#Unicode
အပိုင်း (၈၃)
နှစ်ယောက်သား အချင်းချင်း၏ စကားပြောခန်းကိုဖွင့်လိုက်ကြသည်။ ဝေ့စန်းက ဆက်တင်ထဲဝင်လိုက်ပြီး စကားပြောခန်းကို publicလုပ်လိုက်ကာ နျဲ့ဟောက်ချီပါ ဝင်ကြည့်၍ရနိုင်အောင် လုပ်လိုက်သည်။
ဝေ့စန်းတစ်ယောက် ကျောင်းအဖွဲ့ထဲသို့ သုံးနှစ်ဆက်တိုက်ရွေးချယ်ခြင်းခံထားရသော တင်းဟယ်မေ့ကို ရွေးချယ်လိုက်မိမည်ဟု မထင်ထားမိခဲ့ချေ။ သူမက အဆင့်A မက်ခါအသေးတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ကျောင်းသားများကြားတွင်လည်း ဂုဏ်သတင်းကောင်းမွန်လေသည်။ သူမ ပုံရိပ်ယောင်အခန်းထဲဝင်လာပြီး လေ့ကျင့်ချိန်တိုင်းတွင် စကားပြောခန်းကိုဖွင့်ထားလေ့ရှိသည်။ ယခုတွင် သူမက သူမ၏သူငယ်ချင်းများနှင့် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ စကားပြောခန်းထဲတွင် လူပင်လယ်ကြီးရှိနေခဲ့ပြီး လူတိုင်းက "တိတ်တိတ်လေးတောင်းစားခြင်း"ဟူသော IDကိုတွေ့လိုက်ကြရသည်။
သူတို့၏စကားပြောခန်းကိုဖွင့်လိုက်သည်နှင့် နျဲ့ဟောက်ချီပင် ဝင်ရန် အချိန်မရသေးသော်လည်း မူရင်းအခန်းမှလူများဖြင့်ပင် လူအုပ်ကြီးဖြစ်နေပြီဖြစ်သည်။ သူတို့က "တိတ်တိတ်လေးတောင်းစားခြင်း"ဆိုသည်မှာ မည်သူလဲဆိုသည်ကို ကြည့်ချင်နေကြသည်။
မက်ခါအသေးကသာ အသုံးဝင်ဆုံး : [စိတ်ကြီးဝင်မနေစမ်းနဲ့? ငါအလျှင်လိုနေတယ်? မက်ခါအလတ်ကသာ အရေးအပါဆုံးကွ? ဟုတ်လား]
တင်းဟယ်မေ့ ထိုမက်ဆေ့ကိုပို့ပြီးသည်နှင့်ဝေ့စန်းဆီသို့ ချက်ချင်းခုန်သွားလိုက်တော့သည်။
စကားပြောခန်းတွင်လူများပြည့်နှက်နေပြီး လူတိုင်းက ဤ တိတ်တိတ်လေးတောင်းစားခြင်းဆိုသောလူက မည်သူဖြစ်သလဲဆိုသည်နှင့် အဘယ်ကြောင့် ဤမျှသတ္တိရှိနေသလဲ သိချင်နေကြသည်။
တင်းဟယ်မေ့ကျဲကျဲက စိတ်ဆတ်ပြီး ကိစ္စသေးသေးလေးနှင့်ပင် ဒေါသပေါက်ကွဲတတ်သည့်အကြောင်းကို ဒန်မိုကလီးစ်စစ်တက္ကသိုလ်၌ မသိသည့်လူ မည်သူရှိမည်နည်း။ တစ်ဖက်လူက အလွန်အမင်း ရန်စရဲနေသဖြင့် ရူးနေသည်ဟုပင် တွေးနေမိကြသည်။
[သူသုံးတဲ့ မက်ခါက ကျောင်းကပေးတဲ့မက်ခါဆိုတာတွေ့လား... ဒါက သူ့ရဲ့ အထောက်အထားကို ဖုံးကွယ်ထားချင်တဲ့သဘောများလား?]
[စီနီယာအစ်ကိုတစ်ယောက်က စီနီယာအစ်မကို စနေတာဖြစ်လောက်တယ်]
[မဖြစ်နိုင်လောက်ဘူး... မက်ခါအလတ်သုံးတဲ့ စီနီယာအစ်ကိုတွေ အစ်မတွေအကုန်လုံးကို ငါမြင်ဖူးတယ်... လိုင်းပေါ်ရှိနေတဲ့လူတွေအားလုံးက ပုံရိပ်ယောင်အခန်းထဲမှာရှိနေကြသလို လိုင်းပေါ်ရှိမနေတဲ့လူတွေအားလုံးကလည်း စာသင်ခန်းထဲမှာရှိနေကြတယ်]
ဝေ့စန်းက မြေအောက်စက်ရုံတွင် တိုက်ခိုက်နည်းမျိုးစုံနှင့် မက်ခါမျိုးစုံကို တွေ့ခဲ့ရပြီးပြီဖြစ်သည်။ တင်းဟယ်မေ့၏ ရုတ်တရက်တိုက်ခိုက်မှုနှင့် ကြုံတွေ့လာချိန်တွင် သူမ အမြန်ဆုံးရှောင်တိမ်းလိုက်သည်။ သို့သော်လည်း တင်းဟယ်မေ့က စစ်တက္ကသိုလ်တွင် စနစ်တကျပညာသင်ယူထားခဲ့သူဖြစ်သဖြင့် သူမက မက်အခါအသေးကိုအပြည့်အဝအသုံးချနိုင်ပေသည်။ သူမ ဝေ့စန်းနားသို့ ကပ်သွားလိုက်ပြီး လွတ်မြောက်ရန် အခွင့်အရေးတစ်ခုပင်မပေးခဲ့ချေ။
သူမ မပုန်းနိုင်တော့၍ တိုက်ရိုက်ရင်ဆိုင်ရန်သာရှိပေတော့သည်။
ဝေ့စန်းတစ်ယောက် မက်ခါရလာချိန်က ဆရာတစ်ယောက်ပေးထားခဲ့သော လေဆာဓားကိုထုတ်လိုက်သည်။ ဤဓားက အလကားရထားခြင်းဖြစ်သည်။ သူမ တစ်ဖက်လူကို တိုက်ရိုက်ခုတ်ချလိုက်သည်။ တင်းဟယ်မေ့ အောက်သို့ငုံ့ရှောင်လိုက်ပြီး တစ်ချိန်တည်း၌ ခုန်လိုက်ကာ ကန်လိုက်ပြီး သူမ၏ ခြေချောင်းများက ဝေ့စန်း၏ လည်ပင်းနားမှ ဖြတ်သွားခဲ့သည်။
ဝေ့စန်း အနောက်သို့ယိုင်သွားအောင်လုပ်ပြီး ရှောင်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူမ၏ညာလက်က အားဖြင့် ခုတ်ချလာပြီး လေဆာဓားက တစ်ဖက်လူ၏ ဝမ်းဗိုက်ကိုခုတ်ပိုင်းမိသွားခဲ့သည်။ ဓားဖြင့် ခြစ်မိချိန်တွင် အသံအကျယ်ကြီးတစ်ခုပင် မြည်ဟီးလာခဲ့သည်။
[ဖက်ခ်! ဒီ တိတ်တိတ်လေးတောင်းစားခြင်းမှာ စွမ်းရည်အချို့တော့ရှိသားဟ]
[နှစ်ယောက်သားရဲ့ မက်ခါတွေက အဆင့်တူကြတာမဟုတ်ဘူး... စီနီယာအစ်မ နိုင်ဖို့ အချိန်ပဲလိုအပ်လိမ့်မယ်]
တင်းဟယ်မေ့ သူမ၏ဝမ်းဗိုက်ကို ထိလိုက်သည်။ သူမကိုကြည့်ရသည်မှာ ကြက်သွေးထိုးခံလိုက်ရသည့်နှယ် ဖြစ်သွားပြီး ခန္ဓာကိုယ် ထိန်းချုပ်မှု နည်းလမ်းများက နောက်ထပ်အဆင့်တစ်ခုဆီ ချက်ချင်းရောက်သွားလေတော့သည်။ ဝေ့စန်းတစ်ယောက် သူမ ပို၍အလုပ်ကြိုးစားရန် လိုအပ်လာသည်ဟု ခံစားလိုက်ရသည်။ သူမမက်ခါ၏အကန့်အသတ်ကပင် တစ်ဖက်လူနှင့် အကွာကြီးကွာခြားနေပေသည်။
ဝေ့စန်းက သူမလက်ထဲမှ လေဆာဓားကိုသာ သုံးချင်ခဲ့သည်။ ရလဒ်အနေဖြင့် တစ်ဖက်လူက သူမ၏လေဆာဓားကို ချိန်ပြီး ကျည်ဆန်နှစ်တောင့်ကိုပစ်သွင်းလာခဲ့သည်။
သူမ သူ့အလိုလိုငုံ့ရှောင်လိုက်မိသည်။ တစ်ဖက်လူက ချန်စီနှင့်ယှဉ်လျှင် အနည်းငယ် နောက်ကောက်ကျနေလေသည်။
[ဒါကိုတောင်ရှောင်နိုင်တာလား?]
[တကယ်တော်တာပဲ]
ရုတ်တရက် ဝေ့စန်းတစ်ယောက် ကြာပွတ်ကိုထုတ်လာသည်။ လက်တစ်ဖက်တွင် လေဆာဓား တစ်ဖက်တွင် ကြာပွတ်နှင့်နှစ်ခုလုံးကို ချောမွေ့စွာ ပြောင်း သုံးနေလိုက်သည်။
တင်းဟယ်မေ့က ထိုသို့တိုက်ခိုက်၍ရသော နည်းရှိမည်ဟု မသိနေသည်မှာ သိသာလှသည်။ ခဏတာစိတ်လွတ်သွားသည့်အချိန်တွင် ဝေ့စန်း၏ကြာပွတ်ဖြင့် ချည်နှောင်ခံရပြီး လဲကျသွားခဲ့သည်။ သူမ ခပ်မြန်မြန်တုန့်ပြန်လာနိုင်ပြီး မက်ခါကို မတ်တတ်ပြန်ရပ်အောင် ချက်ချင်းပြန်ထိန်းချုပ်ကာ အဝေးသို့ရှောင်လိုက်သည်
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ဝေ့စန်း၏ လေဆာဓားက သူမ၏မက်ခါပခုံးကို တိုက်ရိုက်ခုတ်ချလာသည်။
"ချလွမ်__"
လေဆာဓားက လက်ထဲမှ လွတ်ကျသွားသည်။
အလကားရသည့်ပစ္စည်းများက မကောင်းဟု မပြောကြရအောင်ပါ။ ဤလေဆာဓားက လေ့ကျင့်ရာတွင် အသုံးပြုနိုင်ပါသော်လည်း အမှန်တကယ်တိုက်ခိုက်ရာတွင်အသုံးပြုမည်ဆိုလျှင်တော့ ကောင်းမည်မဟုတ်ချေ။
နောက်တစ်စက္ကန့်တွင် ဝေ့စန်းတစ်ယောက် တင်းမေ့ဟယ်ထံမှ ခုန်အုပ်ခံရပြီး သေနတ်နှင့် ချိန်ထားခြင်းခံလိုက်ရတော့သည်။
[ဟားဟားဟား... ဆိုးရွားလိုက်တာ... လေဆာဓားကြီးက တကယ်ကွေးသွားတယ်တဲ့]
[စကားမပြောနဲ့တော့...စီနီယာအစ်မထွက်သွားပြီ]
တင်းဟယ်မေ့က သဘာဝကျစွာဖြင့် ပျော်ရွှင်နေခြင်းမရှိပေ။ ဤသည်ကသာ အစစ်အမှန်တိုက်ပွဲဖြစ်ပါက ယခုလေးတင် သူမ ရှုံးသွားပြီသာဖြစ်သည်။ "တိတ်တိတ်လေးတောင်းစားခြင်း"ဟူသော ဤကျောင်းသားသစ်လေး မည်သူလဲဆိုသည်မှာ မသိနိုင်ချေ။
စကားပြောခန်းထဲမှလူများ ဖြေးဖြေးချင်းထွက်သွားကြသည်။ ရုတ်တရက် လူတစ်ယောက်က စကားပြောခန်းထဲတွင် စာပို့ထားကြောင်း သတိရသွားကြလေသည်။
[ဒီ တိတ်တိတ်လေးတောင်းစားခြင်းက ဝေ့စန်းပဲဆိုတာ ငါမှတ်မိတယ်! သူမနဲ့ငါက တစ်ခန်းတည်းအတူတူကျတယ်... ပြီးတော့ လေဆာဓားနဲ့ ခုတ်ပိုင်းလိုက်ပုံက တစ်ထပ်တည်းပဲ]
*****
14.2.2025
Happy Valentine's dayပါ အချစ်လေးတို့ရေ
ချောကလက်တော့မကျွေးနိုင်ပေမဲ့ အပိုင်းတစ်ပိုင်းပိုပြီးတော့ တင်ပေးလိုက်ပါပြီနော်
Enjoy your present ပါ🤭🎀✨
.
.
.
.
.
.
.
.
.
.
.
.
ကိုယ်တိုင်က social mediaနားထားတာ တစ်နှစ်ကျော်ပြီဆိုတော့ ဒီpresentလေးပေးရင် အများကြီး အများကြီး အများကြီးကို ကျေးဇူးတင်မိမှာပါヽ(・∀・)ノ ✨
#Zawgyi
အပိုင္း (၈၃)
ႏွစ္ေယာက္သား အခ်င္းခ်င္း၏ စကားေျပာခန္းကိုဖြင့္လိုက္ၾကသည္။ ေဝ့စန္းက ဆက္တင္ထဲဝင္လိုက္ၿပီး စကားေျပာခန္းကို publicလုပ္လိုက္ကာ န်ဲ႕ေဟာက္ခ်ီပါ ဝင္ၾကည့္၍ရႏိုင္ေအာင္ လုပ္လိုက္သည္။
ေဝ့စန္းတစ္ေယာက္ ေက်ာင္းအဖြဲ႕ထဲသို႔ သုံးႏွစ္ဆက္တိုက္ေ႐ြးခ်ယ္ျခင္းခံထားရေသာ တင္းဟယ္ေမ့ကို ေ႐ြးခ်ယ္လိုက္မိမည္ဟု မထင္ထားမိခဲ့ေခ်။ သူမက အဆင့္A မက္ခါအေသးတြင္ ကြၽမ္းက်င္သူတစ္ေယာက္ျဖစ္ၿပီး ေက်ာင္းသားမ်ားၾကားတြင္လည္း ဂုဏ္သတင္းေကာင္းမြန္ေလသည္။ သူမ ပုံရိပ္ေယာင္အခန္းထဲဝင္လာၿပီး ေလ့က်င့္ခ်ိန္တိုင္းတြင္ စကားေျပာခန္းကိုဖြင့္ထားေလ့ရွိသည္။ ယခုတြင္ သူမက သူမ၏သူငယ္ခ်င္းမ်ားႏွင့္ ယွဥ္ၿပိဳင္ေနျခင္းျဖစ္သည္။ စကားေျပာခန္းထဲတြင္ လူပင္လယ္ႀကီးရွိေနခဲ့ၿပီး လူတိုင္းက "တိတ္တိတ္ေလးေတာင္းစားျခင္း"ဟူေသာ IDကိုေတြ႕လိုက္ၾကရသည္။
သူတို႔၏စကားေျပာခန္းကိုဖြင့္လိုက္သည္ႏွင့္ န်ဲ႕ေဟာက္ခ်ီပင္ ဝင္ရန္ အခ်ိန္မရေသးေသာ္လည္း မူရင္းအခန္းမွလူမ်ားျဖင့္ပင္ လူအုပ္ႀကီးျဖစ္ေနၿပီျဖစ္သည္။ သူတို႔က "တိတ္တိတ္ေလးေတာင္းစားျခင္း"ဆိုသည္မွာ မည္သူလဲဆိုသည္ကို ၾကည့္ခ်င္ေနၾကသည္။
မက္ခါအေသးကသာ အသုံးဝင္ဆုံး : [စိတ္ႀကီးဝင္မေနစမ္းနဲ႔? ငါအလွ်င္လိုေနတယ္? မက္ခါအလတ္ကသာ အေရးအပါဆုံးကြ? ဟုတ္လား]
တင္းဟယ္ေမ့ ထိုမက္ေဆ့ကိုပို႔ၿပီးသည္ႏွင့္ေဝ့စန္းဆီသို႔ ခ်က္ခ်င္းခုန္သြားလိုက္ေတာ့သည္။
စကားေျပာခန္းတြင္လူမ်ားျပည့္ႏွက္ေနၿပီး လူတိုင္းက ဤ တိတ္တိတ္ေလးေတာင္းစားျခင္းဆိုေသာလူက မည္သူျဖစ္သလဲဆိုသည္ႏွင့္ အဘယ္ေၾကာင့္ ဤမွ်သတၱိရွိေနသလဲ သိခ်င္ေနၾကသည္။
တင္းဟယ္ေမ့က်ဲက်ဲက စိတ္ဆတ္ၿပီး ကိစၥေသးေသးေလးႏွင့္ပင္ ေဒါသေပါက္ကြဲတတ္သည့္အေၾကာင္းကို ဒန္မိုကလီးစ္စစ္တကၠသိုလ္၌ မသိသည့္လူ မည္သူရွိမည္နည္း။ တစ္ဖက္လူက အလြန္အမင္း ရန္စရဲေနသျဖင့္ ႐ူးေနသည္ဟုပင္ ေတြးေနမိၾကသည္။
[သူသုံးတဲ့ မက္ခါက ေက်ာင္းကေပးတဲ့မက္ခါဆိုတာေတြ႕လား... ဒါက သူ႔ရဲ႕ အေထာက္အထားကို ဖုံးကြယ္ထားခ်င္တဲ့သေဘာမ်ားလား?]
[စီနီယာအစ္ကိုတစ္ေယာက္က စီနီယာအစ္မကို စေနတာျဖစ္ေလာက္တယ္]
[မျဖစ္ႏိုင္ေလာက္ဘူး... မက္ခါအလတ္သုံးတဲ့ စီနီယာအစ္ကိုေတြ အစ္မေတြအကုန္လုံးကို ငါျမင္ဖူးတယ္... လိုင္းေပၚရွိေနတဲ့လူေတြအားလုံးက ပုံရိပ္ေယာင္အခန္းထဲမွာရွိေနၾကသလို လိုင္းေပၚရွိမေနတဲ့လူေတြအားလုံးကလည္း စာသင္ခန္းထဲမွာရွိေနၾကတယ္]
ေဝ့စန္းက ေျမေအာက္စက္႐ုံတြင္ တိုက္ခိုက္နည္းမ်ိဳးစုံႏွင့္ မက္ခါမ်ိဳးစုံကို ေတြ႕ခဲ့ရၿပီးၿပီျဖစ္သည္။ တင္းဟယ္ေမ့၏ ႐ုတ္တရက္တိုက္ခိုက္မႈႏွင့္ ႀကဳံေတြ႕လာခ်ိန္တြင္ သူမ အျမန္ဆုံးေရွာင္တိမ္းလိုက္သည္။ သို႔ေသာ္လည္း တင္းဟယ္ေမ့က စစ္တကၠသိုလ္တြင္ စနစ္တက်ပညာသင္ယူထားခဲ့သူျဖစ္သျဖင့္ သူမက မက္အခါအေသးကိုအျပည့္အဝအသုံးခ်ႏိုင္ေပသည္။ သူမ ေဝ့စန္းနားသို႔ ကပ္သြားလိုက္ၿပီး လြတ္ေျမာက္ရန္ အခြင့္အေရးတစ္ခုပင္မေပးခဲ့ေခ်။
သူမ မပုန္းႏိုင္ေတာ့၍ တိုက္႐ိုက္ရင္ဆိုင္ရန္သာရွိေပေတာ့သည္။
ေဝ့စန္းတစ္ေယာက္ မက္ခါရလာခ်ိန္က ဆရာတစ္ေယာက္ေပးထားခဲ့ေသာ ေလဆာဓားကိုထုတ္လိုက္သည္။ ဤဓားက အလကားရထားျခင္းျဖစ္သည္။ သူမ တစ္ဖက္လူကို တိုက္႐ိုက္ခုတ္ခ်လိုက္သည္။ တင္းဟယ္ေမ့ ေအာက္သို႔ငုံ႔ေရွာင္လိုက္ၿပီး တစ္ခ်ိန္တည္း၌ ခုန္လိုက္ကာ ကန္လိုက္ၿပီး သူမ၏ ေျခေခ်ာင္းမ်ားက ေဝ့စန္း၏ လည္ပင္းနားမွ ျဖတ္သြားခဲ့သည္။
ေဝ့စန္း အေနာက္သို႔ယိုင္သြားေအာင္လုပ္ၿပီး ေရွာင္လိုက္သည္။ ေနာက္တစ္စကၠန႔္တြင္ သူမ၏ညာလက္က အားျဖင့္ ခုတ္ခ်လာၿပီး ေလဆာဓားက တစ္ဖက္လူ၏ ဝမ္းဗိုက္ကိုခုတ္ပိုင္းမိသြားခဲ့သည္။ ဓားျဖင့္ ျခစ္မိခ်ိန္တြင္ အသံအက်ယ္ႀကီးတစ္ခုပင္ ျမည္ဟီးလာခဲ့သည္။
[ဖက္ခ္! ဒီ တိတ္တိတ္ေလးေတာင္းစားျခင္းမွာ စြမ္းရည္အခ်ိဳ႕ေတာ့ရွိသားဟ]
[ႏွစ္ေယာက္သားရဲ႕ မက္ခါေတြက အဆင့္တူၾကတာမဟုတ္ဘူး... စီနီယာအစ္မ ႏိုင္ဖို႔ အခ်ိန္ပဲလိုအပ္လိမ့္မယ္]
တင္းဟယ္ေမ့ သူမ၏ဝမ္းဗိုက္ကို ထိလိုက္သည္။ သူမကိုၾကည့္ရသည္မွာ ၾကက္ေသြးထိုးခံလိုက္ရသည့္ႏွယ္ ျဖစ္သြားၿပီး ခႏၶာကိုယ္ ထိန္းခ်ဳပ္မႈ နည္းလမ္းမ်ားက ေနာက္ထပ္အဆင့္တစ္ခုဆီ ခ်က္ခ်င္းေရာက္သြားေလေတာ့သည္။ ေဝ့စန္းတစ္ေယာက္ သူမ ပို၍အလုပ္ႀကိဳးစားရန္ လိုအပ္လာသည္ဟု ခံစားလိုက္ရသည္။ သူမမက္ခါ၏အကန႔္အသတ္ကပင္ တစ္ဖက္လူႏွင့္ အကြာႀကီးကြာျခားေနေပသည္။
ေဝ့စန္းက သူမလက္ထဲမွ ေလဆာဓားကိုသာ သုံးခ်င္ခဲ့သည္။ ရလဒ္အေနျဖင့္ တစ္ဖက္လူက သူမ၏ေလဆာဓားကို ခ်ိန္ၿပီး က်ည္ဆန္ႏွစ္ေတာင့္ကိုပစ္သြင္းလာခဲ့သည္။
သူမ သူ႔အလိုလိုငုံ႔ေရွာင္လိုက္မိသည္။ တစ္ဖက္လူက ခ်န္စီႏွင့္ယွဥ္လွ်င္ အနည္းငယ္ ေနာက္ေကာက္က်ေနေလသည္။
[ဒါကိုေတာင္ေရွာင္ႏိုင္တာလား?]
[တကယ္ေတာ္တာပဲ]
႐ုတ္တရက္ ေဝ့စန္းတစ္ေယာက္ ၾကာပြတ္ကိုထုတ္လာသည္။ လက္တစ္ဖက္တြင္ ေလဆာဓား တစ္ဖက္တြင္ ၾကာပြတ္ႏွင့္ႏွစ္ခုလုံးကို ေခ်ာေမြ႕စြာ ေျပာင္း သုံးေနလိုက္သည္။
တင္းဟယ္ေမ့က ထိုသို႔တိုက္ခိုက္၍ရေသာ နည္းရွိမည္ဟု မသိေနသည္မွာ သိသာလွသည္။ ခဏတာစိတ္လြတ္သြားသည့္အခ်ိန္တြင္ ေဝ့စန္း၏ၾကာပြတ္ျဖင့္ ခ်ည္ေႏွာင္ခံရၿပီး လဲက်သြားခဲ့သည္။ သူမ ခပ္ျမန္ျမန္တုန႔္ျပန္လာႏိုင္ၿပီး မက္ခါကို မတ္တတ္ျပန္ရပ္ေအာင္ ခ်က္ခ်င္းျပန္ထိန္းခ်ဳပ္ကာ အေဝးသို႔ေရွာင္လိုက္သည္
သို႔ေသာ္လည္း ေနာက္တစ္စကၠန႔္တြင္ ေဝ့စန္း၏ ေလဆာဓားက သူမ၏မက္ခါပခုံးကို တိုက္႐ိုက္ခုတ္ခ်လာသည္။
"ခ်လြမ္__"
ေလဆာဓားက လက္ထဲမွ လြတ္က်သြားသည္။
အလကားရသည့္ပစၥည္းမ်ားက မေကာင္းဟု မေျပာၾကရေအာင္ပါ။ ဤေလဆာဓားက ေလ့က်င့္ရာတြင္ အသုံးျပဳႏိုင္ပါေသာ္လည္း အမွန္တကယ္တိုက္ခိုက္ရာတြင္အသုံးျပဳမည္ဆိုလွ်င္ေတာ့ ေကာင္းမည္မဟုတ္ေခ်။
ေနာက္တစ္စကၠန႔္တြင္ ေဝ့စန္းတစ္ေယာက္ တင္းေမ့ဟယ္ထံမွ ခုန္အုပ္ခံရၿပီး ေသနတ္ႏွင့္ ခ်ိန္ထားျခင္းခံလိုက္ရေတာ့သည္။
[ဟားဟားဟား... ဆိုး႐ြားလိုက္တာ... ေလဆာဓားႀကီးက တကယ္ေကြးသြားတယ္တဲ့]
[စကားမေျပာနဲ႔ေတာ့...စီနီယာအစ္မထြက္သြားၿပီ]
တင္းဟယ္ေမ့က သဘာဝက်စြာျဖင့္ ေပ်ာ္႐ႊင္ေနျခင္းမရွိေပ။ ဤသည္ကသာ အစစ္အမွန္တိုက္ပြဲျဖစ္ပါက ယခုေလးတင္ သူမ ရႈံးသြားၿပီသာျဖစ္သည္။ "တိတ္တိတ္ေလးေတာင္းစားျခင္း"ဟူေသာ ဤေက်ာင္းသားသစ္ေလး မည္သူလဲဆိုသည္မွာ မသိႏိုင္ေခ်။
စကားေျပာခန္းထဲမွလူမ်ား ေျဖးေျဖးခ်င္းထြက္သြားၾကသည္။ ႐ုတ္တရက္ လူတစ္ေယာက္က စကားေျပာခန္းထဲတြင္ စာပို႔ထားေၾကာင္း သတိရသြားၾကေလသည္။
[ဒီ တိတ္တိတ္ေလးေတာင္းစားျခင္းက ေဝ့စန္းပဲဆိုတာ ငါမွတ္မိတယ္! သူမနဲ႔ငါက တစ္ခန္းတည္းအတူတူက်တယ္... ၿပီးေတာ့ ေလဆာဓားနဲ႔ ခုတ္ပိုင္းလိုက္ပုံက တစ္ထပ္တည္းပဲ]
*****
14.2.2025
Happy Valentine's dayပါ အခ်စ္ေလးတို႔ေရ
ေခ်ာကလက္ေတာ့မေကြၽးႏိုင္ေပမဲ့ အပိုင္းတစ္ပိုင္းပိုၿပီးေတာ့ တင္ေပးလိုက္ပါၿပီေနာ္
Enjoy your present ပါ🤭🎀✨
.
.
.
.
.
.
.
.
.
.
ကိုယ္တိုင္က social mediaနားထားတာ တစ္ႏွစ္ေက်ာ္ၿပီဆိုေတာ့ ဒီpresentေလးေပးရင္ အမ်ားႀကီး အမ်ားႀကီး အမ်ားႀကီးကို ေက်းဇူးတင္မိမွာပါヽ(・∀・)ノ ✨
You are reading the story above: TeenFic.Net