64

Background color
Font
Font size
Line height

#Unicode
အပိုင်း (၆၄)

"ကောင်းပြီ... အားလုံး လူစုကြမယ်..."
ချန်စီ မက်ခါထိန်းချုပ်ခန်းထဲမှထွက်လာပြီး ကျောင်းသားများကိုကြည့်လိုက်သည်။ သူမ၏မျက်လုံးများက ဝေ့စန်းအပေါ်တွင် စက္ကန့်အနည်းငယ်ကြာအောင် ရစ်ဝဲသွားခဲ့သည်။

သူမ ခေါင်းငုံ့လိုက်ပြီး light brainကိုဖွင့်၍ လေ့ကျင့်ရေးကွင်းထဲတွင်ရှိသော ဧရာမ အလင်းမျက်နှာပြင်နှင့် ချိတ်ဆက်လိုက်သည်။
"အခု မင်းတို့တွေ ငါ့ဆီကနေ ဘယ်လိုအပစ်ခံလိုက်ရတာလဲဆိုတာ သေချာကြည့်လိုက်ကြတော့..."

မတိုင်ခင်က ကျောင်းသားအားလုံး ချန်စီကို တိုက်ခိုက်ခဲ့သည်များကို ဗွီဒီယိုဖမ်းထားခဲ့ပြီး ယခုအချိန်တွင် အလင်းမျက်နှာပြင်၌ ပြန်လည်ပြသနေသည်။

ချန်စီ၏တိုက်ခိုက်ပုံက တစ်မျိုးတည်းသာဖြစ်ပြီး ကျောင်းသားများ၏ အမှိုက်ဆန်သည့် တိုက်ခိုက်ပုံများ တစ်ခုချင်းဆီက ကွဲပြားခြားနားလှပြီး လူတိုင်း အလင်းမျက်နှာပြင်ကို ဆက်မကြည့်နိုင်ကြတော့ပေ။

ကျောင်းသားတစ်ယောက်ချင်းဆီတိုင်းက သူတို့၏ တိုက်ခိုက်ပုံကို မြင်လိုက်ရချိန်တိုင်း မြေကြီးတွင် တွင်းတူး၍သာ ခေါင်းဖွက်ထားချင်မိသွားကြသည်။ ဤသည်က ဆရာနှင့် တိုက်ခိုက်ခြင်းမဟုတ်ဘဲ ချန်စီက အသီးအရွက်လေးများကို အနိုင်ကျင့်ခြင်းပင်ဖြစ်ချေသည်။

ကျောင်းသားတစ်ယောက်၏ ဗွီဒီယိုကိုပြပြီးချိန်တိုင်း ချန်စီက မှတ်ချက်ချပြီး ပြဿနာအချို့ကို ထောက်ပြခဲ့သည်။ သူမ ဝေ့စန်း၏ ဗွီဒီယိုကိုဖွင့်ပြချိန်တွင် ရပ်တန့်ရန် ခလုတ်ကို နှိပ်လိုက်သည်။
"မင်း ငါ့ဆီကနေ ဘာကြောင့် အပစ် ခံခဲ့ရတယ်ထင်လဲ?"

ဝေ့စန်း : "ဘာကြောင့်လဲဆိုတော့ ကျွန်မက အရမ်းကို အမှိုက်ဆန်လို့ပါ..."

ပေါင်နားတွင် ရှိနေသော ချန်စီ၏လက်များက လှုပ်သွားရတော့သည်။ ဤကျောင်းသူမှာ တစ်ခါတစ်ရံတွင် သင်ခန်းစာပေးရန် (အရိုက်ခံရရန်) လိုအပ်ပေသည်။

"ကျည်ဆန်က မင်းရဲ့လမ်းကြောင်းကို ပိတ်လိုက်တဲ့ ဒုတိယအကြိမ်မှာ မင်းရဲ့ လှုပ်ရှားမှုကို ပိတ်ထားတယ်လို့ထင်နေတုန်းလား?"
ချန်စီ သူမကိုလှည့်ကြည့်လိုက်သည်။
"မင်းက တကယ့်ကိုအတွေ့အကြုံနုသေးတာပဲ...မင်း ငါ့ရဲ့ ကျည်ဆန်တွေကို ပစ်လိုက်နိုင်ကတည်းက လမ်းကြောင်းပြောင်းသွားခဲ့ပြီလေ..."

ပြောရင်းဆိုရင်း ချန်စီက ဗွီဒီယိုကို ဖွင့်လိုက်ပြီး ဖြေးဖြေးချင်း ပြန်ပြလိုက်သည်။

ဗွီဒီယိုထဲတွင် ဝေ့စန်း ပထမပစ်ချက်ကို ကိုယ်စောင်း၍ ရှောင်လိုက်ပြီး ချန်စီမှ သူမထွက်ပြေးရာ လမ်းကြောင်းကိုပိတ်ထားရန်အတွက် ပစ်လိုက်သည့် ကျည်ဆန်ကို ထိမိစေရန် တစ်ချက် ပြန်ပစ်လိုက်သည်။ နောက်တစ်ကြိမ်တွင် ချန်စီက သူမ၏ ပြေးပေါက်မှန်သမျှကို ပိတ်သည့်အနေဖြင့် နှစ်ဆပိုများသည့် ကျည်ဆန်များကို အဆက်မပြတ် ပစ်ခတ်လိုက်သော်လည်း အချိန်ကတိုတောင်းသည်ဖြစ်၍ သေသေချာချာမပစ်လိုက်ရသော နေရာ ရှိနေသေးသည်။ ဝေ့စန်း၏ သေနတ်နှစ်လက်က ထိုနေရာကို အဆက်မပြတ်ပစ်ခတ်ပြီး ခုန်ထွက်လိုက်ရန်အတွက် တွန့်လိမ်နေသည့် ကိုယ်ဟန်အနေအထားကို အမြန်ပြောင်းလိုက်သည်။

ဤသည်ကိုမြင်ပြီး ကျန်ကျောင်းသားများက ဝေ့စန်းကို လေးစားသွားကြသည်။ ထိုအချိန်မျိုးတွင် ဤမျှမှန်ကန်သည့် ဆုံးဖြတ်ချက်နှင့် ထိန်းချုပ်မှုများကို လုပ်နိုင်သည့်မည်သူမဆို အစောကြီးကတည်းက နိုင်ပြီးပြီဖြစ်သည်။

သို့သော့်လည်း ဝေ့စန်းရင်ဆိုင်နေရသည့်လူက အဆင့်A နတ်ဆိုး ချန်စီဖြစ်နေခဲ့သည်။

ဗွီဒီယိုထဲတွင် ချန်စီက ဒုတိယအကြိမ်ပစ်ခတ်ပြီးနောက်တွင် လက်ကို အောက်သို့ ချလိုက်ကြောင်း မြင်လိုက်ရသည်။ ထို့နောက် နေရာတွင်ပင်ရပ်နေကာ ဝေ့စန်း တိုက်ခိုက်မှုကြားထဲမှ ခုန်ထွက်လာပြီး ပျံထွက်လာသည့် ကျည်ဆန်နှစ်ခုဆီ တိုက်ရိုက်ပြေးဝင်သွားသည်ကို ကြည့်နေခဲ့သည်။

"သောက်ချီး! အဲ့လိုလည်း အလုပ်ဖြစ်တယ်လား!?"

ကျောင်းသားတစ်ယောက်က မထိန်းနိုင်တော့ဘဲ လူတိုင်းရင်ထဲမှပြောချင်နေသည့်စကားကို ကျယ်ကျယ်လောင်လောင်ပြောလိုက်မိသည်။

ချန်စီက ဝေ့စန်း၏ အကွက်တိုင်းအားလုံးကို ကြိုတင်ခန့်မှန်းပြီးသားဖြစ်သည်။ သူမက ဝေ့စန်း ထွက်ပြေးနိုင်ရန်အတွက် လမ်းကြောင်းတစ်ခုချန်ထားပေး၍ ထောင်ချောက်တစ်ခုကို တမင်တကာဆင်ခဲ့ပြီး နောက်ထပ်ကျည်ဆန်နှစ်ခုကို အနောက်မှ တိုက်ရိုက်ပစ်ထားခဲ့သည်။

ထိုအချိန်ခဏလေးအတွင်းတွင် လူအများစုက သေချာပင်စဉ်းစားနိုင်ဦးမည်မဟုတ်သော်လည်း ချန်စီက ကိစ္စများစွာကို လုပ်နိုင်ခဲ့သည်။

ဗွီဒီယိုထဲတွင် ဒူးထောက်ကျနေသော သူမ၏ပုံရိပ်ကိုကြည့်ပြီး ဝေ့စန်း ကိစ္စတစ်ခုကို နားလည်သဘောပေါက်သွားရသည်။ ပုံရိပ်ယောင်ခန်းထဲရှိ သတ္တဝါများကို ကျော်ဖြတ်ရန်မည်မျှပင် ခက်ခဲနေပါစေ ၎င်းတို့၏ IQက ကန့်သတ်ချက်ရှိသဖြင့် အပြင်လောကရှိ လူများနှင့် ကွာခြားပေသည်။

"အဆင့်A စိတ်စွမ်းအင်ရဲ့ အထွတ်အထိပ်က..."
ချန်စီ ကျောင်းသားများကိုကြည့်လိုက်ပြီး လက်ကိုမြှောက်၍ သူမ၏ ခေါင်းကို လက်ညှိုးထိုးပြလိုက်သည်။
"ပင်ကိုယ် သိစိတ်ပဲ..."

ကျောင်းသားများ၏မေးခွန်းကို ပြန်လည်ဖြေကြားပြီး၍ အတန်းပြီးဆုံးခါနီးတွင် ချန်စီက ကျောင်းသားများကို ပြန်ခွင့်ပြုလိုက်ပြီး ထွက်သွားရန်ပြင်နေသည့် ဝေ့စန်းကို လှမ်းအော်ခေါ်လိုက်သည်။

"ဒီတစ်ပတ်ထဲ အပစ်အခတ်လေ့ကျင့်သေးလား?"
ချန်စီမှာ ရှန်းမင်ဟွား လက်တွင်းမှ ဝေ့စန်း၏ အချိန်စာရင်းကို မြင်ခဲ့ပြီးပြီဖြစ်သည်။ သူမက အခြားကျောင်းသားများနှင့်ယှဉ်လျှင် ပို၍ နည်းပါးသော အချိန်စာရင်းကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း အတန်းထဲသို့ ဒုတိယအကြိမ်ပြန်ရောက်လာချိန်တွင် သိသာထင်ရှားသည့် တိုးတက်မှုများကို ပြနိုင်ခဲ့သည်။ ယခုတစ်ပတ်၏တိုက်ခိုက်မှုများကို မြင်ချိန်မှ ယခင်တစ်ပတ်က လျှောက်ဆော့နေခဲ့ခြင်းသာဖြစ်ကြောင်း သိလိုက်ရတော့သည်။

"လေ့ကျင့်တယ်လေ..."

ချန်စီခေါင်းငြိမ့်လိုက်သည်။
"ကြိုးကြိုးစားစားဆက်လေ့ကျင့်ထား... နောက်စာသင်နှစ်ဝက်မှာ ကျောင်းအဖွဲ့မှာ ပစ်ခတ်ရေးသမား ဆယ်ယောက်ရှိလိမ့်မယ်... မင်း နေရာတစ်နေရာအတွက် တိုက်ခိုက်နိုင်တယ်...."

ဝေ့စန်းက 'ကျောင်းအဖွဲ့' ဟူသောစကားကို မကြာခဏကြားနေရသော်လည်း ဘယ်သောအခါမှ အာရုံသေချာမစိုက်ခဲ့ချေ။

*****
3.1.2025


#Zawgyi
အပိုင္း (၆၄)

"ေကာင္းၿပီ... အားလုံး လူစုၾကမယ္..."
ခ်န္စီ မက္ခါထိန္းခ်ဳပ္ခန္းထဲမွထြက္လာၿပီး ေက်ာင္းသားမ်ားကိုၾကည့္လိုက္သည္။ သူမ၏မ်က္လုံးမ်ားက ေဝ့စန္းအေပၚတြင္ စကၠန႔္အနည္းငယ္ၾကာေအာင္ ရစ္ဝဲသြားခဲ့သည္။

သူမ ေခါင္းငုံ႔လိုက္ၿပီး light brainကိုဖြင့္၍ ေလ့က်င့္ေရးကြင္းထဲတြင္ရွိေသာ ဧရာမ အလင္းမ်က္ႏွာျပင္ႏွင့္ ခ်ိတ္ဆက္လိုက္သည္။
"အခု မင္းတို႔ေတြ ငါ့ဆီကေန ဘယ္လိုအပစ္ခံလိုက္ရတာလဲဆိုတာ ေသခ်ာၾကည့္လိုက္ၾကေတာ့..."

မတိုင္ခင္က ေက်ာင္းသားအားလုံး ခ်န္စီကို တိုက္ခိုက္ခဲ့သည္မ်ားကို ဗြီဒီယိုဖမ္းထားခဲ့ၿပီး ယခုအခ်ိန္တြင္ အလင္းမ်က္ႏွာျပင္၌ ျပန္လည္ျပသေနသည္။

ခ်န္စီ၏တိုက္ခိုက္ပုံက တစ္မ်ိဳးတည္းသာျဖစ္ၿပီး ေက်ာင္းသားမ်ား၏ အမႈိက္ဆန္သည့္ တိုက္ခိုက္ပုံမ်ား တစ္ခုခ်င္းဆီက ကြဲျပားျခားနားလွၿပီး လူတိုင္း အလင္းမ်က္ႏွာျပင္ကို ဆက္မၾကည့္ႏိုင္ၾကေတာ့ေပ။

ေက်ာင္းသားတစ္ေယာက္ခ်င္းဆီတိုင္းက သူတို႔၏ တိုက္ခိုက္ပုံကို ျမင္လိုက္ရခ်ိန္တိုင္း ေျမႀကီးတြင္ တြင္းတူး၍သာ ေခါင္းဖြက္ထားခ်င္မိသြားၾကသည္။ ဤသည္က ဆရာႏွင့္ တိုက္ခိုက္ျခင္းမဟုတ္ဘဲ ခ်န္စီက အသီးအ႐ြက္ေလးမ်ားကို အႏိုင္က်င့္ျခင္းပင္ျဖစ္ေခ်သည္။

ေက်ာင္းသားတစ္ေယာက္၏ ဗြီဒီယိုကိုျပၿပီးခ်ိန္တိုင္း ခ်န္စီက မွတ္ခ်က္ခ်ၿပီး ျပႆနာအခ်ိဳ႕ကို ေထာက္ျပခဲ့သည္။ သူမ ေဝ့စန္း၏ ဗြီဒီယိုကိုဖြင့္ျပခ်ိန္တြင္ ရပ္တန႔္ရန္ ခလုတ္ကို ႏွိပ္လိုက္သည္။
"မင္း ငါ့ဆီကေန ဘာေၾကာင့္ အပစ္ ခံခဲ့ရတယ္ထင္လဲ?"

ေဝ့စန္း : "ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္မက အရမ္းကို အမႈိက္ဆန္လို႔ပါ..."

ေပါင္နားတြင္ ရွိေနေသာ ခ်န္စီ၏လက္မ်ားက လႈပ္သြားရေတာ့သည္။ ဤေက်ာင္းသူမွာ တစ္ခါတစ္ရံတြင္ သင္ခန္းစာေပးရန္ (အ႐ိုက္ခံရရန္) လိုအပ္ေပသည္။

"က်ည္ဆန္က မင္းရဲ႕လမ္းေၾကာင္းကို ပိတ္လိုက္တဲ့ ဒုတိယအႀကိမ္မွာ မင္းရဲ႕ လႈပ္ရွားမႈကို ပိတ္ထားတယ္လို႔ထင္ေနတုန္းလား?"
ခ်န္စီ သူမကိုလွည့္ၾကည့္လိုက္သည္။
"မင္းက တကယ့္ကိုအေတြ႕အႀကဳံႏုေသးတာပဲ...မင္း ငါ့ရဲ႕ က်ည္ဆန္ေတြကို ပစ္လိုက္ႏိုင္ကတည္းက လမ္းေၾကာင္းေျပာင္းသြားခဲ့ၿပီေလ..."

ေျပာရင္းဆိုရင္း ခ်န္စီက ဗြီဒီယိုကို ဖြင့္လိုက္ၿပီး ေျဖးေျဖးခ်င္း ျပန္ျပလိုက္သည္။

ဗြီဒီယိုထဲတြင္ ေဝ့စန္း ပထမပစ္ခ်က္ကို ကိုယ္ေစာင္း၍ ေရွာင္လိုက္ၿပီး ခ်န္စီမွ သူမထြက္ေျပးရာ လမ္းေၾကာင္းကိုပိတ္ထားရန္အတြက္ ပစ္လိုက္သည့္ က်ည္ဆန္ကို ထိမိေစရန္ တစ္ခ်က္ ျပန္ပစ္လိုက္သည္။ ေနာက္တစ္ႀကိမ္တြင္ ခ်န္စီက သူမ၏ ေျပးေပါက္မွန္သမွ်ကို ပိတ္သည့္အေနျဖင့္ ႏွစ္ဆပိုမ်ားသည့္ က်ည္ဆန္မ်ားကို အဆက္မျပတ္ ပစ္ခတ္လိုက္ေသာ္လည္း အခ်ိန္ကတိုေတာင္းသည္ျဖစ္၍ ေသေသခ်ာခ်ာမပစ္လိုက္ရေသာ ေနရာ ရွိေနေသးသည္။ ေဝ့စန္း၏ ေသနတ္ႏွစ္လက္က ထိုေနရာကို အဆက္မျပတ္ပစ္ခတ္ၿပီး ခုန္ထြက္လိုက္ရန္အတြက္ တြန႔္လိမ္ေနသည့္ ကိုယ္ဟန္အေနအထားကို အျမန္ေျပာင္းလိုက္သည္။

ဤသည္ကိုျမင္ၿပီး က်န္ေက်ာင္းသားမ်ားက ေဝ့စန္းကို ေလးစားသြားၾကသည္။ ထိုအခ်ိန္မ်ိဳးတြင္ ဤမွ်မွန္ကန္သည့္ ဆုံးျဖတ္ခ်က္ႏွင့္ ထိန္းခ်ဳပ္မႈမ်ားကို လုပ္ႏိုင္သည့္မည္သူမဆို အေစာႀကီးကတည္းက ႏိုင္ၿပီးၿပီျဖစ္သည္။

သို႔ေသာ့္လည္း ေဝ့စန္းရင္ဆိုင္ေနရသည့္လူက အဆင့္A နတ္ဆိုး ခ်န္စီျဖစ္ေနခဲ့သည္။

ဗြီဒီယိုထဲတြင္ ခ်န္စီက ဒုတိယအႀကိမ္ပစ္ခတ္ၿပီးေနာက္တြင္ လက္ကို ေအာက္သို႔ ခ်လိုက္ေၾကာင္း ျမင္လိုက္ရသည္။ ထို႔ေနာက္ ေနရာတြင္ပင္ရပ္ေနကာ ေဝ့စန္း တိုက္ခိုက္မႈၾကားထဲမွ ခုန္ထြက္လာၿပီး ပ်ံထြက္လာသည့္ က်ည္ဆန္ႏွစ္ခုဆီ တိုက္႐ိုက္ေျပးဝင္သြားသည္ကို ၾကည့္ေနခဲ့သည္။

"ေသာက္ခ်ီး! အဲ့လိုလည္း အလုပ္ျဖစ္တယ္လား!?"

ေက်ာင္းသားတစ္ေယာက္က မထိန္းႏိုင္ေတာ့ဘဲ လူတိုင္းရင္ထဲမွေျပာခ်င္ေနသည့္စကားကို က်ယ္က်ယ္ေလာင္ေလာင္ေျပာလိုက္မိသည္။

ခ်န္စီက ေဝ့စန္း၏ အကြက္တိုင္းအားလုံးကို ႀကိဳတင္ခန႔္မွန္းၿပီးသားျဖစ္သည္။ သူမက ေဝ့စန္း ထြက္ေျပးႏိုင္ရန္အတြက္ လမ္းေၾကာင္းတစ္ခုခ်န္ထားေပး၍ ေထာင္ေခ်ာက္တစ္ခုကို တမင္တကာဆင္ခဲ့ၿပီး ေနာက္ထပ္က်ည္ဆန္ႏွစ္ခုကို အေနာက္မွ တိုက္႐ိုက္ပစ္ထားခဲ့သည္။

ထိုအခ်ိန္ခဏေလးအတြင္းတြင္ လူအမ်ားစုက ေသခ်ာပင္စဥ္းစားႏိုင္ဦးမည္မဟုတ္ေသာ္လည္း ခ်န္စီက ကိစၥမ်ားစြာကို လုပ္ႏိုင္ခဲ့သည္။

ဗြီဒီယိုထဲတြင္ ဒူးေထာက္က်ေနေသာ သူမ၏ပုံရိပ္ကိုၾကည့္ၿပီး ေဝ့စန္း ကိစၥတစ္ခုကို နားလည္သေဘာေပါက္သြားရသည္။ ပုံရိပ္ေယာင္ခန္းထဲရွိ သတၱဝါမ်ားကို ေက်ာ္ျဖတ္ရန္မည္မွ်ပင္ ခက္ခဲေနပါေစ ၎တို႔၏ IQက ကန႔္သတ္ခ်က္ရွိသျဖင့္ အျပင္ေလာကရွိ လူမ်ားႏွင့္ ကြာျခားေပသည္။

"အဆင့္A စိတ္စြမ္းအင္ရဲ႕ အထြတ္အထိပ္က..."
ခ်န္စီ ေက်ာင္းသားမ်ားကိုၾကည့္လိုက္ၿပီး လက္ကိုေျမႇာက္၍ သူမ၏ ေခါင္းကို လက္ညႇိဳးထိုးျပလိုက္သည္။
"ပင္ကိုယ္ သိစိတ္ပဲ..."

ေက်ာင္းသားမ်ား၏ေမးခြန္းကို ျပန္လည္ေျဖၾကားၿပီး၍ အတန္းၿပီးဆုံးခါနီးတြင္ ခ်န္စီက ေက်ာင္းသားမ်ားကို ျပန္ခြင့္ျပဳလိုက္ၿပီး ထြက္သြားရန္ျပင္ေနသည့္ ေဝ့စန္းကို လွမ္းေအာ္ေခၚလိုက္သည္။

"ဒီတစ္ပတ္ထဲ အပစ္အခတ္ေလ့က်င့္ေသးလား?"
ခ်န္စီမွာ ရွန္းမင္ဟြား လက္တြင္းမွ ေဝ့စန္း၏ အခ်ိန္စာရင္းကို ျမင္ခဲ့ၿပီးၿပီျဖစ္သည္။ သူမက အျခားေက်ာင္းသားမ်ားႏွင့္ယွဥ္လွ်င္ ပို၍ နည္းပါးေသာ အခ်ိန္စာရင္းကို ပိုင္ဆိုင္ထားသည္။ သို႔ေသာ္လည္း အတန္းထဲသို႔ ဒုတိယအႀကိမ္ျပန္ေရာက္လာခ်ိန္တြင္ သိသာထင္ရွားသည့္ တိုးတက္မႈမ်ားကို ျပႏိုင္ခဲ့သည္။ ယခုတစ္ပတ္၏တိုက္ခိုက္မႈမ်ားကို ျမင္ခ်ိန္မွ ယခင္တစ္ပတ္က ေလွ်ာက္ေဆာ့ေနခဲ့ျခင္းသာျဖစ္ေၾကာင္း သိလိုက္ရေတာ့သည္။

"ေလ့က်င့္တယ္ေလ..."

ခ်န္စီေခါင္းၿငိမ့္လိုက္သည္။
"ႀကိဳးႀကိဳးစားစားဆက္ေလ့က်င့္ထား... ေနာက္စာသင္ႏွစ္ဝက္မွာ ေက်ာင္းအဖြဲ႕မွာ ပစ္ခတ္ေရးသမား ဆယ္ေယာက္ရွိလိမ့္မယ္... မင္း ေနရာတစ္ေနရာအတြက္ တိုက္ခိုက္ႏိုင္တယ္...."

ေဝ့စန္းက 'ေက်ာင္းအဖြဲ႕' ဟူေသာစကားကို မၾကာခဏၾကားေနရေသာ္လည္း ဘယ္ေသာအခါမွ အာ႐ုံေသခ်ာမစိုက္ခဲ့ေခ်။

*****
3.1.2025


You are reading the story above: TeenFic.Net