Part 11

Background color
Font
Font size
Line height


အပိုင်း (၁၁)

ဟယ်ရှန်းမြို့က အတော်ကြီးတဲ့အပြင် အဖွားယွင်က အကြီးဆုံးဈေးကို တန်းနေအောင် သွားခဲ့တယ်လေ။ ကုန်တိုက်လိုမဟုတ်ဘဲ အသီးအရွက်ရောင်းဖို့ ထားထားတဲ့ အမိုးဖွင့်ဈေးရုံကြီးပေါ့။ အဲဒီမှာ တခြားရွာကလူတွေရော အသီးအရွက် ကန်ထရိုက်သမားတွေကပါ လာရောင်းကြတယ်လေ။ အဖွားယွင်က သူမယူလာတဲ့ အသီးအရွက်တွေက နည်းနည်းသေးပေမဲ့ ဈေးကို တခြားလူတွေနဲ့တန်းတူပဲ ထားခဲ့တယ်။ သူမအမြင်အရတော့ အဲ့လောက် အရသာရှိတဲ့အသီးအရွက်တွေကို ဈေးနည်းနည်းနဲ့ရောင်းတာ တန်ဖိုးမသိရာ ကျတယ်လေ။ ယွင်ယွီက ငြိမ်ငြိမ်မနေနိုင်ဘဲ အဖွားယွင်ကိုပြောဖို့ မြို့ထဲကို ထွက်လာတော့တယ်။

အနားမှာက မနက်စာဆိုင်တွေနဲ့ ဟော်တယ်တွေ ပြည့်နက်နေတာပဲ။ ဒါပေမဲ့ မြို့ငယ်လေးဆိုတော့ ကြယ်သုံး၊လေး၊ငါး ပွင့်‌လိုဟော်တယ်ကြီးတွေတော့ မရှိဘူးပေါ့။ အနီးနားမှာ ဗီလာတွေစုထားတဲ့ နေအိမ်စီမံကိန်းလို လုပ်မယ်ကြားနေတော့ အိမ်ခြံမြေဈေးက တအား ထိုးတက်နေတယ်လေ။ ဈေးဝယ်စင်တာတစ်ခုရဲ့ ခုံတန်းပေါ်ထိုင်နေရင်း သူမ ရေရွတ်မိလိုက်တယ်။ "အိမ်တွေ အဲ့လောက်ဆောက်ပြီး နေရောနေနိုင်ကြမှာလား"

သူမမှာသွားစရာနေရာလည်းမရှိသလို လျောက်သွားနေရတာမျိုးလည်း မကြိုက်တဲ့အတွက် ဒီဈေးဝယ်စင်တာပေါ် လာခိုနေတာလေ။ စုန့်ကျင်းက သူမကို ဖုန်းဆက်ထားတဲ့အတွက် သူမဆီကို လှမ်းပြီး မက်ဆေ့ပို့လိုက်တယ်။ ခဏကြာတော့ ဖုန်းဝင်လာပါလေရော။ သူမကိုင်လ်ုက်တာနဲ့ စုန့်ကျင်းရဲ့ အသံကို ကြားလိုက်ရတယ်။

"ရှောင်ယွီအာ အမေယွင် နေကောင်းပြီလား"

ယွင်ယွီက ပြန်ဖြေလိုက်တယ်။ "ဘာမှမဖြစ်တော့ဘူး။ လနည်းနည်းလောက် နားရရုံပါပဲဟာ" သူမက ဝိဉာဉ်စမ်းရေ သုံးပြီး သူမအမေကို နှိပ်ပနေတဲ့အပြင် နောက်ဆို အပ်ပါစိုက်ပေးဖို့ ကြံနေတာဆိုတော့ ခြေထောက် ပြန်ကောင်းလာဖို့က အိပ်မက် မဟုတ်တော့ဘူးလေ။ ကြာတာတော့ ကြာဦးမှာပေါ့။

"အဲ့လောက်ပဲဆိုတော့ တော်သေးတာပေါ့ဟယ်။ ငါရော ရှန်းရှန်းရောအားရင် အမေယွင်နဲ့ အဖွားယွင်ဆီ လာလည်မယ်လို့နော်" ကျင်းကျင်းရော ရှန်းရှန်းရော နှစ်ယောက်လုံး ယွင်ယွီ့အိမ် ရောက်ဖူးတယ်လေ။ ယွင်ယွီက ရှန်းရှန်းအခြေအနေကို မေးတော့ စုန့်ကျင်းက သက်ပြင်းချမိတော့တယ်။

"နေ့လယ်ဆို အကောင်းဟာ။ အလုပ်သွားအလုပ်လာနဲ့ အဆင်ကိုပြေလို့။ ညကျရင်တော့ ချောင်ကပ်ပြီး တအီအီနဲ့ငိုနေတာပဲ။ သူ စိတ်သက်သာရာရတဲ့အထိ ငါ နေပေးလိုက်ဦးမယ်"

"အင်းပါဟာ" တကယ်ဆိုလည်း သုံးနှစ်လောက် တွဲလာပြီးမှ အဲ့ချောမောပြီး ကြင်နာတတ်တဲ့လူက လူရှုပ်ဖြစ်နေမယ်မှန်း သူတို့ မသိဘူးလေ။ နှစ်‌ယောက်သားက ခဏလောက် စကား ဆက်ပြောနေကြပြီးမှ ဖုန်းချလိုက်တော့တယ်။

ယွင်ယွီက သစ်သားပြားလေး ကောက်ပြီး အနီးနားဆိုင်ကနေ ဆော့ပင်တစ်ချောင်းဝယ်ပြီး ပုံမှန်စာလုံးတွေနဲ့ သစ်သားပြားပေါ်မှာ "ကံကြမ္မာဖတ်သည်" လို့ ရေးလိုက်တယ်။ အခုလို ဈေးဝယ်စင်တာမှာ ရှိနေတဲ့လူတွေက သူတို့မြေးတွေကို လမ်းခေါ်လျောက်တဲ့ အဖိုးကြီးအဖွားကြီးတွေလေ။ သူတို့က ယွင်ယွီလို ကလေးမလေးက "ကံကြမ္မာဖတ်သည်" ဆိုင်းဘုတ်ကိုင်ထားမှတော့ ရယ်တော့တာပေါ့။ အဖွားကြီးတစ်ယောက်က သူမကို လာပြောတော့တယ်။ "ကလေးမလေး တကယ်ဖတ်တတ်တာလား။ ဘယ်လောက် ပေးရမလဲ"

သူမက အဲ့အဖွားလက်ထဲက အရုပ်လေးလို ကလေးကိုကြည့်ရင်း "အဖွား ဘယ်လောက်ပေးမလဲ" အဲ့အချိန်မှာ အဖိုးကြီးတစ်ယောက် တွန်းလို့ အဖွားက ရွေ့သွားတော့တယ်

"အဖွားကြီးလျိူ ဒီကလေးမဆီမှာ တကယ်ကြီး ကံကြမ္မာဖတ်ခိုင်းမလို့လား ဘုရားကျောင်းမှာ သွားဖတ်တာ မဟုတ်ဘူး။ သူ့အရွယ်လေးနဲ့ ဘာတတ်မှာလဲ။ လူတွေကို ပတ်လိမ်နေတာပဲနေမှာ"

ယွင်ယွီက ဒေါသမထွက်ဘဲ "အဖိုး ကျွန်မအသက်အရွယ်ကို ကြည့်ပြီး အဆုံးဖြတ် မစောသင့်ဘူးမလား၊ အရင်ကံကြမ္မာဖတ်ပြီးမှ မှန်မမှန်ဆိုတာ ကြည့်သင့်တာပေါ့"

အဖွားလျိူက ခဖဏလောက် စဉ်းစားပြီးတော့ သူမအိတ်ထဲကနေ ယွမ်ငါးဆယ်ကို ထုတ်ပေးလာတယ်။ "အဖွားမြေးကို ကံကြမ္မာ ဖတ်ပေးပါကွယ်" ဘုရားကျောင်းမှာ‌ဆို ယွမ်နှစ်ရာ သုံးရာတော့ သာသာလေးပဲလေ။ ယွင်ယွီက ပိုက်ဆံနည်းတာကို စိတ်ထဲ မထားဘူး၊ သူမက ယူပြီး ကလေးရဲ့မျက်နှာကိုကြည့်လိုက်တယ်။ "ဒီကလေးရဲ့ရှေ့မှာ အစ်မတစ်ယောက်ရှိလိမ့်မယ်၊ ဒီကလေးက နွေလယ်အချိန် ဇူလိုင်လလယ်မှာ မွေးတယ်၊ သူ့မှာ အားနည်းပြီး ဖျားနာလွယ်တဲ့ခန္ဓာရှိတယ်၊ တချို့ညတွေ ထငိုတဲ့အခါ လုံးဝချော့လို့ မရတတ်ဘူး၊ ကျွန်မ မြင်သလောက်ဆိုရင် ဒီကလေးက မိုးအုံ့တဲ့နေ့မှာမွေးပြီး ရေနဲ့ ပတ်သက်တဲ့စကားလုံးက သူ့နာမည်မှာ ပါနေမယ်၊ ဟုတ်တယ်မလား ၊ကောင်းမွန်တဲ့ကလေးဘဝတော့ မရနိုင်ဘူး၊ ဒါပေမဲ့ ကြီးလာတဲ့အခါ အကုန် အဆင်ပြေသွားလိမ့်မယ်၊ ပြီးတော့ အင်း ဘေးအန္တရာယ် ကြီးကြီးမားမား မရှိဘူး" ဒီကလေးက ကြီးလာရင် မိသားစုကို တအားခင်တွယ်မှာ မဟုတ်ဘူး။ ပြီးရင် သားသမီဝတ်လည်း တအား မကျေပွန်လောက်ဘူး။ ကောင်းတာက သူ့အစ်မပဲ။

11 02

ဒါပေါ့ ယွင်ယွီက အနောက်ပိုင်းစကားတွေ ဆက်မပြောခဲ့ဘူးလေ။ သားတွေကို ဦးစားပေးတဲ့အိမ်က သမီးတွေကို အဲ့လောက် ဂရုစိုက်မှာ မဟုတ်ဘူးလေ။ သူမ ဘယ်လောက်ကံကြမ္မာကို‌ ကြည့်ကြည့် ဒီကလေးရဲ့ဘဝမှာ အောင်မြင်မှုဆိုတာ မရှိဘူး။

အဖွားလျိူနဲ့ သူမဘေးက လူက အံ့ဩသွားတယ်။ "တော်တော် မှန်တာပဲ" သူတို့က အိမ်နီးချင်းဆိုတော့ ကလေးရဲ့အကြောင်းကို သိတယ်လေ။

"ကလေးမလေး အဖွားမြေးရဲ့အခြေအနေကို တိုးတက်အောင် လုပ်လို့ရဦးမလား။ ဘယ်ဆရာနဲ့ပြပြ ကလေးက ညသန်းခေါင်ဆိုငို နို့လည်းမသောက် ခဏခဏလည်း ဖျားတယ်" ဒီမြေးက အဖွားလျူတို့မိသားစုရဲ့ သွေးတွေ ချွေးတွေရင်းပြီးမှ ရခဲ့တာလေ။ သူတို့လည်း ကလေးက ဖြူဖွေးဝတုတ်လာပြီး ချစ်စရာ ကောင်းလာတာကို မြင်ချင်တာပေါ့။ အခုတော့ ကလေးက အသက်လေး နည်းနည်းကြီးလာမှ အဆင်ပြေလာတယ်လေ။

ယွင်ယွီက "ကလေးရဲ့ဇာတာခွင် အပြည့်အစုံကို ပေးပါ"

အဖွားလျူက ယွင်ယွီ့နားကပ်ပြီး ဇာတာကို ခပ်တိုးတိုး ရွတ်ပြတယ်။ ကလေးက ခုနစ်လပိုင်း တစ္ဆေ‌ပွဲတော်မှာမွေးပြီး နာမည်က လျိူဟယ်အန်းတဲ့။ ယင်အချိန်မှာ မွေးတာကို နာမည်ကိုပါ ရေနဲ့ပတ်သက်တဲ့ ယင်နာမည်ပေးထားတယ်လား။ ကျန်းမာနေမှပဲ ထူးဆန်းနေမှာ။ ပိုအရေးကြီးတာက ဒီကလေးမျက်နှာပေါ်မှာပါ ယင်က ပေါ်နေပြီ။ ပြောရရင် တစ္ဆေပွဲတော်လိုအချိန်က ယင်စွမ်းအင်အများဆုံး အချိန်တွေဆိုတော့ ထိတွေ့မိရင် ကံဆိုးနိုင်တယ်လေ အထူးသဖြင့် ကလေးတွေပဲ။

"ဒါပေါ့ အဖွားရဲ့ ဒီကိစ္စကိုဖြေရှင်းပေးနိုင်ပါတယ်။ ကလေးနာမည်ကိူတော့ ပြောင်းရမယ်။ ပြီးရင် အဖွားတို့အိမ်ကို လိုက်ကြည့်ရဖို့ လိုတယ်" ကလေးရဲ့ကိုယ်မှာ ယင်စွမ်းအင်ကပ်နေတော့ အဲ့အရင်းအမြစ်ကို သူမရှ င်းချင်တယ်လေ။ အခုဖြစ်လက်စ ကိစ္စကတော့ ကလေးနာမည် ပြောင်းရုံနဲ့ ရတယ်။ အနာဂတ်ကတော့ ကလေးမိဘတွေနဲ့ ဆိုင်သွားပြီလေ။

အဖွားလျိူက "မင်းကို ဒုက္ခပေးရတော့မှာပဲ"

"ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ဒါမျိုးကို ဖြေရှင်းပေးရတာအတွက် ဈေးနှုန်းကိုတော့ သေချာရှင်းရှင်းလင်းလင်း ပြောထားချင်ပါတယ်၊ ယွမ်တစ်သောင်းပါ"

သူမက ဒီဈေးကို နည်းတယ်လို့တောင် မြင်တာ၊ မြို့ပေါ်က သာမန်မိသားစုလေ။ သူမ တကယ်တောင်းတဲ့ဈေးကို ပေးနိုင်မှာ မဟုတ်ဘူး။

"ဘာ" အဖွားလျိူက အံ့ဩသွားတော့တယ် "ဈေးကြီးလိုက်တာဟယ် ကလေးမ တခြားဆရာတွေတောင် နှစ်ထောင်ပဲ တောင်းတာ၊ မင်းက တကယ်တတ်မတတ်တောင် မသေချာဘဲ ယွမ်တစ်သောင်း ပေးနိုင်စရာလား"

ယွင်ယွီကတော့ ဒေါသမထွက်ပါဘူး။ သူမက "အဖွား အကုန်လုပ်ပြီးတဲ့အခါ ကလေးက သက်သာသွားပြီး ကောင်းကောင်းစား ကောင်းကောင်းအိပ်လို့ ကျန်းမာတဲ့ခန္ဓာကိုယ်ကိုလည်း ရလိမ့်မယ်။ နေ့နေ့ညည မအိပ်ဘဲ ငိုနေရတာမျိုး လူကြီးတွေတောင် မခံနိုင်တာ ကလေးတွေက ခံနိုင်ပါ့မလားအဖွားရယ်။ အဖွားမြေးကို အဲ့လို ဒုက္ခ ခံခိုင်းမလို့လား"

အဖွားလျိူက အတွန့်တက်ပြန်တယ်။ "အဲ့လိုလုပ်ရင် ကလက မဖျားမနာဘဲ ကြီးပြင်းလာနိုင်မှာ သေချာလား"

ယွင်ယွီက ရယ်ချင်သွားတော့တယ်။ "အဲဒါတော့ ဘုရားတောင် အာမမခံနိုင်ဘူး။ ပြီးတော့ ကမ္ဘာမှာ အနာရောဂါကင်းတဲ့လူဆိုတာ မရှိဘူးလေ အဖွား" သူမက ပြောတာရပ်ပြီး ထထွက်သွားဖို့ ပြင်တော့တယ်။

"အဖွား တခြားလုပ်စရာမရှိရင် ကျွန်မအိမ်ပြန်ပါတော့မယ်"

အဖွားလျိူက သူမကို တားရင်း "ကလေးမ ခဏနေပါဦး။ ကိစ္စတွေ ဖြေရှင်းနိုင်မှ ပေးရင်ရော အဆင်ပြေလား"

"ဒါပေါ့အဖွား ကျွန်မ လိုက်စစ်ဆေးဖို့တော့ လိုမယ်"

အဖွားလျိူက သူမရဲ့အိမ်ကို ယွင်ယွီကို ခေါ်သွားတော့တယ်။ ရောက်တော့ အဖွားအိုက ကလေးကို ပုခက်ထဲထည့်ပြီး ယွင်ယွီကို ရေတစ်ခွက် ခပ်ပေးလာတယ်။

"ရေသောက်လိုက်ပါဦး။ ကလေးရဲ့အစ်မက မူကြိုမှာ။ သူတို့မိဘတွေက အလုပ်မှာ အဖွားမှာ ပိုက်ဆံမရှိတော့ သူတို့ကိုပဲ စောင့်ရမယ်လေ။ နေ့လယ်စာတော့ ပြန်လာစားမှာပါ။ မပြန်ဘဲ နေ့လယ်စာစားသွားနော်။ ကြည့်ချင်တာရှိရင် လိုက်ကြည့်နိုင်ပါတယ်ကွယ်"

အဖွားလျိူက မီးဖိုချောင်ထဲ ဝင်သွားတော့ ယွင်ယွီလည်း အခန်းတစ်လျောက် လိုက်စစ်ကြည့်တော့တယ်။ ပြောရရင် ဖုန်းရွှေလွဲနေတာ မရှိဘူး။ ယင်စွမ်းအင် နည်းနည်းပဲရှိတာ။ အဲဒါလောက်တော့ သူမက လက်တစ်ချက်ရမ်းရုံနဲ့ ဖြေရှင်းနိုင်တယ်လေ။ ဒါပေမဲ့ ကလေးမိဘတွေလာမှ လုပ်ပြဖို့ ကြံလိုက်တယ်။ ဒါမှ သူမ အလုပ်လုပ်ကြောင်း ပြနိုင်မှာလေ။

11 03

ယွင်ယွီက အဖွားလျိူကို ဝယ်စရာရှိတယ် ပြောပြီး ထွက်လာခဲ့လိုက်တယ်။ သူမက အဝါရောင်စာရွက် ဟင်းရိုင်းနဲ့ လိုအပ်တာတွေဝယ်ပြီးမှ ပြန်လာလိုက်တယ်။ အချိန်က နေ့လယ် ဆယ့်နှစ်နာရီခွဲနေပြီ လျူဟယ်အန်းမိဘတွေကလည်း ပြန်ရောက်နေပြီ။ သူတို့က သာမန်လူပုံပဲ ရှိနေတယ်။ ဒါပေမဲ့ ကလေးအမေကို မြင်တာနဲ့ သူမက ယင်စွမ်းအင်အရင်းအမြစ်ကို သိလိုက်တော့တယ်။

အဖွားလျိူက အကျိုးအကြောင်း ရှင်းပြထားတဲ့ပုံပဲ။ သူတို့က သူမကို သံသယဝင်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်။

"ကောင်မလေး ငါတို့သား သက်သာတဲ့အထိ ပိုက်ဆံမယူဘဲ စောင့်မယ်ပေါ့"

ယွင်ယွီက ခေါင်းညိတ်လိုက်တယ်။ "ဒါပေါ့"

သူတို့နှစ်ယောက် သဘောတူတာနဲ့ ယွင်ယွီက ဟင်းရိုင်းနဲ့ ကလေးကိုတို့ထိရင်း မန္တန်နည်းနည်း ရွတ်ပြီး "ဖယ်ရှား..." လို့ရွတ်လိုကိတယ်။

ဟင်းရိုင်းက ကလေးနဖူးကို ထိနေပြီး ယင်စွမ်းအင် အကုန်စုပ်ယူသွားတော့တယ်။ သူမက လက်ကို ပွတ်ရင်း "ဟယ်(မြစ်) ဆိုတဲ့စကားလုံးကို နာမည်ကနေဖယ်ပြီး မီးနဲ့သက်ဆိုင်တဲ့ စကားလုံးတစ်ခုခုနဲ့ပြောင်းပါ" သူမက စကားလုံးနည်းနည်းကို ပေးပြီး ကလေးမိဘတွေက ချန်ကိုရွေးတော့ ကလေးနာမည်က လျိူချန်အန်း ဖြစ်သွားတော့တယ်။ အဖေလျိူက မျက်မှောင် ကြုတ်ရင်း "ကလေးမ ဒီလောက်နဲ့ ဖြေရှင်းပြီးသွားရောလား"

သူက တအား လွယ်လွန်းတယ်လို့တွေးနေမိတယ်လေ။

"ပုံမှန်ဆိုရင်ပေါ့" သူမက အမေလျိူဖက်လှည့်ပြီး "ရှောင်ချန်အမေ ယုံတာမယုံတာ အပထား ကျွန်မ မေးပါရစေ။ ရှင်ရှောင်ချန်လေးကို မွေးပြီး ဆေးရုံဆင်းတဲ့အချိန်က တစ္ဆေ‌ပွဲတော်အချိန်ကြီးလေ၊ ရှင်လမ်းပေါ်က နတ်နဲ့ တစ္ဆေတွေကို စော်ကားမော်ကား တစ်ခုခုလုပ်မိသေးလား"

အမေလျိူရဲ့မျက်နှာက တန်းပျက်သွားတော့တယ်။ သူမက ကလေးမွေးပြီးတော့ ရက်နည်းနည်းလောက် ဆေးရုံတက်နေရပြီး ဆေးရုံဆင်းတော့ စိတ်အခြေအနေ မကောင်းတဲ့အချိန် လမ်းဘေးမှာ သူများငွေစက္ကူမီးရှို့နေတာကိုလည်း မြင်ရော ကံဆိုးမှုတွေ ယူဆောင်တဲ့ အပြုအမူတွေဆိုပြီး ဆဲခဲ့တဲ့အပြင် တံထွေးပါ လှည့်ထွေးခဲ့သေး။ ဒါပေမဲ့ ဒီကလေးမက ဘယ်လိုလုပ် ဒီကိစ္စကို သိနေတာလဲ။

အဖွားလျိူက ဒေါသတကြီးနဲ့ "ငါနင့်ကို မပြောဘူးလား၊ နင်မယုံကြည်ရင် ရတယ်၊ စော်ကားလို့ မရဘူးလို့၊ အခုတော့ ငါ့‌မြေးအပေါ်လာထိပြီတွေ့လား"

ယွင်ယွီက သူတို့ဘာဖြစ်လဲ ဂရုမစိုက်နေဘူး။ စာရွက်ပေါ်ကို သူမအကောင့်ကို ရေးချရင်း "ကလေးက ဒီည ငိုမှာမဟုတ်ဘူး။ သူရက်နည်းနည်းနေလို့ တည်ငြိမ်သွားတဲ့အခါ ငွေလွှဲလိုက်ပါ"

အဖေလျိူရဲ့မျက်လုံးတွေ တွန့်သွားတာမြင်တော့ ယွင်ယွီက 'ဒါက ဈေးမကြီးပါဘူး ကလေးအပေါ် ဘာမှထပ်မပိပါစေနဲ့" အဲဒါက မိဘတွေကို ကလေးအပေါ် အ‌ကြွေးတစ်ခုနဲ့ ထပ်မဖိအောင် သတိပေးတဲ့ စကားသက်သက်ပါပဲလေ။

******

တယ်လီဂရမ်ဂရုလေးမှာ အပိုင်း (71) ရောက်နေပါပြီနော်။Swae Nyoe Sales Channel (Telegram)https://t.me/swaesaleschannel


You are reading the story above: TeenFic.Net