အပိုင်း ၅၆။ အကဲဖြတ်မှု (၁)
ဖုန့်ရှီကို ငရဲမင်းကြီးက ဖေးမ ထိန်းကူလိုက်တာကို မြင်လိုက်ရတော့ စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ သူတို့အတွေးကို နောက်ဆုံးတော့ အတည်ပြုသွားကြတယ်။
ဖုန့်ရှီ သူ့ကျင့်ကြံမှု စတဲ့ ပထမနေ့ကတည်းက သူ တရားထိုင်တာကို တနေ့ကုန် မထိုင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ကိုယ်က ပြောင်းလာပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေက ပိုပိုကောင်းလာခဲ့တယ်။ အဲ့တာကြောင့် တစ်ရက်လုံး ဒါမှမဟုတ် နှစ်ရက် တရားထိုင်ရင်တောင်မှ သူ ပင်ပန်းတာမျိုး ခံစားရမှာ မဟုတ်ဘူး။
ဒီအကြိမ်ကတော့ သူကျင့်ကြံမှုပြီးဖို့ ဆယ်ရက်ကြာသွားတယ်။ အဲ့တာအပြင် ဖုန့်ရှီရဲ့ ထိုင်တဲ့ကိုယ်ဟန်က အမြဲထူးဆန်းတယ်၊ အဲ့တာကြောင့် သူ့ခြေထောက်တွေဟာ ဆယ်ရက်ကြာသွားတဲ့နောက် လုံးဝ ထုံကျဉ်လာတယ်။
စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့အတွက် ကျင့်ကြံလို့ ခြေထောက်ထုံကျဉ်တဲ့သူကို တွေ့ဖူးတာ ဒါပထမဆုံး ဖြစ်နိုင်တယ်။ မယုံကြည်နိုင်စွာနဲ့ သူတို့ အတန်ကြာ ဆွံ့အသွားတယ်။
အကယ်၍ အခြားသူတွေ ဒါကို သိရင် ဖုန့်ရှီရဲ့ ပုံရိပ်ဟာ ဒီလောက်ကြီး ထက်မြတ်တယ်လို့ ထင်ရတော့မှာ မဟုတ်တော့ဘူး။
အဲ့တာကြောင့် နတ်ဘုရားနှစ်ပါးက သူတို့ကြားလိုက်ရတာကို မေ့ချင်ယောင်ဆောင်ဖို့ပဲ ရွေးချယ်လိုက်ကြတယ်။
တကယ်တော့ ဖုန့်ရှီ ခေါင်းညိတ်လိုက်တဲ့အခါမှာပဲ သူ့ခြေထောက်တွေက မထုံကျဉ်တော့ဘူးဆိုတာ သူသိသွားတယ်။ သူ့သွေးကြောထဲ နွေးထွေးစွာ စီးဆင်းသွားတဲ့ စီးကြောင်းလေးတစ်ခု ဖြစ်သွားဟန်ပေါ်ပြီး အဲ့တာက သူ့ခြေထောက် လုံးဝ ပြန်သက်သာသွားပြီး ပိုပြီးတောင် သန်မာလာတယ်လို့ ခံစားလိုက်ရတယ်။ တချိန်တည်းမှာပဲ သူ လုံးဝလန်းဆန်းသွားပြီး အင်အားပြည့်သွားတယ်။
ဒါပေမဲ့ ဖုန့်ရှီက ဘုရင်ကြီးကို အဲ့တာကို မပြောဘဲ ဘုရင်ကြီးဆီ တိုးဝင်ဖက်တွယ်ထားဆဲ ဖြစ်တယ်။
သူ့အပြင်းတစ်မှုကို နတ်ဘုရားနှစ်ပါးက ချက်ချင်းပဲ အထင်သေးရှုံ့ချလိုက်ကြတယ်။ 'သခင်က အရမ်း အပျင်းကြီးတာပဲ။ သူ ဘယ်လိုများ ငရဲမင်းကြီးရဲ့ လက်မောင်းထဲ ဒီလို အနားယူနိုင်ရတာလဲ!' သူတို့ တွေးလိုက်ကြတယ်။
"ခေါင်းဆောင်၊ ကျွန်တော် ဒီမှာ ဘယ်လောက်ကြာကြာ ထိုင်ခဲ့တာလဲ?" ဖုန့်ရှီက ဘုရင်ကြီးရဲ့ လည်ပင်းကို သူ့လက်နှစ်ဖက်နဲ့ ဖက်တွယ်ရင်း မေးလိုက်တယ်။ သူ့ရဲ့ အဆက်မပြတ် ရှေ့နောက် ယမ်းနေတဲ့ သူ့ခြေထောက်နှစ်ခြောင်းက သူ့ခံစားချက်အစစ်အမှန်ကို သစ္စာဖောက်ဖော်ကောင်လုပ်ပြီး ဖြစ်နေပေမဲ့ သူ အဲ့တာကို လုံးဝ သတိမပြုမိသေးပေ။
ငရဲမင်းကြီးက သူ့ကို ခဏ စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ်၊ "ဆယ်ရက်။"
မျက်လုံးထဲ အလင်းတို့ ဖြတ်ခနဲ့လက်သွားပြီး ဖုန့်ရှီ ချက်ချင်းပဲ မေးလိုက်တယ်၊ "ဒီမှာ ပျော်စရာတစ်ခုခု ဖြစ်သွားခဲ့တာလား?"
ဘုရင်ကြီးက ဘာမှ မပြောပေ။
စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့က ဖုန့်ရှီကို ဖြေချင်နေကြပေမဲ့ ဘုရင်ကြီး ဒီမှာ ရှိနေတဲ့အတွက် သူတို့ပါးစပ်ကို တင်းတင်းပဲ ပိတ်ထားနိုင်တယ်။ အဲ့လိုမဟုတ်ရင် ဖုန့်ရှီ ဘာတွေဖြစ်သွားခဲ့တယ်ဆိုတာ ဖြစ်သမျှအရာအားလုံးကို အားကြိုးမာန်တက် စာရင်းပြုစုပြီးပြီ။
ဘယ်လိုပဲဖြစ်ဖြစ် မကြာသေးမီက ဖြစ်ပျက်ခဲ့တာတွေမှာ စိတ်ဝင်စားစရာ အများကြီးတော့ မရှိပါဘူး။ ဖန်တီးခဲ့တဲ့ တစ်ခုတည်းသော အမွှေဇယားကတော့ လွန်ခဲ့တဲ့ဆယ်ရက်က ဖုန့်ရှီကြောင့် စိတ်ဝိညာဉ်စွမ်းအင် အတက်အကျ လှုပ်ရှားမှုဖြစ်သွားခဲ့တာပါပဲ။ အဲ့တာရဲ့ ကြီးမားတဲ့ လွှမ်းမိုးသက်ရောက်မှုကို စဉ်းစားရင် နန်းတော်ပတ်လည်မှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေအားလုံး ကုန်သွားပြီလို့ပြောကြတယ်။ လေက စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်ဖြည့်ပေးနေပေမဲ့ အနားယူညမြို့တော်မှာ ဒါမျိုး တခါမှ မဖြစ်ခဲ့ဖူးတဲ့အတွက် လူတိုင်း စိတ်ပူနေကြဆဲ ဖြစ်တယ်။ ဒါပေမဲ့ ဘယ်သူကမှ အကြောင်းရင်း မသိရှိကြကတည်းက ငရဲမင်းကြီးကသာ ဒါကို ဖြစ်ပွါးစေတဲ့တစ်ယောက်ဖြစ်ရမယ်လို့ လူတိုင်းက ယူဆလိုက်ကြတယ်။ နောက်ဆုံးတော့ ဒါကသာ လူတိုင်းလက်ခံနိုင်တဲ့ တစ်ခုတည်းသော ဖြေရှင်းချက်ဖြစ်တယ်။
"အော်၊ ဒါနဲ့စကားမစပ်၊ ခေါင်းဆောင်၊ ကျွန်တော် ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ကို ရောက်ပြီဆိုတာနဲ့ ကျွန်တော့ကို အမဲလိုက်အဖွဲ့အချို့ထဲ ဝင်ခွင့်ပြုမယ်လို့ ခေါင်းဆောင်ပြောခဲ့တယ်မှတ်လား? ကျွန်တော့ ကျင့်ကြံမှုအဆင့်က အခု ဘယ်အဆင့်ရောက်ပြီလဲ? ကျွန်တော် ကောင်းကင်နတ်ဘုရားနယ်ပယ် အဆင့်တစ်ကို ရောက်ပြီလား?" ရုတ်တရက် သတိရသွားတဲ့ ဖုန့်ရှီက ဘုရင်ကြီးကို စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။
ဘုရင်ကြီးက ဒါမျိုး တနေရာရာမှာ ဖြစ်ဖူးသလို ကြိုသိမြင်နေတဲ့ခံစားချက်မျိုး ပြင်းပြတဲ့စိတ်ခံစားမှု ရှိတယ်။
အဲ့နောက် ဘုရင်ကြီးက ခဏစဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ ဖုန့်ရှီရဲ့ ကျင့်ကြံမှုအဆင့် အစစ်ကို သူ ဖုန့်ရှီကို မပြောသေးပေ။
နတ်ဘုရားနှစ်ပါးက အလွန့်အလွန်ကို အံ့အားသင့်သွားကြပြီး သူတို့ရဲ့ မေးရိုးတွေ ပြုတ်ကျမတတ် ဖြစ်သွားကြတယ်။ ယေဘူယျ ပြောရမယ်ဆိုရင် ဘယ်ကျင့်ကြံသူမဆို ကိုယ့်ကျင့်ကြံမှုအဆင့်ကို သူတို့ကိုယ်တိုင် စစ်ဆေးနိုင်တယ်။ ဘာလို့ ဖုန့်ရှီက အဲ့တာကို ဘုရင်ကြီးကို မေးတာလဲဆိုတာ သူတို့ နားမလည်နိုင် ဖြစ်နေကြတယ်။ အဲ့နောက် သူတို့ စတင် သိချင်လာကြတာက ... ဖုန့်ရှီက အတွင်းပိုင်းစစ်ဆေးမှုအကြောင်း ဒါမှမဟုတ် သူ့ရဲ့ ကိုယ့်ကျင့်ကြံမှုအဆင့် ကိုယ့်ဖာသာစစ်ဆေးဖို့ တံဆိပ်ကို ဘယ်ချိန်မဆို ဆင့်ခေါ်နိုင်တယ်ဆိုတဲ့အချက်ကို ဘာတစ်ခုမှ မသိဘူးလား?
ဖုန့်ရှီရဲ့ မျက်နှာပေါ်က ကျေနပ်ပီတိဖြာနေတဲ့ အမူအယာအရ သူ ဒီအကြောင်းတွေ ဘာမှ မသိဘူးမှန်း နတ်ဘုရားနှစ်ပါး သဘောပေါက်သွားကြတယ်။ ပိုတာက ဘုရင်ကြီးကလည်း ဖုန့်ရှီကို အဲ့အကြောင်း ပြောဖို့ စိတ်ကူး မရှိမှန်း သိသာတယ်။ ဒီကိစ္စမှာဆိုရင် သူတို့ ဘာတစ်ခုမှ မပြောဝံ့။
"ဒါဆို ကျွန်တော် ဘယ်တော့သွားနိုင်မလဲ?" ဖုန့်ရှီက သူ့ကိုယ်သူ သိပ်ပျော်နေပုံ မပေါ်အောင် ကြိုးစားထိန်းလိုက်တယ်။
သူမသိလိုက်တာက သူ့ခံစားချက်ကို သူ ဘယ်လောက်ပဲ ကြိုးစားဖုံးကွယ် ဖုံးကွယ် ပြူးနေအောင် ပေါ်နေတဲ့ သူ့သွားစွယ်နှစ်ချောင်းက သူ့ကို သစ္စာဖောက်ပြီး ဖြစ်တယ်!
"မနက်ဖန် အမဲလိုက်အဖွဲ့ အကဲဖြတ်မှုအသစ်တစ်ခု စလိမ့်မယ်။ ကိုယ်တော် ဦးလေးဖြူကို မင်းကို အဲ့ခေါ်သွားခိုင်းလိုက်မယ်။"
ဘုရင်ကြီးရဲ့ အတိုချုံးအဖြေကို ကြားလိုက်ရတော့ ဖုန့်ရှီ စိတ်ဓါတ်ကျသွားပြန်တယ်။ ဖုန့်ရှီ ပြန်လည် မွေးဖွားလာကတည်းက သူအကြောက်ရဆုံးသူက ဦးလေးဖြူ။ သူ့ကို အဲ့ကို ဦးလေးဖြူကို ခေါ်သွားစေတယ်ဆိုတာ သူ့ခြေ၊ သူ့လက်တွေကို ချုပ်နှောင်လိုက်တာနဲ့ ဘာမှမခြားဘူးလေ။
အဲ့နောက်မှာတော့ ဖုန့်ရှီက ဦးလေးဖြူနဲ့ မတွေ့ရအောင်လို့ ရနိုင်သလောက် ခပ်များများ စတင် အချိန်ဆွဲနေလိုက်တယ်။ ဒါပေမဲ့ နောက်တစ်ရက်မှာ ဦးလေးဖြူရဲ့ မရီမပြုံးမျက်နှာ သူ့အရှေ့ ဘယ်လိုပဲဖြစ်ဖြစ် ပေါ်လာတာပါပဲ။
20211012; 0607
—————————— Zawgyi —————————
အပိုင္း ၅၆။ အကဲျဖတ္မွု (၁)
ဖုန္႔ရွီကို ငရဲမင္းႀကီးက ေဖးမ ထိန္းကူလိုက္တာကို ျမင္လိုက္ရေတာ့ စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔ သူတို႔အေတြးကို ေနာက္ဆုံးေတာ့ အတည္ျပဳသြားၾကတယ္။
ဖုန္႔ရွီ သူ႔က်င့္ႀကံမွု စတဲ့ ပထမေန႔ကတည္းက သူ တရားထိုင္တာကို တေန႔ကုန္ မထိုင္နိုင္ခဲ့ဘူး။ ဒါေပမဲ့ သူ႔ကိုယ္က ေျပာင္းလာၿပီးတဲ့ေနာက္မွာေတာ့ သူ႔ရဲ့ ႐ုပ္ပိုင္းဆိုင္ရာအေျခအေနက ပိုပိုေကာင္းလာခဲ့တယ္။ အဲ့တာေၾကာင့္ တစ္ရက္လုံး ဒါမွမဟုတ္ ႏွစ္ရက္ တရားထိုင္ရင္ေတာင္မွ သူ ပင္ပန္းတာမ်ိဳး ခံစားရမွာ မဟုတ္ဘူး။
ဒီအႀကိမ္ကေတာ့ သူက်င့္ႀကံမွုၿပီးဖို႔ ဆယ္ရက္ၾကာသြားတယ္။ အဲ့တာအျပင္ ဖုန္႔ရွီရဲ့ ထိုင္တဲ့ကိုယ္ဟန္က အျမဲထူးဆန္းတယ္၊ အဲ့တာေၾကာင့္ သူ႔ေျခေထာက္ေတြဟာ ဆယ္ရက္ၾကာသြားတဲ့ေနာက္ လုံးဝ ထုံက်ဥ္လာတယ္။
စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔အတြက္ က်င့္ႀကံလို႔ ေျခေထာက္ထုံက်ဥ္တဲ့သူကို ေတြ႕ဖူးတာ ဒါပထမဆုံး ျဖစ္နိုင္တယ္။ မယုံၾကည္နိုင္စြာနဲ႔ သူတို႔ အတန္ၾကာ ဆြံ့အသြားတယ္။
အကယ္၍ အျခားသူေတြ ဒါကို သိရင္ ဖုန္႔ရွီရဲ့ ပုံရိပ္ဟာ ဒီေလာက္ႀကီး ထက္ျမတ္တယ္လို႔ ထင္ရေတာ့မွာ မဟုတ္ေတာ့ဘူး။
အဲ့တာေၾကာင့္ နတ္ဘုရားႏွစ္ပါးက သူတို႔ၾကားလိုက္ရတာကို ေမ့ခ်င္ေယာင္ေဆာင္ဖို႔ပဲ ေရြးခ်ယ္လိုက္ၾကတယ္။
တကယ္ေတာ့ ဖုန္႔ရွီ ေခါင္းညိတ္လိုက္တဲ့အခါမွာပဲ သူ႔ေျခေထာက္ေတြက မထုံက်ဥ္ေတာ့ဘူးဆိုတာ သူသိသြားတယ္။ သူ႔ေသြးေၾကာထဲ ေႏြးေထြးစြာ စီးဆင္းသြားတဲ့ စီးေၾကာင္းေလးတစ္ခု ျဖစ္သြားဟန္ေပၚၿပီး အဲ့တာက သူ႔ေျခေထာက္ လုံးဝ ျပန္သက္သာသြားၿပီး ပိုၿပီးေတာင္ သန္မာလာတယ္လို႔ ခံစားလိုက္ရတယ္။ တခ်ိန္တည္းမွာပဲ သူ လုံးဝလန္းဆန္းသြားၿပီး အင္အားျပည့္သြားတယ္။
ဒါေပမဲ့ ဖုန္႔ရွီက ဘုရင္ႀကီးကို အဲ့တာကို မေျပာဘဲ ဘုရင္ႀကီးဆီ တိုးဝင္ဖက္တြယ္ထားဆဲ ျဖစ္တယ္။
သူ႔အျပင္းတစ္မွုကို နတ္ဘုရားႏွစ္ပါးက ခ်က္ခ်င္းပဲ အထင္ေသးရွုံ႔ခ်လိုက္ၾကတယ္။ 'သခင္က အရမ္း အပ်င္းႀကီးတာပဲ။ သူ ဘယ္လိုမ်ား ငရဲမင္းႀကီးရဲ့ လက္ေမာင္းထဲ ဒီလို အနားယူနိုင္ရတာလဲ!' သူတို႔ ေတြးလိုက္ၾကတယ္။
"ေခါင္းေဆာင္၊ ကၽြန္ေတာ္ ဒီမွာ ဘယ္ေလာက္ၾကာၾကာ ထိုင္ခဲ့တာလဲ?" ဖုန္႔ရွီက ဘုရင္ႀကီးရဲ့ လည္ပင္းကို သူ႔လက္ႏွစ္ဖက္နဲ႔ ဖက္တြယ္ရင္း ေမးလိုက္တယ္။ သူ႔ရဲ့ အဆက္မျပတ္ ေရွ႕ေနာက္ ယမ္းေနတဲ့ သူ႔ေျခေထာက္ႏွစ္ေျခာင္းက သူ႔ခံစားခ်က္အစစ္အမွန္ကို သစၥာေဖာက္ေဖာ္ေကာင္လုပ္ၿပီး ျဖစ္ေနေပမဲ့ သူ အဲ့တာကို လုံးဝ သတိမျပဳမိေသးေပ။
ငရဲမင္းႀကီးက သူ႔ကို ခဏ စိုက္ၾကည့္လိုက္ၿပီး ေျပာလိုက္တယ္၊ "ဆယ္ရက္။"
မ်က္လုံးထဲ အလင္းတို႔ ျဖတ္ခနဲ႔လက္သြားၿပီး ဖုန္႔ရွီ ခ်က္ခ်င္းပဲ ေမးလိုက္တယ္၊ "ဒီမွာ ေပ်ာ္စရာတစ္ခုခု ျဖစ္သြားခဲ့တာလား?"
ဘုရင္ႀကီးက ဘာမွ မေျပာေပ။
စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔က ဖုန္႔ရွီကို ေျဖခ်င္ေနၾကေပမဲ့ ဘုရင္ႀကီး ဒီမွာ ရွိေနတဲ့အတြက္ သူတို႔ပါးစပ္ကို တင္းတင္းပဲ ပိတ္ထားနိုင္တယ္။ အဲ့လိုမဟုတ္ရင္ ဖုန္႔ရွီ ဘာေတြျဖစ္သြားခဲ့တယ္ဆိုတာ ျဖစ္သမၽွအရာအားလုံးကို အားႀကိဳးမာန္တက္ စာရင္းျပဳစုၿပီးၿပီ။
ဘယ္လိုပဲျဖစ္ျဖစ္ မၾကာေသးမီက ျဖစ္ပ်က္ခဲ့တာေတြမွာ စိတ္ဝင္စားစရာ အမ်ားႀကီးေတာ့ မရွိပါဘူး။ ဖန္တီးခဲ့တဲ့ တစ္ခုတည္းေသာ အေမႊဇယားကေတာ့ လြန္ခဲ့တဲ့ဆယ္ရက္က ဖုန္႔ရွီေၾကာင့္ စိတ္ဝိညာဥ္စြမ္းအင္ အတက္အက် လွုပ္ရွားမွုျဖစ္သြားခဲ့တာပါပဲ။ အဲ့တာရဲ့ ႀကီးမားတဲ့ လႊမ္းမိုးသက္ေရာက္မွုကို စဥ္းစားရင္ နန္းေတာ္ပတ္လည္မွာရွိတဲ့ စိတ္ဝိညာဥ္စြမ္းအင္ေတြအားလုံး ကုန္သြားၿပီလို႔ေျပာၾကတယ္။ ေလက စိတ္ဝိညာဥ္စြမ္းအင္ေတြ ျပန္ျဖည့္ေပးေနေပမဲ့ အနားယူညၿမိဳ႕ေတာ္မွာ ဒါမ်ိဳး တခါမွ မျဖစ္ခဲ့ဖူးတဲ့အတြက္ လူတိုင္း စိတ္ပူေနၾကဆဲ ျဖစ္တယ္။ ဒါေပမဲ့ ဘယ္သူကမွ အေၾကာင္းရင္း မသိရွိၾကကတည္းက ငရဲမင္းႀကီးကသာ ဒါကို ျဖစ္ပြါးေစတဲ့တစ္ေယာက္ျဖစ္ရမယ္လို႔ လူတိုင္းက ယူဆလိုက္ၾကတယ္။ ေနာက္ဆုံးေတာ့ ဒါကသာ လူတိုင္းလက္ခံနိုင္တဲ့ တစ္ခုတည္းေသာ ေျဖရွင္းခ်က္ျဖစ္တယ္။
"ေအာ္၊ ဒါနဲ႔စကားမစပ္၊ ေခါင္းေဆာင္၊ ကၽြန္ေတာ္ ေကာင္းကင္နတ္ဘုရားနယ္ပယ္အဆင့္ကို ေရာက္ၿပီဆိုတာနဲ႔ ကၽြန္ေတာ့ကို အမဲလိုက္အဖြဲ႕အခ်ိဳ႕ထဲ ဝင္ခြင့္ျပဳမယ္လို႔ ေခါင္းေဆာင္ေျပာခဲ့တယ္မွတ္လား? ကၽြန္ေတာ့ က်င့္ႀကံမွုအဆင့္က အခု ဘယ္အဆင့္ေရာက္ၿပီလဲ? ကၽြန္ေတာ္ ေကာင္းကင္နတ္ဘုရားနယ္ပယ္ အဆင့္တစ္ကို ေရာက္ၿပီလား?" ႐ုတ္တရက္ သတိရသြားတဲ့ ဖုန္႔ရွီက ဘုရင္ႀကီးကို စိတ္လွုပ္ရွားစြာ ေမးလိုက္တယ္။
ဘုရင္ႀကီးက ဒါမ်ိဳး တေနရာရာမွာ ျဖစ္ဖူးသလို ႀကိဳသိျမင္ေနတဲ့ခံစားခ်က္မ်ိဳး ျပင္းျပတဲ့စိတ္ခံစားမွု ရွိတယ္။
အဲ့ေနာက္ ဘုရင္ႀကီးက ခဏစဥ္းစားလိုက္ၿပီး ေခါင္းညိတ္လိုက္တယ္။ ဒါေပမဲ့ ဖုန္႔ရွီရဲ့ က်င့္ႀကံမွုအဆင့္ အစစ္ကို သူ ဖုန္႔ရွီကို မေျပာေသးေပ။
နတ္ဘုရားႏွစ္ပါးက အလြန္႔အလြန္ကို အံ့အားသင့္သြားၾကၿပီး သူတို႔ရဲ့ ေမးရိုးေတြ ျပဳတ္က်မတတ္ ျဖစ္သြားၾကတယ္။ ေယဘူယ် ေျပာရမယ္ဆိုရင္ ဘယ္က်င့္ႀကံသူမဆို ကိုယ့္က်င့္ႀကံမွုအဆင့္ကို သူတို႔ကိုယ္တိုင္ စစ္ေဆးနိုင္တယ္။ ဘာလို႔ ဖုန္႔ရွီက အဲ့တာကို ဘုရင္ႀကီးကို ေမးတာလဲဆိုတာ သူတို႔ နားမလည္နိုင္ ျဖစ္ေနၾကတယ္။ အဲ့ေနာက္ သူတို႔ စတင္ သိခ်င္လာၾကတာက ... ဖုန္႔ရွီက အတြင္းပိုင္းစစ္ေဆးမွုအေၾကာင္း ဒါမွမဟုတ္ သူ႔ရဲ့ ကိုယ့္က်င့္ႀကံမွုအဆင့္ ကိုယ့္ဖာသာစစ္ေဆးဖို႔ တံဆိပ္ကို ဘယ္ခ်ိန္မဆို ဆင့္ေခၚနိုင္တယ္ဆိုတဲ့အခ်က္ကို ဘာတစ္ခုမွ မသိဘူးလား?
ဖုန္႔ရွီရဲ့ မ်က္ႏွာေပၚက ေက်နပ္ပီတိျဖာေနတဲ့ အမူအယာအရ သူ ဒီအေၾကာင္းေတြ ဘာမွ မသိဘူးမွန္း နတ္ဘုရားႏွစ္ပါး သေဘာေပါက္သြားၾကတယ္။ ပိုတာက ဘုရင္ႀကီးကလည္း ဖုန္႔ရွီကို အဲ့အေၾကာင္း ေျပာဖို႔ စိတ္ကူး မရွိမွန္း သိသာတယ္။ ဒီကိစၥမွာဆိုရင္ သူတို႔ ဘာတစ္ခုမွ မေျပာဝံ့။
"ဒါဆို ကၽြန္ေတာ္ ဘယ္ေတာ့သြားနိုင္မလဲ?" ဖုန္႔ရွီက သူ႔ကိုယ္သူ သိပ္ေပ်ာ္ေနပုံ မေပၚေအာင္ ႀကိဳးစားထိန္းလိုက္တယ္။
သူမသိလိုက္တာက သူ႔ခံစားခ်က္ကို သူ ဘယ္ေလာက္ပဲ ႀကိဳးစားဖုံးကြယ္ ဖုံးကြယ္ ျပဴးေနေအာင္ ေပၚေနတဲ့ သူ႔သြားစြယ္ႏွစ္ေခ်ာင္းက သူ႔ကို သစၥာေဖာက္ၿပီး ျဖစ္တယ္!
"မနက္ဖန္ အမဲလိုက္အဖြဲ႕ အကဲျဖတ္မွုအသစ္တစ္ခု စလိမ့္မယ္။ ကိုယ္ေတာ္ ဦးေလးျဖဴကို မင္းကို အဲ့ေခၚသြားခိုင္းလိုက္မယ္။"
ဘုရင္ႀကီးရဲ့ အတိုခ်ဳံးအေျဖကို ၾကားလိုက္ရေတာ့ ဖုန္႔ရွီ စိတ္ဓါတ္က်သြားျပန္တယ္။ ဖုန္႔ရွီ ျပန္လည္ ေမြးဖြားလာကတည္းက သူအေၾကာက္ရဆုံးသူက ဦးေလးျဖဴ။ သူ႔ကို အဲ့ကို ဦးေလးျဖဴကို ေခၚသြားေစတယ္ဆိုတာ သူ႔ေျခ၊ သူ႔လက္ေတြကို ခ်ဳပ္ေႏွာင္လိုက္တာနဲ႔ ဘာမွမျခားဘူးေလ။
အဲ့ေနာက္မွာေတာ့ ဖုန္႔ရွီက ဦးေလးျဖဴနဲ႔ မေတြ႕ရေအာင္လို႔ ရနိုင္သေလာက္ ခပ္မ်ားမ်ား စတင္ အခ်ိန္ဆြဲေနလိုက္တယ္။ ဒါေပမဲ့ ေနာက္တစ္ရက္မွာ ဦးေလးျဖဴရဲ့ မရီမျပဳံးမ်က္ႏွာ သူ႔အေရွ႕ ဘယ္လိုပဲျဖစ္ျဖစ္ ေပၚလာတာပါပဲ။
20211012; 0607
You are reading the story above: TeenFic.Net