74

Background color
Font
Font size
Line height

#Unicode
အပိုင်း (၇၄)

သူတစ်ယောက်တည်းသာ လောကကြီးထဲတွင် ခက်ခဲနေသလို ပြောလာသဖြင့် ဝေ့စန်းက သူမမှာ အလွန်အမင်မတန်မွဲတေလွန်းသော်လည်း နေ့တိုင်း သက်ပြင်းချမနေဟု တွေးလိုက်မိသည်။

"နင် ဘယ်တော့မှ အနိုင်မယူနိုင်မယ့် ကံကြမ္မာရှိနေတဲ့ လူတစ်ယောက်နဲ့တိုက်ခိုက်ရမယ်ဆိုရင် နင်ဘာလုပ်မလဲ?"
ချင်ခဲ့ ရုတ်တရက်မေးလာသည်။

"အိမ်ပြန်မယ်...."
ဝေ့စန်းက စိတ်ကြည်နေခြင်းမရှိသဖြင့် ဝတ်ကျေတမ်းကျေသာ ပြန်ဖြေလာသည်။

"အဲ့လိုက သိပ်မကောင်းဘူး... ရည်မှန်းချက်နည်းလွန်းရာကျနေမယ်..."
ချင်ခဲ့ သူ့ခြေထောက်ပေါ်တွင် လက်ကိုယှက်၍ထိုင်နေလိုက်သည်။
"ပြီးတော့ ငါတို့က တိုက်ခိုက်မှကိုရမှာ..."

ဝေ့စန်း ပြန်လှည့်လာပြီး ချင်ခဲ့ကိုကြည့်လိုက်သည်။
"ငါ့ကို ရှင်းပြဖို့လာမပြောနဲ့... ငါနင့်ကို 'လုပ်သာလုပ်' ဆိုတဲ့စကားလုံး အလကား လက်ဆောင်ပေးလိုက်မယ်... ဒါကြောင့်မလို့ နှစ်တွေအများကြီး သိလာကြတဲ့သူငယ်ချင်းတွေအနေနဲ့ နင်ငါ့ကိုအိပ်ခွင့်ပေးနိုင်မလား..."

ချင်ခဲ့ ဝေ့စန်းကိုကြည့်လိုက်သည်။
"နင် နေ့လည်ဘက်ကြီးအိပ်နေပါလား... ဘာလဲ ညတုန်းက သူခိုးလုပ်နေရလို့လား?"

အနာပေါ်တုတ်ကျသွားသော ဝေ့စန်းက မေးလိုက်တော့သည်။
"နင်ဘာလိုနေသေးလဲ?"

ချင်ခဲ့ ခေါင်းခါလိုက်ကာ ကုတင်ပေါ်တွင် ဆန့်ဆန့်ကြီး လှဲလိုက်သည်။
"ငါလည်း ခဏလောက်နားချင်လို့ နင့်အိပ်ရာကို ခဏငှားပေးဦး..."

"ကြယ်ဒင်္ဂါး ငါးထောင်...."
ဝေ့စန်း နံရံဘက်ကိုလှည့်သွားပြန်သည်။
"ငါ့ကို လွှဲပေးဖို့ မမေ့နဲ့..."

"နင်လာလို့ အဲ့လောက်တွန့်တိုရတာလဲ?"
ချင် တွန့်တိုခြင်းဘုရင် ခဲ့က အပြစ်တင်စကားဆိုလိုက်ပြီး ဝေ့စန်းဆီသို့ ကြယ်ဒင်္ဂါး ငါးထောင်လွှဲပြီး မျက်လုံးမှိတ် အိပ်လိုက်တော့သည်။

သူမ နှစ်နာရီကြာ အိပ်မည်ဟု စီစဉ်ထားခဲ့သော်လည်း ချင်ခဲ့က လာရောက်နှောက်ယှက်သွားခဲ့သည်။ ဝေ့စန်း တစ်နာရီသာအိပ်စက်ခဲ့ရပြီး နိုးလာတော့သည်။ ဝေ့စန်း ကုတင်ပေါ်တွင်ထိုင်ပြီး ကိုယ့်ခေါင်းကိုယ် ခဏဖိထားလိုက်ရသည်။ အိပ်ရာကနိုး၍ ပြန်သွားလျှင် တံခါးပိတ်ခဲ့ရန် စာတိုလေးရေးလိုက်ပြီး ချင်ခဲ့အိပ်နေသည့် ကုတင်ခေါင်းရင်းတွင်ထားလိုက်သည်။

ထွက်မသွားခင်တွင် ဝေ့စန်းက အိပ်နေဆဲဖြစ်သော ချင်ခဲ့ကို ကြည့်လိုက်ပြီး သူမတို့ ကျောင်းတွင် ပထမဆုံးဆုံချိန်ထက် ပို၍ ပိန်ပါးသွားကြောင်း သတိထားလိုက်မိသည်။ လက်ရှိတွင် သူ့ထံ၌ မျက်တွင်းမည်းများလည်း ရှိနေသေးသည်။

Sအဆင့် အုပ်ချုပ်သူများ နေ့တိုင်း ဘာတွေလေ့လာသလဲသူမ မသိသော်လည်း ချင်ခဲ့ကထိုအတိုင်း နေ့တိုင်းလေ့လာနေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ချင်ခဲ့က နဂိုကတည်းက ဉာဏ်ကောင်းပြီးသားဖြစ်သည်။ လက်ရှိတွင် တစ်စုံတစ်ယောက်က ချင်ခဲ့ကိုပင် သူ့ကိုယ်သူ မနိုင်မယူနိုင်ဟု တွေးမိသွားစေခဲ့သည်။ ထိုသူက မည်မျှအင်အားကြီးသလဲ သူမ မသိပေ။

.....

ချင်ခဲ့က သူ့ light brain၏ ဆက်သွယ်သံကြောင့် နိုးလာခဲ့သည်။ သူ ထလိုက်ပြီး light brainပေါ်မှ သတင်းကိုကြည်ပြီး မျက်ဝန်းများက နက်ရှိုင်းသွားရသည်။

ထွက်မသွားခင်တွင် ကုတင်ပေါ်မှ စာတိုလေးကိုသတိထားမိ၍ ကောက်ယူ၍ဖတ်ပြီး ပြုံးလိုက်မိသည်။ သူလည်း စားပွဲပေါ်တွင်တွေ့သည့် ကြုံရာဘောပင်ကိုကောက်၍ ထိုစာတိုလေး၏အောက်တွင် ထပ်မံရေးသားလိုက်သည် : မနက်ဖြန်ကျရင် ကျေးဇူးပြုပြီးတော့ ပဉ္စမမြောက်ကန်တင်းကို ညစာလာစားလှည့်... ငါကျွေးမယ်...

ဝေ့စန်းက ယနေ့ညတွင် အဆောင်မပြန်သဖြင့် ထိုစာကို မမြင်လိုက်ချေ။ ညနေခင်းရောက်သည်နှင့် နံရံပေါ်တိုက်ရိုက်ခုန်ကျော်ကာ အပြင်ထွက်လိုက်ပြီး တိမ်လွှာဖြိုခွင်းအတောင်ပံများ၏ အဓိကတည်ဆောက်ပုံကို စတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ပထမဆုံးအကြိမ် နံရံခုန်ကျော်ပြီးကတည်းက ဝေ့စန်းက အတော်လေးကျွမ်းကျင်နေပြီဖြစ်သည်။ သူမ အစောင့်များကို အောင်မြင်စွာဖြတ်ကျော်ပြီး နံရံအောက်သို့ရောက်လာခဲ့သည်။

"ဟိုတစ်ယောက်ထပ်ရောက်လာပြန်ပြီ.... အစောင့်တွေရဲ့သတိကို ထပ်ပြီးမြှင့်တင်မှရတော့မယ်..."

"ပြီးပြည့်စုံအောင် ကာကွယ်ထားတာမရှိဘူးပဲ..."

ပြတင်းပေါက်ရှေ့မှလူက ပြုံးလိုက်သည်။
"ငါ့မှာ လုပ်စရာလည်းရှိမနေတော့ တစ်ချက်လောက် လိုက်ကြည့်လိုက်ပါမယ်..."

"ဗိုလ်မှူး....."
သူ့ဘေးမှလူက စကားပြောရပ်သွားခဲ့သည်။

"ဒီလောက်ထိ အရမ်းတွေသတ္တိရှိနေတယ်ဆိုတော့ အဲ့တစ်ယောက်မှာ ကျွမ်းကျင်မှုတော့ရှိရမယ်..."
ဗိုလ်မှူးဟု အခေါ်ခံလိုက်ရသောလူက တစ်ဖက်လူ၏စကားဖြတ်ပြောမှုကို လက်တစ်ဖက်ကိုမြှောက်၍သာ တားလိုက်ပြီး ပြတင်းပေါက်ကိုဖွင့်၍ အောက်ထပ်သို့ တိုက်ရိုက်ခုန်ဆင်းလိုက်သည်မှာ ညအမှောင်ထုကို ပိုင်စိုးသောလူသား အလားပင်။

ဝေ့စန်း နံရံကိုခုန်ကျော်ပြီး အပြင်ထွက်လာသည်မှာ မြေအောက်စက်ရုံနှင့် သိပ်မဝေးသည့်နေရာသို့ ရောက်နေခဲ့ပြီဖြစ်သည်။ ဝေ့စန်း ဤနေရာမှဖြတ်သွားနေကြဖြစ်သည်။ သို့သော်လည်း ယနေ့တွင် သူမ အပြင်ထွက်လာကတည်းက တစ်ခုခုမှားနေသည်ဟု ခံစားနေခဲ့ရသည်။

ထိုပြောမပြနိုင်သည့် ခံစားချက်က သူမနောက်တွင် တစ်ယောက်ယောက်လိုက်လာနေသည်ဟု ခံစားနေစေရသည်။

နောက်လှည့်ကြည့်ရမည့်အစား ဝေ့စန်းရှေ့ဆက်သွားခဲ့သော်လည်း သူမ၏ခြေလှမ်းများကတော့ ဦးတည်ဘက်ပြောင်းသွားခဲ့သည်။

ထိုလမ်းက အရက်ဆိုင်များ ရောင်စုံမီးအလင်းများနှင့် ပြည့်နှက်နေသည်။ ညဘက်တွင် လူစည်သော လမ်းတစ်လမ်း ဖြစ်ပုံပေါ်လေသည်။ ဝေ့စန်း လမ်းဆုံတစ်ခုသို့ရောက်ချိန်တွင် အရှိန်လျှော့လိုက်ပြီး အိတ်ကပ်ထဲလက်ထည့်၍ ဘားဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။

"ဘာသောက်ချင်လဲ?"
ဘား တင်ဒါက ဝေ့စန်းရှေ့သို့ မီနူးကိုတွန်းပို့လိုက်သည်။

ဝေ့စန်း ကျပန်းတစ်ခွက်မှာလိုက်ပြီး ကိုယ့် မျက်နှာကိုကိုင်၍ အနောက်သို့လှည့်ကြည့်လိုက်သော်လည်း သံသယဖြစ်ဖွယ်တစ်ခုခုကို ရှာမတွေ့ပေ။

ထူးဆန်းလိုက်တာ....

လီပိက ဝေ့စန်းတွင် ဆိုးရွားထက်ရှလွန်းသည့် အလိုလိုသိစိတ်ရှိနေသည်ဟု တစ်ကြိမ်တစ်ခါပြောပြခဲ့ဖူးသည်။

ဝေ့စန်း ဘာတင်ဒါဆီမှ အရက်ခွက်ကိုလက်ခံလိုက်ပြီး သောက်နေတုန်း ဤဆိုင်နှင့် ရင်းနှီးနေသည့်ဟန်ဖြစ်သွားကာ ဘေးနားမှလူများနှင့် စကားစမြည်ပြောနေသည်မှာ နံရံကိုခုန်ကျော်လာသည်မှာ အပျော်ရှာရန်အတွက် ဖြစ်နေသည့်အလားပင်။

မှောင်ရိပ်ကျနေသည့် လမ်းထောင့်တစ်နေရာတွင် နံရံခုန်ကျော်ပြီး ကစားရန်ထွက်လာသည့်လူကိုကြည့်နေသောလူက ရုတ်တရက် သူ့ကိုယ်သူ ရယ်မောလိုက်တော့သည်။ သူ အလေလိုက်မိသွားခဲ့လေပြီ။

သို့သော် ဤကျောင်းသူလေးလည်း အလွန်အလေလိုက်လွန်းနေခဲ့သည်။

.....

ဝေ့စန်း ဘားထဲတွင် နာရီဝက်ကြာ လည်ပတ်နေပြီးမှ စောင့်ကြည့်ခံနေရသော ခံစားချက် ပျောက်ကွယ်သွားကြောင်း သေချာလေမှ ထွက်သွားရဲတော့သည်။

ငွေရှင်းချိန်တွင် ဘားတင်ဒါက ပြုံးပြုံးလေးပြောလာသည်။
"ကြယ်ဒင်္ဂါး 16,000...."

ဝေ့စန်း မီနူးကိုထပ်တောင်းလိုက်သည်။
"......"

သူမ ဈေးအကြီးဆုံးသောက်စရာကို မှာလိုက်မိခဲ့ခြင်းဖြစ်သည်။

သူမ ဘာမှမလုပ်ရသေးသော်လည်း 16,000ကုန်သွားခဲ့ပြီဖြစ်သည်။ ဝေ့စန်း ခေါင်းကိုက်စွာ အသက်ရှူထုတ်လိုက်မိသွားတော့သည်။

သူမ မြေအောက်ထပ်သို့သွားပြီး တိမ်လွှာဖြိုခွင်းအတောင်ပံများ၏ အဓိက တည်ဆောက်ပုံကိုပြင်ဆင်ကာ နောက်တစ်နေ့ မနက်စောစောတွင် ကျောင်းသို့ပြန်သွားလိုက်သည်။ အဆောင်ခန်းသို့ပြန်ရောက်ချိန်တွင် ချင်ခဲ့ ချန်ထားခဲ့သော စာကို သတိထားမိသွားခဲ့သည်။ ထိုစာကိုဘေးချကာ အိပ်စက်လိုက်တော့သည်။ သူမ နိုးလာချိန်တွင် ဒန်မိုကလီးစ်စစ်တက္ကသိုလ်၏ လေထုတစ်ခုလုံးက ပြောင်းလဲနေခဲ့မည်ဟု မသိခဲ့ချေ။

*****
27.1.2025

ဒီnovelမှာ romanceပါပါတယ်
မစိုးရိမ်ကြပါနဲ့ ကျွန်မတို့ရဲ့ မကြီးဝေ့စန်း faမဖြစ်ပါဘူး စိတ်ချထားကြပါ 🤣🤣



#Zawgyi
အပိုင္း (၇၄)

သူတစ္ေယာက္တည္းသာ ေလာကႀကီးထဲတြင္ ခက္ခဲေနသလို ေျပာလာသျဖင့္ ေဝ့စန္းက သူမမွာ အလြန္အမင္မတန္မြဲေတလြန္းေသာ္လည္း ေန႔တိုင္း သက္ျပင္းခ်မေနဟု ေတြးလိုက္မိသည္။

"နင္ ဘယ္ေတာ့မွ အႏိုင္မယူႏိုင္မယ့္ ကံၾကမၼာရွိေနတဲ့ လူတစ္ေယာက္နဲ႔တိုက္ခိုက္ရမယ္ဆိုရင္ နင္ဘာလုပ္မလဲ?"
ခ်င္ခဲ့ ႐ုတ္တရက္ေမးလာသည္။

"အိမ္ျပန္မယ္...."
ေဝ့စန္းက စိတ္ၾကည္ေနျခင္းမရွိသျဖင့္ ဝတ္ေက်တမ္းေက်သာ ျပန္ေျဖလာသည္။

"အဲ့လိုက သိပ္မေကာင္းဘူး... ရည္မွန္းခ်က္နည္းလြန္းရာက်ေနမယ္..."
ခ်င္ခဲ့ သူ႔ေျခေထာက္ေပၚတြင္ လက္ကိုယွက္၍ထိုင္ေနလိုက္သည္။
"ၿပီးေတာ့ ငါတို႔က တိုက္ခိုက္မွကိုရမွာ..."

ေဝ့စန္း ျပန္လွည့္လာၿပီး ခ်င္ခဲ့ကိုၾကည့္လိုက္သည္။
"ငါ့ကို ရွင္းျပဖို႔လာမေျပာနဲ႔... ငါနင့္ကို 'လုပ္သာလုပ္' ဆိုတဲ့စကားလုံး အလကား လက္ေဆာင္ေပးလိုက္မယ္... ဒါေၾကာင့္မလို႔ ႏွစ္ေတြအမ်ားႀကီး သိလာၾကတဲ့သူငယ္ခ်င္းေတြအေနနဲ႔ နင္ငါ့ကိုအိပ္ခြင့္ေပးႏိုင္မလား..."

ခ်င္ခဲ့ ေဝ့စန္းကိုၾကည့္လိုက္သည္။
"နင္ ေန႔လည္ဘက္ႀကီးအိပ္ေနပါလား... ဘာလဲ ညတုန္းက သူခိုးလုပ္ေနရလို႔လား?"

အနာေပၚတုတ္က်သြားေသာ ေဝ့စန္းက ေမးလိုက္ေတာ့သည္။
"နင္ဘာလိုေနေသးလဲ?"

ခ်င္ခဲ့ ေခါင္းခါလိုက္ကာ ကုတင္ေပၚတြင္ ဆန႔္ဆန႔္ႀကီး လွဲလိုက္သည္။
"ငါလည္း ခဏေလာက္နားခ်င္လို႔ နင့္အိပ္ရာကို ခဏငွားေပးဦး..."

"ၾကယ္ဒဂၤါး ငါးေထာင္...."
ေဝ့စန္း နံရံဘက္ကိုလွည့္သြားျပန္သည္။
"ငါ့ကို လႊဲေပးဖို႔ မေမ့နဲ႔..."

"နင္လာလို႔ အဲ့ေလာက္တြန႔္တိုရတာလဲ?"

ခ်င္ တြန႔္တိုျခင္းဘုရင္ ခဲ့က အျပစ္တင္စကားဆိုလိုက္ၿပီး ေဝ့စန္းဆီသို႔ ၾကယ္ဒဂၤါး ငါးေထာင္လႊဲၿပီး မ်က္လုံးမွိတ္ အိပ္လိုက္ေတာ့သည္။

သူမ ႏွစ္နာရီၾကာ အိပ္မည္ဟု စီစဥ္ထားခဲ့ေသာ္လည္း ခ်င္ခဲ့က လာေရာက္ေႏွာက္ယွက္သြားခဲ့သည္။ ေဝ့စန္း တစ္နာရီသာအိပ္စက္ခဲ့ရၿပီး ႏိုးလာေတာ့သည္။ ေဝ့စန္း ကုတင္ေပၚတြင္ထိုင္ၿပီး ကိုယ့္ေခါင္းကိုယ္ ခဏဖိထားလိုက္ရသည္။ အိပ္ရာကႏိုး၍ ျပန္သြားလွ်င္ တံခါးပိတ္ခဲ့ရန္ စာတိုေလးေရးလိုက္ၿပီး ခ်င္ခဲ့အိပ္ေနသည့္ ကုတင္ေခါင္းရင္းတြင္ထားလိုက္သည္။

ထြက္မသြားခင္တြင္ ေဝ့စန္းက အိပ္ေနဆဲျဖစ္ေသာ ခ်င္ခဲ့ကို ၾကည့္လိုက္ၿပီး သူမတို႔ ေက်ာင္းတြင္ ပထမဆုံးဆုံခ်ိန္ထက္ ပို၍ ပိန္ပါးသြားေၾကာင္း သတိထားလိုက္မိသည္။ လက္ရွိတြင္ သူ႔ထံ၌ မ်က္တြင္းမည္းမ်ားလည္း ရွိေနေသးသည္။

Sအဆင့္ အုပ္ခ်ဳပ္သူမ်ား ေန႔တိုင္း ဘာေတြေလ့လာသလဲသူမ မသိေသာ္လည္း ခ်င္ခဲ့ကထိုအတိုင္း ေန႔တိုင္းေလ့လာေနခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္လည္း ခ်င္ခဲ့က နဂိုကတည္းက ဉာဏ္ေကာင္းၿပီးသားျဖစ္သည္။ လက္ရွိတြင္ တစ္စုံတစ္ေယာက္က ခ်င္ခဲ့ကိုပင္ သူ႔ကိုယ္သူ မႏိုင္မယူႏိုင္ဟု ေတြးမိသြားေစခဲ့သည္။ ထိုသူက မည္မွ်အင္အားႀကီးသလဲ သူမ မသိေပ။

.....

ခ်င္ခဲ့က သူ႔ light brain၏ ဆက္သြယ္သံေၾကာင့္ ႏိုးလာခဲ့သည္။ သူ ထလိုက္ၿပီး light brainေပၚမွ သတင္းကိုၾကည္ၿပီး မ်က္ဝန္းမ်ားက နက္ရႈိင္းသြားရသည္။

ထြက္မသြားခင္တြင္ ကုတင္ေပၚမွ စာတိုေလးကိုသတိထားမိ၍ ေကာက္ယူ၍ဖတ္ၿပီး ၿပဳံးလိုက္မိသည္။ သူလည္း စားပြဲေပၚတြင္ေတြ႕သည့္ ႀကဳံရာေဘာပင္ကိုေကာက္၍ ထိုစာတိုေလး၏ေအာက္တြင္ ထပ္မံေရးသားလိုက္သည္ : မနက္ျဖန္က်ရင္ ေက်းဇူးျပဳၿပီးေတာ့ ပၪၥမေျမာက္ကန္တင္းကို ညစာလာစားလွည့္... ငါေကြၽးမယ္...

ေဝ့စန္းက ယေန႔ညတြင္ အေဆာင္မျပန္သျဖင့္ ထိုစာကို မျမင္လိုက္ေခ်။ ညေနခင္းေရာက္သည္ႏွင့္ နံရံေပၚတိုက္႐ိုက္ခုန္ေက်ာ္ကာ အျပင္ထြက္လိုက္ၿပီး တိမ္လႊာၿဖိဳခြင္းအေတာင္ပံမ်ား၏ အဓိကတည္ေဆာက္ပုံကို စတင္ရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္သည္။

ပထမဆုံးအႀကိမ္ နံရံခုန္ေက်ာ္ၿပီးကတည္းက ေဝ့စန္းက အေတာ္ေလးကြၽမ္းက်င္ေနၿပီျဖစ္သည္။ သူမ အေစာင့္မ်ားကို ေအာင္ျမင္စြာျဖတ္ေက်ာ္ၿပီး နံရံေအာက္သို႔ေရာက္လာခဲ့သည္။

"ဟိုတစ္ေယာက္ထပ္ေရာက္လာျပန္ၿပီ.... အေစာင့္ေတြရဲ႕သတိကို ထပ္ၿပီးျမႇင့္တင္မွရေတာ့မယ္..."

"ၿပီးျပည့္စုံေအာင္ ကာကြယ္ထားတာမရွိဘူးပဲ..."
ျပတင္းေပါက္ေရွ႕မွလူက ၿပဳံးလိုက္သည္။
"ငါ့မွာ လုပ္စရာလည္းရွိမေနေတာ့ တစ္ခ်က္ေလာက္ လိုက္ၾကည့္လိုက္ပါမယ္..."

"ဗိုလ္မႉး....."
သူ႔ေဘးမွလူက စကားေျပာရပ္သြားခဲ့သည္။

"ဒီေလာက္ထိ အရမ္းေတြသတၱိရွိေနတယ္ဆိုေတာ့ အဲ့တစ္ေယာက္မွာ ကြၽမ္းက်င္မႈေတာ့ရွိရမယ္..."
ဗိုလ္မႉးဟု အေခၚခံလိုက္ရေသာလူက တစ္ဖက္လူ၏စကားျဖတ္ေျပာမႈကို လက္တစ္ဖက္ကိုေျမႇာက္၍သာ တားလိုက္ၿပီး ျပတင္းေပါက္ကိုဖြင့္၍ ေအာက္ထပ္သို႔ တိုက္႐ိုက္ခုန္ဆင္းလိုက္သည္မွာ ညအေမွာင္ထုကို ပိုင္စိုးေသာလူသား အလားပင္။

ေဝ့စန္း နံရံကိုခုန္ေက်ာ္ၿပီး အျပင္ထြက္လာသည္မွာ ေျမေအာက္စက္႐ုံႏွင့္ သိပ္မေဝးသည့္ေနရာသို႔ ေရာက္ေနခဲ့ၿပီျဖစ္သည္။ ေဝ့စန္း ဤေနရာမွျဖတ္သြားေနၾကျဖစ္သည္။ သို႔ေသာ္လည္း ယေန႔တြင္ သူမ အျပင္ထြက္လာကတည္းက တစ္ခုခုမွားေနသည္ဟု ခံစားေနခဲ့ရသည္။

ထိုေျပာမျပႏိုင္သည့္ ခံစားခ်က္က သူမေနာက္တြင္ တစ္ေယာက္ေယာက္လိုက္လာေနသည္ဟု ခံစားေနေစရသည္။

ေနာက္လွည့္ၾကည့္ရမည့္အစား ေဝ့စန္းေရွ႕ဆက္သြားခဲ့ေသာ္လည္း သူမ၏ေျခလွမ္းမ်ားကေတာ့ ဦးတည္ဘက္ေျပာင္းသြားခဲ့သည္။

ထိုလမ္းက အရက္ဆိုင္မ်ား ေရာင္စုံမီးအလင္းမ်ားႏွင့္ ျပည့္ႏွက္ေနသည္။ ညဘက္တြင္ လူစည္ေသာ လမ္းတစ္လမ္း ျဖစ္ပုံေပၚေလသည္။ ေဝ့စန္း လမ္းဆုံတစ္ခုသို႔ေရာက္ခ်ိန္တြင္ အရွိန္ေလွ်ာ့လိုက္ၿပီး အိတ္ကပ္ထဲလက္ထည့္၍ ဘားဆီသို႔ တည့္တည့္ေလွ်ာက္သြားလိုက္သည္။

"ဘာေသာက္ခ်င္လဲ?"
ဘား တင္ဒါက ေဝ့စန္းေရွ႕သို႔ မီႏူးကိုတြန္းပို႔လိုက္သည္။

ေဝ့စန္း က်ပန္းတစ္ခြက္မွာလိုက္ၿပီး ကိုယ့္ မ်က္ႏွာကိုကိုင္၍ အေနာက္သို႔လွည့္ၾကည့္လိုက္ေသာ္လည္း သံသယျဖစ္ဖြယ္တစ္ခုခုကို ရွာမေတြ႕ေပ။

ထူးဆန္းလိုက္တာ....

လီပိက ေဝ့စန္းတြင္ ဆိုး႐ြားထက္ရွလြန္းသည့္ အလိုလိုသိစိတ္ရွိေနသည္ဟု တစ္ႀကိမ္တစ္ခါေျပာျပခဲ့ဖူးသည္။

ေဝ့စန္း ဘာတင္ဒါဆီမွ အရက္ခြက္ကိုလက္ခံလိုက္ၿပီး ေသာက္ေနတုန္း ဤဆိုင္ႏွင့္ ရင္းႏွီးေနသည့္ဟန္ျဖစ္သြားကာ ေဘးနားမွလူမ်ားႏွင့္ စကားစျမည္ေျပာေနသည္မွာ နံရံကိုခုန္ေက်ာ္လာသည္မွာ အေပ်ာ္ရွာရန္အတြက္ ျဖစ္ေနသည့္အလားပင္။

ေမွာင္ရိပ္က်ေနသည့္ လမ္းေထာင့္တစ္ေနရာတြင္ နံရံခုန္ေက်ာ္ၿပီး ကစားရန္ထြက္လာသည့္လူကိုၾကည့္ေနေသာလူက ႐ုတ္တရက္ သူ႔ကိုယ္သူ ရယ္ေမာလိုက္ေတာ့သည္။ သူ အေလလိုက္မိသြားခဲ့ေလၿပီ။

သို႔ေသာ္ ဤေက်ာင္းသူေလးလည္း အလြန္အေလလိုက္လြန္းေနခဲ့သည္။

.....

ေဝ့စန္း ဘားထဲတြင္ နာရီဝက္ၾကာ လည္ပတ္ေနၿပီးမွ ေစာင့္ၾကည့္ခံေနရေသာ ခံစားခ်က္ ေပ်ာက္ကြယ္သြားေၾကာင္း ေသခ်ာေလမွ ထြက္သြားရဲေတာ့သည္။

ေငြရွင္းခ်ိန္တြင္ ဘားတင္ဒါက ၿပဳံးၿပဳံးေလးေျပာလာသည္။
"ၾကယ္ဒဂၤါး 16,000...."

ေဝ့စန္း မီႏူးကိုထပ္ေတာင္းလိုက္သည္။
"......"

သူမ ေဈးအႀကီးဆုံးေသာက္စရာကို မွာလိုက္မိခဲ့ျခင္းျဖစ္သည္။

သူမ ဘာမွမလုပ္ရေသးေသာ္လည္း 16,000ကုန္သြားခဲ့ၿပီျဖစ္သည္။ ေဝ့စန္း ေခါင္းကိုက္စြာ အသက္ရွဴထုတ္လိုက္မိသြားေတာ့သည္။

သူမ ေျမေအာက္ထပ္သို႔သြားၿပီး တိမ္လႊာၿဖိဳခြင္းအေတာင္ပံမ်ား၏ အဓိက တည္ေဆာက္ပုံကိုျပင္ဆင္ကာ ေနာက္တစ္ေန႔ မနက္ေစာေစာတြင္ ေက်ာင္းသို႔ျပန္သြားလိုက္သည္။ အေဆာင္ခန္းသို႔ျပန္ေရာက္ခ်ိန္တြင္ ခ်င္ခဲ့ ခ်န္ထားခဲ့ေသာ စာကို သတိထားမိသြားခဲ့သည္။ ထိုစာကိုေဘးခ်ကာ အိပ္စက္လိုက္ေတာ့သည္။ သူမ ႏိုးလာခ်ိန္တြင္ ဒန္မိုကလီးစ္စစ္တကၠသိုလ္၏ ေလထုတစ္ခုလုံးက ေျပာင္းလဲေနခဲ့မည္ဟု မသိခဲ့ေခ်။

*****
27.1.2025

ဒီnovelမွာ romanceပါပါတယ္
မစိုးရိမ္ၾကပါနဲ႔ ကြၽန္မတို႔ရဲ႕ မႀကီးေဝ့စန္း faမျဖစ္ပါဘူး စိတ္ခ်ထားၾကပါ 🤣🤣



You are reading the story above: TeenFic.Net