2

Background color
Font
Font size
Line height

#Unicode
အပိုင်း(၂)

သူမ စမ်းသပ်ဖန်ပြွန်ကို ကောက်လိုက်ပြီး ပါးစပ်ထဲလောင်းထည့်လိုက်သည်။ နေ့တစ်ဝက်လောက်ကြာသွားမှ အာဟာရပျော်ရည်တစ်စက် ပြုတ်ကျလာတော့သည်။

ဝေ့စန်းတစ်ယောက် ဘာအရသာလဲလို့ တွေးကြည့်လိုက်ပြီး စတော်ဘယ်ရီအရသာ အာဟာရပျော်ရည်ဖြစ်ကြောင်း သိလိုက်ရသည်။

အချိန်အကြာကြီး ဗိုက်ဆာလာခဲ့ရသည့် ခံစားချက်က ရုတ်တရက်ကြီး လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။

အာဟာရပျော်ရည်က ကောင်းသည့်အရာပင်။ ဗိုက်ပြည့်လွယ်သည်။ ကံဆိုးစွာဖြင့် တစ်စက်တည်းရှိနေခဲ့သည်။

အာဟာရပျော်ရည် ပုလင်းတစ်ဝက်သာရှာတွေ့နိုင်မည်ဆိုလျှင် တစ်နေ့လုံး ဗိုက်ဆာတော့မည်မဟုတ်ပေ။

သူမ စဉ်းစားနေချိန်တွင် သူမခေါင်းပေါ်မှ စူးရှရှအလင်းတန်းတစ်ခု ထွက်လာလေသည်။ ဝေ့စန်း မော့ကြည့်လိုက်ချိန်တွင် အမှိုက်ကားပျံတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။

ပုံမှန်ဆိုလျှင် အမှိုက်ကားပျံက မနက်နှစ်နာရီတွင်လာတတ်သည်ဖြစ်ပြီး ယခု မနက်လေးနာရီတွင် ရောက်လာသည်ဖြစ်၍ ထူးဆန်းလှပေသည်။
အမှိုက်ကားပျံတွေ လာနေတုန်းဆိုတာ ဖြစ်နိုင်ပါ့မလား?

ဝေ့စန်း နောက်ထပ်မစဉ်းစားနိုင်ခင် နောက်ထပ် အမှိုက်ကားပျံများ ထွက်ပေါ်လာသည်။ သူမ၏အိတ်ကို ချက်ချင်းဆွဲလိုက်သည်။ ဤ အမှိုက်ကားပျံများက အောက်တွင် လူရှိရှိမရှိရှိ ဂရုမစိုက်တတ်ပေ။ နှစ်တိုင်း အမှိုက်များကို လူအချို့ပေါ် တိုက်ရိုက်ပစ်ချမိ၍ သေကြသည့်လူများရှိသည်။

အမှိုက်ပုံထောင့်တွင် ပုန်းနေရင်း ကောင်းကင်တွင် အမှိုက်ကားပျံ ငါးစင်းက ဝိုင်းပတ်နေကြပြီး ၎င်းတို့၏နံဘေးတွင် လေယာဉ်လေးတစ်စင်းရှိနေသည်။

လေယာဉ်လေး၏ အရှေ့ဘက်ပြတင်းပေါက်တွင် အဖြူရောင်အလင်းတန်းတစ်ခု အဆက်မပြတ် လင်းလက်နေသည်။ ၎င်း၏ ကြိမ်နှုန်းက ကမ္ဘာပေါ်တွင် မီဒီယာများအသုံးပြုသော ကင်မရာများကို သတိရသွားစေမိသည်။

နောက်တစ်စက္ကန့်တွင် အမှိုက်ကားပျံငါးခုက ကားကြမ်းပြင်ကို ဖွင့်ချလိုက်ပြီး မရေမတွက်နိုင်သော အမှိုက်သေတ္တာများက အမှိုက်ပုံပေါ် ပြုတ်ကျလာပြီး လေယာဉ်လေး၏ အလင်းတန်းက ပို၍ လျှင်မြန်စွာ လင်းလက်လာသည်။

အမှိုက်များ ကုန်သွားချိန်တွင် အမှိုက်ကားပျံများက လေယာဉ်လေးနှင့်အတူ ထွက်သွားလေသည်။

ခဏကြာအောင် စောင့်ဆိုင်းပြီးနောက်တွင် ထိုသေတ္တာများထဲတွင် မည်သည့်အရာများ ပါဝင်နေကြောင်း သိလို၍ ဝေ့စန်းမြန်မြန်ပြေးတက်သွားလိုက်သည်။

သူမ ကြည့်စရာပင်မလိုလိုက်ပါ။ အနံ့ရနေပြီးသားဖြစ်သည်။ ၎င်းက အာဟာရပျော်ရည်အနံ့ပင်!

အမှိုက်ကားများပေါ်မှ ပြုတ်ကျလာချိန်တွင် အောက်ထပ် အဆင့်မှ သေတ္တာများက  ကွဲသွားခဲ့သည်။ အာဟာရပျော်ရည်၏ အနံ့ကလွင့်ပျံလာပြီး အမှိုက်ပုံ၏အနံ့နှင့် ရောသွားကာ ထူးဆန်းသည့် ကောင်းမွန်ဆိုးညစ်သော ရနံ့တစ်ခုဖြစ်ပေါ်လာသည်။

ဝေ့စန်း သူမကိုယ်တိုင်ပြုလုပ်ထားသည့် ဓာတ်မီးကို အိတ်ကပ်ထဲမှထုတ်လိုက်ပြီး သေတ္တာကိုထိုးကြည့်လိုက်ကာ ဘူးတစ်ခုကို ဆွဲထုတ်လိုက်ပြီး ပင့်သက်ရှိုက်မိသွားသည်။ အကုန်လုံးက အသစ်ကျပ်ချွတ် အာဟာရပျော်ရည်များပင်။

သူမ သေတ္တာများကို အဆက်မပြတ်ဖွင့်ကြည့်လိုက်သောအခါတွင်လည်း အာဟာရပျော်ရည်များဖြင့် ပြည့်နေသည်။

ဤအခြေအနေက ပြဿနာရှိသော အစားအသောက်များကို ဖျက်ဆီးသည့်ပုံနှင့် တူနေသည်။

ဤအာဟာရပျော်ရည်များက ဘာမှားနေလဲ သူမ မသိပေ။ ဝေ့စန်းတစ်ယောက် သူမ၏ အိတ်ကြီးထဲသို့ သုံးဘူးပစ်ထည့်လိုက်ပြီး ထိုဘူးများကိုသူမ၏ စုတ်ပြတ်နေသော သုံးဘီးစက်ဘီးပေါ်တင်လိုက်သည်။ ထို့နောက်တွင် စက်ဘီးကို သစ်ပင်များကြားထဲတွင် သွားဝှက်လိုက်ပြီး အမှိုက်ပုံပေါ် နောက်တစ်ကြိမ်ပြေးတက်သွားလိုက်သည်။ ထိုအတိုင်း နောက်တစ်ကြိမ်ထပ်လုပ်ရင်း သူမ၏ စက်ဘီးလေးထဲသို့ အာဟာရပျော်ရည်ဖန်ပြွန်များစွာကို ထည့်ထားလိုက်သည်။ တတိယအကြိမ် သွားထားပြီးချိန်တွင် အခြား အမှိုက်ကောက်သမားများကလည်း အာဟာရပျော်ရည်ကို ယူရန်အတွက် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

ထိုသူများက ဖန်ပြွန်များမှ အဆို့များကို ချက်ချင်းဆွဲဖြုတ်ပြီး အာဟာရပျော်ရည်များကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်ကြသည်။

"တကယ့် အာဟာရပျော်ရည်တွေပဲ! အရသာအရမ်းရှိတယ်!"

"လာကြ.. လာယူကြဟေ့!"

ဝေ့စန်းက အာဟာရပျော်ရည်များကို ထပ်သယ်နေဆဲဖြစ်သည်။ သူမ ဗိုက်ဆာလွန်း၍ မူးဝေလာချိန်တွင် ဖန်ပြွန်နှစ်ခုယူကာ ပါးစပ်ထဲသို့ လောင်းချလိုက်သည်။ ရုတ်တရက်ဆိုသလို ဗိုက်ထဲတွင် နွေးထွေးသွားရပြီး ဆာလောင်မှုဝေဒနာများ ပျောက်ကွယ်သွားရသည်။

သူမ ထပ်မသောက်တော့ချေ။ အာဟာရပျော်ရည်ဘူးများက သုံးဘီးစက်ဘီးလေးပေါ်တွင် ထပ်မဆံ့တော့မှသာ စက်ဘီးလေးကိုတွန်းရင်း ပြန်ရန်ပြင်လိုက်သည်။

တင်လာတာ အတော်များသွားသည်။

ဝေ့စန်းလည်း အံတင်းတင်းကြိတ်ရင်း တကျွီကျွီမြည်နေသော စက်ဘီးလေးကို လမ်းတစ်လျောက်လုံး တွန်းလာခဲ့သည်။ သုံးဘီးစက်ဘီးလေးကို လျှပ်စီးဘီးဖြစ်အောင်လုပ်ရန် အခွင့်အရေးတစ်ခုရှာရမည်ဖြစ်သော်လည်း သူမလိုနေသည့် ပစ္စည်းများကို အမှိုက်ပုံတွင် ရှာမတွေ့သေးပေ။ ဤကမ္ဘာတွင် အသုံးပြုသောစွမ်းအင်က သူမကမ္ဘာတွင် အသုံးပြုသော စွမ်းအင်နှင့် အလွန်ကွာခြားလေသည်။ ဤကလေးမလေး၏ မှတ်ဉာဏ်ထဲတွင် အမှိုက်ပုံတစ်ခုပြီးတစ်ခုဖြဲရှာနေရသည့် မှတ်ဉာဏ်များသာ ရှိနေသည်မှာ နှမြောစရာပင်။

ဝေ့စန်း ပျက်စီးယိုယွင်းနေသော အဆောက်အဦသို့ပြန်ရောက်ချိန်တွင် အာဟာရပျော်ရည်စုစုပေါင်း ဆယ့်နှစ်ဘူးကို ဖြည်းဖြည်းချင်း နေရာရွှေ့လိုက်သည်။ ၎င်းတို့ကို နံရံဘေးတွင် သပ်သပ်ရပ်ရပ်စီထားပြီး စိတ်ကျေနပ်သွားရသည်။

နောက်ဆုံးတော့ သူမ ဗိုက်ထပ်မဆာရတော့ပေ။

*****
17.9.2023



#Zawgyi
အပိုင္း(၂)

သူမ စမ္းသပ္ဖန္ႁပြန္ကို ေကာက္လိုက္ၿပီး ပါးစပ္ထဲေလာင္းထည့္လိုက္သည္။ ေန႔တစ္ဝက္ေလာက္ၾကာသြားမွ အာဟာရေပ်ာ္ရည္တစ္စက္ ျပဳတ္က်လာေတာ့သည္။

ေဝ့စန္းတစ္ေယာက္ ဘာအရသာလဲလို႔ ေတြးၾကည့္လိုက္ၿပီး စေတာ္ဘယ္ရီအရသာ အာဟာရေပ်ာ္ရည္ျဖစ္ေၾကာင္း သိလိုက္ရသည္။

အခ်ိန္အၾကာႀကီး ဗိုက္ဆာလာခဲ့ရသည့္ ခံစားခ်က္က ႐ုတ္တရက္ႀကီး လြင့္ပါးေပ်ာက္ကြယ္သြားခဲ့သည္။

အာဟာရေပ်ာ္ရည္က ေကာင္းသည့္အရာပင္။ ဗိုက္ျပည့္လြယ္သည္။ ကံဆိုးစြာျဖင့္ တစ္စက္တည္းရွိေနခဲ့သည္။

အာဟာရေပ်ာ္ရည္ ပုလင္းတစ္ဝက္သာရွာေတြ႕ႏိုင္မည္ဆိုလွ်င္ တစ္ေန႔လုံး ဗိုက္ဆာေတာ့မည္မဟုတ္ေပ။

သူမ စဥ္းစားေနခ်ိန္တြင္ သူမေခါင္းေပၚမွ စူးရွရွအလင္းတန္းတစ္ခု ထြက္လာေလသည္။ ေဝ့စန္း ေမာ့ၾကည့္လိုက္ခ်ိန္တြင္ အမႈိက္ကားပ်ံတစ္ခုျဖစ္ေၾကာင္း သိလိုက္ရသည္။

ပုံမွန္ဆိုလွ်င္ အမႈိက္ကားပ်ံက မနက္ႏွစ္နာရီတြင္လာတတ္သည္ျဖစ္ၿပီး ယခု မနက္ေလးနာရီတြင္ ေရာက္လာသည္ျဖစ္၍ ထူးဆန္းလွေပသည္။
အမႈိက္ကားပ်ံေတြ လာေနတုန္းဆိုတာ ျဖစ္ႏိုင္ပါ့မလား?

ေဝ့စန္း ေနာက္ထပ္မစဥ္းစားႏိုင္ခင္ ေနာက္ထပ္ အမႈိက္ကားပ်ံမ်ား ထြက္ေပၚလာသည္။ သူမ၏အိတ္ကို ခ်က္ခ်င္းဆြဲလိုက္သည္။ ဤ အမႈိက္ကားပ်ံမ်ားက ေအာက္တြင္ လူရွိရွိမရွိရွိ ဂ႐ုမစိုက္တတ္ေပ။ ႏွစ္တိုင္း အမႈိက္မ်ားကို လူအခ်ိဳ႕ေပၚ တိုက္႐ိုက္ပစ္ခ်မိ၍ ေသၾကသည့္လူမ်ားရွိသည္။

အမႈိက္ပုံေထာင့္တြင္ ပုန္းေနရင္း ေကာင္းကင္တြင္ အမႈိက္ကားပ်ံ ငါးစင္းက ဝိုင္းပတ္ေနၾကၿပီး ၎တို႔၏နံေဘးတြင္ ေလယာဥ္ေလးတစ္စင္းရွိေနသည္။

ေလယာဥ္ေလး၏ အေရွ႕ဘက္ျပတင္းေပါက္တြင္ အျဖဴေရာင္အလင္းတန္းတစ္ခု အဆက္မျပတ္ လင္းလက္ေနသည္။ ၎၏ ႀကိမ္ႏႈန္းက ကမာၻေပၚတြင္ မီဒီယာမ်ားအသုံးျပဳေသာ ကင္မရာမ်ားကို သတိရသြားေစမိသည္။

ေနာက္တစ္စကၠန႔္တြင္ အမႈိက္ကားပ်ံငါးခုက ကားၾကမ္းျပင္ကို ဖြင့္ခ်လိုက္ၿပီး မေရမတြက္ႏိုင္ေသာ အမႈိက္ေသတၱာမ်ားက အမႈိက္ပုံေပၚ ျပဳတ္က်လာၿပီး ေလယာဥ္ေလး၏ အလင္းတန္းက ပို၍ လွ်င္ျမန္စြာ လင္းလက္လာသည္။

အမႈိက္မ်ား ကုန္သြားခ်ိန္တြင္ အမႈိက္ကားပ်ံမ်ားက ေလယာဥ္ေလးႏွင့္အတူ ထြက္သြားေလသည္။

ခဏၾကာေအာင္ ေစာင့္ဆိုင္းၿပီးေနာက္တြင္ ထိုေသတၱာမ်ားထဲတြင္ မည္သည့္အရာမ်ား ပါဝင္ေနေၾကာင္း သိလို၍ ေဝ့စန္းျမန္ျမန္ေျပးတက္သြားလိုက္သည္။

သူမ ၾကည့္စရာပင္မလိုလိုက္ပါ။ အနံ႔ရေနၿပီးသားျဖစ္သည္။ ၎က အာဟာရေပ်ာ္ရည္အနံ႔ပင္!

အမႈိက္ကားမ်ားေပၚမွ ျပဳတ္က်လာခ်ိန္တြင္ ေအာက္ထပ္ အဆင့္မွ ေသတၱာမ်ားက  ကြဲသြားခဲ့သည္။ အာဟာရေပ်ာ္ရည္၏ အနံ႔ကလြင့္ပ်ံလာၿပီး အမႈိက္ပုံ၏အနံ႔ႏွင့္ ေရာသြားကာ ထူးဆန္းသည့္ ေကာင္းမြန္ဆိုးညစ္ေသာ ရနံ႔တစ္ခုျဖစ္ေပၚလာသည္။

ေဝ့စန္း သူမကိုယ္တိုင္ျပဳလုပ္ထားသည့္ ဓာတ္မီးကို အိတ္ကပ္ထဲမွထုတ္လိုက္ၿပီး ေသတၱာကိုထိုးၾကည့္လိုက္ကာ ဘူးတစ္ခုကို ဆြဲထုတ္လိုက္ၿပီး ပင့္သက္ရႈိက္မိသြားသည္။ အကုန္လုံးက အသစ္က်ပ္ခြၽတ္ အာဟာရေပ်ာ္ရည္မ်ားပင္။

သူမ ေသတၱာမ်ားကို အဆက္မျပတ္ဖြင့္ၾကည့္လိုက္ေသာအခါတြင္လည္း အာဟာရေပ်ာ္ရည္မ်ားျဖင့္ ျပည့္ေနသည္။

ဤအေျခအေနက ျပႆနာရွိေသာ အစားအေသာက္မ်ားကို ဖ်က္ဆီးသည့္ပုံႏွင့္ တူေနသည္။

ဤအာဟာရေပ်ာ္ရည္မ်ားက ဘာမွားေနလဲ သူမ မသိေပ။ ေဝ့စန္းတစ္ေယာက္ သူမ၏ အိတ္ႀကီးထဲသို႔ သုံးဘူးပစ္ထည့္လိုက္ၿပီး ထိုဘူးမ်ားကိုသူမ၏ စုတ္ျပတ္ေနေသာ သုံးဘီးစက္ဘီးေပၚတင္လိုက္သည္။ ထို႔ေနာက္တြင္ စက္ဘီးကို သစ္ပင္မ်ားၾကားထဲတြင္ သြားဝွက္လိုက္ၿပီး အမႈိက္ပုံေပၚ ေနာက္တစ္ႀကိမ္ေျပးတက္သြားလိုက္သည္။ ထိုအတိုင္း ေနာက္တစ္ႀကိမ္ထပ္လုပ္ရင္း သူမ၏ စက္ဘီးေလးထဲသို႔ အာဟာရေပ်ာ္ရည္ဖန္ႁပြန္မ်ားစြာကို ထည့္ထားလိုက္သည္။ တတိယအႀကိမ္ သြားထားၿပီးခ်ိန္တြင္ အျခား အမႈိက္ေကာက္သမားမ်ားကလည္း အာဟာရေပ်ာ္ရည္ကို ယူရန္အတြက္ တစ္ေယာက္ၿပီးတစ္ေယာက္ ေရာက္လာၾကသည္။

ထိုသူမ်ားက ဖန္ႁပြန္မ်ားမွ အဆို႔မ်ားကို ခ်က္ခ်င္းဆြဲျဖဳတ္ၿပီး အာဟာရေပ်ာ္ရည္မ်ားကို ပါးစပ္ထဲသို႔ ေလာင္းထည့္လိုက္ၾကသည္။

"တကယ့္ အာဟာရေပ်ာ္ရည္ေတြပဲ! အရသာအရမ္းရွိတယ္!"

"လာၾက.. လာယူၾကေဟ့!"

ေဝ့စန္းက အာဟာရေပ်ာ္ရည္မ်ားကို ထပ္သယ္ေနဆဲျဖစ္သည္။ သူမ ဗိုက္ဆာလြန္း၍ မူးေဝလာခ်ိန္တြင္ ဖန္ႁပြန္ႏွစ္ခုယူကာ ပါးစပ္ထဲသို႔ ေလာင္းခ်လိုက္သည္။ ႐ုတ္တရက္ဆိုသလို ဗိုက္ထဲတြင္ ေႏြးေထြးသြားရၿပီး ဆာေလာင္မႈေဝဒနာမ်ား ေပ်ာက္ကြယ္သြားရသည္။

သူမ ထပ္မေသာက္ေတာ့ေခ်။ အာဟာရေပ်ာ္ရည္ဘူးမ်ားက သုံးဘီးစက္ဘီးေလးေပၚတြင္ ထပ္မဆံ့ေတာ့မွသာ စက္ဘီးေလးကိုတြန္းရင္း ျပန္ရန္ျပင္လိုက္သည္။

တင္လာတာ အေတာ္မ်ားသြားသည္။

ေဝ့စန္းလည္း အံတင္းတင္းႀကိတ္ရင္း တကြၽီကြၽီျမည္ေနေသာ စက္ဘီးေလးကို လမ္းတစ္ေလ်ာက္လုံး တြန္းလာခဲ့သည္။ သုံးဘီးစက္ဘီးေလးကို လွ်ပ္စီးဘီးျဖစ္ေအာင္လုပ္ရန္ အခြင့္အေရးတစ္ခုရွာရမည္ျဖစ္ေသာ္လည္း သူမလိုေနသည့္ ပစၥည္းမ်ားကို အမႈိက္ပုံတြင္ ရွာမေတြ႕ေသးေပ။ ဤကမာၻတြင္ အသုံးျပဳေသာစြမ္းအင္က သူမကမာၻတြင္ အသုံးျပဳေသာ စြမ္းအင္ႏွင့္ အလြန္ကြာျခားေလသည္။ ဤကေလးမေလး၏ မွတ္ဉာဏ္ထဲတြင္ အမႈိက္ပုံတစ္ခုၿပီးတစ္ခုၿဖဲရွာေနရသည့္ မွတ္ဉာဏ္မ်ားသာ ရွိေနသည္မွာ ႏွေျမာစရာပင္။

ေဝ့စန္း ပ်က္စီးယိုယြင္းေနေသာ အေဆာက္အဦသို႔ျပန္ေရာက္ခ်ိန္တြင္ အာဟာရေပ်ာ္ရည္စုစုေပါင္း ဆယ့္ႏွစ္ဘူးကို ျဖည္းျဖည္းခ်င္း ေနရာေ႐ႊ႕လိုက္သည္။ ၎တို႔ကို နံရံေဘးတြင္ သပ္သပ္ရပ္ရပ္စီထားၿပီး စိတ္ေက်နပ္သြားရသည္။

ေနာက္ဆုံးေတာ့ သူမ ဗိုက္ထပ္မဆာရေတာ့ေပ။

*****

17.9.2023


You are reading the story above: TeenFic.Net