တစ်ဖက်စီထောက်ထားရင်း ကောင်လေးအားအုပ်မိုး
လိုက်၏။

"ကိုယ်ကမင်းရည်းစားထားခဲ့တာနဲ့ပတ်သတ်ပြီး
စိတ်ပျက်သွားမယ်ထင်နေတာလား.. "

"အင်း ကျွန်တော်ထင်မိတယ်.. "

"တကယ်ကြီးကိုယ့်ကိုမယုံကြည်ဘူးပဲ.. မင်းစိတ်ထဲ
ကိုယ့်ကိုမယုံဘူးမလား.. ဟုတ်တယ်မလား... ?
ဘာကြောင့်ဆို မင်းမယုံကြည်လို့ ကိုယ့်ကိုဘာတစ်ခုမှ
မမေးတာလေ.. မသိချင်ဘူးလား.. မင်းနဲ့မတွေ့ခင်
က ကိုယ့်အကြောင်းတွေကို.. ဒါတွေဘာကြောင့်ကိုယ့်ကို
မမေးတာလဲ.. ကိုယ်ဆိုမင်းနဲ့ပတ်သတ်ရင် အားလုံးကို
သိချင်တာ.. ဒီနေ့မင်းဘယ်သွားလဲကစပြီးအိမ်ပြန်ရင်
မင်းဘာလုပ်နေပြီလဲဆိုသည်အထိ.. မင်းကတော့ မမေး
ဘူးလေ.. ကိုယ်ဘယ်သူနဲ့ဘာဖြစ်ဖြစ် မင်းကသိချင်မှာ
မဟုတ်သလို မေးမှာလဲမဟုတ်ဘူး ဟုတ်တယ်မလား.. "

သူနဲ့ပတ်သတ်ပြီး သံသယတွေနဲ့တွေးနေမှာထက်စာရင်
ထိုကောင်လေးကိုမေးစေချင်သည်။ ပွင့်လင်းစေချင်
သည်.. ဘယ်လိုဖြစ်ဖြစ် သူသာထားခဲ့ရင်ဒီအတိုင်းနေခဲ့
မယ်ဆိုသည့်ပုံစံမျိူးနဲ့ကောင်လေးကို သူမလိုချင်ပေ။
ဒါကြောင့်အနည်းဆုံးတော့ သူ့အပေါ်ပွင့်လင်းမှုရှိစေချင်
သည်။

"ကျွန်တော်မမေးတာ ဦးခန့်ညားအနှောက်အယှက်ဖြစ်
မှာစိုးလို့.. ပြီးတော့ ကျွန်တော်ရည်းစားထားခဲ့ဖူးတာနဲ့
ပတ်သတ်ပြီး ခင်ဗျားစိတ်ပျက်သွားတာမလား.. "

ခန့်ညားဟက့်ခနဲ တစ်ချက်ရယ်ချလိုက်သည်။

"ကိုယ်စိတ်ပျက်မိတာက မင်းရဲ့အချစ်တွေကိုအနည်းငယ်
ဖဲ့ပေးလိုက်ရတဲ့သူအပေါ်ကိုပါ.. ဘာကြောင့် သူမင်း
ကိုထားသွားတာလဲ.. "

"နည်းနည်းတော့ရယ်စရာကောင်းတယ်.. ဒါကျွန်တော်
အလယ်တန်းလောက်တုန်းက ကိစ္စလေ တစ်ဖက်လူ
ဘယ်သူလဲတောင်သေချာမသ်ိတော့ဘူး... "

"ဒါဆို အလယ်တန်းလောက်ထဲက အမြှီးပေါက်ခဲ့တာပေါ့
ဟလား.. ?အင်း.. အခုဆိုအဲ့အမြှီးကတော်တော်တောင်

ကြီးနေလောက်ရောပေါ့.. ပြစမ်း.. !ကိုယ်စမ်းကြည့်မယ်.. "

ပြောရင်း သူ့ကိုသိုင်းဖက်လိုက်ကာ မက်မွန်သီးလေးအား
ထိကပါးရိကပါးလုပ်ရန်ကြိုးစားနေသူကြောင့် သူအထိတ်
တလန့်တွန်းထားလိုက်မိသည်။

"ခင်.. ခင်ဗျားနော်.. ကျွန်တော့်ကိုမစနဲ့တော့ဗျ.. "

"ကိုယ်မစပါဘူး.. အတည်စမ်းကြည့်မလို့ဟာ.. "

"တော်ပြီဗျာ.. ခင်ဗျားသိချင်လို့လဲကျွန်တော်ကပြောပြ
ရသေးတယ်. .. ကျွန်တော်မေးရမဲ့အလှည့်ကဘယ်တော့
လဲ.. "

ကောင်လေးဘက်ကထိုသို့ပြောလာသည်ကြောင့်
ခန့်ညားလေးနက်စွာဖြေလိုက်သည်။

"မေးလေ.. ကိုယ်အမှန်အတိုင်းအားလုံးဖြေမှာ.. မင်းကရော
ယုံမှာတဲ့လား.. "

"ကျွန်တော်ယုံတယ်..  အခုထက်ပိုပြီး ဦးခန့်ညားရဲ့.စိတ်ကို
နားလည်အောင်ကြိုးစားမှာပါ... "

နှစ်ယောက်ကြားထဲစက္ကန့်ပိုင်းလောက်တစ်ယောက်ကို
တစ်ယောက်နားလည်သလိုပြုံးလိုက်ရင်း ကောင်းသစ်
ကနှုတ်ခမ်းဟသည်။

"ကျွန်တော်မေးချင်နေတာ.. ခုနကလူနဲ့ဦးခန့်ညားက
ဘယ်လိုပတ်သတ်နေသေးလဲဆိုတာ.. "

သူဖြေချင်နေတဲ့မေးခွန်းကိုအခုမှမေးလာတဲ့ကောင်လေး
ကြောင့် စိတ်မကြည်လင်မှုတွေလွင့်စင်ကုန်သည်။ ကောင်
လေးစိတ်ထဲမြိုသ်ိပ်ထားရာက သေးငယ်တဲ့အပိုင်း
အစလေးတစ်ခုကနေ မသိလိုက်ခင်မှာပဲ ကြီးထွားလာမဲ့
အစိုင်အခဲကြီးတစ်ခုအဖြစ်သူမလိုချင်။ယခုလိုမေးလာ
တာကို ခန့်ညား ကျေနပ်နေတာ ဖြစ်၏။

"ကိုယ်ဝန်ခံပါတယ်..  ကိုယ်ကအရင်ကမကောင်းခဲ့တဲ့လူ
လို့မင်းမြင်ချင်မြင်မိလိမ့်မယ် အခုချိန်မှာတော့ ကိုယ့်မှာ
မင်းပဲရှိတယ်.. . အဲ့ဒါက ကိုယ့်တစ်ဘဝလုံးအတွက်.. "

"ကျွန်တော် ဦးခန့်ညားကိုမကောင်းတဲ့လူလို့မမြင်ခဲ့ဖူးဘူး
ဒီအတိုင်း ကျွန်တော့်ကိုကျွန်တော်မယုံကြည်ရဲတာ
ဦးခန့်ညားက ကျွန်တော့်လိုလူကိုချစ်နိုင်တာ ဖြစ်နိုင်ရဲ့လား
လို့ ကျွန်တော့်ကျွန်တော်မယုံကြည်ရဲတာ.. "

ကောင်လေးရဲ့စိတ်ကို သူအခုမှအနည်းငယ်နားလည်လာ
သလိုပင်။ သူ့အရှေ့ကကောင်လေးကိုသိုင်းဖက်လိုက်ရင်း
ကျောပြင်ကို ခပ်ဖွဖွသပ်ပေးကာ နှစ်သိမ့်သလိုပြောသည်။

"မယုံကြည်ရဲစရာဘာရှိလဲ.. မင်းကိုမင်းမယုံကြည်ရင်
တောင် ကိုယ့်ကိုယုံကြည်ပေးပါ.. ကိုယ်မင်းကိုအခုထက်ပို
ပြီးဂရုစိုက်မယ်... ချစ်လား.. ကိုယ့်ကိုချစ်တယ်မလား
ဒီတစ်ခါတော့ ဖြေပေးလို့ရမလား..  "

သူဖက်ထားရာကနေဆွဲခွာပြီးမေးလိုက်တော့ ကောင်လေးကမော့ကြည့်လာသည်။ ထို့နောက် နက်ခ်တိုလ်ကိုအားဖြင့်ဆွဲ
ကာငုံ့ကိုင်းလိုက်စေရင်း နှုတ်ခမ်းတွေကိုပြင်းရှစွာနမ်းရှိုက်
ပြီးမှ ပြန်လွှတ်ပေးလာသည်။

"ကျွန်တော် ခင်ဗျားကိုချစ်တယ်... ဦးခန့်ညား... "

သူ့ကိုတည်တည်ငြိမ်ငြိမ်နဲ့ပြောလာတဲ့ကောင်လေးကိုကြည့်
ရင်း စိတ်လှုပ်ရှားမှုကိုထိန်းမရ။ ဒီကောင်လေးကတည်ငြိမ်
သလောက် သူကတော့ ထိုစကားလေးကြောင့် ဗရမ်းဗတာတွေ ရင်ခုန်နေရသည်လေ။ ဒီတစ်ခါအနမ်းတွေကိုထပ်မံ
ဦးဆောင်လိုက်သူကတော့ ခန့်ညားသစ်လွင် ဆိုသော
သူသာဖြစ်သည်။ ငြင်းဆန်မှုမရှိပဲအလိုက်သင့် တုံ့ပြန်ပေး
နေတဲ့ကောင်လေးကြောင့် ခန့်ညားစိတ်တွေလွတ်ထွက်သွားတော့မည်ဟုတောင်ထင်ရသည်။

အနာဂတ်မှာယခုထက်ပိုပြီးစိတ်လှုပ်စရာကောင်းတဲ့
အချစ်တွေကိုပုံဖော်ဖို့နှစ်ယောက်လုံးကစိတ်ဆန္ဒရှိနေ
ကြပြီဖြစ်သည်။

✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴

[Author note]

ဇာတ်လမ်းကအေးဆေးပါပဲ ဘာမှငိုရတာဘာညာ
ရယ်လို့မပါဘူး သာမန်ပဲ ။


You are reading the story above: TeenFic.Net