အချပ်ပို ၂ နေ့စဥ်ဘဝ [End]

Background color
Font
Font size
Line height

ရွှီရှန်းဟာ ထူထဲတဲ့ ကုတ်အင်္ကျီတစ်ထည်နဲ့ ထုတ်ပိုးခံထားရတာ ဦးထုပ်တစ်လုံး၊ maskနဲ့ လက်အိတ်တို့နဲ့အတူ တစ်ကိုယ်လုံး လုံခြုံစွာ ဖုံးအုပ်ထားတယ်။ သူ့ရဲ့ ဖြူဖွေးသိမ်မွေ့တဲ့ မျက်နှာလေးဟာလည်း လည်စည်းပုဝါထဲမှာ မြှုပ်နေကာ သူ့မျက်လုံးလေးပဲ ပေါ်နေပြီး အယ်လ်ဖာကို စိုက်ကြည့်ရင်း စကားပြောဖို့ကို တုန့်ဆိုင်းနေတယ်။

သူ့ "ဇနီး"ကို နှင်းဘဲရုပ်အတန်းလိုက်ကြီးဆီ မိတ်ဆက်ပေးနေတဲ့ သူ့ကို ရိုက်ထားတဲ့ ဗီဒီယိုကို သိပ်မကြာခင်ကမှ ကြည့်လိုက်ရတဲ့ အယ်လ်ဖာဟာ ကိုယ့်ကိုယ်ကို သုံးသပ်ခြင်းဆီသို့ ကျရောက်သွားခဲ့တော့တယ်။

ဒါပေမဲ့လည်း..ဒါက..

ဒါက တကယ်ပဲ သူလုပ်သင့်တဲ့အရာပဲ။

သူ့ဘေးမှာ ရပ်နေတဲ့ အိုမီဂါကို ယန်ရှင်းကျီ တစ်ချက်ခိုးကြည့်လိုက်တယ်။ သူ့အိုမီဂါဟာ တကယ်ပဲ လှပတယ်။ နူးညံ့တဲ့ ဆံပင်နက်နက်လေးတွေဟာ သူ့ရဲ့ သိမ်မွေ့တဲ့ အစိတ်အပိုင်းတွေကို တန်ဆာဆင်ထားပြီး သူ့ရဲ့ ဖြူဖွေးသေးငယ်တဲ့ နားရွက်ပိစိလေးတွေကလည်း နီရဲနေသလိုပဲ။ ဒါကလည်း အခန်းတွင်း အပူချိန်ကြောင့် ဖြစ်နိုင်တယ်။

ဒီလို လှပတဲ့ ဇနီးလေးကို ရထားမှာတော့ သူက မကြွားပဲ ဘယ်လို နေနိုင်မှာလဲ?

တကယ်လို့ သူ့ကို နှင်းဘဲရုပ်အတန်းလိုက်ကြီးဆီ မိတ်ဆက်ပေးခဲ့ရင်တောင်မှ ဒါက အဓိကအချက် မဟုတ်ပါဘူး။

အဓိကအချက်ကတော့ သူ့မှာ ဇနီးတစ်ယောက် ရှိနေပြီဆိုတာပဲ။

ဟီးဟီး .. သူ့မှာ ဇနီးလေး ရှိနေပြီ။

ဒါပေမဲ့ ... သူ့ရဲ့ အယ်လ်ကိုဟောသောက်သုံးနိုင်စွမ်းက တကယ်ပဲ အဲ့လောက်တောင် နိမ့်တာလား?

ယန်ရှင်းကျီ ယုံကြည်ဖို့ကို ငြင်းဆန်ခဲ့တယ်။ ဘယ်လိုလုပ်ပြီး သူ့လို "အားကောင်းတဲ့ အယ်လ်ဖာ"တစ်ယောက် သူ့အရက်ကို ထိန်းချုပ်နိုင်စွမ်း မရှိရမှာလဲ?

အပြုအမူတွေက စကားတွေထက် ပိုကျယ်လောင်တယ်ဆိုတဲ့ စကားနဲ့ အညီ အဲ့ဒီ "အားကောင်းတဲ့ အယ်လ်ဖာ"ဟာ သတိကြီးကြီး ဂရုတစိုက်နဲ့ အရက်သေတ္တာ ၂လုံးကို ခိုးသွင်းခဲ့တယ်။

နောက်ဆုံး ရလဒ်ကတော့လား? အဲ့ဒီအယ်လ်ဖာဟာ ရွှီရှန်း မသိလိုက်ပဲ နောက်တစ်ခါ ထပ်ပြီး လုံးဝ အရက်မူးသွားပြန်တာပဲ။

ရွှီရှန်း : ??

ယန်ရှင်းကျီဟာ သတိရှိနေပါသေးတယ်။ ဆင်ခြင်တုံတရား အနည်းငယ် ရှိနေသေးပေမဲ့ လုံးလုံးသတိဝင်နေတာတော့ မဟုတ်ဘူး။

"အဲ့ဒီနေ့တုန်းက အရက်က တစ်ခုခု မှားနေတာ ဖြစ်ရမယ်။ ကိုယ်က အဲ့လောက် လွယ်လွယ်နဲ့ မူးတတ်တဲ့လူ မဟုတ်ဘူး"

ယန်ရှင်းကျီ : "ကျို့ထိုး .."

ရွှီရှန်း : .....

 ယန်ရှင်းကျီရဲ့ နံဘေးမှာ ပုလင်းအလွတ်တွေ လဲပြိုကျနေကာ "အားကောင်းတဲ့ အယ်လ်ဖာ" အဖြစ် သန်မာကြောင်း သက်သေပြနေပုံနဲ့ ညွှန်ပြပြီး

"ဇနီးလေး..ဟီးဟီး.. ကိုယ်က အရမ်းတော်တယ် မဟုတ်လား?"

အပြင်ဘက်မှာတော့ ကြည့်ရတာ တစ်ယောက်ယောက်က ချစ်ကြိုက်ကြောင်း ဝန်ခံနေပုံရကာ နှင်းတောထဲမှာ အသည်းပုံတစ်ခု ဆွဲပြနေပြီး လူအုပ်ကြီးကလည်း အားပေးနေတယ်။ ရွှီရှန်းရဲ့ အာရုံတွေက အဲ့ဒီနေရာဆီရောက်ပြီး သိပ်မကြာလိုက်ခင်မှာပဲ စိတ်မရှည်တဲ့ အယ်လ်ဖာက သူ့မျက်နှာကို ဆွဲလိုက်တယ်။

"ဇနီးလေး.."

အယ်လ်ဖာကို ကြည့်ရတာ ဖရိုဖရဲဖြစ်နေပြီး ရွှီရှန်းရဲ့ မျက်နှာကို သူ့အကြည့်တည့်တည့်ဆုံအောင် ဆွဲလိုက်တယ်။ ပြီးနောက် သူ့ကိုယ်သူနဲ့ အိုမီဂါနဲ့ကို ညွှန်ပြကာ ပြောတယ်။

"မင်းက ကိုယ့်အပိုင်"

ယန်ရှင်းကျီက သူတို့လက်စွပ်တွေကို ပွတ်သပ်နေရင်း သူ့ဇနီးလေးက သူများတွေကို မကြည့်အောင် ဟွန့်ခနဲ လုပ်လိုက်တယ်။

အယ်လ်ဖာကလည်းပဲ ပြတင်းပေါက်ကို ကြည့်လိုက်ကာ တစ်စုံတစ်ယောက်က ဆွဲထားတဲ့ အသည်းပုံကို ကြည့်ရင်း အေးစက်စွာ ဆူပူလိုက်တယ်။

"ကလေးဆန်လိုက်တာ!"

အဲ့ဒီ ရွဲ့စောင်းနေတဲ့ အသည်းပုံသေးသေးလေးက တကယ်ပဲ လက်မခံနိုင်စရာပဲ။ အဲ့ဒီအယ်လ်ဖာက သူ့လောက်တော့ "အားမကောင်းနိုင်ဘူး"လို့ ယန်ရှင်းကျီ ခံစားရတယ်။

ရွှီရှန်းကတော့ ဒါကို တစ်မျိုးလေး ရယ်ချင်စရာကောင်းတယ်လို့ ထင်တယ်။

ယန်ရှင်းကျီက ဘာကို ကြိုက်ခဲ့တာလဲ? အစတုန်းကတော့ သူက ခြိမ်းခြောက်ချင်သလိုလို ပုံစံမျိုးနဲ့ တူတယ်။ နောက်တော့ သူက ကာကွယ်ပေးတတ်လာပြီး အမူမဲ့အမှတ်မဲ့ ဂရုမထားမိဟန်နဲ့ တကယ်တော့လည်း နေရထိုင်ရခက်စွာနဲ့ နို့ပူပူလေးတွေ နွှေးပေးတတ်တာမျိုး။ ပြီးနောက်မှာတော့ သူ့ရဲ့ ချစ်ခင်မှုတွေကို စိတ်ရောကိုယ်ပါ စိတ်အားထက်သန်စွာနဲ့ ဖော်ပြတော့တယ်။

ယန်ရှင်းကျီရဲ့ လွှမ်းမိုးလိုပြီး ကလေးဆန်ပေမဲ့ စိတ်ချရတဲ့ အပြုအမူတွေကို ရုတ်တရက် ရွှီရှန်း မြတ်နိုးမိလာတယ်။

ဟုတ်တယ်။ သူက ယန်ရှင်းကျီရဲ့ အပိုင်ဖြစ်ပြီး ယန်ရှင်းကျီကလည်း သူ့အပိုင်ပဲ။

"ခင်ဗျားက အရမ်းတော်တယ်။ အတော်ဆုံးပဲ" ရွှီရှန်းက သူ့လည်ပင်းနားမှာ တဖွဖွ ပွတ်သပ်နမ်းရှုံ့နေတဲ့ "အားကောင်းတဲ့ အယ်လ်ဖာ"ကို ညှင်သာစွာ ဖယ်ပေးရင် သူ့ကို ကျေနပ်အောင် ပြောလိုက်တယ်။

တစ်ခါတစ်လေကျတော့လည်း ယန်ရှင်းကျီက တော်တော်လေး ချစ်ဖို့ကောင်းတာပဲလို့ ရွှီရှန်း တွေးမိတယ်။

ဒီစကားတွေက ယန်ရှင်းကျီကို မြောက်တက်သွားစေခဲ့တယ်။ သူ့အိုမီဂါကို ဂျက်ကတ်အင်္ကျီထဲမှာ ထုတ်ပိုးလိုက်ကာ သေချာစဥ်းစားပြီးနောက် ဦးထုပ်တစ်လုံးနဲ့ လည်စည်းပုဝါပါ ပတ်ပေးလိုက်ပြီး ရွှီရှန်းရဲ့ လက်တွေကို အင်္ကျီအိတ်ထဲထည့်ကာ အောက်ထပ်ကို ဦးတည်လာခဲ့တယ်။

အယ်လ်ဖာတွေရဲ့ မွေးရာပါ ယှဥ်ပြိုင်လိုတဲ့ ဗီဇအရ ယန်ရှင်းကျီကလည်း စိတ်အားထက်သန်စွာနဲ့ အသည်းပုံတစ်ခုကို နှင်းတောထဲမှာ ဆွဲပေးခဲ့တယ်။

ခုနက ချစ်ကြောင်းဝန်ခံနေတဲ့ လူဆွဲခဲ့တဲ့ တစ်ခုထက် ပိုကြီးတဲ့ အသည်းပုံကိုပေါ့။

"ဇနီးလေး..ကိုယ့်ကိုကြည့်!" ယန်ရှင်းကျီက လက်ဝှေ့ယမ်းပြတယ်။

"ကိုယ့်ဟာက ကြီးလား မကြီးဘူးလား?" သူက နားကွဲမတတ် အသံနဲ့ အော်ဟစ်လိုက်တယ်။

(T/N:တကယ်တော့ အသည်းပုံကို ပြောချင်တာ နေမှာပါ ကျယ်မေ့တို့)

ရွှီရှန်း : ....

ခုနက တွေးမိတဲ့ ယန်ရှင်းကျီက ချစ်ဖို့ကောင်းတယ်ဆိုတဲ့ အတွေးတွေကို ရွှီရှန်း ပြန်ရုတ်သိမ်းလိုက်တယ်။

ကံကောင်းစွာနဲ့ပဲ အနီးမှာ ဆေးဆိုင်တစ်ဆိုင် ရှိနေတာမို့ ရွှီရှန်းက သူ့ကို လမ်းဘေးမှာ ခဏစောင့်ခိုင်းပြီး အမူးပြေဆေးတစ်ချို့ သွားဝယ်လိုက်တယ်။

 သူပြန်လာချိန်မှာ ရူးမိုက်မိုက်အရာတွေ လုပ်နေတဲ့ သူ့ရဲ့ "အားကောင်းတဲ့ အယ်လ်ဖာ"ကို တွေ့ရလိမ့်မယ်လို့ တွေးထားခဲ့ပေမဲ့လည်း အယ်လ်ဖာက အာရဇ်ပင်တစ်ပင်အောက်မှာ တိတ်ဆိတ်စွာ ရပ်နေခဲ့တယ်။

ရွှီရှန်း အနားကို တိုးသွားလိုက်ချိန်မှာ ယန်ရှင်းကျီက စကားပြောနေတာကို တွေ့လိုက်ရတယ်။ 

ယန်ရှင်းကျီက စိတ်ဆိုးနေသံ ပေါက်ကာ

 "မင်း ကိုယ့်ကို ဥပေက္ခာပြုထားပြန်ပြီ! ကိုယ် မင်းကို မေးနေပေမဲ့ မင်းက ပြန်မဖြေဘူး...."

အာရဇ်ပင်ကမူ တိတ်ဆိတ်နေဆဲ။

ယန်ရှင်းကျီက စိတ်ဆိုးကာ လက်ဖျောက်တစ်ချက်တီးပြီး မနာခံဟန်နှင့် ကြည့်လိုက်တယ်။

 "မင်း! မင်း ကြည့်နေလိုက်!"

ယန်ရှင်းကျီ ရှေ့နောက် ယိုင်ထိုးနေရင်း သူ့လည်စည်းပုဝါကို ချွတ်ကာ အာရဇ်ပင်အား ပတ်ပေးနေတာကို ရွှီရှန်းကြည့်နေခဲ့တယ်။


ဟွန့်။ စိတ်ဆိုးနေတောင်မှ သူ့ဇနီးလေးကိုတော့ အေးခဲမနေစေနိုင်ပါဘူးနော်။


လည်စည်းကို သေချာလေး ပတ်ပေးထားသော အာရဇ်ပင်ကို ကြည့်ရင်း ယန်ရှင်းကျီ သူ့လက်အိတ်တွေကို စချွတ်နေပြန်တယ်။ 

"ဟေး..ယန်ရှင်းကျီ"

အသံတစ်ခုက အ‌နောက်ကနေ ခေါ်လိုက်တယ်။

 ထိုအသံကို တုန့်ပြန်ဖို့ ယန်ရှင်းကျီမှာ ၂စက္ကန့်လောက် ယိုင်တိုင်တိုင်နဲ့ အချိန်ယူလိုက်ရပြီး အနားကပ်လာတဲ့ အိုမီဂါကို လှည့်ကြည့်လိုက်တယ်။ 

အရင်တုန်းကဆိုရင် ရွှီရှန်းက သူ့ရဲ့ ကိုယ်ပိုင်ဟော်မုန်းအနံ့နဲ့ ပတ်သက်ပြီး အရမ်းကြီး အကျွမ်းတဝင် မရှိလှဘူး။ အာရစ်ပင်အနံ့ရှိတဲ့ အိုမီဂါတွေက အရမ်းရှားပါးပြီး ချိုမြိန်မှုလည်း မရှိသလို နူးညံ့မှုလည်း မရှိတာကြောင့် လူအများစုက အိုမီဂါတွေကို တွေးထားတဲ့ ပုံစံမျိုးနဲ့ အတော်လေး ကွဲတယ်လေ။

 ဒါပေမဲ့ အခုတော့..သူ အဲ့ဒါကို အေးချမ်းတယ်လို့ ခံစားရတယ်။

နှင်းတွေက ပြန်ကျလာပြီး သူတို့ပုခုံးတွေပေါ်ကို တဖြုတ်ဖြုတ်ကျလာနေတယ်။

 ရွှီရှန်းက ခေါင်းကို မော့လိုက်တယ်။ အယ်လ်ဖာရဲ့ ပုံရိပ်ကာ သူ့မျက်ဝန်းတွေထဲမှာ အရိပ်ပေါ်လာချိန်မှာ သူ စကားတစ်ခွန်းကို ပြောလိုက်တယ်။

"ယန်ရှင်းကျီ..ကျွန်တော်လည်း ခင်ဗျားကို ကြိုက်တယ်"

______________________

စာရေးဆရာ၏ မှတ်ချက် :

ယန်ရှင်းကျီ : "ကိုယ်က ကြီးလား၊ မကြီးဘူးလား?" [ အသဲပုံအကြောင်းကို မေးမြန်းနေခြင်း!! (ခွေးခေါင်းပုံ အရုပ်စတစ်ကာ)]


စာရေးဆရာ ရှီရှီ : အမ်း...ငါ မင်းကို ယုံလိုက်ပါ့မယ်လေ ... 


________________

ဘာသာပြန်သူ၏ မှတ်ချက်

နောက်ဆုံးတော့ ဒီချိုမြိန်တဲ့အတွဲလေးနဲ့ ခွဲရပါပြီ။ မခွဲချင်လို့ နောက်ဆုံးအပိုင်းကို အီလေးဆွဲရေးပြီးမှ တင်ဖို့ မေ့သွားတယ်။ ဘီယားနဲ ကျယ်မေ့တို့ရေ TwT

အခု ဒါပြီးသွားပေမဲ့ ဘာသာပြန်နေဆဲ fic လေးတွေ အများကြီး ရှိနေပါသေးတယ်။ ဝင်ဖတ်လို့ ရပါပြီ။ share ပေးရင်တော့ အရမ်းပျော်မိမှာပေါ့နော်


See you in other projects ~~ with loves <3


You are reading the story above: TeenFic.Net