71

Background color
Font
Font size
Line height

#Unicode
အပိုင်း (၇၁)

တိမ်လွှာဖြိုခွင်းအတောင်ပံများနှင့် မဟူရာဒူးလေးတို့၏ အပြီးသတ်ထုတ်ကုန်က ဈေးကြီးမြင့်ရပေမည်။ ဝေ့စန်းက လေ့ကျင့်ချင်ပြီး တစ်ဝက်ဈေးအမြတ်လိုချင်သည်။ ထို့ကြောင့် သဘာဝကျစွာဖြင့် သူမကိုယ်တိုင် ကုန်ကြမ်းများဖြင့် လုပ်ရမည်ဖြစ်သည်။ ထိုနှစ်ခုက မက်ခါအသေးများအတွက် အများဆုံး အသုံးပြုလေ့ရှိသော လက်နက်များဖြစ်သော်လည်း သူမတွင် မည်သို့လုပ်ရမည်ဟူသော အကြမ်းဖျင်း အကြံအချို့သာရှိသည်။ သူမ စစ်တက္ကသိုလ်သို့ပြန်ပြီး အချက်အလက်များကို ရှာဖွေလှန်လှောကြည့်ရန် လိုအပ်နေပေသည်။

.....

စာကြည့်တိုက်တွင် Sအဆင့်မက်ခါများနှင့် ပတ်သတ်၍ အချက်အလက်များမရှိသော်လည်း Aအဆင့်မက်ခါများနှင့် ပတ်သတ်သည့် အချက်အလက်မျိုးစုံရှိနေပြီး ကျောင်းသားတိုင်းအတွက် အလကားကြည့်ရှုခွင့်ပေးထားသည်။ အတန်းပြီးသည်နှင့် ဝေ့စန်းက စာကြည့်တိုက်သို့အပြေးသွားကာ ကုန်ကြမ်းများစွာကို စာရင်းလုပ်ပြီး ဆိုင်ရှင်ဆီပို့၍ အကူအညီတောင်းလေသည်။

ညဘက်တွင်....

ဝေ့စန်း အဆောင်ခန်းထဲမှ ထွက်ကာ အမှောင်ထုထဲသို့ လှစ်ကနဲနေအောင် ပျောက်သွားခဲ့သည်။ ဘေးနားမှ ဖြတ်သွားဖြတ်လာ ကျောင်းသားများ ဖြတ်မသွားမချင်း ထွက်မလာချေ။ သူမ အဆောင် အပြင်အထိရောက်လာပြီး ရှိရှိသမျှ လုံခြုံရေး ကင်မရာများကို ရှောင်ရှားနိုင်ခဲ့သည်။

ကျောင်းသို့ရောက်ရောက်ချင်း ပထမဆုံးအပတ်တွင် သူမ ကျောင်းရှိလမ်းတိုင်းနှင့် လုံခြုံရေးကင်မရာရှိသမျှနေရာတိုင်းကို မှတ်သားကာ လူသူအရောက်အပေါက်နည်းသည့်နေရာတိုင်းကို ရှာဖွေထားခဲ့သည်။

ဝေ့စန်းတွင် မည်သည့်ရည်ရွယ်ချက်မှ ရှိမနေပေ။ သူမ ကြယ်စင် 3212ပေါ်၌ လီပိ၏ ထောင်ချောက်ထဲ တစ်ခါကျခဲ့ဖူးသဖြင့် ထို့နောက်တွင် အပြင်ဘက်ပတ်ဝန်းကျင်ကို အထူးအာရုံစိုက်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ကျောင်း၏လုံခြုံရေးကင်မရာများအပြင် ညနေခင်းတိုင်း၌ အစောင့်များက အမြဲတမ်းကင်းလှည့်နေတတ်သဖြင့် ဝေ့စန်းက အဆိုပါ အစောင့်များထံမှလည်း ပုန်းအောင်းနေခြင်းဖြစ်သည်။

မြောက်ဘက်ဆုံးထိသွားမည်ဆိုလျှင် ဒန်မိုကလီးစ်စစ်တက္ကသိုလ်၏ မြောက်ဘက်ပိုင်း၌ လုံခြုံရေးက အနည်းငယ်လျော့တိလျော့ရဲ ဆန်ပေသည်။ ဝေ့စန်း နံရံကိုခုန်ကျော်ရန်ပြင်လိုက်ချိန်တွင် အစောင့်တစ်ယောက်နှင့် တည့်တည့်တိုးလေသည်။

ဝေ့စန်း : "....ရှင်က ယီပေ့ကောကောလားလို့ မေးလို့ရမလားဟင်? ညီမက ကောကောရဲ့ အွန်လိုင်းချစ်သူ သိုးလေးပါ..."

ဆေးလိပ်ခဏသောက်ရန် အပြင်ထွက်လာသော အစောင့်အဖွဲ့ခေါင်းဆောင် : ဘယ်နှခုနစ်တောင်ရောက်နေပြီလဲ... အခုထိ အွန်လိုင်းကနေ ရည်းစားထားတာမျိုးရှိနေသေးတာလား?

သူ ဝေ့စန်းကို မရှင်းပြနိုင်လောက်သည့် အကြည့်များဖြင့် ကြည့်လာသည်။
"မင်းလူမှားနေပြီ... စစ်တက္ကသိုလ်ကိုတောင်ရောက်နေမှတော့ စာသေချာကြိုးစားပြီး အနာဂတ်မှာ စစ်တပ်နယ်မြေတစ်ခုမှာ တိုက်ခိုက်နိုင်အောင် ကြိုးစား... တစ်နေကုန် တစ်နေခမ်း လျှောက်ဆော့မနေနဲ့..."

"ခွင့်ပြုပါဦး စီနီယာ... ညီမ အခုပဲပြန်သွားပါတော့မယ်..."
ဝေ့စန်း ရှက်ရွံ့သွားသည့်ဟန်ဖြစ်သွားပြီး လှည့်ထွက်သွားခဲ့သည်။

တစ်ဖက်လူ ပြန်ထွက်သွားသည့်ခြေသံများကိုကြားချိန်တွင် ဝေ့စန်း ချက်ချင်း ပြန်ရောက်လာခဲ့သည်။

ညအမှောင်၏ ဖုံးကွယ်ပေးထားမှုအောက်တွင် သူမ ကင်မရာများကို ရှောင်နိုင်ခဲ့သည်။ ဝေ့စန်းတစ်ယောက် နံရံ၏အရိပ်ထဲတွင် ပုန်းအောင်းနေသော ကြောင်တစ်ကောင်ကဲ့သို့ သူမ၏ သတိတို့ကို အဆုံးအစွန်အထိ မြှင့်တင်ထားပြီး ပတ်ဝန်းကျင်တွင် မည်သူမှ မရှိတော့ကြောင်း သေချာမှ နံရံပေါ်ခုန်ကျော်ကာ ထွက်သွားလိုက်သည်။

အတော်လေး လွယ်တာပဲ...

ဝေ့စန်း နံရံအပြင်တွင်ရပ်ကာ သက်ပြင်းချလိုက်သည်။ သူမ မြေအောက်စက်ရုံဆီသို့ ချက်ချင်းအပြေးသွားလိုက်တော့သည်။ သူမတွင် မက်ခါကိုအသွင်ပြောင်းပေးရန် ငါးညသာ အချိန်ရှိပေသည်။

.....

"အခု ကျောင်းကနံရံတွေက ခုန်ကျော်ဖို့ လွယ်နေပြီလား?"

ဒန်မိုကလီးစ်စစ်တက္ကသိုလ်၏မြောက်ဘက် အဆောက်အဦးရှိ ပြတင်းပေါက်တစ်ခုကို မှီနေသော အမျိုးသားတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။

ထို့နောက်တွင် အရိပ်ထဲမှ လူတစ်ယောက်က ပြောလာသည်။
"အဲ့လူကို ပြန်ဖမ်းလာဖို့ အစောင့်တွေကို ပြောလိုက်ပါ့မယ်..."

ပြတင်းပေါက်ကို မှီနေသော ထိုအမျိုးသားက ရုတ်တရက် အဓိပ္ပါယ်ဖော်မရသောအပြုံးတစ်ခု ပြုံးပြလာသည်။
"အလျှင်မလိုပါဘူး..."

*****

20.1.2025

ဘယ်သူများဖြစ်နေမလဲ 👀




#Zawgyi
အပိုင္း (၇၁)

တိမ္လႊာၿဖိဳခြင္းအေတာင္ပံမ်ားႏွင့္ မဟူရာဒူးေလးတို႔၏ အၿပီးသတ္ထုတ္ကုန္က ေဈးႀကီးျမင့္ရေပမည္။ ေဝ့စန္းက ေလ့က်င့္ခ်င္ၿပီး တစ္ဝက္ေဈးအျမတ္လိုခ်င္သည္။ ထို႔ေၾကာင့္ သဘာဝက်စြာျဖင့္ သူမကိုယ္တိုင္ ကုန္ၾကမ္းမ်ားျဖင့္ လုပ္ရမည္ျဖစ္သည္။ ထိုႏွစ္ခုက မက္ခါအေသးမ်ားအတြက္ အမ်ားဆုံး အသုံးျပဳေလ့ရွိေသာ လက္နက္မ်ားျဖစ္ေသာ္လည္း သူမတြင္ မည္သို႔လုပ္ရမည္ဟူေသာ အၾကမ္းဖ်င္း အႀကံအခ်ိဳ႕သာရွိသည္။ သူမ စစ္တကၠသိုလ္သို႔ျပန္ၿပီး အခ်က္အလက္မ်ားကို ရွာေဖြလွန္ေလွာၾကည့္ရန္ လိုအပ္ေနေပသည္။

.....

စာၾကည့္တိုက္တြင္ Sအဆင့္မက္ခါမ်ားႏွင့္ ပတ္သတ္၍ အခ်က္အလက္မ်ားမရွိေသာ္လည္း Aအဆင့္မက္ခါမ်ားႏွင့္ ပတ္သတ္သည့္ အခ်က္အလက္မ်ိဳးစုံရွိေနၿပီး ေက်ာင္းသားတိုင္းအတြက္ အလကားၾကည့္ရႈခြင့္ေပးထားသည္။ အတန္းၿပီးသည္ႏွင့္ ေဝ့စန္းက စာၾကည့္တိုက္သို႔အေျပးသြားကာ ကုန္ၾကမ္းမ်ားစြာကို စာရင္းလုပ္ၿပီး ဆိုင္ရွင္ဆီပို႔၍ အကူအညီေတာင္းေလသည္။

ညဘက္တြင္....

ေဝ့စန္း အေဆာင္ခန္းထဲမွ ထြက္ကာ အေမွာင္ထုထဲသို႔ လွစ္ကနဲေနေအာင္ ေပ်ာက္သြားခဲ့သည္။ ေဘးနားမွ ျဖတ္သြားျဖတ္လာ ေက်ာင္းသားမ်ား ျဖတ္မသြားမခ်င္း ထြက္မလာေခ်။ သူမ အေဆာင္ အျပင္အထိေရာက္လာၿပီး ရွိရွိသမွ် လုံၿခဳံေရး ကင္မရာမ်ားကို ေရွာင္ရွားႏိုင္ခဲ့သည္။

ေက်ာင္းသို႔ေရာက္ေရာက္ခ်င္း ပထမဆုံးအပတ္တြင္ သူမ ေက်ာင္းရွိလမ္းတိုင္းႏွင့္ လုံၿခဳံေရးကင္မရာရွိသမွ်ေနရာတိုင္းကို မွတ္သားကာ လူသူအေရာက္အေပါက္နည္းသည့္ေနရာတိုင္းကို ရွာေဖြထားခဲ့သည္။

ေဝ့စန္းတြင္ မည္သည့္ရည္႐ြယ္ခ်က္မွ ရွိမေနေပ။ သူမ ၾကယ္စင္ 3212ေပၚ၌ လီပိ၏ ေထာင္ေခ်ာက္ထဲ တစ္ခါက်ခဲ့ဖူးသျဖင့္ ထို႔ေနာက္တြင္ အျပင္ဘက္ပတ္ဝန္းက်င္ကို အထူးအာ႐ုံစိုက္ျဖစ္ခဲ့ျခင္းျဖစ္သည္။

ေက်ာင္း၏လုံၿခဳံေရးကင္မရာမ်ားအျပင္ ညေနခင္းတိုင္း၌ အေစာင့္မ်ားက အၿမဲတမ္းကင္းလွည့္ေနတတ္သျဖင့္ ေဝ့စန္းက အဆိုပါ အေစာင့္မ်ားထံမွလည္း ပုန္းေအာင္းေနျခင္းျဖစ္သည္။

ေျမာက္ဘက္ဆုံးထိသြားမည္ဆိုလွ်င္ ဒန္မိုကလီးစ္စစ္တကၠသိုလ္၏ ေျမာက္ဘက္ပိုင္း၌ လုံၿခဳံေရးက အနည္းငယ္ေလ်ာ့တိေလ်ာ့ရဲ ဆန္ေပသည္။ ေဝ့စန္း နံရံကိုခုန္ေက်ာ္ရန္ျပင္လိုက္ခ်ိန္တြင္ အေစာင့္တစ္ေယာက္ႏွင့္ တည့္တည့္တိုးေလသည္။

ေဝ့စန္း : "....ရွင္က ယီေပ့ေကာေကာလားလို႔ ေမးလို႔ရမလားဟင္? ညီမက ေကာေကာရဲ႕ အြန္လိုင္းခ်စ္သူ သိုးေလးပါ..."

ေဆးလိပ္ခဏေသာက္ရန္ အျပင္ထြက္လာေသာ အေစာင့္အဖြဲ႕ေခါင္းေဆာင္ : ဘယ္ႏွခုနစ္ေတာင္ေရာက္ေနၿပီလဲ... အခုထိ အြန္လိုင္းကေန ရည္းစားထားတာမ်ိဳးရွိေနေသးတာလား?

သူ ေဝ့စန္းကို မရွင္းျပႏိုင္ေလာက္သည့္ အၾကည့္မ်ားျဖင့္ ၾကည့္လာသည္။
"မင္းလူမွားေနၿပီ... စစ္တကၠသိုလ္ကိုေတာင္ေရာက္ေနမွေတာ့ စာေသခ်ာႀကိဳးစားၿပီး အနာဂတ္မွာ စစ္တပ္နယ္ေျမတစ္ခုမွာ တိုက္ခိုက္ႏိုင္ေအာင္ ႀကိဳးစား... တစ္ေနကုန္ တစ္ေနခမ္း ေလွ်ာက္ေဆာ့မေနနဲ႔..."

"ခြင့္ျပဳပါဦး စီနီယာ... ညီမ အခုပဲျပန္သြားပါေတာ့မယ္..."
ေဝ့စန္း ရွက္႐ြံ႕သြားသည့္ဟန္ျဖစ္သြားၿပီး လွည့္ထြက္သြားခဲ့သည္။

တစ္ဖက္လူ ျပန္ထြက္သြားသည့္ေျခသံမ်ားကိုၾကားခ်ိန္တြင္ ေဝ့စန္း ခ်က္ခ်င္း ျပန္ေရာက္လာခဲ့သည္။

ညအေမွာင္၏ ဖုံးကြယ္ေပးထားမႈေအာက္တြင္ သူမ ကင္မရာမ်ားကို ေရွာင္ႏိုင္ခဲ့သည္။ ေဝ့စန္းတစ္ေယာက္ နံရံ၏အရိပ္ထဲတြင္ ပုန္းေအာင္းေနေသာ ေၾကာင္တစ္ေကာင္ကဲ့သို႔ သူမ၏ သတိတို႔ကို အဆုံးအစြန္အထိ ျမႇင့္တင္ထားၿပီး ပတ္ဝန္းက်င္တြင္ မည္သူမွ မရွိေတာ့ေၾကာင္း ေသခ်ာမွ နံရံေပၚခုန္ေက်ာ္ကာ ထြက္သြားလိုက္သည္။

အေတာ္ေလး လြယ္တာပဲ...

ေဝ့စန္း နံရံအျပင္တြင္ရပ္ကာ သက္ျပင္းခ်လိုက္သည္။ သူမ ေျမေအာက္စက္႐ုံဆီသို႔ ခ်က္ခ်င္းအေျပးသြားလိုက္ေတာ့သည္။ သူမတြင္ မက္ခါကိုအသြင္ေျပာင္းေပးရန္ ငါးညသာ အခ်ိန္ရွိေပသည္။

.....

"အခု ေက်ာင္းကနံရံေတြက ခုန္ေက်ာ္ဖို႔ လြယ္ေနၿပီလား?"

ဒန္မိုကလီးစ္စစ္တကၠသိုလ္၏ေျမာက္ဘက္ အေဆာက္အဦးရွိ ျပတင္းေပါက္တစ္ခုကို မွီေနေသာ အမ်ိဳးသားတစ္ေယာက္က ေမးခြန္းထုတ္လိုက္သည္။

ထို႔ေနာက္တြင္ အရိပ္ထဲမွ လူတစ္ေယာက္က ေျပာလာသည္။
"အဲ့လူကို ျပန္ဖမ္းလာဖို႔ အေစာင့္ေတြကို ေျပာလိုက္ပါ့မယ္..."

ျပတင္းေပါက္ကို မွီေနေသာ ထိုအမ်ိဳးသားက ႐ုတ္တရက္ အဓိပၸါယ္ေဖာ္မရေသာအၿပဳံးတစ္ခု ၿပဳံးျပလာသည္။
"အလွ်င္မလိုပါဘူး..."

*****

20.1.2025

ဘယ္သူမ်ားျဖစ္ေနမလဲ 👀




You are reading the story above: TeenFic.Net