92. Owing a Debt of Gratitude
Background color
Font
Font size
Line height
Please scroll down for Zawgyi.
အပိုင်း ၉၂။ ကျေးဇူးကြွေးတင်ခြင်း
အဲ့တာက လူတိုင်း မမျှော်လင့်ထားမိတဲ့အရာပင်။
အဲ့တာ အရမ်းကို မြန်ဆန်စွာ ဖြစ်သွားခဲ့တာပဲမို့ပင်၊ အဲ့ဒီ့ ဖျက်လိုဖျက်ဆီး ဟစ်အော်လိုက်သူက လူတိုငး အတွေးများနေကြချိန်မှာပဲ ဖုန့်ရှီဆီ ပြေးဝင်လာပြီး ဖြစ်နေ၏။ အဲ့နောက် အဲ့လူက အဆိပ်ပြင်း မြွေနက်လို လှံရှည်ကို ဖုန့်ရှီဆီ ပစ်လိုက်သည်။ အဲ့အချိန်မှာပဲ တဖက်လူက Carendra နဲ့ အပြင်းအထန် တိုက်နေတာဖြစ်တဲ့အတွက် သူ့ကိုယ်သူကာကွယ်ဖို့ လုံဝ အချိန်မရှိလိုက်ချေ။
"မင်းဟေးယွီ၊ မင်း ဘယ်လိုတောင် ရဲတင်းတာလဲ!"
နန်းကုန်းလီရဲ့ ဒေါသတကြီးအသံက ရုတ်တရက် ထွက်လာပြီး အတော်ကို ခြိမ်းခြောက်လိုက်သံပေါက်နေ၏။ ဒါပေမဲ့ သူက ကွင်းနဲ့ အတော်လှမ်းနေတဲ့အတွက် သူအဲ့ကို အပြေးသွားဖို့က အတော်နောက်ကျနေပြီပင်။
ဒါပေမဲ့ မင်းဟေးယွီက သူ့အသံကို လုံးဝ မကြားလိုက်ပုံပင်။ သူ့မျက်လုံးထဲမှာ လက်စားချေလိုက်စိတ်ပြင်းပြနေမှုရယ်​၊ သွေးဆာနေတာရယ်ပဲ ရှိတော့သည်။ သူ့ရဲ့ အဆိပ်သုံးထားပုံပေါ်တဲ့ လှံရှည်က လူတိုင်းရဲ့ အကြည့်အောက်မှာပဲ ဖုန့်ရှီကနေ တစ်မီတာအကွာ ရောက်နေပြီပင်။
အဲ့ဒီ့အရေးပေါ်အခြေအနေမှာ ဖုန့်ရှီနောက်ကျောကနေ အလင်းလိုမျိုး အနက်ရောင်ပုံသဏ္ဍာန်တစ်ခုက ရုတ်တရက် ပေါ်ထွက်လာ၏။ အေးစက်တဲ့ သူ့မျက်နှာပေါ်မှာ သွေးဆာနေတဲ့ဟန် ပေါ်နေပြီး အနီနက်ရောင် စိတ်ဝိညာဉ်စွမ်းအင်တွေက စပြီး ပြင်းပြင်းထန်ထန် လှုပ်ရှားလာတော့သည်။ အဲ့နောက်မှာတော့ သူ့ရဲ့ ရက်စက်တဲံအသံက မင်းဟေးယွီနဲ့ ဖုန့်ရှီရဲ့ နားထဲကို ဝင်လာ၏၊ "သွေးပေါက်ကွဲ! သွေးသတ်ဖြတ်!"
ရွေ့လျားနေတဲ့ အနီရောင်တိမ်တိုက်က အကြောက်တရားတွေ ပြည့်နှက်နေတဲ့ မင်းဟေးယွီဆီ တဟုန်ထိုး သွားကာ သူ့ကို ချက်ချင်း ပိတ်ဆို့တားဆီးလိုက်သည်။ အနီနက်ရောင်အလင်းက ခြိမ်းခြော်ကတဲ့အရှိန်အဝါတွေ ထုတ်လွှတ်နေပြီး လေထုက အရမ်းကို တင်းကျပ်တောင့်တင်းသွား၏။ အနီရောင်အလင်းကို တချက်ကြည့်တာနဲ့ စိတ်ဓါတ်ကျစေတဲ့ ခံစားချက်ကို ပေးစွမ်းနေသည်ပင်။ မင်းဟေးယွီအတွက်ဆို ပိုဆိုးသေး၊ သူက အလင်းထဲ ပိတ်မိနေပြီး သေပန်းပွင့်တော့မယ်ံအနံ့ကိုတောင် လူတိုင်း ရနေကြပြီဖြစ်သည်။
မင်းဟေးယွီ နာနာကျင်ကျင် မအော်မိခင်မှာပဲ သွေးနီရောင်လှောင်ချိုင့်က လူတစ်ယောက်အရွယ်အစားအထိ ကျုံ့သွားသည်။ Carendra က 'ဖျက်ဆီးပစ်' ဆိုတဲ့ အေးသက်သက်အသံ မြည်တမ်းလိုက်တော့ မိုးခြိမ်းသံလိုပေါက်ကွဲသံကြီးက လှောင်ချိုင့်ထဲကနေ ထွက်လာတော့သည်။ အဲ့တာရဲ့ အပြင်ဘက်က အနီနက်ရောင် အရံအတားကြောင့် ပေါက်ကွဲမှုက အခြားဘယ်သူကိုမှ အန္တရာယ်မပေးမိတာဖြစ်မည်၊ နှစ်မိနစ်လောက်ကြာပြီး နောက်ဆုံးတော့ ပေါက်ကွဲမှုက ရပ်တန့်သွားတော့သည်။
အနီနက်ရောင်မီးခိုးတွေ ပျောက်သွားပြီးတဲ့အချိန်မှာ သွေးအလိမ်းလိမ်းဖြစ်နေတဲ့ အသက်မဲ့ကိုယ်ခန္ဓာတစ်ခုက မြေပြင်ပေါ် ပြုတ်ကျသွား၏။ သူ့တကိုယ်လုံး မထိခိုက်မိတဲ့နေရာ တစ်နေရာမှ မရှိ၊ သူ့မျက်နှာပေါ်က ကြောက်စရာအမူအယာက သိသိသာသာ ကျန်ရစ်နေသည်။ ဒါပေမဲ့ သူ့ရဲ့ ထုံထုံထိုင်းထိုင်းအကြည့်ကို အကဲဖြတ်ရမယ်ဆိုရင် သူက လူသေတစ်ယောက်ထက် ဘာမှမပိုတော့ချေ။
ရင်ပြင်တစ်ခုလုံး အပ်ကျသံကြားရမတတ် တိတ်ဆိတ်သွားတော့၏။
ကောင်လေးကို ကယ်လိုက်တဲ့သူက သူ့ပြိုင်ဘက်ဖြစ်တဲ့ Carendra ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြ။ ဖုန့်ရှီသာ တိုက်ခိုက်ခံလိုက်ရမယ်ဆိုရင် တဖက်လူက အားအနည်းငယ်တောင် စိုက်ထုတ်စရာမလိုဘဲ ပထမနေရာ အသာလေး ရသွားနိုင်တာကြောင့် ဖြစ်မည်။ ဒါပေမဲ့ Carndra ကတော့ ဖုန့်ရှီတစ်ယောက် အတိုက်ခံရမှုကနေ ကာကွယ်ပေးလိုက်သည်။ ရဲရင့်ပြီး စွမ်းအားကြီးတဲ့လူတစ်ယောက်က လေးစားခံထိုက်တယ်ဆိုတာ လူတိုင်း ခံစားမိသွားကြသည်။ တချိန်တည်းမှာပဲ အရှုံးကို လက်မခံနိုင်ဘဲ ဖုန့်ရှီကို ချောင်းတိုက်ချင်ခဲ့တဲ့ မင်းဟေးယွီကို ဘယ်သူကမှ မသနားကြချေ။ အဲ့ဒီ့ မကောင်းစိတ်ရှိတဲ့လူတွေက ကိုယ်ပြုတဲ့ကံ ကိုယ်ပဲခံသွားကြရတာပဲလေ!
"ဝှူး! ကပ်သီးလေးပဲ!"
ဖုန့်ရှီရဲ့အဖော်တွေက ဘာဖြစ်သွားခဲ့တယ်ဆိုတာ မြင်လိုက်ရတော့ နှလုံးခုန် ရပ်တန့်သွားမတတ် ဖြစ်သွားကြ၏။ သူတို့သခင် ဘာမှ ဖြစ်မှာမဟုတ်ဘူးဆိုတာ သူတို့သိကြပေမဲ့ အဲ့လို ဖြစ်ရပ်မျိုးက သူတို့ကို အကြီးအကျယ် လန့်သွားစေဆဲပင်။ တကယ်လို့ တစ်ခုခု မှားယွင်းသွားလို့ ဖုန့်ရှီ အနာတရ ဖြစ်သွားခဲ့မယ်ဆိုရင် သူတို့ထဲက ဘယ်သူကမှ အကျိုးဆက်ကို မခံနိုင်ကြပေ။ ကံကောင်းတာက Carendra က ဖုန့်ရှီကို ကယ်လိုက်လို့၊ အဲ့လိုမှမဟုတ်ရင် သူတို့အပေါ် ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ သူတို့ မှန်းတောင် မမှန်းဆနိုင်ကြချေ။
ဒါပေမဲ့ ဘယ်သူ့မှ အဖတ်မလုပ်ဘဲ တခြားသူတွေနဲ့ အမြဲ ခပ်ခွါခွါ နေတတ်တဲ့ Carendra က သေရေးရှင်ရေးအခြေအနေမှာ သူတို့သခင်ကို ကယ်လိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ မတွေးမိခဲ့ကြပေ၊ 'သူက တကယ်ပဲ သခင့်သူငယ်ချင်းဖြစ်ထိုက်တဲ့သူ တစ်ယောက်ပဲ!' ဖုန့်ရှီရဲ့ အဖော်တွေက တွေးလိုက်ကြ၏။
အဲ့အချိန်မှာ ဖုန့်ရှီက သူ့လက်ထဲက စွမ်းအားတွေ ပျောက်သွားကာ အလန့်တကြား လှည့်ကြည့်လိုက်သည်။ Carendra ရဲ့ အသတ်ကို ခံလိုက်ရတဲ့ မင်းဟေးယွီကို မြင်တော့ တဖက်လူက သူ့ကိုကယ်လိုက်တဲ့အပေါ် သူ အနည်းငယ် အံ့အားသင့်သွား၏။ ဖုန့်ရှီ အခု ဖြစ်နေတဲ့ ပြင်းပြတဲ့ စိတ်ခံစားမှုတွေက သူ့ကြောင့် Carendra တစ်ယောက် တုန့်ပြန်လာပြီလို့ (နှဲ့ပါများတော့ နဲ့လာပြီဆိုပြီး) ယူဆသွားတဲ့အတွက် စိတ်လှုပ်ရှားသွားတာပဲဖြစ်သည်။
"Carendra၊ မင်းက မိုက်တယ်!' ဖုန့်ရှီက Carendra ဆီလျောက်သွားလိုက်ကာ တဖက်လူရဲ့ ပုခုံးကို ပုတ်ဖို့ ကြိုးစားလိုက်၏။ ဒါပေမဲ့ တဖက်လူက သူ့လက်ကို ရှောင်လိုက်သည့်အတွက် သူက လေကိုပဲ ထိသွားတော့သည်။
Carendra က ဖုန့်ရှီကို ဘာတစ်ခွန်းမှ မပြောဘဲ အလေးမစိုက်ဟန် ကြည့်ပြီး အရင်ကလိုပဲ အဖတ်မလုပ်ဘဲ မာနတခွဲသားနဲ့ နေနေဆဲပင်။
ဖုန့်ရှီက Carendra ရဲ့ တခြားသူတွေအပေါ် ဆက်ဆံပုံကို ကျင့်သားရနေပြီဖြစ်သည်။ ပြီးတော့ ဖုန့်ရှီကြောက်တဲ့ တစ်ခုတည်းသောသူက ဦးလေးဖြူပဲဖြစ်သည်။ ဖုန့်ရှီ မျက်နှာထက် တရင်းတနှီး အပြုံးနဲ့အတူ သူက Carendra ဆီ ခုန်ဝင်လိုက်ကာ ရင်ဘတ်ပုတ်ပြီး ပြောလိုက်သည်၊ "Carendra၊ မင်း ငါ့အသက်ကို ကယ်လိုက်တာပဲ။ ငါတို့ အခု သူငယ်ချင်းတွေ ဖြစသွားကြပြီ။ မင်း ဘာပဲလိုအပ်လိုအပ်၊ ငါ့သာ လာရှာလိုက်။ ငါ မင်းကို သေချာပေါက် ကူညီပေးမယ်!"
"မင်း?" Carendra က ပထမဆုံးအကြိမ်အနေနဲ့ စကားတစ်လုံး ရေရွတ်လိုက်၏၊ သေချာပေါက် သံသယသံနဲ့ပေါ့။
ဖုန့်ရှီက အပြစ်ကင်းစင်တဲ့ သခင်ငယ်လေးတစ်ယောက်လို ပါးချိတ်မတတ်အပြုံးတွေနဲ့ ခေါင်းညိတ်လိုက်သည်။ သူက ယန်းမင်ယွမ်ကို သေလုမျောပါးဖြစ်အောင် လုပ်ခဲ့သူတစ်ယောက် မဟုတ်တဲ့အတိုင်းပဲ!
"မင်း? မင်းက ငါ့ကို ဘာကူညီပေးနိုင်မယ်ထင်လို့လဲ?" Carendra က နှာတစ်ချက် မှုတ်လိုက်သည်။
ကောင်လေးက အသက်နှစ်ဆယ်ပဲ ရှိသေးပုံပေမဲ့ နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ခြောက် ရောက်နေပြီဖြစ်တဲ့အတွက် ထူးခြားတဲ့ အရည်အချင်းရှိ ကျင့်ကြံသူတစ်ယောက်လို့ ဆိုလိုနေပြီး Carendra က တကယ် အထင်ကြီးမိပေမဲ့ တဖက်လူရဲ့ အမူအကျင့်ကို အကဲခတ်ရရင် ဖုန့်ရှီက ဒီတိုင်း အလိုလိုက်ခံထားရလို့ ပျက်ဆီးနေတဲ့ သခင်ငယ်လေးတစ်ယောက်ပဲလို့ Carendra ထင်နေဆဲပင်။ 'သူလိုကောင်လေးမျိုးက ဘယ်တုန်းကမှ လောကဓံ ခံစားဖူးမှာမဟုတ်ဘူး။ သူ့နောက်ခံက ဘယ်လောက်ပဲ အားကြီးကြီး သူက ငါ့ကို ကူညီနိုင်မှာမဟုတ်ဘူး!' Carendra က တွေးလိုက်သည်။
ဒါက ငရဲပြည်၊ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်မဟုတ်ဘူး!
ကောင်လေးရဲ့ မျက်နှာပေါ်က တွေဝေနေတဲ့အကြည့်ကို မြင်တော့ Carendra က အေးစက်စက် တစ်ချက်ကြည့်လိုက်ကာ လှည့်ထွက်သွားသည်။ ကောင်လေးက သူ့အင်္ကျီလက်ကို ဆုပ်ကိုင်ထားလိမ့်မယ်လို့ သူမမျှော်လင့်ထားမိခဲ့။
"ငါ့ကိုပြော၊ မင်း ငါ့ကို ဘာမှမပြောဘူးဆိုရင် မင်းကို ငါဘယ်လိုကူညီရမလဲဆိုတာ ဘယ်လိုသိနိုင်မှာလဲ?"​ဖုန့်ရှီက Carendra ရဲ့ အင်္ကျီလက်ကို လွှတ်မပေးသေးဘဲ အရှုံးမပေး၊ လက်မမြှောက်လိုက်သေးချေ၊ "တကယ်တော့ မင်း ငါ့အသက်ကို ကယ်လိုက်တာပဲလေ။ မင်းရဲ့ ကြင်နာမှုကို ငါ ဘယ်တေ့မှ မေ့မှာမဟုတ်ဘူး။ မင်းဘာလိုအပ်သလဲပဲ ငါ့ကိုပြောလိုက်၊ မင်းကို ကူညီဖို့ ငါ အစွမ်းအကုန်ကူညီမယ်။"
Carendra က သူ့မျက်လုံးထဲ အနက်ရောင်ဝဲတစ်ခု ပေါ်လာပြီး သူ့ကို အေးစက်တဲ့အကြည့်နဲ့ ကြည့်လိုက်သည်။
Carendra တိတ်ဆိတ်နေမြဲဆိုတာ မြင်တော့ ဖုန့်ရှီက Carendra သူ့ကို မယုံသေးဘူးဆိုတာ သဘောပေါက်သွားသည်။ အဲ့နောက်မှာတော့ သူက သူ့လက်ကို မြှောက်လိုက်ပြီး တစ်ခုကို ကျိန်ဆိုလိုက်ဖို့ ကြိုးစားလိုက်သည်၊ "မင်း ငါ့ကိုမယုံဘူးဆိုရင်၊ ငါ့သခင်နာမည်ကို အရာထားပြီး မင်းကို ငါ ကျိန်ပြရဲတယ်!"
အဲ့တာကို ကြားတော့ ကွင်းအပြင်ဘက်က သူ့အဖော်တွေက တံတွေးနဲ့ သီးလုမတတ် ဖြစ်သွားကြရတော့သည်။
'သခင်၊ ဘာလို့ ဘုရင်ကြီးနာမည်ကို အရမ်း တွေ့ကရာ ကျိန်ဆိုနိုင်ရတာလဲ! တခြားသူကိုရွေးလို့ရတာကို ဘာလို့ သူ့မှလဲ! မင်းကျိန်ဆိုပြီးပေမဲ့ ဘုရင်ကြီးက သဘောမတူရင်ရော? အာ့အပြင် ဘာလို့ တွေ့ကရာ အရမ်းလွယ်လွယ် ကျိန်ဆိုတာကို လုပ်နိုင်ရတာလဲ? ကောင်းကင်လမ်းက ရှိနေဆဲလေ! မင်း ကတိပေးခဲ့တာကို မလုပ်ပေးနိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ?!'
ဖုန့်ရှီရဲ့ အဖော်တွေက ဒီလိုအခြေအနေမျိုး ဖြစ်လာမှာမဟုတ်ဘူးဆိုတာကို ယုံကြည်ကြပေမဲ့ ဖုန့်ရှီ ဂရုစိုက်ဖို့အတွက်တော့ လိုအပ်တယ်လို့ သူတို့ ခံစားမိနေကြဆဲပင်။ 'Carendra က လ-ကို တောင်းရင် ဘယ်လိုလုပ်မလဲ?' အဲ့တာကတော့ သူတို့ရဲ့ ဒုတိယအတွေးပါ။
စာအုပ်နတ်ဘုရားက သူ သူ့သခင်ကို လူတစ်ယောက်ဟာ လွယ်လွယ် ကျပန်း တွေ့ရာ မကျိန်ဆိုသင့်ဘူးလို့ သိပ်မကြာတုန်းကပဲ ပြောခဲ့ဖူးတာကို မှတ်မိတယ်။ ဒါပေမဲ့ ကြည့်ရတာ ဖုန့်ရှီကတော့ မေ့သွားပြီဖြစ်ပုံပင်။ စာအုပ်နတ်ဘုရားက ဒီကောင်လေးတော့ မျှော်လင့်ချက်မဲ့ပြီလို့ တကယ် ခံစားမိလိုက်ရတော့၏!
"မင်းရဲ့ခေါင်းဆောင်?" Carendra က အဲ့စကားလုံးတွေကို ကြားလိုက်ရတော့ အနည်းငယ် အံ့အားသင့်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။
'သူ့ခေါင်းဆောင်က သူ့ကို ထောက်ပံ့ပေးနေတဲ့တစ်ယောက်လား?' သူက တွေးလိုက်သည်။
ဖုန့်ရှီက Carendra တစ်ယောက် သူ့စကားတွေကို စိတ်ဝင်စားသွားပုံရတာကို မြင်တော့ သူက ဆက်ပြောလိုက်သည်၊ "ဟုတ်တယ်၊ ငါ့ခေါင်းဆောင်က အရမ်းအံ့ချီးဘနန်းပဲ!"
"ငါ မင်းခေါင်းဆောင်ကို စိတ်မဝင်စားဘူး။ မင်း ငါ့ကို ကူညီနိုင်တယ်လို့ပြောခဲ့တယ်နော်၊ ဒါဆို ငါ ဘယ်လိုတောင်းဆိုမှုမဆို လုပ်နိုင်တဲ့သဘောပေါ့?" ကော်ငလေးရဲ့ အလေးအနက် အမူအယာကို Carendra မြင်သွားတဲ့အချိန်မှာတော့ ကောင်လေး သူလိုချင်တာ မရမချင်း လက်မြှောက်မှာ မဟုတ်ဘူးဆိုတာ Carendra က ခံစားမိလိုက်ရတဲ့အတွက် ကောင်လေး သူ့အကြံကို ထာဝရ စွန့်လွှတ်လိုက်သွားနိုင်မယ့်နည်းလမ်းကို တွေးဖို့ သူဆုံးဖြတ်လိုက်တော့သည်။
"ဟုတ်တာပေါ့။" ဖုန့်ရှီက ခိုင်ခိုင်မာမာ ပြောလိုက်၏။
"ဒါဆို ငါ ဘာဆိုးကျိုးမှမရှိဘဲ နောက်နယ်ပယ်အဆင့်ကို ရောက်နိုင်ဖို့ မင်းကူညီပေးနိုင်မလား? မင်း မလုပ်နိုင်ဘူးဆိုရင် ငါ့လာ မပွါးနဲ့တော့!" Carendra က တကယ်ကြီးကို လမင်ကို တောင်းဆိုလိုက်တာပင်။ ဒါမှမဟုတ်ရင် သူက ဖုန့်ရှီအတွက် တမင်တကာကို ခက်ခဲအောင် လုပ်လိုက်ခြင်းပင်။
အံ့ချီးဘနန်း ဆေးဝါးတွေ မသုံးဘဲနဲ့ နောက်တစ်ဆင့်ကို ရောက်ဖို့မဖြစ်နိုင်ဘူးဆိုတာကို လူတိုင်း သိကြသည်ပင်။ အရေးအကြီးဆုံးအရာက တစ်ယောက်ယောက်မှာ အံ့ချီးဘနန်းဆေးဝါး ရှိတယ်ဆိုရင်တောင်မှ ဆိုးကျိုး ဘာမှမရှိဘဲ နောက်တစ်ဆင့်ကို ရောက်ဖို့ဆိုတာလည်း မဖြစ်နိုင်သေး။ နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ခြောက်ကနေ နတ်ဘုရားဥသျှောင်နယ်ပယ်ကို ရောက်ဖို့ကူညီပေးမယ့် နည်းလမ်းက တခါမှကို မပေါ်ထွက်ခဲ့ဖူးဘူးလေ။ နတ်ဘုရားဥသျှောင်နယ်ပယ် ရောကဖို့ဆိုတာ များပြားလှတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ အဖိုးအနဂ္ဂထိုက်တန်တဲ့ အခွင့်အရေးတစ်ခုတို့ ရှိဖို့လိုအပ်သည်။ မသင့်လျော်တဲ့နည်းနဲ့ ကျင့်ကြံခြင်းဟာ ကျင့်ကြံသူရဲ့ လက်ရှိနဲ့ အနာဂတ် ကျင့်ကြံမှုဘဝတို့မှာ ဆိုးရွားတဲ့ ရလဒ်ကို ဦးတည်နေပြီး အဲ့ကျင့်ကြံသူဟာ လက်ရှိ ကျင့်ကြံဆင့်မှာပဲကို ထာဝရ ပိတ်မိသွားတတ်သည်။
Carendra အဲ့တာကို မသိဘူးဆိုတာ လုံးဝမဖြစ်နိုင်။ ဒီ တောင်းဆိုချက်ကို လုပ်ရခြင်းရဲ့ တစ်ခုတည်းသော အကြောင်းရင်းက ဖုန့်ရှီ လက်မြှောက်သွားအောင် လုပ်ဖို့ပဲ ဖြစ်သည်။
အဲ့လိုဆိုရင်တောင်မှ Carendra က သူ အခု ဘာကို အလိုချင်ဆုံးလဲဆိုတာကို ဖုန့်ရှီကို ပြောပြလိုက်ခြင်းသာဖြစ်သည်။ ဆူးလားမိသားစုရဲ့ ဌာနချုပ်က ငရဲပြည်မှာပေမဲ့ နတ်ဘုရားနဲ့ မိစ္ဆာနိုင်ငံတော်မှာ အင်အားစု အနည်းငယ်ကို အခြေတည်ပြီးဖြစ်သည်။ လွန်ခဲ့တဲ့ တစ်လကျော်လောက်တုန်းက Carendra သတင်းဆိုး အပိုင်းအစတစ်ခုကို ရရှိခဲ့၏။
ရေခဲတောင်ကြားကလူတွေက ကျင့်ကြံရေးအတွက် တန်ဖိုးရှိတဲ့ ဆူးလားမိသားစုပိုင် မြေကို တွေ့ရှိသွားကြသည်။ အဲ့မြေပေါ်မှာ ဘဝမြစ်တစ်ခုလည်း ရှိသည်။ ပြောကြတာက ဘဝရေပန်းက အဲ့မြစ်ထဲ ပုန်းကွယ်နေပြီး မြစ်ကို သူ့ရဲ့ စွမ်းအင်အနည်းငယ်နဲ့ အထောက်အပံ့ ပေးနေတယ်တဲ့။ အဲ့မြစ်ထဲကျင့်ကြံတဲ့ ဘယ်ကျင့်ကြံသူမဆို တစ်ဝက်ကြိုးစားအားထုတ်ရုံနဲ့ နှစ်ဆ အကျိုးခံစားမှု ရရှိကြမှာဖြစ်သည်။ ကျင့်ကြံသူရဲ့ ကိုယ်ခန္ဓာ အားကောင်းလာရုံသာမက သူ့ဝိညာဉ်ကလည်း ပြုစုပျိုးထောင်ခံရပြီး တိုးတက်လာမှာဖြစ်သည်။
အဲ့ဒီ့လျို့ဝှက်ချက်ကို ဆူးလားမိသားစုက ထိန်းထားခဲ့ကြပေမဲ့ ရေခဲတောင်ကြားက လူတွေ သိသွားကြလိမ့်မယ်ဆိုတာမျိုး မတွေးခဲ့ဖူးကြပေ။
ရေခဲတောင်ကြားက နတ်ဘုရားနဲ့ဘုရင်နိုင်ငံတော်မှာ အင်အားကြီးအင်အားစုတစ်ခု မဟုတ်ပေမဲ့ မြောက်ပိုင်းမှာတော့ အတော်နာမည်ကြီးသည်။ သူတို့မှာ နတ်ဘုရားဥသျှောင်နယ်ပယ်အဆင့် ရောက်နေတဲ့ ပညာရှင်တစ်ယောက် ရှိတယ်လို့ ပြောကြသည်။
ဆူးလားမိသားစုက နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်မှာ သူတို့ဘာသာသူတို့ အခြေချခဲ့ကြတာ နှစ်တစ်ရာအောက်ပဲ ရှိနေသေးတဲ့အတွက် အခု သူတို့မိသားစုမှာ နတ်ဘုရားဥသျှောင်နယ်ပယ်အဆင့် ပညာရှင် တစ်ယောက်မှ မရှိပေ။ ရှိခဲ့ရင်တောင် အဲ့တစ်ယောက်က ဟိုးရှေးရှေးတုန်းကပဲ ရှိခဲ့ဖူးတာဖြစ်မည်။ ဆူးလားမိသားစုရဲ့ ပညာရှင်အတော်များများက လွန်ခဲ့တဲ့ နှစ်တစ်သိန်းလောက်က ဖြစ်ပွါးခဲ့တဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအကြားက စစ်ပွဲကြီးမှာ သေဆုံးခဲ့ကြရသည်။ အဲ့အကြောင်းရင်းကြောင့် ဆူးလားမိသားစုက သူတိုမှာရှိတဲ့ နောက်ဆုံးမျိုးဆက် အနည်းငယ်ကို ငရဲပြည်မှာ အခြေချဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သူတို့ရဲ့ သွေးဆက်ကို ကယ်ဖို့ လုပ်ဆောင်ခဲ့ကြတယ်ဆိုပေမဲ့ သူတို့ကျင့်ကြံဆင့်ကလည်း အကန့်သတ်ခံရသည်။ အဲ့အပြင် ဆူးလားမိသားစုရဲ့ သွေးဆက်က အနည်းငယ် ထူးခြားတဲ့အတွက် အခြားသူတွေနဲ့စာရင် သူတို့အတွက် ကျင့်ကြံရတာ အနည်းငယ် ပိုခက်ခဲကြသည်။ အဲ့အတွက်ကြောင့် နတ်ဘုရားဥသျှောင်ပညာရှင် တစ်ယောက်မှ ထွက်ပေါ်မလာခဲ့ခြင်းပဲ ဖြစ်သည်။ အကျိုးဆက်အနေနဲ့ ရေခဲတောင်ကြားကလူတွေက သူတို့ကို လာပြီး စိန်ခေါ်ရဲကြတာပင်။
အဲ့တာက Carendra ဘာကြောင့် သူ့ကျင့်ကြံဆင့်ကို မြှင့်ချင်နေသလဲဆိုတာရယ် ဒီတစ်ကြိမ် ဒီပွဲကို တက်ရောက်ရသလဲဆိုတာရယ်ပါဘဲ။
သူ အစိမ်းရောင် ငရဲသားအသင်းရဲ့ အမြင့်ဆုံး အာဏာ သူ့ကိုပေးနိုင်မယ့် သလင်းကတ်ကို သူရနိုင်နေသ၍ သူက ရွှေရောင်အစောင့်တပ်အသင်းကို ဝင်ရောက်နိုင်မှာဖြစ်ပြီး သူ့မိသားစုကို ကယ်တင်နိုင်မှာဖြစ်သည်။ ရေခဲတောင်ကြားက လူတွေ ဘယ်လောက်ပဲ မောက်မာကြပါစေ၊ ငရဲပြည်ရဲ့ ရွှေရောင်အစောင့်တပ်ရဲ့ ရန်သူတစ်ယောက်တော့ အဖြစ်မခံဝံ့ကြချေ။ ဒါပေမဲ့ Carendra က သူ အဲ့အသင်းကို ဝင်နိုင်လောက်အောင် လုံလောက်တဲ့ စွမ်းရည်ပြည့်ဝဖို့ရန် သေချာဖို့လည်း လိုသည်။
Carendra က ကောင်လေးဆီကနေ တစ်ခုခု ရရှိဖို့ လုံးဝ မလိုချင်ခဲ့ပေ၊ သူက ကောင်လေး အခက်ကြုံပြီး နောက်တွန့်သွားတာကိုသာ လိုချင်ခဲ့တာဖြစ်သည်။
"မင်း ဘာလို့ အဲ့တာကို စောစောမပြောရတာလဲ? အဲ့တာ အရမ်းလွယ်တယ်!" ဖုန့်ရှီက သူ့ခေါင်းကို ပုတ်လိုက်ပြီး လွှတ်ခနဲ ပြောလိုက်မိသည်။
Carendra က အဲ့တာကို ကြားတော့ တောင့်သွားပြီးနောက် ပထမဆုံးအကြိမ်အနေနဲ့ သူ့မျက်လုံးထဲ စိတ်လှုပ်ရှားမှု အတက်အကျတစ်ခု ဖြစ်သွားရကာ လှည့်ပြီး မေးလိုက်သည်၊ "မင်း အခု ဘာပြောလိုက်တယ်?"
ဖုန့်ရှီ သူ့စကားကို နောက်တစ်ကျော့ ပြန်ပြောမလို့မှာပဲ သူ့ဦးဏှောက်ထဲ သမာသမတ်ကျတဲ့အသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာတဲ့အတွက် ကြောက်လန့် တုန်ရီသွားတော့၏။
"ရှီ၊ ပြန်လာခဲ့!"
20211129; 1725
The next part is Part 93: Jade Slip
—————————— Zawgyi —————————
"ဝှူး! ကပ်သီးလေးပဲ!"
You are reading the story above: TeenFic.Net