Chapter 188: After the Passionate Night

Background color
Font
Font size
Line height

အပိုင်း ၁၈၈။ စိတ်အားထက်သန်သည့်ည ပြီးသွားပြီးနောက်

ခေါင်းဆောင်နှင့် အနမ်းမပေးရတာ ရက်တွေအတော်ကြာနေပြီမို့ ဖုန့်ရှီ သည်လို သက်တောင့်သက်သာရှိသည့် ခံစားချက်ကို အလွန် လွမ်းဆွတ်နေခဲ့တာဖြစ်သည်။

သူ နမ်းလိုက်လိုက်ခြင်းမှာပဲ ငရဲမင်းကြီး၏ လျှာကို တိုက်ပွဲဝင်နေသည့်အလား မက်မက်မောမော စုပ်ယူလိုက်ပြီး တစ်ဖက်သူက ပြန်တုံ့ပြန်လာချိန်မှာတော့ သူ နောက်ပြန်ဆုတ်လိုက်ပြန်သည်၊ အဲ့လိုနှင့် တွန်းလိုက် ထိုးလိုက်နှင့် အကြိမ်အနည်းငယ် လုပ်နေလိုက်ပြီး သူ့ကိုယ်သူ ပျော်ရွှင်နေကာ သူ့ပါးစပ်ထောင့်ကနေ တံတွေးတွေ စီးကျလာသည်ကိုတောင် သတိမထားမိလိုက်တော့ပေ။ သလင်းလို ကြည်နေသော တံတွေးတို့က အဖြူရောင်စောင်အပေါ် ကျလာကာ ရေအိုင်ငယ်လို ဖွဲ့တည်လာ၏။

ငရဲမင်းကြီး၏ မျက်လုံးတို့ နက်မှောင်သွားရကာ သူ့နားထဲသို့ တီးတိုးစကားဆိုလိုက်သည်၊ "ညစ်ညစ်ညူးညူး မညစ်ပုပ်နဲ့။"

ဖုန့်ရှီက ချက်ချင်းပဲ တစ်ခစ်ခစ် ရီလိုက်ပြီး 'ကျွန်တော်က ညစ်ပုပ်ချင်တာလေ' ဟု ဆိုနေသည့်အလား ငရဲမင်းကြီးကို မျက်စိမှိတ်ပြလိုက်၏။

ငရဲမင်းကြီးက သူ့နှာခေါင်းကို မလွတ်တမ်း ဆွဲညှစ်လိုက်လေတော့သည်။

ဖုန့်ရှီ၏ နှာခေါင်းက အညှစ်ခံလိုက်ရသည့်အတွက် အသက်မရှုနိုင်ဖြစ်နေကာ ချက်ချင်းပဲ မသိစိတ်ဖြင့် ပါးစပ်ဟလိုက်တော့သည်။ သူ့လျှာကို ငရဲမင်းကြီးက အလွတ်မပေးဘဲ ဖု့န်ရှီ ခွန်အားတွေ ဆုတ်လျော့သွားသည်အထိ စုပ်ယူနေလိုက်သည်။

သူ့နှာခေါင်းနှင့် ပါးစပ်တို့ အနားရသွားသည်နှင့် ဖုန့်ရှီက ချက်ချင်းပဲ အသက်လုရှုလိုက်ကာ သူ့မျက်နှာတို့က နီမြန်းနေပြီး၊ "ကျွန်တော် သေလုမတတ်ဖြစ်သွားရတယ်။" ဟု ပြောလိုက်သည်။

"နောက်ကို အခုလိုမျိုး ညစ်ပုပ်ချင်သေးလား?" ငရဲမင်းကြီးက သူ၏ ဆွဲညှစ်ခံထားရ၍ နီရဲနေသော နှာခေါင်းကို ညွှန်ပြလိုက်ကာ ပြောလိုက်သည်။

ဖုန့်ရှီက ချက်ချင်းပဲ ခေါင်းခါယမ်းလိုက်ကာ၊ "မလုပ်ရဲတော့ဘူး။"

သူ စကားပြောတော့မည့်အချိန်မှာပဲ သူ့ကိုယ်ခန္ဓာအောက်ပိုင်းက ပေါ့ပါးသွားရကာ သူဝတ်ထားသည့် ဘောင်းဘီ အချွတ်ခံလိုက်ရတော့သည်။ ဒါပေမဲ့ သူကို စောင်နှင့်ရော ငရဲမင်းကြီး၏ ကိုယ်ခန္ဓာနှင့်ပါ ကာထားသည့်အတွက် သူ အေးသည်ဟု လုံးဝ မခံစားရပေ။ အတန်ကြာပြီးနောက် ဘောင်းဘီက လွှင့်ပစ်ခံလိုက်ရပြီး အေးစက်သော ကြမ်းပြင်ထက် ကျရောက်လို့သွားတော့သည်။ အဲ့နောက် အဖြူရောင်အတွင်းခံလည်း ထိုနည်းအတိုင်းပဲ ဖြစ်သွားရတော့သည်။ စောင်အောက်တွင်တော့ ဖုန့်ရှီတစ်ယာက် နောက်ဆုံးတော့ ငရဲမင်းကြီးလိုပဲ ကိုယ်လုံးတီး ဖြစ်နေပြီဖြစ်ပြီး အချင်းချင်း ဖက်လိုက်ကြတော့သည်။

ငရဲမင်းကြီးက လှန်ချလိုက်ပြီး ဖုန့်ရှီကို သူ့အောက် ဖိထားလိုက်ကာ စောင်အတွင်းသို့ လက်နှစ်ဖက်ကို သွင်းလိုက်ပြီး ဖုန့်ရှီ၏ ချိတ်ထားသော ခြေနှစ်ဖက်ကို ဆွဲခွါလိုက်ကာ သူ့ကိုယ်ခန္ဓာနှင့် တိုးဝင်လိုက်၏။ ကောင်လေး၏မျက်နှာ ရှက်သွေးဖြန်းသွားသည်ကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းတို့က အလွန်ကို ဆွဲဆောင်မှုရှိနေသည့်အတွက် သူ ထပ်မနမ်းဘဲ မနေနိုင်တော့ချေ။ စောင်အောက်အတွင်းတွင်တော့ ထက်အောက်စုန်ဆန် လုပ်နေခြင်းကြောင့် စောင်က လုံးဝကို ငြိမ်သက်မနေတော့ချေ။

သူ ချွေးတွေ တတောက်တောက် ကျနေသည်ဟုသာ ဖုန့်ရှီ ခံစားလိုက်ရတော့သည်။ သူ့ခြေနှစ်ချောင်းက ဆွဲအဖြဲခံထားရပြိး သူ့တကိုယ်ရည် အစိတ်အပိုင်းကလည်း တင်းတင်းကျပ်ကျပ် ဖိကပ်ထားခြင်းကို ခံနေရသည်။ ဒါ သူ ပူလောင်ပြင်းပြပြီး နူးညံ့တယ်လို့ ပထမဆုံးအကြိမ် ခံစားရခြင်းပင်။ သူ၏ တောင့်တင်းနေသော ခန္ဓာကိုယ်က နှစ်ကြိမ်မျှ မတုန်ရီသွားဘဲ မနေနိုင်တော့ချေ။ သူ့အသိစိတ်ထဲတွင် ခေါင်းဆောင်၏ အသက်ရှုသံတို့နှင့် ပြည့်နှက်လို့နေကာ တဖြည်းဖြည်းနှင့် သူ၏ တွေးတောနိုင်စွမ်းတို့ တဖြည်းဖြည်း ပျောက်ဆုံးလို့သွားတော့သည်။ ပူပြီး တောက်လောင်နေသော အရာတစ်ခုက သူ့တကိုယ်ရည်အစိတ်အပိုင်းအတွင်းသို့ တိုးဝင်လာသည်ကို သိတော့ သူ ကြောက်လန့်တကြားနှင့် တုန်ရီသွားတော့သည်။

"စိတ်လျော့လိုက်" ငရဲမင်းကြီးက သူတောင့်တင်းနေသည်ကို ခံစားမိလိုက်သည့်အတွက် သူ့နားထဲသို့ တီးတိုးပြောလိုက်သည်။

ဖုန့်ရှီက မှတ်ဉာဏ်ကောင်းလေးတွေ ပိုင်ဆိုင်ချင်သည့်အတွက် အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ပြီး သူ့ကိုယ်သူ စိတ်လျော့ချထားလိုက်၏။

ငရဲမင်းကြီးက သူ စိတ်လျော့ချလိုက်တာကို ခံစားမိတော့ သူ့ခြေနှစ်ချောင်းကို ဆွဲလိုက်ပြီး သူ့ခါးအထက် နေရာချထားလိုက်ကာ အရှေ့သို့ ဖြေးညင်းစွာ တိုးဝင်လိုက်သည်။ အတွင်းကို အကုန်မဝင်သွားမချင်း သူ မရပ်တန့်ခဲ့ပေ။ သူ၏ အမြဲ အမူအယာကင်းမဲ့နေသော ချောမောခန့်ညားသည့် မျက်နှာက ခံစားချက်ပေါင်းစုံ စုနေသည့်နှယ်။ နီမြန်းနေမှုအနည်းငယ် ရောစပ်နေသည့်မျက်နှာနှင့် ကောင်ငယ်လေးကို ကျင့်သားရသွားအောင် အချိန်အနည်းငယ် ပေးလိုက်သည်။

သူ ဒါမျိုးကို လုပ်ခဲ့ဖူးပေမဲ့လည်း တကယ်တမ်းတော့ တစ်ကြိမ်ပဲ သူ လုပ်ခဲ့ဖူးတာဖြစ်သည့်အတွက် ဖုန့်ရှီက ငရဲမင်းကြီး၏ အရွယ်အစားကို အနည်းငယ် သက်တောင့်သက်သာမရှိ ဖြစ်နေဆဲဖြစ်သည့်အတွက် အသက်ပြင်းပြင်းတစ်ချက် ရှဒလိုက်ပြီး ကိုယ်ခန္ဓာကို ဖြေလျော့ချလိုက်တော့ နောက်ဆုံးမှာတော့ ဆုတ်ဖြဲမတတ်ဖြစ်နေသည့် နာကျင်မှုတို့က တဖြည်းဖြည်း ပြေလျော့သွားပြီး ထိုအစား စူးခနဲနာကျင်မှုအလိမ့်လိုက်က အစားထိုး ဝင်ရောက်လာတော့သည်။ ထူးဆန်းသည့်ခံစားချက်တစ်ရပ်နှင့် အနည်းငယ် ယားယံလာသည့်အတွက် ဖုန့်ရှီ သူ့ကိုယ်ခန္ဓာကို တွန့်လိမ်လိုက်၏။

အတန်ကြာသည်အထိ သူ့အပေါ်ကနေ ဖိထားသည့်သူက ဘာလှုပ်ရှားမှုမှ မလုပ်သေးကြောင်း တွေ့လိုက်ရတော့ ဖုန့်ရှီက ရှက်သွေးဖြန်းသွားရကာ ငရဲမင်းကြီဂကို တွန်းလိုက်သော်လည်း သူ့အမူအယာတို့ကတော့ တွန့်ဆုတ်လို့်နေသည်။

ငရဲမင်းကြီးက သူဘာတွေးနေသလဲ မသိသလိုမျိုး သူ့နားထဲသို့ နူးညံ့စွာနှင့် မေးလိုက်၏၊ "ရှီလေး အခုရော ဘယ်လိုလဲ?" ပူပြင်းစိုစွတ်သည့် အသက်ရှုငွေ့က ဖုန့်ရှီ၏ ထိရှလွယ်သည့် နားအစိတ်အပိုင်းကို စနေသည့်အလား တို့ထိတိုးဝင်လာသည့်အတွက် သူ တောင့်မခံနိုင်တော့ဘဲ သူ့ကိုယ်သူ စောင်အောင် ပိုမြုပ်ဝင်လိုက်ကာ ကျုံ့လိုက်လေတော့သည်။

"မြန်,,, မြန်မြန်လေး လှုပ်ရှားတော့!"ဖုန့်ရှီက ဒေါသထွက်လာကာ နှုတ်ခမ်းတို့ကို ဆူထော်လိုက်ပြီး ငရဲမင်းကြီးကို မျက်လုံးရွဲကြီးများနှင့် စိုက်ကြည့်လိုက်လေ၏။

မျက်နှာသေးသေးလေးက ခံစားချက်ပေါင်းစုံနှင့် ပြည့်လို့နေပြီး ချစ်စရာကောင်းသည့် စိုက်ကြည့်မှုက ငရဲမင်းကြီးကို အသည်းယားသွားစေကာ သူ့မျက်လုံးတို့က ညဉ့်ဦးယံအလား နက်မှောင်လာလျက် ခေါင်းကို ငုံ့ချလိုက်ပြီး ကောင်လေး၏ နှုတ်ခမ်းထက် အနမ်းခြွေလိုက်​တော့သည်။ အဲ့နောက်မှာတော့ သူတို့နှစ်ဦးသားကို ဖုံးထားသည့် စောင်က အလျင်အမြန် လှုပ်ရှားသွားလေတော့သည်။ အိပ်ယာကျယ်ကြီးက တောင့်တင်းသည့်ဟန် ပေါက်သော်လည်း အိပ်ယာထက်က ပြင်းထန်သည့် မုန်တိုင်းတို့ကို မနည်း တောင့်ခံနေရသည့်နှယ်။ ကောင်ငယ်လေးက အော်ပြီးရင်း အော်နေကာ အော်သံတို့က တဖြည်းဖြည်းနှင့် ကြည်နူးသံပေါက်လာလေတော့သည်။

ဖုန့်ရှီက နီမြန်းသောမျက်နှာနှင့် စောင်အောက်မှ ချွေးအပြိုက်ပြိုက်နှင့် တိုးထွက်လိုက်သော်လည်း ပြန်အဆွဲခံလိုက်ရပြီး စောင်အောက်သို့ ပြန်မြုပ်ဝင်သွားရတော့သည်။ သူ့အဆုတ်တွေ လေကုန်သွားသည့်နှယ် ပြင်းထန်သည့် အင်အားတို့နှင့် ထိုခံစားချက်က အရမ်းကို အံ့အားသင့်ဖွယ်ကောင်းလှ၏။ အဲ့တာက နာကျင်မှုအပြည့်ဖြစ်သော်လည်း သာယာသည့်ခံစားချက်ကလည်း သူ့တကိုယ်လုံး ဒီရေပေါ် စီးမြောနေသည့်အလား တချိန်တည်း ဖြစ်တည်လို့နေသည်။ အဲ့တာက တကယ်ကြီးကို နာကျင်မှုအပြည့်နဲ့ သက်တောင့်သက်သာရှိပြိး နောက်ဆုံးမှာတော့ သူ ဘယ်လိုမှ မခံနိုင်တော့ဘဲ သနားညှာတာပေးဖို့သာ တောင်းဆိုရတော့သည်။

"အာ...မ...မလုပ်.... အရမ်း..မြန်မြန်... မလုပ်... ကျွန်တော် မခံနိုင်တော့ဘူး...."

ငရဲမင်းကြီးက သူ့ခါးကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားပြီး အရှိန်ပြင်းပြင်းနှင့် ရိုက်ခတ်နေကာ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေခြင်းအားဖြင့် ကောင်လေး၏ တောင်းဆိုချက်ကို ဖြေကြားလိုက်တော့သည်။ ကောင်လေး ရုတ်တရက် အသံထွက် တောင်းပန်နေတာ၊ အော်ညီးနေတာကို ကြားရတာ သူ အလွန် ကျေနပ်အားရဖြစ်ရသည်။ ဖုန့်ရှီတစ်ယော်က အတန်ကြာအောင် အော်ညီးနေပြီးနောက်မှာတော့ သူ့နှုတ်ခမ်းတို့က အပိတ်ခံလိုက်ရတော့ကာ သူ့အော်ညီးသံတို့ကို မြိုချလိုက်ရတော့သည်။

အတွင်းကျကျ ဆက်ယှက်မှုတို့က မိုးသောက်သည်အထိ မရပ်တန့်ခဲ့ပေ၊ ဖုန့်ရှီ၏ အသံတို့သည်လည်း အော်ရလွန်းလို့ အက်ကွဲသံတောင် ပေါက်နေပြီဖြစ်သည်။

မိုးစုန်းစုန်းမချုပ်ခင်ခင်မှာပဲ သူ အိပ်မောကျသွားတော့ကာ နိုးလာချိန်မှာတော့ သူ့နှာခေါင်းထဲ အနံ့တို့ တိုးဝင်လာတော့သည်။ ဖုန့်ရှီက သူ့မျက်တောင် ထက်အောက်တို့ကို အတင်း ဖြဲခွါလိုက်တော့ တောက်ပစွာ ပွင့်လန်းနေသည့် ပန်းအနည်းငယ်ကို မြင်လိုက်ရ၏။ သူ ကြောင်ကြည့်နေမိသည်ကို ခံစားမိလိုက်ပြီးနောက် ပျော်ရွှင်စွာဖြင့် ကိုယ်ကို ယမ်းလိုက်တော့သည်။ ကိုယ်ခန္ဓာက သူ့ကို နိုးထဖို့ ကြိုဆိုနေသည့်အလား ပေါ့ပါးလို့နေ၏။

သူ့ကိုယ်သူ နိုးလာတာနဲ့ ပန်းပင်လယ်ထဲ ရောက်နေမယ်လို့ သူ ထင်မထားခဲ့၊ ဒါပေမဲ့လည်း သူတို့ ဒီနေ့ ပြန်ကြတော့မယ်ဆိုတာကို တွေးမိတော့ သူ သံသယမဝင်တော့ပေ။

တကယ်တမ်းတော့ သူ ပြန်သက်သာဖို့က သူ့မှာ အချိန်မရှိ။ ပန်းပင်လယ်ထဲက အချိန်တို့က အတော်လေး နှေးကာ တစ်ရက်က ပြင်ပကမ္ဘာက တစ်နာရီနှင့် တူသည့်အတွက် သူ ဒီမှာ တစ်ရက် ဒါမှမဟုတ် နှစ်ရက် နေနိုင်သည့်သဘော ဖြစ်၏။ သူက ညီးလိုက်ပြီး ဗိုက်မှောက်အိပ်လိုက်၏။ သူ့တကိုယ်လုံးက အရိုးတွေက နာကျင် ကိုက်ခဲလို့နေသည်။ မနေ့ညက အတွင်းကျကျ ဆက်ယှက်ခဲ့သည်ကို တွေးမိပြီးနောက် သူ နောင်တမရဘဲ မနေနိုင်တော့ချေ။

သူ မနေ့ညတုန်းက အန်လုမတတ်ကို အတော်ကြီး အစပြု လှုပ်ရှားမှုလုပ်ခဲ့သည်ကို သူ မှတ်မိသည်။ သူ့ခေါင်းထဲတွင် ဘာမှမရှိ၊ သူ တစ်ကြိမ်ထက်မနည်း လုပ်ခဲ့ပြီး သူ့ခါးတို့က ရှေ့နောက် မနားတမ်း ယမ်းခါနေခဲ့သည်။ ထို့ကြောင့် အခု သူ ခါးဘယ်နားရှိမှန်းတောင် မခံစားမိလောက်အောင်ထိ နာကျင်လို့နေ၏။ အိပ်ယာထဲ လူးလှိမ့်ဆက်ယှက်ခြင်းက ဒီလိုနာကျင်မှု ခံစားရတယ်ဆိုတာကို သူ့ကို​ ဘယ်သူကမှ မပြောခဲ့ကြပေ၊ သူ့ဖင်တောင် ခံစားချက်တို့ ထုန်လို့နေပုံရသည်၊ အို... သေပါပြီ၊ တကိုယ်လုံးက သူ့ကိုယ်ခန္ဓာမဟုတ်သည့်အလား သူ ဘာမှ ခံစားမရဖြစ်နေ၏။

မျက်ရည်မထွက်ဘဲနှင့် ငိုနေပြီး ဖုန့်ရှီ သူ မှားသွားခဲ့ကြောင်း သူ့ကိုယ်သူ ဝန်ခံလိုက်သည်။ စာအုပ်ထဲမှာ မိတ်ဆက်ထားခဲ့တာက ဆက်ယှက်တာက ပျော်စရာကောင်းတယ်လို့ပဲ မိတ်ဆက်ထားခဲ့တာ။

"ဘာဖြစ်လို့လဲ?" ငရဲမင်းကြီးက သူ့ကို ဖက်လိုက်ကာ တိုးညှင်းစွာ မေးလိုက်သည်။

"အဟမ်း..." ဖုန့်ရှီက ရိုးရှင်းစွာ နှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်ပြီး သူ့အသံတွေက မနေ့ညက တစ်ညလုံး အော်ခဲ့ရသည့်အတွက် ပျောက်သွားပြီဖြစ်ကြောင်း အရိပ်ပြလိုက်သည်။

ငရဲမင်းကြီးက ရယ်လိုက်ပြီး သူ့နှာခေါင်းကို ဆွဲညှစ်လိုက်ကာ မလွှတ်ပေးတော့ဘဲ ကောင်လေး ပါးစပ်နှင့် အသက်ရှုနေသည်ကိုသာ ကြည့်နေလိုက်ပြီး ချက်ချင်းပဲ ဖမ်းနမ်းလိုက်တော့သည်။ နှစ်ကြိမ်ခန့် စုပ်ယူ နမ်းရှိုက်ပြီးနောက်မှ လျှာကို လွှတ်ပေးလိုက်လေ၏။

"အဆင်ပြေပါတယ်။ တစ်ရက် နှစ်ရက်လောက် နားလိုက်၊ အဲ့တာဆို အဆင်ပြေသွားလိမ့်မယ်။"

ဖုန့်ရှီက သူ့ကို ချက်ချင်းပဲ ဒေါသတကြီး ရိုက်လိုက်၏။ သူက မလှုပ်ရှားနိုင်၊ စကားမပြောနိုင်တဲ့သူမှမဟုတ်တာ၊ ပြောအားရှိတာပေါ့။

ဒါပေမဲ့ သူ နေလို့မကောင်းသော်လည်း သူ့တကိုယ်လုံးကတော့ ခြောက်သွေ့လို့်နေကာ ဘယ်လို ကပ်စေးမှုမျိုးမှာ သူ မခံစားရပေ။ သူ့ကို ဆေးကြောသန့်စင်ပေးထားမှန်း သိသာသည်။ ဘယ်လို ဆေးကြောသန့်စင်ပေးခဲ့သလဲဆိုတာကိုတော့ ဖုန့်ရှီ လုံးဝ ဂရုမစိုက်ပေ။ အဲ့တာက သူ အနားရသည်လေ။

"ကျွန်တော့ခါးတွေ နာနေတယ်။" ဖုန့်ရှီက ညီးတွားလိုက်သည်။

ငရဲမင်းကြီးက "ကိုယ်တော် ရှီ့ကို ပွတ်ပေးမယ်လေ။" ပြောပြီးနောက် သူ့လက်တို့ကို ဖုန့်ရှီ၏ ခါးအား ထိရန် ဆန့်ထုတ်လိုက်ပြီး နူးညံ့သိမ်မွေ့စွာနှင့် နှိပ်နယ်ပေးနေလိုက်သည်။

ဖုန့်ရှီက နှစ်ကြိမ်မျှ သက်တောင့်သက်သာရှိစွာ ညီးလိုက်သော်လည်း အတန်ကြာပြီးနောက် ဒီအခြေအနေကို သူ မကျေနပ်နိုင်ဖြစ်နေရကာ၊ "ကျွန်တော့ခြေထောက်တွေလည်း နာကျင်နေတယ်။"

ငရဲမင်းကြီးက သူ့ကို နှစ်သိမ့် ပုတ်ပေးလိုက်ပြီးနောက် ချက်ချင်းပဲ ခြေထောက် နှစ်ချောင်းစီ ရွေ့လျားသွားကာ ဆူညံသည့်အချစ်ကလေးကို စိတ်ရှည်လက်ရှည် အလုပ်အကျွေးပြုလိုက်လေ၏။ သူ့အချစ်ကလေး၏ မျက်လုံးတို့ မှေးစင်းလာတာကိုတွေ့တော့ သူက မေးလိုက်သည်၊ "အခု ပိုကောင်းလာပြီလား?"

"ဟင့်အင်း၊ လုံးဝမကောင်းဘူး။" အဲ့လိုပြန်ဖြေလိုက်သံနှင့်အတူ သူ့အချစ်ကလေး၏ နှုတ်ခမ်းထောင့်တို့က ကျေနပ်နေသည့်အပြုံးတို့ကို ဖုံးမရပေ။

ငရဲမင်းကြီးက ထက်အောက် စုန်ဆန် နှိပ်နေပေးနေလိုက်ပြီး၊ "အခုလိုဆိုရင်ရော?"

"မကောင်းသေးဆဲပဲ။" ဖုန့်ရှီက မျက်လုံးမှေးစင်းထားလျက်သားနှင့် ငရဲမင်းကြီး၏ ပြုစုမှုတို့ကို ပျော်ပျော်ပါးပါး ခံစားနေကြောင်း ပေါ်လွင်နေသည်ကို သတိလုံးဝမမူမိဘဲ ထပ်ခါထပ်ခါ ငြင်းဆိုနေလိုက်သည်။

ငရဲမင်းကြီးက စိတ်မဆိုးသွားဘဲ သူ့ပေါင်တွေကို ထက်အောက် ပွတ်သပ်ပေးနေပြီး တဖြည်းဖြည်းနှင့် ပွတ်သပ်ပေးမှုတို့က ပေါင်ရင်းနား တိုးကပ်လို့လာ၏။ သူ့အချစ်ကလေးက သက်တောင့်သက်သာရှိစွာ ငြီးနေတာကိုကြည့်ပြီး မျက်လုံးတို့ မှေးကျဉ်းသွားကာ ဘောင်းဘီကို ပေါင်လယ်အထိ ဆွဲချွတ်ချလိုက်ပြီး လုံးဝန်းနေသည့် ဖြူဖြူဖွေးဖွေး တစ်တုံးတစ်ခဲတည်းနှင့် ညှို့ယူနေသည့် တင်သားအစိုင်အခဲတို့ကို ဖော်ချွတ်လိုက်လေ၏။ ငရဲမင်းကြီးက ခေါင်းကို နှိမ့်ချလိုက်ပြီး သူနှင့် လားလားမှ မအပ်စပ်သည့် လှုပ်ရှားမှုတစ်ခုကို လုပ်လိုက်ရန် ပါးစပ်ကို ဖွင့်ပြီး ဖုန့်ရှီ၏ တင်စိုင်တို့ကို ကုန်းကိုက်လိုက်တော့သည်။

မျက်လုံးမှေးစင်းကာ အခန့်သား ဇိမ်ခံနေသည့် ဖုန့်ရှီက "အား" ဟု အော်လိုက်ပြီး လျင်မြန်စွာ ထရပ်လိုက်ကာ သူ့တင်သားတို့ကို အုပ်ထားလိုက်ရင်း ငရဲမင်းကြီးကို မျက်ရည်ရွဲကြီးများနှင့် စိုက်ကြည့်လိုက်ကာ အလေးအနက်မျက်ဝန်းတို့က 'ကျွန်တော့်ဖင်ကို လိုချင်တာလား၊ ခေါင်းဆောင်က တကယ်ကြီးကို နှာဘူးကြီးပဲ!' ဟု စွပ်စွဲနေသည့်အလား၊

ငရဲမင်းကြီးက စိတ်ခံစားချက် ကောင်းနေပြီး မျက်ခုံးတို့ ပင့်တက်လိုက်ကာ စိတ်ဝင်စားမှုအပြည့် မျက်နှာတို့နှင့် ကြည့်လိုက်ရင်း, "ခါးက မနာတော့ဘူးလား? ခြေထောက်တွေကရော မနာတော့ဘူးလား?"

"အိုး၊ ကျွန်တော့်တကိုယ်လုံး အရမ်းကို နာကျင်နေတယ်"

ဖုန့်ရှီက ချက်ချင်းပဲ ပြန်လဲကျသွားတော့သည်။ အလား... ဒါပေမဲ့ သူ့လက်နှစ်ဖက်၏ လှုပ်ရှားမှုတို့က သူ့လက်ရှိအခြေအနေနှင့် ကိုက်ညီမနေခဲ့ချေ။ သူက ဆွဲအချွတ်ခံထားရသည့် ဘောင်းဘီကို ဆွဲတင်လိုက်ပြိး သူ့တင်ပါးကို ဖုံးလိုက်သည်။ ခေါင်းဆောင်က အရမ်းကို ခွန်အားတက်ကြွနေတာကို သူ ကြောက်ပါရဲ့။ အခု သူ လုံးဝ မခံနိုင်တော့ဘူး။

ငရဲမင်းကြီးက အဲ့တာ အရမ်း ရီရသည်ဟု တွေးလိုက်သည်။ ဖုန့်ရှီ သူ့ကို လှည့်စားဖို့ ခွန်အား ရှိနေတယ်ဆိုကတည်းက ကျန်းမာရေး ကောင်းလာတဲ့သဘောပဲ၊ သူ မသက်မသာ ဖြစ်နေတာမျိုး မရှိလောက်ဘူး။ ထို့ကြောင့် သူက ဖုန့်ရှီ၏ လှည့်စားမှုတို့ကို မဖော်ထုတ်တော့ဘဲ သူ့ကို ပြန်ဖက်လိုက်ကာ သူ့အချစ်ကလေး၏ ရှုပ်ပွနေသည့် ဆံနွယ်တို့ကို ပြုပြင်ပေးလိုက်လေ၏။

ဖု့န်ရှီက ပထမတော့ ရုန်းကန်နေပေမဲ့ သူ့ခေါင်းဆောင်က တခြား ဘာလှုပ်ရှားမှုမှ လုပ်မလာတော့သည့်အတွက် အကြိမ်အနည်းငယ် ခိုးကြည့်လိုက်ကာ သေချာအောင် စူးစမ်းပြီးနောက် ဆံပင်တို့ကို ဆက်လုပ်ခွင့်ပြုထားလိုက်တော့သည်။

နှစ်ဦးသား တိတ်ဆိတ်စွာ လဲလှောင်းမှီတွယ်နေကြပြီး အတန်ကြာသည်အထိ ဘာစကားမှ မဆိုကြချေ။ နောက်ဆုံးတော့ ဖုန့်ရှီက မနေနိုင်တော့ဘဲ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်တော့သည်၊ "ခေါင်းောင်၊ ကျွန်တော်တို့ ဒီကနေ အပြင်ထွက်ပြီးရင် မပြန်ခင် အပြင်မှာ ပစ္စည်းတချို့ ဝယ်ဖို့ အဲ့ဒီ့မြို့ကြီးတွေကို သွားကြရအောင်နော်၊ ဟုတ်ပြီလား?"

"ရှောင်ရှီက ဘာကို ဝယ်ချင်တာလဲ?" ငရဲမင်းကြီးက သူ့ခေါင်းကို နှိမ့်ချလိုက်ပြီး ဖုန့်ရှီ၏ ခေါင်းနှင့် ပွတ်လိုက်သည်။

ဖုန့်ရှီက ထူးထူးဆန်းဆန်းအကြံတစ်ချို့ကို တွေးနေပုံရပြီး ရယ််လိုက်ကာ၊ "ဦးလေးဖြူနဲ့ တခြားသူတွေအတွက် လက်ဆောင်ဝယ်ဖို့ပေါ့! ဦးလေးဖြူနဲ့ အထူးသင့်တော်တဲ့ လက်ဆောင်ကို ကျွန်တော် တွေးပြီးသွားပြီ။" အမူအယာသေးသေးလေးက သူ့တွေးမိသွားသည်တို့မှာ ထူးဆန်းသည့်အကြံတွေဖြစ်ကြောင်း သိသာစေ၏။

အချစ်ကလေး၏ မျက်နှာထက်က ချိုးနှိပ်ထားရသည့် မချိုမချဉ်အမူအယာတို့ကို ကြည့်ပြီး လက်ဆောင်က ဦးလေးဖြူကို ထိတ်လန့်သွားစေနိုင်လောက်မှန်း ငရဲမင်းကြီး ခံစားမိသွားတော့သည်။

(MM T/N: ဒီအပိုင်း အတော်များများကို Eng မှာက censor ဖြတ်ထားတာမို့ မူရင်းကို c to e google translate လုပ်ပြီးမှ တဆင့် အတတ်နိုင်ဆုံး မြန်မာပြန်ဆိုပေးထားတာမို့ ဖတ်ရ အဆင်မပြေခဲ့ရင် နားလည်ပေးပါနော်)

20230416; 0147

Stay tuned for the next chapter:
Chapter 189 Gifts for Uncle White

🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

အပိုင္း ၁၈၈။ စိတ္အားထက္သန္သည့္ည ၿပီးသြားၿပီးေနာက္

ေခါင္းေဆာင္ႏွင့္ အနမ္းမေပးရတာ ရက္ေတြအေတာ္ၾကာေနၿပီမို႔ ဖုန့္ရွီ သည္လို သက္ေတာင့္သက္သာရွိသည့္ ခံစားခ်က္ကို အလြန္ လြမ္းဆြတ္ေနခဲ့တာျဖစ္သည္။

သူ နမ္းလိုက္လိုက္ျခင္းမွာပဲ ငရဲမင္းႀကီး၏ လၽွာကို တိုက္ပြဲဝင္ေနသည့္အလား မက္မက္ေမာေမာ စုပ္ယူလိုက္ၿပီး တစ္ဖက္သူက ျပန္တုံ႔ျပန္လာခ်ိန္မွာေတာ့ သူ ေနာက္ျပန္ဆုတ္လိုက္ျပန္သည္၊ အဲ့လိုႏွင့္ တြန္းလိုက္ ထိုးလိုက္ႏွင့္ အႀကိမ္အနည္းငယ္ လုပ္ေနလိုက္ၿပီး သူ႔ကိုယ္သူ ေပ်ာ္ရႊင္ေနကာ သူ႔ပါးစပ္ေထာင့္ကေန တံေတြးေတြ စီးက်လာသည္ကိုေတာင္ သတိမထားမိလိုက္ေတာ့ေပ။ သလင္းလို ၾကည္ေနေသာ တံေတြးတို႔က အျဖဴေရာင္ေစာင္အေပၚ က်လာကာ ေရအိုင္ငယ္လို ဖြဲ႕တည္လာ၏။

ငရဲမင္းႀကီး၏ မ်က္လုံးတို႔ နက္ေမွာင္သြားရကာ သူ႔နားထဲသို႔ တီးတိုးစကားဆိုလိုက္သည္၊ "ညစ္ညစ္ညဴးညဴး မညစ္ပုပ္နဲ႔။"

ဖုန႔္ရွီက ခ်က္ခ်င္းပဲ တစ္ခစ္ခစ္ ရီလိုက္ၿပီး 'ကၽြန္ေတာ္က ညစ္ပုပ္ခ်င္တာေလ' ဟု ဆိုေနသည့္အလား ငရဲမင္းႀကီးကို မ်က္စိမွိတ္ျပလိုက္၏။

ငရဲမင္းႀကီးက သူ႔ႏွာေခါင္းကို မလြတ္တမ္း ဆြဲညႇစ္လိုက္ေလေတာ့သည္။

ဖုန႔္ရွီ၏ ႏွာေခါင္းက အညႇစ္ခံလိုက္ရသည့္အတြက္ အသက္မရွုနိုင္ျဖစ္ေနကာ ခ်က္ခ်င္းပဲ မသိစိတ္ျဖင့္ ပါးစပ္ဟလိုက္ေတာ့သည္။ သူ႔လၽွာကို ငရဲမင္းႀကီးက အလြတ္မေပးဘဲ ဖု႔န္ရွီ ခြန္အားေတြ ဆုတ္ေလ်ာ့သြားသည္အထိ စုပ္ယူေနလိုက္သည္။

သူ႔ႏွာေခါင္းႏွင့္ ပါးစပ္တို႔ အနားရသြားသည္ႏွင့္ ဖုန႔္ရွီက ခ်က္ခ်င္းပဲ အသက္လုရွုလိုက္ကာ သူ႔မ်က္ႏွာတို႔က နီျမန္းေနၿပီး၊ "ကၽြန္ေတာ္ ေသလုမတတ္ျဖစ္သြားရတယ္။" ဟု ေျပာလိုက္သည္။

"ေနာက္ကို အခုလိုမ်ိဳး ညစ္ပုပ္ခ်င္ေသးလား?" ငရဲမင္းႀကီးက သူ၏ ဆြဲညႇစ္ခံထားရ၍ နီရဲေနေသာ ႏွာေခါင္းကို ညႊန္ျပလိုက္ကာ ေျပာလိုက္သည္။

ဖုန့္ရွီက ခ်က္ခ်င္းပဲ ေခါင္းခါယမ္းလိုက္ကာ၊ "မလုပ္ရဲေတာ့ဘူး။"

သူ စကားေျပာေတာ့မည့္အခ်ိန္မွာပဲ သူ႔ကိုယ္ခႏၶာေအာက္ပိုင္းက ေပါ့ပါးသြားရကာ သူဝတ္ထားသည့္ ေဘာင္းဘီ အခၽြတ္ခံလိုက္ရေတာ့သည္။ ဒါေပမဲ့ သူကို ေစာင္ႏွင့္ေရာ ငရဲမင္းႀကီး၏ ကိုယ္ခႏၶာႏွင့္ပါ ကာထားသည့္အတြက္ သူ ေအးသည္ဟု လုံးဝ မခံစားရေပ။ အတန္ၾကာၿပီးေနာက္ ေဘာင္းဘီက လႊင့္ပစ္ခံလိုက္ရၿပီး ေအးစက္ေသာ ၾကမ္းျပင္ထက္ က်ေရာက္လို႔သြားေတာ့သည္။ အဲ့ေနာက္ အျဖဴေရာင္အတြင္းခံလည္း ထိုနည္းအတိုင္းပဲ ျဖစ္သြားရေတာ့သည္။ ေစာင္ေအာက္တြင္ေတာ့ ဖုန႔္ရွီတစ္ယာက္ ေနာက္ဆုံးေတာ့ ငရဲမင္းႀကီးလိုပဲ ကိုယ္လုံးတီး ျဖစ္ေနၿပီျဖစ္ၿပီး အခ်င္းခ်င္း ဖက္လိုက္ၾကေတာ့သည္။

ငရဲမင္းႀကီးက လွန္ခ်လိုက္ၿပီး ဖုန့္ရွီကို သူ႔ေအာက္ ဖိထားလိုက္ကာ ေစာင္အတြင္းသို႔ လက္ႏွစ္ဖက္ကို သြင္းလိုက္ၿပီး ဖုန့္ရွီ၏ ခ်ိတ္ထားေသာ ေျခႏွစ္ဖက္ကို ဆြဲခြါလိုက္ကာ သူ႔ကိုယ္ခႏၶာႏွင့္ တိုးဝင္လိုက္၏။ ေကာင္ေလး၏မ်က္ႏွာ ရွက္ေသြးျဖန္းသြားသည္ကို ၾကည့္လိုက္ၿပီး သူ႔ႏွုတ္ခမ္းတို႔က အလြန္ကို ဆြဲေဆာင္မွုရွိေနသည့္အတြက္ သူ ထပ္မနမ္းဘဲ မေနနိုင္ေတာ့ေခ်။ ေစာင္ေအာက္အတြင္းတြင္ေတာ့ ထက္ေအာက္စုန္ဆန္ လုပ္ေနျခင္းေၾကာင့္ ေစာင္က လုံးဝကို ၿငိမ္သက္မေနေတာ့ေခ်။

သူ ေခၽြးေတြ တေတာက္ေတာက္ က်ေနသည္ဟုသာ ဖုန့္ရွီ ခံစားလိုက္ရေတာ့သည္။ သူ႔ေျခႏွစ္ေခ်ာင္းက ဆြဲအျဖဲခံထားရၿပိး သူ႔တကိုယ္ရည္ အစိတ္အပိုင္းကလည္း တင္းတင္းက်ပ္က်ပ္ ဖိကပ္ထားျခင္းကို ခံေနရသည္။ ဒါ သူ ပူေလာင္ျပင္းျပၿပီး ႏူးညံ့တယ္လို႔ ပထမဆုံးအႀကိမ္ ခံစားရျခင္းပင္။ သူ၏ ေတာင့္တင္းေနေသာ ခႏၶာကိုယ္က ႏွစ္ႀကိမ္မၽွ မတုန္ရီသြားဘဲ မေနနိုင္ေတာ့ေခ်။ သူ႔အသိစိတ္ထဲတြင္ ေခါင္းေဆာင္၏ အသက္ရွုသံတို႔ႏွင့္ ျပည့္ႏွက္လို႔ေနကာ တျဖည္းျဖည္းႏွင့္ သူ၏ ေတြးေတာနိုင္စြမ္းတို႔ တျဖည္းျဖည္း ေပ်ာက္ဆုံးလို႔သြားေတာ့သည္။ ပူၿပီး ေတာက္ေလာင္ေနေသာ အရာတစ္ခုက သူ႔တကိုယ္ရည္အစိတ္အပိုင္းအတြင္းသို႔ တိုးဝင္လာသည္ကို သိေတာ့ သူ ေၾကာက္လန့္တၾကားႏွင့္ တုန္ရီသြားေတာ့သည္။

"စိတ္ေလ်ာ့လိုက္" ငရဲမင္းႀကီးက သူေတာင့္တင္းေနသည္ကို ခံစားမိလိုက္သည့္အတြက္ သူ႔နားထဲသို႔ တီးတိုးေျပာလိုက္သည္။

ဖုန့္ရွီက မွတ္ဉာဏ္ေကာင္းေလးေတြ ပိုင္ဆိုင္ခ်င္သည့္အတြက္ အသက္ျပင္းျပင္း တစ္ခ်က္ ရွုလိုက္ၿပီး သူ႔ကိုယ္သူ စိတ္ေလ်ာ့ခ်ထားလိုက္၏။

ငရဲမင္းႀကီးက သူ စိတ္ေလ်ာ့ခ်လိုက္တာကို ခံစားမိေတာ့ သူ႔ေျခႏွစ္ေခ်ာင္းကို ဆြဲလိုက္ၿပီး သူ႔ခါးအထက္ ေနရာခ်ထားလိုက္ကာ အေရွ႕သို႔ ေျဖးညင္းစြာ တိုးဝင္လိုက္သည္။ အတြင္းကို အကုန္မဝင္သြားမခ်င္း သူ မရပ္တန့္ခဲ့ေပ။ သူ၏ အျမဲ အမူအယာကင္းမဲ့ေနေသာ ေခ်ာေမာခန့္ညားသည့္ မ်က္ႏွာက ခံစားခ်က္ေပါင္းစုံ စုေနသည့္ႏွယ္။ နီျမန္းေနမွုအနည္းငယ္ ေရာစပ္ေနသည့္မ်က္ႏွာႏွင့္ ေကာင္ငယ္ေလးကို က်င့္သားရသြားေအာင္ အခ်ိန္အနည္းငယ္ ေပးလိုက္သည္။

သူ ဒါမ်ိဳးကို လုပ္ခဲ့ဖူးေပမဲ့လည္း တကယ္တမ္းေတာ့ တစ္ႀကိမ္ပဲ သူ လုပ္ခဲ့ဖူးတာျဖစ္သည့္အတြက္ ဖုန႔္ရွီက ငရဲမင္းႀကီး၏ အရြယ္အစားကို အနည္းငယ္ သက္ေတာင့္သက္သာမရွိ ျဖစ္ေနဆဲျဖစ္သည့္အတြက္ အသက္ျပင္းျပင္းတစ္ခ်က္ ရွဒလိုက္ၿပီး ကိုယ္ခႏၶာကို ေျဖေလ်ာ့ခ်လိုက္ေတာ့ ေနာက္ဆုံးမွာေတာ့ ဆုတ္ျဖဲမတတ္ျဖစ္ေနသည့္ နာက်င္မွုတို႔က တျဖည္းျဖည္း ေျပေလ်ာ့သြားၿပီး ထိုအစား စူးခနဲနာက်င္မွုအလိမ့္လိုက္က အစားထိုး ဝင္ေရာက္လာေတာ့သည္။ ထူးဆန္းသည့္ခံစားခ်က္တစ္ရပ္ႏွင့္ အနည္းငယ္ ယားယံလာသည့္အတြက္ ဖုန့္ရွီ သူ႔ကိုယ္ခႏၶာကို တြန့္လိမ္လိုက္၏။

အတန္ၾကာသည္အထိ သူ႔အေပၚကေန ဖိထားသည့္သူက ဘာလွုပ္ရွားမွုမွ မလုပ္ေသးေၾကာင္း ေတြ႕လိုက္ရေတာ့ ဖုန့္ရွီက ရွက္ေသြးျဖန္းသြားရကာ ငရဲမင္းႀကီဂကို တြန္းလိုက္ေသာ္လည္း သူ႔အမူအယာတို႔ကေတာ့ တြန့္ဆုတ္လို႔္ေနသည္။

ငရဲမင္းႀကီးက သူဘာေတြးေနသလဲ မသိသလိုမ်ိဳး သူ႔နားထဲသို႔ ႏူးညံ့စြာႏွင့္ ေမးလိုက္၏၊ "ရွီေလး အခုေရာ ဘယ္လိုလဲ?" ပူျပင္းစိုစြတ္သည့္ အသက္ရွုေငြ႕က ဖုန့္ရွီ၏ ထိရွလြယ္သည့္ နားအစိတ္အပိုင္းကို စေနသည့္အလား တို႔ထိတိုးဝင္လာသည့္အတြက္ သူ ေတာင့္မခံနိုင္ေတာ့ဘဲ သူ႔ကိုယ္သူ ေစာင္ေအာင္ ပိုျမဳပ္ဝင္လိုက္ကာ က်ဳံ႕လိုက္ေလေတာ့သည္။

"ျမန္,,, ျမန္ျမန္ေလး လွုပ္ရွားေတာ့!"ဖုန႔္ရွီက ေဒါသထြက္လာကာ ႏွုတ္ခမ္းတို႔ကို ဆူေထာ္လိုက္ၿပီး ငရဲမင္းႀကီးကို မ်က္လုံးရြဲႀကီးမ်ားႏွင့္ စိုက္ၾကည့္လိုက္ေလ၏။

မ်က္ႏွာေသးေသးေလးက ခံစားခ်က္ေပါင္းစုံႏွင့္ ျပည့္လို႔ေနၿပီး ခ်စ္စရာေကာင္းသည့္ စိုက္ၾကည့္မွုက ငရဲမင္းႀကီးကို အသည္းယားသြားေစကာ သူ႔မ်က္လုံးတို႔က ညဥ့္ဦးယံအလား နက္ေမွာင္လာလ်က္ ေခါင္းကို ငုံ႔ခ်လိုက္ၿပီး ေကာင္ေလး၏ ႏွုတ္ခမ္းထက္ အနမ္းေႁခြလိုက္​ေတာ့သည္။ အဲ့ေနာက္မွာေတာ့ သူတို႔ႏွစ္ဦးသားကို ဖုံးထားသည့္ ေစာင္က အလ်င္အျမန္ လွုပ္ရွားသြားေလေတာ့သည္။ အိပ္ယာက်ယ္ႀကီးက ေတာင့္တင္းသည့္ဟန္ ေပါက္ေသာ္လည္း အိပ္ယာထက္က ျပင္းထန္သည့္ မုန္တိုင္းတို႔ကို မနည္း ေတာင့္ခံေနရသည့္ႏွယ္။ ေကာင္ငယ္ေလးက ေအာ္ၿပီးရင္း ေအာ္ေနကာ ေအာ္သံတို႔က တျဖည္းျဖည္းႏွင့္ ၾကည္ႏူးသံေပါက္လာေလေတာ့သည္။

ဖုန႔္ရွီက နီျမန္းေသာမ်က္ႏွာႏွင့္ ေစာင္ေအာက္မွ ေခၽြးအၿပိဳက္ၿပိဳက္ႏွင့္ တိုးထြက္လိုက္ေသာ္လည္း ျပန္အဆြဲခံလိုက္ရၿပီး ေစာင္ေအာက္သို႔ ျပန္ျမဳပ္ဝင္သြားရေတာ့သည္။ သူ႔အဆုတ္ေတြ ေလကုန္သြားသည့္ႏွယ္ ျပင္းထန္သည့္ အင္အားတို႔ႏွင့္ ထိုခံစားခ်က္က အရမ္းကို အံ့အားသင့္ဖြယ္ေကာင္းလွ၏။ အဲ့တာက နာက်င္မွုအျပည့္ျဖစ္ေသာ္လည္း သာယာသည့္ခံစားခ်က္ကလည္း သူ႔တကိုယ္လုံး ဒီေရေပၚ စီးေျမာေနသည့္အလား တခ်ိန္တည္း ျဖစ္တည္လို႔ေနသည္။ အဲ့တာက တကယ္ႀကီးကို နာက်င္မွုအျပည့္နဲ႔ သက္ေတာင့္သက္သာရွိၿပိး ေနာက္ဆုံးမွာေတာ့ သူ ဘယ္လိုမွ မခံနိုင္ေတာ့ဘဲ သနားညႇာတာေပးဖို႔သာ ေတာင္းဆိုရေတာ့သည္။

"အာ...မ...မလုပ္.... အရမ္း..ျမန္ျမန္... မလုပ္... ကၽြန္ေတာ္ မခံနိုင္ေတာ့ဘူး...."

ငရဲမင္းႀကီးက သူ႔ခါးကို လက္ႏွစ္ဖက္ႏွင့္ ဆုပ္ကိုင္ထားၿပီး အရွိန္ျပင္းျပင္းႏွင့္ ရိုက္ခတ္ေနကာ နက္နက္ရွိုင္းရွိုင္း တိုးဝင္ေနျခင္းအားျဖင့္ ေကာင္ေလး၏ ေတာင္းဆိုခ်က္ကို ေျဖၾကားလိုက္ေတာ့သည္။ ေကာင္ေလး ႐ုတ္တရက္ အသံထြက္ ေတာင္းပန္ေနတာ၊ ေအာ္ညီးေနတာကို ၾကားရတာ သူ အလြန္ ေက်နပ္အားရျဖစ္ရသည္။ ဖုန့္ရွီတစ္ေယာ္က အတန္ၾကာေအာင္ ေအာ္ညီးေနၿပီးေနာက္မွာေတာ့ သူ႔ႏွုတ္ခမ္းတို႔က အပိတ္ခံလိုက္ရေတာ့ကာ သူ႔ေအာ္ညီးသံတို႔ကို ၿမိဳခ်လိုက္ရေတာ့သည္။

အတြင္းက်က် ဆက္ယွက္မွုတို႔က မိုးေသာက္သည္အထိ မရပ္တန့္ခဲ့ေပ၊ ဖုန့္ရွီ၏ အသံတို႔သည္လည္း ေအာ္ရလြန္းလို႔ အက္ကြဲသံေတာင္ ေပါက္ေနၿပီျဖစ္သည္။

မိုးစုန္းစုန္းမခ်ဳပ္ခင္ခင္မွာပဲ သူ

You are reading the story above: TeenFic.Net