EP 9

Background color
Font
Font size
Line height

Yul နဲ့ Tiffany တို့ စုံတွဲ မမျှော်လင့်ဘဲ Taeyeon တို့နဲ့ တွေ့သွားပါတယ်

''OMG Taeyeon''

''Wae Fany???''

''Oppa မြန်မြန်သွားတော့ ဟိုမှာ Taeyeon တို့ ''

Yul အကင်းပါးပါတယ် Taeyeon တို့ကို မြင်လိုက်တာနဲ့  မြန်မြန်ပုန်းနေလိုက်တယ်လေ

Yul ပုန်းပြီးတော့မှ Taeyeon တို့က Fanyတစ်ယောက်တည် ရပ်နေတာကို မြင်သွားတာပေါ့ 

(လှမ်းခေါ်ကာ)
"Fany ya''

Tiffany က မသိသလိုနဲ့ နောက်ကို လှည့်ကြည့်ကာ
''Taeyeon ''

''Fany ya ဒီမှာ တစ်ယောက်တည်းဘာရပ်လုပ်နေတာလဲ ကိုယ်က မင်း အိမ်မှာ ရှိမယ်ထင်နေတာ''

''inn အိမ်မှာ နေတော့ ပျင်းလာတာနဲ့ သူငယ်ချင်းအိမ် သွားမလို့ လေ  ရထားမစီးရတာလည်း ကြာလို့''

''Aww  ဒါများ ကိုယ်တို့နဲ့ တခါတည်း လိုက်ခဲ့တာ မဟုတ်ဘူး''

ယောကျာ်းမတန်ဘဲ စပ်စုတက်တဲ့ Sooyoung က ပုန်းနေတဲ့ Yul ကို တွေ့သွားပါတယ်

် ပြီးတော့ လှမ်းခေါ်လိုက်ကာ

''Yul shi   ဟုတ်တယ်မလား OMG Yul shi အစစ်ဘဲ တွေ့ရတာ ဝမ်းသာပါတယ် Yul shi ကျတော်က ခင်များပရိတ်သတ်ပါ'' (လက်ဆွဲနှုတ်ဆက်ရင်းးး)

ဟိုက မြင်သွားမှတော့ Yul လည်း ထွက်လာရတာပေါ့

''Nae တွေ့ရတာ ဝမ်းသာပါတယ်''

''OWW Yul shi လို ကမ္ဘာကျော်က  ရထားလည်း စီးတယ်ပေါ့''

''တခါတလေ စိတ်ပြေလက်ပျောက်ပေါ့ဗျ''

''Nae  ဒါနဲ့ မိတ်ဆက်ပေးရအုန်းမယ် ဒါက ကျတော့ ဇနီး Sunny   ဟိုက ကျတာ့ သူငယ်ချင်း Taeyeon ပါ ဟိုဘက်က သူ့ ချစ်ဇနီး Tiffanyပေါ့''

အလိုက်ကမ်းဆိုး မသိ မိတ်ဆက်ပေးနေတဲ့ Sooyoung

အရပ်ရှည်သလောက် လေအင်မတန်ရှည်ပါတယ်လေ

''Nae အားလုံးတွေ့ရတာ ဝမ်းသာပါတယ်''

မိတ်ဆက်ပေးနေမှတော့ Yul နဲ့ Tiffany လည်း မသိချင်ယောက်ဆောင်ပြီး နှုတ်ဆက်ရတာပေါ့

''Nae တွေ့ရတာ ဝမ်းသာပါတယ်''

''ဒါနဲ့ Yul shi ဒါက ကျတော်တို့စုံတွဲရဲ့ Anni Party လေးပါ အပန်းမကြီးူရင် လာဖို့ ဖိတ်ခေါ်ပါတယ် Yul shi လာရင် အတော်ဂုဏ်ယူမိမယ်ဗျ''
(ဖိတ်စာလှမ်းပေးရင်း)

Sooyoung က ဖိတ်စာနဲ့ ဖိတ်မှတော့ Yul လည်း မငြင်းသာတော့ဘူးလေ

''Nae လာခဲ့ပါ့မယ်  ''

''oww Yul shi က အပြင်မှာ သဘောအရမ်းကောင်းတာဘဲဗျာ ဆက်ဆက်လာခဲ့နော် မျှော်နေပါ့မယ်''

''Nae  ဒါနဲ့ ဒါက ကျတော့ရဲ့ ဂီတပွဲTicket ပါ အပန်းမကြီးရင် လာခဲ့ဖို့ ဖိတ်ပါတယ်''

''OMG Yul shi တကယ်လား  ကျေးဇူးတင်လိုက်တာဗျာ  Ticket က လေးစောင်တောင် ဟုတ်ကဲ့ ဆက်ဆက်လာခဲ့ပါမယ်''

''Nae ''

Yul လေ စကားသာ ပြောနေတာ မျက်လုံးက Tiffany ဆီက မခွာ
ဒါကို မြင်သွားတာက တစ်ယောက်ယောက်

--------------------------------

@ SooSun Anni Dinner Party

လူတွေကလည်း စည်ကားလိုက်တာ

တကယ့်သူဌေးပွဲဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့ 

ဖိတ်ထားတဲ့ ဧည့်သည်တွေကတော့ အဆက်မပျက် ဝင်လိုက် ထွက်လိုက်ပေါ့

Taeyeon နဲ့ Tiffany တို့ စုံတွဲကလည်း မပါမဖြစ် အဓိကလူတွေပေါ့

Party သာ  လာရတာ  Tiffanyမပျော်ဘူးလေ  သူမက ဘယ်တော့မှ မပျော်ဘူး

ဘာလို့ဆို Taeyeon နဲ့ စုံတွဲတက်ရတဲ့ ပွဲတိုင်းကို Tiffany မုန်းလို့ပါ

ဒီပွဲလည်း အမှန်က မတက်ချင်ပါဘူး လူမှုရေး အရဆို မတက်မဖြစ်မို့သာ တက်ရတာပေါ့

Yul လည်း ပွဲတက်မှာဆိုတော့ သူမနဲ့ Taeyeon  စုံတွဲကို Yulကို မမြင်စေချင်ဘူးလေ

ခဏနေတော့ Yul တစ်ယောက် Party ကို ရောက်လာပါတယ်

သူရောက်လာတော့မှ ပွဲက အတော်စည်ကားသွားတယ်
် လူတွေ အုံလာသလိုဘဲ

''OMG Yul shi တက်ရောက်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ  ကျတော်တို့စုံတွဲအတွက် ဂုဏ်ပြု သီချင်း တစ်ပုဒ်လောက် ဆိုပေးပါလား''

မငြင်းသာတော့လည်း ဆိုပေးရတာပေါ့

Yul က သီချင်းကို Tiffany ဆီ အကြည့်ရောက်ပြီး ဆိုနေပါတယ်

ဒီသီချင်းကို Tiffany ကောင်းကောင်း သိပါတယ်

ဘာလို့လဲဆိုတော့ ဒီသီချင်းကို New York မှာ  Tiffany ကိုယ်တိုင်ရေးခဲ့ပြီး Yul ကိုယ်တိုင် သံစဉ် ရှာပေးထားတဲ့ သူတို့နှစ်ယောက်ရဲ့ တကယ့်အချစ်သီချင်းလေးမို့ပါ

မျက်လုံးက Tiffany ကို ကြည့်ဆိုနေတာကို တစ်ယောက်ယောက်က သိနေပါတယ်

Yul သီချင်းဆိုပြီးလို့ စင်ပေါ်က ဆင်းတော့ Sooyoung က Taeyeon တို့ ထိုင်တဲ့ စားပွဲကို Yul ကို ခေါ်သွားပါတယ်  

''Yul shi ဒီမှာ ထိုင်ပါခဗျ''

စားပွဲရဲ့ Location အရဆို ထိုင်တဲ့ အနေအထားက Tiffany နဲ့ မျက်နှာချင်းဆိုင်ပေါ့

''Yul shi ဆိုသွားတဲ့ သီချင်းကို ကျတော် တကယ်သဘောကျတယ်
အချစ်သီချင်းလေးဘဲ
Yul shi မှာ အချစ်ဦးရှိတဲ့ပုံဘဲဗျ ''

''Nae.,ဘယ်သူလဲဗျ ကျတော် သိချင်တယ်နော်  ဟားးဟားးဟားးး''

စသလိုလို နောက်သလိုလိုနဲ့ ပြောတဲ့ Sooyoung ကြောင့် အားလုံးအနေခက်သွားပါတယ်  

မဟုတ်မှ Sooyoung က Yul နဲ့ Tiffany အကြောင်းကို သိနေလို့များလား

Back to----

တလောက Tiffany တစ်ယောက် Yul နဲ့ ဖုန်းပြောနေတာကို မမျှော်လင့်ဘဲ  Sooyoung က ကြားသွားပါတယ်  

သူသိတာက Tiffany က သူ့ သူငယ်ချင်း Taeyeon အပေါ် သစ္စာဖောက်တယ်ပေါ့

Yul ကိုလည်း စိတ်ထဲက မုန်းမိသွားတာပေါ့

တိုက်ဆိုင်ချင်လွန်းတော့ ရထားဘူတာမှာ Yul နဲ့ Tiffany ပျော်မြူးနေတာကို Sooyoung က အရင်တွေ့သွားပါတယ် ဒါပေမဲ့ မသိချင်ယောင်ဆောင်နေတာပေါ့

သူတို့ကို တွေ့မှာဆိုးလို့ ပုန်းလိုက်တဲ့ Yul ကိုလည်း မြင်လိုက်ပါတယ်

ပုန်းနေတဲ့ Yul ကို တွေ့ချင်ယောင်ဆောင်လိုက်ပြီး
တမင်သက်သက် စကားများချင်ယောင်ဆောင် အကုန်လုံးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်

သူထင်တဲ့ အတိုင်းဘဲ Tiffany နဲ့ Yul က မသိဖူးတဲ့ လူတွေလို အပြန်အလှန် နှုတ်ဆက်နေတာကိုပေါ့

အဲ့တာကြောင့် Yul ကို တမင်သက်သက် Party ကို လာခဲ့ဖို ဖိတ်လိုက်တယ် 

သီချင်းဆိုခိုင်းလိုက်တယ် သူဆိုနေတုန်း သူ့မျက်လုံးတွေက Tiffany ဆီမှာဆိုတာကိုရော သူမြင်တယ်ပေါ့

Taeyeon နဲ့ Tiffany တို့ ထိုင်တဲ့ စားပွဲဝိုင်းကို ခေါ်သွားတယ် ပြီးတော့ Tiffany နဲ့ သေချာ မျက်နှာချင်းဆိုင်ခိုင်းလိုက်တယ်

ဒါတွေအကုန်လုံးက Sooyoung ရဲ့ အကြံအစည်တွေပါဘဲ

"Yul shi ရဲ့ အချစ်က ကျတော့မရီး Tiffany လို ချောရဲ့လားဗျ''

သေချာ တမင်သက်သက်မေးလိုက်တဲ့ Sooyoung 

ဒါကို Taeyeon က အနေရခက်သွားကာ

''မင်းကလည်းကွာ ဘာတွေ မေးနေတာလဲ Yul shi အနေရခက်အောင် မလုပ်ပါနဲ့ကွာ''

''အဲ့လို ဖြစ်သွားရင် တောင်းပန်ပါတယ် Yul shi ဟားးဟားးးဟားးး''

သူကသာ ရီနေတာ မရီနိုင်အနေခက်နေတာ ဘယ်တွေတွေဆိုတာ သူသိလိုက်တယ်

------------------------------------

Writing by My heart 💝
Thank U So Much My Readers   😘😘

 

You are reading the story above: TeenFic.Net