Part 16

Background color
Font
Font size
Line height


16 01

အပိုင်း(၁၆)

ည၈နာရီထိ အလုပ်များနေခဲ့ကြပြီး ၉နာရီ၌ ညစာစားရန် အိမ်ပြန်ခဲ့ကြပြီး ဝူလီသည် သူ့အိမ်သို့အပြန်တွင် သစ်သီးတစ်ခြင်း ယူသွားခဲ့သည်။ သူသည် ယွင်မိသားစု၏ ဟင်းများသည် အရသာရှိကြောင်း ချီးကျူးသွားလေသည်။

သူပြန်သွားပြီးနောက် ယွင်မိသားစုသည် ဆေးကြောသန့်ရှင်းပြီး အိပ်ရာဝင်ရန် ပြင်ဆင်ကြလေသည်။ ယွင်ရှန်းသည် နောက်နေ့ကျောင်းသွားရမည်ဖြစ်သဖြင့် ဖွားဖွားယွင်သည် သူ့အား စောစောအိပ်ရာဝင်ခိုင်းလိုက်သည်။ သူသည် နေပူထဲ၌ နှစ်ရက်လောက် အလုပ်လုပ်ခဲ့ရသဖြင့် နေလောင်ထားသကဲ့သို့ ဖြစ်နေလေသည်။ အမှန်တော့ တစ်မိသားစုလုံးထဲတွင် ယွင်ယွီတစ်ယောက်သာ နေရောက်အောက်၌ အကြာကြီး မနေခဲ့ရခြင်း ဖြစ်သည်။ အလုပ်လုပ်ပြီးနောက် ရေချိုးပြီးသွားလျှင် သူ(မ)၏ လက်မောင်းများနှင့် ပါးများသည် ဖြူဖွေးနေဆဲဖြစ်သည်ကို တွေ့ရလိမ့်ပေမည်။

ယွင်ရှန်းသည် သူ့ဒုတိယအစ်မသည် ပိုပိုလှလာသည်ကို သတိထားမိလာ၏။ သူ(မ)၏အသားအရည်သည် ပိုမိုဖြူဝင်းလာပြီး နှစ်သစ်ကူးပွဲတော်ရက်တုန်းကထက် နူးညံ့လာလေသည်။ သူ(မ)၏ မျက်နှာသည်လည်း ၀င်းလဲ့ကြည်လင်လာပြီး နှုတ်ခမ်းပါးများသည်လည်း ပိုမိုနီရဲလာခဲ့ကာ ယခင်ကဲ့သို့ ဖျော့တော့မနေတော့ချေ။

ယွင်ရှန်းသည် ဖွားဖွားယွင်၏စကားကို နားထောင်ကာ အိပ်ရာဝင်တော့မည်ဖြစ်ကြောင်း ပြောလိုက်သည်။ ယွင်ယွီကတော့ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်၌ထိုင်ပြီး တီဗွီကြည့်နေခဲ့သည်။ သူ(မ)သည် ဟာသရှိုးပွဲတစ်ခု ကြည့်နေခြင်းဖြစ်သည်။ ယွင်ရှန်း အိပ်ရာဝင်တော့မည်ဟု ကြားသောအခါ သူ(မ)သည် သူ့အား မသွားသေးရန် တားလိုက်ပြီး ဖွားဖွားယွင်ဘက်သို့ လှည့်ကာ "ဖွားဖွား၊ ရှောင်းရှန်းက အခု အထက်တန်းတော င်ရောက်နေပြီ။ နေ့တိုင်းကျောင်းသွားနေရတာ အရမ်းပင်ပန်းမှာပဲ၊ ပြီးတော့ ကျောင်းက အစားအစာတွေကလဲ သိပ်မကောင်းဘူးလေ။ သမီးတို့ သူ့ကို ဘာလို့ နေ့တိုင်း နေ့လည်စာ သွားမပို့ကြတာလဲဟင်။ သမီးတို့ ညနေစာပါ တစ်ခါတည်း ပေးခဲ့လို့ရတာပဲဟာ။ ဒါဆိုရင် သူလည်း နေ့လည်စာကို ပူပူလေးစားလို့ရပြီလေ"ဟုပြောခဲ့သည်။

ယွင်ရှန်းသည် သူ့အမေ၏သားအိ မ်ပြဿနာတစ်ခုကြောင့် ချူချာစွာ မွေးဖွားလာရသူ ဖြစ်သည်။ ထို့ကြောင့် သူ့အား နွေဦးရေခြည်အေးအေးကဲ့သို့ တစ်စိမ့်စိမ့်ကြည့်ပြီး စောင့်ရှောက်ခဲ့ကြရသည်။ သို့မှသာ သူ၏အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ပေါက်သည် ကောင်းမွန်စွာ ဖွံဖြိုးလာမည် ဖြစ်သည်။

ယောကျာ်းလေးတစ်ယောက်၏ ဖွံဖြိုးချိန်သည် အသက်၂၅နှစ်အထိ ဖြစ်သည်။ နှစ်ကာလအ‌ရေအတွက်သည် လုံလောက်သည်။ လူအများစုသည် ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းချက်များကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု နည်းတတ်ကြသည်။ ယွင်ရှန်းသည် စာတော်‌သော ကျောင်းသားတစ်ဦး ဖြစ်သော်လည်း သူသည် လူသိ မများပေ။ ယွင်ယွီသည် သူ့မောင်လေး၌ သူ့ချို့ယွင်းချက်ကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျောက်ဆုံးနေပြီး လူအများနှင့် ဆက်ဆံရန် စိတ်မပါဖြစ်နေသည်ဟု ခန့်မှန်းမိခဲ့သည်။ ထိုကဲသို့သော ကျောင်းသားများသည် ‌ကျောင်းတွင်းအကြမ်းဖက်မှုများ၏ ပစ်မှတ်ဖြစ်သည်။

ဖွားဖွားယွင်သည် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူ(မ)သည် သူ(မ)မြေးများ၏ ကိစ္စတိုင်းကို အထူးဂရုစိုက်သူ ဖြစ်သည်။ သူသည် ကောင်းကောင်း သိပ်ထွားမလာသည့်အပြင် ကျောင်းမှ အစားအစာများသည်လည်း သိပ်မကောင်းပါ။ သူ(မ)တို့သာ သူ့အား သေချာဂရုစိုက်ပေးမယ်ဆိုလျှင် သူသည် ကောင်းကောင်း ပို၍ထွားလာမည်ဟု သူ(မ)ထင်လေသည်။

"ရှောင်ယွင်အာ၊ သမီးက‌ရော ဘာလို့ အင်ပါယာမြို့တော်ကို အလုပ် သွားမရှာသေးတာလဲ"ဟု ဖွားဖွားယွင်သည် ရုတ်တရက် ထမေးလေသည်။

"ဖွားဖွား" ယွင်ယွီသည် ဒီမေးခွန်းအား ထပ်ရှောင်မနေချင်တော့ပေ။ သူ(မ)သည် တီဗွီသံအား ပိတ်လိုက်ပြီး မတ်မတ်ထိုင်လိုက်ကာ "ဖွားဖွား၊ သမီး အဲဒီအကြောင်း စဥ်းစားထားပါတယ်။ သမီး မြို့တော်ကို အလုပ်ရှာဖို့ ပြန်မသွားချင်တော့ဘူး။ အပြောင်းအလဲအနေနဲ့ အိမ်မှာပဲ နေချင်တယ်။ သမီးအကုန် စီစဥ်ထားပါတယ်၊ တစ်ခုပြီးတစ်ခု သေသေချာချာ လုပ်သွားပါ့မယ်"ဟုပြောခဲ့သည်။

ထိုစကားများကို ပြောပြီးပြီးချင်း တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့သည်။ ယွင်ရှန်းသည် ယွင်ယွီအား တစ်ချက်လှမ်းကြည့်လိုက်ပြီး တစ်ခုခုပြောရန် ပြင်ပြီးမှ မပြောြဖစ်ခဲ့ချေ။ ဖွားဖွားယွင်သည်လည်း တစ်ခွန်းမျှ ပြောမလာခဲ့ပါ။ သူ(မ)သည် ဝမ်းနည်းသွားပုံ ပေါ်ကာ ယွင်ယွီအား စိတ်မသက်မသာြ ဖစ်စေပြီး သူ(မ)အား အလျှော့‌ပေးချင်စိတ်များ ဖြစ်စေခဲ့သည်။

16 02

သူ(မ)မိသားစု စိတ်မကောင်း မဖြစ်သရွေ့ အင်ပါယာမြို့တော်သို့ သွားမည့်ကိစ္စသည် အဆင်ပြေသည်။ သူ(မ) တစ်ခုခုပြောရန် ပြင်လိုက်သည့်အခါ ဖွားဖွားယွင်သည် ရုတ်တရက် "ရှောင်းယွင်အာ၊ သမီးဆုံးဖြတ်ပြီးသွားပြီလား။ ဖွားဖွားတို့ရွာလေးမှာပဲ စီးပွားရေးလုပ်ဖို့ဆိုတာ ခက်ခဲတယ်လေ။ ခက်ခဲရုံတင်မကဘူး၊ သူများတွေကပါ ကဲ့ရဲ့ကြမှာလေကွယ်"ဟုပြောခဲ့သည်။

လေးနှစ်ကြာအောင် ပညာများသင်ထားခဲ့သည့် ထိပ်တန်းကျောင်းသူတစ်ဦးသည် အင်ပါယာမြို့တော်သို့ အလုပ်သွားလုပ်ရန် လက်လျှော့လိုက်ခြင်းနဲ့ လယ်ခင်းယာခင်းထဲတွင်ပဲ အလုပ်ပြန်လုပ်ခြင်းတို့သည် သေချာပေါက် အတင်းအဖျင်း စကားများ အပြောခံရပေမည်။ သို့‌သော် မကောင်းသည့်အရာများသည် ကြာကြာ မခံတတ်ပါ။ ယနေ့ခေတ်ကာလတွင် လယ်ယာလုပ်ငန်းများသည် စျေးမြင့်တက်နေပြီး အခြားလုပ်ငန်းများသည် ဝင်ငွေနည်းပါးသည့်အတွက် တချို့လူများပင် လယ်ယာလုပ်ငန်းကိုသာ လုပ်ကိုင်လိုကြသည်။

ဖွားဖွားယွင်သည် ယွင်ယွီအား မဖြစ်မြောက်မည်ကို စိုးရိမ်နေမိသည်။ လယ်ယာလုပ်ငန်းသည် အင်ပါယာမြို့တော်၌ အလုပ်ရှာရသည်ထက် ပို၍ခက်ခဲသောအလုပ် ဖြစ်သည်။

ယွင်ယွီသည် ဖွားဖွားယွင်၏ သဘောထားပျော့ပျောင်းလာမှုကို သိလိုက်ရသောအခါ စိတ်သက်သာရသလို သက်ပြင်းတစ်ချက် ချလိုက်ပြီး ချွဲတဲတဲအသံဖြင့် "ဖွားဖွား၊ စိတ်မပူပါနဲ့။ သမီးကို အချိန်တစ်နှစ်ပဲ ပေးပါနော်။ တစ်နှစ်အတွင်း မလုပ်နိုင်ဘူးဆိုရင် သမီး အလုပ်ရှာပါ့မယ်။ နော် ဖွားဖွား"

ဖွားဖွားယွင်သည် စိတ်ပူနေဆဲဖြစ်ပြီး " သမီးဘွဲ့ရပြီးတာလည်း တစ်နှစ်လောက် ရှိနေပြီလေ၊ သမီးရဲ့စာတွေကို မေ့သွားလိမ့်မယ်။ သမီးကို အလုပ် မခန့်ချင်ကျတော့ရင်ရော"

ကြည့်ရတာတော့ သူ(မ)သည် ရှောင်းယွင်အာသည် အကြာကြီး နေသွားရလိမ့်မည်ဟု ထင်နေလေသည်။

"စိတ်မပူပါနဲ့ ဖွားဖွား။ သမီးကို ချီးကျူးဖို့သာ ပြင်ထားပါ။ ဖွားဖွားကို စပ်တဲ့ဟာတွေ ကျွေးနိုင်စေရပါ့မယ်(ချမ်းသာကြွယ်ဝလာပြီး အလိုရှိရာကို စားနိုင်သောက် နိုင်လာသည်၊ ရုပ်ဝတ္ထုပစ္စည်းများလည်း ပေါများ ကြွယ်ဝလာသည်ဟု အဓိပ္ပါယ်ရသည်)" ယွင်ယွီသည် ဖွားဖွားယွင်၏လက်မောင်းကို ဖက်ထားလိုက်ပြီး ချွဲတဲတဲ ကြည့်နေခဲ့သည်။

ယွင်ယွီသည် သူ(မ)၏ တုနှိုင်းမရသောအဖွားသည် သူ(မ)အား ခြွင်းချက်မရှိ အမြဲချစ်ပေးသည်ကို ခံစားနားလည်သွားလေသည်။

ယွင်ရှန်းသည် ဖွားဖွား စိတ်မဆိုးတော့သည်ကို မြင်လျှင် ထသွားရန် တွေးလိုက်ပြီး "ဖွားဖွား၊ မမလတ်၊ ကျွန်တော်အရင် အိပ်ရာဝင်နှင့်တော့မယ်"ဟုပြောလိုက်သည်။

ယွင်ယွီသည် လက်ထောင်ပြလိုက်ပြီး "သွား သွား။ ငါ မနက်ဖြန်နေ့လည်ကျ နေ့လည်စာ လာပို့ပေးလှည့်မယ်"

"မမလတ်၊ မလိုပါဘူး" ယွင်ရှန်းသည် စိုးထိတ်သွားကာ " ကျောင်းက အစားအစာတွေက တော်တော်လေး ကောင်းပါတယ်ဗျ"

ဖွားဖွားယွင်သည် " နောက်နှစ်ကျရင် မင်းက အထက်တန်းတတိယနှစ် ရောက်တော့မှာ၊ ပြီးတော့ စိတ်ဖိစီးစရာတွေလည်း ရှိလာလိမ့်မယ်ကွဲ့။ မင်း ဒီထက်ကောင်းတာတွေ စားရမယ်။ မနက်ဖြန်ကျ လယ်ထဲကအလုပ်တွေက ပါးသွားပြီ။ မင်း မမလတ်ကို နေ့လည်စာ လာပို့ခိုင်းလိုက်"

ထိုကိစ္စသည် ဒီအတိုင်း ပြီးသွားလေပြီ။ ယွင်ရှန်းသည် ထပ်မပြောတော့ချေ။ သူသည် လှည့်ထွက်လာပြီး အိပ်ရာဝင်ရန် အခန်းထဲသို့ ဝင်သွားခဲ့သည်။

ယွင်ယွီသည် အိပ်ရာမဝင်မီ ဖွားဖွားယွင်နှင့် အတန်ကြာ တီဗွီဆက်ကြည့်နေခဲ့သည်။ တီဗွီသည် တော်တော်လေးကောင်းသည်ဟု သူ(မ)တွေးမိသွားသည်။ သူ(မ)သည် ခေတ်သစ်၏ အရာတော်တော်များကို တဖြည်းဖြည်း လက်ခံလာနိုင်ပြီဖြစ်သည်။

နောက်တစ်နေ့တွင်၊ ယွင်ရှန်းသည် မနက်စာစားပြီးနောက် ဘတ်စကားဖြင့် ကျောင်းသွားခဲ့သည်။ ယွင်ယွီသည် မ‌နေ့က ထုတ်ပိုးထားသည့် ဂျုံများကို ခြံရှေ့ကွင်းပြင်၌ နေလှန်းရန် ဖွားဖွားယွင်အား ကူရွှေ့ပေးခဲ့သည်။ သူတို့သည် စပါးကျီထဲသို့ မြန်မြန်ထည့်သိမ်းရန် ဒီရက်အတွင်း၌ နေရောင်များများ ကျစေချင်ခဲ့ကြသည်။ ဖွားဖွားယွင်သည် အကုန်လုံး ခြောက်သွေ့သွားစေရန်အတွက် ဂျုံများအား ပြန့်ကျဲနေဖို့ရာ ထွန်ခြစ်ဖြင့် ဆွဲဖွနေခဲ့သည်။ ယွင်ယွီအားလည်း "ဒီနှစ်ဂျုံတွေက လယ်တစ်မူးကို ၃၁ကျင်းလောက်ရတယ်(၁ကျင်း=၁.၃၂ပေါင်)။ ဖွားတို့ရောင်းရင် ယွမ်၅၀၀၀လောက် ရမယ်ထင်တယ်"ဟုပြောခဲ့သည်။

"ဖွားဖွား၊ ဂျုံတွေကို ရောင်းလည်း အကျိုးမရှိပါဘူး" ယွင်ယွီသည် သူ(မ) ဝိညာဥ်စိမ့်စမ်း‌ရေကို လောင်းပြီး စိုက်ပျိုးထားသည့် ဂျုံစေ့များအား ယခုကဲ့သို့ တန်ဖိုးနည်းနည်းဖြင့် မရောင်းချင်ပါ။

16 03

"ဘာလို့ ဂျုံတွေကို သိမ်းထားပြီးတော့ ဂျုံမှုန့်ကြိတ်ပြီး ဘန်းမုန့် လုပ်မစားရတာလဲ။ ဖွားဖွားလုပ်ပေးတဲ့ ဘန်းမုန့်က ကမ္ဘာ‌ပေါ်မှာ အကောင်းဆုံးပဲ။ အပြင်က ဝယ်တာတွေထက်ကို ပိုကောင်းတယ်။ သမီးတို့ ဘန်းမုန့်လုပ်ရောင်းရင် ဂျုံခင်းကရတဲ့ဝင်ငွေက အဆ၂၀ ၃၀လောက်ကို တိုးလာမှာ။ မြို့ပေါ်ကိုသွားပြီး ဘန်းမုန့်ရောင်းဖို့ ဆိုင်ရှာကြမယ်"

ဖွားဖွားယွင်သည် တအံ့တဩဖြင့် "ဘန်းမုန့်ရောင်းဖို့က ဖြစ်နိုင်ပါ့မလားကွယ်"

ယွင်ယွီသည် သူ(မ)အဖွားအား တိုက်တွန်းလိုက်ပြီး "ဖွားဖွား၊ ဂျုံချည်းပဲ ‌ရောင်းတာထက် ဘာကနေနေ ပို‌ကောင်းမယ်လို့ သမီးထင်တယ်။ ဂျုံတွေကို သိမ်းထားပြီး ဘာလို့ကြိုးစားမကြည့်ရမှာလဲ။ ဖွားဖွားမှာလည်း ဘာမှလုပ်စရာမှ မရှိတာ။ သမီးတို့ ဘန်းမုန့်တွေကို ဘူးလေးနဲ့ထည့်ပြီး မြို့ထဲကကျောင်းတွေမှာ သွားရောင်းကြည့်လို့ ရပါတယ်"

မူကြိုကျောင်း၊ မူလတန်းကျောင်း၊ ဂျူနီယာအထက်တန်းကျောင်းများ မြို့ထဲ၌ ရှိလေသည်။ ကျောင်းဂိတ်ပေါက်များသည် နေ့စဥ်နေ့တိုင်း လူရှုပ်နေတတ်ပြီး သရေစာရောင်းသည့် ဆိုင်ခန်းမျာလည်း ရှိလေသည်။

"ကောင်းပြီ။ ကြိုးစားကြည့်ကြတာပေါ့"ဖွားဖွားယွင်သည် သဘောတူလိုက်လေသည်။ သူတို့သည် ယခုကဲ့သို့ လယ်စိုက်နေခြင်းဖြင့် ငွေရှာနိုင်မည်မဟုတ်‌ပေ။ အကျွမ်းတဝင်ဖြစ်ဖို့ငှာ သင်ယူရန် လိုအပ်ပေသည်။ စီးပွားရေးလုပ်ငန်း သေးသေးလေး ပြုလုပ်ကြည့်ခြင်းသည် တော်တော်လေး ကောင်း၏။

နေ့ခင်းတွင် ဖွားဖွားယွင်သည် ချက်ပြုတ်ရန် ပြန်သွားခဲ့သည်။ သူ(မ)သည် ကြက်တစ်ကောင်အား သတ်လိုက်ပြီး မခုတ်ထစ်ခင် ဆေးကြောလိုက်သည်။ ထို့နောက် အိုးကြီးကြီးတစ်လုံးထဲတွင် ဆီချက်လိုက်ပြီး မှိုနှင့် အာလူးများကို နှပ်ထားလိုက်လေသည်။ အိမ်ရှိ ကြက်မကြီးသည် ဒီရက်ပိုင်းအတွင်း၌ အားထား၍ ဥဥနေလေသည်။ ဖွားဖွားယွင်သည် ကျားသားရေဖြင့် ဥများကို ခြုံပေးလိုက်သည်။ ခြံထဲမှ ပဲသီးတောင့်စိမ်းများကို မစားခင် လဝက်လောက်တည်းက ကြိုခူးထားခဲ့ပြီး ယခုတော့ စား၍ရနေချေပြီ။ ထို့ကြောင့် ဖွားဖွားယွင်သည် မွှေကြော်ရန် စိတ်ကူးလိုက်သည်။

တစ်မိသားစုလုံး စားပြီးသွားပြီးနောက် ယွင်ယွီသည် ယွင်ရှန်းအား သွားပို့ရန် ထမင်းဘူးဖြင့် အစားအစာများကို ထည့်လိုက်သည်။ ညစာအတွက်လည်း နောက်တစ်ဘူး ထည့်လိုက်သေးသည်။

ယွင်ယွီသည် တွင်းရေများကို ဘူးကြီးကြီးတစ်လုံးဖြင့် ယွင်ရှန်းအတွက် ထည့်သွားသေးသည်။

နေ့ခင်း၌ ယွင်ရှန်းသည် ကျောင်းပေါက်ဝ၌ စောင့်နေလေသည်။ မိဘများသည် နေ့ခင်း၌ သူတို့ကလေးများအတွက် အစားအစာများ လာပို့ကြသည်။ ကျောင်းတံခါး ပွင့်သွားသည်နှင့် ကျောင်းသားများသည် နေ့လည်စာအား ဂိတ်ပေါက်၌ပင် ထိုင်စားခဲ့ကြသည်။

ယွင်ရှန်းသည် ကျောင်းသံတံခါးရှေ့၌ ခေါင်းငုံ့လျက် မတ်တပ်ရပ်နေခဲ့သည်။

ယွင်ယွီသည် သူ့အား လှမ်းခေါ်လိုက်သည့်အခါ သူ့အစ်မလတ်သည် သူ့ဆီသို့ ဖြည်းဖြည်း လာနေသည်ကို တွေ့လိုက်ရသည်။ ယွင်ယွီသည် သူ့မျက်နှာ၌ ဒဏ်ရာအသစ်များ ရှိမနေသည်ကို တွေ့လိုက်ရသည့်အတွက် စိတ်သက်သာရာ ရသွားခဲ့သည်။ သူ(မ)သည် သူ့အား ရေဘူးနှင့် နေ့လည်စာဘူးအား ကမ်းပေးလိုက်သည်။

"အပူခံဘူးနဲ့ ထည့်ထားတာက နေ့လည်စာအတွက်၊ နေ့လည်စာဘူးနဲ့ ထည့်ထားတာက ညနေစာအတွက်နော်။ ရေလဲ ထည့်ပေးထားတယ်။ အိမ်က တွင်းရေက ချိုအေးပြီး သန့်ရှင်းတယ်"

ယွင်ရှန်းသည် သူ့အစ်မလတ်က ရေပါ ယူလာသည်ကို သိလိုက်ရသောအခါ အလွန်ပျော်ရွှင်သွား၏။

"ခုစားလိုက်"ယွင်ယွီသည် ပြုံးပြလိုက်ပြီး "ငါ အပူခံဘူးကို ပြန်ယူသွားလိုက်မယ်၊ မနက်ဖြန်မှ ထပ်ပို့ပေးမယ်၊ မနက်ဖြန်ကျ ဘာစားချင်လဲ"

"ဘာနေနေ ရပါတယ်" ယွင်ရှန်းသည် အပူခံဘူးကို ဖွင့်လိုက်သည်။ အသားများ၏ မွှေးရနံ့သည် ပျံ့လွင့်လာ၏။ ယွင်ရှန်းသည် မွှေးရနံ့များကို ရှုလိုက်ပြီး "မွှေးကြိုင်နေတာပဲ"

ဘူးအားဖွင့်လိုက်သောအခါ အသားနံ့သည် လေထဲသို့ ပျံ့သွားခဲ့သည်။ သူ၏ဘေးမှ ကျောင်းသားများသည် သူ့အား မကြာခဏ လှမ်းကြည့်နေကြလေသည်။

ယွင်ယွီသည် ယွင်ရှန်း၏ နေ့လည်စာအား ၅ရက်ဆက်တိုက် ပို့ပေးပြီးနောက် အိမ်၌ လှန်းထားသော ဂျုံများသည် ခြောက်သွားပြီဖြစ်သဖြင့် စပါးကျီထဲ၌ ထည့်သိမ်းလိုက်ကြလေသည်။

16 04

ယနေ့ ယွင်ရှန်းအား နောက်တစ်နေ့စာ ပို့လာပြီးနောက် နောက်နေ့သည် တနင်္ဂနွေနေ့ဖြစ်သဖြင့် သူ(မ)နားရမည် ဖြစ်သည်။ ဒီ၂ရက်တွင် မြို့ထဲ၌ အဆင်ပြေမည့်ဆိုင်ခန်း ရှာရပေမည်။

သူ(မ)သည် အမှတ်(၁)ကျောင်း၏ အပေါက်ဝသို့ ရောက်သောအခါ ယွင်ရှန်းသည် သူ့အကျင့်အတိုင်း ခေါင်းငုံပြီး ရပ်စောင့်နေခဲ့သည်။ သူ(မ)လှမ်းအော်လိုက်သော်လည်း သူသည် မော့ကြည့်မလာပါ။ သူ(မ)အနားသို့ ရောက်လာသည်အထိလည်း သူသည် မော့မကြည့်ပေ။ ယွင်ယွီသည် မျက်မှောင်ကြုတ်လိုက်ပြီး ယွင်ရှန်း၏မေးစေ့အား ဆွဲညှစ်ကာ သူ့အား ခေါင်းမော့စေခဲ့သည်။ သူခေါင်းမော့လိုက်သောအခါ သူ၏နဖူး၌ ဖုအကြီးကြီး ထနေသည်ကို သူ(မ)တွေ့လိုက်ရသည်။

ယွင်ယွီသည် ဒေါသထွက်သွားပြီး "ယွင်ရှန်း၊ နင့်ဘာသာနင် လဲတာလို့ ငါ့ကို လာမပြောနဲ့"

သူ(မ) မင်းသမီးတစ်ပါး ဖြစ်ခဲ့တုန်းက သူ(မ)နှင့် သူ(မ)မိသားစုအား မည်သူမှ အနိုင်မကျင့်ရဲကြပါ။ သူ(မ)မောင်လေးအား ယခုလိုမျိုး အရိုက်ခံထားရတာကို သူ(မ) ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေပါ့မလဲ။

"မမလတ်၊ ကျွန်တော် အဆင်ပြေပါတယ်"ယွင်ရှန်းသည် အပူခံထမင်းဘူးအား ယူလိုက်ပြီး အငမ်းမ ရစားလိုက်သည်။ သူသည် မြန်မြန်စားပြီး သူ့အစ်မလတ်အား မြန်မြန်ပြန်စေချင်သည်။ သူ့အား အနိုင်ကျင့်သူများသည် နာမည်ကြီးအနိုင်ကျင့်သူများ ဖြစ်ကြသည်။ သူတို့မိသားစုများသည် ချမ်းသာကြပြီး အာဏာရှိသူများဖြစ်ကြသည်။ သူ ပြဿနာမတက်ချင်ပါ။ သူ့အစ်မသာ သူတို့ကို သွားရန်လုပ်ရင် သူတို့က အစ်မလတ်ကို အနိုင်ကျင့်ကြမည်ကို သူ ကြောက်၏။

တစ်ခုခုကို ကြောက်ရွံ့တဲ့အခါ ဒုက္ခဖြစ်တတ်တယ်ဆိုသည့် ဆိုရိုးစကား ရှိပေသည်။ ယွင်ရှန်း၏အနောက်မှ ဘဲနဲ့တူသောအသံတစ်ခု ထွက်လာပြီး "ဒါက ထိပ်တန်းကျောင်းသားလေး မဟုတ်ဘူးလား"

******

တယ်လီဂရမ်ဂရုလေးမှာ အပိုင်း (84) ရောက်နေပါပြီနော်။Swae Nyoe Sales Channel (Telegram)https://t.me/swaesaleschannel


You are reading the story above: TeenFic.Net