67

Background color
Font
Font size
Line height

#Unicode
အပိုင်း (၆၇)

L2မှလူများက ပထမထပ်သို့ ပြန်သွားနိုင်သော်လည်း အစားအသောက်နှင့် နေရာထိုင်ခင်းတို့က အလကားမရတော့ချေ။ မြေအောက်ဒုတိယထပ်တွင် အမှတ်များသာ ဖလှယ်၍ ရတော့သည်။

သူမ၏အမှတ်များကို ပေးချေပြီးနောက်တွင် ဝေ့စန်း စားသောက်ခန်းထဲဝင်လိုက်သည်။ အစားအသောက်များ၏ အရည်အသွေးက ပထမထပ်ထက် ပို၍ ကောင်းမွန်သလို အမျိုးအစားကလည်း ပထမထပ်ထက် နှစ်ဆပိုများပေသည်။ သူမ အစားအသောက်တစ်ပန်းကန်ကြီးယူလာပြီး ထိုင်ခုံတစ်နေရာရှာ၍ ဝင်ထိုင်လိုက်သည်။

စားသောက်ခန်းထဲတွင် စခရင်များစွာ တွဲလျားကျနေလျက်ရှိသည်။ ၎င်းတို့တွင် လက်ရှိ ပြိုင်ကွင်းများ၌ ဖြစ်ပွားနေကြသော ပြုင်ပွဲအားလုံးကို ပြသနေသည်။ ဝေ့စန်း ဗိုက်ဖြည့်နေရင်း အဆိုပါ တိုက်ရိုက်ထုတ်လွှင့်များကို တစ်ခုချင်းဆီ လိုက်ကြည့်နေလိုက်သည်။ သူမ တစ်စုံတစ်ခုကို ချက်ချင်းသတိထားမိသွားသည်။ ၎င်းမှာ ဒုတိယထပ်ရှိ ပြိုင်ပွဲဝင်မက်ခါများမှာ အခြေခံအားဖြင့် အသွင်ပြောင်းပြီးသားများဖြစ်ကြပြီး မက်ခါများ၏ခွန်အားကလည်း လက်နက်မျိုးစုံကြောင့် အလွန်တိုးတက်နေပြီဖြစ်ကြောင်း ဖြစ်သည်။

"အနောက်ဘက်ဆိပ်ကမ်း..."

"တကယ် သူဟ!"

"သူက မြေအောက်စက်ရုံကပေးတဲ့ မူရင်းမက်ခါကိုသုံးပြီး ဒီမနက်တင် ဆယ့်ငါးပွဲဆက်တိုက်နိုင်ထားတာ..."

စကားပြောနေသံများကိုကြားချိန်တွင် ဝေ့စန်း ခေါင်းမော့ပြီး အသံလာရာကိုကြည့်လိုက်သည်။ တစ်ဖက်လူကလည်း သူမ၏ အကြည့်များကို သတိထားမိသွားပြီး ပန်းကန်ကိုကိုင်၍ သူမရှိရာဆီ တိုက်ရိုက် လာလေတော့သည်။

"ဒီမှာ ထိုင်တဲ့သူရှိလား?"

ဝေ့စန်း သူမပန်းကန်ကိုဘေးတိုးပေးပြီး ပြောလိုက်သည်။
"မရှိဘူး..."

အနောက်ဘက်ဆိပ်ကမ်းက ထိုင်ချလိုက်ပြီး တိတ်တဆိတ်စားတော့သည်။ သူ မျက်နှာဖုံးပြောင်းလိုက်လေပြီ။ ငွေရောင်မျက်နှာဖုံးဖြစ်နေဆဲဖြစ်သော်လည်း ဝေ့စန်းကဲ့သို့ မျက်နှာအပေါ်ခြမ်းကိုသာဖုံးထားလေသည်။

အချိန်ခဏကြာမှ အနောက်ဘက်ဆိပ်ကမ်းက စကားစပြောလာသည်။
"မင်းက ကျောင်းသားလား?"

"မဟုတ်ဘူး..."
ဝေ့စန်း ချက်ချင်းငြင်းဆိုလိုက်လေသည်။ မြေအောက်အမှောင်တိုက်ပွဲများဆိုသည်မှာ လေးနက်သည့်လူများအတွက် နေရာမျိုးမဟုတ်ချေ။ သူမ ကိုယ့်အထောက်အထားကိုယ် ဘာလို့ဖော်ထုတ်ရမှာလဲ? စကားလမ်းကြောင်းလွှဲရန်အတွက် သူမ အနောက်ဘက်ဆိပ်ကမ်းကို ကြည့်၍မေးလိုက်သည်။
"နင်ဘာလို့ အဆင့်ကျော်မတက်တာလဲ?"

အနောက်ဘက်ဆိပ်ကမ်းက ကြောင်အသွားခဲ့သည်။
"အဆင့်ကျော်တက်တာ?"

ဝေ့စန်းက သူနားမလည်ကြောင်း မြင်လိုက်ရ၍ ပြောပြလိုက်သည်။
"L0ကနေ L3အထိ အဆင့်တက်ဖို့ဆိုရင် သက်ဆိုင်ရာ အမှတ်တွေကို စုနိုင်ရင်တင်ရတယ်လေ... ပွဲတစ်ရာလုံးနိုင်ဖို့ မလိုပါဘူး... နင့်ကို စာရင်းသွင်းပေးတဲ့ ပွဲစားကမပြောပြဘူးလား..."

အနောက်ဘက်ဆိပ်ကမ်းက အချိန်အတော်ကြာအောင် တိတ်ကျသွားသည်။
"... အဲ့တုန်းက ငါမေ့သွားတာထင်တယ်..."

အမှန်တကယ်မှာ အနောက်ဘက်ဆိပ်ကမ်းတွင် ဤနေရာကို သေချာနားလည်ပါသော လူကောင်ကြီးကြီးတစ်ယောက်၏အသွင်ရှိနေသဖြင့် ပွဲစားမှာ ဘာမှမပြောရဲ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

"L2ကနေ L3အထိ အဆင့်ခုန်တက်ဖို့ ပွဲပေါင်း 49ပွဲ နိုင်ဖို့ပဲလိုအပ်လောက်မယ်... နင့်မှာရှိတဲ့ အမှတ်တွေကို အများကြီးမသုံးထားဘူးဆိုရင်ပေါ့လေ..."

အနောက်ဘက်ဆိပ်ကမ်းက ယခုတွင်ပင် 15ပွဲနိုင်ထားပြီးပြီဖြစ်သည်။ ဤနှုန်းထားဖြင့်ဆိုပါက မနက်ဖြန်တွင် အဆင့်တက်ရန် စိန်ခေါ်၍ ရပေတော့မည်။

ထိုစကားများပြောပြီးနောက်တွင် နှစ်ယောက်သား တိတ်ကျသွားခဲ့ပြီး စားပွဲဝိုင်းတွင် ဇွန်းသံ ပန်းကန်သံများသာ ကြားရလေတော့သည်။

ဝေ့စန်းက စားသောက်၍ ပြီးဆုံးခါနီးတွင် ပြိုင်ပွဲ ပွဲစဉ်များ၏ မျက်နှာပြင်ကိုဖွင့်လိုက်ပြီး ကျပန်း PKထဲဝင်လိုက်ကာ သူမ၏ ပြိုင်ပွဲနယ်မြေ နံပါတ်ကို သိလိုက်ရသဖြင့် မတ်တတ်ထရပ်လိုက်သည်။
"ငါသွားပြိုင်တော့မယ်နော်... တာ့တာ..."

"တာ့တာ..."
အနောက်ဘက်ဆိပ်ကမ်းက ယဉ်ကျေးသမှုဖြင့် ပြန်ပြောခဲ့သည်။

......

အသွင်ပြောင်းပြီးနောက်တွင် မက်ခါများက မူရင်းမက်ခါများနှင့် အတော်လေးကွာခြားသွားခဲ့ပြီဖြစ်သည်။ လက်နက်များက ဆင်တူသော်လည်း မက်ခါ၏စွမ်းအင်များက မတူဘဲလည်း ရှိနေတတ်သည်။ အဆုံးတွင် မူရင်း မက်ခါနှင့်သာ တိုက်ခိုက်နေသော ဝေ့စန်းမှာ အခြားသူများထက် ပိုမိုခက်ခဲသည့် အချိန်ကို ကြုံရလေတော့သည်။ သို့သော်လည်း သူမ၏ မက်ခါများကို တစ်စစီဖြုတ်ချင်သော ဝါသနာမှာ လုံးဝပျောက်ကွယ်မသွားခဲ့ပေ။

ဆန့်ကျင်ဘက်မှာတော့ မက်ခါအကြီးအမျိုးအစားဖြစ်ပြီး ဝေ့စန်း မက်ခါထက် နှစ်ဆမျှပိုကြီးလေသည်။ သူမ တိုက်ခိုက်မှုကိုရှောင်ရှားလိုက်ပြီး တစ်ဖက်လူ၏ လက်ကို ကြာပွတ်ဖြင့် ရစ်ပတ်လိုက်သည်။ ထိုအခွင့်အရေးကိုယူကာ တစ်ဖက်လူဆီ အမြန်ချဉ်းကပ်လိုက်ပြီး လက်ဆန့်တန်း၍ တစ်ဖက်လူ၏ဝမ်းဗိုက်၌ ထူးဆန်းသည့် ထောင့်အနေအထားဖြင့်တည်ရှိနေသော ခုခံရေး ချပ်ဝတ်ကို ဖြုတ်ချလိုက်ပြီး ခပ်မြန်မြန်ပြန်ဆုတ်လိုက်သည်။

တစ်ဖက်လူက သူ့ဗိုက်သူ ပြန်ငုံ့ကြည့်လိုက်သည်။ သူ၏ ခုခံရေးချပ်ဝတ်က ဤမျှလွယ်လွယ်ကူကူ ပြုတ်သွားနိုင်မည်ဟု မထင်ထားကြောင်း သိသာလှသည်။

*****

12.1.2025

သောကြာနေ့က မတင်ပေးမိတာ ဆောတီးပါနော်

မီးကလုံးဝမလာဘဲဖြစ်နေလို့ပါ 😭



#Zawgyi
အပိုင္း (၆၇)

L2မွလူမ်ားက ပထမထပ္သို႔ ျပန္သြားႏိုင္ေသာ္လည္း အစားအေသာက္ႏွင့္ ေနရာထိုင္ခင္းတို႔က အလကားမရေတာ့ေခ်။ ေျမေအာက္ဒုတိယထပ္တြင္ အမွတ္မ်ားသာ ဖလွယ္၍ ရေတာ့သည္။

သူမ၏အမွတ္မ်ားကို ေပးေခ်ၿပီးေနာက္တြင္ ေဝ့စန္း စားေသာက္ခန္းထဲဝင္လိုက္သည္။ အစားအေသာက္မ်ား၏ အရည္အေသြးက ပထမထပ္ထက္ ပို၍ ေကာင္းမြန္သလို အမ်ိဳးအစားကလည္း ပထမထပ္ထက္ ႏွစ္ဆပိုမ်ားေပသည္။ သူမ အစားအေသာက္တစ္ပန္းကန္ႀကီးယူလာၿပီး ထိုင္ခုံတစ္ေနရာရွာ၍ ဝင္ထိုင္လိုက္သည္။

စားေသာက္ခန္းထဲတြင္ စခရင္မ်ားစြာ တြဲလ်ားက်ေနလ်က္ရွိသည္။ ၎တို႔တြင္ လက္ရွိ ၿပိဳင္ကြင္းမ်ား၌ ျဖစ္ပြားေနၾကေသာ ျပဳင္ပြဲအားလုံးကို ျပသေနသည္။ ေဝ့စန္း ဗိုက္ျဖည့္ေနရင္း အဆိုပါ တိုက္႐ိုက္ထုတ္လႊင့္မ်ားကို တစ္ခုခ်င္းဆီ လိုက္ၾကည့္ေနလိုက္သည္။ သူမ တစ္စုံတစ္ခုကို ခ်က္ခ်င္းသတိထားမိသြားသည္။ ၎မွာ ဒုတိယထပ္ရွိ ၿပိဳင္ပြဲဝင္မက္ခါမ်ားမွာ အေျခခံအားျဖင့္ အသြင္ေျပာင္းၿပီးသားမ်ားျဖစ္ၾကၿပီး မက္ခါမ်ား၏ခြန္အားကလည္း လက္နက္မ်ိဳးစုံေၾကာင့္ အလြန္တိုးတက္ေနၿပီျဖစ္ေၾကာင္း ျဖစ္သည္။

"အေနာက္ဘက္ဆိပ္ကမ္း..."

"တကယ္ သူဟ!"

"သူက ေျမေအာက္စက္႐ုံကေပးတဲ့ မူရင္းမက္ခါကိုသုံးၿပီး ဒီမနက္တင္ ဆယ့္ငါးပြဲဆက္တိုက္ႏိုင္ထားတာ..."

စကားေျပာေနသံမ်ားကိုၾကားခ်ိန္တြင္ ေဝ့စန္း ေခါင္းေမာ့ၿပီး အသံလာရာကိုၾကည့္လိုက္သည္။ တစ္ဖက္လူကလည္း သူမ၏ အၾကည့္မ်ားကို သတိထားမိသြားၿပီး ပန္းကန္ကိုကိုင္၍ သူမရွိရာဆီ တိုက္႐ိုက္ လာေလေတာ့သည္။

"ဒီမွာ ထိုင္တဲ့သူရွိလား?"

ေဝ့စန္း သူမပန္းကန္ကိုေဘးတိုးေပးၿပီး ေျပာလိုက္သည္။
"မရွိဘူး..."

အေနာက္ဘက္ဆိပ္ကမ္းက ထိုင္ခ်လိုက္ၿပီး တိတ္တဆိတ္စားေတာ့သည္။ သူ မ်က္ႏွာဖုံးေျပာင္းလိုက္ေလၿပီ။ ေငြေရာင္မ်က္ႏွာဖုံးျဖစ္ေနဆဲျဖစ္ေသာ္လည္း ေဝ့စန္းကဲ့သို႔ မ်က္ႏွာအေပၚျခမ္းကိုသာဖုံးထားေလသည္။

အခ်ိန္ခဏၾကာမွ အေနာက္ဘက္ဆိပ္ကမ္းက စကားစေျပာလာသည္။
"မင္းက ေက်ာင္းသားလား?"

"မဟုတ္ဘူး..."
ေဝ့စန္း ခ်က္ခ်င္းျငင္းဆိုလိုက္ေလသည္။ ေျမေအာက္အေမွာင္တိုက္ပြဲမ်ားဆိုသည္မွာ ေလးနက္သည့္လူမ်ားအတြက္ ေနရာမ်ိဳးမဟုတ္ေခ်။ သူမ ကိုယ့္အေထာက္အထားကိုယ္ ဘာလို႔ေဖာ္ထုတ္ရမွာလဲ? စကားလမ္းေၾကာင္းလႊဲရန္အတြက္ သူမ အေနာက္ဘက္ဆိပ္ကမ္းကို ၾကည့္၍ေမးလိုက္သည္။

"နင္ဘာလို႔ အဆင့္ေက်ာ္မတက္တာလဲ?"

အေနာက္ဘက္ဆိပ္ကမ္းက ေၾကာင္အသြားခဲ့သည္။
"အဆင့္ေက်ာ္တက္တာ?"

ေဝ့စန္းက သူနားမလည္ေၾကာင္း ျမင္လိုက္ရ၍ ေျပာျပလိုက္သည္။
"L0ကေန L3အထိ အဆင့္တက္ဖို႔ဆိုရင္ သက္ဆိုင္ရာ အမွတ္ေတြကို စုႏိုင္ရင္တင္ရတယ္ေလ... ပြဲတစ္ရာလုံးႏိုင္ဖို႔ မလိုပါဘူး... နင့္ကို စာရင္းသြင္းေပးတဲ့ ပြဲစားကမေျပာျပဘူးလား..."

အေနာက္ဘက္ဆိပ္ကမ္းက အခ်ိန္အေတာ္ၾကာေအာင္ တိတ္က်သြားသည္။
"... အဲ့တုန္းက ငါေမ့သြားတာထင္တယ္..."

အမွန္တကယ္မွာ အေနာက္ဘက္ဆိပ္ကမ္းတြင္ ဤေနရာကို ေသခ်ာနားလည္ပါေသာ လူေကာင္ႀကီးႀကီးတစ္ေယာက္၏အသြင္ရွိေနသျဖင့္ ပြဲစားမွာ ဘာမွမေျပာရဲ ျဖစ္သြားခဲ့ျခင္းျဖစ္သည္။

"L2ကေန L3အထိ အဆင့္ခုန္တက္ဖို႔ ပြဲေပါင္း 49ပြဲ ႏိုင္ဖို႔ပဲလိုအပ္ေလာက္မယ္... နင့္မွာရွိတဲ့ အမွတ္ေတြကို အမ်ားႀကီးမသုံးထားဘူးဆိုရင္ေပါ့ေလ..."

အေနာက္ဘက္ဆိပ္ကမ္းက ယခုတြင္ပင္ 15ပြဲႏိုင္ထားၿပီးၿပီျဖစ္သည္။ ဤႏႈန္းထားျဖင့္ဆိုပါက မနက္ျဖန္တြင္ အဆင့္တက္ရန္ စိန္ေခၚ၍ ရေပေတာ့မည္။

ထိုစကားမ်ားေျပာၿပီးေနာက္တြင္ ႏွစ္ေယာက္သား တိတ္က်သြားခဲ့ၿပီး စားပြဲဝိုင္းတြင္ ဇြန္းသံ ပန္းကန္သံမ်ားသာ ၾကားရေလေတာ့သည္။

ေဝ့စန္းက စားေသာက္၍ ၿပီးဆုံးခါနီးတြင္ ၿပိဳင္ပြဲ ပြဲစဥ္မ်ား၏ မ်က္ႏွာျပင္ကိုဖြင့္လိုက္ၿပီး က်ပန္း PKထဲဝင္လိုက္ကာ သူမ၏ ၿပိဳင္ပြဲနယ္ေျမ နံပါတ္ကို သိလိုက္ရသျဖင့္ မတ္တတ္ထရပ္လိုက္သည္။
"ငါသြားၿပိဳင္ေတာ့မယ္ေနာ္... တာ့တာ..."

"တာ့တာ..."
အေနာက္ဘက္ဆိပ္ကမ္းက ယဥ္ေက်းသမႈျဖင့္ ျပန္ေျပာခဲ့သည္။

......

အသြင္ေျပာင္းၿပီးေနာက္တြင္ မက္ခါမ်ားက မူရင္းမက္ခါမ်ားႏွင့္ အေတာ္ေလးကြာျခားသြားခဲ့ၿပီျဖစ္သည္။ လက္နက္မ်ားက ဆင္တူေသာ္လည္း မက္ခါ၏စြမ္းအင္မ်ားက မတူဘဲလည္း ရွိေနတတ္သည္။ အဆုံးတြင္ မူရင္း မက္ခါႏွင့္သာ တိုက္ခိုက္ေနေသာ ေဝ့စန္းမွာ အျခားသူမ်ားထက္ ပိုမိုခက္ခဲသည့္ အခ်ိန္ကို ႀကဳံရေလေတာ့သည္။ သို႔ေသာ္လည္း သူမ၏ မက္ခါမ်ားကို တစ္စစီျဖဳတ္ခ်င္ေသာ ဝါသနာမွာ လုံးဝေပ်ာက္ကြယ္မသြားခဲ့ေပ။

ဆန႔္က်င္ဘက္မွာေတာ့ မက္ခါအႀကီးအမ်ိဳးအစားျဖစ္ၿပီး ေဝ့စန္း မက္ခါထက္ ႏွစ္ဆမွ်ပိုႀကီးေလသည္။ သူမ တိုက္ခိုက္မႈကိုေရွာင္ရွားလိုက္ၿပီး တစ္ဖက္လူ၏ လက္ကို ၾကာပြတ္ျဖင့္ ရစ္ပတ္လိုက္သည္။ ထိုအခြင့္အေရးကိုယူကာ တစ္ဖက္လူဆီ အျမန္ခ်ဥ္းကပ္လိုက္ၿပီး လက္ဆန႔္တန္း၍ တစ္ဖက္လူ၏ဝမ္းဗိုက္၌ ထူးဆန္းသည့္ ေထာင့္အေနအထားျဖင့္တည္ရွိေနေသာ ခုခံေရး ခ်ပ္ဝတ္ကို ျဖဳတ္ခ်လိုက္ၿပီး ခပ္ျမန္ျမန္ျပန္ဆုတ္လိုက္သည္။

တစ္ဖက္လူက သူ႔ဗိုက္သူ ျပန္ငုံ႔ၾကည့္လိုက္သည္။ သူ၏ ခုခံေရးခ်ပ္ဝတ္က ဤမွ်လြယ္လြယ္ကူကူ ျပဳတ္သြားႏိုင္မည္ဟု မထင္ထားေၾကာင္း သိသာလွသည္။

*****
12.1.2025

ေသာၾကာေန႔က မတင္ေပးမိတာ ေဆာတီးပါေနာ္

မီးကလုံးဝမလာဘဲျဖစ္ေနလို႔ပါ 😭



You are reading the story above: TeenFic.Net