Chapter 197 So Was He Deceived?

Background color
Font
Font size
Line height

အပိုင်း ၁၉၇။ ဆိုတော့ သူ အလှည့်စားခံလိုက်ရတာလား?

သူအခုတလော အတော်ကြီးကို ပျင်းရိနေခြင်းကြောင့် ဖုန့်ရှီက သူ့အစီအစဉ်ကို စတင်အကောင်ထည်ဖော်လေတော့သည်။

သူ့ခေါင်းဆောင်၏ကတိကြောင့် ဦးလေးဖြူနောက် နောက်ယောင်ခံလိုက်ရာမှာ သူရှာတွေ့ခံရမှာကို မစိုးရမ်တော့ပေ။ ဖုန့်ရှီက ဘေးခန်းမနန်းတော်တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပေမဲ့ ဦးလေးဖြူနှင့် ဖုန့်လင်းတို့ မရောက်ခင်မှာပဲ ခိုးကြောင်ခိုးဝှက်နှင့် တိုးဝင်သွားသည့်သူတစ်ယောက်ကို သူတွေ့လိုက်ရသည်။

ဖုန့်ရှီ အသေအချာကြည့်လိုက်တော့ ထိုသူက ရေခဲချီလင်ဆိုတာကို သူ သတိပြုမိသွားသည်။ သူလည်းပဲ ဦးလေးဖြူရဲ့ ထူးခြားနေချက်ကို ရှာတွေ့သွားလို့ ဖုန့်ရှီလိုပဲ အကြံတူ ရှိနေခဲ့တာလား?

ဖုန့်ရှီက အတန်ကြာ ကြည့်နေပြီးနောက် ရေခဲချီလင်က သူဒီမှာရှိနေတာကို သတိမပြုမိမှန်းသိသွားတော့ ထိုသူကို လှမ်းခေါ်ပြီး ရပ်တန့်စေဖို့ အကြံကို စွန့်လွှတ်လိုက်တော့သည်။ သို့သော် ရေခဲချီလင်တောင်မှ သူ့တည်ရှိမှုကို ရှာမတွေ့နိုင်ဘူးဆိုတာကိုတော့ သူ အရမ်းပျော်သွားရသည်၊ ဒါဆို ဦးလေးဖြူလည်း သူ့ကို သတိပြုမိမှာမဟုတ်ဘူး။ ထို့ကြောင့် သူ သူတို့သတိမပြုမိဘဲ ခိုးကြည့် ခိုးနားထောင်နိုင်မည်ပင်။

ဘေးနန်းတော်ခန်းမက ဧည့်သည်တွေကို ဧည့်ခံဖို့ အသုံးပြုသည့်ခန်းမဖြစ်သည့်အတွက် ပရိဘောဂပစ္စည်းပစ္စယတွေက တခြားနန်းတော်ခန်းမတွေထဲကနှင့် အတူတူပဲဖြစ်သည်။ VIP နားနေဆောင်အနောက်တွင် ဧရာမကျောက်တုံးကြီးတစ်တုံးရှိပြီး ၎င်းအနောက်တွင် ကျောက်တုံးများဖြင့် ခြားထားသော ရေပူစမ်းများစွာရှိသည်။ မြူဆိုင်းနေသည့်မြင်ကွင်းက အပန်းဖြေစခန်းတစ်ခု သို့မဟုတ် နတ်ဘုံနတ်နန်းတစ်ခုလို ဖြစ်နေသည်။ ရေပူစမ်းတွေ၏ အနောက်တွင် ဧရာမတောင်ထွတ်အတုကြီးတစ်ခုရှိပြီး ၎င်းဟာ အတုလား ဒါမှမဟုတ် တကယ့်တောင်အစစ်လားဆိုတာတောင် သူ မသိနိုင်ပေ။

ဖုန့်ရှိ ပထမဆုံးမြင်လိုက်ရတော့ သူလည်း ထိတ်လန့်သွားလေ၏။ ဘေးခန်းမတွင် ဘာမှ သိပ်မထူးခြားသည့် VIP နားနေခန်းတွေပဲ ရှိတယ်လို့ သူထင်ခဲ့တာဖြစ်သည်။ မထင်မှတ်ပဲ၊ သူနောက်ကျောဘက်ကို လျှောက်လာတော့မှ ဒီမြင်ကွင်းကို မြင်လိုက်ရသည့်အတွက် အဲဒီအချိန်မှာ လုံးဝကို အံ့ဩသွားရတော့သည်။ အဲ့လိုသာဆို သူ ရေချိုးချင်တိုင်း ဒီပြေးလာပြီး ချိုးလို့ရတာပဲ။ တစ်ခါတလေဆို ဒီကို လာလေ့ရှိပြီး ငရဲမင်းကြီး သူ့ကို လာရှာတော့မှသာ သူ ပြန်သွားခဲ့တာဖြစ်သည်။

ထို့ကြောင့် ဖုန့်ရှိက ဤဘေးခန်းမက နေရာထောင့်စုံကို သူ ရင်းနှီးကျွမ်းဝင်သည်။

မကြာသေးမီက ဦးလေးဖြူက ဘေးခန်းမမှာ သူ့ကိုယ်သူ တံခါးပိတ် နေနေပြီး၊ အကြီးမားဆုံး ဖြစ်နိုင်ချေကတော့ ဒီနေရာမှာ ပူးပေါင်းကြံစည်မှု တစ်ခုခု လုပ်နေခြင်း ဖြစ်မည်။ ဖုန့်ရှိသည် ရေပူစမ်းတစ်ခုလုံးကို မြင်နိုင်လောက်သည်ဟု သူ ထင်မြင်သော အမြင့်ဆုံးသောကျောက်တုံးကို တွေ့ရှိခဲ့၏။

ဒါပေမယ့် ရေခဲချီလင် မ၀င်လာခင်ထိ သူ မပုန်းကွယ်ရသေးချေ။

ရေခဲချီလင်ကလည်း ပုန်းဖို့ နေရာရှာဖို့သာ လောနေဟန်တူသည်။ ဒါကြောင့် ရေထဲကို တိုက်ရိုက် ငုပ်ဆင်းသွားပြီး ပျောက်ကွယ်သွားတော့၏။ မကြာခင်မှာပဲ ဦးလေးဖြူက ရေပူစမ်းတံခါးဝမှာ ပေါ်လာပြီး ကြောက်ရွံ့နေတဲ့ ဖုန့်လင်းနဲ့အတူ ဝင်လာခဲ့သည်။ ရေခဲချီလင်ပုန်းအောင်းနေတဲ့ ရေပူစမ်းဘေးထိ သူတို့ လျှောက်သွားခဲ့ခြင်းကတော့ မတော်တဆ ဖြစ်ကောင်းဖြစ်နိုင်သည်။

ဖုန့်ရှိက သူစိတ်ထင်နေတာလားတော့မသိပေမဲ့ ဦးလေးဖြူက ရေပူစမ်းမျက်နှာပြင်ကို တည်ငြိမ်သောမျက်လုံးများနှင့် ဖြန့်ကျက် အကဲခတ်နေပြီးမှ ဘာမှ ရှာမတွေ့သလိုမျိုး တည်ငြိမ်စွာနှင့် အဝေးကို ကြည့်လိုက်သလို ဖုန့်ရှီ ခံစားလိုက်ရသည်။

ဖုန့်ရှီက ဦးလေးဖြူ ရေခဲချီလင်ကို ရှာတွေ့သွားခြင်းရှိမရှိ မခန့်မှန်းဘဲ မနေနိုင်တော့ပေ။

'မဖြစ်သင့်ဘူး။ အမှန်တော့ ရေခဲချီလင်က ဦးလေးဖြူနဲ့ ခေတ်ပြိုင် စွမ်းအားကြီးသူတစ်ယောက် ဖြစ်သည်။ ရေခဲချီလင်ကို ရှာတွေ့ခဲ့တယ်ဆိုလျင်တောင်မှ ဒီလောက်မြန်မြန်ကြီး မဖြစ်သင့်ဘူး။ ငါမသိတဲ့ ထူးဆန်းတာတစ်ခုရှိသေးသလား?'

ဖု့န်ရှီ၏ စိတ်ထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာသည်။ ကံမကောင်းစွာပဲ၊ အဖြေကို သူ မစဉ်းစားနိုင်ခဲ့။ ထို့ကြောင့် သူသည် ၎င်းအကြောင်းတွေးတာကို ခေတ္တရပ်လိုက်ပြီး ဦးလေးဖြူနှင့် ဖုန့်လင်းထံသို့ ပြန်လှည့်သွားခဲ့သည်။

"ဦးလေးဖြူ၊ ကျွန်တော်တို့အရင်တုန်းက လုပ်ခဲ့တာတွေကို လုပ်ဖို့လိုသေးလား?" ဖုန့်လင်းက ထိတ်လန့်သောအမူအရာဖြင့် စကားထစ်ထစ်နှင့် ပြောလိုက်သည်။ နှစ်ကြိမ်သုံးကြိမ်လောက် လုပ်ခဲ့ဖူးပေမယ့် ကျင့်သားမရသေးသလိုမျိုး သူ အလွန်ရှက်နေမိသည်။

'နောက်ဆုံးအချိန်တုန်းက?'

ကျောက်တုံးကြီးနောက်ကွယ်မှာ ပုန်းနေသည့် ဖုန့်ရှီနှင့် ရေထဲမှာ ပုန်းနေသည့် ရေခဲချီလင်တို့ကတော့ ချက်ချင်းပဲ နားတွေ ထောင်ကာ စွင့်သွားကြတော့သည်။ ဦးလေးဖြူနှင့် ဖုန့်လင်းတို့ သူတို့မသိနိုင်တဲ့ လျို့ဝှက်ကြံစည်မှုတစ်ခုခုကို ဒီနေရာမှာ လျို့လျို့ဝှက်ဝှက် လုပ်နေကြတယ်ဆိုတဲ့ သံသယဖြစ်စရာ ရှိတာကတော့ မြေကြီးလက်ခက်မလွဲဖြစ်သည်။ ကံကောင်းစွာနှင့် သူတို့ ဒါကို ရှာတွေ့သွားခဲ့ခြင်းပင်။ ဒါပေမဲ့ သူတို့က ဦးလေးဖြူ သူတို့ကို သတိထားမိသွားမှာ စိုးသည့်အတွက် ခေါင်းတောင် မပြူဝံ့ဘဲ နားပဲ ထောင်နေကြရသည်။ အဲ့နောက် သူတို့ ဦးလေးဖြူ၏အသံကို ကြားလိုက်ရသည်။

ဦးလေးဖြူက "မင်းအဝတ်တွေကို ချွတ်လိုက်" ဟု ပြောလိုက်၏။

'အဝတ်တွေ ချွတ်ရတာ ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းလဲ! ဦးလေးဖြူ၊ မင်းတို့နှစ်ယောက်က သိတာမှ ဆယ်ရက်လောက်ပဲ ရှိကြသေးတာကို ဒီအဆင့်အထိတောင် ရောက်ကုန်ကြပြီလား။ ဘယ်လိုတောင် အံ့အားသင့်စရာကောင်းလောက်အောင် မြန်ဆန်လွန်းရတာလဲ! အောင်နိုင်မှုတစ်ခုကို ခပ်မြန်မြန်လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ဦးလေးဖြူက တကယ့်ကို ပုံမှန်ပဲ။

သူတို့ တစ်ချက်လေးတောင် မကြည့်ရပေမဲ့ ဖုန့်လင်းတစ်ယောက် ဘယ်လိုဖြစ်နေမလဲဆိုတာ သူတို့ ခန့်မှန်းနိုင်သည်၊ မျက်ရည်ကျလုလု ဖြစ်နေလောက်မည်။ ဖုန့်လင်းက အရင်တုန်းကနဲ့ လုံးဝကို မတူတော့ဘူးလို့ သူတို့ ထင်ခဲ့တာ မထူးဆန်းတော့ဘူးပဲ။ သူက ပျော့ညံ့ပြီး တွန့်ဆုတ်ဆုတ်ရှိတတ်ပေမဲ့ ဦးလေးဖြူကို မြင်ရင် ကြောက်နေခြင်းမျိုးရှိမနေခဲ့။ အခုတော့ သူတို့ နှစ်ယောက် ဒီမှာ လိင်ဆက်ဆံနေကြတာကြောင့်ပဲကိုး။ ထို့အပြင် ဖုန့်လင်း၏ အသံသည် တွန့်ဆုတ်မှု အပြည့်ဖြင့် ဖြစ်နေခြင်းမှာ ဖုန့်လင်းက အတင်းအကျပ် စေခိုင်းခံရခြင်းကြောင့်ဖြစ်မည်ဟု သူတို့ ထင်လိုက်ကြသည်။ ဦးလေးဖြူက... တကယ့်ကို တိရစ္ဆာန်မျိုးပဲ!

စုတ်ဖြဲလိုက်သည် အသံကို သူတို့ ကြားလိုက်ကြရသည်။ "အတင်းအကြပ်" စေခိုင်းခြင်းခံရသော ဖုန့်လင်းသည် ဦးလေးဖြူ၏ "ခြိမ်းခြောက်မှု" အောက်တွင် သူ့အဝတ်အစားများကို ချွတ်ပစ်လိုက်ခြင်းဖြစ်မည်။ ဖုန့်ရှီနှင့် ရေခဲချီလင်တို့က ဖုန့်လင်း၏ ပါးလွှာပြီး နူးညံ့သော ခန္ဓာကိုယ်က အေးစက်သည့်လေထုအောက်တွင် တုန်ရီနေမည်ကို မြင်ယောင်သွားရကာ သူ့ကို မသနားဘဲ မနေနိုင် ဖြစ်သွားကြတော့သည်!

တစ်ချိန်တည်းမှာပဲ သူတို့နှစ်ဦးက ဖုန့်လင်းအတွက် စာနာစိတ်နှင့် စိတ်ထဲကနေ အော်ဟစ်နေမိတော့သည်။

'ဒီရက်အနည်းငယ်အတွင်းမှာ မင်းဒီလို သနားစရာကောင်းတဲ့ တည်ရှိမှုအောက် ပိတ်မိနေခဲ့တာပဲကိုး။ ဒါဟာ တကယ့်ကို ကြေကွဲစရာပဲ။ ကံမကောင်းစွာပဲ၊ ငါမင်းကိုကူညီဖို့ရည်ရွယ်ထားပေမယ့်၊ ဦးလေးဖြူက အရမ်းအားကြီးတဲ့အတွက် ဒီကြားထဲမှာ သူ့ကို အနိုင်ယူနိုင်ပါ့မလားဆိုတာတော့ ငါမသေချာဘူး။ ဒါကြောင့် ဦးလေးဖြူရဲ့ ညှဉ်းပန်းနှိပ်စက်တာ မင်းခံနေရတာကို စောင့်ကြည့်ဖို့ကလွဲပြီး ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး။ ငါ တကယ်ကို စိတ်မကောင်းပါဘူး!'

ဦးလေးဖြူက အေးစက်စက်အသံဖြင့် "ဒါကို မင်းရဲ့ ခန္ဓာကိုယ်ပေါ် လူးလိုက်" လို့ ပြောလိုက်ပြန်သည်။

ဒီဝါကျကိုကြားတော့ သူတို့နှစ်ယောက်ဟာ မဖွယ်မရာ စိတ်ကူးယဉ်မှုတွေနဲ့ ထင်မြင်ယူဆချက်တွေကြောင့် လမ်းပျောက်သွားရတော့သည်။ သူတို့ စိတ်ထဲမှာ မြင်ကွင်းကို အလိုအလျောက် စိတ်ကူးယဉ် ဖော်ဆောင်နေခဲ့၏။ ဦးလေးဖြူက တစ်ကိုယ်ရေ ချောဆီကို အသုံးပြုဖို့ ရွံရှာဖွယ်ကောင်းလောက်အောင်ပင် ဖုန့်လင်းကို သူ့ဘာသာသူ လိမ်းခိုင်းခဲ့သည်။ ဦးလေးဖြူက တကယ်ကို တိရစ္ဆာန်တစ်ကောင်ပါ။ ဒါပေမယ့် အဲဒါက သူတို့ရဲ့ စိတ်ကူးယဉ်သက်သက်ပဲ၊ သူတို့နှစ်ယောက်က ဦးလေးဖြူနှင့် ဖုန့်လင်းတို့ ဘာလုပ်နေကြသလဲသိနိုင်ဖို့ နားရွက်တွေကို အစွမ်းကုန် ထောင်ထားဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြဆဲပင်။

ဖုန့်လင်းသည် ၎င်းကို အပြီးသတ်ရန် အချိန်အတော်ကြာယူနေရခြင်းမှာ"ရှက်စိတ်" ကြောင့်ဖြစ်နိုင်သည်။ နောက်ဆုံးတော့ သူက"ပြီးပြီ" ဟု မျက်ရည်ဝဲကာ ပြောလိုက်ပုံရသည်။

ဦးလေးဖြူက ဖုန့်လင်းငိုနေတာကို မကျေမနပ်ဖြစ်နေပုံရပြီး "မင်းဘာလို့ ဒီလိုမျိုး ငိုနေရတာလဲ၊ သည်းပဲ သည်းခံလိုက်၊ ပြီးသွားမှာပေါ့" ဟု ကဲ့ရဲ့ရှုတ်ချပြောဆိုလိုက်သည်။

"ဒါပေမယ့် အဲ့တာက နာမှာ" ဖုန့်လင်း၏ အသံက ခြင်တစ်ကောင် အော်ဟစ်နေသကဲ့သို့ သေးငယ်သွားကာ သူ့အသံမှ ကျည်တောက်က သူ့ကိုယ်သူ ထိန်းနေရကြောင်းပြသနေသည်။

ဖုန့်ရှိနှင့် ရေခဲချီလင်တို့သာ အသက်ရှုသံကြားလောက်အောင်အထိ မကြားနေနိုင်ဘူးဆိုလျင် ထိုစကားတို့ကို မကြားရသလောက် ဖြစ်သွားနိုင်လောက်သည်။ အဲ့စကားတွေကို သူတို့ ကြားလိုက်ရပြီးနောက် အလွန်အမင်းကို ထိတ်လန့်အံ့ဩသွားရတော့သည်။ အစတုန်းကတော့ သူတို့က လိင်ဆက်ဆံနေတာမည်မည်ဟု သံသယသာ ဝင်ခဲ့ကြခြင်းဖြစ်သော်လည်း အခုတော့ လုံးဝကို သေချာသွားပြီပင်။

နာကျင်မှာပဲ! နာကျင်မှာပဲ!

ယောက်ျားတစ်ယောက်က အဲဒီနေရာကို ဒီလိုမျိုး တစ်ခုခုလုပ်တဲ့အခါ နာကျင်မှာ သေချာသည်။ ၎င်းကို နက်နဲစွာနားလည်သော ဖုန့်ရှီသည် ၎င်းတို့နှစ်ဦးကြားရှိ ဆက်ဆံရေးကို အခိုင်အမာ ပိုမိုအတည်ပြုသွားနိုင်ခဲ့တော့သည်။ ဦးလေးဖြူက ဒီလိုမျိုး အလုပ်မျိုး လုပ်တယ်ဆိုတဲ့ ဒီတွေ့ရှိချက်က အံ့သြစရာပါပဲ။ ပြန်သွားတဲ့အခါ ခေါင်းဆောင်ကို သူ ပြောပြရမယ်။

"နာကျင်ရတာက ပုံမှန်ပဲ" ဦးလေးဖြူ၏ တင်းမာသော အသံက ထွက်ပေါ်လာပြန်သည်။ ထို့နောက် သူက ဖုန့်လင်းကို အခွင့်အရေးမပေးဘဲ ဆက်ပြောလိုက်သည်၊ "စလိုက်ရအောင်!"

ဒါကိုကြားတော့ ဖုန့်ရှီနှင့် ရေခဲချီလင်တို့ ဘယ်လိုတုံ့ပြန်ရမလဲ မသိ ဖြစ်သွားကြတော့သည်။ သူ (သူတို့) က အဲ့တာလုပ်နေတာကို ကြည့်သင့်တာလား? ဘယ်လောက်ပဲတွေးတွေး အဲ့တာကြီးက အတော်ကြီးကို ရှက်စရာကြီးလေ၊ ပြီးတော့ ဦးလေးဖြူက သူနဲ့ဖုန့်လင်းတို့ ဆက်ဆံနေကြတာကို သူတို့ ချောင်းကြည့်နေကြတာသာ သိသွားခဲ့မယ်ဆိုရင် သူ ဒေါသတကြီး အညှိုးထားတော့မှာဖြစ်သည့်အတွက် သူ (သူတို့) အမြန်ထွက်သွားဖို့ နည်းလမ်းတစ်ခု ရှာရမည်။

မမြင်ရတဲ့ ဒီနေရာကနေ ဘယ်လို လျိုထွက်ရမလဲဆိုတာ သူတို့နှစ်ယောက် တွေးနေချိန်မှာပဲ ဖုန့်လင်းက ရုတ်တရက် အသည်းထဲက လှိုက်လှိုက်လှဲလှဲ ငိုလိုက်သံမှာ နားထောင်သူတွေအဖို့ နှလုံးသားကို နာကျင်သွားစေတော့သည်။ သူတို့နှစ်ယောက် ကြောက်လန့်လွန်သွားကြပြီး ဖုန့်ရှီကတော့ ကျောက်တုံးပေါ်ကနေ ချော်ကျမတတ် ဖြစ်သွားတော့သည်။ ကံကောင်းထောက်မစွာနှင့် သူ အချိန်မီ ထိန်းလိုက်နိုင်ခြင်းကြောင့်သာ ဘာမှမဖြစ်သွားခဲ့တာဖြစ်သည်။ ဒါပေမဲ့ ရေခဲချီလင်ကတော့ ကံမကောင်းချေ။ သူက ရေထဲမှာ ရှိနေဆဲဆိုတာကို မေ့သွားခဲ့ပြီး ပါးစပ်ကို ဖွင့်လိုက်မိတော့ ရေပူတွေက ပါးစပ်ထဲနဲ့ နှာခေါင်းထဲ တိုးဝင်လာကြတာကြောင့် သူ သီးသွားရကာ တောင့်မခံနိုင်တော့ဘဲ ရေပေါ် တက်လာရတော့သည်။

ထိုသို့နှင့် သူ့ကို ဦးလေးဖြူနှင့် ဖုန့်လင်းတို့ တွေ့သွားကြတော့သည်။

ဖုန့်လင်းက ဒီနေရာမှာ တတိယလူ တစ်ယောက် ရှိနေမယ်ဟု မမျှော်လင့်ထားခဲ့သည့်အတွက် နောက်ထပ်အော်သံတစ်ခု ထုတ်မိသွားပြန်သည်။ ဦးလေးဖြူ သူ့ကို ဘာလုပ်စေချင်သလဲဆိုတာ ဂရုမစိုက်တော့ဘဲ မြေကြီးပေါ်က အဝတ်အစားတွေကို ကောက်ကိုင်လိုက်ပြီး ပြေးထွက်သွားတော့၏။ ဒါပေမဲ့ ဦးလေးဖြူက ရေခဲချီလင်၏ တည်နေရာကို တွေ့ရှိပြီးဖြစ်သလိုမျိုး ရေပြင်ထဲက ထွက်လာသည့် သူကို တည်တည်ငြိမ်ငြိမ်နှင့်ပဲ စိုက်ကြည့်နေသည်။

သူ့နေရာကို ထုတ်ဖော်လိုက်ပြီဆိုတာ သိလိုက်တော့ ရေခဲချီလင် ရှက်သွားပုံရသည်။ ဦးလေးဖြူ သူ့ကို စိုက်ကြည့်နေတာကို မြင်တော့ ချောင်းဆိုးချင်ယောင်ဆောင်လိုက်ပြီး "အိုး... ဟားဟား၊ တိုက်ဆိုင်လိုက်တာ။ ဒါနဲ့ မင်းလည်း ရေချိုးဖို့ ဒီကို လာခဲ့တာပေါ့၊ ဟုတ်လား ဟား ဟား..."

ရေခဲချီလင်တစ်ယောက် သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ်၊ အထူးသဖြင့် ဟိုးရှေးရှေးကတည်းက သိခဲ့သော ဦးလေးဖြူနှင့် ရင်ဆိုင်ရသည့်အခါမှာ အပြစ်ရှိသလို သူ ခံစားလိုက်ရသည်။ ဦးလေးဖြူ၏ အေးစက်ပြီး စူးရှသော မျက်လုံးများက သူ့ကို ထွင်းဖောက်မတတ် ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် အလွန် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူတော့ ရှုပ်မိပြီ။ ဦးလေးဖြူ၏ မျက်နှာက ဘာအမူအယာမှ မပြသေးတာကိုမြင်တော့ သူက"အိုး... ငါ မင်းတို့ကို အေးအေးဆေးဆေး နေလို့ရအောင် တိတ်တိတ်လေးနေပေးပါမယ်။ ဒါမှမဟုတ် ငါ ဘေးက ရေပူစမ်းဆီကို သွားပြီး ဒီနေရာကို မင်းကို ပေးသင့်တယ်ထင်တယ်၊ ငါ အခုထွက်သွားပေးမယ်။ "

အကယ်၍ အတိတ်တုန်းကသာ ဆိုလျင် ရေခဲချီလင်သည် ဤမျှလောက် ကြင်နာမှုကြီးစွာနှင့် ရေပူစမ်းကို သူတို့အတွက် စွန့်လွှတ်ပေးမည်မဟုတ်။ ယခုမူ အပြစ်ရှိစိတ်ကြောင့် ဦးလေးဖြူကို သူ ရင်မဆိုင်ရဲဖြစ်နေခြင်းဖြစ်သည်။

ထိုစကားကို ပြောပြီးနောက် သူ ထွက်ပြေးချင်သွားရသည်။ အပြစ်ရှိသလိုခံစားနေရသည့်အတွက် ဦးလေးဖြူဝတ်ထားသည့်အဝတ်များက တွန့်ကြေခြင်းမရှိဘဲ အလွန်သပ်ရပ်နေကြောင်းကိုတော့ သူသတိမထားမိချေ၊ ထိုဖြစ်ရပ်ကို သူသာ သတိထားမိမည်ဆိုပါက ဦးလေးဖြူဟာ မဟုတ်တာ လုပ်နေသူတစ်ယောက် မဟုတ်နေမှန်း ပြသနေသည်သာ။ ကံမကောင်းစွာနှင့်ပဲ၊ ချောင်းကြည့်မိခဲ့သည့်အတွက် သူ အခု ရှက်သည့်စိတ်တစ်ခုတည်းသာ ရှိနေတော့သည်။

ဦးလေးဖြူနားကနေ ဖြတ်သွားတော့ ရေခဲချီလင် ခြေလှမ်းကို တမင် အရှိန်တင်လိုက်ပေမဲ့ မထင်မှတ်ထားဘဲ တစ်စုံတစ်ယောက်က သူ့အဝတ်အစားတွေကို ဖမ်းဆွဲလိုက်ခြင်းကို သူ ခံလိုက်ရသည်။ အဲ့နောက် သူက နောက်ဆုတ်နောက်ဆုတ်နှင့် ပြန်ပြေးလိုက်တော့ ရေပူစမ်းထဲ ခြေကားယားလက်ကားယားနှင့် နောက်တစ်ကြိမ် ကျသွားပြန်၏။ ရေခဲချီလင်တစ်ယောက် စောနတုန်းကလို ရှက်ခြင်း၊ အပစ်ရှိသလို ခံစားရခြင်းတို့ မရှိတော့ဘဲ ရှက်ဒေါသ ထွက်သွားပြီး ထရပ်လိုက်သည်။ သူက ဦးလေးဖြူကို ပြန်ဟောက်လိုက်၏၊ "ခင်များ ဘာသောက်လုပ် လုပ်နေတာလဲ?"

"ငါလုပ်တော့မယ့်ကိစ္စကို လာရှုပ်ပြီးတော့မှ ဒီတိုင်းပဲ ထွက်သွားချင်လို့လား?" ဦးလေးဖြူက သူ့ကို ရေငြိမ်လိုမျိုး အေးစက်သည့်မျက်လုံးတို့နှင့် ကြည့်ကာ အန္တရာယ်ရှိသော မီးတောက်မီးလျှံများ တဖြည်းဖြည်း လောင်ကျွမ်းနေသည့်နှယ်။ သူ၏ချောမောသောအသွင်အပြင်သည် ပိုလို့ စိမ်းကားလာနေသည်မှာ ဦးလေးဖြူ၏ အစွမ်းထက်မြက်မှုတစ်ခု ဖြစ်သည်။ (MM T/N: ဒီနားလေး ကိုယ်သိပ်နားမလည်လို့ မရှင်းမရှင်းဖြစ်သွားရင် ခွင့်လွှတ်နော်။)

ရေခဲချီလင်ဘက်မှာ တရားမျှတမှုက ရှိမနေပေ။ ထိုစကားကိုကြားပြီးနောက် သူ့စိတ်ထဲက ဒေါသတရားတို့က ငြိမ်းသွားလေတော့သည်။

"ငါ့အပြစ်ဆိုရင်တောင် ဖုန့်လင်းက ထွက်ပြေးသွားပြီလေ။ အဆိုးဆုံးအနေနဲ့ မင်း သူ့ကို နောက်တစ်ကြိမ် ထပ်စောင့်လို့ရတာပဲ။ နောက်တစ်ခါ မင်းရှေ့မှာ ငါ ထပ်မပေါ်လာတော့ဘူးလို့ ကတိပေးတယ်။ ဟုတ်ပြီလား?"

ဦးလေးဖြူက သူ့ကို ကြည့်လိုက်ပြီး "နောက်တစ်ခါ ထပ်မလုပ်ဘူးဆိုတဲ့ စကားလေးနဲ့ ထွက်သွားချင်တာလား? မင်း ငါ့ကို ဘယ်လိုထင်နေတာလဲ?"

ရေခဲချီလင်က သူ့ကို မျက်လုံးလှိမ့်ပြရုံမတပါး အခြား မတတ်နိုင်တော့လေပြီ။ "အဲ့ဒါဆို မင်းဘာလိုချင်လို့လဲ?"

ဦးလေးဖြူက သူ့ကို အေးစက်စက် စိုက်ကြည့်လိုက်ရင်း "မင်းမှာ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးနိုင်တဲ့ အံ့ဖွယ်ရေခဲမီးဗူးပြားရှိတာ ငါသိတယ်"

တုန်လှုပ်ချောက်ချားစွာဖြင့်၊ ရှက်စရာကောင်းသောနည်းဖြင့် ရေပူစမ်းထဲသို့ပြုတ်ကျခဲ့သော ရေခဲချီလင်တစ်ယောက် "မတ်တပ်ရပ်ကြီး ပြုတ်ကျခြင်း" ဆိုသည့် အံ့သဩဖွယ်ဒရာမာတစ်ခုထဲ ရောက်သွားလေတော့သည်။ သူ ရေထဲက ကပေါက်တိကပေါက်ချာ တက်လာပြီး ဒေါသတကြီးနှင့် "သေစမ်း၊ မင်းက ဗူးပြားကို တကယ်ကြီး မျက်စိကျနေတာပဲ!"

၎င်းသည် သူ နှစ်တစ်သိန်းလောက် ကျင့်ကြံခဲ့သော သူ၏ ကိုယ်ပိုင်ဗူးပြားဖြစ်သည်။


20230719; 0933
Stay tuned for the next chapter:
Chapter 198: This Was a Trap

🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

အပိုင္း ၁၉၇။ ဆိုေတာ့ သူ အလွည့္စားခံလိုက္ရတာလား?

သူအခုတေလာ အေတာ္ႀကီးကို ပ်င္းရိေနျခင္းေၾကာင့္ ဖုန့္ရွီက သူ႔အစီအစဥ္ကို စတင္အေကာင္ထည္ေဖာ္ေလေတာ့သည္။

သူ႔ေခါင္းေဆာင္၏ကတိေၾကာင့္ ဦးေလးျဖဴေနာက္ ေနာက္ေယာင္ခံလိုက္ရာမွာ သူရွာေတြ႕ခံရမွာကို မစိုးရမ္ေတာ့ေပ။ ဖုန့္ရွီက ေဘးခန္းမနန္းေတာ္တြင္ အခ်ိန္ၾကာျမင့္စြာ ေစာင့္ဆိုင္းေနခဲ့ေပမဲ့ ဦးေလးျဖဴႏွင့္ ဖုန့္လင္းတို႔ မေရာက္ခင္မွာပဲ ခိုးေၾကာင္ခိုးဝွက္ႏွင့္ တိုးဝင္သြားသည့္သူတစ္ေယာက္ကို သူေတြ႕လိုက္ရသည္။

ဖုန့္ရွီ အေသအခ်ာၾကည့္လိုက္ေတာ့ ထိုသူက ေရခဲခ်ီလင္ဆိုတာကို သူ သတိျပဳမိသြားသည္။ သူလည္းပဲ ဦးေလးျဖဴရဲ့ ထူးျခားေနခ်က္ကို ရွာေတြ႕သြားလို႔ ဖုန့္ရွီလိုပဲ အႀကံတူ ရွိေနခဲ့တာလား?

ဖုန႔္ရွီက အတန္ၾကာ ၾကည့္ေနၿပီးေနာက္ ေရခဲခ်ီလင္က သူဒီမွာရွိေနတာကို သတိမျပဳမိမွန္းသိသြားေတာ့ ထိုသူကို လွမ္းေခၚၿပီး ရပ္တန့္ေစဖို႔ အႀကံကို စြန့္လႊတ္လိုက္ေတာ့သည္။ သို႔ေသာ္ ေရခဲခ်ီလင္ေတာင္မွ သူ႔တည္ရွိမွုကို ရွာမေတြ႕နိုင္ဘူးဆိုတာကိုေတာ့ သူ အရမ္းေပ်ာ္သြားရသည္၊ ဒါဆို ဦးေလးျဖဴလည္း သူ႔ကို သတိျပဳမိမွာမဟုတ္ဘူး။ ထို႔ေၾကာင့္ သူ သူတို႔သတိမျပဳမိဘဲ ခိုးၾကည့္ ခိုးနားေထာင္နိုင္မည္ပင္။

ေဘးနန္းေတာ္ခန္းမက ဧည့္သည္ေတြကို ဧည့္ခံဖို႔ အသုံးျပဳသည့္ခန္းမျဖစ္သည့္အတြက္ ပရိေဘာဂပစၥည္းပစၥယေတြက တျခားနန္းေတာ္ခန္းမေတြထဲကႏွင့္ အတူတူပဲျဖစ္သည္။ VIP နားေနေဆာင္အေနာက္တြင္ ဧရာမေက်ာက္တုံးႀကီးတစ္တုံးရွိၿပီး ၎အေနာက္တြင္ ေက်ာက္တုံးမ်ားျဖင့္ ျခားထားေသာ ေရပူစမ္းမ်ားစြာရွိသည္။ ျမဴဆိုင္းေနသည့္ျမင္ကြင္းက အပန္းေျဖစခန္းတစ္ခု သို႔မဟုတ္ နတ္ဘုံနတ္နန္းတစ္ခုလို ျဖစ္ေနသည္။ ေရပူစမ္းေတြ၏ အေနာက္တြင္ ဧရာမေတာင္ထြတ္အတုႀကီးတစ္ခုရွိၿပီး ၎ဟာ အတုလား ဒါမွမဟုတ္ တကယ့္ေတာင္အစစ္လားဆိုတာေတာင္ သူ မသိနိုင္ေပ။

ဖုန့္ရွိ ပထမဆုံးျမင္လိုက္ရေတာ့ သူလည္း ထိတ္လန႔္သြားေလ၏။ ေဘးခန္းမတြင္ ဘာမွ သိပ္မထူးျခားသည့္ VIP နားေနခန္းေတြပဲ ရွိတယ္လို႔ သူထင္ခဲ့တာျဖစ္သည္။ မထင္မွတ္ပဲ၊ သူေနာက္ေက်ာဘက္ကို ေလၽွာက္လာေတာ့မွ ဒီျမင္ကြင္းကို ျမင္လိုက္ရသည့္အတြက္ အဲဒီအခ်ိန္မွာ လုံးဝကို အံ့ဩသြားရေတာ့သည္။ အဲ့လိုသာဆို သူ ေရခ်ိဳးခ်င္တိုင္း ဒီေျပးလာၿပီး ခ်ိဳးလို႔ရတာပဲ။ တစ္ခါတေလဆို ဒီကို လာေလ့ရွိၿပီး ငရဲမင္းႀကီး သူ႔ကို လာရွာေတာ့မွသာ သူ ျပန္သြားခဲ့တာျဖစ္သည္။

ထို႔ေၾကာင့္ ဖုန့္ရွိက ဤေဘးခန္းမက ေနရာေထာင့္စုံကို သူ ရင္းႏွီးကၽြမ္းဝင္သည္။

မၾကာေသးမီက ဦးေလးျဖဴက ေဘးခန္းမမွာ သူ႔ကိုယ္သူ တံခါးပိတ္ ေနေနၿပီး၊ အႀကီးမားဆုံး ျဖစ္နိုင္ေခ်ကေတာ့ ဒီေနရာမွာ ပူးေပါင္းႀကံစည္မွု တစ္ခုခု လုပ္ေနျခင္း ျဖစ္မည္။ ဖုန့္ရွိသည္ ေရပူစမ္းတစ္ခုလုံးကို ျမင္နိုင္ေလာက္သည္ဟု သူ ထင္ျမင္ေသာ အျမင့္ဆုံးေသာေက်ာက္တုံးကို ေတြ႕ရွိခဲ့၏။

ဒါေပမယ့္ ေရခဲခ်ီလင္ မ၀င္လာခင္ထိ သူ မပုန္းကြယ္ရေသးေခ်။

ေရခဲခ်ီလင္ကလည္း ပုန္းဖို႔ ေနရာရွာဖို႔သာ ေလာေနဟန္တူသည္။ ဒါေၾကာင့္ ေရထဲကို တိုက္ရိုက္ ငုပ္ဆင္းသြားၿပီး ေပ်ာက္ကြယ္သြားေတာ့၏။ မၾကာခင္မွာပဲ ဦးေလးျဖဴက ေရပူစမ္းတံခါးဝမွာ ေပၚလာၿပီး ေၾကာက္ရြံ႕ေနတဲ့ ဖုန႔္လင္းနဲ႔အတူ ဝင္လာခဲ့သည္။ ေရခဲခ်ီလင္ပုန္းေအာင္းေနတဲ့ ေရပူစမ္းေဘးထိ သူတို႔ ေလၽွာက္သြားခဲ့ျခင္းကေတာ့ မေတာ္တဆ ျဖစ္ေကာင္းျဖစ္နိုင္သည္။

ဖုန့္ရွိက သူစိတ္ထင္ေနတာလားေတာ့မသိေပမဲ့ ဦးေလးျဖဴက ေရပူစမ္းမ်က္ႏွာျပင္ကို တည္ၿငိမ္ေသာမ်က္လုံးမ်ားႏွင့္ ျဖန့္က်က္ အကဲခတ္ေနၿပီးမွ ဘာမွ ရွာမေတြ႕သလိုမ်ိဳး တည္ၿငိမ္စြာႏွင့္ အေဝးကို ၾကည့္လိုက္သလို ဖုန့္ရွီ ခံစားလိုက္ရသည္။

ဖုန႔္ရွီက ဦးေလးျဖဴ ေရခဲခ်ီလင္ကို ရွာေတြ႕သြားျခင္းရွိမရွိ မခန့္မွန္းဘဲ မေနနိုင္ေတာ့ေပ။

'မျဖစ္သင့္ဘူး။ အမွန္ေတာ့ ေရခဲခ်ီလင္က ဦးေလးျဖဴနဲ႔ ေခတ္ၿပိဳင္ စြမ္းအားႀကီးသူတစ္ေယာက္ ျဖစ္သည္။ ေရခဲခ်ီလင္ကို ရွာေတြ႕ခဲ့တယ္ဆိုလ်င္ေတာင္မွ ဒီေလာက္ျမန္ျမန္ႀကီး မျဖစ္သင့္ဘူး။ ငါမသိတဲ့ ထူးဆန္းတာတစ္ခုရွိေသးသလား?'

ဖု႔န္ရွီ၏ စိတ္ထဲတြင္ ေမးခြန္းမ်ားစြာ ထြက္ေပၚလာသည္။ ကံမေကာင္းစြာပဲ၊ အေျဖကို သူ မစဥ္းစားနိုင္ခဲ့။ ထို႔ေၾကာင့္ သူသည္ ၎အေၾကာင္းေတြးတာကို ေခတၱရပ္လိုက္ၿပီး ဦးေလးျဖဴႏွင့္ ဖုန့္လင္းထံသို႔ ျပန္လွည့္သြားခဲ့သည္။

"ဦးေလးျဖဴ၊ ကၽြန္ေတာ္တို႔အရင္တုန္းက လုပ္ခဲ့တာေတြကို လုပ္ဖို႔လိုေသးလား?" ဖုန့္လင္းက ထိတ္လန႔္ေသာအမူအရာျဖင့္ စကားထစ္ထစ္ႏွင့္ ေျပာလိုက္သည္။ ႏွစ္ႀကိမ္သုံးႀကိမ္ေလာက္ လုပ္ခဲ့ဖူးေပမယ့္ က်င့္သားမရေသးသလိုမ်ိဳး သူ အလြန္ရွက္ေနမိသည္။

'ေနာက္ဆုံးအခ်ိန္တုန္းက?'

ေက်ာက္တုံးႀကီးေနာက္ကြယ္မွာ ပုန္းေနသည့္ ဖုန့္ရွီႏွင့္ ေရထဲမွာ ပုန္းေနသည့္ ေရခဲခ်ီလင္တို႔ကေတာ့ ခ်က္ခ်င္းပဲ နားေတြ ေထာင္ကာ စြင့္သြားၾကေတာ့သည္။ ဦးေလးျဖဴႏွင့္ ဖုန့္လင္းတို႔ သူတို႔မသိနိုင္တဲ့ လ်ိဳ႕ဝွက္ႀကံစည္မွုတစ္ခုခုကို ဒီေနရာမွာ လ်ိဳ႕လ်ိဳ႕ဝွက္ဝွက္ လုပ္ေနၾကတယ္ဆိုတဲ့ သံသယျဖစ္စရာ ရွိတာကေတာ့ ေျမႀကီးလက္ခက္မလြဲျဖစ္သည္။ ကံေကာင္းစြာႏွင့္ သူတို႔ ဒါကို ရွာေတြ႕သြားခဲ့ျခင္းပင္။ ဒါေပမဲ့ သူတို႔က ဦးေလးျဖဴ သူတို႔ကို သတိထားမိသြားမွာ စိုးသည့္အတြက္ ေခါင္းေတာင္ မျပဴဝံ့ဘဲ နားပဲ ေထာင္ေနၾကရသည္။ အဲ့ေနာက္ သူတို႔ ဦးေလးျဖဴ၏အသံကို ၾကားလိုက္ရသည္။

ဦးေလးျဖဴက "မင္းအဝတ္ေတြကို ခၽြတ္လိုက္" ဟု ေျပာလိုက္၏။

'အဝတ္ေတြ ခၽြတ္ရတာ ဘယ္ေလာက္ စိတ္လွုပ္ရွားစရာေကာင္းလဲ! ဦးေလးျဖဴ၊ မင္းတို႔ႏွစ္ေယာက္က သိတာမွ ဆယ္ရက္ေလာက္ပဲ ရွိၾကေသးတာကို ဒီအဆင့္အထိေတာင္ ေရာက္ကုန္ၾကၿပီလား။ ဘယ္လိုေတာင္ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ျမန္ဆန္လြန္းရတာလဲ! ေအာင္နိုင္မွုတစ္ခုကို ခပ္ျမန္ျမန္လုပ္ေဆာင္နိုင္စြမ္းရွိတဲ့ ဦးေလးျဖဴက တကယ့္ကို ပုံမွန္ပဲ။

သူတို႔ တစ္ခ်က္ေလးေတာင္ မၾကည့္ရေပမဲ့ ဖုန့္လင္းတစ္ေယာက္ ဘယ္လိုျဖစ္ေနမလဲဆိုတာ သူတို႔ ခန့္မွန္းနိုင္သည္၊ မ်က္ရည္က်လုလု ျဖစ္ေနေလာက္မည္။ ဖုန႔္လင္းက အရင္တုန္းကနဲ႔ လုံးဝကို မတူေတာ့ဘူးလို႔ သူတို႔ ထင္ခဲ့တာ မထူးဆန္းေတာ့ဘူးပဲ။ သူက ေပ်ာ့ညံ့ၿပီး တြန့္ဆုတ္ဆုတ္ရွိတတ္ေပမဲ့ ဦးေလးျဖဴကို ျမင္ရင္ ေၾကာက္ေနျခင္းမ်ိဳးရွိမေနခဲ့။ အခုေတာ့ သူတို႔ ႏွစ္ေယာက္ ဒီမွာ လိင္ဆက္ဆံေနၾကတာေၾကာင့္ပဲကိုး။ ထို႔အျပင္ ဖုန့္လင္း၏ အသံသည္ တြန႔္ဆုတ္မွု အျပည့္ျဖင့္ ျဖစ္ေနျခင္းမွာ ဖုန့္လင္းက အတင္းအက်ပ္ ေစခိုင္းခံရျခင္းေၾကာင့္ျဖစ္မည္ဟု သူတို႔ ထင္လိုက္ၾကသည္။ ဦးေလးျဖဴက... တကယ့္ကို တိရစၧာန္မ်ိဳးပဲ!

စုတ္ျဖဲလိုက္သည္ အသံကို သူတို႔ ၾကားလိုက္ၾကရသည္။ "အတင္းအၾကပ္" ေစခိုင္းျခင္းခံရေသာ ဖုန့္လင္းသည္ ဦးေလးျဖဴ၏ "ၿခိမ္းေျခာက္မွု" ေအာက္တြင္ သူ႔အဝတ္အစားမ်ားကို ခၽြတ္ပစ္လိုက္ျခင္းျဖစ္မည္။ ဖုန့္ရွီႏွင့္ ေရခဲခ်ီလင္တို႔က ဖုန့္လင္း၏ ပါးလႊာၿပီး ႏူးညံ့ေသာ ခႏၶာကိုယ္က ေအးစက္သည့္ေလထုေအာက္တြင္ တုန္ရီေနမည္ကို ျမင္ေယာင္သြားရကာ သူ႔ကို မသနားဘဲ မေနနိုင္ ျဖစ္သြားၾကေတာ့သည္!

တစ္ခ်ိန္တည္းမွာပဲ သူတို႔ႏွစ္ဦးက ဖုန့္လင္းအတြက္ စာနာစိတ္ႏွင့္ စိတ္ထဲကေန ေအာ္ဟစ္ေနမိေတာ့သည္။

'ဒီရက္အနည္းငယ္အတြင္းမွာ မင္းဒီလို သနားစရာေကာင္းတဲ့ တည္ရွိမွုေအာက္ ပိတ္မိေနခဲ့တာပဲကိုး။ ဒါဟာ တကယ့္ကို ေၾကကြဲစရာပဲ။ ကံမေကာင္းစြာပဲ၊ ငါမင္းကိုကူညီဖို႔ရည္ရြယ္ထားေပမယ့္၊ ဦးေလးျဖဴက အရမ္းအားႀကီးတဲ့အတြက္ ဒီၾကားထဲမွာ သူ႔ကို အနိုင္ယူနိုင္ပါ့မလားဆိုတာေတာ့ ငါမေသခ်ာဘူး။ ဒါေၾကာင့္ ဦးေလးျဖဴရဲ့ ညႇဥ္းပန္းႏွိပ္စက္တာ မင္းခံေနရတာကို ေစာင့္ၾကည့္ဖို႔ကလြဲၿပီး ငါ့မွာ ေရြးခ်ယ္စရာမရွိေတာ့ဘူး။ ငါ တကယ္ကို စိတ္မေကာင္းပါဘူး!'

ဦးေလးျဖဴက ေအးစက္စက္အသံျဖင့္ "ဒါကို မင္းရဲ့ ခႏၶာကိုယ္ေပၚ လူးလိုက္" လို႔ ေျပာလိုက္ျပန္သည္။

ဒီဝါက်ကိုၾကားေတာ့ သူတို႔ႏွစ္ေယာက္ဟာ မဖြယ္မရာ စိတ္ကူးယဥ္မွုေတြနဲ႔ ထင္ျမင္ယူဆခ်က္ေတြေၾကာင့္ လမ္းေပ်ာက္သြားရေတာ့သည္။ သူတို႔ စိတ္ထဲမွာ ျမင္ကြင္းကို အလိုအေလ်ာက္ စိတ္ကူးယဥ္ ေဖာ္ေဆာင္ေနခဲ့၏။ ဦးေလးျဖဴက တစ္ကိုယ္ေရ ေခ်ာဆီကို အသုံးျပဳဖို႔ ရြံရွာဖြယ္ေကာင္းေလာက္ေအာင္ပင္ ဖုန့္လင္းကို သူ႔ဘာသာသူ လိမ္းခိုင္းခဲ့သည္။ ဦးေလးျဖဴက တကယ္ကို တိရစၧာန္တစ္ေကာင္ပါ။ ဒါေပမယ့္ အဲဒါက သူတို႔ရဲ့ စိတ္ကူးယဥ္သက္သက္ပဲ၊ သူတို႔ႏွစ္ေယာက္က ဦးေလးျဖဴႏွင့္ ဖုန့္လင္းတို႔ ဘာလုပ္ေနၾကသလဲသိနိုင္ဖို႔ နားရြက္ေတြကို အစြမ္းကုန္ ေထာင္ထားဖို႔ အတတ္နိုင္ဆုံး ႀကိဳးစားေနၾကဆဲပင္။

ဖုန့္လင္းသည္ ၎ကို အၿပီးသတ္ရန္ အခ်ိန္အေတာ္ၾကာယူေနရျခင္းမွာ"ရွက္စိတ္" ေၾကာင့္ျဖစ္နိုင္သည္။ ေနာက္ဆုံးေတာ့ သူက"ၿပီးၿပီ" ဟု မ်က္ရည္ဝဲကာ ေျပာလိုက္ပုံရသည္။

ဦးေလးျဖဴက ဖုန့္လင္းငိုေနတာကို မေက်မနပ္ျဖစ္ေနပုံရၿပီး "မင္းဘာလို႔ ဒီလိုမ်ိဳး ငိုေနရတာလဲ၊ သည္းပဲ သည္းခံလိုက္၊ ၿပီးသြားမွာေပါ့" ဟု ကဲ့ရဲ့ရွုတ္ခ်ေျပာဆိုလိုက္သည္။

"ဒါေပမယ့္ အဲ့တာက နာမွာ" ဖုန့္လင္း၏ အသံက ျခင္တစ္ေကာင္ ေအာ္ဟစ္ေနသကဲ့သို႔ ေသးငယ္သြားကာ သူ႔အသံမွ က်ည္ေတာက္က သူ႔ကိုယ္သူ ထိန္းေနရေၾကာင္းျပသေနသည္။

ဖုန့္ရွိႏွင့္ ေရခဲခ်ီလင္တို႔သာ အသက္ရွုသံၾကားေလာက္ေအာင္အထိ မၾကားေနနိုင္ဘူးဆိုလ်င္ ထိုစကားတို႔ကို မၾကားရသေလာက္ ျဖစ္သြားနိုင္ေလာက္သည္။ အဲ့စကားေတြကို သူတို႔ ၾကားလိုက္ရၿပီးေနာက္ အလြန္အမင္းကို

You are reading the story above: TeenFic.Net