အပိုင်း( ၈ )

Background color
Font
Font size
Line height

"ဘာအတွက်လဲ"

"အဲဒါ ကျွန်တော်မသိဘူး"

စွဲမြဲဆီမှ ဖြေရှင်းချက်  မရလေသော
ကြောင့် မွန်မြတ်မင်း ဘဝင်မကျချင်
သော်ငြား သည်အတိုင်း ငြိမ်နေလိုက်
ရသည်။သူစိမ်းများဖြစ်ကြသဖြင့် တစ်
ယောက်နှင့်တစ်ယောက်လည်း ဘာမျှပတ်သက်ခြင်းမရှိ၍ နှစ်ယောက်သား
ဟာ နှုတ်ဆိတ်ခဲ့ကြသလို စကားလုံး
တို့၏ အဓိပ္ပာယ်ကိုလည်း ပုံမဖော်ခဲ့ကြ
တော့ချေ။အကြည့်တို့ကတော့တစ်
ယောက်ပေါ်တစ်ယောက် ကြားခံနယ်
မရှိအောင် သက်ရောက်နေခဲ့ကြ၏။

စွဲမြဲ မျက်လုံးများက ပိုဆိုးသည်။ကားကို
အာရုံစိုက်မောင်းနေသော မွန်မြတ်မင်းအား
မကြာခဏဆိုသလို စူးစိုက်ကြည့်၍ လိုက်ပါ
လာခဲ့၏။မွန်မြတ်မင်းကတော့ သတိပြုမိ
ပေမဲ့ ခြေတစ်လှမ်း နောက်ဆုတ်ထားလေ
သူမို့ မသိကျိုးကျံပြုကာ ကားကိုသာ အာ
ရုံစိုက်မောင်းလာခဲ့လိုက်သည်။

သူတို့ အိမ်ပြန်ရောက်ပြီး ကားပေါ်က
ဆင်းကြသောအခါ ဦးရဲကျော်ကြီးက
မျက်နှာထားတင်းတင်းနှင့် သားဖြစ်သူကို
စီးကြိုသည်။ဘာကြောင့်ရယ်မှန်း မသိ
ပေမဲ့ မွန်မြတ်မင်းစိတ်ထဲတွင် သဇင်နှင့်
ပတ်သတ်၍ဟုသာ ထင်မြင်နေသည်။
အမှန်ပင်။သူ ခန့်မှန်းခြေက မမှားခဲ့လေပြီ။

"စွဲမြဲ လာခဲ့စမ်း! ၊မင်းကို ပညာတတ်ကြီး
ဖြစ်စေချင်လို့ ဒီကိုခေါ်လာတာ၊ရည်းစား
သနာထားဖို့ ခေါ်တာမဟုတ်ဘူး၊ပြီးတော့
မင်း မခင်ကြည်သမီး သဇင်နဲ့သွားချိန်း
တွေ့တယ်ဆို"

ဦးရဲကျော်သည် စွဲမြဲလက်ကောက်
ဝတ်ကိုတင်းတင်းဆုပ်ကိုင်ပြီးနောက်
မွန်မြတ်မင်းကိုအားနည်းအားနာ ဆို
လေသည်။

"ဦးရဲ့သားလေးကြောင့် အားနာစရာ
တွေတော့ ဖြစ်ကုန်ပါပြီ၊နောက်ဆို
သေချာ မှာထားပေးပါမယ်"

ဦးရဲကျော် အပြောကို မွန်မြတ်မင်း ချက်
ချင်း သဘောပေါက်လိုက်၏။သည်အိမ်ကြီး၏ စည်းကမ်းဟာ အလုပ်သမားတိုင်း အကြောင်းထူးကိစ္စမရှိပါပဲ ညနေခြောက်
နာရီနောက်ပိုင်း ခြံပြင်မထွက်ရ အမိန့်ပင် မဟုတ်လား။ဤသည်ကို အမြဲနာခံ စည်း
ကမ်းကြီးသောဦးရဲကျော်က သားဖြစ်သူ၏ စည်းကမ်းပျက်စားမူကြောင့် တောင်းပန်
ခံနေလေသည်ပင်။

"ဦး တကယ်တောင်းပါရပါတယ်၊
နောက်နောင် ဒီလိုကိစ္စမျိုး မဖြစ်
စေရပါဘူး၊ဟကောင် မင်း အစ်ကို
မွန့်ကို တောင်းပန်လိုက်"

ဦးရဲကျော်မှာ ပြောပြောဆိုဆို သားဖြစ်
သူအား လေသံတစ်မျိုးဖြင့် အော်သည်။
စွဲမြဲကလည်း ဘုမသိဘမသိပုံ၊အဖေဖြစ်
သူက တောင်းပန်ဆို တောင်းပန်တော့၏။
သည်အိမ်ကြီးမှာ ဘာဖြစ်နေမှန်း၊ဘယ်လို
ပြဿနာရှိနေမှန်းတော့ သူမသိသေးရှာ။

"ကျွန် ...ကျွန်တော် တောင်းပန်ပါတယ်
အစ်ကိုမွန်"

လက်အုပ်ကလေး ချီပြီး တောင်းပန်ခံ
နေသော ကောင်လေးကိုကြည့်ပြီး မွန်မြတ်
မင်း၏ သနားဂရုနာမှာ ပို၍ သက်ရောက်
သွားရသည်အလား။ရင်ဘက်တစ်ခုလုံး
လည်း ဆူပွလာပြီး အတွင်းနှလုံးထိ နာရ၏။တကယ်ဆို သည်ကောင်လေးကို နိမ့်ကျသ
လိုမျိုး သူ မဆက်ဆံချင်ပါ။

မွန်မြတ်မင်းက ဝမ်းနည်းစွာ ကောင်လေး
လက်ကလေးတွေကို ဖြည်ချပေး၏။

"မလိုဘူး စွဲမြဲ ... မလိုဘူး၊နောက်နောင့်
အစ်ကို့ကို အဲလို လက်အုပ်ချီပြီး မတောင်း
ပန်ပါနဲ့၊အစ်ကို တောင်းဆိုတာပါ"

ထိုသို့ ဝမ်းနည်းစွာဆိုပြီး မွန်မြတ်မင်းသည်
လှည့်ထွက်ဖို့ပြင်နေချိန်တွင် ဦးရဲကျော်အား
သေချာအောင် အမှားပါးခဲ့ပါသေး၏။

"ဦး ... စွဲမြဲကို မဆူပါနဲ့၊ဒါဟာ သူ့ရဲ့လွတ်
လပ်ပိုင်ခွင့်ပါ၊သူ့ရဲ့လုပ်ရပ်က ဒီအိမ်ကြီးနဲ့
ဘာမှ မသက်ဆိုင်ပါဘူး၊ပြီးတော့ စွဲမြဲက
ဒီအိမ်ရဲ့ အလုပ်သမားမဟုတ်ပါဘူး"

စွဲမြဲက စိတ်ထိခိုက်သွားပုံ မျက်နှာနှင့်
သူ့အား မော်ကြည့်သည်။ထို့နောက် နှုတ်
ခမ်းတို့ကို တင်းတင်းစေ့ထားလျက် သူ
တို့အနားမှ မျက်နှာကလေးညှိုးနွမ်းကာ
ထွက်ပြေးသွားလေတော့သည်။

*     *    *     *     *     *     *

စွဲမြဲတစ်ယောက် ခြံထဲရှိ စိန်ပန်းပင်
အောက်၌ တုတ်တစ်ချောင်းဖြင့် မြေကြီး
အား တူးဆွကာ ငေးမှိုင်နေသည်။

မှိုင်ရသည့် အကြောင်းအရင်းကလည်း
ယခုတလော အိမ်ပြင်မထွက်ဖြစ်ခဲ့သလို၊
သဇင်နှင့်လည်း အဆက်အသွယ်မရခဲ့။
တစ်ရက်က သဇင်နှင့်တွေ့မည်ဟု မောင်
ပြူးအား သဇင်တို့မုန့်ဟင်းခါးဆိုင်ထိ
သွားခိုင်းပြီး အမှာပါးခဲ့သော်လည်း သဇင်
က ရောက်မလာ။သူ တစ်ယောက်တည်း
သာ နာဂဝံသစမ်းချောင်းကို အဖော်ပြုပြီး
ထိုနေ့ကို ဖြတ်​ကျော်ခဲ့ရ၏။

သဇင်ဟာ ဘာ့ကြောင့် သူ့ကို ရှောင်ဖယ်
နေရသနည်း ...

စဥ်းစားရင်း စိတ်ရှုပ်လာရကာ ဘာမှ
မရှိသည့် မြေကြီးကိုဘဲ သဲကြီးမဲကြီး
တူးဆွနေမိသည်။ထိုအချိန် မမကြူနှင့်
စျေးဝယ်လိုက်သွားသည့် မောင်ပြူးက
စက်ဘီးကို ဒေါက်တောင် သေချာမချ
ခဲ့နိုင်ဘဲ သူ့ထံသို့ အမောတကောဖြင့်
ပြေးလာသည်။

"ညီလေး စွဲမြဲ၊အစ်ကို သဇင့်ကို တွေ့
လာတယ်၊ဒါပေမဲ့ ကောင်လေးတစ်
ယောက်နဲ့ ..."

"ဘယ်လို ဘယ်လို "

"အေး ဟုတ်တယ်"

မောင်ပြူးက မောဟိုက်နေ၏။​ပြောချင်
ဇောနှင့် စက်ဘီးကို ခြေကုန်သုတ် မောင်း
နှင့်လာခဲ့သည်ပင်။စွဲမြဲက တပူပူ တပင်
ပင်လုပ်နေတော့ သူ့မှာ မကြည့်ရက်နိုင်။
သဇင့်အား မျိုးစုံကြံပြီး၊မျိုးစုံ ခေါ်ထုတ်
ကြည့်ပြီးပြီ။သဇင် လိုက်မလာသည်က
ဆိုး၏။ဘယ်လိုက်လာတော့မလဲ၊သင်းက
အသစ်စက်စက်ကလေးနှင့် ကြည်နူးနေ
တော့တာကိုး။

"အစ်ကို ကျွန်တော့်ကို ရှင်းအောင်ပြောပါ၊
သဇင့်ကို ဘယ်လို တွေ့လာလဲ၊ပြီးတော့
သဇင်နဲ့တွဲလာတဲ့ ကောင်လေးက ဘယ်သူ
တဲ့လဲ"

"အဲဒါ အစ်ကို ဘယ်သိမလဲ၊အစ်ကိုကလည်း
မှန်းချက်မပေးနိုင်ဘူးလေ ...တော်ကြာ တစ်
ဖက်မိန်းကလေးက နစ်နာနေပါဦးမယ်"

"အခု ကျွန်တော် နစ်နာနေတာ မဟုတ်လား၊
ကျွန်တော် သဇင့်ကို အတည်တွဲခဲ့တာလေဗျာ"

"သြော် ...ဒါတော့ အစ်ကို အမြင်မှားတာ
လည်း ဖြစ်နိုင်တာပဲ၊သဇင် ဟုတ်ချင်မှ
ဟုတ်မှာပေါ့"

"အဲဆို ကျွန်တော် သွားကြည့်မယ်၊သဇင်
ဟုတ်မဟုတ်၊အစ်ကိုသာ သဇင့်ကိုတွေ့
လာတဲ့ နေရာကိုပြောပါ"

မောင်ပြူး စိတ်ရှုပ်ပုံဖြင့် ခေါင်းအတွင်တွင်
ခါလေသည်။

"မသွားချင်ပါနဲ့ ညီလေးရာ၊ဒီတိုင်း ထား

လိုက်ပါ၊နောက်နေ့မှ သဇင့်ကို အေးဆေး
ခေါ်မေးပေါ့"

စွဲမြဲမှာ စိတ်ဓာတ်ကျသကဲ့သို့ ငိုင်သွား
လေသည်။လက်သီးကိုလည်း ကျစ်နေ
အောင်ပင် ဆုပ်ထားပါသေး၏။

အင်း ...စွဲမြဲ နေရာလည်း ဝင်ကြည့်တော့
မှန်ပေသည်။ကိုယ့်ချစ်သူတစ်ယောက်
လုံးဆီက ရုတ်ချည်း သစ္စာဖောက်ခံလိုက်
ရတော့ ဘယ်သူက မခံပြင်းဘဲ နေလိုက်
မလဲ။ခံပြင်းသည်ပေါ့။အဆိုးဆုံက သဇင်
ဟာ လမ်းခွဲခြင်း၊မခွဲခြင်းကိုလည်း အသိ
မပေး အကြောင်းမကြားပါဘဲ၊သူ လုပ်ချင်
ရာ လုပ်သွားချေ၏။စွဲမြဲက ကြားခံနယ်
သက်သက်တစ်ခုသာ ဖြစ်ကျန်ခဲ့ရသည်။

ဟိုက၊သဇင်တွဲသည်က လူကြီးသား။
မိဘဂုဏ်နှင့် ရပ်ကျော်၊ရွာကျော် လုပ်
နေသော ကလည်ကချေ လူငယ်တစ်ယောက်။စွဲမြဲကား မိဘတွေမချမ်းသာ
သော်ငြား အကျင့်သိက္ခာဂုဏ်ရှိ၏။
ပြီးတော့ ပညာတတ်ကလေး၊အနေလည်း အေး၏။စွဲမြဲနှင့် ထိုလူငယ်ဟာ လားလား
မျှမဆိုင်။သဇင်ဟာ ဘာ့ကြောင့် ထိုလူ
ငယ်လေးကို ရွေးသွားလဲတော့မသိ။ဒါ
မှမဟုတ် မိဘဂုဏ်နှင့်သြဇာအာဏာကို
ကြည့်ပြီး ရွေးသွားသည်လော။

"ကျွန်တော့်ကို ပြောစမ်းပါ အစ်ကိုရာ၊
အစ်ကိုမပြောရင် ကျွန်တော် သဇင့်တို့
မုန့်ဟင်းခါးဆိုင်ထိ လိုက်သွားတော့မှာ"

မောင်ပြူးက စွဲမြဲကိုကြည့်ပြီး သက်ပြင်း
ချလျက်ဆိုသည်။

"မဖြစ်ဘူးနော် စွဲမြဲ၊ဟိုက ဒီနယ်ရဲ့ လူကြီး
သား၊သူတို့ အသိုင်းအဝိုင်းကို မင်း သွားထိ
လို့မရဘူး၊အကုန်ရှုပ်ကုန်မယ်၊အစ်ကိုပြော
စကားကို နားထောင်နော် စွဲမြဲ"

"မသိဘူးအစ်ကို၊ကျွန်တော် အခုရှင်းချင်
တာ၊သဇင်ဟာ ကျွန်တော့်ကို ဘယ်လိုသ
ဘောထားခဲ့လည်း သိချင်လို့"

"ရော ...ခက်ပါလား စွဲမြဲရာ"

မောင်မြူးမှာ ဘယ်လိုမှ ဖြောင့်ဖြလို့မရ
သည့်အဆုံး သဇင့်ကို တွေ့လာခဲ့သည့်
နေရာအား စွဲမြဲကို ပြောပြလိုက်ရတော့
သည်။

စွဲမြဲက ခြံထောင်း၌ ကပ်ထားခဲ့သော
မောင်ပြူး၏ စက်ဘီးကို ယူကာ ဒုန်းစိုက်
နင်းထွက်သွားတော့၏။စွဲမြဲ၏ ဒေါသ
ရိပ်ငွေ့တထောင်းထောင်းနှင့် မလုပ်သင့်
တာတွေ လုပ်မိမှာကိုလည်း ရင်တမမဖြင့်
မောင်ပြူးသည် အစ်ကိုလေးကို လှမ်းတ
ရတော့သည်။

"အစ်ကိုလေး၊အစ်ကိုလေး ကယ်ပါဦးဗျာ"

"ဟေ မောင်ပြူး၊ဘာဖြစ်လာတာလဲ"

အိမ်ပေါ်မှ မွန်မြတ်မင်းသည် ခပ်မြန်မြန်
ဆင်းလာသည်။

"စွဲ ...စွဲမြဲလေ၊လူကြီး ဦးအုန်း ...အုန်းမောင်
သားနဲ့ ပြဿနာ တက်တော့မယ်"

မွန်မြတ်မင်း နားမလည်စွာ မောင်ပြူးကို
ငေးရင်း ...

"ဘာဖြစ်ကြလို့လဲ၊အခု စွဲမြဲက ဘယ်ကို
ထွက်သွားသလဲ"

"သ ...သဇင့်ကို သွားရှာပါတယ်"

"မင်း သဇင့်ကို ဘယ်နားမှာ တွေ့လာ
ခဲ့တာလဲ ငါ့ကိုပြော၊မြန်မြန်ပြော"

"ည ...ညစျေးတန်း နားမှာပါ"

"အေး အေး၊စိတ်မပူနဲ့ မောင်ပြူး၊အစ်ကို
လိုက်သွားပေးမယ်"

မွန်မြတ်မင်းသည် မောင်ပြူးကို ပခုံးတစ်
ချက်ပုတ်ခဲ့ပြီး အိမ်ထဲဝင်သွားကာ မိနစ်
ပိုင်းလောက်ကြာတော့ လက်ထဲမှာ ကား
သော့ကိုင်လျက် ထွက်လာသည်။ပြီးလျှင်
ကားပေါ်သို့ ခပ်သုတ်သုတ်တက်သွားပြီး
ကားစက်နှိုးကာ တဟုန်ထိုး မောင်းနှင်
သွားတော့သည်။

မောင်ပြူးက စိုးရိမ်ကြီးစွာဖြင့် ကျန်ရစ်၏။
သူ့မှာလည်း သည်အကြောင်းကို အိမ်တွင်
မပေါက်ကြားဖို့ မောင်ပြူးကို မှာခဲ့ချင်သော်
ငြား မမှာအားခဲ့။ကောင်လေးကိုသာ ပူပင်
စိတ်ကြီးနေသည်။

သူသည် စျေးတန်းတစ်လျှောက် ဖြည်း
ညှင်းစွာမောင်းပြီး ကောင်လေးကို လိုက်
လံရှာရသည်။လွဲသွားလို့ မဖြစ်။လွဲသွား
လျှင် အချိန်ကြာပြီး အဖြစ်သင့်တာလည်း
ဖြစ်ကုန်မည်။သည်လိုနှင့် ဟိုဟိုသည်သည်
ရှာတော့ ကောင်လေးကိုတော့ မတွေ့၊မိသ
ဇင်နှင့် လူကြီးဦးအုန်းမောင်းသားကိုသာ
လက်ချင်းချိတ်လျက် လမ်းလျှောက်နေ
သည်အား တွေ့ရလေသည်။

ကြည့်စမ်း ... စွဲမြဲမပြောနှင့် သူပင် ထိုသူ
နှစ်ယောက်ကိုကြည့်ပြီး စိတ်တိုမိ၏။စွဲမြဲ
ဆိုတော့ ဘယ့်နှယ်နေလိုက်မလဲ။တကယ်
လည်း ဒေါသထွက်၊စိတ်တို ချင်စရာဘဲ
မဟုတ်လော ...။

"ဒါက ဘာလုပ်နေကြတာလဲ"

စွဲမြဲက စက်ဘီးလေးကို ပစ်ထားခဲ့လျက်
သဇင်တို့အနားကို ပြေးလျှောက်သွား၏။
မွန်မြတ်မင်းတော့ ကားပေါ်က မဆင်းသေး။
အခြေအနေ ဟန်မဟန်ကိုသာ ကားပေါ်က
စောင့်ကြည့်နေလိုက်သည်။

"အို ...ကိုစွဲမြဲ၊ရှင် ...ရှင် ဘယ်လိုလုပ် ..."

"သဇင် ဒါ ဘာအချိုးချိုးတာလဲ"

"အို ...မ ...မဟုတ်ဘူး"

"လာပါ သဇင်ရာ၊ကိုယ်တို့တစ်နေရာ
သွားပြီး ဒီကိစ္စကို ရှင်းရအောင်"

ပြောရင်းဆိုရင်း စွဲမြဲသည် သဇင့်လက်ကို
လှမ်းဆွဲ၏။ထိုအချိန် ...

"ဟိတ်ကောင်! ... မင်း ဘယ်သူ့ကို လာထိ
နေရတာလဲ၊အခု ချက်ချင်း သဇင့်လက်
ကို လွှတ်လိုက်စမ်း! ၊ မိမဆုံးမ ဖမဆုံးမ
အကောင်"

"ဘယ်လိုပြောလိုက်တာလဲ၊ဒီမှာ ခင်ဗျား
ကျွန်တော့်ကို လူရမ်းကားလို့ အောက်မေ့
သလား၊ကျွန်တော်က သဇင့်ချစ်သူလေ"

သဇင်နှင့်ပါလာသည့် လူငယ်က စွဲမြဲ
ရင်ဘက်ကို တွန်းထုတ်သည်။စွဲမြဲမှာ
ယိုင်နဲနဲဖြစ်သွားရသည့် ခန္ဓာကိုယ်ကို
တည့်မတ်ကာ စကားပြောမည်လုပ်လေ
ရာ လူငယ်က ထပ်၍ တွန်းထုတ်ပစ်၏။
စွဲမြဲကတော့ လက်မပါ။ငြိမ်လျက် နေ
ရှာသည်။

ထိုလူငယ်က  ခါးမှာ လက်ထောက်လျက်

"ဘာတွေ လာကြောင်နေတာလဲ၊ကြာကူ
လီကောင်၊ပုံစံကိုက အူတူတူနဲ့ "

လူငယ်သည် ပြောနေရင်းမှ စွဲမြဲ ကော်လံ
စကို ဖျတ်ခနဲ လှမ်းဆုပ်က လက်သီးနှင့်
ရွယ်လေတော့သည်။

ထိုမြင်ကွင်းကြောင့် မွန်မြတ်မင်းသည်
ကားပေါ်မှာ ပြေးဆင်းလာခဲ့ကာ စွဲမြဲ
ပေါ်ကျရောက်ခါနီး လူငယ်လက်သီးကို
လှမ်းတား ယူလိုက်ရသည်။

"ဒီမယ် ကောင်လေး၊လူလူချင်းဘဲ စကား
ပြောရင် အေးဆေးပြောလို့ရတာဘဲ မဟုတ်လား၊ဘာ့ကြောင့် လက်ပါချင်ရသလဲ"

လူငယ်က သူ့ကို မျက်ထောင်နီများဖြင့်
ဒေါသတကြီး ကြည့်၏။

"ခင်ဗျား ဘာသိလို့လဲ၊ဒီကောင် ကြာကူ
လီကောင်"

လူငယ်၏ စကားကြောင့် မွန်မြတ်မင်းက
ဟက်ဟက်လေး ရယ်လျက် ...

"ဘယ်သူက ကြာကူလီလည်းဆိုတာ၊
မိသဇင်ကို မေးကြည့်ပေါ့၊မိသဇင်ဘဲ
ဟောသည် အဖြေကို ကောင်းကောင်း
သိတယ်"

ထိုသို့ လူငယ်ကို ပြောလိုက်ပြီး စွဲမြဲ
လက်ကိုဆွဲကာ နေရာမှ လှည့်ထွက်
လာခဲ့၏။သို့သော် သူသည် ခပ်လှမ်း
လှမ်းတစ်နေရာမှ မိသဇင်ကို လှည့်
ကြည့်ကာ ...

"ငါ ညည်းကို သေချာမှာခဲ့တယ်

မိသဇင်၊စွဲမြဲကို မကစားပါနဲ့လို့ ..."

မိသဇင်က မျက်တောင်လေး ပုတ်ခတ်ဖြင့်
သူ့လုပ်ရပ်ကို နောင်တကြီးစွာ ရနေပုံနှင့်
ငိုလျက် ပြေးထွက်သွားတော့၏။သူနှင့်ပါ
လာသည့် လူငယ်ကလည်း သူတို့ကို စူးခနဲ
တစ်ချက်ကြည့်ကာ မိသဇင်နောက်ကို
ပြေးလိုက်သွားလေတော့သည်။

အပိုင်း( ၉ )ဆက်ရန်

မကြာမီ လူကြီးရင်ခွင်ထဲ ရောက်တော့
မည်😅

ပုံ/စွဲမြဲမှ

>>>>>>>>>>>>>>

"ဘာအတြက္လဲ"

"အဲဒါ ကြၽန္ေတာ္မသိဘူး"

စြဲၿမဲဆီမွ ေျဖရွင္းခ်က္  မရေလေသာ
ေၾကာင့္ မြန္ျမတ္မင္း ဘဝင္မက်ခ်င္ေသာ္ျငား သည္အတိုင္း ၿငိမ္ေနလိုက္ရသည္။
သူစိမ္းမ်ားျဖစ္ၾကသျဖင့္ တစ္ေယာက္ႏွင့္
တစ္ေယာက္လည္း ဘာမွ်ပတ္သက္ျခင္း
မရွိ၍ ႏွစ္ေယာက္သားဟာ ႏႈတ္ဆိတ္ခဲ့ၾက
သလို စကားလုံးတို႔၏ အဓိပၸာယ္ကိုလည္း
ပုံမေဖာ္ခဲ့ၾကေတာ့ေခ်။အၾကည့္တို႔ကေတာ့
တစ္ေယာက္ေပၚတစ္ေယာက္ ၾကားခံနယ္
မရွိေအာင္ သက္ေရာက္ေနခဲ့ၾက၏။

စြဲၿမဲ မ်က္လုံးမ်ားက ပိုဆိုးသည္။ကားကို
အာ႐ုံစိုက္ေမာင္းေနေသာ မြန္ျမတ္မင္းအား
မၾကာခဏဆိုသလို စူးစိုက္ၾကည့္၍ လိုက္ပါ
လာခဲ့၏။မြန္ျမတ္မင္းကေတာ့ သတိျပဳမိ
ေပမဲ့ ေျခတစ္လွမ္း ေနာက္ဆုတ္ထားေလ
သူမို႔ မသိက်ိဳးက်ံျပဳကာ ကားကိုသာ အာ
႐ုံစိုက္ေမာင္းလာခဲ့လိုက္သည္။

သူတို႔ အိမ္ျပန္ေရာက္ၿပီး ကားေပၚက
ဆင္းၾကေသာအခါ ဦးရဲေက်ာ္ႀကီးက
မ်က္ႏွာထားတင္းတင္းႏွင့္ သားျဖစ္သူကို
စီးႀကိဳသည္။ဘာေၾကာင့္ရယ္မွန္း မသိ
ေပမဲ့ မြန္ျမတ္မင္းစိတ္ထဲတြင္ သဇင္ႏွင့္
ပတ္သတ္၍ဟုသာ ထင္ျမင္ေနသည္။
အမွန္ပင္။သူ ခန့္မွန္းေျခက မမွားခဲ့ေလၿပီ။

"စြဲၿမဲ လာခဲ့စမ္း! ၊မင္းကို ပညာတတ္ႀကီး
ျဖစ္ေစခ်င္လို႔ ဒီကိုေခၚလာတာ၊ရည္းစား
သနာထားဖို႔ ေခၚတာမဟုတ္ဘူး၊ၿပီးေတာ့
မင္း မခင္ၾကည္သမီး သဇင္နဲ႕သြားခ်ိန္း
ေတြ႕တယ္ဆို"

ဦးရဲေက်ာ္သည္ စြဲၿမဲလက္ေကာက္
ဝတ္ကိုတင္းတင္းဆုပ္ကိုင္ၿပီးေနာက္
မြန္ျမတ္မင္းကိုအားနည္းအားနာ ဆို
ေလသည္။

"ဦးရဲ႕သားေလးေၾကာင့္ အားနာစရာ
ေတြေတာ့ ျဖစ္ကုန္ပါၿပီ၊ေနာက္ဆို
ေသခ်ာ မွာထားေပးပါမယ္"

ဦးရဲေက်ာ္ အေျပာကို မြန္ျမတ္မင္း ခ်က္
ခ်င္း သေဘာေပါက္လိုက္၏။သည္အိမ္ႀကီး၏ စည္းကမ္းဟာ အလုပ္သမားတိုင္း အေၾကာင္းထူးကိစၥမရွိပါပဲ ညေနေျခာက္
နာရီေနာက္ပိုင္း ၿခံျပင္မထြက္ရ အမိန့္ပင္ မဟုတ္လား။ဤသည္ကို အၿမဲနာခံ စည္း
ကမ္းႀကီးေသာဦးရဲေက်ာ္က သားျဖစ္သူ၏ စည္းကမ္းပ်က္စားမူေၾကာင့္ ေတာင္းပန္
ခံေနေလသည္ပင္။

"ဦး တကယ္ေတာင္းပါရပါတယ္၊
ေနာက္ေနာင္ ဒီလိုကိစၥမ်ိဳး မျဖစ္
ေစရပါဘူး၊ဟေကာင္ မင္း အစ္ကို
မြန့္ကို ေတာင္းပန္လိုက္"

ဦးရဲေက်ာ္မွာ ေျပာေျပာဆိုဆို သားျဖစ္
သူအား ေလသံတစ္မ်ိဳးျဖင့္ ေအာ္သည္။
စြဲၿမဲကလည္း ဘုမသိဘမသိပုံ၊အေဖျဖစ္
သူက ေတာင္းပန္ဆို ေတာင္းပန္ေတာ့၏။
သည္အိမ္ႀကီးမွာ ဘာျဖစ္ေနမွန္း၊ဘယ္လို
ျပႆနာရွိေနမွန္းေတာ့ သူမသိေသးရွာ။

"ကြၽန္ ...ကြၽန္ေတာ္ ေတာင္းပန္ပါတယ္
အစ္ကိုမြန္"

လက္အုပ္ကေလး ခ်ီၿပီး ေတာင္းပန္ခံ
ေနေသာ ေကာင္ေလးကိုၾကည့္ၿပီး မြန္ျမတ္
မင္း၏ သနားဂ႐ုနာမွာ ပို၍ သက္ေရာက္
သြားရသည္အလား။ရင္ဘက္တစ္ခုလုံး
လည္း ဆူပြလာၿပီး အတြင္းႏွလုံးထိ နာရ၏။တကယ္ဆို သည္ေကာင္ေလးကို နိမ့္က်သ
လိုမ်ိဳး သူ မဆက္ဆံခ်င္ပါ။

မြန္ျမတ္မင္းက ဝမ္းနည္းစြာ ေကာင္ေလး
လက္ကေလးေတြကို ျဖည္ခ်ေပး၏။

"မလိုဘူး စြဲၿမဲ ... မလိုဘူး၊ေနာက္ေနာင့္
အစ္ကို႔ကို အဲလို လက္အုပ္ခ်ီၿပီး မေတာင္း
ပန္ပါနဲ႕၊အစ္ကို ေတာင္းဆိုတာပါ"

ထိုသို႔ ဝမ္းနည္းစြာဆိုၿပီး မြန္ျမတ္မင္းသည္
လွည့္ထြက္ဖို႔ျပင္ေနခ်ိန္တြင္ ဦးရဲေက်ာ္အား
ေသခ်ာေအာင္ အမွားပါးခဲ့ပါေသး၏။

"ဦး ... စြဲၿမဲကို မဆူပါနဲ႕၊ဒါဟာ သူ႕ရဲ႕လြတ္
လပ္ပိုင္ခြင့္ပါ၊သူ႕ရဲ႕လုပ္ရပ္က ဒီအိမ္ႀကီးနဲ႕
ဘာမွ မသက္ဆိုင္ပါဘူး၊ၿပီးေတာ့ စြဲၿမဲက
ဒီအိမ္ရဲ႕ အလုပ္သမားမဟုတ္ပါဘူး"

စြဲၿမဲက စိတ္ထိခိုက္သြားပုံ မ်က္ႏွာႏွင့္
သူ႕အား ေမာ္ၾကည့္သည္။ထို႔ေနာက္ ႏႈတ္
ခမ္းတို႔ကို တင္းတင္းေစ့ထားလ်က္ သူ
တို႔အနားမွ မ်က္ႏွာကေလးညွိုးႏြမ္းကာ
ထြက္ေျပးသြားေလေတာ့သည္။

*  *  *  *  *  *  *

စြဲၿမဲတစ္ေယာက္ ၿခံထဲရွိ စိန္ပန္းပင္
ေအာက္၌ တုတ္တစ္ေခ်ာင္းျဖင့္ ေျမႀကီး
အား တူးဆြကာ ေငးမွိုင္ေနသည္။

မွိုင္ရသည့္ အေၾကာင္းအရင္းကလည္း
ယခုတေလာ အိမ္ျပင္မထြက္ျဖစ္ခဲ့သလို၊
သဇင္ႏွင့္လည္း အဆက္အသြယ္မရခဲ့။
တစ္ရက္က သဇင္ႏွင့္ေတြ႕မည္ဟု ေမာင္
ျပဴးအား သဇင္တို႔မုန့္ဟင္းခါးဆိုင္ထိ
သြားခိုင္းၿပီး အမွာပါးခဲ့ေသာ္လည္း သဇင္
က ေရာက္မလာ။သူ တစ္ေယာက္တည္း
သာ နာဂဝံသစမ္းေခ်ာင္းကို အေဖာ္ျပဳၿပီး
ထိုေန႕ကို ျဖတ္ေက်ာ္ခဲ့ရ၏။

သဇင္ဟာ ဘာ့ေၾကာင့္ သူ႕ကို ေရွာင္ဖယ္
ေနရသနည္း ...

စဥ္းစားရင္း စိတ္ရႈပ္လာရကာ ဘာမွ
မရွိသည့္ ေျမႀကီးကိုဘဲ သဲႀကီးမဲႀကီး
တူးဆြေနမိသည္။ထိုအခ်ိန္ မမၾကဴႏွင့္
ေစ်းဝယ္လိုက္သြားသည့္ ေမာင္ျပဴးက
စက္ဘီးကို ေဒါက္ေတာင္ ေသခ်ာမခ်
ခဲ့နိုင္ဘဲ သူ႕ထံသို႔ အေမာတေကာျဖင့္
ေျပးလာသည္။

"ညီေလး စြဲၿမဲ၊အစ္ကို သဇင့္ကို ေတြ႕
လာတယ္၊ဒါေပမဲ့ ေကာင္ေလးတစ္
ေယာက္နဲ႕ ..."

"ဘယ္လို ဘယ္လို "

"ေအး ဟုတ္တယ္"

ေမာင္ျပဴးက ေမာဟိုက္ေန၏။ေျပာခ်င္
ေဇာႏွင့္ စက္ဘီးကို ေျခကုန္သုတ္ ေမာင္း
ႏွင့္လာခဲ့သည္ပင္။စြဲၿမဲက တပူပူ တပင္
ပင္လုပ္ေနေတာ့ သူ႕မွာ မၾကည့္ရက္နိုင္။
သဇင့္အား မ်ိဳးစုံႀကံၿပီး၊မ်ိဳးစုံ ေခၚထုတ္
ၾကည့္ၿပီးၿပီ။သဇင္ လိုက္မလာသည္က
ဆိုး၏။ဘယ္လိုက္လာေတာ့မလဲ၊သင္းက
အသစ္စက္စက္ကေလးႏွင့္ ၾကည္ႏူးေန
ေတာ့တာကိုး။

"အစ္ကို ကြၽန္ေတာ့္ကို ရွင္းေအာင္ေျပာပါ၊
သဇင့္ကို ဘယ္လို ေတြ႕လာလဲ၊ၿပီးေတာ့
သဇင္နဲ႕တြဲလာတဲ့ ေကာင္ေလးက ဘယ္သူ
တဲ့လဲ"

"အဲဒါ အစ္ကို ဘယ္သိမလဲ၊အစ္ကိုကလည္း
မွန္းခ်က္မေပးနိုင္ဘူးေလ ...ေတာ္ၾကာ တစ္
ဖက္မိန္းကေလးက နစ္နာေနပါဦးမယ္"

"အခု ကြၽန္ေတာ္ နစ္နာေနတာ မဟုတ္လား၊
ကြၽန္ေတာ္ သဇင့္ကို အတည္တြဲခဲ့တာေလဗ်ာ"

"ေၾသာ္ ...ဒါေတာ့ အစ္ကို အျမင္မွားတာ

လည္း ျဖစ္နိုင္တာပဲ၊သဇင္ ဟုတ္ခ်င္မွ
ဟုတ္မွာေပါ့"

"အဲဆို ကြၽန္ေတာ္ သြားၾကည့္မယ္၊သဇင္
ဟုတ္မဟုတ္၊အစ္ကိုသာ သဇင့္ကိုေတြ႕
လာတဲ့ ေနရာကိုေျပာပါ"

ေမာင္ျပဴး စိတ္ရႈပ္ပုံျဖင့္ ေခါင္းအတြင္တြင္
ခါေလသည္။

"မသြားခ်င္ပါနဲ႕ ညီေလးရာ၊ဒီတိုင္း ထား
လိုက္ပါ၊ေနာက္ေန႕မွ သဇင့္ကို ေအးေဆး
ေခၚေမးေပါ့"

စြဲၿမဲမွာ စိတ္ဓာတ္က်သကဲ့သို႔ ငိုင္သြား
ေလသည္။လက္သီးကိုလည္း က်စ္ေန
ေအာင္ပင္ ဆုပ္ထားပါေသး၏။

အင္း ...စြဲၿမဲ ေနရာလည္း ဝင္ၾကည့္ေတာ့
မွန္ေပသည္။ကိုယ့္ခ်စ္သူတစ္ေယာက္
လုံးဆီက ႐ုတ္ခ်ည္း သစၥာေဖာက္ခံလိုက္
ရေတာ့ ဘယ္သူက မခံျပင္းဘဲ ေနလိုက္
မလဲ။ခံျပင္းသည္ေပါ့။အဆိုးဆုံက သဇင္
ဟာ လမ္းခြဲျခင္း၊မခြဲျခင္းကိုလည္း အသိ
မေပး အေၾကာင္းမၾကားပါဘဲ၊သူ လုပ္ခ်င္
ရာ လုပ္သြားေခ်၏။စြဲၿမဲက ၾကားခံနယ္
သက္သက္တစ္ခုသာ ျဖစ္က်န္ခဲ့ရသည္။

ဟိုက၊သဇင္တြဲသည္က လူႀကီးသား။
မိဘဂုဏ္ႏွင့္ ရပ္ေက်ာ္၊႐ြာေက်ာ္ လုပ္
ေနေသာ ကလည္ကေခ် လူငယ္တစ္ေယာက္။စြဲၿမဲကား မိဘေတြမခ်မ္းသာ
ေသာ္ျငား အက်င့္သိကၡာဂုဏ္ရွိ၏။
ၿပီးေတာ့ ပညာတတ္ကေလး၊အေနလည္း ေအး၏။စြဲၿမဲႏွင့္ ထိုလူငယ္ဟာ လားလား
မွ်မဆိုင္။သဇင္ဟာ ဘာ့ေၾကာင့္ ထိုလူ
ငယ္ေလးကို ေ႐ြးသြားလဲေတာ့မသိ။ဒါ
မွမဟုတ္ မိဘဂုဏ္ႏွင့္ၾသဇာအာဏာကို
ၾကည့္ၿပီး ေ႐ြးသြားသည္ေလာ။

"ကြၽန္ေတာ့္ကို ေျပာစမ္းပါ အစ္ကိုရာ၊
အစ္ကိုမေျပာရင္ ကြၽန္ေတာ္ သဇင့္တို႔
မုန့္ဟင္းခါးဆိုင္ထိ လိုက္သြားေတာ့မွာ"

ေမာင္ျပဴးက စြဲၿမဲကိုၾကည့္ၿပီး သက္ျပင္း
ခ်လ်က္ဆိုသည္။

"မျဖစ္ဘူးေနာ္ စြဲၿမဲ၊ဟိုက ဒီနယ္ရဲ႕ လူႀကီး
သား၊သူတို႔ အသိုင္းအဝိုင္းကို မင္း သြားထိ
လို႔မရဘူး၊အကုန္ရႈပ္ကုန္မယ္၊အစ္ကိုေျပာ
စကားကို နားေထာင္ေနာ္ စြဲၿမဲ"

"မသိဘူးအစ္ကို၊ကြၽန္ေတာ္ အခုရွင္းခ်င္
တာ၊သဇင္ဟာ ကြၽန္ေတာ့္ကို ဘယ္လိုသ
ေဘာထားခဲ့လည္း သိခ်င္လို႔"

"ေရာ ...ခက္ပါလား စြဲၿမဲရာ"

ေမာင္ျမဴးမွာ ဘယ္လိုမွ ေျဖာင့္ျဖလို႔မရ
သည့္အဆုံး သဇင့္ကို ေတြ႕လာခဲ့သည့္
ေနရာအား စြဲၿမဲကို ေျပာျပလိုက္ရေတာ့
သည္။

စြဲၿမဲက ၿခံေထာင္း၌ ကပ္ထားခဲ့ေသာ
ေမာင္ျပဴး၏ စက္ဘီးကို ယူကာ ဒုန္းစိုက္
နင္းထြက္သြားေတာ့၏။စြဲၿမဲ၏ ေဒါသ
ရိပ္ေငြ႕တေထာင္းေထာင္းႏွင့္ မလုပ္သင့္
တာေတြ လုပ္မိမွာကိုလည္း ရင္တမမျဖင့္
ေမာင္ျပဴးသည္ အစ္ကိုေလးကို လွမ္းတ
ရေတာ့သည္။

"အစ္ကိုေလး၊အစ္ကိုေလး ကယ္ပါဦးဗ်ာ"

"ေဟ ေမာင္ျပဴး၊ဘာျဖစ္လာတာလဲ"

အိမ္ေပၚမွ မြန္ျမတ္မင္းသည္ ခပ္ျမန္ျမန္
ဆင္းလာသည္။

"စြဲ ...စြဲၿမဲေလ၊လူႀကီး ဦးအုန္း ...အုန္းေမာင္
သားနဲ႕ ျပႆနာ တက္ေတာ့မယ္"

မြန္ျမတ္မင္း နားမလည္စြာ ေမာင္ျပဴးကို
ေငးရင္း ...

"ဘာျဖစ္ၾကလို႔လဲ၊အခု စြဲၿမဲက ဘယ္ကို
ထြက္သြားသလဲ"

"သ ...သဇင့္ကို သြားရွာပါတယ္"

"မင္း သဇင့္ကို ဘယ္နားမွာ ေတြ႕လာ
ခဲ့တာလဲ ငါ့ကိုေျပာ၊ျမန္ျမန္ေျပာ"

"ည ...ညေစ်းတန္း နားမွာပါ"

"ေအး ေအး၊စိတ္မပူနဲ႕ ေမာင္ျပဴး၊အစ္ကို
လိုက္သြားေပးမယ္"

မြန္ျမတ္မင္းသည္ ေမာင္ျပဴးကို ပခုံးတစ္
ခ်က္ပုတ္ခဲ့ၿပီး အိမ္ထဲဝင္သြားကာ မိနစ္
ပိုင္းေလာက္ၾကာေတာ့ လက္ထဲမွာ ကား
ေသာ့ကိုင္လ်က္ ထြက္လာသည္။ၿပီးလွ်င္
ကားေပၚသို႔ ခပ္သုတ္သုတ္တက္သြားၿပီး
ကားစက္ႏွိုးကာ တဟုန္ထိုး ေမာင္းႏွင္
သြားေတာ့သည္။

ေမာင္ျပဴးက စိုးရိမ္ႀကီးစြာျဖင့္ က်န္ရစ္၏။
သူ႕မွာလည္း သည္အေၾကာင္းကို အိမ္တြင္
မေပါက္ၾကားဖို႔ ေမာင္ျပဴးကို မွာခဲ့ခ်င္ေသာ္
ျငား မမွာအားခဲ့။ေကာင္ေလးကိုသာ ပူပင္
စိတ္ႀကီးေနသည္။

သူသည္ ေစ်းတန္းတစ္ေလွ်ာက္ ျဖည္း
ညွင္းစြာေမာင္းၿပီး ေကာင္ေလးကို လိုက္
လံရွာရသည္။လြဲသြားလို႔ မျဖစ္။လြဲသြား
လွ်င္ အခ်ိန္ၾကာၿပီး အျဖစ္သင့္တာလည္း
ျဖစ္ကုန္မည္။သည္လိုႏွင့္ ဟိုဟိုသည္သည္
ရွာေတာ့ ေကာင္ေလးကိုေတာ့ မေတြ႕၊မိသ
ဇင္ႏွင့္ လူႀကီးဦးအုန္းေမာင္းသားကိုသာ
လက္ခ်င္းခ်ိတ္လ်က္ လမ္းေလွ်ာက္ေန
သည္အား ေတြ႕ရေလသည္။

ၾကည့္စမ္း ... စြဲၿမဲမေျပာႏွင့္ သူပင္ ထိုသူ
ႏွစ္ေယာက္ကိုၾကည့္ၿပီး စိတ္တိုမိ၏။စြဲၿမဲ
ဆိုေတာ့ ဘယ့္ႏွယ္ေနလိုက္မလဲ။တကယ္
လည္း ေဒါသထြက္၊စိတ္တို ခ်င္စရာဘဲ
မဟုတ္ေလာ ...။

"ဒါက ဘာလုပ္ေနၾကတာလဲ"

စြဲၿမဲက စက္ဘီးေလးကို ပစ္ထားခဲ့လ်က္
သဇင္တို႔အနားကို ေျပးေလွ်ာက္သြား၏။
မြန္ျမတ္မင္းေတာ့ ကားေပၚက မဆင္းေသး။
အေျခအေန ဟန္မဟန္ကိုသာ ကားေပၚက
ေစာင့္ၾကည့္ေနလိုက္သည္။

"အို ...ကိုစြဲၿမဲ၊ရွင္ ...ရွင္ ဘယ္လိုလုပ္ ..."

"သဇင္ ဒါ ဘာအခ်ိဳးခ်ိဳးတာလဲ"

"အို ...မ ...မဟုတ္ဘူး"

"လာပါ သဇင္ရာ၊ကိုယ္တို႔တစ္ေနရာ
သြားၿပီး ဒီကိစၥကို ရွင္းရေအာင္"

ေျပာရင္းဆိုရင္း စြဲၿမဲသည္ သဇင့္လက္ကို
လွမ္းဆြဲ၏။ထိုအခ်ိန္ ...

"ဟိတ္ေကာင္! ... မင္း ဘယ္သူ႕ကို လာထိ
ေနရတာလဲ၊အခု ခ်က္ခ်င္း သဇင့္လက္
ကို လႊတ္လိုက္စမ္း! ၊ မိမဆုံးမ ဖမဆုံးမ
အေကာင္"

"ဘယ္လိုေျပာလိုက္တာလဲ၊ဒီမွာ ခင္ဗ်ား
ကြၽန္ေတာ့္ကို လူရမ္းကားလို႔ ေအာက္ေမ့
သလား၊ကြၽန္ေတာ္က သဇင့္ခ်စ္သူေလ"

သဇင္ႏွင့္ပါလာသည့္ လူငယ္က စြဲၿမဲ
ရင္ဘက္ကို တြန္းထုတ္သည္။စြဲၿမဲမွာ
ယိုင္နဲနဲျဖစ္သြားရသည့္ ခႏၶာကိုယ္ကို
တည့္မတ္ကာ စကားေျပာမည္လုပ္ေလ
ရာ လူငယ္က ထပ္၍ တြန္းထုတ္ပစ္၏။
စြဲၿမဲကေတာ့ လက္မပါ။ၿငိမ္လ်က္ ေန
ရွာသည္။

ထိုလူငယ္က ခါးမွာ လက္ေထာက္လ်က္

"ဘာေတြ လာေၾကာင္ေနတာလဲ၊ၾကာကူ
လီေကာင္၊ပုံစံကိုက အူတူတူနဲ႕ "

လူငယ္သည္ ေျပာေနရင္းမွ စြဲၿမဲ ေကာ္လံ
စကို ဖ်တ္ခနဲ လွမ္းဆုပ္က လက္သီးႏွင့္
႐ြယ္ေလေတာ့သည္။

ထိုျမင္ကြင္းေၾကာင့္ မြန္ျမတ္မင္းသည္
ကားေပၚမွာ ေျပးဆင္းလာခဲ့ကာ စြဲၿမဲ
ေပၚက်ေရာက္ခါနီး လူငယ္လက္သီးကို
လွမ္းတား ယူလိုက္ရသည္။

"ဒီမယ္ ေကာင္ေလး၊လူလူခ်င္းဘဲ စကား
ေျပာရင္ ေအးေဆးေျပာလို႔ရတာဘဲ မဟုတ္လား၊ဘာ့ေၾကာင့္ လက္ပါခ်င္ရသလဲ"

လူငယ္က သူ႕ကို မ်က္ေထာင္နီမ်ားျဖင့္
ေဒါသတႀကီး ၾကည့္၏။

"ခင္ဗ်ား ဘာသိလို႔လဲ၊ဒီေကာင္ ၾကာကူ
လီေကာင္"

လူငယ္၏ စကားေၾကာင့္ မြန္ျမတ္မင္းက
ဟက္ဟက္ေလး ရယ္လ်က္ ...

"ဘယ္သူက ၾကာကူလီလည္းဆိုတာ၊
မိသဇင္ကို ေမးၾကည့္ေပါ့၊မိသဇင္ဘဲ
ေဟာသည္ အေျဖကို ေကာင္းေကာင္း
သိတယ္"

ထိုသို႔ လူငယ္ကို ေျပာလိုက္ၿပီး စြဲၿမဲ
လက္ကိုဆြဲကာ ေနရာမွ

You are reading the story above: TeenFic.Net