ယနေ့ မနက်၌လည်း ယမန်နေ့မနက်တုန်း
ကကဲ့သို့ မွန်မြတ်မင်းသည် ရုံးသွားဖို့ ပြင်
ဆင်ရသည်။
ညက စာရင်းပြုစုထားသည့် စာရွက်စာ
တမ်းတချို့ကို သေချာသိမ်းဆည်းပြီးနောက်
ရေမိုးချိုးကာ အဝတ်မြန်မြန် လဲလိုက်ပြီး
မနက်စာ လာပို့မည့်သူကို စောင့်ဆိုင်းရ၏။
သည်ကြားထဲ အချိန်က ကြာသည်ဟု ထင်
သည်။စိတ်ထဲ၌လည်း ဘဝင်မကျချင် ဖြစ်
နေရလေကာ တစ်ခုခုကို မျှော်လင့်တကြီး
ဖြစ်နေသည်။
ထိုစဥ် ...
"မနက်စာ ရပါပြီ"
တံခါးခေါက်သံနှင့်အတူ အသံပြုသံကိုပါ ကြားလိုက်ရသည်။စွဲမြဲ အသံတော့မဟုတ်
ပေ။
"ပေး ပေး ...ဒီကို"
သူသည် မောင်ပြူးလက်ထဲမှ မနက်စာကို
လှမ်းယူလိုက်လေသည်။လက်ကသာ လှမ်း
ယူသည်ဟုဆိုသည် စိတ်ထဲ၌ကား ခြံဝန်း
ထဲသို့ပင် အာရုံ ရောက်နေရ၏။သည်ချိန်ဆို
စွဲမြဲ ခြံထဲဆင်းပြီး ပန်းပင်တွေ ရေလောင်း
နေပြီလား။ဒါမှမဟုတ် မမကြူကို မီးဖိုချောင်
ထဲ၌ ဝိုင်းကူနေပြီလား။သည်ကောင်လေး
ဘာလုပ်နေသလဲ။ပျောက်ချက်သား ကောင်း
နေသည်မှာ မတွေ့ရတာဖြင့် တစ်ရက်ကျော်
နှစ်ရက်ရှိပြီ။ယမန်နေ့က ကိစ္စဖြစ်ပြီးက
တည်းက သူ့ကို ရှောင်ဖယ်နေတာပင်။
မွန်မြတ်မင်း သက်ပြင်းရှိုက်လိုက်ပြီး မောင်
ပြူးကို တွေတွေလေး ကြည့်၏။မောင်ပြူး
က ရိုရိုကျို့ကျို့လေးဖြင့် သူ့ကို ပြန်ကြည့်
လေသည်။
"အစ်ကိုလေး၊ဘာများ ခိုင်းစရာရှိပါသလဲ"
မွန်မြတ်မင်းက ခေါင်းခါသည်။
"မရှိဘူး၊မေးစရာ ရှိတယ်"
"ဟုတ်ကဲ့၊မေးပါ အစ်ကိုလေး"
"စွဲမြဲကို ဒီရက်ပိုင်း ငါမတွေ့မိဘူး၊သူ ဘာ
တွေ လုပ်နေသလဲ"
"သြော် ...သူလား၊ရှိ ...ရှိပါတယ် အစ်ကို
လေး၊စောနကတောင် ကျွန်တော်တို့နဲ့ ခြံ
ထဲဆင်းပြီး ရေလောင်းနေတာပါ"
"သူ ရေတွေ ထပ်လောင်းပြန်တယ်"
"လောင်း ...လောင်းပါတယ် အစ်ကိုလေး"
လက်ထဲက ကော်ဖီဗန်းကိုချကာ မွန်မြတ်
မင်းသည် ခါးမှာလက်ထောက်၍ မျက်နှာ
ကို ကုတ်ထားလေသည်။သည်ကောင်လေး
က သူ့စကားကို နားမထောင်ချင်ပါ။အိမ်အ
လုပ်တွေ လုပ်ပေးစရာမလိုကြောင့် အကြိမ်
ကြိမ် တားဆီးလည်း လက်မခံ။ခေါင်းက
မာသည်။မဟုတ်မခံ စိတ်ကလေးကလည်း
အပြည့်ရှိ၏။ယမန်နေ့က သူ စနောက်မိ
သည့် ကိစ္စကို တောင်းပန်နေခဲ့သည်တောင်
လက်မခံနိုင် ဖြစ်နေသေး၏။
"နောက်ထပ် အဲ့လိုလုပ်နေတာတွေ ငါမမြင်
ချင်ဘူးလို့ သူ့ကို ပြောလိုက်"
"ခင်ဗျာ "
"ငါပြောတာကို မကြားတာလား မင့်"
"ဟို ...မဟုတ်..."
"စွဲမြဲ ရေလောင်းတာ ငါမမြင်ချင်ဘူး၊အိမ်
အလုပ်တွေ ဝိုင်းလုပ်တာလည်း ငါမမြင်ချင်
ဘူး၊အဲဒါကို ပြောခိုင်းတာ"
သည်တော့မှ မောင်ပြူးက ခေါင်းတညိတ်
ညိတ်လုပ်၏။
"ဟုတ်ကဲ့ပါ အစ်ကိုလေး၊ပြောလိုက်ပါ
မယ်"
"အေး၊သူ့ကို ငါခေါ်နေတယ်လို့ ပြောလိုက်"
"ဟို ...အခုလား အစ်ကိုလေး"
"ဟုတ်တယ် အခုပဲ"
ဒုက္ခပဲ အစ်ကိုလေးတော့ စွဲမြဲကို ဆူတော့
မို့ ထင်တယ်။သူလည်း အတတ်နိုင်ဆုံ
ကာပြောပေးဖို့ လုပ်ခဲ့သည်ပဲ။ဒါပေမဲ့ ဒီပါး
စပ်က မရဘူး။ဒီမနက် ရေလောင်းသည်
ကိုပါ ထည့်ပြောမိတော့ ပို၍ ဆိုးကုန်ပြီ။
ထိုသို့ မောင်ပြူး ရင်လေးတမမ ဖြစ်နေ
တုန်း ...
"ဘာ ရပ်လုပ်နေတာလဲ၊အခု သွားမခေါ်
သေးဘူးလား"
"ဟုတ် ...ဟုတ်ကဲ့"
မောင်ပြူးမှာ ခေါင်းတကုတ်ကုတ်နှင့်
အစ်ကိုလေးရှေ့မှ ရိုကျို့စွာ လှည့်ထွက်
လာခဲ့ပြီး စွဲမြဲကို လိုက်ရှာရသည်။
စွဲမြဲက အစ်ကိုလေး ပြောသည်အတိုင်းပင်
မီးဖိုချောင် ထဲ၌ မမကြူအား ဝိုင်းကူနေ
လေသည်။မမကြူက ထမင်းအိုး မွှေလျက်
ဖြစ်ပြီး စွဲမြဲက ကြက်သွန်လှီး ကူနေသည်။
"စွဲမြဲ ..."
သူခေါ်တော့ စွဲမြဲက ခေါင်းလေးထောင်
ကာကြည့်၏။မမကြူကလည်း လိုက်
ကြည့်၏။
ထမင်းအိုး အမွှေမပျက်သည့် မမကြူ
က သူ့ကို မေ့ဆတ်၍ ...
"ဘာလဲ မောင်ပြူး၊နင် စွဲမြဲကို ခေါ်ခိုင်း
မယ် မကြံနဲ့နော်၊စွဲမြဲက မမကြူကို ကူနေ
တာ"
"ဟော ခေါ်မခိုင်းရဲပါဘူး၊နောက်နောင်
မမကြူကိုလည်း စွဲမြဲ ကူပေးလို့ရတော့မှာ
မဟုတ်ဘူး"
ထမင်းအိုး ငှဲ့ဖို့လုပ်နေသည့် ကြူကြူခိုင်
သည် လက်နှီးစုတ်လေး ကိုင်ထားလျက်
မောင်ပြူးအား လှမ်းမေး၏။
"ဟဲ့ ... ဘာလို့တုံး"
"အစ်ကိုလေးလေ အစ်ကိုလေးပေါ့၊ဒီနေ့က
စပြီး စွဲမြဲကို ဘာမှမခိုင်းရဘူးတဲ့၊ကျွန်တော့်
ကို အဲ့လိုမှာတယ်"
"တကယ်ကြီးလား "
"ဟောဗျာ တကယ်ပါဆို မမကြူကလည်း၊
အခုတောင် အစ်ကိုလေးက စွဲမြဲကို ခေါ်ခိုင်း
နေတယ်"
သူ့စကားကို ကြားလိုက်ရသည့် စွဲမြဲနှင့်
မမကြူတို့မှာ မျက်နှာငယ်လေး ဖြစ်သွား
ကြ၏။မမကြူကတော့ အစ်ကိုလေးထံ
စွဲမြဲ ဆူငေါက်ခံရမည် စိုး၍ ဖြစ်သည်။
စွဲမြဲကတော့ အစ်ကိုလေးကို မတွေ့ချင်၍
ဖြစ်၏။
"ကျွန်တော့်ကို မတွေ့ဘူးလို့ ပြောပေးလို့မရ
ဘူးလား"
မမကြူက ဆိုသည်။
"မရဘူး မောင်လေးရယ်၊အစ်ကိုလေးက
ဒါဆိုဒါပဲ၊ခနလောက် သွားတွေ့လိုက်ပါ၊
အစ်ကိုလေး ဘာပြောပြော ခေါင်းသာ
ညိတ်လာခဲ့"
စွဲမြဲက မျက်နှာငယ်ကလေးနှင့် ...
"ကျွန်တော်ဖြင့် မတွေ့ချင်တာရယ်၊မမကြူ
ကိုလည်း အဲ့နေ့က ကိစ္စကို ပြောပြခဲ့တယ်
မလား"
ဟုတ်လေသည်။အဲ့သည်နေ့က စွဲမြဲသည်
အစ်ကိုလေး အခန်းထဲမှ ထွက်လာပြီးက
တည်းက တစ်မှိုင်မှိုင် တစ်ထွေထွေ ဖြစ်နေ
လေသည်။ထိုသို့ကြောင့်ပင် ကြူကြူခိုင်
မှာ အကျိုးသင့် အကြောင်းသင့်ကို သိရဖို့
စွဲမြဲကို မေးမြန်းခဲ့ရသည်။စွဲမြဲက တော်ရုံ
နှင့် မပြောပြ။ဘာမှ မဖြစ်ဘူးဟုသာ ငြင်း
ခဲ့၏။ကြူကြူခိုင်ကသာ မရမက အတင်း
မေးယူမှ အားနည်းအားနာနှင့် ပြောပြလာ
ခဲ့ခြင်း ဖြစ်ပေသည်။
ထူးဆန်းသည်တစ်ခုက အစ်ကိုလေးမှာ
ပုံမှန်ဆို ဒီလိုစနောက်ခြင်းမျိုး တစ်ခါမျှ
မရှိ။ထို့အပြင် သူ့အလုပ် ကိစ္စနှင့်ပင် လုံး
ထွေး၍ နေတတ်၏။သို့ပေမဲ့ သည်ကောင်
လေးရောက်လာမှ မျက်နှာက တစ်ချိန်
လုံးပြုံးပြီး စ,ပါစသေည်ဆိုတော့ ...မြတ်
စွာဘုရား အစ်ကိုလေးဟာ သူငယ်များ
ပြန်သွား သလား။
ထိုသို့ ကြူကြူခိုင်မှာ အတွေးပေါင်းစုံ
ဝင်နေတုန်း မောင်ပြူး၏ အသံစာစာနှင့်
အော်ခေါ်မူကြောင့် ...
"အမလေး မြတ်စွာဘုရား ...ကုလားကြီးနဲ့
ငါနဲ့ညား၊အဲ ... ဟုတ်ပေါင် သူငယ်ပြန် ...
အို ဒုက္ခပါပဲ မှားကုန်ပြီ"
အယောင်ယောင် အမှားမှား အော်နေသည့်
ကြူကြူခိုင်ကြောင့် မောင်ပြူးက တဟား
ဟားရယ်တော့သည်။
"အဟား ...မမကြူတို့ ကုလားကြီးကို
"ဟဲ့ သေနာလေး ..."
သူစတော့ မမကြူက မျက်စောင်းလှမ်းထိုး
၏။မမကြူသည် ထိတ်ခနဲဆို လန့်တတ်၊
ယောင်တတ်၏။တွတ်ထိုးလျှင် ပိုဆိုးသည်။
ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြား အသံနှင့်ပင်
အော်ဆဲတော့သည်။ထိုသို့ကြောင့်ပင် အနေ
အထိုင်မတတ်ဟုဆိုကာ သူဌေးကတော်၏
ဆူငေါက်ခြင်းကိုလည်း အမြဲတစေ ခံရ
တတ်ပေ၏။တကယ်တော့ မမကြူဟာ
ရိုးသားပွင့်လင်းပြီး ပျော်ပျော်နေတတ်သူ
တစ်ယောက်ပင်။ဖော်ဖော်ရွယ်ရွယ်လည်း
ရှိပြီး သူတို့အပေါ်လည်း အနစ်နာခံသည်။
ခြံထဲက အလုပ်သမားတွေအကုန်လုံးက
လည်း မမကြူကို အင်မတန်မျှ ခင်တွယ်
ကြလေသည်။
"ဟဲ့ မောင်ပြူး၊စွဲမြဲကို အစ်ကိုလေးဆီ
လိုက်ပို့ပေးလိုက်ဦး"
စွဲမြဲ တုန်နှေးတုန်နှေး လုပ်နေပုံကို တွေ့
လေသော မမကြူသည် မောင်ပြူးကို
သူ့အား လိုက်ပို့စေလိုခြင်းဖြစ်သည်။
"ဟုတ်ကဲ့ခင်ဗျ အပျိုကြီးမမ"
မောင်ပြူးက မမကြူကို လျှာတစ်လစ်
ထုတ်ပြပြီး သွားကြီးအဖြီးသားနှင့် စွဲမြဲ
ဘက်သို့ လှည့်လာသည်။
"ညီလေး မင်းတရားနာဖို့သာ ပြင်ပေတော့၊
အစ်ကိုလေးက အနေအေးသလောက် တစ်
ခါတစ်လေကျ သိပ်လေကြောရှည်တယ်၊
အစ်ကိုဆို အစ်ကိုလေးတရားကို နာပြီး ဖျာ
ခင်းအိပ်ရမလား အောက်မေ့တယ်"
မောင်ပြူးစကားကြောင့် စွဲမြဲ မျက်လုံးပြူး
ကုန်၏။
မမကြူက ရယ်သည်။မောင်ပြူးကိုလည်း
ဆူလေ၏။
"မောင်ပြူးရယ်၊ညည်းအေ ကြောက်တဲ့
လူကို ဘာပြုလို့ ဖြဲခြောက်ရသလဲ၊တော်
ကြာ စွဲမြဲက တကယ်ထင်ပြီး အစ်ကိုလေး
ကို ကြောက်သွားပါဦးမယ်"
"ဟီးဟီး မမကြူကလည်း၊တားတားက
စတာကို"
"အေးပါ တွင်းကြီးတစ်ဖက်ကမ်းလှမ်း
နေတဲ့ သားသားရယ် ဟင်းဟင်း"
စပ်ဖြီးဖြီး လုပ်နေသည့် မောင်ပြူးကို
မမကြူက မျက်စောင်းလေး လှမ်းရွယ်
သည်။
မောင်ပြူးက ဇက်လေးပုပြရင်း စွဲမြဲ
လက်ကို ဆတ်ခနဲဆွဲကိုင်ကာ မမကြူ
အား"အပျို ဟိုင်းကြီး"ဟု အော်ကာ ထွက်
ပြေးပါတော့၏။မမကြူ၏ အော်ဆဲသံ
သည်လည်း ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြား
အလားပင်။
မောင်ပြူးသည် စွဲမြဲကို ငေးခနဲတစ်ချက်
ကြည့်လာရင်း ဟီးခနဲ တစ်ချက်ရယ်သည်။
စွဲမြဲ ကြောင်တောင်တောင်လေး ဖြစ်သွား
ရင်း ....
"အစ်ကိုက ကျွန်တော့်ကို ကြည့်ပြီး ဘာလို့
ရယ်နေရသလဲ"
"သြော် ...သြော် မင်းကံကောင်းတာကို
သဘောကျလို့"
"ကျွန်တော်ကလား"
"ဟုတ်တယ်လေ၊ဟိုသင်း အစ်ကိုလေးက
မင်းကိုဆို တအားစိတ်ပူနေတတ်တာ"
စွဲမြဲက နှုတ်ခမ်းလေးကို မဲ့လိုက်ရင်း...
"အစ်ကိုထင်လို့ပါ"ဟု တိုတိုလေး ဆိုသည်။
ဒါကိုတော့ မောင်ပြူးက လက်မခံစွာ
ခေါင်း တခါခါ လုပ်လျက် အစ်ကိုမွန်၏
အခန်းတံခါးရှေ့သွားကပ်ကာ အသံပြု
လိုက်သည်။
"အစ်ကိုလေး စွဲမြဲ ရောက်ပါပြီ"
"အေး ...ထားခဲ့လိုက်"
အစ်ကိုမွန့်အသံက တိခနဲပြတ်သား၏။စိတ်
ဆိုးသံလော၊မာန်ပါသံလောတော့ စွဲမြဲ မခွဲ
ခြားတတ်။နောက်ပြီး သူတို့နှင့် ဘေးတိုက်
အနေအထားဖြင့် စာဖတ်နေသည့် အစ်ကို
မွန့်မျက်နှာက ခက်ထန်နေသည်။ဒါမှမဟုတ်
သူပဲ စိတ်ထင်ရာထင်ပြီး ဟိုမြင်၊သည်မြင်
လျှောက်မြင်နေသည်လားတော့ မသိပေ။
ခေတ္တအကြာမှာတော့ အစ်ကိုမွန်သည်
လက်ထဲက စာအုပ်ကိုချကာ သူတို့ဘက်သို့
လှည့်လာခဲ့ပြီး မောင်ပြူးကို အရင်ဦးဆုံး
ကြည့်၏။စောနက မမကြူအား ရွှင်ပျပျ
ကလေးနှင့် နောက်တီးနောက်တဲ လုပ်နေ
သည့် မောင်ပြူးက အစ်ကိုမွန့်ကြောင့် လုံး
ဝ ငြိမ်ကုတ်သွားလေသည်။ခန္ဓာကိုယ်ပင်
ကျုံ့သွားရကာ ခေါင်းလေး အလိုလိုလျှို
ဝင်သွားလေသည်။မောင်ပြူး၏ သည်
ပုံစံကို မြင်လျှင် စွဲမြဲ ရင်ထဲ နင့်ခနဖြစ်လာ
သည်။သည်အိမ်ကြီး၏ အလုပ်သမားဖြစ်
သည့် ဖေဖေဟာလည်း သည်လိုပဲ ရှိလေ
မလားဟု တွေးကြည့်ပြီး အကြိမ်ကြိမ်
ရင်ကွဲရ၏။
ပြီးတော့ ဖေဖေ့ကိုလည်း အလုပ်သမား
ဘဝကနေ မြန်မြန်လွတ်မြောက်စေချင်
ပါပြီ။သူ့အတွက်နှင့် ဖေဖေ ပင်ပန်းခဲ့သ
မျှကို ပြန်လည်၍ သူ ပြုစုစောင့်ရှောက်
ပေးချင်ပါပြီ။သည်အိမ်အဖို့ ဖေဖေဟာ
အလုပ်သမားဘဝ သန်မာန်လူတန်းစား
ဆိုပေမဲ့ စွဲမြဲအတွက်တော့ တန်ဖိုးကြီး
မားသည့် ဘယ်အရာနှင့်မျှ နှိုင်းယှဥ်၍
မရလေသော စံပြပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်
၏။ဒါ့အပြင် ဖေဖေတင်မက ကမ္ဘာပေါ်
မှာ ရှိရှိသမျှ လူသားတစ်ယောက်ချင်း
စီးတိုင်းမှာ သူ့တန်ဖိုးနှင့်သူ ရှိသလို၊တန်
ဖိုးထား လေးစားတတ်ကြသည့် မိသား
စုဝင်တွေလည်း ရှိကြ၏။ထိုသူတွေမှာ
အလက လူတွေမဟုတ်၊မိသားစု၏
အဖိုးတန်ရတနာများပင် မဟုတ်ပါလော။
ဤသည်ကို လူချမ်းသာ၊လူကုံထံတွေအား
စွဲမြဲ သိစေချင်ပါသည်။အထူးသဖြင့်
အစ်ကိုမွန် ...။
"မောင်ပြူး၊ငါ မင်းကိုလည်း မှာမယ်၊နောက်
နောင် စွဲမြဲကို ဘာမှ မခိုင်းပါနဲ့၊မေမေခေါ်
ခိုင်းသည်ရှိသော်လည်း ငါ့ကို ချက်ချင်း
အကြောင်း လာကြားပါ"
"ဟုတ် ...ဟုတ်ကဲ့ပါ အစ်ကိုလေး"
"ဟုတ်ပြီ ၊မင်း လုပ်စရာ ရှိတာ သွားလုပ်
တော့"
မောင်ပြူးသည် စွဲမြဲကို တစ်ချက်ပြုံးပြပြီး
အစ်ကိုမွန့်ရှေ့က ရိုရိုကျို့ကျို့လေး ထွက်
သွားလေသည်။စွဲမြဲမှာကား တစ်ယောက်
တည်း ကျန်ခဲ့ရပြီဟူသည့် အသိစိတ်နှင့်
ခေါင်းနပန်း ကြီးလာရ၏။ဟိုတစ်ခါလိုမျိုး
အစ်ကိုမွန့်ဆီ လှောင်ပြောင်ခံရမည်ကိုလည်း စိုးရိမ်မိလေသည်။
"ဒီနေ့ အစ်ကို ရုံးမသွားတော့ဘူး၊စွဲမြဲကို
မော်လမြိုင်တစ်မြို့လုံးမြင်ကွင်း လိုက်
ပြပေးမလို့"
ရုတ်တရက် အစ်ကိုမွန့်ဆီမှ သည်စကား
ကို ကြားလိုက်ရသောကြောင့် စွဲမြဲရင်ထဲ
အေးချမ်း သွားရပေမဲ့ ထိတ်လန့်မူတို့က
ရောဝင်လာသည်။အစ်ကိုမွန်ဟာ အဘယ်
စိတ်ကူးတွေပေါက်၍ မော်လမြိုင်တစ်မြို့
လုံး မြင်ကွင်းကို လိုက်ပြချင်ရပါသလဲ။
"စွဲမြဲ အစ်ကိုပြောတာ ကြားသလား"
စွဲမြဲ အစ်ကိုမွန့်ကို ငေးခနဲ ကြည့်မိရင်း ...
"ကြား ...ကြားပါတယ် အစ်ကိုမွန်၊ဒါပေမဲ့
"ဘယ်လိုပြောလိုက်တာလဲ၊မင်းမို့လို့
မကြည့်ချင်တယ်၊ဟိုး နယ်ဝေးက လူ
တွေတောင် မော်လမြိုင်မြို့ အလှကို
တကူးတက လာကြည့်ကြတာ"
"အဲ့ဒါ တချို့လူတွေရဲ့ နှစ်သက် သဘော
ကျရာတွေပါ၊ကျွန်တော့်အနေနဲ့တော့
မြသလွန်ဘုရားရဲ့ ညနေဆည်းဆာကို
ပိုပြီး သဘောကျပါတယ်"
မွန်မြတ်မင်း ငွေ့ငွေ့လေးပြုံးမိသည်။သူ့
စကားကို ပြန်လည် ချေပတတ်သော
ကောင်လေးကို သေချာ စိုက်ကြည့်လျက်...
"အညာသား ပီသပါပေစွ၊အင်း ...မြသလွန်
ဘုရားရဲ့ ညနေဆည်းဆာလည်း ကျက်သ
ရေအပေါင်းနှင့်တင့်တယ်ပါတယ်လေ"
"အဲဒါတော့ အစ်ကိုမွန်လည်း ထောက်ခံ
ပေးရတာပဲမလား"
"အေးပါကွာ၊နောက်တစ်ခါကျရင် မြ
သလွန်ဘုရားကို သေချာ သွားဖူးဦးမယ်"
"သွားဖူးကြည့်ပါ၊အညာကို ချစ်လွန်းလို့
မော်လမြိုင်တောင် မပြန်ချင် ဖြစ်သွား
ရပါလိမ့်မယ်"
"အဲတော့ ငါက အညာသူ တစ်ယောက်
ကို ရှာရမှာပေါ့ ဟလား"
"အစ်ကိုမွန် သဘောတွေ့ရင် ရှာလို့ရပါ
တယ်"
"အဟား ..."
အစ်ကိုမွန်က ဖြူဖွေးသော သွားများနှင့်
ဟိုတစ်ခါလိုပင် တဟားဟား ထ,ရယ်ပြန်
သည်။နောက်ပြီး ပါးသိုင်းမွှေး ရေးရေး
တွေ စိမ်းထင်နေသော အစ်ကိုမွန်ဟာ
အလွန်ပင် ခန့်ညားနေ၏။တိုက်ပုံအင်္ကျီ
နှင့်မွန်ပုဆိုး အနီရောင် ဆင်မြန်းထား
သည်က ဥပဓိရုပ်တို့ ပေါ်လွင်ပြီး သစ်
တောဦးစီးဟု ဂုဏ်ပုဒ်တပ်စရာ မလို
အောင် အရာရှိတစ်ဦးမှန်း သိသာထင်ရှား
နေပြန်သည်။သည်မြို့နယ် တစ်ဝိုက်မှာ
လည်း အစ်ကိုမွန့်ကို မသိသူမရှိဟု ဆို၏။
မျိုးရိုးဂုဏ်၊ချမ်းသာဂုဏ်၊ပညာဂုဏ်
တွေ ပြည့်စုံနေမှတော့ ထင်ပေါ် မကျော်
စောပဲ နေပါတော့မလား။
ဒါပေမဲ့ တစ်ခုပဲ ...သည်တစ်ခုပဲ။အစ်ကို
မွန်ဟာ စိတ်သဘောထား ပြည့်ဝသူလား၊
မပြည့်ဝသူလားဆိုတာကိုပင် စွဲမြဲ ဝေခွဲ
မရသေးပါ"
* * * * * * *
စွဲမြဲသည် အစ်ကိုမွန့်ကို ငြင်းဆန်မရမူ
ကြောင့် အစ်ကိုမွန် ခေါ်ရာနောက်ကို
လိုက်ပါလာရသည်။အစ်ကိုမွန်က ဒရိုင်
ဘာကို ခေါ်မလာပါပဲ အစ်ကိုမွန်ကိုယ်
တိုင် ကားမောင်းကာ မော်မြိုင်မြို့၏
အထင်ကရ နေရာတွေကို လိုက်ပို့ပေး၏။
နေရာတွေများတော့ စွဲမြဲ မမှတ်မိနိုင်။
မှတ်မိသည်ဆိုလို့ ကျိုက်သလ္လံစေတီ၊
ကျိုက်သုတ်စေတီ၊ရွှေဗျိုင်းဖြူစေတီ၊
မဟာမြတ်မုနိဘုရား၊တောင်ဝိုင်းဘုရား။
ပြီးတော့ ကမ်းနားလမ်း၊တက္ကသိုလ်ထဲက
နဂဝံသစမ်းချောင်းနှင့်ဝါဆိုပန်းခူးသည်
ဆိုသည့် စမ်းချောင်း။
မွန်ပြည်နယ်မှာ ဝါဆိုလပြည့်ကျော် တစ်
ရက်နေ့ကို ဝါဆိုပန်းခူးပွဲတော်အဖြစ် သတ်
မှတ်ထားရှိပြီး မော်လမြိုင်မြို့တွင်ကား လူ
ကြီး၊ကလေးကအစ ထိုစမ်းချောင်းတစ်
လျှောက် ဝါဆိုပန်း ဆင်းခူးကြသည်ဟု ဆို၏။
"ဝါဆိုပန်းပဲ ဘယ်ကခူးခူးရသကိုး၊စမ်းချောင်း
ထဲ ဆင်းခူးစရာ မလိုပါဘူး"ဟု သူပြောတော့
အစ်ကိုကိုမွန်က အသာအယာ ပြုံးပြီး"မော်
လမြိုင် ဓလေ့"ဟု ဆိုပြန်ပါသည်။
သည်တော့ သူ့ကို "အညာသား၊အညာစွဲ
စွဲတယ်"ဟု ပြောခဲ့သည့် အစ်ကိုမွန်အား
"မော်လမြိုင်သား မွန်အစွဲ စွဲတယ်"ဟု
သူ ပြန်ပြောရပေလိမ့်မည်။
စွဲမြဲသည် ကိုယ့်အတွေးနှင့်ကိုယ် ပြုံးစိ
စိဖြင့် ကားပေါ်လိုက်ပါလာခဲ့ရာ ကားဦး
ခန်းက အစ်ကိုမွန်ဟာ မျက်နှာကုတ်ကာ
သူ့အား ဖြတ်ခနဲ တစ်ချက် လှမ်းကြည့်
လာသည်။
"ဘာတွေ အဲလောက် ပြုံးနေတာလဲ၊
ဘာလဲ မော်လမြိုင်ကိုချစ်ပြီး အညာကို
မပြန်ချင် ဖြစ်သွားတာလား"
စွဲမြဲက ဟီးခနဲ တစ်ချက် ထ,ရယ်ပြီး ...
"မဟုတ်ပါဘူး၊ချစ်ရမဲ့အတူတူ မွန်မလေး
ကိုချစ်ပြီး အညာကိုခေါ်သွားရင် မြသလွန်
ဘုရားရဲ့ ညနေဆည်းဆာကို အတူကြည့်
လို့ရတယ်"
"မွန်မလေးတွေက အညာသားတွေကို
မချစ်ဘူး၊သူတို့ အသားမဲမှာ သိပ်ကြောက်
တယ်၊ပြီးတော့ ပဲကောက်ရမှာကိုရောပဲ"
"ဒါဆို မော်လမြိုင်သားစစ်စစ်ဖြစ်ပြီး
အသားညိုတဲ့ လူတွေကရော"
စွဲမြဲက ပြောပြီး မျက်နှာကို ကားမှန်မှ
တစ်ဆင့် ရှူခင်းများကို တမင်တကာ
အာရုံ လွှဲထားလိုက်၏။စွဲမြဲ သိပါသည်။
သည်လောက်ဆို အစ်ကိုမွန်ဟာ သူ့အား
စောင်းပြောနေမှန်း သိ၍ ဆတ်ဆတ်ထိ
မခံ ဖြစ်တော့မည် ဆိုတာကိုပင်။
စွဲမြဲ ထင်သည်က မမှား ...
"စွဲမြဲ ...မင့် ငါ့ကို ပြောနေတာ မှတ်လား"
မျက်နှာကို ရှူခင်းဆီ မူနေရင်းမှ စွဲမြဲ
ဆင်ခြင် ပေးမိသည်။
"အစ်ကိုမွန်ရယ်လို့ ပြောတာမဟုတ်ပါဘူး၊
လမ်းမှာတွေ့လာတဲ့ လူတွေကိုပါ"
"ထားတော့၊ဒါပေမဲ့ မွန်မလေးတွေက
အညာသားတွေကို မချစ်ဘူးနော်"
"အဲ့ဒါတော့ အစ်ကိုမွန့် ဆုံးဖြတ်ချက် တစ်ခု
တည်းနဲ့ မရဘူးလို့ထင်ပါတယ် ဟီးဟီး ..."
"အေးပါကွာ"
အစ်ကိုမွန်က "ငါတို့မွန်မလေးတွေကို မင်း
မရပါဘူးကွာ"ဟုသည့် မျက်နှာထားနှင့် သူ့
ကို ကြည့်၏။လူကို အထင်သေးသည်က
တစ်ပြားမှ မလျော့။သည်လိုဆိုမှဖြင့် မွန်
မလေးတစ်ယောက်ကို ချစ်ရေးဆိုပြီး အစ်
ကိုမွန့်ကို ကျော်ကြောင့် သက်သေပြရပေ
တော့မည်။
အပိုင်း( ၅ )ဆက်ရန်
>>>>>>>>>>>>>>>>>>
ယေန႕ မနက္၌လည္း ယမန္ေန႕မနက္တုန္း
ကကဲ့သို႔ မြန္ျမတ္မင္းသည္ ႐ုံးသြားဖို႔ ျပင္
ဆင္ရသည္။
ညက စာရင္းျပဳစုထားသည့္ စာ႐ြက္စာ
တမ္းတခ်ိဳ႕ကို ေသခ်ာသိမ္းဆည္းၿပီးေနာက္
ေရမိုးခ်ိဳးကာ အဝတ္ျမန္ျမန္ လဲလိုက္ၿပီး
မနက္စာ လာပို႔မည့္သူကို ေစာင့္ဆိုင္းရ၏။
သည္ၾကားထဲ အခ်ိန္က ၾကာသည္ဟု ထင္
သည္။စိတ္ထဲ၌လည္း ဘဝင္မက်ခ်င္ ျဖစ္
ေနရေလကာ တစ္ခုခုကို ေမွ်ာ္လင့္တႀကီး
ျဖစ္ေနသည္။
ထိုစဥ္ ...
"မနက္စာ ရပါၿပီ"
တံခါးေခါက္သံႏွင့္အတူ အသံျပဳသံကိုပါ ၾကားလိုက္ရသည္။စြဲၿမဲ အသံေတာ့မဟုတ္
ေပ။
"ေပး ေပး ...ဒီကို"
သူသည္ ေမာင္ျပဴးလက္ထဲမွ မနက္စာကို
လွမ္းယူလိုက္ေလသည္။လက္ကသာ လွမ္း
ယူသည္ဟုဆိုသည္ စိတ္ထဲ၌ကား ၿခံဝန္း
ထဲသို႔ပင္ အာ႐ုံ ေရာက္ေနရ၏။သည္ခ်ိန္ဆို
စြဲၿမဲ ၿခံထဲဆင္းၿပီး ပန္းပင္ေတြ ေရေလာင္း
ေနၿပီလား။ဒါမွမဟုတ္ မမၾကဴကို မီးဖိုေခ်ာင္
မြန္ျမတ္မင္း သက္ျပင္းရွိုက္လိုက္ၿပီး ေမာင္
ျပဴးကို ေတြေတြေလး ၾကည့္၏။ေမာင္ျပဴး
က ရိုရိုက်ိဳ႕က်ိဳ႕ေလးျဖင့္ သူ႕ကို ျပန္ၾကည့္
ေလသည္။
"အစ္ကိုေလး၊ဘာမ်ား ခိုင္းစရာရွိပါသလဲ"
မြန္ျမတ္မင္းက ေခါင္းခါသည္။
"မရွိဘူး၊ေမးစရာ ရွိတယ္"
"ဟုတ္ကဲ့၊ေမးပါ အစ္ကိုေလး"
"စြဲၿမဲကို ဒီရက္ပိုင္း ငါမေတြ႕မိဘူး၊သူ ဘာ
ေတြ လုပ္ေနသလဲ"
"ေၾသာ္ ...သူလား၊ရွိ ...ရွိပါတယ္ အစ္ကို
ေလး၊ေစာနကေတာင္ ကြၽန္ေတာ္တို႔နဲ႕ ၿခံ
ထဲဆင္းၿပီး ေရေလာင္းေနတာပါ"
"သူ ေရေတြ ထပ္ေလာင္းျပန္တယ္"
"ေလာင္း ...ေလာင္းပါတယ္ အစ္ကိုေလး"
လက္ထဲက ေကာ္ဖီဗန္းကိုခ်ကာ မြန္ျမတ္
မင္းသည္ ခါးမွာလက္ေထာက္၍ မ်က္ႏွာ
ကို ကုတ္ထားေလသည္။သည္ေကာင္ေလး
က သူ႕စကားကို နားမေထာင္ခ်င္ပါ။အိမ္အ
လုပ္ေတြ လုပ္ေပးစရာမလိုေၾကာင့္ အႀကိမ္
ႀကိမ္ တားဆီးလည္း လက္မခံ။ေခါင္းက
မာသည္။မဟုတ္မခံ စိတ္ကေလးကလည္း
အျပည့္ရွိ၏။ယမန္ေန႕က သူ စေနာက္မိ
သည့္ ကိစၥကို ေတာင္းပန္ေနခဲ့သည္ေတာင္
လက္မခံနိုင္ ျဖစ္ေနေသး၏။
"ေနာက္ထပ္ အဲ့လိုလုပ္ေနတာေတြ ငါမျမင္
ခ်င္ဘူးလို႔ သူ႕ကို ေျပာလိုက္"
"ခင္ဗ်ာ "
"ငါေျပာတာကို မၾကားတာလား မင့္"
"ဟို ...မဟုတ္..."
"စြဲၿမဲ ေရေလာင္းတာ ငါမျမင္ခ်င္ဘူး၊အိမ္
အလုပ္ေတြ ဝိုင္းလုပ္တာလည္း ငါမျမင္ခ်င္
ဘူး၊အဲဒါကို ေျပာခိုင္းတာ"
သည္ေတာ့မွ ေမာင္ျပဴးက ေခါင္းတညိတ္
ညိတ္လုပ္၏။
"ဟုတ္ကဲ့ပါ အစ္ကိုေလး၊ေျပာလိုက္ပါ
မယ္"
"ေအး၊သူ႕ကို ငါေခၚေနတယ္လို႔ ေျပာလိုက္"
"ဟို ...အခုလား အစ္ကိုေလး"
"ဟုတ္တယ္ အခုပဲ"
ဒုကၡပဲ အစ္ကိုေလးေတာ့ စြဲၿမဲကို ဆူေတာ့
မို႔ ထင္တယ္။သူလည္း အတတ္နိုင္ဆုံ
ကာေျပာေပးဖို႔ လုပ္ခဲ့သည္ပဲ။ဒါေပမဲ့ ဒီပါး
စပ္က မရဘူး။ဒီမနက္ ေရေလာင္းသည္
ကိုပါ ထည့္ေျပာမိေတာ့ ပို၍ ဆိုးကုန္ၿပီ။
ထိုသို႔ ေမာင္ျပဴး ရင္ေလးတမမ ျဖစ္ေန
တုန္း ...
"ဘာ ရပ္လုပ္ေနတာလဲ၊အခု သြားမေခၚ
ေသးဘူးလား"
"ဟုတ္ ...ဟုတ္ကဲ့"
ေမာင္ျပဴးမွာ ေခါင္းတကုတ္ကုတ္ႏွင့္
အစ္ကိုေလးေရွ႕မွ ရိုက်ိဳ႕စြာ လွည့္ထြက္
လာခဲ့ၿပီး စြဲၿမဲကို လိုက္ရွာရသည္။
စြဲၿမဲက အစ္ကိုေလး ေျပာသည္အတိုင္းပင္
မီးဖိုေခ်ာင္ ထဲ၌ မမၾကဴအား ဝိုင္းကူေန
ေလသည္။မမၾကဴက ထမင္းအိုး ေမႊလ်က္
ျဖစ္ၿပီး စြဲၿမဲက ၾကက္သြန္လွီး ကူေနသည္။
"စြဲၿမဲ ..."
သူေခၚေတာ့ စြဲၿမဲက ေခါင္းေလးေထာင္
ကာၾကည့္၏။မမၾကဴကလည္း လိုက္
ၾကည့္၏။
ထမင္းအိုး အေမႊမပ်က္သည့္ မမၾကဴ
က သူ႕ကို ေမ့ဆတ္၍ ...
"ဘာလဲ ေမာင္ျပဴး၊နင္ စြဲၿမဲကို ေခၚခိုင္း
မယ္ မႀကံနဲ႕ေနာ္၊စြဲၿမဲက မမၾကဴကို ကူေန
တာ"
"ေဟာ ေခၚမခိုင္းရဲပါဘူး၊ေနာက္ေနာင္
မမၾကဴကိုလည္း စြဲၿမဲ ကူေပးလို႔ရေတာ့မွာ
မဟုတ္ဘူး"
ထမင္းအိုး ငွဲ႕ဖို႔လုပ္ေနသည့္ ၾကဴၾကဴခိုင္
သည္ လက္ႏွီးစုတ္ေလး ကိုင္ထားလ်က္
ေမာင္ျပဴးအား လွမ္းေမး၏။
"ဟဲ့ ... ဘာလို႔တုံး"
"အစ္ကိုေလးေလ အစ္ကိုေလးေပါ့၊ဒီေန႕က
စၿပီး စြဲၿမဲကို ဘာမွမခိုင္းရဘူးတဲ့၊ကြၽန္ေတာ့္
ကို အဲ့လိုမွာတယ္"
"တကယ္ႀကီးလား "
"ေဟာဗ်ာ တကယ္ပါဆို မမၾကဴကလည္း၊
အခုေတာင္ အစ္ကိုေလးက စြဲၿမဲကို ေခၚခိုင္း
ေနတယ္"
သူ႕စကားကို ၾကားလိုက္ရသည့္ စြဲၿမဲႏွင့္
မမၾကဴတို႔မွာ မ်က္ႏွာငယ္ေလး ျဖစ္သြား
ၾက၏။မမၾကဴကေတာ့ အစ္ကိုေလးထံ
စြဲၿမဲ ဆူေငါက္ခံရမည္ စိုး၍ ျဖစ္သည္။
စြဲၿမဲကေတာ့ အစ္ကိုေလးကို မေတြ႕ခ်င္၍
ျဖစ္၏။
"ကြၽန္ေတာ့္ကို မေတြ႕ဘူးလို႔ ေျပာေပးလို႔မရ
ဘူးလား"
မမၾကဴက ဆိုသည္။
"မရဘူး ေမာင္ေလးရယ္၊အစ္ကိုေလးက
ဒါဆိုဒါပဲ၊ခနေလာက္ သြားေတြ႕လိုက္ပါ၊
အစ္ကိုေလး ဘာေျပာေျပာ ေခါင္းသာ
ညိတ္လာခဲ့"
စြဲၿမဲက မ်က္ႏွာငယ္ကေလးႏွင့္ ...
"ကြၽန္ေတာ္ျဖင့္ မေတြ႕ခ်င္တာရယ္၊မမၾကဴ
ကိုလည္း အဲ့ေန႕က ကိစၥကို ေျပာျပခဲ့တယ္
မလား"
ဟုတ္ေလသည္။အဲ့သည္ေန႕က စြဲၿမဲသည္
အစ္ကိုေလး အခန္းထဲမွ ထြက္လာၿပီးက
တည္းက တစ္မွိုင္မွိုင္ တစ္ေထြေထြ ျဖစ္ေန
ေလသည္။ထိုသို႔ေၾကာင့္ပင္ ၾကဴၾကဴခိုင္
မွာ အက်ိဳးသင့္ အေၾကာင္းသင့္ကို သိရဖို႔
စြဲၿမဲကို ေမးျမန္းခဲ့ရသည္။စြဲၿမဲက ေတာ္႐ုံ
ႏွင့္ မေျပာျပ။ဘာမွ မျဖစ္ဘူးဟုသာ ျငင္း
ခဲ့၏။ၾကဴၾကဴခိုင္ကသာ မရမက အတင္း
ေမးယူမွ အားနည္းအားနာႏွင့္ ေျပာျပလာ
ခဲ့ျခင္း ျဖစ္ေပသည္။
ထူးဆန္းသည္တစ္ခုက အစ္ကိုေလးမွာ
ပုံမွန္ဆို ဒီလိုစေနာက္ျခင္းမ်ိဳး တစ္ခါမွ်
မရွိ။ထို႔အျပင္ သူ႕အလုပ္ ကိစၥႏွင့္ပင္ လုံး
ေထြး၍ ေနတတ္၏။သို႔ေပမဲ့ သည္ေကာင္
ေလးေရာက္လာမွ မ်က္ႏွာက တစ္ခ်ိန္
လုံးၿပဳံးၿပီး စ,ပါစေသည္ဆိုေတာ့ ...ျမတ္
စြာဘုရား အစ္ကိုေလးဟာ သူငယ္မ်ား
ျပန္သြား သလား။
ထိုသို႔ ၾကဴၾကဴခိုင္မွာ အေတြးေပါင္းစုံ
ဝင္ေနတုန္း ေမာင္ျပဴး၏ အသံစာစာႏွင့္
ေအာ္ေခၚမူေၾကာင့္ ...
"အမေလး ျမတ္စြာဘုရား ...ကုလားႀကီးနဲ႕
ငါနဲ႕ညား၊အဲ ... ဟုတ္ေပါင္ သူငယ္ျပန္ ...
အို ဒုကၡပါပဲ မွားကုန္ၿပီ"
အေယာင္ေယာင္ အမွားမွား ေအာ္ေနသည့္
ၾကဴၾကဴခိုင္ေၾကာင့္ ေမာင္ျပဴးက တဟား
ဟားရယ္ေတာ့သည္။
"အဟား ...မမၾကဴတို႔ ကုလားႀကီးကို
ႀကိတ္မွန္းျပန္ၿပီ"
"ဟဲ့ ေသနာေလး ..."
သူစေတာ့ မမၾကဴက မ်က္ေစာင္းလွမ္းထိုး
၏။မမၾကဴသည္ ထိတ္ခနဲဆို လန့္တတ္၊
ေယာင္တတ္၏။တြတ္ထိုးလွ်င္ ပိုဆိုးသည္။
ခုႏွစ္အိမ္ၾကား၊ရွစ္အိမ္ၾကား အသံႏွင့္ပင္
ေအာ္ဆဲေတာ့သည္။ထိုသို႔ေၾကာင့္ပင္ အေန
အထိုင္မတတ္ဟုဆိုကာ သူေဌးကေတာ္၏
ဆူေငါက္ျခင္းကိုလည္း အၿမဲတေစ ခံရ
တတ္ေပ၏။တကယ္ေတာ့ မမၾကဴဟာ
ရိုးသားပြင့္လင္းၿပီး ေပ်ာ္ေပ်ာ္ေနတတ္သူ
တစ္ေယာက္ပင္။ေဖာ္ေဖာ္႐ြယ္႐ြယ္လည္း
ရွိၿပီး သူတို႔အေပၚလည္း အနစ္နာခံသည္။
ၿခံထဲက အလုပ္သမားေတြအကုန္လုံးက
လည္း မမၾကဴကို အင္မတန္မွ် ခင္တြယ္
ၾကေလသည္။
"ဟဲ့ ေမာင္ျပဴး၊စြဲၿမဲကို အစ္ကိုေလးဆီ
လိုက္ပို႔ေပးလိုက္ဦး"
စြဲၿမဲ တုန္ႏွေးတုန္ႏွေး လုပ္ေနပုံကို ေတြ႕
ေလေသာ မမၾကဴသည္ ေမာင္ျပဴးကို
သူ႕အား လိုက္ပို႔ေစလိုျခင္းျဖစ္သည္။
"ဟုတ္ကဲ့ခင္ဗ် အပ်ိဳႀကီးမမ"
ေမာင္ျပဴးက မမၾကဴကို လွ်ာတစ္လစ္
ထုတ္ျပၿပီး
You are reading the story above: TeenFic.Net