"ဘာတွေ ဖြစ်နေတာလဲ?" ရင်းနှီးတဲ့ အသံတစ်ခုက မြေအောက်ကားပါကင်ထဲကနေ ထွက်လာတယ်။ ရွှီရှန်း လှည့်ကြည့်လိုက်တော့ တုန်လှုပ်နေတဲ့ အယ်လ်ဖာကို တွေ့လိုက်ရတယ်။
ယန်ရှင်းကျီ လျှောက်လာခဲ့တယ်။ လွန်ခဲ့တဲ့ နာရီဝက်လောက်တုန်းက ရွှီရှန်း ပန်းစည်းတစ်စည်း ဝယ်ခဲ့တယ်ဆိုတာ သူသိပြီးသား။
သူ့သူငယ်ချင်းက သူ့ကို ဓာတ်ပုံတစ်ပုံ ပို့လိုက်တယ် - အိုမီဂါဟာ ပန်းစည်းတစ်စည်းကို လက်ထဲမှာ ပိုက်ထားတယ်။ ဒါပေမဲ့ သူ့ရဲ့ မျက်နှာအမူအရာကတော့ အေးစက်နေကာ တစ်ခြားလူတွေကို အနားကို မကပ်လာဖို့ သတိပေးနေသလိုပဲ။
[ဘာပဲဖြစ်ဖြစ်] : ဒါပေမဲ့ ဘာလို့ သူ mask မတပ်ထားတာလဲ?
[ဘာပဲဖြစ်ဖြစ်] : ကုမ္ပဏီနဲ့ မီတာ၁ရာလောက် ဝေးတဲ့နေရာမှာ ဆေးဆိုင်တစ်ဆိုင် ရှိတယ်။ သူ့ကို mask တစ်ခု ဝယ်ပေးလိုက်
သူငယ်ချင်း : ???
သူပန်းတွေ ဝယ်နေတာက အဓိကအချက် မဟုတ်ဘူးလား?
မင်းပြောတော့ သူ့ကို မကြိုက်ဘူးဆို? အခုကျ ငါ့ကို ဆေးဆိုင်ကို ပြေးပြီး mask ဝယ်ပေးစေချင်တယ်ပေါ့?
ဟမ်း
ယန်ရှင်းကျီ ဓာတ်ပုံကို နောက်တစ်ခါ ပြန်ကြည့်လိုက်တယ်။ရွှီရှန်းရဲ့ ခေါင်းက ဓာတ်ပုံရိုက်ခံနေရတာကို သတိထားမိသလိုပဲ အနည်းငယ် ငုံ့နေတယ်။ အိုမီဂါက လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ လက်ရာမြောက်လာတဲ့ မျက်နှာအစိတ်အပိုင်းတွေဟာ ပေါ်လွင်လာတယ်။
[ဘာပဲဖြစ်ဖြစ်] : ဟီးဟီး သူက ကြည့်မကောင်းဘူးလား?
သူငယ်ချင်း : .....
အယ်လ်ဖာက ဓာတ်ပုံကို သိမ်းထားဖို့အတွက် ထိလိုက်တယ်။
___အထူးအယ်လ်ဘမ်ထဲကိုပေါ့။
ဒါပေါ့။ ဒီအယ်လ်ဘမ်က သူ့ရဲ့ အေးတိအေးစက် အိုမီဂါအတွက် အထူးတလယ် လုပ်ထားတာ မဟုတ်ပါဘူး။ သူ...သူက ဒီတိုင်း အလုပ်က ပုံတွေနဲ့ ကိုယ်ရေးကိုယ်တာနဲ့ကို မရောထွေးချင်ရုံပဲ။
အယ်လ်ဖာက ဖုန်းကို ဆွဲပွတ်လိုက်တယ် __ ရွှီရှန်း မီးအိမ်ရဲ့ အလင်းရောင်အောက်မှာ စာဖတ်နေပုံ၊ ရွှီရှန်း ခြံထဲမှာ လမ်းလျှောက်နေပုံ၊ ရွှီရှန်း အလုပ်ကနေ အိမ်ပြန်လာပုံနဲ့ အခု ရွှီရှန်း ပန်းတွေ ကိုင်ထားတဲ့ပုံ။
တကယ့်ကို လှပလွန်းတယ်။
သူက ဖုန်းကို ပွတ်ဆွဲလိုက်တယ်။
အစပိုင်းမှာတော့ သဘောတူလက်ထပ်ခြင်းက ကိုက်ညီမှုနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အလှအပကြောင့်ပဲ။
ယန်ရှင်းကျီ သူ့ရုံးခန်းထဲမှာ ထိုင်ရင်း သူ့ထိုင်ခုံကို ပတ်ချာလည် လှည့်နေကာ သူ့ဖုန်းကိုသာ အမှုမဲ့ အမှတ်မဲ့နဲ့ ကြည့်နေမိတယ်။ ခံစားချက်မရှိတဲ့ မျက်နှာကို ဥပေက္ခာပြုထားလိုက်မယ်ဆိုရင် သူ့အိုမီဂါက အရမ်းကို နာခံတတ်တဲ့ပုံ ပေါက်တယ်။ ရွှီရှန်းရဲ့ သွယ်လျတဲ့ လက်တွေက ပန်းစည်းတွေကို ကိုင်ထားတယ်။ သူ ဓာတ်ခွဲခန်းကနေ အလျင်စလို ထွက်လာခဲ့တာရော၊ ပန်းစည်းကို ပေါ့ပေါ့တန်တန်သာ ကိုင်ထားတာကြောင့်ပါ သူ့ရဲ့ အဖြူရောင်ရှပ်အကျီရဲ့ ကော်လံက ရွဲ့စောင်းနေပြီး သူ့ရဲ့ လည်ပင်းရိုးလေးကို အနည်းငယ် ဖော်ပြထားတယ်။
အိုမီဂါက လူအုပ်ကြီးကြားထဲမှာ ဖုန်းရဲ့ ဖန်သားပြင်ကနေတဆင့် လှမ်းကြည့်နေတဘ်။ သူ့မျက်လုံးတွေက ခံစားချက် မရှိပုံ ပေါ်ပေမဲ့ အားလုံးထဲမှာတော့ တောက်ပနေသလိုပဲ။
Damn!
[ဘာပဲဖြစ်ဖြစ်] : သူက ဘာလို့ ပန်းတွေ ဝယ်နေတာလဲ?
သူငယ်ချင်း : နောက်ဆုံးတော့ မေးပြီပေါ့ ဟမ်? ခန့်မှန်းကြည့်လေ
ယန်ရှင်းကျီ သူ့ ရုံးခန်းထဲက တစ်မိနစ်ခြင်း လည်ပတ်နေတဲ့ နာရီကို ကြည့်လိုက်တယ်။ သူ့သူငယ်ချင်း ပြောတာတော့ ရွှီရှန်းရဲ့ ကားက ဒီဘက်ကို မောင်းသွားတာ ဆိုပဲ။ ဒါပေမဲ့ အခုဆိုရင် ၁၃မိနစ်နဲ့ ၃၂ စက္ကန့် ရှိနေပြီ။ အခုထိ သူ့ဆီက ဘာမှ မကြားရသေးပါလား?
မီးပွိုင့်ကလည်း ၃ခုပဲ ရှိတာ။
အလွန်ဆုံးမှ ကားမောင်းချိန် ၁၀မိနစ်လောက်ပဲ။
သူလမ်းပျောက်သွားတာလား?
နောက်ဆုံးမှာတော့ အယ်လ်ဖာဟာ သူ့ဘောပင်ကို ချကာ အောက်ထပ်ကို ဆင်းသွားလိုက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့အိုမီဂါ ပျောက်ဆုံးမှုအတွက် သူ့မှာ တာဝန်ရှိတယ်လေ။
ဟွန်း.. အဲ့ဒီ ပန်းအစုတ်ပလုတ်တွေ အတွက်ကြောင့်သာ မဟုတ်လို့ကတော့...
သူက ၂ယောက်လုံးကို မေးပုံ ပေါ်ပေမဲ့လည်း အယ်လ်ဖာရဲ့ အကြည့်တွေကတော့ ရွှီရှန်းအပေါ်မှာသာ မြဲမြံစွာ စိုက်ရောက်နေခဲ့တယ်။ ကြမ်းပေါ်မှာ ငိုကြွေးနေတဲ့ အိုမီဂါကိုတော့ အဖတ်တောင် မလုပ်ဘူး။
"မစ္စတာယန်...." ဘယ်သူမှ အာရုံစိုက်မနေတာကို မြင်လိုက်ရတဲ့အခါ ကြမ်းပေါ်က အိုမီဂါဟာ အံကြိတ်ကာ အရင်ဆုံး ပြောလိုက်တယ်။
"ကျွန်တော် တောင်းပန်ပါတယ်။ ဒါက ကျွန်တော့် အမှားပါ။ ကျွန်တော်က စကား၂ခွန်းလောက်ပဲ ပြောလိုက်တာ။ ဒါပေမဲ့ မစ္စတာရွှီက စိတ်ခုသွားမယ်လို့ မတွေးလိုက်မိဘူး...."
မွှေးကြိုင်ပြီး နူးညံ့တယ်။ ယန်ရှင်းကျီ ကြိုက်လောက်မဲ့ ရနံ့မျိုးပဲ။
ဒါပေမဲ့ သူကတော့ လုံးဝ အာရုံမစိုက်ခဲ့ပဲ မသိစိတ်အရ ခြေတလှမ်းဆုတ်သွားကာ အာရဇစ်ပင်ရနံ့ဘက်ကို တိုးလိုက်တယ်။
ဘာလို့ သူ့အိုမီဂါက စကားတစ်ခွန်းမှ မပြောရတာလဲ? အာရဇ်ပင်ရနံ့က ဘာနားမှာလဲ? ဘာလို့ အဲ့လောက်တောင် အနံ့က ဖျော့နေရတာလဲ?
အယ်လ်ဖာက အနားကို ပိုပိုတိုးလာတယ်။
အိုမီဂါက "မစ္စတာရွှီ" လို့ ခေါ်လိုက်တဲ့အချိန်မှသာ ယန်ရှင်းကျီလည်း အသိပြန်ဝင်လာပြီး ရွှီရှန်းကို မှီလိုက်တော့မလိုတောင် ဖြစ်သွားတယ်။
"အဟမ်း" ယန်ရှင်းကျီ နေရထိုင်ရခက်သွားပြီး ကြမ်းပေါ်က လူကို ကြည့်ကာ ရွှီရှန်းကို မူဟန်ပိုပိုနဲ့ မေးတယ်။
"ဒီလူက အနီးတဝိုက်က ရုပ်ရှင်ကုမ္ပဏီကလား?"
"အာ?" ရွှီရှန်း ဘာမှ ပြန်မတုန့်ပြန်နိုင်သေးခင်မှာပဲ အယ်လ်ဖာက သူ့လက်ကို ဆွဲကိုင်လိုက်တာမို့ သူတို့ရဲ့ လက်စွပ်လေးတွေက လှပစွာ ထိခတ်သွားခဲ့တယ်။
"မင်းက တကယ် သရုပ်ဆောင် ကောင်းတာပဲ။ သရုပ်ဆောင်တစ်ယောက် ဖြစ်မလာတာတော့ နှမြောစရာပဲ" ယန်ရှင်းကျီ မှတ်ချက်ပြုလိုက်တယ်။
ရယ်စရာပဲ။ သူ့အိုမီဂါက သူ့ကိုယ်သူတောင် ကောင်းကောင်း မသိတာ။ ဘယ်လိုလုပ် လူတွေကို တွန်းပစ်နိုင်မှာလဲ?
သူ့ရဲ့ အိုမီဂါငပေါလေးက စကားများတာတောင်မှ သေချာမလုပ်နိုင်လောက်ဘူး ထင်တယ်။ ဘယ်လိုတောင် တုံးအနိုင်ရတာလဲ?
ကံကောင်းစွာနဲ့.....
မဟုတ်သေးဘူး။ ထားလိုက်ပါတော့လေ။
ရွှီရှန်းက ငပေါလေးဖြစ်နေရင်တောင် သူက ဘာလို့ ဂရုစိုက်ရမှာလဲ?
သူ..သူမှ အေးတိအေးစက်နဲ့ ရေခဲတုံးလိုမျိုး အိုမီဂါတွေကို မကြိုက်တာ!!
________________________
စာရေးဆရာ၏ မှတ်ချက်
ယန်ရှင်းကျီ : သူ တကယ်ပဲ အေးတိအေးစက်နဲ့ ရေခဲတုံးလိုမျိုး အိုမီဂါတွေကို မကြိုက်ဘူး။
ရှီရှီ *(စာရေးဆရာ) : အာ..ဒါပေါ့ ဒါပေါ့....
You are reading the story above: TeenFic.Net