အပိုင်း ၁၂ မငိုပါနဲ့ ရှန်းရှန်း

Background color
Font
Font size
Line height

"အောက်ထပ်မှာ ဟော်မုန်း ဖိနှိပ်ဆေးတွေ ရှိအုံးမယ် ထင်တယ်" ရွှီရှန်း သူ့အသိစိတ်ကို ထိန်းသိမ်းဖို့ ရုန်းကန်နေရတယ်။

"ကျွန်တော် ခင်ဗျားအတွက် သွားယူပေးမယ်..."

ရွှီရှန်းရဲ့ လက်တွေဟာ တံခါးလက်ကိုင်ဖုကို ကိုင်လိုက်ကာ လှည့်ဖွင့်ပြီး အောက်ထပ်ကို သွားရန်ပြုတယ်။ ဒါပေမဲ့လည်း ခုနကတင် ထောင့်တစ်နေရာမှာ လဲကျနေတဲ့ အယ်လ်ဖာရဲ့ ပွေ့ဖက်ချင်းကို ခံလိုက်ရမဲ့လို့ သူမထင်ထားခဲ့ဘူး။

အခန်းမီးကလည်း ပိတ်သွားပြီး အမှောင်ခန်းထဲမှာ အယ်လ်ဖာရဲ့ ဟော်မုန်းတွေဟာ ရုတ်တရက် ပိုပြင်းထန်လာတယ်။

ယန်ရှင်းကျီရဲ့ လက်မောင်းတွေဟာ တောင့်တင်းပြီး သန်မာကာ ရွှီရှန်းကို နောက်ကနေ ပွေ့ဖက်ထားတယ်။ သူ့ အင်္ကျီ ကော်လံရဲ့ ကြယ်သီးတွေဟာလည်း ဆွဲဖြုတ်ခံလိုက်ရကာ အယ်လ်ဖာရဲ့ အနံ့က အိုမီဂါရဲ့ ဖြူဖျော့တဲ့ လည်ပင်းလေးဆီ ကျရောက်လာတော့တယ်။

"မသွားပါနဲ့။ နော်?" အယ်လ်ဖာရဲ့ အသံဟာ တင်းမာနေကာ သူ့ကို မသွားဖို့ ပြောနေပေမဲ့လည်း တံခါးကတော့ "ကလစ်"ခနဲ ပိတ်သွားခဲ့ပြီ။


"ရှန်းရှန်း ကိုယ် အရမ်း သက်တောင့်သက်သာ မရှိဘူးလို့ ခံစားရတယ်"


ဝိုင်နီရနံ့ ဟော်မုန်းတွေဟာ ပိုက်ကွန်ကြီး တစ်ခုလိုပဲ သူ့ရဲ့ သားကောင်ကို ကြိုးတမျှင်ချင်း တမျှင်ချင်း ရစ်တွယ်ထားတယ်။ 

ယန်ရှင်းကျီရဲ့ လက်ဟာ အိုမီဂါရဲ့ ခါးကို ပွေ့ဖက်ထားတယ်။ အဲ့ဒီခါးလေးဟာ ပိန်သွယ်နေပြီး ပုံမှန်အားဖြင့် အင်္ကျီအဖြူလေးရဲ့ ဖုံးကွယ်ခြင်းကို ခံထားရကာ ဖြူဖွေးနေပြီး အားအနည်းငယ်သုံးလိုက်ရုံနဲ့ သူ့အမှတ်အသားကို ခံလိုက်ရနိုင်တယ်။ 

"ရှန်း..." ယန်ရှင်းကျီ ရွှီရှန်းရဲ့ နားသီးလေးကို နမ်းရင်း ညည်းတွားနေတယ်။

"မလုပ်.." ရွှီရှန်း ရုတ်တရက် စတင် ရုန်းကန်လာတယ်။ အိုမီဂါဟာ တုန်ရီနေပြီး သူ့အသံဟာ ဒေါသထွက်နေပေမဲ့ တောင်းပန်တိုးရှိုးနေပုံပဲ။

"ရှန်းရှန်း"

 ယန်ရှင်းကျီ ရွှီရှန်းရဲ့ ခါးကို ဖက်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အယ်လ်ဖာတစ်ယောက်အနေနဲ့ သူ့ရဲ့ မွေးရာပါ စိတ်ဆန္ဒအရ သူ့သားကောင်ကို မလွတ်မြောက်စေပဲ အပိုင်သိမ်းလိုတယ်လေ။


"ရှန်းရှန်း..."


"မလုပ်ပါနဲ့ ယန်ရှင်းကျီ.. မလုပ်ပါနဲ့.." ရွှီရှန်းဟာ အရင်ကထက်တောင် ပိုတုန်ရီလာပြီး ယန်ရှင်းကျီရဲ့ လက်မောင်းပေါ်ကို အရည်တစ်ချို့ ကျလာတယ်။


ယန်ရှင်းကျီ တစ်ဝက်လောက် ပြန်ဆုတ်ကာ ရွှီရှန်းရဲ့ ပုခုံးကို ဆုတ်ကိုင်ပြီး အိုမီဂါကို တစ်ဖက်သို့ လှည့်လိုက်စေတယ်။


ရွှီရှန်း ငိုနေတာပဲ။


ပြတင်းပေါက်က မြင်နေရတဲ့ လရောင်လို မျက်ရည်ဟာ သွယ်တန်းယိုစီးကာ ယန်ရှင်းကျီ သူ့လက်ပေါ်မှာ စိုစွတ်မှုကို ခံစားရတယ်။

အိပ်ခန်းမီးဟာ ပြန်ဖွင့်ခံလိုက်ရတယ်။

"ယန်ရှင်းကျီ ခင်ဗျားပဲ ကျွန်တော့်ကို မကြိုက်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား?"

 ရွှီရှန်း ဖြည်းညှင်းစွာ စကားမပြောခင် အသက်တစ်ရှိုက်ကို ဝအောင် ရှူလိုက်တယ်။ အိုမီဂါဟာ သူ့ခံစားချက်တွေကို တစ်ခါမှ ထုတ်မပြောဖူးတာကြောင့် အသံလေးက သေးငယ်နေတယ်။ 


အရင်တုန်းကဆိုရင် သူ "ကြိုက်တယ်" ဆိုတဲ့ အဓိပ္ပါယ်ကိုတောင်မှ ဘာမှန်း နားမလည်ခဲ့ဘူး။ ယန်ရှင်းကျီ သူ့ကို အဲ့ဒီအဖြေကို မပြောပြခဲ့ခင်အထိပေါ့။

ဒါပေမဲ့ ယန်ရှင်းကျီဟာ သူ့ကို တစ်ခါမှ ကြိုက်တယ်လို့ မပြောခဲ့ဖူးဘူး။ သူ ချိုမြိန်တဲ့ အိုမီဂါတွေကို ကြိုက်တယ်ဆိုတာပဲ ပြောခဲ့ဖူးပြီး သူ အဲ့စကားကို အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးပြီ။

သူတို့က ဘာတွေလဲဆိုတာကိုတောင် သူမသိခဲ့ပါဘူး။

"ယန်ရှင်းကျီ ခင်ဗျား ကျွန်တော့်ကို မကြိုက်ရင် အမှတ်အသား ပေးလို့ မရဘူး"

"ကျွန်တော်တို့ရဲ့ ကိုက်ညီမှုနှုန်းက ဘယ်လောက်ပဲ မြင့်နေပါစေ ခင်ဗျား အမှတ်အသားပေးလို့ မရဘူး" ရွှီရှန်းက ပြောတယ်။


ယန်ရှင်းကျီ ဘာမှ ပြန်မတုံ့ပြန်ခဲ့ပဲ အာရုံပျံ့လွှင့်နေပုံ ရတယ်။ ဒါဆိုရင်တော့ သူပြောခဲ့တဲ့အတိုင်းပဲ ဖြစ်ရမယ်။


သူ့ကို ယန်ရှင်းကျီ မကြိုက်ခဲ့ဘူးပဲ။ ဒီရက်ပိုင်းတွေအတွင်း သူပေးခဲ့တဲ့ ဂရုစိုက်မှုတွေဟာ သူတို့ရဲ့ ကိုက်ညီမှုကြောင့်ပဲ ဖြစ်ရမယ်။ ဒါမှမဟုတ်ရင် စီစဥ်ထားတဲ့ လက်ထပ်မှုကြောင့်ပဲ။ ဒါမှမဟုတ် သနားတာ သက်သက်ကြောင့်ပဲပေါ့။


ဒါပေမဲ့ သေချာပေါက်တော့ သူ့ကို ကြိုက်လို့ မဟုတ်ဘူး။


ယန်ရှင်းကျီကို ရွှီရှန်း ညင်သာစွာ တွန်းဖယ်လိုက်တယ်။ သူ့ခြေ‌ထောက်တွေက အားလျော့နေကာ သူ့အဝတ်အစားတွေဟာလည်း ဆွဲဖြဲခံတာရမို့ အပိုင်းပိုင်း ပြဲနေတယ်။ ဒါကြောင့် အိုမီဂါဟာ သူ့အင်္ကျီကော်လံကို နေရာပြန်ချနိုင်ရုံလေးသာ ချနိုင်တယ်။ သူ့ပုံစံက ကြေကွဲနေပုံ ပေါက်နေမှန်း သိတာကြောင့် သူ့ခေါင်းကို ငုံ့လိုက်တယ်။

"ခင်ဗျား အဆင်ပြေနိုင်လား? ကျွန်တော် အောက်ထပ်ကို ဆင်းပြီး သွားယူ..."

"မင်းကို ကိုယ်မကြိုက်ဘူးလို့ ဘယ်သူပြောလဲ?"

 ယန်ရှင်းကျီ သူ့လက်ကို ရုတ်တရက် ဆွဲလိုက်ကာ အယ်လ်ဖာက သူ့အားကို သုံးပြီး အနီးကို တိုးကပ်လိုက်တယ်။ ဒီလိုနဲ့ ရွှီရှန်းလည်း သူ့ရဲ့ အနွေးဓာတ်နဲ့ တစ်ခါထပ်ပြီး ထွေးပွေ့ခံလိုက်ရပြန်တယ်။

ယန်ရှင်းကျီ ရွှီရှန်းရဲ့ ခါးကို ပွေ့ကာ သူ့ကို ချီလိုက်ပြီး ကုတင်ရဲ့ အစွန်းမှာ ညင်သာစွာ ချပေးလိုက်တယ်။


"မင်းကို မကြိုက်ဘူး? ကိုယ်သာ မင်းကို မကြိုက်နေရင် မင်းအလုပ်ဆင်းမဲ့ အချိန်ကို အထူးတလည်ကြီး စောင့်နေမလား? မင်းကိုသာ မကြိုက်ခဲ့ရင် ကိုယ် မင်းအတွက် နို့ကို အပူပေးပေးမှာလား?"


"ဒါမှမဟုတ် အဲ့ဒီနှင်းဆီပန်းတွေကို ကိုယ်သိမ်းထားခဲ့တာက မင်းကို မကြိုက်ဘူးဆိုတဲ့ အဓိပ္ပါယ်လား?"

ယန်ရှင်းကျီ ပန်းအိုးတစ်လုံးကို တစ်နေရာရာကနေ ထုတ်ယူလိုက်တယ်။ အိုးထဲက နှင်းဆီပန်းတွေဟာ ညှိုးနွှမ်းခြောက်သွေ့နေပေမဲ့လည်း သူ မလွှင့်ပစ်ရသေးဘူး။

သူက အဲ့ဒါတွေကို ပန်းခြောက် လုပ်ဖို့တောင် စဥ်းစားထားတာ။

ကံမကောင်းစွာပဲ ပန်းခြောက်လုပ်ရတာဟာ ယန်ရှင်းကျီအတွက် အရမ်း ရှုပ်ထွေးလွန်းတယ်လေ။


"ရှန်းရှန်း မင်း အဓိပ္ပါယ် မရှိတာတွေ ပြောလို့ မရဘူး" ယန်ရှင်းကျီ ပြန်လည်ချေပတယ်။


"ဒါဆို ချိုမြိန်တဲ့ အိုမီဂါလေးတွေကိုပဲ ကြိုက်တယ်ဆိုတာကရော?" ရွှီရှန်း မေးလိုက်တယ်။


"အဲ့ဒီညက ချိုမြိန်ပြီး နူးညံ့တဲ့ အိုမီဂါတွေကိုပဲ ကြိုက်တယ်လို့ ခင်ဗျားပြောတာ ကျွန်တော် ကြားခဲ့တယ်"


"ကိုယ် သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကိုတောင်မှ ဖျက်ပြစ်ခဲ့ပြီးပြီ" ယန်ရှင်းကျီ သူ့ဖုန်းကို ထုတ်လိုက်တယ်။


"ဘာချိုမြိန်ပြီး နူးညံ့တဲ့ အိုမီဂါလဲ? ကိုယ့်မှာ ကိုယ့်အပိုင် အိုမီဂါ ရှိနေပြီပဲ"


ယန်ရှင်းကျီရဲ့ အသံဟာ မကျယ်သော်လည်း ရွှီရှန်းရဲ့ မျက်လုံးတွေကို စိုက်ကြည့်ကာ လေးလေးနက်နက်ဖြင့် တည်ကြည်စွာ ပြောလေတယ်။ သူဟာ တောင်းပန်ခဲ့ပြီး ရွှီရှန်းကိုသာ ကြိုက်တယ်လို့ ပြောခဲ့တယ်။

သူက အာရဇ်ရနံ့ကို ကြိုက်တယ်လို့လည်းပြောခဲ့တယ်။


ရွှီရှန်းရဲ့ နှလုံးသားလေးဟာ ရုတ်တရက် ခုန်လာတယ်။


"ဒုန်း ဒုန်း" နှလုံးသားဟာ အပြင်ဘက်ကို ခုန်ထွက်လာတော့မလိုပါပဲ။


သူ့ဟော်မုန်းတွေဟာ ချော့မြှူခံလိုက်ရပြီး အာရဇ်ရနံ့ဟာ ပိုပိုပြီး ပေါများလာတယ်။

"ရှန်းရှန်း မငိုပါနဲ့"

အိုမီဂါဟာ ယန်ရှင်းကျီ ကုတင်ပေါ် တွန်းချခြင်းကို ခံလိုက်ရတယ်။


ကုတင်ဟာ နူးညံ့ပြီး ကြီးမားကာ ရွှီရှန်းဟာ ချောမွတ်ခမ်းနားတဲ့ မွေ့ယာပေါ်မှာ မြှုပ်သွားတယ်။ ယန်ရှင်းကျီရဲ့ အနမ်းတွေဟာ ရွှီရှန်းရဲ့ မျက်ခွံလေးတွေပေါ်ကို သက်ဆင်းလာပြီး မျက်ရည်များ ကျဆင်းရာ လမ်းကြောင်းအတိုင်း တစ်ရွေ့ရွေ့နဲ့ သူ့မျက်ရည်တွေ စွန်းထင်းဆဲ မေးစေ့လေးအထိ ရောက်လာတယ်။


ယန်ရှင်းကျီဟာ နောက်မှ မျက်ရည်တွေကျဖို့ အချိန်တွေကို နောက်မှထားလိုက်ပါလို့ ပြောခဲ့တဲ့ အတိုင်းပဲ သူတို့ရဲ့ အသက်ရှူသံတွေဟာ ရောယှက်လာတော့တယ်။


စုတ်ပြဲနေတဲ့ အင်္ကျီကော်လံဟာ သဘာဝကျကျ ချွတ်ခံလိုက်ရကာ ရွှီရှန်းရဲ့ ဖြူဖွေးတဲ့ ညှပ်ရိုးလေးကို ပေါ်ထွက်လာစေခဲ့ပြီး ယန်ရှင်းကျီရဲ့ အနမ်းတွေဟာ ဆက်လက်ကျဆင်းသွားရာ အနီရောင်အမှတ်တွေ တပုံကြီးကို ချန်ခဲ့တော့တယ်။


ရွှီရှန်းရဲ့ မျက်ခမ်းစပ်လေးတွေဟာ ပိုပြီး နီရဲလာတယ်။


နောက်ဆုံးမှာတော့ လရောင်ဟာ စတင်စီးဆင်းလာပြီး ရေစက်တွေရဲ့ အသံဟာ ညည်းညူနေတယ်။


ရေဟာ အစပိုင်းမှာ အလျင်မလိုပဲ စိတ်ရှည်ပြီး ညှင်သာစွာ စီးဆင်းခဲ့တယ်။

ထို့နောက် ရုတ်တရက် အကြမ်းပတမ်းနဲ့ အဆက်မပြတ် စီးကျလာတော့တယ်။


ရေဟာ တသိမ့်သိမ့် တုန်နေပြီး အဖြူရောင် အမြှုပ်တွေ အဖြစ်သို့ ရောယှက်သွားတယ်။

ရွှီရှန်းဟာ ရေထဲက ဆွဲယူခံလိုက်ရသလိုပဲ ချွေးတွေဟာ သူ့တကိုယ်လုံး ရွဲစိုနေတယ်။


သူ လွတ်မြောက်ချင်ပေမဲ့လည်း ယန်ရှင်းကျီက သူ့ခြေချင်းဝက်ကို မိသွားတယ်။


အိုမီဂါရဲ့ လက်ချောင်းတွေဟာ အိပ်ရာခင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပေမဲ့လည်း အားလျော့ကာ လွှတ်ချလိုက်ရတယ်။

 အလင်းရောင်တွေနဲ့ လရောင်တွေဟာ ယိမ်းနွဲ့နေတော့တယ်။

"ရှန်းရှန်း.."

"မိန်းမ.."


"ဘေဘီ.."


ယန်ရှင်းကျီ ကမောက်ကမတွေ အစုံခေါ်နေကာ သူ့ကို တကိုယ်လုံး အကြိမ်ကြိမ် နမ်းပြီးရင်း နမ်းကာ အကြိမ်တိုင်းမှာ ပို၍ ပြင်းထန်စွာ ထိုးသွင်းနေတယ်။

မိနစ်၂၀ထက် ပိုကြာပြီးနောက် ရွှီရှန်း သတိမမူနိုင်တော့ပဲ မေ့မျောသွားတော့တယ်။ 


ဒီအပိုင်းမှာ စာရေးဆရာရဲ့ မှတ်ချက် မပါပေမဲ့ ဘာသာပြန်ရဲ့ မှတ်ချက်ပါတယ်နော်။


အသားက ဘယ်မှာလဲ။ ငါ့အသားတွေ ဘယ်ရောက်ကုန်တာလဲ?? အသား?? အသား!!!!!!!!!! QAQ


You are reading the story above: TeenFic.Net