Background color
Font
Font size
Line height
ယန်ရှင်းကျီ သူ့ရဲ့ အိုမီဂါကို မကြိုက်ဘူး။
ဘယ်သူ့အိုမီဂါကများ နူးညံ့ပြီး ချစ်ဖို့မကောင်းလို့လဲ? ဒါပေမဲ့ သူ့မိသားစု အိုမီဂါကတော့ ရေခဲတုံးလိုပဲ အေးစက်လွန်းတယ်။
သူအိမ်ပြန်ရောက်တဲ့အခါ သူ့ရဲ့ အေးတိအေးစက် O က မော့တောင် မကြည့်ပဲ ပြောတယ်။
"ပြန်လာပြီလား?"
"အင်း"
ဘယ်သူကရော အေးတိအေးစက် မနေတတ်ပဲ နေမှာလဲ?
___________
ရွှီရှန်းဟာ သူက သဘောကျစရာ မကောင်းတဲ့လူတစ်ယောက်ဆိုတာဆို အမြဲတမ်း သတိထားမိခဲ့ပါတယ်။ သူဟာ ထိုင်းမှိုင်းပြီး သူ့ကိုယ်သူ ဘယ်လို ဖော်ပြရမလဲဆိုတာကိုလည်း မသိဘူး။
အယ်လ်ဖာနဲ့ ဘယ်လိုဆက်ဆံရမလဲ? ဒီတော့ ရွှီရှန်း စာအုပ်တစ်အုပ်ကို ဖွင့်လိုက်တယ်။ "ငါ AO dating အကြောင်း သိတယ်"၊ "ဘယ်လို ဒိတ်ရမလဲ" ...
ခေါင်းကိုက်လိုက်တာ။
စကားနည်းနည်းပဲ ပြောတာ ပိုကောင်းတယ်။ စကားနည်းလေ အမှားနည်းလေပဲ။
__________
အစပိုင်းတွင် အယ်လ်ဖာ : ငါက နူးညံ့ပြီး ချွဲနွှဲ့တတ်တဲ့ အိုမီဂါတွေကိုပဲ ကြိုက်တာ!
နောက်ပိုင်းတွင် အယ်လ်ဖာ : ချွဲနွှဲ့ပြီး ပွတ်သီးပွတ်သတ် နေတတ်တဲ့ တစ်ယောက်က ငါတဲ့လား?