55

Background color
Font
Font size
Line height

#Unicode
အပိုင်း (၅၅)

နောက်တစ်ပတ်၏ပထမဆုံးနေ့တွင် ဝေ့စန်း ဆရာ့ထံမှ ရုံးခန်းသို့ ဆင့်ခေါ်ခြင်းခံလိုက်ရလေသည်။

ရှန်းမင်ဟွားက ဝေ့စန်း၏ အချိန်စာရင်းကို သူ့လက်ထဲတွင် ကိုင်ထားသည်။
"ငါ့ကို ရှင်းပြစမ်းပါဦး..."

"ဆရာက ကျွန်မ အချိန်စာရင်းကို အရမ်း ပြည့်ကြပ်နေအောင် လုပ်ထားတာလေ..."

ရှန်းမင်ဟွားက သူ့ရှေ့တွင်ရှိနေသော ရိုးသားဖြောင့်မတ်သည့် မျက်နှာဖြင့် ကျောင်းသူကို ကြည့်လိုက်သည်။ သူ ခေါင်းနပန်းများပင် ကြီးလာရသည်။ သူက ဤအခန်းကို ပထမဆုံး တာဝန်ယူဖူးခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် ကျောင်းသူကျောင်းသားများက လိမ္မာနာခံပြီး အသိတရားရှိကြပေသည်။ သို့သော်လည်း ဤကျောင်းသူမှာ လုပ်ချင်ရာကို ထပ်ကာ ထပ်ကာ လုပ်နေလေသည်။
"အဲ့တော့ မင်းရဲ့ အချိန်စာရင်းကို ဖျက်ပစ်တယ်ပေါ့လေ?"

"အတန်း နှစ်ခုတော့ ကျန်ပါသေးတယ်..."
ဝေ့စန်းက သူမ၏အချိန်စာရင်းတွင်ရှိသော တိုက်ခိုက်ရေးနှင့် ပစ်ခတ်ရေးအတန်းများကို လက်ညှိုးထိုးပြလိုက်သည်။
"ပြီးတော့ ကျွန်မက များသောအားဖြင့် ပုံရိပ်ယောင်အခန်းမှာ သွားလေ့ကျင့်တယ်လေ...."

"ပုံရိပ်ယောင်အခန်း? တကယ်ကြီးလား?"
ရှန်းမင်ဟွား ဝေ့စန်းကို မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။ အပျင်းတစ်ချင်လို့ အတန်းမတက်တာလို့ ဘာလို့များ ထင်နေမိပါလိမ့်နော်...

"နျဲ့ဟောက်ချီတောင် ကျွန်မနဲ့ အတူတူသွားနေကြပါ... အရင်အပတ်တုန်းကတောင် အတူသွားကြသေးတော့ ရှင်သူ့ကို မေးကြည့်လို့ရတယ်..."

ရှန်းမင်ဟွား၏ ဖိအားပေးမှုအောက်တွင် ဝေ့စန်း အတန်းနှစ်ခုကို ရွေးချယ်ခဲ့ရဆဲသာဖြစ်သည်။
"အနည်းဆုံးတော့အခြေခံ ခရက်ဒစ်အမှတ်တွေကို  ယူသင့်တယ်..."

မူလက နောက်မှသာ အတန်းတစ်ခုခုရွေးမည်ကြံထားသော ဝေ့စန်းမှာ ဆရာ သူမကို စောင့်မကြည့်တော့စေရန်အတွက် ယခုချက်ချင်း ရွေးချယ်လိုက်ရတော့သည်။

မျက်စိစပါးမွေးစူးစေသော ကျောင်းသူ ပြန်သွားပြီးသော်လည်း ရှန်းမင်ဟွား ဒေါသထွက်နေဆဲသာဖြစ်သည်။ သူ ခေါင်းငုံ့လိုက်ပြီး ဝေ့စန်း၏အချိန်စာရင်းကို အလိုအလျောက် ကြည့်လိုက်မိသည်။ ရုတ်တရက် ပစ်ခတ်ရေးအခန်းက ချန်စီမှ ဦးဆောင်ကြောင်း သိလိုက်ရသည်။

ချန်စီဆိုသည်မှာ A-အဆင့်တွင် အမြဲတမ်းခေါင်းဆောင်တစ်ယောက်ဖြစ်ပေသည်။ သူမက ပညာသင်ကြားပေးရန်အတွက် နောက်တွင်နေရစ်ခဲ့ပြီး သူမလက်မှထွက်လာသည့် ကျောင်းသားများမှာလည်း အလွန်တော်ကြသည်။

ရှန်းမင်ဟွားက လုပ်စရာလည်းရှိမနေသဖြင့် ချန်စီထံသွားပြီး ပြန်မပြောနားမထောင် ကျောင်းသူလေး၏ အရင်တစ်ပတ်က လုပ်ဆောင်ချက်ကို မေးရန် သွားလိုက်သည်။

ချန်စီက သူမ အတန်းတစ်ခုကို သင်ပြီးချိန်တွင် ရှန်းမင်ဟွားရောက်လာသဖြင့် တစ်ခုခုဖြစ်သလားဟု တွေးလိုက်မိသည်။

"ငါ တန်းခွဲAကို တာဝန်ယူထားရတယ်... မင်းရဲ့အတန်းကို ကျောင်းသူတစ်ယောက် ရောက်လာတယ်မဟုတ်လား... သူမ အခြေအနေ ဘယ်လိုလဲဆိုတာ မေးချင်လို့..."
ရှန်းမင်ဟွား လိုရင်းကိုသာ ပြောလိုက်သည်။

ရှန်းမင်ဟွားတစ်ယောက် Aအဆင့် ကျောင်းသူတစ်ယောက်အတွက် သူမကို လာပြီး မေးမြန်းသည်ကို အံ့ဩသွားသော်လည်း ပြန်မေးလိုက်ဆဲသာဖြစ်သည်။
"နာမည်က ဘာတဲ့လဲ?"

"ဝေ့စန်းတဲ့... အတော်လေးတော့ ကလန်ကဆန်လုပ်တတ်တယ်..."
ရှန်းမင်ဟွား ပြန်ဖြေလိုက်သည်။
"သူမရဲ့ ဗလာဖြစ်နေတဲ့ အချိန်စာရင်းထဲမှ တိုက်ခိုက်ရေးနဲ့ ပစ်ခတ်ရေးအတန်းတွေပဲရှိနေတာလေ..."

ထိုနာမည်ကိုကြားချိန်တွင် ချန်စီ မျက်ခုံးပင့်သွားရသည်။
"အဲ့တစ်ယောက်က တကယ် ကလန်ကဆန်လုပ်တတ်တာ..."

ရှန်းမင်ဟွား ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ ချန်စီက သူ့အခန်းထဲမှ ပြဿနာကျောင်းသူကို ချက်ချင်းသိနေပုံထောက်ပါက ဝေ့စန်း၏ပြဿနာ ရှာနိုင်စွမ်းမှာ မသေးလှချေ။

"သူမက အတန်းထဲမှာ ကျွန်မကို သေနတ်နဲ့ ချိန်ပြီး အခြား ကျောင်းသားတွေကိုလည်း ကျွန်မကို သေနတ်နဲ့ပစ်အောင် ဦးဆောင်ခဲ့တယ်လေ..."
ပရမ်းပတာဖြစ်သွားခဲ့သည့် ထိုအတန်းကို ချန်စီပြန်တွေးလိုက်သည်။
"သူမရဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက ကောင်းမွန်ပြီး ဦးနှောက်ကလည်း လိုက်လျောညီထွေလုပ်နိုင်တယ်..."

"မင်းကို သေနတ်နဲ့ချိန်ပြီး...."
ရှန်းမင်ဟွား ထိတ်လန့်သွားရသည်။
"တခြားကျောင်းသားတွေကိုလည်း ဦးဆောင်လိုက်သေးတယ်?"

ချန်စီ၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်ဟူ၍ရှိမနေဘဲ ပြုံးပင်ပြုံးနေသေးသည်။
"ရှင့်ရဲ့ ကျောင်းသူက တကယ့်ကို အရှက်မရှိတဲ့ကျောင်းသူပဲ.... တခြားကျောင်းသားတွေ ကျွန်မကို ဝိုင်းနေကြတဲ့အချိန်ကို အသုံးချလိုက်တော့ တခြားကျောင်းသားတွေက ကျွန်မကို မတိုက်လို့မရဘဲ ဖြစ်သွားတယ်လေ...."

ရှန်းမင်ဟွားလည်း ဝေ့စန်း၏ လုပ်ရပ်ပေါင်းများစွာကို ပြန်တွေးလိုက်ပြီး သဘောမတူမိဘဲ မနေတော့ချေ။
"သူမက တကယ်မျက်နှာအရည်ထူတာပါ..."

"မျက်နှာအရည်ထူတာ ကောင်းတယ်လေ... ကျွန်မတို့ကျောင်းမှာ ရိုးသားလွန်းတဲ့ ကျောင်းသားတွေအများကြီးရှိနေတယ်... သူတို့က မျက်နှာမပျက်ချင်ကြတော့ အမြဲတမ်း ရှုံးနိမ့်နေကြရတာပဲ..."
ချန်စီသက်ပြင်းချလိုက်သည်။

"ပြိုင်ပွဲက ပြီးတော့မယ်..."

ထိုအကြောင်းပြောလိုက်ချိန်တွင် ရှန်းမင်ဟွားလည်း ခဏမျှတိတ်ကျသွားရသည်။
"ကလေးတွေက သူတို့ကြိုးစားနိုင်သမျှအကောင်းဆုံးကြိုးစားပြီး နောင်တမရအောင် လုပ်ကြရမှာ...."

ဆရာနှစ်ယောက်ထံမှ အတင်းတုတ်ခံနေရသောကျောင်းသူဆိုးလေးဝေ့စန်းမှာ ထိုက်ဝူသဲ့နှင့် ဗွီဒီယိုကော ပြောနေလေသည်။

"ဝေ့စန်း ငါနင့်ကိုပြောပြမယ်... ငါတို့ တော်ဝင်စစ်တက္ကသိုလ်ကလူတွေကလေ အရမ်းကို အင်အားကြီးကြတာဟ..."
ထိုက်ဝူသဲ့၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူ ယခင်ကထက် ပိန်ကျသွားပြီဖြစ်သည်။

"တကယ်လား?"

"ငါနင့်ကို ငါတို့ကျောင်းက Sအဆင့် ပြိုင်ပွဲကိုပြမယ်!"
ထိုက်ဝူသဲ့က ဝေ့စန်းကို ကြွားချင်စိတ်သပ်သပ်ဖြင့်သာ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။
"သောက်ရမ်း မမိုက်ဘူးလား?"

ဝေ့စန်းလည်း တိုက်ခိုက်နေကြသည့် မက်ခါနှစ်ခုကိုကြည့်လိုက်သည်။ အနီရောင်မက်ခါက အောက်ဘက်တွင်ရှိနေသည့် ခရမ်းရောင်မက်ခါကို ပြင်းထန်လှသည့် ခွန်အားဖြင့် စွန်ရဲတစ်ကောင်လို ထိုးဆင်းပြီး တိုက်ခိုက်လိုက်သည်။ သူမ၏ မျက်စိရှေ့၌ပင် ခရမ်းရောင်မက်ခါက နောက်သို့ ခြေလှမ်းအနည်းငယ် ခုန်ဆုတ်လိုက်ပြီး ပြန်လည်တိုက်ခိုက်လိုက်သည်။

Sအဆင့်....

ဝေ့စန်း၏ အကြည့်များက မက်ခါနှစ်ခုပေါ် ကျရောက်သွားသည်။ သူမ မြင်ဖူးသည့် Aအဆင့်မက်ခါများက ကစားစရာအရုပ်များနှယ်ဖြစ်သွားလေသည်။

"Sအဆင့် မက်ခါ! ဝေ့စန်း ငါနင့်ကိုပြောပြဦးမယ်... ဒီမက်ခါတွေတစ်ခုချင်းဆီက ငွေပုံပေးရင်တောင် ဝယ်လို့ လွယ်တာမျိုးတွေမဟုတ်ဘူး... ပြီးတော့ သူတို့သပ်သပ်ချည်းအတွက်ပဲ မက်ခါဌာနတစ်ခုရှိနေသေးတာ..."
ထိုက်ဝူသဲ့ သူ့နှာခေါင်းသူပွတ်ရင်း ရုတ်ချည်းဆိုသလို ဝမ်းနည်းသွားတော့သည်။
"သူတို့က ငါတို့နဲ့ လုံးဝကွာခြားတဲ့ ကမ္ဘာတစ်ခုမှာ ရှိနေကြတာပဲ...."

ဝေ့စန်း မှင်သက်သွားပြီးမှ ခပ်တိုးတိုးပြောလိုက်သည်။
"ငါနင့်အတွက် တစ်ခုလုပ်ပေးမယ် နောက်ကျရင် ပိုက်ဆံပြန်ပေးပေါ့..."

"ပေါက်ကရတွေလျှောက်ပြောနေလိုက်!"
ထိုက်ဝူသဲ့က လုံးဝမယုံချေ။
"Aအဆင့်က ဖြစ်နိုင်သေးတယ်ဆိုပေမဲ့ Sအဆင့်က ဘာလဲဆိုတာကော နင်သိရဲ့လား?"

ဝေ့စန်း အမှန်တကယ်ပင် မသိချေ။ စာကြည့်တိုက်ထဲတွင် Sအဆင့် မက်ခါများနှင့် ပတ်သတ်သည့် စာအုပ်များမရှိပေ။

ဖုန်းချလိုက်ပြီးနောက်တွင် ဝေ့စန်း ခဏမျှ ကြောင်အနေမိသည်။

နျဲ့ဟောက်ချီက ပုံရိပ်ယောင်အခန်းသို့သွားရန်အတွက် ဝေ့စန်းကို လာခေါ်ချိန်တွင် ကြောင်စီစီရပ်နေသော ဝေ့စန်းကိုမြင်၍ လှမ်းအော်လိုက်သည်။
"ဝေ့စန်း သွားကြမယ်လေ..."

ဝေ့စန်း မေးမြန်းကြည့်လိုက်သည်။
"ငါတို့ကျောင်းမှာ Sအဆင့် မက်ခါရှိလား?"

နျဲ့ဟောက်ချီ သူမကို ထူးဆန်းစွာကြည့်လိုက်သည်။
"ရှိတာပေါ့... ဆရာရှန်းက Sအဆင့်မက်ခါကို သုံးတာလေ...."

*****
16.12.2024





စာဖတ်သူလေးတွေအားလုံး ဆိုင်ကယ်စီးရင် ဂါဝန်ရှည်၊ စကတ်ရှည်တွေနဲ့ဆို သတိထားစီးကြပါနော်

ကိုယ်ဆို အရင်လတုန်းက ဆိုင်ကယ်ထဲ ဂါဝန်ညပ်ပါပြီး မှောက်သွားလို့ တစ်ကိုယ်လုံးပွန်းပဲ့ပြီး လက်ကျိုးသွားခဲ့တာ

ကိုယ့်ညီမဝမ်းကွဲလေးလည်း ဒီနေ့ ကိုယ့်လိုဖြစ်ပြီး ဆိုင်ကယ်မှောက်သွားသေးတယ် သူကတော့ ပွန်းပဲ့တာပဲရှိတယ်ပေါ့နော်

ကိုယ်တင်မကဘူး နောက်တစ်ယောက်ပါထပ်ဖစ်တယ်ဆိုတော့ စာဖတ်သူလေးတွေပါသတိထားဖို့ ပြောပြတာပါ

ကြိုတင်ကာကွယ်ခြင်းက ဖြစ်ပြီးမှနောင်တရတာထက် ပိုကောင်းတယ်လေနော် ❤




#Zawgyi
အပိုင္း (၅၅)

ေနာက္တစ္ပတ္၏ပထမဆုံးေန႔တြင္ ေဝ့စန္း ဆရာ့ထံမွ ႐ုံးခန္းသို႔ ဆင့္ေခၚျခင္းခံလိုက္ရေလသည္။

ရွန္းမင္ဟြားက ေဝ့စန္း၏ အခ်ိန္စာရင္းကို သူ႔လက္ထဲတြင္ ကိုင္ထားသည္။
"ငါ့ကို ရွင္းျပစမ္းပါဦး..."

"ဆရာက ကြၽန္မ အခ်ိန္စာရင္းကို အရမ္း ျပည့္ၾကပ္ေနေအာင္ လုပ္ထားတာေလ..."

ရွန္းမင္ဟြားက သူ႔ေရွ႕တြင္ရွိေနေသာ ႐ိုးသားေျဖာင့္မတ္သည့္ မ်က္ႏွာျဖင့္ ေက်ာင္းသူကို ၾကည့္လိုက္သည္။ သူ ေခါင္းနပန္းမ်ားပင္ ႀကီးလာရသည္။ သူက ဤအခန္းကို ပထမဆုံး တာဝန္ယူဖူးျခင္းျဖစ္သည္။ ကံေကာင္းစြာျဖင့္ ေက်ာင္းသူေက်ာင္းသားမ်ားက လိမၼာနာခံၿပီး အသိတရားရွိၾကေပသည္။ သို႔ေသာ္လည္း ဤေက်ာင္းသူမွာ လုပ္ခ်င္ရာကို ထပ္ကာ ထပ္ကာ လုပ္ေနေလသည္။
"အဲ့ေတာ့ မင္းရဲ႕ အခ်ိန္စာရင္းကို ဖ်က္ပစ္တယ္ေပါ့ေလ?"

"အတန္း ႏွစ္ခုေတာ့ က်န္ပါေသးတယ္..."
ေဝ့စန္းက သူမ၏အခ်ိန္စာရင္းတြင္ရွိေသာ တိုက္ခိုက္ေရးႏွင့္ ပစ္ခတ္ေရးအတန္းမ်ားကို လက္ညႇိဳးထိုးျပလိုက္သည္။
"ၿပီးေတာ့ ကြၽန္မက မ်ားေသာအားျဖင့္ ပုံရိပ္ေယာင္အခန္းမွာ သြားေလ့က်င့္တယ္ေလ...."

"ပုံရိပ္ေယာင္အခန္း? တကယ္ႀကီးလား?"
ရွန္းမင္ဟြား ေဝ့စန္းကို မယုံသကၤာျဖင့္ ၾကည့္လိုက္သည္။ အပ်င္းတစ္ခ်င္လို႔ အတန္းမတက္တာလို႔ ဘာလို႔မ်ား ထင္ေနမိပါလိမ့္ေနာ္...

"န်ဲ႕ေဟာက္ခ်ီေတာင္ ကြၽန္မနဲ႔ အတူတူသြားေနၾကပါ... အရင္အပတ္တုန္းကေတာင္ အတူသြားၾကေသးေတာ့ ရွင္သူ႔ကို ေမးၾကည့္လို႔ရတယ္..."

ရွန္းမင္ဟြား၏ ဖိအားေပးမႈေအာက္တြင္ ေဝ့စန္း အတန္းႏွစ္ခုကို ေ႐ြးခ်ယ္ခဲ့ရဆဲသာျဖစ္သည္။
"အနည္းဆုံးေတာ့အေျခခံ ခရက္ဒစ္အမွတ္ေတြကို  ယူသင့္တယ္..."

မူလက ေနာက္မွသာ အတန္းတစ္ခုခုေ႐ြးမည္ႀကံထားေသာ ေဝ့စန္းမွာ ဆရာ သူမကို ေစာင့္မၾကည့္ေတာ့ေစရန္အတြက္ ယခုခ်က္ခ်င္း ေ႐ြးခ်ယ္လိုက္ရေတာ့သည္။

မ်က္စိစပါးေမြးစူးေစေသာ ေက်ာင္းသူ ျပန္သြားၿပီးေသာ္လည္း ရွန္းမင္ဟြား ေဒါသထြက္ေနဆဲသာျဖစ္သည္။ သူ ေခါင္းငုံ႔လိုက္ၿပီး ေဝ့စန္း၏အခ်ိန္စာရင္းကို အလိုအေလ်ာက္ ၾကည့္လိုက္မိသည္။ ႐ုတ္တရက္ ပစ္ခတ္ေရးအခန္းက ခ်န္စီမွ ဦးေဆာင္ေၾကာင္း သိလိုက္ရသည္။

ခ်န္စီဆိုသည္မွာ A-အဆင့္တြင္ အၿမဲတမ္းေခါင္းေဆာင္တစ္ေယာက္ျဖစ္ေပသည္။ သူမက ပညာသင္ၾကားေပးရန္အတြက္ ေနာက္တြင္ေနရစ္ခဲ့ၿပီး သူမလက္မွထြက္လာသည့္ ေက်ာင္းသားမ်ားမွာလည္း အလြန္ေတာ္ၾကသည္။

ရွန္းမင္ဟြားက လုပ္စရာလည္းရွိမေနသျဖင့္ ခ်န္စီထံသြားၿပီး ျပန္မေျပာနားမေထာင္ ေက်ာင္းသူေလး၏ အရင္တစ္ပတ္က လုပ္ေဆာင္ခ်က္ကို ေမးရန္ သြားလိုက္သည္။

ခ်န္စီက သူမ အတန္းတစ္ခုကို သင္ၿပီးခ်ိန္တြင္ ရွန္းမင္ဟြားေရာက္လာသျဖင့္ တစ္ခုခုျဖစ္သလားဟု ေတြးလိုက္မိသည္။

"ငါ တန္းခြဲAကို တာဝန္ယူထားရတယ္... မင္းရဲ႕အတန္းကို ေက်ာင္းသူတစ္ေယာက္ ေရာက္လာတယ္မဟုတ္လား... သူမ အေျခအေန ဘယ္လိုလဲဆိုတာ ေမးခ်င္လို႔..."
ရွန္းမင္ဟြား လိုရင္းကိုသာ ေျပာလိုက္သည္။

ရွန္းမင္ဟြားတစ္ေယာက္ Aအဆင့္ ေက်ာင္းသူတစ္ေယာက္အတြက္ သူမကို လာၿပီး ေမးျမန္းသည္ကို အံ့ဩသြားေသာ္လည္း ျပန္ေမးလိုက္ဆဲသာျဖစ္သည္။
"နာမည္က ဘာတဲ့လဲ?"

"ေဝ့စန္းတဲ့... အေတာ္ေလးေတာ့ ကလန္ကဆန္လုပ္တတ္တယ္..."
ရွန္းမင္ဟြား ျပန္ေျဖလိုက္သည္။
"သူမရဲ႕ ဗလာျဖစ္ေနတဲ့ အခ်ိန္စာရင္းထဲမွ တိုက္ခိုက္ေရးနဲ႔ ပစ္ခတ္ေရးအတန္းေတြပဲရွိေနတာေလ..."

ထိုနာမည္ကိုၾကားခ်ိန္တြင္ ခ်န္စီ မ်က္ခုံးပင့္သြားရသည္။
"အဲ့တစ္ေယာက္က တကယ္ ကလန္ကဆန္လုပ္တတ္တာ..."

ရွန္းမင္ဟြား ပါးစပ္အေဟာင္းသားျဖစ္သြားရသည္။ ခ်န္စီက သူ႔အခန္းထဲမွ ျပႆနာေက်ာင္းသူကို ခ်က္ခ်င္းသိေနပုံေထာက္ပါက ေဝ့စန္း၏ျပႆနာ ရွာႏိုင္စြမ္းမွာ မေသးလွေခ်။

"သူမက အတန္းထဲမွာ ကြၽန္မကို ေသနတ္နဲ႔ ခ်ိန္ၿပီး အျခား ေက်ာင္းသားေတြကိုလည္း ကြၽန္မကို ေသနတ္နဲ႔ပစ္ေအာင္ ဦးေဆာင္ခဲ့တယ္ေလ..."
ပရမ္းပတာျဖစ္သြားခဲ့သည့္ ထိုအတန္းကို ခ်န္စီျပန္ေတြးလိုက္သည္။
"သူမရဲ႕ စိတ္ပိုင္းဆိုင္ရာ အရည္အေသြးက ေကာင္းမြန္ၿပီး ဦးေႏွာက္ကလည္း လိုက္ေလ်ာညီေထြလုပ္ႏိုင္တယ္..."

"မင္းကို ေသနတ္နဲ႔ခ်ိန္ၿပီး...."
ရွန္းမင္ဟြား ထိတ္လန႔္သြားရသည္။
"တျခားေက်ာင္းသားေတြကိုလည္း ဦးေဆာင္လိုက္ေသးတယ္?"

ခ်န္စီ၏မ်က္ႏွာေပၚတြင္ ေဒါသအရိပ္အေယာင္ဟူ၍ရွိမေနဘဲ ၿပဳံးပင္ၿပဳံးေနေသးသည္။

"ရွင့္ရဲ႕ ေက်ာင္းသူက တကယ့္ကို အရွက္မရွိတဲ့ေက်ာင္းသူပဲ.... တျခားေက်ာင္းသားေတြ ကြၽန္မကို ဝိုင္းေနၾကတဲ့အခ်ိန္ကို အသုံးခ်လိုက္ေတာ့ တျခားေက်ာင္းသားေတြက ကြၽန္မကို မတိုက္လို႔မရဘဲ ျဖစ္သြားတယ္ေလ...."

ရွန္းမင္ဟြားလည္း ေဝ့စန္း၏ လုပ္ရပ္ေပါင္းမ်ားစြာကို ျပန္ေတြးလိုက္ၿပီး သေဘာမတူမိဘဲ မေနေတာ့ေခ်။
"သူမက တကယ္မ်က္ႏွာအရည္ထူတာပါ..."

"မ်က္ႏွာအရည္ထူတာ ေကာင္းတယ္ေလ... ကြၽန္မတို႔ေက်ာင္းမွာ ႐ိုးသားလြန္းတဲ့ ေက်ာင္းသားေတြအမ်ားႀကီးရွိေနတယ္... သူတို႔က မ်က္ႏွာမပ်က္ခ်င္ၾကေတာ့ အၿမဲတမ္း ရႈံးနိမ့္ေနၾကရတာပဲ..."
ခ်န္စီသက္ျပင္းခ်လိုက္သည္။
"ၿပိဳင္ပြဲက ၿပီးေတာ့မယ္..."

ထိုအေၾကာင္းေျပာလိုက္ခ်ိန္တြင္ ရွန္းမင္ဟြားလည္း ခဏမွ်တိတ္က်သြားရသည္။
"ကေလးေတြက သူတို႔ႀကိဳးစားႏိုင္သမွ်အေကာင္းဆုံးႀကိဳးစားၿပီး ေနာင္တမရေအာင္ လုပ္ၾကရမွာ...."

ဆရာႏွစ္ေယာက္ထံမွ အတင္းတုတ္ခံေနရေသာေက်ာင္းသူဆိုးေလးေဝ့စန္းမွာ ထိုက္ဝူသဲ့ႏွင့္ ဗြီဒီယိုေကာ ေျပာေနေလသည္။

"ေဝ့စန္း ငါနင့္ကိုေျပာျပမယ္... ငါတို႔ ေတာ္ဝင္စစ္တကၠသိုလ္ကလူေတြကေလ အရမ္းကို အင္အားႀကီးၾကတာဟ..."
ထိုက္ဝူသဲ့၏မ်က္ႏွာေပၚတြင္ စိတ္လႈပ္ရွားမႈတို႔ျဖင့္ ျပည့္ႏွက္ေနသည္။ သူ ယခင္ကထက္ ပိန္က်သြားၿပီျဖစ္သည္။

"တကယ္လား?"

"ငါနင့္ကို ငါတို႔ေက်ာင္းက Sအဆင့္ ၿပိဳင္ပြဲကိုျပမယ္!"
ထိုက္ဝူသဲ့က ေဝ့စန္းကို ႂကြားခ်င္စိတ္သပ္သပ္ျဖင့္သာ ဆက္သြယ္ခဲ့ျခင္းျဖစ္သည္။
"ေသာက္ရမ္း မမိုက္ဘူးလား?"

ေဝ့စန္းလည္း တိုက္ခိုက္ေနၾကသည့္ မက္ခါႏွစ္ခုကိုၾကည့္လိုက္သည္။ အနီေရာင္မက္ခါက ေအာက္ဘက္တြင္ရွိေနသည့္ ခရမ္းေရာင္မက္ခါကို ျပင္းထန္လွသည့္ ခြန္အားျဖင့္ စြန္ရဲတစ္ေကာင္လို ထိုးဆင္းၿပီး တိုက္ခိုက္လိုက္သည္။ သူမ၏ မ်က္စိေရွ႕၌ပင္ ခရမ္းေရာင္မက္ခါက ေနာက္သို႔ ေျခလွမ္းအနည္းငယ္ ခုန္ဆုတ္လိုက္ၿပီး ျပန္လည္တိုက္ခိုက္လိုက္သည္။

Sအဆင့္....

ေဝ့စန္း၏ အၾကည့္မ်ားက မက္ခါႏွစ္ခုေပၚ က်ေရာက္သြားသည္။ သူမ ျမင္ဖူးသည့္ Aအဆင့္မက္ခါမ်ားက ကစားစရာအ႐ုပ္မ်ားႏွယ္ျဖစ္သြားေလသည္။

"Sအဆင့္ မက္ခါ! ေဝ့စန္း ငါနင့္ကိုေျပာျပဦးမယ္... ဒီမက္ခါေတြတစ္ခုခ်င္းဆီက ေငြပုံေပးရင္ေတာင္ ဝယ္လို႔ လြယ္တာမ်ိဳးေတြမဟုတ္ဘူး... ၿပီးေတာ့ သူတို႔သပ္သပ္ခ်ည္းအတြက္ပဲ မက္ခါဌာနတစ္ခုရွိေနေသးတာ..."
ထိုက္ဝူသဲ့ သူ႔ႏွာေခါင္းသူပြတ္ရင္း ႐ုတ္ခ်ည္းဆိုသလို ဝမ္းနည္းသြားေတာ့သည္။
"သူတို႔က ငါတို႔နဲ႔ လုံးဝကြာျခားတဲ့ ကမာၻတစ္ခုမွာ ရွိေနၾကတာပဲ...."

ေဝ့စန္း မွင္သက္သြားၿပီးမွ ခပ္တိုးတိုးေျပာလိုက္သည္။
"ငါနင့္အတြက္ တစ္ခုလုပ္ေပးမယ္ ေနာက္က်ရင္ ပိုက္ဆံျပန္ေပးေပါ့..."

"ေပါက္ကရေတြေလွ်ာက္ေျပာေနလိုက္!"
ထိုက္ဝူသဲ့က လုံးဝမယုံေခ်။
"Aအဆင့္က ျဖစ္ႏိုင္ေသးတယ္ဆိုေပမဲ့ Sအဆင့္က ဘာလဲဆိုတာေကာ နင္သိရဲ႕လား?"

ေဝ့စန္း အမွန္တကယ္ပင္ မသိေခ်။ စာၾကည့္တိုက္ထဲတြင္ Sအဆင့္ မက္ခါမ်ားႏွင့္ ပတ္သတ္သည့္ စာအုပ္မ်ားမရွိေပ။

ဖုန္းခ်လိုက္ၿပီးေနာက္တြင္ ေဝ့စန္း ခဏမွ် ေၾကာင္အေနမိသည္။

န်ဲ႕ေဟာက္ခ်ီက ပုံရိပ္ေယာင္အခန္းသို႔သြားရန္အတြက္ ေဝ့စန္းကို လာေခၚခ်ိန္တြင္ ေၾကာင္စီစီရပ္ေနေသာ ေဝ့စန္းကိုျမင္၍ လွမ္းေအာ္လိုက္သည္။
"ေဝ့စန္း သြားၾကမယ္ေလ..."

ေဝ့စန္း ေမးျမန္းၾကည့္လိုက္သည္။
"ငါတို႔ေက်ာင္းမွာ Sအဆင့္ မက္ခါရွိလား?"

န်ဲ႕ေဟာက္ခ်ီ သူမကို ထူးဆန္းစြာၾကည့္လိုက္သည္။
"ရွိတာေပါ့... ဆရာရွန္းက Sအဆင့္မက္ခါကို သုံးတာေလ...."

*****
16.12.2024



စာဖတ္သူေလးေတြအားလုံး ဆိုင္ကယ္စီးရင္ ဂါဝန္ရွည္၊ စကတ္ရွည္ေတြနဲ႔ဆို သတိထားစီးၾကပါေနာ္

ကိုယ္ဆို အရင္လတုန္းက ဆိုင္ကယ္ထဲ ဂါဝန္ညပ္ပါၿပီး ေမွာက္သြားလို႔ တစ္ကိုယ္လုံးပြန္းပဲ့ၿပီး လက္က်ိဳးသြားခဲ့တာ

ကိုယ့္ညီမဝမ္းကြဲေလးလည္း ဒီေန႔ ကိုယ့္လိုျဖစ္ၿပီး ဆိုင္ကယ္ေမွာက္သြားေသးတယ္ သူကေတာ့ ပြန္းပဲ့တာပဲရွိတယ္ေပါ့ေနာ္

ကိုယ္တင္မကဘူး ေနာက္တစ္ေယာက္ပါထပ္ဖစ္တယ္ဆိုေတာ့ စာဖတ္သူေလးေတြပါသတိထားဖို႔ ေျပာျပတာပါ

ႀကိဳတင္ကာကြယ္ျခင္းက ျဖစ္ၿပီးမွေနာင္တရတာထက္ ပိုေကာင္းတယ္ေလေနာ္ ❤



You are reading the story above: TeenFic.Net